People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍41👏10🥰1😁1
မန္တလေးနန်းတွင်းတိုက်ခိုက်မှု ထိခိုက်မှုများဟုဆို

သတိုး/People's Spring

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို (၁၀၇)မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် လပခ တိုင်းမှူး၊ ဒုတိုင်းမှူးနေထိုင်သည့်အဆောင်နှင့် အမျိုးသမီးစစ်သည်များနေထိုင်သည့် အဆောင်တို့တိုက်ရိုက်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေးထားသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် မန္တလေး နန်းတွင်းရှိ စစ်ရေးပစ်မှတ်များကို (၁၀၇) မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထက်ပါနေရာများကို ထိမှန်ကြောင်း BWM က နောက်ဆက်တွဲ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"လပခတိုင်းမှူးအဆောင်သို့ ထိမှန်ပေါက်ကွဲခဲ့မှုဒဏ်ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ အကောင်ကြီး တစ်ကောင် ဘဝကူးသွားခဲ့ကြောင်းနှင့်အခြားဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊ ဘဝကူးသွားသူ၏ အမည်နှင့်ရာထူးအားစုံစမ်းဆဲဖြစ်ကြောင်း၊ အမျိုးသမီး စစ်သည်အဆောင်သို့ထိမှန် ပေါက်ကွဲမှု ဒဏ် ကြောင့် အဆိုပါအဆောက်အဦးနှင့် စစ်သည်အချို့ ထိခိုက်မှု များ ရှိခဲ့ကြောင်း ထပ်မံ စုံစမ်းသိရှိရပါသည်။ "ဟု စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို BWM က သတင်းထုတ်ပြန်ထားသည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ ယမန်နေ့ ညနေတွင် ရှော့တိုက်ဒုန်းပစ်သည်ဟုယူဆ‌ သော ကျေးရွာကို စစ်ကောင်စီ အင်အား ၂၀၀ခန့်ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း BWM ကအသိပေးသည်။

အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့များဖြစ်ကြသော Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်(ပကဖ)နှင့် No More Dictatorship NMD-PDF အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
👍47👏93😁2🥰1
🤬21💩7👍4🍾21🤮1
၂၀၂၁ ဖေဖော်ဝါရီ၂ ရက်က မန္တလေးနန်းတွင်း၊ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရယူထားတဲ့ စစ်သားများကိုတွေ့ရစဉ်။ဓာတ်ပုံ - AFP
💩20👍8🖕31🤬1
တစ်နိုင်ငံလုံးဟန်ချက်ညီ စစ်ဆင်ရေးဖြစ်လာ၍ နှစ်(၇၀)ကျော်အတွင်း စစ်ကောင်စီအထိနာဆုံး အချိန်ဖြစ်ဟု ညီနောင်သုံးဖွဲ့ ပြော

▪️ဘုံရန်သူအားတိုက်ထုတ်နေသည့်အဖွဲ့များအကြား ညီညွတ်နားလည်မှု ပိုအားကောင်းရန်လိုနေသေးဟု ထောက်ပြ

ရှိုင်း/People’s Spring

၁၀၂၇ စစ်ဆင်ရေးသည် (၅၆) ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီအား လုံး၀အလိုမရှိတော့ သည့် မြန်မာပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေး ဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများ ဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီဇင်ဘာ ၂၁ရက် တိုက်ပွဲသတင်း ထုတ်ပြန်ရာ၌ ဖော်ပြသည်။

နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်ကောင်စီတပ်၏ အထိအနာဆုံးအချိန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးကာလလည်း ဖြစ်ကြောင်း ဖော်ပြသည်။

တအာင်း၊ ကိုးကန့်နှင့် ရက္ခိုင်တပ် ညီနောင်သုံးဖွဲ့၏ စစ်ရေးလှုပ်ရှားရာနယ်မြေများ၌အပြင် တစ်နိုင်ငံလုံးအနှံ့ရှိကြသော တော်လှန်ရေးအဖွဲ့များမှလည်း စစ်ကောင်စီအား နည်းလမ်းမျိုးစုံ၊ ဒေါင့်ပေါင်းစုံမှ ခပ်စိပ်စိပ်တော်လှန်တိုက်ခိုက်လာခဲ့ကြပြီး ထိုက်သင့်သောအောင်ပွဲများကို နေ့တိုင်း ထင်ရှားစွာတွေ့မြင်နေရသည်ဟု ထုတ်ပြန်သည်။

သို့ရာတွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသော ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့်အဝရရှိရန်အတွက်မူ ယခုထက် အဆများစွာကြိုးစားအားထုတ်ရန်လိုအပ်နေသေးကြောင်းထုတ်ပြန်သည်။

တော်လှန်ရေးသက်လုံနှင့် ဘုံရန်သူအား တိုက်ထုတ်နေကြသော အဖွဲ့အစည်းအချင်းချင်းအကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု တို့သည် ယခုထက်ပိုမိုအားကောင်းရန် လိုအပ်နေသေးသည်ကို အပြုသဘောဖြင့်ထောက်ပြလိုက်ကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယမန်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် စစ်ကောင်စီတို့သည် ယခင်ရက်များနည်းတူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ယခင်ရက်များနည်းတူ မြို့ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာအချို့အား မီးရှို့ဖျက်ဆီးခြင်းတို့ကို ထပ်မံပြုလုပ်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့တွင် စစ်ကောင်စီ၏ မန်တုံ ခလရ (၁၃၀) တပ်စခန်း ၊ ကွတ်ခိုင်တပ်စခန်း ၊ နမ္မတူတပ်စခန်း” တို့အား TNLAက ဆက်လက်ထိုးစစ်ဆင်ခဲ့ကြောင်း အသိပေးသည်။

မန်တုံတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် (၁၈) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၉) ကြိမ်၊ ဗုံး (၂၇၇) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများ၏ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၈)ကြိမ်၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၃) ကြိမ်၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် သုံးကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၈ ဂိတ်တပ်စခန်းမှ လက်နက်ကြီးဖြင့် (၉)ကြိမ်နှင့် နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် (၇၂) ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် Mi 17 ထောက်ပို့ရဟတ်ယာဉ် ဖြင့် မူဆယ်တပ်စခန်းတွင် တစ်ကြိမ်၊ မန်တုံတပ်စခန်းတွင် လေထီးဖြင့်တစ်ကြိမ် လက်နက်အင်အား ထပ်မံဖြည့်တင်းခဲ့သည်ဟုဆိုသည်။

ရက္ခိုင်ဒေသစစ်ရေးအခြေအနေကို ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်သည် စစ်တွေမြို့ တောကန်ရွာကို မီးရှို့ခဲ့ ကြောင်း၊မင်းပြား အခြေစိုက်ခမရ (၅၄၁)နှင့် ခမရ (၃၇၉)တို့က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ ဖလောင်းပြင်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ AA ကလည်း အဆိုပါ တပ်ရင်းများကို လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီကလည်း မင်းပြားမြို့၊ ကြပ်စင်တံတားအနီးသို့ စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးပေါ်မှ မိနစ်အနည်းငယ် ကြာလှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ပေါက်တောမြို့ တိုက်ပွဲတွင် စစ်ကောင်စီက လူအင်အားဖြည့်ရန် ကြိုးပမ်းနေရာ AAက ဖြတ်တောက်မှု ဆက်လုပ်ခဲ့သည်ဟု အသိပေးသည်။ စစ်သင်္ဘောသုံးစီးဖြင့် အင်အားဖြည့်တင်းရန်လာခဲ့သော စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ရက်တွင် AAက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီးကိုထိမှန်ကာ ရန်သူစစ်ကူအချို့ သေဆုံးခဲ့ကြောင်း ၎င်းစစ်သင်္ဘောလည်း နောက်လှည့်ပြန်သွားကြောင်း ဖော်ပြသည်။ ပေါက်တောမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့က ပြည်သူလူထုနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။
👍46👏3🔥1
👍20👏5🔥1
(ရှမ်းမြောက် နန့်ဆမ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ကြီးများ။ ဓာတ်ပုံ - TNLA)
👍44👏72🔥2
ဝက်လက်မြို့အနီး စစ်တပ်နှင့် ဒေသတွင်း PDFများ (၂)နာရီခန့်ကြာ ပစ်ခတ်မှုဖြစ်

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ နှစ်နာရီနီးပါး ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိကြောင်း People's Servant Revolution-Wetlet အဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ၃နာရီခန့်က ဝက်လက်မြို့ပေါ်‌တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သည် မြို့မြောက်ဘက် သခွတ်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဒေသခံ(ပကဖ)အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်ကြောင်း၌ပါလာသော ဒုရဲအုပ်လွင်မိုးအောင်ဆိုသူသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း People's Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

"တပ်ဘက်ကလည်း တပ်ကြပ်အဆင့်လား အရာရှိအဆင့်လားတစ်ယောက်သေတယ်။ဝက်လက်သင်္ချိုင်းကုန်းမှာ အမိန့်ပြန်ပြီး သင်္ဂြိုလ်သွားတယ်။"ဟု People's Servant Revolution-Wetlet အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု (၂)နာရီခန့်ကြာ ဖြစ်ပြီးနောက် ညနေ ၄ နာရီ ၅၀မိနစ်တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဒေသတွင်း PDFအဖွဲ့များက စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုနှင့် အရှင်ဖမ်းဆီးခံရမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းခံခဲ့ရသည်။
👍34👏7🔥1🥰1
👏18👍9🔥1
(People's Servant Revolution-Wetlet အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့)
👍24👏4🔥1
ဘုံဇုံးစခန်းတိုက်ပွဲ စစ်ကောင်စီ ၁၀ဦးသေ၊ ခြောက်ဦး အရှင်ဖမ်းမိ

▪️လက်နက် ၃၂လက်ရဟု CDF ဟားခါး ထုတ်ပြန်

သက်ဝေ/People’s Spring

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ဟားခါးမြို့နယ်ရှိ ဘုံဇုံးစစ်ကောင်စီစခန်း သိမ်းပိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀ဦးသေဆုံးကာ ဗိုလ်ကြီးအပါအဝင် ခြောက်ဦး အရှင်ဖမ်းမိပြီး လက်နက် ၃၂လက်ရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဘုံဇုံးစခန်းကို CDF ဟားခါး၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF ထန်တလန်၊ CDF-KKG တို့ပူးပေါင်းပြီး ဒီဇင်ဘာ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၈ရက်တွင် သိမ်းနိုင်ခဲ့သည်ဟု အသိပေးသည်။ စစ်ဆင်ရေးအတွင်း ဒရုန်းဖြင့် ဗုံးသီး ၂၇၀ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ ဗိုလ်ကြီးအပါအဝင် ခြောက်ဦး အရှင်မိပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၁၇ဦး ရှိရာ ယင်းအနက် ၂ဦး သေ၊ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

"စကစဘက်က အကုန်လုံး ကျနော်တို့လက်ထဲရောက်သွားတာပေါ့။ သူတို့ ဘယ်လောက်ကျဆုံးတယ်ဆိုတာထက်ပဲ ကျနော်တို့လက်ထဲရောက်သွားတယ်။ ကျနော်တို့ အရှင်ဖမ်းတာလည်းရှိတယ်။ အဲဒီအထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူလည်း အရှင်ဖမ်းထားတယ်။ ထွက်ပြေးတဲ့ သူတွေလည်း ကျနော်တို့ လိုက်ဖမ်းတာပေါ့နော်။ အကုန်လုံး ကျနော်တို့ လက်ထဲရောက်သွားပါတယ်”ဟု CDF ဟားခါး တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေကြောင်းပစ်ကူလာရောက်သော်လည်း ထိခိုက်မှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု လေးကြိမ်တွင် သုံးကြိမ်သာ ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၂လက်နှင့် ကျည်၊ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ရက်တွင်လည်း ဟားခါးမြို့ပေါ်၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် တစ်ဦးသေဆုံးကြောင်း အသိပေးထားသည်။
👍31👏10🥰1😁1
(ဘုံဇုံးစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Chin Journal)
👏22👍9😁1
23👍19👏8😁1
ဒေသခံ PDFများ လုံခြုံရေးယူချီတက်ဆန္ဒပြသည့် ဆားလင်းကြီး တပ်ပေါင်းစုသပိတ်

သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် ရန်ကုန်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် ဒေသအတွင်းရှိ သပိတ်အင်အားစုများ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ တို့နှင့်အတူ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ၊ လက်ပံတောင်းတောင်ပင်မ သပိတ်ကော်မတီ၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်ကော်မတီ တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြပြည်သူများက "သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လူထုသပိတ်ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - Aung Khant Zaw
👍375🔥1
42👍19🔥1🥰1👏1