People's Spring
62.5K subscribers
67K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
34👍7👏3🔥1
ဒီနေ့ဘာဖြစ်ခဲ့လဲ

ဒီနေ့(ဒီဇင်ဘာ ၂၂ ရက်) တစ်ရက်တာအတွင်း "ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို" People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

▪️စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေလို့ စုံစမ်းစစ်​ဆေးဖို့ AI တိုက်တွန်း

ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာ ညီ​နောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ထိုးစစ်ဒဏ်ကို အလူးအလဲခံနေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို သိမ်းကြုံးတိုက်ခိုက်တာ အပါအဝင် ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က စစ်ကောင်စီဟာ တိုင်းရင်းသားနယ်မြေတွေမှာ ကျင့်ဝတ်ပိုင်းအရ အငြင်းပွားစရာ ဗုံးပဒေသာ(cluster munitions)လို ဖျက်အားပြင်း လက်နက်တွေကို အရပ်သား ဧရိယာတွေပါ မရှောင်ဘဲ အသုံးပြု တိုက်ခိုက်နေတဲ့အတွက် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်စေလို့ တိုက်တွန်းခဲ့ပါတယ်။ စစ်​ကောင်စီတပ်ဟာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဘယ်တုန်းကနဲ့မှ မတူအောင် အချိတ်အဆက်မိမိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ခံနေရပြီး အထူးသဖြင့် ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ နိုင်ငံအနောက်ဖက်စွန်း ရခိုင်ပြည်နယ်တွေမှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေကြောင့် အကြီးအကျယ် အထိနာနေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခုလ အစောပိုင်းက ဗုံးကြဲ တိုက်ခိုက်မှု တစ်ခုအတွင်း စစ်တပ်ဟာ ဗုံးပဒေသာတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း AI က ထုတ်ပြန်ခဲ့ပါတယ်။

▪️ကိုးကန့်ဒေသမှာ လေးရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၅၀ ခန့် ပြုလုပ်

ကိုးကန့်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကို ဒီဇင်ဘာ ၁၈ ရက်မှ ပြန်လည်စတင်ပြုလုပ်လာရာ မနေ့က အထိ လေကြောင်းမှ ၄၉ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAAရဲ့ ခံတပ်ကို စတင်ထိုးစစ်တိုက်ခိုက်လာတာကစလို့ ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်း စစ်ရေးတည်ငြိမ်မှုကို ချိုးဖောက်ခဲ့တာာလို့ ဖော်ပြပါတယ်။ ဒီရက်ပိုင်းအတွင်း ကိုးကန့်ဒေသတိုက်ပွဲ ထပ်မံဖြစ်ပေါ်လာရာ စစ်ကောင်စီရဲ့လေကြောင်း ပစ်ခတ်မှုလည်း ပိုမိုပြင်းထန်လာတယ်လို့ အသိပေးပါတယ်။

▪️ဖောင်းပြင်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃ လုံးကြဲချ၊ အရပ်သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အမျိုးသမီးအချို့အပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဖောင်းပြင်မြို့နယ် သရောင်းနဲ့ထောမကျေးရွာကို မနေ့ညနေပိုင်းက တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃ လုံးအထိ ကြဲချခဲ့တာလို့ ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အသက် (၃၂)နှစ်အရွယ် ကိုကျော်စိုးသေဆုံးပြီး အမျိုးသမီးလေးဦး၊ အမျိုးသားငါးဦးဒဏ်ရာရခဲ့ပါတယ်။

▪️စစ်ဆင်ရေးလှိုင်း နောက်တစ်လှိုင်းထပ်လာမယ်လို့ KNDF ဒုစစ်ဦးစီးချုပ်ပြော

စစ်အာဏာရှင်ဖြုတ်ချရေး စစ်ဆင်ရေးလှိုင်း နောက်တစ်လှိုင်း ထပ်လာမှာဖြစ်တာကြောင့် စစ်ကောင်စီတပ်သားများ လက်နက်ချပြီး လူထုနှင့် ပူးပေါင်းခြင်း သို့မဟုတ် ချေမှုန်းခံခြင်း တစ်ခုခုကိုရွေးချယ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးပြောကြားလိုက်ပါတယ်။ KNDF ဒုစစ်ဦးစီးချုပ် မာဝီဦးဆောင်တဲ့ တပ်ဖွဲ့က စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိတဲ့ ငါးကြင်းမြှီးစက်သေနတ် ၁၀ လက်ကို ကိုင်ဆောင်ထားတဲ့ ရုပ်သံကို ထုတ်ပြန်ခဲ့တာပါ။ "လူထုနဲ့ ပူးပေါင်းပြီး လက်နက်ချမလား ချေမှုန်းခံမလား လမ်းနှစ်လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်း ထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင်တော့ ရယ်ဒီလုပ်ထားပါ”လို့ ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

▪️ရေးဘီလူးအဖွဲ့ NUG ကာကွယ်ရေးရဲ့ ကွပ်ကဲမှုခံယူ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံများအထိနာအောင် ပြောက်ကျားတိုက်ခိုက်မှုများ ဖော်ဆောင်ခဲ့တဲ့ ရေးဘီလူးအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုခံယူပြီး တော်လှန်ရေး ပိုအားကောင်းအောင်ဆောင်ရွက်မယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ရေးဘီလူးအဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် မြို့ပြ စစ်ဆင်ရေးတာဝန်များကို အစဉ်တစိုက်ကြိုးစားဆောင်ရွက်ခဲ့ပြီး လက်ရှိ တော်လှန်ရေးအရှိန်မြှင့်လာသည်နှင့်အညီ စစ်ဆင်ရေးတာဝန်များကို ဗျူဟာအစီအစဉ်တကျ ပိုမိုအရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ကွပ်ကဲမှုခံယူတာလို့ အသိပေးပါတယ်။ "MOD အောက်ကနေ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ သွားမယ်ဆိုရင် ပိုပြီးတော့ အင်အားကြီးမားလာမယ်။ တော်လှန်ရေးအား ကောင်းလာမယ်။ နောက်ပြီးတော့ ပိုပြီး စနစ်ကျလာမယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း စနစ်တကျ ဖြစ်လာမယ်။ ပြီးလို့ရှိရင် ခဲယမ်းပိုင်းတွေဆိုလို့ရှိရင် ပိုပြီး အားကောင်းလာမယ်”လို့ SOF တပ်ခွဲမှူး ရေးဘီလူးက ပြောပါတယ်။
👍298
▪️တစ်နိုင်ငံလုံးဟန်ချက်ညီ စစ်ဆင်ရေးဖြစ်လာလို့ နှစ်(၇၀)ကျော်အတွင်း စစ်တပ်အထိနာဆုံး အချိန်ဖြစ်ဟု ညီနောင်သုံးဖွဲ့ ပြော

၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီကို လုံး၀အလိုမရှိတော့တဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ တော်လှန်ရေးဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့က ဖော်ပြပါတယ်။ နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ အထိအနာဆုံးအချိန်နဲ့ စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးကာလလည်း ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူလူထုတရပ်လုံး မျှော်လင့်နေတဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့်အဝရရှိဖို့အတွက်မူ အခုထက် အဆများစွာကြိုးစားအားထုတ်ဖို့ လိုအပ်နေသေးတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။ တော်လှန်ရေးသက်လုံနဲ့ ဘုံရန်သူကို တိုက်ထုတ်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းအကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု တို့ဟာ အခုထက်ပိုမိုအားကောင်းဖို့ တိုက်တွန်းပါတယ်။

▪️မန်တုံမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးခုခံပေးနေဟုဆို

ရှမ်းမြောက်ရှိ မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ပြန်ကြားရေးအရာရှိက ပြောပါတယ်။ TNLAက ရှမ်းမြောက်ရှိ မြို့များ အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေရာ ဒီဇင်ဘာ ၁၅ ရက်မှာ နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ ရက်မှာ နမ့်ခမ်းမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မန်တုံမှာလည်း စစ်ကောင်စီရဲ့ ခလရ(၁၃၀) တပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဆိုပါတယ်။

▪️ပေါက်တောမြို့ မြို့တွင်းတိုက်ပွဲပြင်းထန်၊ စစ်ကူလာ​တဲ့ စစ်သင်္ဘောသုံးစီးကို AA တိုက်ခိုက်ရာ နောက်ကြောင်းပြန်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်သင်္ဘော သုံးစီးဖြင့် အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်‌တော်(AA )က ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ကာ နောက်ကြောင်းပြန်ပြေးသွားတယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ပေါက်တောမြို့အတွင်း AA နဲ့ စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တချို့တို့ မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စစ်သင်္ဘောသုံးစီးဖြင့် အင်အားဖြည့်တင်းဖို့ လာ​တဲ့ စစ်​ကောင်စီတပ်ကို AA ကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးကို ထိမှန်ပြီး စစ်‌ကောင်စီဘက်မှသေဆုံး၊ ဒဏ်ရာရခဲ့ပြီး နောက်လှည့်ပြန်ပြေးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ် အမ်း၊ မင်းပြား၊ ရမ်းဗြဲမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေ​တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

▪️မြစ်သာဆည် စစ်​တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ရရှိခဲ့ပြီလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပါဘူး။

▪️လောင်းလုံမှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးနေရာတိုက်ခိုက်၊ စစ်ကောင်စီတပ် ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးနေရာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီညနေပိုင်းမှာတော့ စစ်ကောင်စီတပ်စွဲရာ စရဖ ရုံးနဲ့ လောင်းလုံးအထက်တန်းကျောင်နေရာတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့တယ်လို့ LLPDF က ထုတ်ပြန်ပါတယ်။

▪️စစ်ကောင်စီတပ် အရာရှိ အပါအဝင် တပ်ဖွဲ့ဝင်များ KNUထံ အလင်းဝင်လာသူ များပြားလာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.
👍26🤮1
A)ထံ အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ငါးဦး လက်နက်နှင့်လာရောက်ပူးပေါင်းခဲ့တယ်လို့ KNUက မနေ့က အသိပေးပါတယ်။ KNU တပ်မဟာ(၆)မှာ လက်ရှိကာလ နှစ်ဖက်ထိတွေ့ပစ်ခတ်တိုက်ပွဲများ နေရာအနှံ့ နေ့စဉ်ဖြစ်ပွားနေလို့ စစ်ရှောင်ပြည်သူများစွာရှိနေသကဲ့သို့ စစ်ကောင်စီတပ်မှလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာတာကြောင့် KNU ထံ လာရောက်ပူးပေါင်းသူများစွာရှိလာတယ်လို့ ဖော်ပြပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ခဲယမ်းများလည်း ယူဆောင်လာတယ်လို့ မှတ်တမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ပါတယ်။

▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။
ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းကာ "လူငယ်လူထု တပ်ပေါင်းစု" ဘန်နာ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်းက "သို့ တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားနဲ့ တရုတ်နိုင်ငံအစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီတို့က အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူ့ဆန္ဒ ဖော်ထုတ်ပြသခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များက စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုအဖြစ် "အောက်ခြေရဲဘော်တွေရဲ့ သေနတ်ပြောင်းဝ စစ်ဗိုလ်ချုပ်ကြီးတွေဘက် ပြန်လှည့်ဖို့ အချိန်တန်ပြီ"စာတန်းကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍31😁1
👍22🔥1
15👍12🔥1