People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်နှင့် စစ်တပ်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော အမျိုးသမီးတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-CRN)
🤬28👍5😢5🔥1
ဂန့်ဂေါ၊မြစ်သာဆည် စစ်​တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ဆလိုင်း/People’s Spring

ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိမြစ်သာဆည်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယနေ့(ဒီဇင်ဘာလ၂၂ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

အဆိုပါစခန်းကိုယ​နေ့ နံနက် ၅နာရီ၌ စတင်တိုက်ခိုက်ပြီး နံနက် ၈နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

"စခန်းသိမ်းပြီးပါပြီ။ လေကြောင်းကနေ မနက် ၉နာရီမှာလာပစ်ပါတယ်။ ဒါပေမယ့် စခန်းကတော့ ရထားပြီးပါပြီ"
ဟု အထက်ပါရဲဘော်ကပြောသည်။

အဆိုပါ စခန်းကို ဒီဇင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့​သေးသည်။ သို့သော် စစ်ကောင်စီလေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ထိုးစစ်ဆင်ပြီး စခန်းသိမ်းလိုက်ခြင်းဟု သိရသည်။

တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးပေ။

"တလှိုင်းပြီး တလှိုင်းလာမှာ။ လှိုင်းအငယ်(စခန်းငယ်)တွေကို သိမ်းပြီး လှိုင်းကြီးတွေလာမှာ" ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးက​ပြောသည်။
👏38👍117😁2🥰1
မြစိသာဆည်ကို​တွေ့ရစဥ်။ဓါတ်ပုံ- Yaw Myannar
👍43😁32👏1
ကော့ကရိတ်တိုက်ပွဲကြောင့် ဖားအံဘက်ကို စစ်ရှောင်တစ်သောင်းကျော်ရောက်လာ

နိုင်ပကောင်း/People's Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲတွေကြောင့် ဖားအံဘက်ကို တိမ်းရှောင်လာတဲ့ အရပ်သားပြည်သူ တစ်သောင်းကျော်ရှိလာပြီလို့သိရပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းစတင်ပြီး ကော့ကရိတ်မှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဖားအံ ဒေသက နဘူး ၊ ပိုင်ကျုံ နဲ့ ဒုံရင်းမြို့တွေဘက် တိမ်းရှောင်လာကြတာလို့ KNU ဖားအံခရိုင်က ဒီနေ့မှာ အသိပေးပါတယ်။

KNU ရဲ့စာရင်းအရ နဘူးမှာ ၄,၄၈၉ ဦး ၊ ပိုင်ကျုံမှာ ၂,၆၇၉ ဦးနဲ့ဒုံရင်းမှာ ၃,၅၂၀ ဦး စုစုပေါင်း စစ်ရှောင် ၁၀,၆၈၈ ဦး ရောက်လာတယ်လို့သိရပါတယ်။

အဲဒီစစ်ရှောင်ပြည်သူတွေကို ကရင်ဒုက္ခသည်ဆိုင်ရာကော်မတီနဲ့ KNU က ထောက်ပံ့နေတယ်လို့လည်း KNU ဘက်ကဆိုပါတယ်။

ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့ကို သိမ်းယူဖို့အတွက် ဒီဇင်ဘာလ ၁ ရက်မှာ KNU နဲ့ ပူးပေါင်းတပ်တွေဟာ မြို့တွင်းမြို့ပြင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ကော့ကရိတ်ဒေသခံတွေဟာ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
👍28😢16🔥12
ပေါက်တောမြို့၌ မြို့တွင်းတိုက်ပွဲပြင်းထန်၊ စစ်ကူလာ​သောစစ်သင်္ဘော ၃ စီးကို AA တိုက်ခိုက်ရာ နောက်ကြောင်းပြန်ထွက်ပြေး

ဆလိုင်း/People's Spring

ပေါက်တောမြို့၌ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်သင်္ဘော သုံး စီးဖြင့် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်‌တော်( AA )က ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး နောက်ကြောင်းပြန်ပြေးသွားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ယမန်နေ့(ဒီဇင်ဘာလ၂၁ရက်)က ပေါက်တောမြို့အခြေ
အနေကို ဒီဇင်ဘာ ၂၁ ရင်ညတွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ပေါက်တောမြို့အတွင်း၌ AA နှင့် စစ်ကောင်စီတပ်၏ လက်ကျန်တပ်ဖွဲ့ဝင်တချို့သည် မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က ပေါက်တောမြို့သို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက္ခိုင့်တပ်တော်က ဆက်လက်ဖြတ်တောက်ထားဆဲပင်ဖြစ်ကြောင်း သ်ရသည်။

စစ်သင်္ဘောသုံး စီးဖြင့် အင်အားဖြည့်တင်းရန်လာ​သောစစ်​ကောင်စီတပ်ကို AA ကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီးစစ်‌​ငကာင်စီဘက်မှသေဆုံး၊ ဒဏ်ရာရခဲ့ပြီ နောက်လှည့်ပြန်ပြေးသွားကြောင်း ညီ​နောင်မဟာမိန် ၃ ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

နိုဝင်လာလအတွင်းကလည်း ပေါက်တောမြို့သို့ စစ်တွေမြို့မှ ရောက်လာသည့် စစ်ကောင်စီသင်္ဘောအချို့အား AA ၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားဖူးသည်။ လတ်တလောတိုက်ပွဲ၌ ပေါက်တောမြို့ပေါ်မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရပ်ကွက်များဖြစ်သော ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃)မှ လူနေအိမ်များအား တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း AAကအသိပေးထားသည်။

​ပေါက်​တောမြို့တွင် နိုဝင်ဘာလ (၁၆) ရက် နံနက်အ​စော(နိုဝင်ဘာ ၁၅ ည ) ပိုင်းက မြို့မရဲစခန်းရှိရဲများအားလုံးလက်နက်ချ၍ စခန်းကိုAA က သိမ်းပိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။

လက်နက်ချအညံ့ခံသောစစ်​ကောင်စီရဲများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ခဲ့သည်ဟု AA ကထုတ်ပြန်သည်။

ထို​နောက်စစ်ကောင်စီဘက်မှ ထို​နေ့နေ့လယ်ပိုင်းမှစ၍ တိုက်ခိုက်​ရေးရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။စစ်​ကောင်စီတပ်သားများကိုAA ကတိုက်ခိုက်​နေပြီး စစ်​ကောင်စီတပ်က ​ပေါက်​တောမြို့လက်မလွှတ်ရ​​ရေး ​ရေ​ကြောင်း ၊​လေ​ကြောင်းမှ ပစ်ကူ​ပေး​​တိုက်ခိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယ‌နေ့(ဒီဇင်ဘာ ၂၂ ) နံနက်ပိုင်း၌ အမ်း၊မင်းပြား၊ ရမ်းဗြဲမြို့နယ်တို့၌လည်း တိုက်ပွဲဖြစ်ပွားနေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။
31👍20👏2😁2
ပေါက်​တောမြို့တွင် စစ်တပ်က မီးရှို့ထားစဥ်။ဓါတ်ပုံ-CJ
🤬2113👍6😢2😡2🔥1
မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းနေထိုးသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေ

ကျော်ဇော/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဖောကာနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ် ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်မှနေ၍ ကြို့၀၊ ကာမနိုင်ရွာအနီးသို့ ခြေလျင်စစ်ကြောင်းနှင့်အတူ Faw ကားနှစ်စီးဖြင့်လာသော ရန်သူ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်‌တော်(SAF)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် - သရက်ခရိုင် အမှတ် (၄) တပ်ရင်း(Eagle Force)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၁ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"သူတို့ ဖောကာနှစ်စီးနဲ့လာတဲ့အချိန် ပထမဆုံးမိုင်းဆွဲတယ်။ ပြီးမှ ၄၀ မမ တစ်လုံး၊ RPG နဲ့ ထပ်ထုတယ်။ အဲဒီအချိန်မှာ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။ အပြန် အလှန်ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲကြာမယ်"ဟု တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၂၀ ဦးခန့်ဒဏ်ရာရပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိ အခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် ယူနီးဖောင်းအချို့ရရှိသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုမရှိခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း(၄)က အသိပေးသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၈၀ ခန့်ဖြင့် ကြို့ဝ၊ ကာမနိုင် ကျေးရွာများဘက်သို့ ဒီဇင်ဘာ ၁၈ရက်ကတည်း က စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်။
33👍15👏2🤣2
(တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် တွေ့ရှိရသော စစ်ကောင်စီတပ် အသုံးအဆောင်ပစ္စည်းအချို့)
18👍6🤣1
👍29🔥4🤣3👏21🤮1
မန်တုံ၌ တိုက်ပွဲပြင်းထန်

▪️စစ်ကောင်စီ လေကြောင်း ပစ်ကူပေးခုခံပေးနေဟုဆို

မိုးမိုး/People’s Spring

ရှမ်းမြောက်ရှိ မန်တုံမြို့စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

TNLAက ရှမ်းမြောက်ရှိ မြို့များ အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ရက်တွင် နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ရက်တွင် နမ့်ခမ်းမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မန်တုံတွင်လည်း စစ်ကောင်စီ၏ ခလရ(၁၃၀) တပ်စခန်းသာ ကျန်တော့သည်ဟု ဆိုသည်။

“မန်တုံကတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်"ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေကြောင်းလည်း ၎င်းက ပြောသည်။

TNLA သိမ်းထားသည့် နမ့်ခမ်းမြို့၌ ပြည်သူများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောပြသည်။

"နမ့်ခမ်းကတော့ ပြန်ပြီးတော့ လည်ပတ်နေတယ်။ စျေးတွေ ထွက်ရောင်းနေပါပြီ။ မနက်စျေး နေ့စျေးအဲဒီလိုမျိုး သွားလာမှုတွေရှိနေပါတယ်။ နမ့်ဆန်ဘက်ကလည်း တချို့တွေ ရွာဘက်တော့ ပြန်လာနေပါပြီ။ မပြန်လာသေးတဲ့ သူတွေလည်းရှိပါသေးတယ်"ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်စခန်းများ မကျရေးအတွက် လေကြောင်း ၊ လက်နက်ကြီး ပစ်ကူ အကြိမ်ကြိမ် အသုံးပြု ခုခံနေရပြီး ထိုသို့ ပစ်ကူပေးနေသည့် ကြားမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့မှ တပ်စခန်းကြီးများအပါအဝင် တပ်စခန်း ၆၀ကျော်ကို TNLAက တိုက်ခိုက်သိမ်းပိုက်ထားသည်။
👍449👏5🔥1
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
👍21🤬8😡2🔥1👏1
🤬34👎2😢2🔥1
ညနေခင်းသတင်းလွှာ

ဒီနေ့ (ဒီိဇင်ဘာ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

▪️တစ်နိုင်ငံလုံးဟန်ချက်ညီ စစ်ဆင်ရေးဖြစ်လာလို့ နှစ်(၇၀)ကျော်အတွင်း စစ်တပ်အထိနာဆုံး အချိန်ဖြစ်ဟု ညီနောင်သုံးဖွဲ့ ပြော

၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီကို လုံး၀အလိုမရှိတော့တဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ တော်လှန်ရေးဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့က ဖော်ပြပါတယ်။ နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ အထိအနာဆုံးအချိန်နဲ့ စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးကာလလည်း ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူလူထုတရပ်လုံး မျှော်လင့်နေတဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့်အဝရရှိဖို့အတွက်မူ အခုထက် အဆများစွာကြိုးစားအားထုတ်ဖို့ လိုအပ်နေသေးတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။ တော်လှန်ရေးသက်လုံနဲ့ ဘုံရန်သူကို တိုက်ထုတ်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းအကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု တို့ဟာ အခုထက်ပိုမိုအားကောင်းဖို့ တိုက်တွန်းပါတယ်။

▪️ပေါက်တောမြို့ မြို့တွင်းတိုက်ပွဲပြင်းထန်၊ စစ်ကူလာ​တဲ့ စစ်သင်္ဘောသုံးစီးကို AA တိုက်ခိုက်ရာ နောက်ကြောင်းပြန်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်သင်္ဘော သုံးစီးဖြင့် အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်‌တော်(AA )က ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ကာ နောက်ကြောင်းပြန်ပြေးသွားတယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ပေါက်တောမြို့အတွင်း AA နဲ့ စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တချို့တို့ မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စစ်သင်္ဘောသုံးစီးဖြင့် အင်အားဖြည့်တင်းဖို့ လာ​တဲ့ စစ်​ကောင်စီတပ်ကို AA ကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးကို ထိမှန်ပြီး စစ်‌ကောင်စီဘက်မှသေဆုံး၊ ဒဏ်ရာရခဲ့ပြီး နောက်လှည့်ပြန်ပြေးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ် အမ်း၊ မင်းပြား၊ ရမ်းဗြဲမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေ​တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

▪️မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦးသေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ဖောကာနှစ်စီးဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်မှ ကြို့၀၊ ကာမနိုင်ရွာအနီးသို့ ခြေလျင်စစ်ကြောင်းနှင့်အတူ Faw ကားနှစ်စီးဖြင့်လာတဲ့ ရန်သူ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၂၀ ဦးခန့်ဒဏ်ရာရပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ဘူးလို့ သရက်ခရိုင် PDF တပ်ရင်း(၄)မှ တာဝန်ရှိသူက ပြောပါတယ်။

▪️ဘုံဇုံးစခန်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးသေ၊ ဗိုလ်ကြီးအပါအဝင် ၆ ဦးကို အရှင်ဖမ်းမိ

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဘုံဇုံးစစ်ကောင်စီစခန်း သိမ်းပိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ဗိုလ်ကြီးအပါအဝင် ခြောက်ဦး အရှင်ဖမ်းမိပြီး လက်နက် ၃၂ လက်ရရှိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။ ဘုံဇုံးစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF ဟားခါး တာဝန်ရှိသူက ပြောပါတယ်။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလာရောက်ပေမယ့် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

▪️စစ်ကောင်စီတပ် အရာရှိ အပါအဝင် တပ်ဖွဲ့ဝင်များ KNUထံ အလင်းဝင်လာသူ များပြားလာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ထံ အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ငါးဦး လက်နက်နှင့်လာရောက်ပူးပေါင်းခဲ့တယ်လို့ KNUက မနေ့က အသိပေးပါတယ်။ KNU တပ်မဟာ(၆)မှာ လက်ရှိကာလ နှစ်ဖက်ထိတွေ့ပစ်ခတ်တိုက်ပွဲများ နေရာအနှံ့ နေ့စဉ်ဖြစ်ပွားနေလို့ စစ်ရှောင်ပြည်သူများစွာရှိနေသကဲ့သို့ စစ်ကောင်စီတပ်မှလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာတာကြောင့် KNU ထံ လာရောက်ပူးပေါင်းသူများစွာရှိလာတယ်လို့ ဖော်ပြပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ခဲယမ်းများလည်း ယူဆောင်လာတယ်လို့ မှတ်တမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ပါတယ်။

▪️မြစ်သာဆည် စစ်​တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
👍353🔥1
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ရရှိခဲ့ပြီလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပါဘူး။

▪️ချောင်းဦးနယ် ကျေးရွာနှစ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ လက်နက်ကြီးပစ်ခတ်လို့ ပြည်သူအချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့လို့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်က စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နယ် ပေါက်ပင်ကျေးရွာနဲ့ ညောင်ပင်တဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်က မြို့အနီးရှိကျေးရွာများကို ဒီဇင်ဘာ ၁၈၊ ၁၉ နှစ်ရက်ဆက်တိုက် (၈၁) မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
👍26😁6🔥1🤬1
👍17🔥1
👍32🔥2