ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်ရောက်လာကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ(၃)သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၁ ရက်) နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဘောက် ၄ ခု ကျည် ၁၉၉ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ တစ်ထည်စသည်တို့ယူလာပြီး အလင်းဝင် ရောက်လာခြင်းဖြစ်ကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
အဆိုပါရဲတပ်သားသား ဂုဏ်ပြုဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သမန်းကျားပြောက်ကျား တပ်ဖွဲ့က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျား တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
အဆိုပါဖြစ်စဥ်ဟုတ်မှန်ကြောင်း ဆားလင်းကြီးအခြေစိုက်ရဲဘော်တစ်ဦးက အတည်ပြုသည်။
"သမန်းကျားအဖွဲ့ကို ခဏခဏအလင်းဝင်တယ်။"ဟု ၎င်းရဲဘော်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကလည်း ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့သေးသည်။

👍38👏5😁1
(အလင်းဝင် ရဲတပ်သားယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - သမန်းကျား)
❤21👍12😁1
ဖောင်းပြင်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃လုံးကြဲချ၊ အရပ်သားတစ်ဦး သေဆုံးကိုးဦးဒဏ်ရာရ
နန်းနောင့်နောင့်/People's Spring
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦး သေဆုံးပြီး အမျိုးသမီးအချို့အပါအဝင် ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
ဖောင်းပြင်မြို့နယ် သရောင်းနှင့်ထောမကျေးရွာအား ယမန်နေ့(ဒီဇင်ဘာ၂၁ ရက်) ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃လုံးအထိ ကြဲချခဲ့ခြင်းဟု ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
"မြေပြင်မှာပါတိုက်ပွဲမှမရှိပါဘူး။ ဟုမ္မလင်းကနေတက်လာတဲ့ ရဟတ်ယာဉ်နဲ့ ပစ်ချတာပါ"ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၃၂)နှစ်အရွယ် ကိုကျော်စိုးသေဆုံးပြီး အမျိုးသမီးလေးဦး၊ အမျိုးသားငါးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ရာရသူများဆေးကုသမှုခံယူနေရဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ဖောင်းပြင်မြို့နယ်အပြင် ဟုမ္မလင်း၊ရွှေပြည်အေး၊ တမူးမြို့နယ်တို့ကို ဟုမ္မလင်းမှ တက်လာသော Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မကြာခဏဗုံးကြဲတိုက်ခိုက်နေကြောင်း ကာကွယ်ရေးရေးဘော်များက ပြောသည်။
လေကြောင်းသတင်းများအား ပြည်သူများအနေဖြင့် သတိထားစောင့်ကြည့်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အချိန်နှင့်တပြေးညီ ပေးပို့ပေးကြပါရန် လူထုတော်လှန်ရေးသတင်းများဖော်ပြနေသည့် Just You Homalin Media က တိုက်တွန်းထားသည်။

🤬32👍9❤1😢1
(ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာအား ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - Homalin PDF)
🤬23😢2❤1
လူထုနှင့် ပူးပေါင်းမလား၊ ချေမှုန်းခံမလား တစ်ခုကို ရွေးရန် KNDF ဒုစစ်ဦးစီးချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သတိပေး
သက်ဝေ/People’s Spring
စစ်အာဏာရှင်ဖြုတ်ချရေး စစ်ဆင်ရေးလှိုင်း နောက်တစ်လှိုင်း ထပ်မံပြုလုပ်မည်ဖြစ်၍ စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချပြီး လူထုနှင့် ပူးပေါင်းခြင်း သို့မဟုတ် ချေမှုန်းခံခြင်း တစ်ခုခုကိုရွေးချယ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးပြောကြားလိုက်သည်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီဦးဆောင်သည့် တပ်ဖွဲ့ကစစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် ငါးကြင်းမြီးသက်သေနတ် ၁၀လက်ကို ကိုင်ဆောင်ထားသည့် ရုပ်သံကို ထုတ်ပြန်ပြီး ထိုသို့ သတင်းစကား ပါးလိုက်ခြင်းဖြစ်သည်။
"လူထုနဲ့ ပူးပေါင်းပြီး လက်နက်ချမလား ချေမှုန်းခံမလား လမ်းနှစ်လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်း ထပ်လာမယ်။ချေမှုန်းခံမယ်ဆိုရင်တော့ ရယ်ဒီလုပ်ထားပါ"ဟု ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
KNDF စစ်ဦးစီးချုပ်သည် ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေးတွင်ရှေ့တန်းတွင် ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင်နေပြီး လွိုင်ကော်တက္ကသိုလ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ လက်နက်ချရန် ပြောဆိုခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်သားများစွာ လက်နက်ချခဲ့ကြသည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ် ရင်း ၂ရင်း မှ တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၉ရက် စစ်ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်အနီးရှိ လွိုင်ကော်မြို့နယ် နောင်ယားကန်တံတားပေါ်တွင် ၎င်းကိုယ်တိုင် သွားရောက်ကာ စစ်ကောင်စီခေါင်းဆောင်၏ ဗြောင်လိမ်ပြောဆိုမှုကို တုံ့ပြန်ခဲ့သူဖြစ်သည်။

👏39👍24❤7🤣1
▪︎Photo News
ထယ်ဘွယ်စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကလက်နက်ခဲယမ်းအများအပြားရ
-People's Spring
ချင်းပြည်နယ်၊ မတူပီမြို့နယ်နဲ့ ပလက်၀မြို့နယ်အစပ်မှာရှိတဲ့ ထယ်ဘွယ်စစ်ကောင်စီတပ်စခန်းကို CDF-မတူပီ ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ရက်နေ့ မှာသိမ်းပိုက်ပြီးတော့ CDFမတူပီရဲ့အလံလွှင့်ထူလိုက်ပါတယ်။ စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းတွေအများအပြားရခဲ့ပြီးတော့ စခန်းသိမ်းတိုက်ပွဲ သတင်းဓါတ်ပုံတွေကို ဒီကနေ ထပ်မံထုတ်ပြန်ပါတယ် ။ထယ်ဘွယ် စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၈ရက်နေ့မှာ CDFမတူပီ၊ CDF-မင်းတပ်၊ CDF-Lautu နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်ကဘုံဇုံးစစ်ကောင်စီတပ်စခန်းကိုလည်း ဒီဇင်ဘာ ၁၈ရက်နေ့မှ ချင်းအမျိုးသားတပ်
မတော် (CNA)ကဦးဆောင်ပြီး CDF-ဟားခါး၊ CDF-ထန်တလန် နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါသေးတယ်။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၀ဦးသေ ၊၆ ဦးစစ်သုံ့ပန်းအဖြစ်ဖမ်းမိပြီး အများအပြားထွက်ပြေးကုန်ပြီးတော့လက်နက်မျိုးစုံ ၃၂ လက်ရတယ်လို့ CDFဟားခါးကထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ-CDF မတူပီ ၊ CDF-KKG ၊CJ

👍32👏9🥰2🔥1

👏36👍18🥰2🔥1
၁၀၂၇ ထိုးစစ်ကြောင့်အထိနာနေတဲ့ စစ်တပ်ဟာ စစ်ရာဇ
ဝတ်မှုတွေ ကျူးလွန်နေလို့ စုံစမ်းစစ်ဆေးဖို့ AI တိုက်တွန်း
-People's Spring
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ ထိုးစစ်ဒဏ်ကို အလူးအလဲခံနေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကိုပါ သိမ်းကြုံးတိုက်ခိုက်တာ အပါအဝင် ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က စစ်ကောင်စီဟာ တိုင်းရင်းသား နယ်မြေတွေမှာ ကျင့်ဝတ်ပိုင်းအရ အငြင်းပွားစရာ ဗုံးပဒေသာ (cluster munitions)
လို ဖျက်အားပြင်း လက်နက်တွေကို အရပ်သား ဧရိယာတွေပါ မရှောင်ဘဲ အသုံးပြု တိုက်ခိုက်နေတဲ့အတွက် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်စေလိုကြောင်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဘယ်
တုန်းကမှနဲ့ မတူအောင် အချိတ်အဆက်မိမိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ခံနေရပြီး အထူးသဖြင့် ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ နိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ နိုင်ငံ အနောက်ဖက်စွန်း ရခိုင်ပြည်နယ်တွေမှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေကြောင့် အကြီးအကျယ် အထိနာနေပါတယ်။
AIက စစ်လက်နက် သုတေသီတွေဆီက မှတ်ချက်တွေကို ကိုးကားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဗုံးကြဲ တိုက်ခိုက်မှု တခုအတွင်း စစ်တပ် အနေနဲ့ ဗုံးပဒေသာတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ညီနောင် မဟာမိတ် သုံးဖွဲ့မှာ ပါဝင်တဲ့ တအားင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က အဲဒီ တိုက်ခိုက်မှုအတွင်း အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက အရပ်သား ၁၀ ဦးကို AI က မေးမြန်းခဲ့တဲ့နောက် ဒေသခံတွေဟာ စစ်တပ်ရဲ့ လုယက်မှုတွေ၊ စိတ်ထင်ရာ ဖမ်းဆီးမှုတွေ၊ လူမဆန်တဲ့ ဖိနှိပ်မှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ခါးစည်း ခံနေရတယ်လို့ ဖော်ထုတ်တွေ့ရှိလာခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ သွေးစွန်းတဲ့ လုပ်ရပ်တွေဟာ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ကြောင်း၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်နေတာတွေဟာ ပြည်သူလူထုအပေါ် အကြီး
အကျယ် ထိခိုက်စေခဲ့ကြောင်း၊ တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို ကြုံလာတဲ့အခါ စစ်တပ်ဟာ လုပ်နေကျ နည်းတွေအတိုင်း တုံ့ပြန်နေတာဖြစ်ကြောင်း AIရဲ့ စီမံတုံ့ပြန်ရေးဌာန ဒါရိုက်တာ မတ်ဝဲလ်စ်က ပြောပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်ရဲ့ ကိုင်တွယ်မှုတွေဟာ အကြမ်းဖက် အဖွဲ့အစည်းတွေကို စည်းမျဉ်း ဥပဒေတွေနဲ့အညီ တုံ့ပြန်နေတာသာ ဖြစ်ကြောင်း ပြောကြားပြီး အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။
အောက်တိုဘာ လကုန်ပိုင်းကစလို့ အော်ပရေးရှင်း ၁၀၂၇ စတင်ခြင်းနဲ့အတူ နိုင်ငံအနှံ့မှာ စစ်ရှောင် ဦးရေ ၃ သိန်းလောက် ထပ်တိုးလာကြောင်း၊ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းကျော် ရှိနှင့်ပြီးဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
AIရဲ့ အစီရင်ခံမှု မတိုင်ခင် ကတည်းက ညီနောင် မဟာမိတ် သုံးဖွဲ့က စစ်တပ်ဟာ ပဋိပက္ခ နယ်မြေတွေမှာ အရပ်သားတွေကို ထင်တိုင်းကြဲ ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ၊ လူသားဒိုင်းအဖြစ် အသုံးချတာမျိုးတွေနဲ့ ခြိမ်းခြောက် ဗိုလ်ကျနေခဲ့ကြောင်း ကြေညာထားခဲ့ဖူးပါတယ်။
AI ရဲ့အစီရင်ခံစာမှာ မပါပေမယ့် စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးတွေကြောင့် အထိနာနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ရခိုင်ပြည်နယ်တို့မှာ ဓါတုဗုံးတွေအသုံးပြုခဲ့ပါသေးတယ် ။

👍34❤3👏1🤣1😡1