(ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းနှင့် KPLA ရဲဘော်များပါဝင်သော ပူးပေါင်းတပ်သည် ကရင်နီပြည်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KPLA)
👏31👍9❤5😁1
ဒီနေ့ဘာဖြစ်ခဲ့လဲ
ဒီနေ့(ဒီဇင်ဘာ ၂၁ ရက်) တစ်ရက်တာအတွင်း "ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို" People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
▪️မုန်းမြို့ တပ်ရင်းဌာနချုပ်များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စျေးဆိုင်တန်းများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို မောင်းထုတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ လဆန်းက မုန်းမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၀)၊ ခမရ(၅၉၉)၊ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များကို KNU ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီတပ်နေရာများမှာ စစ်ကောင်စီက ပြန်လည်နေရာယူထားတယ်လို့ သိရပါတယ်။ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဟာ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
▪️စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ် ကုလပါဝင်မည်မဟုတ်
မြန်မာနိုင်ငံံမှာ လက်ရှိနိုင်ငံရေးနဲ့ ပဋိပက္ခဖြစ်စဥ်တွေကြောင့် စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ပံံ့ပိုးကူညီမှာမဟုတ်ဘူးလို့ မနေ့က ထုတ်ပြန်အသိပေးပါတယ်။ UNFPA ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာ ပီယိုစမစ်သ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဥ်အပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နေပြည်တော်မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဥ် ၂၀၂၄ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်မှာ UNFPA ရဲ့ ရပ်တည်ချက်ကိို ထပ်လောင်းအသိပေးခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ ရှိနေချိန်မှာ ကုလသမဂ္ဂရဲ့ အထက်ပါအေဂျင်စီက ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ UNFPA ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အချက်အလက်တွေ ကောက်ယူရာမှာ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု၊ လူ့အခွင့်အရေးတွေကို လေးစားမှု အချက်တွေကို အာမခံဖို့ဆိုတဲ့ ကတိကဝတ်အပေါ် အခြေခံထား တယ်လို့ ဖော်ပြပါတယ်။
▪️ကွတ်ခိုင်မှာ စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး သေနတ်တစ်လက်နဲ့ RPG ယူဆောင်ကာ TNLA ထံ လက်နက်ချ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုတာကြောင့် တအာင်းတပ်မတော်(TNLA)ထံ လာရောက် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကွတ်ခိုင်ဗျုဟာ လက်အောက်ခံ ခလရ-၄၅ တပ်မှ တပ်ကြပ်ကိုနိုင်ဟာ ဒီနေ့ TNLA တပ်မဟာ(၅)ထံ လက်နက်ချလာတာဖြစ်တယ်လို့ ထုတ်ပြန်အသိပေးပါတယ်။ အဲဒီ တပ်ကြပ်ဟာ လက်နက် တစ်လက်၊ RPG-7 တစ်လက်နဲ့ ခဲယမ်းများယူလာတယ်လို့ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြပါတယ်။ တဆက်တည်းမှာ TNLA ဟာ ဒီဇင်ဘာ ၁၇ ရက်က နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အသိပေးပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
▪️ခမ်းပါတ်မြို့တွင်း အခြေအနေတည်ငြိမ်နေပြီဟု PDF ပြော
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက အလုံးစုံထိန်းချုပ်ထားပြီး အခြေအနေတည်ငြိမ်နေပြီလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလဆန်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ကိုစစ်ကောင်စီတပ်က အင်အား ၁၂၀ ခန့်ဖြင့် ဒီဇင်ဘာလဆန်းမှာ စစ်ကြောင်းထိုးလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၇ ရက် တိုက်ပွဲမှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ လက်ရှိမှာ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာ အလုံးစုံပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေစဉ်ကာလက တိမ်းရှောင်နေတဲ့ ဒေသခံများလည်း မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ပြီလို့ သိရပါတယ်။
▪️နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား၊ အင်ခါးဂါးစခန်းကိုလည်း စစ်ကောင်စီ စခန်းစွန့် ရုပ်သိမ်းသွား
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်နေရာယူထားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို မနေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၊ အင်ခါဂါးဒေသ တပ်စခန်းတစ်ခုကို KIA က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေဆဲမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ တပ်စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။ KIA တပ်မဟာ(၁)နယ်မြေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီ နယ်မြေနှစ်ခုအထိရှိလာတယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။
▪️မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ

👍38🔥2
မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာကို တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးလို့ ယူဆထားတဲ့ ၎င်းတို့ရဲ့ နောက်ဆုံးခံတပ် လပခကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရတယ်လို့ နယ်ခံများက ပြောပါတယ်။
▪️ကိုးကန့်စစ်ရှောင် ၁,၅၀၀ ကို မိုင်းလားတပ်ဖွဲ့ စားနပ်ရိက္ခာ ပေးဝေ
မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA)အထူးဒေသ(၄)အစိုးရဟာ ဆီလူးခရိုင်မှာ ယာယီနေထိုင်တဲ့ ကိုးကန့်စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများ ပေးဝေခဲ့တယ်လို့ အထူးဒေသ(၄) သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ NDAA အုပ်ချုပ်နယ်မြေ ဆီလူးဒေသသို့ ရောက်ရှိလာတဲ့ ကိုးကန့်စစ်ရှောင်များကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အတွင်း စားနပ်ရိက္ခာများ ပေးဝေခဲ့ခြင်းဖြစ်ပြီး စစ်ရှောင် ၁၅၀၀ ဦးအတွက် ဆန်၊ ဆီ၊ ဆားများကို ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။
▪️ထားဝယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နဲ့ ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ တာ၀န်ရှိသူက ပြောပါတယ်။
▪️ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ဂွေးချိုရွာရှိ စစ်ကောင်စီတပ်တို့ကို PDFများ ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ဂွေးချိုပျူစောထီးကျေးရွာတို့ရှိ စစ်ကောင်စီတပ်ကို တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူအခြေစိုက် Cobra One အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရော့ကတ်နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေစကြိုမြို့နယ်ရှိ ဂွေးချိုပျူစောထီးကျေးရွာကိုလည်း တာဝေးပစ် ရော့ကတ် ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး၊ ပျူစောထီး သုံးဦး သေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ Cobra One အဖွဲ့က ဆိုပါတယ်။
▪️မြိုင်မြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၀၀ ခန့် ပျက်စီး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၅ ရက်အတွင်း ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က သာစည်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၅ လုံး၊ ဆီစက်နှစ်လုံး၊ မြေပဲတင်းသုံးရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆိတ် ၁၃ ကောင် မီးလောင်သေဆုံးခဲ့တယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။ နှမ်းဆီကန်ကျေးရွာကိုလည်း မနေ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်နဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်ကော်မတီဝင်များက "စကစ ဘက်မှ ပြည်သူတွေနာခံလာအောင် နည်းမျိုးစုံကြိုးစားနေတယ် ဆက်လက် အာခံ၊ အံတု တိုက်ပွဲဝင်ပေးကြပါ" စာတန်း (ဗီနိုင်း) ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

👍42😁2❤1
အင်အားချိနဲ့နေသည့် စစ်ကောင်စီတပ် အရာရှိ အပါအဝင် တပ်ဖွဲ့ဝင်များ KNUထံ အလင်းဝင်လာသူများလာဟု အသိပေး
▪️လက်နက်ယူလာသူများကို ကြေညာထားသည့်အတိုင်း ထောက်ပံ့ငွေပြန်ပေးဟု ထုတ်ပြန်
မိုးမိုး/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံသို့ အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၅ဦး လက်နက်နှင့်လာရောက်ပူးပေါင်းခဲ့ကြောင်း KNUက ယမန်နေ့ညတွင် အသိပေးသည်။
KNU တပ်မဟာ(၆)တွင် လက်ရှိကာလ၌ နှစ်ဖက်ထိတွေ့ပစ်ခတ်တိုက်ပွဲများ နေရာအနှံ့ နေ့စဉ်ဖြစ်ပွားနေ၍ စစ်ရှောင်ပြည်သူများစွာရှိနေသကဲ့သို့ စစ်ကောင်စီတပ်မှလည်း လူအင်အား လက်နက်အင်အားများ မမျှတော့သည့် အပြင် စိတ်ဓာတ်ပိုင်း ဆိုင်ရာလည်း ကျဆင်းလာသည့်အတွက် KNU ထံလာရောက်ပူးပေါင်းသူများစွာရှိလာကြောင်း ထုတ်ပြန်သည်။
KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင် နှစ်ပေါင်းများစွာ အခြေချလျှက်ရှိနေသော အာဏာသိမ်း စစ်ကောင်စီတပ်များသည်လည်း အထက်အမိန့်အား ဖီဆန်၍ KNU တပ်မဟာ(၆) ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ လာရောက်ပူးပေါင်းလာလျှက် ရှိနေကြောင်း ဖော်ပြသည်။
ဒီဇင်ဘာ၁၇ရက်က KNLA တပ်မဟာ(၆) လုံခြုံရေးစစ်ကြောင်းထံသို့ တပ်မ (၄၄) လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်း၊ ဆေးတပ်သား အောင်မျိုးဝင်း၊ တပ်သား အောင်ကိုမင်းတို့ လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
ထိုသို့လာရောက်ပူးပေါင်းသူများသည် MA-5 (၁) လက်၊ 9mm ကျည်ဘောက် (၁) ခု နှင့် ကျည် (၁၀) MA-3 ၂လက် နှင့် ကျည်များ ယူဆောင်လာခဲ့ရာ KNU ဘက်ကကလည်း ကြောထားသည့်အတိုင်း ဆုငွေများပေးအပ်ခဲ့သည်။ အဆိုပါ ဆုငွေကို KNLA ပူးပေါင်းစစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောကပေးအပ်ခဲ့ခြင်းဖြစ်ပြီး လာရောက်ပူးပေါင်းသူများက လက်နှံသည့် လက်နက်များကို လက်ခံခဲ့သည်ကို ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။
ဒီဇင်ဘာ ၁၇ရက်၌ပင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်နယ် (၄) ၁၀၂၂ တပ်ရင်းမှ တပ်သား ၂ဦးသည် M-4 (၁) လက်၊ M-4 Crbine (၁)လက်နှင့် ကျည်များ ယူလာပီး လာရောက်ပူးပေါင်းခဲ့သည်ဟု ထုတ်ပြန်သည်။
၎င်းတို့ကိုလည်း KNU တပ်မဟာ(၆)က ဆုငွေပေးအပ်ခဲ့သည်။
စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ KNUနှင့် ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်လျက်ရှိကြောင်း KNUက ထပ်လောင်း အသိပေးသည်။
စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွါကာ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းပါက နွေးထွေးစွာ ကြိုဆိုနေမည်ဖြစ်ပြီး ၎င်းတို့၏ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် ၎င်းနှင့်အတူ ပါလာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း၊ သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ဒီဇင်ဘာ ၂၁ရက်တွင်လည်း KNU တပ်မဟာ(၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ(၂၈၃) တပ်ရင်းမှ ဒုတပ်ကြပ်ရဲကိုကို သည် KNU တပ်မဟာ(၆) ကွန်မန်ဒို တပ်ဖွဲ့ထံသို့ MA-4 ပူးတွဲ ၁လက်၊ ၄၀ မမ ဗုံးသီး ၈လုံး၊ ကျည်ဘောက် ၄ခု နှင့်ကျည်များ ယူဆောင်၍ လာရောက်ပူးပေါင်းခဲ့ရာ ၎င်း ဒုပ်ကြပ်ကို KNU တပ်မဟာ(၆)က ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့သည်။

👍47👏9❤2😁1
KNU ထံ လာရောက်အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU
👍22
မန္တလေးနန်းတွင်းတိုက်ခိုက်မှု ထိခိုက်မှုများဟုဆို
သတိုး/People's Spring
မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို (၁၀၇)မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် လပခ တိုင်းမှူး၊ ဒုတိုင်းမှူးနေထိုင်သည့်အဆောင်နှင့် အမျိုးသမီးစစ်သည်များနေထိုင်သည့် အဆောင်တို့တိုက်ရိုက်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေးထားသည်။
ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် မန္တလေး နန်းတွင်းရှိ စစ်ရေးပစ်မှတ်များကို (၁၀၇) မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထက်ပါနေရာများကို ထိမှန်ကြောင်း BWM က နောက်ဆက်တွဲ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"လပခတိုင်းမှူးအဆောင်သို့ ထိမှန်ပေါက်ကွဲခဲ့မှုဒဏ်ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ အကောင်ကြီး တစ်ကောင် ဘဝကူးသွားခဲ့ကြောင်းနှင့်အခြားဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊ ဘဝကူးသွားသူ၏ အမည်နှင့်ရာထူးအားစုံစမ်းဆဲဖြစ်ကြောင်း၊ အမျိုးသမီး စစ်သည်အဆောင်သို့ထိမှန် ပေါက်ကွဲမှု ဒဏ် ကြောင့် အဆိုပါအဆောက်အဦးနှင့် စစ်သည်အချို့ ထိခိုက်မှု များ ရှိခဲ့ကြောင်း ထပ်မံ စုံစမ်းသိရှိရပါသည်။ "ဟု စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို BWM က သတင်းထုတ်ပြန်ထားသည်။
ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ ယမန်နေ့ ညနေတွင် ရှော့တိုက်ဒုန်းပစ်သည်ဟုယူဆ သော ကျေးရွာကို စစ်ကောင်စီ အင်အား ၂၀၀ခန့်ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း BWM ကအသိပေးသည်။
အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့များဖြစ်ကြသော Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်(ပကဖ)နှင့် No More Dictatorship NMD-PDF အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

👍47👏9❤3😁2🥰1