ဗိုလ်ကြီးအပါအဝင်စစ်သားနဲ့ BGF ၅ ဦး ပူးပေါင်းလာတယ်လို့KNU ဆို
နိုင်ပကောင်း/People's Spring
ကရင်အမျိုးသားအစည်းအရုံး(KNU ) ရဲ့တပ်မဟာ ၆ ထံ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး အပါအဝင် ၃ ဦးနဲ့ BGF တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၅ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လက်နက်နဲ့အတူ လာရောက်ပူးပေါင်း တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးကျော်ဗိုလ်ဗိုလ်ဟိန်းအတူ တပ်သား ၂ ဦးတို့ ဟာ ဒီဇင်ဘာလ ၁၇ ရက်မှာ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းတယ်လို့ KNU က ဆိုပါတယ်။
သူတို့ ၃ ဦးဟာ ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် ခမရ (၁၀၂ )က ဖြစ်တယ်လို့ KNU ရဲ့ဖော်ပြချက်အရသိရပါတယ်။
အလားတူပါပဲ ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း ၁၀၂၂ ရဲ့ တပ်နယ် ၄ မှ တပ်သား ၂ ဦးလက်နက်နဲ့လာပူးပေါင်းတယ်လို့ သိရပါတယ်။

👏48👍27😁1
စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ပံ့ပိုးကူညီမှာမဟုတ်ဟု ကုလ ထုတ်ပြန်
ယန်းဒီ/ People’s Spring
မြန်မာနိုင်ငံံမှာ လက်ရှိနိုင်ငံရေးနဲ့ ပဋိပက္ခဖြစ်စဥ်တွေကြောင့် စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့
(UNFPA)က ပံံ့ပိုးကူညီမှာမဟုတ်ဘူးလို့ မနေ့(ဒီဇင်ဘာ ၂၀ ရက်)က ထုတ်ပြန်အသိပေးပါတယ်။
UNFPA ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာ ပီယိုစမစ်သ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဥ်အပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နေပြည်တော်မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဥ် ၂၀၂၄ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်မှာ UNFPA ရဲ့ ရပ်တည်ချက်ကိို ထပ်လောင်းအသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ ရှိနေချိန်မှာ ကုလသမဂ္ဂရဲ့ အထက်ပါအေဂျင်စီက ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ UNFPA ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အချက်အလက်တွေ ကောက်ယူရာမှာ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု၊ လူ့အခွင့်အရေးတွေကို လေးစားမှု အချက်တွေကို အာမခံဖို့ဆိုတဲ့ ကတိကဝတ်အပေါ် အခြေခံထား တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်ခွဲခြားမှု အခြေပြုတဲ့ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နိုင်ခြေ ပိုမို မြင့်တက်လာတဲ့အပြင် မျိုးပွားမှုနဲ့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိဖို့လည်း ခက်ခဲလာနေတယ်လို့ UNFPA က အသိပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးပေါင်း ၉.၂ သန်းလောက်ဟာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အရှိန်မြင့်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၂ သန်းကျော် တိုးလာရာမှာ ထက်ဝက်လောက်က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်ခရီးစဥ်အတွင်း စစ်ကောင်စီအရာရှိတွေကို UNFPA ဒါရိုက်တာ ပီယိုစမစ်သ်က စစ်ဒဏ် အဆိုးဆုံး ခံစားနေရတဲ့ ဒေသတွေမှာ UNFPAနဲ့ တခြား ထောက်ပံ့ရေး အေဂျင်စီတွေ ထိထိရောက် ရောက် လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့် လုပ်ထုံးလုပ်နည်းတွေ ပိုမိုချောမွေ့ဖို့ လိုအပ်တာကို ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ အမျိုးသမီးထုဆီ ထိထိရောက်ရောက် ပံ့ပိုးမှုတွေ ထောက်ပံ့ဖို့ဆိုရင် UNFPA ဝန်ထမ်းတွေအတွက် ပြည်ဝင်ခွင့် ဗီဇာတွေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာဖို့ ခွင့်ပြုချက်တွေ လိုအပ်တယ်လို့ ပီယိုစမစ်သ်က တောင်းဆိုပါတယ်။

👍46👏7❤2🤣1
မိုလိုကျိုးတပ်စခန်းသိမ်းပိုက်မှု ပါဝင်တိုက်ခိုက်ခဲ့ဟု KPLA အသိပေး
ရဲခေါင်/People's Spring
သံလွင်မြစ်ကမ်းဘေးတပ်စွဲထားသော စစ်ကောင်စီတပ်၏ ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(KPLA)က ယနေ့ အသိပေးထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်မြောက်ပိုင်း သံလွင်မြစ်ကမ်းဘေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ KA၊ KNDF၊ PDF၊ KPLA တို့နှင့်အတူ ကလလတ၊ Federal Wings တို့က နိုဝင်ဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့သော်လည်း စခန်းအားသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။
ထို့နောက် အဆိုပါစခန်းအား ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ပြီး ဒီဇင်ဘာ ၁၆ရက်တွင် ဒုတိယအကြိမ် ထပ်မံ ထိုးစစ်ဆင်သည့်အခါတွင် စစ်ကောင်စီ တပ်စခန်းတစ်ခုလုံးအား သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးသည်။
"ပွိုင့် ၉၃၉ စခန်းဟာ စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံ စစ်စခန်း။ပြီးတော့ ဗျူဟာကုန်း နှစ်ခု ရှိတဲ့ စခန်းကြီးတစ်ခုဖြစ်တယ်။အခု သိမ်းပိုက်မှုမတိုင်ခင်အထိ စစ်ကောင်စီ အင်အား ၁၂၀ လောက် ဖြည့်ထားတာ။စခန်းသိမ်းနိုင်ဖို့တော့ ကရင် နဲ့ ကရင်နီပူးပေါင်းတပ်ဘက်က ပေးဆပ်မူ ရှိခဲ့တယ်"ဟု ကရင်နီစစ်ရေးသတင်းရင်း မြစ်က လူထုနွေဦးသို့ ပြောသည်။
သံလွင်မြစ်ကမ်းဘေး၌ နှစ်(၃၀)ကြာ ကျူးကျော် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်းအား KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားပြီး ဖြစ်သည်။
ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းသည် ကရင်နီပြည်နယ်နှင့်ထိစပ်သော မူတြော်ခရိုင်နယ်မြေအတွင်း၌ တည်ရှိသည့် တပ်စခန်းတစ်ခုဖြစ်သည်။
ဖဲထာအနီးပွိုင့်- ၉၃၉ မိုလိုကျိုး တပ်စခန်းအား သိမ်းပိုက်နိုင်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း စော်ထာ တပ်စခန်းရှိ စစ်ကောင်စီတပ်များသည် ၎င်းတို့၏ တပ်စခန်းများအားစွန့်လွှတ်ထွက်ပြေးသွားခဲ့ကြောင်း KNLAက ထုတ်ပြန်ထားသည်။

👍48👏11❤3😁1
(ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုးတပ်စခန်းနှင့် KPLA ရဲဘော်များပါဝင်သော ပူးပေါင်းတပ်သည် ကရင်နီပြည်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KPLA)
👏31👍9❤5😁1
ဒီနေ့ဘာဖြစ်ခဲ့လဲ
ဒီနေ့(ဒီဇင်ဘာ ၂၁ ရက်) တစ်ရက်တာအတွင်း "ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို" People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
▪️မုန်းမြို့ တပ်ရင်းဌာနချုပ်များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စျေးဆိုင်တန်းများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို မောင်းထုတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ လဆန်းက မုန်းမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၀)၊ ခမရ(၅၉၉)၊ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များကို KNU ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီတပ်နေရာများမှာ စစ်ကောင်စီက ပြန်လည်နေရာယူထားတယ်လို့ သိရပါတယ်။ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဟာ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
▪️စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ် ကုလပါဝင်မည်မဟုတ်
မြန်မာနိုင်ငံံမှာ လက်ရှိနိုင်ငံရေးနဲ့ ပဋိပက္ခဖြစ်စဥ်တွေကြောင့် စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ပံံ့ပိုးကူညီမှာမဟုတ်ဘူးလို့ မနေ့က ထုတ်ပြန်အသိပေးပါတယ်။ UNFPA ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာ ပီယိုစမစ်သ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဥ်အပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နေပြည်တော်မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဥ် ၂၀၂၄ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်မှာ UNFPA ရဲ့ ရပ်တည်ချက်ကိို ထပ်လောင်းအသိပေးခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ ရှိနေချိန်မှာ ကုလသမဂ္ဂရဲ့ အထက်ပါအေဂျင်စီက ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ UNFPA ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အချက်အလက်တွေ ကောက်ယူရာမှာ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု၊ လူ့အခွင့်အရေးတွေကို လေးစားမှု အချက်တွေကို အာမခံဖို့ဆိုတဲ့ ကတိကဝတ်အပေါ် အခြေခံထား တယ်လို့ ဖော်ပြပါတယ်။
▪️ကွတ်ခိုင်မှာ စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး သေနတ်တစ်လက်နဲ့ RPG ယူဆောင်ကာ TNLA ထံ လက်နက်ချ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုတာကြောင့် တအာင်းတပ်မတော်(TNLA)ထံ လာရောက် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကွတ်ခိုင်ဗျုဟာ လက်အောက်ခံ ခလရ-၄၅ တပ်မှ တပ်ကြပ်ကိုနိုင်ဟာ ဒီနေ့ TNLA တပ်မဟာ(၅)ထံ လက်နက်ချလာတာဖြစ်တယ်လို့ ထုတ်ပြန်အသိပေးပါတယ်။ အဲဒီ တပ်ကြပ်ဟာ လက်နက် တစ်လက်၊ RPG-7 တစ်လက်နဲ့ ခဲယမ်းများယူလာတယ်လို့ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြပါတယ်။ တဆက်တည်းမှာ TNLA ဟာ ဒီဇင်ဘာ ၁၇ ရက်က နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အသိပေးပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
▪️ခမ်းပါတ်မြို့တွင်း အခြေအနေတည်ငြိမ်နေပြီဟု PDF ပြော
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက အလုံးစုံထိန်းချုပ်ထားပြီး အခြေအနေတည်ငြိမ်နေပြီလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလဆန်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့ကိုစစ်ကောင်စီတပ်က အင်အား ၁၂၀ ခန့်ဖြင့် ဒီဇင်ဘာလဆန်းမှာ စစ်ကြောင်းထိုးလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၇ ရက် တိုက်ပွဲမှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။ လက်ရှိမှာ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာ အလုံးစုံပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေစဉ်ကာလက တိမ်းရှောင်နေတဲ့ ဒေသခံများလည်း မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ပြီလို့ သိရပါတယ်။
▪️နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား၊ အင်ခါးဂါးစခန်းကိုလည်း စစ်ကောင်စီ စခန်းစွန့် ရုပ်သိမ်းသွား
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်နေရာယူထားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို မနေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၊ အင်ခါဂါးဒေသ တပ်စခန်းတစ်ခုကို KIA က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေဆဲမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ တပ်စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။ KIA တပ်မဟာ(၁)နယ်မြေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီ နယ်မြေနှစ်ခုအထိရှိလာတယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။
▪️မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ

👍38🔥2
မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာကို တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးလို့ ယူဆထားတဲ့ ၎င်းတို့ရဲ့ နောက်ဆုံးခံတပ် လပခကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရတယ်လို့ နယ်ခံများက ပြောပါတယ်။
▪️ကိုးကန့်စစ်ရှောင် ၁,၅၀၀ ကို မိုင်းလားတပ်ဖွဲ့ စားနပ်ရိက္ခာ ပေးဝေ
မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA)အထူးဒေသ(၄)အစိုးရဟာ ဆီလူးခရိုင်မှာ ယာယီနေထိုင်တဲ့ ကိုးကန့်စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများ ပေးဝေခဲ့တယ်လို့ အထူးဒေသ(၄) သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ NDAA အုပ်ချုပ်နယ်မြေ ဆီလူးဒေသသို့ ရောက်ရှိလာတဲ့ ကိုးကန့်စစ်ရှောင်များကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အတွင်း စားနပ်ရိက္ခာများ ပေးဝေခဲ့ခြင်းဖြစ်ပြီး စစ်ရှောင် ၁၅၀၀ ဦးအတွက် ဆန်၊ ဆီ၊ ဆားများကို ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။
▪️ထားဝယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နဲ့ ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ တာ၀န်ရှိသူက ပြောပါတယ်။
▪️ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ဂွေးချိုရွာရှိ စစ်ကောင်စီတပ်တို့ကို PDFများ ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ဂွေးချိုပျူစောထီးကျေးရွာတို့ရှိ စစ်ကောင်စီတပ်ကို တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူအခြေစိုက် Cobra One အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရော့ကတ်နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေစကြိုမြို့နယ်ရှိ ဂွေးချိုပျူစောထီးကျေးရွာကိုလည်း တာဝေးပစ် ရော့ကတ် ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး၊ ပျူစောထီး သုံးဦး သေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ Cobra One အဖွဲ့က ဆိုပါတယ်။
▪️မြိုင်မြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၀၀ ခန့် ပျက်စီး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၅ ရက်အတွင်း ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က သာစည်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၅ လုံး၊ ဆီစက်နှစ်လုံး၊ မြေပဲတင်းသုံးရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆိတ် ၁၃ ကောင် မီးလောင်သေဆုံးခဲ့တယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။ နှမ်းဆီကန်ကျေးရွာကိုလည်း မနေ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်နဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်ကော်မတီဝင်များက "စကစ ဘက်မှ ပြည်သူတွေနာခံလာအောင် နည်းမျိုးစုံကြိုးစားနေတယ် ဆက်လက် အာခံ၊ အံတု တိုက်ပွဲဝင်ပေးကြပါ" စာတန်း (ဗီနိုင်း) ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

👍42😁2❤1