ချောင်းဦးတွင် စစ်တပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး၊ လက်နက်ကြီးပစ်ခတ်၍ ပြည်သူအချို့ ဒဏ်ရာရ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၀ရက်နှင့် ၂၁ ရက်က စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ် ပေါက်ပင်ကျေးရွာနှင့် ညောင်ပင်တဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
"ညောင်ပင်တဲမှာက နတ်တိုင်ကျောင်းပတ်လည် က တဲတွေကိုမီးရှို့နေတာလို့ သိရပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။"ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်က မြို့အနီးရှိကျေးရွာများကို ဒီဇင်ဘာ၁၈ ရက်နှင့် ၁၉ ရက်နက (၈၁) မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် မှန်ချိုကျေးရွာနေပြည်သူ နှစ်ဦးနှင့် ကျီကုန်းကျေးရွာအနီး တောင်သူအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင်
မုံရွာ - မန္တလေးလမ်းမကြီး၏ မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ ခြေရှုပ်နေ၍ အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် Areal 71 People Defense Force Monywa အဖွဲ့က သတိပေးထားသည်။
စစ်ကောင်စီတပ်သည် ချောင်းဦးနယ်အတွင်း ဓားစာခံဖမ်းဆီးထားသည့် ဒေသခံပြည်သူ ၁၀၀ခန့်နှင့်အတူ ၁၀ရက်ကျော်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြို့ပေါ်သို့ပြန်လည်ဝင်ရောက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

🤬33👍9🔥1😢1
(ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်နှင့် စစ်တပ်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သော အမျိုးသမီးတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-CRN)
🤬28👍5😢5🔥1
ဂန့်ဂေါ၊မြစ်သာဆည် စစ်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
ဆလိုင်း/People’s Spring
ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိမြစ်သာဆည်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယနေ့(ဒီဇင်ဘာလ၂၂ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
အဆိုပါစခန်းကိုယနေ့ နံနက် ၅နာရီ၌ စတင်တိုက်ခိုက်ပြီး နံနက် ၈နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
"စခန်းသိမ်းပြီးပါပြီ။ လေကြောင်းကနေ မနက် ၉နာရီမှာလာပစ်ပါတယ်။ ဒါပေမယ့် စခန်းကတော့ ရထားပြီးပါပြီ"
ဟု အထက်ပါရဲဘော်ကပြောသည်။
အဆိုပါ စခန်းကို ဒီဇင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သေးသည်။ သို့သော် စစ်ကောင်စီလေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ထိုးစစ်ဆင်ပြီး စခန်းသိမ်းလိုက်ခြင်းဟု သိရသည်။
တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးပေ။
"တလှိုင်းပြီး တလှိုင်းလာမှာ။ လှိုင်းအငယ်(စခန်းငယ်)တွေကို သိမ်းပြီး လှိုင်းကြီးတွေလာမှာ" ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးကပြောသည်။

👏38👍11❤7😁2🥰1
ကော့ကရိတ်တိုက်ပွဲကြောင့် ဖားအံဘက်ကို စစ်ရှောင်တစ်သောင်းကျော်ရောက်လာ
နိုင်ပကောင်း/People's Spring
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲတွေကြောင့် ဖားအံဘက်ကို တိမ်းရှောင်လာတဲ့ အရပ်သားပြည်သူ တစ်သောင်းကျော်ရှိလာပြီလို့သိရပါတယ်။
ဒီဇင်ဘာ လဆန်းပိုင်းစတင်ပြီး ကော့ကရိတ်မှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဖားအံ ဒေသက နဘူး ၊ ပိုင်ကျုံ နဲ့ ဒုံရင်းမြို့တွေဘက် တိမ်းရှောင်လာကြတာလို့ KNU ဖားအံခရိုင်က ဒီနေ့မှာ အသိပေးပါတယ်။
KNU ရဲ့စာရင်းအရ နဘူးမှာ ၄,၄၈၉ ဦး ၊ ပိုင်ကျုံမှာ ၂,၆၇၉ ဦးနဲ့ဒုံရင်းမှာ ၃,၅၂၀ ဦး စုစုပေါင်း စစ်ရှောင် ၁၀,၆၈၈ ဦး ရောက်လာတယ်လို့သိရပါတယ်။
အဲဒီစစ်ရှောင်ပြည်သူတွေကို ကရင်ဒုက္ခသည်ဆိုင်ရာကော်မတီနဲ့ KNU က ထောက်ပံ့နေတယ်လို့လည်း KNU ဘက်ကဆိုပါတယ်။
ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့ကို သိမ်းယူဖို့အတွက် ဒီဇင်ဘာလ ၁ ရက်မှာ KNU နဲ့ ပူးပေါင်းတပ်တွေဟာ မြို့တွင်းမြို့ပြင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ကော့ကရိတ်ဒေသခံတွေဟာ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

👍28😢16🔥12
ပေါက်တောမြို့၌ မြို့တွင်းတိုက်ပွဲပြင်းထန်၊ စစ်ကူလာသောစစ်သင်္ဘော ၃ စီးကို AA တိုက်ခိုက်ရာ နောက်ကြောင်းပြန်ထွက်ပြေး
ဆလိုင်း/People's Spring
ပေါက်တောမြို့၌ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်သင်္ဘော သုံး စီးဖြင့် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်( AA )က ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး နောက်ကြောင်းပြန်ပြေးသွားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ယမန်နေ့(ဒီဇင်ဘာလ၂၁ရက်)က ပေါက်တောမြို့အခြေ
အနေကို ဒီဇင်ဘာ ၂၁ ရင်ညတွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ပေါက်တောမြို့အတွင်း၌ AA နှင့် စစ်ကောင်စီတပ်၏ လက်ကျန်တပ်ဖွဲ့ဝင်တချို့သည် မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က ပေါက်တောမြို့သို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက္ခိုင့်တပ်တော်က ဆက်လက်ဖြတ်တောက်ထားဆဲပင်ဖြစ်ကြောင်း သ်ရသည်။
စစ်သင်္ဘောသုံး စီးဖြင့် အင်အားဖြည့်တင်းရန်လာသောစစ်ကောင်စီတပ်ကို AA ကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီးစစ်ငကာင်စီဘက်မှသေဆုံး၊ ဒဏ်ရာရခဲ့ပြီ နောက်လှည့်ပြန်ပြေးသွားကြောင်း ညီနောင်မဟာမိန် ၃ ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
နိုဝင်လာလအတွင်းကလည်း ပေါက်တောမြို့သို့ စစ်တွေမြို့မှ ရောက်လာသည့် စစ်ကောင်စီသင်္ဘောအချို့အား AA ၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားဖူးသည်။ လတ်တလောတိုက်ပွဲ၌ ပေါက်တောမြို့ပေါ်မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရပ်ကွက်များဖြစ်သော ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃)မှ လူနေအိမ်များအား တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း AAကအသိပေးထားသည်။
ပေါက်တောမြို့တွင် နိုဝင်ဘာလ (၁၆) ရက် နံနက်အစော(နိုဝင်ဘာ ၁၅ ည ) ပိုင်းက မြို့မရဲစခန်းရှိရဲများအားလုံးလက်နက်ချ၍ စခန်းကိုAA က သိမ်းပိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။
လက်နက်ချအညံ့ခံသောစစ်ကောင်စီရဲများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ခဲ့သည်ဟု AA ကထုတ်ပြန်သည်။
ထိုနောက်စစ်ကောင်စီဘက်မှ ထိုနေ့နေ့လယ်ပိုင်းမှစ၍ တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။စစ်ကောင်စီတပ်သားများကိုAA ကတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ပေါက်တောမြို့လက်မလွှတ်ရရေး ရေကြောင်း ၊လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၂ ) နံနက်ပိုင်း၌ အမ်း၊မင်းပြား၊ ရမ်းဗြဲမြို့နယ်တို့၌လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံအချို့ကပြောသည်။

❤31👍20👏2😁2
မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းနေထိုးသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေ
ကျော်ဇော/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဖောကာနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ် ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်မှနေ၍ ကြို့၀၊ ကာမနိုင်ရွာအနီးသို့ ခြေလျင်စစ်ကြောင်းနှင့်အတူ Faw ကားနှစ်စီးဖြင့်လာသော ရန်သူ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် - သရက်ခရိုင် အမှတ် (၄) တပ်ရင်း(Eagle Force)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၁ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"သူတို့ ဖောကာနှစ်စီးနဲ့လာတဲ့အချိန် ပထမဆုံးမိုင်းဆွဲတယ်။ ပြီးမှ ၄၀ မမ တစ်လုံး၊ RPG နဲ့ ထပ်ထုတယ်။ အဲဒီအချိန်မှာ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။ အပြန် အလှန်ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲကြာမယ်"ဟု တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၂၀ ဦးခန့်ဒဏ်ရာရပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိ အခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် ယူနီးဖောင်းအချို့ရရှိသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုမရှိခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း(၄)က အသိပေးသည်။
အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၈၀ ခန့်ဖြင့် ကြို့ဝ၊ ကာမနိုင် ကျေးရွာများဘက်သို့ ဒီဇင်ဘာ ၁၈ရက်ကတည်း က စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်။

❤33👍15👏2🤣2
(တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် တွေ့ရှိရသော စစ်ကောင်စီတပ် အသုံးအဆောင်ပစ္စည်းအချို့)
❤18👍6🤣1
မန်တုံ၌ တိုက်ပွဲပြင်းထန်
▪️စစ်ကောင်စီ လေကြောင်း ပစ်ကူပေးခုခံပေးနေဟုဆို
မိုးမိုး/People’s Spring
ရှမ်းမြောက်ရှိ မန်တုံမြို့စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။
TNLAက ရှမ်းမြောက်ရှိ မြို့များ အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ရက်တွင် နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ရက်တွင် နမ့်ခမ်းမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး မန်တုံတွင်လည်း စစ်ကောင်စီ၏ ခလရ(၁၃၀) တပ်စခန်းသာ ကျန်တော့သည်ဟု ဆိုသည်။
“မန်တုံကတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်"ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေကြောင်းလည်း ၎င်းက ပြောသည်။
TNLA သိမ်းထားသည့် နမ့်ခမ်းမြို့၌ ပြည်သူများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောပြသည်။
"နမ့်ခမ်းကတော့ ပြန်ပြီးတော့ လည်ပတ်နေတယ်။ စျေးတွေ ထွက်ရောင်းနေပါပြီ။ မနက်စျေး နေ့စျေးအဲဒီလိုမျိုး သွားလာမှုတွေရှိနေပါတယ်။ နမ့်ဆန်ဘက်ကလည်း တချို့တွေ ရွာဘက်တော့ ပြန်လာနေပါပြီ။ မပြန်လာသေးတဲ့ သူတွေလည်းရှိပါသေးတယ်"ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်စခန်းများ မကျရေးအတွက် လေကြောင်း ၊ လက်နက်ကြီး ပစ်ကူ အကြိမ်ကြိမ် အသုံးပြု ခုခံနေရပြီး ထိုသို့ ပစ်ကူပေးနေသည့် ကြားမှ နမ့်ဆန်နှင့် နမ့်ခမ်းမြို့မှ တပ်စခန်းကြီးများအပါအဝင် တပ်စခန်း ၆၀ကျော်ကို TNLAက တိုက်ခိုက်သိမ်းပိုက်ထားသည်။

👍44❤9👏5🔥1
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
👍21🤬8😡2🔥1👏1