People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်နေသည့် ရေးဘီလူးအဖွဲ့ NUG ကာကွယ်ရေး၏ ကွပ်ကဲမှုခံယူ

"ပိုပြီးတော့ အင်အားကြီးမားလာမယ်။ တော်လှန်ရေးအားကောင်းလာမယ်။ နောက်ပြီးတော့ ပိုပြီး စနစ်ကျလာမယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း စနစ်တကျ ဖြစ်လာမယ်" - ရေးဘီလူးအဖွဲ့ခေါင်းဆောင်

သက်ဝေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံများအထိနာအောင် ပြောက်ကျားတိုက်ခိုက်မှုများ ဖော်ဆောင်ခဲ့သည့် ရေးဘီလူးအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု ခံယူပြီး တော်လှန်ရေး ပိုအားကောင်းအောင်ဆောင်ရွက်မည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် မြို့ပြ စစ်ဆင်ရေးတာဝန်များကို အစဉ်တစိုက်ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ယခု အခါ တော်လှန်ရေးအရှိန်မြှင့်လာသည်နှင့်အညီ စစ်ဆင်ရေးတာဝန်များကို ဗျူဟာအစီအစဉ်တကျ ပိုမိုအရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး NUGကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ ကွပ်ကဲမှုကို ခံယူ၍ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၏တပ်ခွဲ တစ်ခုအနေဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု တပ်ခွဲမှူး ရေးဘီလူးက ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် အသိပေးထုတ်ပြန်သည်။

"MOD အောက်ကနေ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ သွားမယ်ဆိုရင် ပိုပြီးတော့ အင်အားကြီးမားလာမယ်။ တော်လှန်ရေးအား ကောင်းလာမယ်။ နောက်ပြီးတော့ ပိုပြီး စနစ်ကျလာမယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း စနစ်တကျ ဖြစ်လာမယ်။ ပြီးလို့ရှိရင် ခဲယမ်းပိုင်းတွေဆိုလို့ရှိရင် ပိုပြီး အားကောင်းလာမယ်"ဟု SOF တပ်ခွဲမှူး ရေဘီလူးက ပြောသည်။

မူလက စစ်ကောင်စီကို တိုက်ခိုက်ရာ၌ ပြည်သူလူထုနှင့် အတူရုန်းကန်ခဲ့ရကြောင်း၊ လက်ရှိတွင် ယခင်အခြေအနေမျိုးမဟုတ်တော့ဘဲ အင်အားပိုမိုကြီးထွားလာပြီး မွန်ပြည်နယ် တစ်ခုလုံး၌ တိုက်ပွဲများဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

"ကွပ်ကဲမှုအောက်ထဲကျနော်တို့ ဝင်လိုက်တယ်ဆိုတာက ကျနော်တို့အခြေအနေတစ်ရပ်ပေါ့ ပြောရရင် ဥပဒေဘောင်နဲ့ အဲဒီပုံစံမျိုးသွားချင်တယ်။ အဲဒီလို လမ်းစဉ်တစ်ခုပေါ့။ အဲဒီလိုဆို ပြည်သူ လူထုအတွက် ပိုပြီး အခိုင်အမာတစ်ခုလည်းဖြစ်စေမယ်။နောက်တစ်ခုက အားကိုးရတဲ့ တပ်တစ်တပ်လည်းဖြစ်လာခဲ့မှာပေါ့"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ယခုထက် အင်အားများ စုဖွဲ့လာနိုင်ပါက စစ်ကြောင်းအနေဖြင့် သွားမည်ဖြစ်ပြီး SOFနှင့် တိုင်တိုင်ပင်ပင် အပြန်အလှန် အကူအညီပေး တိုက်ပွဲဝင်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
👍43🥰159👏5🔥2
👍4219🥰11👏4🔥2
ကိုးကန့်ဒေသတွင် ၄ရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု အကြိမ်၅၀ခန့် ပြုလုပ်

ရန်ရန်/People’s Spring

ကိုးကန့်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကို ဒီဇင်ဘာ ၁၈ရက်မှ ပြန်လည်စတင်ပြုလုပ်လာရာ ယမန်နေ့ ဒီဇင်ဘာ ၂၁ရက်အထိ လေကြောင်းမှ ၄၉ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA၏ ခံတပ်ကို စတင်ထိုးစစ်တိုက်ခိုက်လာသည်မှစ၍ ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်း စစ်ရေးတည်ငြိမ်မှုကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့နောက် ယခုရက်ပိုင်းအတွင်း ကိုးကန့်ဒေသတိုက်ပွဲထပ်မံဖြစ်ပေါ်လာရာ စစ်ကောင်စီ၏လေကြောင်း ပစ်ခတ်မှုလည်း ပိုမိုပြင်းထန်လာကြောင်း ထုတ်ပြန်ကာ လေကြောင်း တိုက်ခိုက်မှု အခြေအနေများကို အသိပေးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းဖြင့် ကိုးကန့်လောက်ရှမ့်ထန်နယ်ခြားစောင့်တပ်အနီး (၁၅)ကြိမ် ၊ မူကွာကျိုင့်နောက်တောင်ကုန်း ပိုက်ထ‌ပေါက်‌ပေါက်နေရာနှင့် လောက်ကိုင် (၃၁၁)ငြိမ်းချမ်းရေးကွင်း (၄)ကြိမ် ၊ တာရှင်ကျိုင့် ၊ ကျင်ရှမ့်ချိန်နှင့်ကျင်စံကျောက်(၈)ကြိမ် ၊ ကွမ်ရင်ရှမ်တောင်အောက်ခြေ ၊ တာကြာကျိုင့် ၊ လောက်ရှမ့်ထန်တောင် နှင့် ကျင်ရှမ့်ချိန်ဟိန်းလိစာသင်ကျောင်း(၁၄) ၊ ရှိတုံ့ရွှေ နှင့် လောက်ရှုကုတ်(၃)ကြိမ် ၊ မာဟိုင်တောင်(၂)ကြိမ် ၊ တာရင်တောင် နှင့် ရှောက်ရင်တောင်(၃)ကြိမ် စုစုပေါင်း ၄၉ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် လေကြောင်းပစ်ခတ်တိုက်ခိုက် ရာတွင် နေအိမ်များကို ဦးတည်ပစ်ခတ်လာကြောင်း၊ လက်ရှိ စစ်ကောင်စီ၏လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်ရပ်ကွက် များဖျက်ဆီးခံရမှုနှင့် လူသေဆုံးမှုများ အသေးစိတ်မတွက်ချက်နိုင်သေးကြောင်း ဖော်ပြထားသည်။

တရုတ်အစိုး၏ ကြားဝင်မှုအရ MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၀ရက်မှစတင်၍ အပစ်ရပ်စဲခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာ၍ တစ်ပတ်ကျော်အကြာတွင် ကိုးကန့်တိုက်ပွဲများ ပြန်ဖြစ်ပွားလာကြောင်း MNDAAက အသိပေး ထုတ်ပြန်ခဲ့သည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂၀၂ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။


ရုပ်သံ - The Kokang
🤬29👍5😡5🔥1
မြိုင်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDFများ တိုက်ခိုက်

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိုင်ချတပ်စွဲထားသော မြို့နယ်စီမံကိန်းရုံး စစ်ဆေးရေးဂိတ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

"ဂိတ်က ပခုက္ကူဘက်က အဝင်ဂိတ်ပါ။ စခနဲ့ပျူအင်အား ၄၀ လောက်ရှိတယ်။ ဆယ့်ငါးမိနစ်လောက်အပြန်အလှန်ပစ်တယ်။"ဟု မြိုင်ပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်၍
စစ်အုပ်စုဝင်များ အထိအခိုက်များပြီး စစ်သားတစ်ဦးနှင့်ပျူတစ်ဦးသေဆုံးကြောင်း မြိုင်ပကဖအဖွဲ့က ဆိုသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို မြို့နယ် ပကဖ တပ်ရင်း ၁ /သပြေတော ပကဖနှင့် ဗိုလ်လင်းမြွေအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြိုင်(ပကဖ)နှင့်မဟာမိတ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်ကလည်း မြိုင်မြို့ပေါ်ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများအား မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။
👍40👏6🔥2👎1🥰1
26👍17🥰3🔥1👏1
မြိုင်(ပကဖ) အဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ)
👍245🔥2🥰2👏1
သင်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်အများစုနေထိုင်သော စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် စီးနင်း၊ ၁၅ ဦးခန့် ဖမ်းဆီးခံရ

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်အများစုနေထိုင်သော စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။

ပဲခူးရိုးမအတွင်းရှိ ကျောက်ပြုတ်ကျေးရွာအနီးမှ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၅၀ကျော်နေထိုင်သော စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

"ကလေးတွေ၊ အဘိုးအဘွားတွေ၊ အမျိုးသမီးတွေများတယ်။ သန်သန်မာမာက နည်းတယ်။ စခန်းစီးခံရပြီး သေနတ်ပစ်သံလည်း ကြားရတယ်"ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း စီကောင်စီတပ်၏ စီးနင်းခြင်းခံရစဥ် စစ်ရှောင်အမျိုးသမီးများအပါအဝင် ၁၅ ဦးခန့်ဖမ်းဆီးခံရသည့်အပြင် ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ကနဦးသိရပြီး ဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းအကြမ်း ဖက်ခြင်းခံခဲ့ရသော စစ်ဘေးရှောင်စခန်းတွင် နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကွေ့ကြီးအပါအဝင် ကျေးရွာအချို့မှပြည်သူများ ဘေးလွတ်ရာလာရောက်တိမ်းရှောင်နေခြင်းဖြစ်ပြီး စီးနင်းခံရမှုကြောင့် စခန်းစွန့်ထွက် ပြေးနေကြရကြောင်း စုံစမ်းသိရသည်။

"ခုက လိုင်းတွေမရ ဖြစ်နေတာ။ ပြေးကြ၊ လွှားကြနဲ့ အဆက်အသွယ်တွေ ပြတ်နေတယ်"ဟု စစ်ရှောင်ပြည်သူများ၏ နောက်ဆုံးအခြေအနေကို တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူက ရှင်းပြသည်။

လတ်တလောတွင် စစ်ကောင်စီတပ်မှ ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် PDF တပ်ရင်းများ၏ လှုပ်ရှားဒေသများသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း တပ်ရင်းတာဝန်ရှိသူများထံမှ စုံစမ်းသိရသည်။
🤬36👍9🔥2😢2
😢29🔥4👍2
စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခံရသော ပဲခူးရိုးမအတွင်းရှိ စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေးငယ်များအား တွေ့ရစဥ်။(ဓာတ်ပုံ-ပေးပို့)
😢39👍1🔥1
စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၂) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

အလားတူ လက်ပံတောင်းတောင်ဒေသမှာလည်း တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းကာ "လူငယ်လူထု တပ်ပေါင်းစု" ဘန်နာ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း "ဇေယျာတိုင်းရဲ့ ၅/" လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ "သို့ တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားနဲ့ တရုတ်နိုင်ငံအစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီတို့က အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေခြင်းကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြည်သူ့ဆန္ဒ ဖော်ထုတ်ပြသခဲ့ပါတယ်။

မကွေးတိုင်း အညာဒေသတစ်နေရာမှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ကာ (၈၅)နှစ်မြောက် ဗမာနိုင်ငံကျောင်းသားနေ့ (ဝါ) ဗိုလ်အောင်ကျော်နေ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ ခေတ်အဆက်ဆက်က ကျောင်းသားပြည်သူ ရဟန်းရှင်လူ အာဇာနည်အပေါင်းတို့ကို ဦးညွှတ်အလေးပြုခြင်း၊ကျောင်းသားထုတေးသံ သီချင်းသီဆိုခြင်း၊ ဗကသ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက အမှာစကားပြောကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များက စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုအဖြစ် "အောက်ခြေရဲဘော်တွေရဲ့ သေနတ်ပြောင်းဝ စစ်ဗိုလ်ချုပ်ကြီးတွေဘက် ပြန်လှည့်ဖို့ အချိန်တန်ပြီ"စာတန်း (ဗီနိုင်း)အားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC MYAING ၊ ဝက်လက်ဒေသသပိတ်၊ စကြာဝတေးမင်းသပိတ်
24👍10🔥1
34👍7👏3🔥1