ကွတ်ခိုင်တွင် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး စစ်မတိုက်လို၍ သေနတ်တစ်လက်နှင့် RPG ယူပြီး TNLA ထံ လက်နက်ချ
▪️နမ္မတူမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာရဟု အသိပေး
ဝင်းမောင်/People’s Spring
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် (TNLA) ထံ လာရောက် လက်နက်ချခဲ့ကြောင်း TNLAက ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ကွတ်ခိုင်ဗျုဟာ၊ လက်အောက်ခံ ခလရ-၄၅ တပ်မှ တပ်ကြပ်ကိုနိုင်သည် ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် မိခင်တပ်ရင်းမှ စွန့်ခွာခဲ့ပြီး TNLA တပ်မဟာ(၅)ထံ လက်နက်ချလာခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တပ်ကြပ်သည် လက်နက် တစ်လက်၊ RPG-7 တစ်လက်နှင့် ခဲယမ်းများယူလာကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကလည်း TNLAနှင့် စစ်ကောင်စီတပ်တို့ နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
နမ္မတူမြို့နယ် မန်စံကျေးရွာ စစ်ကောင်စီတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၅ရက်အတွင်း နမ့်ဆန်နှင့် နမ့်ခမ်းမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားခြင်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကိုသိမ်းပိုက်ထားသည်။

👏28👍18❤6🤣1
(စစ်မတိုက်လို၍ သေနတ်တစ်လက်နှင့် RPG ယူပြီး TNLA ထံ လက်နက်ချအလင်းဝင်လာသော တပ်ကြပ်နှင့် နမ္မတူမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
👏23👍14😁1
ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ဂွေးချိုရွာရှိ စစ်ကောင်စီတပ်အား PDFများ ပစ်ခတ်တိုက်ခိုက်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ဂွေးချိုပျူစောထီးကျေးရွာတို့ရှိ စစ်ကောင်စီတပ်အား တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Cobra One အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၂၀ ရက်) နေ့လယ် ၁၂ နာရီခန့်က ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရော့ကတ်နှစ်စ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One အဖွဲ့က အသိပေးသည်။
ထို့အပြင် ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဂွေးချိုပျူစောထီးကျေးရွာကိုလည်း တာဝေးပစ် ရော့ကတ် ၁၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မြေပြင်သတင်းပေးချက်အရ စစ်သား နှစ်ဦး၊ ပျူစောထီး သုံးဦး သေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Cobra One အဖွဲ့က ဆိုသည်။
"ဂွေးချိုမှာစစ်တပ်က တပ်စွဲထားတာကြာပြီ။ ကျွန်တော်တို့ဒရုန်းနဲ့ ထောက်ကြည့်ထားတာဆိုတော့ပစ်တဲ့ အလုံးတိုင်းပျူရွာထဲကို ကျပါတယ်။နေရာလေးတွေကတော့ တစ်လုံးနဲ့တစ်လုံးကျတာခြင်းတော့မတူဘူးပေါ့။ ပစ်မှတ်ကတော့ အကုန်လုံးကျပါတယ်။"ဟု Cobra One အဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောသည်။
အဆိုပါဖြစ်စဥ်များအတွင်း စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ခိုက်မှုများကို Cobra One ပခုက္ကူကျေးလတ်ကာကွယ်ရေး၊ TATY PKU၊ စနေမင်း-ပြည်သူကာကွယ်ရေးမြိုင်၊ 7-star ရေစကြိုနှင့် ဘငြိမ်းပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Cobra One အဖွဲ့နှင့်မဟာမိတ်များသည် ဒီဇင်ဘာ ၁၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဘုန်းကန်ပျူစောထီး ကျေးရွာအား တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့သည်။

👍46👏9❤2😁1
စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၁) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်နဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်အခြေခံပညာအထွေသပိတ်ကော်မတီဝင်တစ်ဦးက မြေပြင်တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သတ်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်းလည်း ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြရန် လှုံ့ဆော်တဲ့အနေနဲ့ "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်ကော်မတီဝင်များမှ "စကစ ဘက်မှ ပြည်သူတွေနာခံလာအောင် နည်းမျိုးစုံကြိုးစားနေတယ် ဆက်လက် အာခံ၊ အံတု တိုက်ပွဲဝင်ပေးကြပါ" စာတန်း (ဗီနိုင်း) ကိုင်ဆောင်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC MYAING ၊ DDMSC၊ စကြာဝတေးမင်းသပိတ်

👍46👏6❤4🤮1
ဗိုလ်ကြီးအပါအဝင်စစ်သားနဲ့ BGF ၅ ဦး ပူးပေါင်းလာတယ်လို့KNU ဆို
နိုင်ပကောင်း/People's Spring
ကရင်အမျိုးသားအစည်းအရုံး(KNU ) ရဲ့တပ်မဟာ ၆ ထံ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး အပါအဝင် ၃ ဦးနဲ့ BGF တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၅ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ လက်နက်နဲ့အတူ လာရောက်ပူးပေါင်း တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးကျော်ဗိုလ်ဗိုလ်ဟိန်းအတူ တပ်သား ၂ ဦးတို့ ဟာ ဒီဇင်ဘာလ ၁၇ ရက်မှာ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းတယ်လို့ KNU က ဆိုပါတယ်။
သူတို့ ၃ ဦးဟာ ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် ခမရ (၁၀၂ )က ဖြစ်တယ်လို့ KNU ရဲ့ဖော်ပြချက်အရသိရပါတယ်။
အလားတူပါပဲ ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း ၁၀၂၂ ရဲ့ တပ်နယ် ၄ မှ တပ်သား ၂ ဦးလက်နက်နဲ့လာပူးပေါင်းတယ်လို့ သိရပါတယ်။

👏48👍27😁1
စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ပံ့ပိုးကူညီမှာမဟုတ်ဟု ကုလ ထုတ်ပြန်
ယန်းဒီ/ People’s Spring
မြန်မာနိုင်ငံံမှာ လက်ရှိနိုင်ငံရေးနဲ့ ပဋိပက္ခဖြစ်စဥ်တွေကြောင့် စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမယ့်လုပ်ငန်းစဥ်ကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့
(UNFPA)က ပံံ့ပိုးကူညီမှာမဟုတ်ဘူးလို့ မနေ့(ဒီဇင်ဘာ ၂၀ ရက်)က ထုတ်ပြန်အသိပေးပါတယ်။
UNFPA ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ မစ္စတာ ပီယိုစမစ်သ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဥ်အပြီး အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နေပြည်တော်မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဥ် ၂၀၂၄ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်မှာ UNFPA ရဲ့ ရပ်တည်ချက်ကိို ထပ်လောင်းအသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လုပ်ဆောင်မှုတွေ ရှိနေချိန်မှာ ကုလသမဂ္ဂရဲ့ အထက်ပါအေဂျင်စီက ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ UNFPA ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အချက်အလက်တွေ ကောက်ယူရာမှာ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု၊ လူ့အခွင့်အရေးတွေကို လေးစားမှု အချက်တွေကို အာမခံဖို့ဆိုတဲ့ ကတိကဝတ်အပေါ် အခြေခံထား တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်ခွဲခြားမှု အခြေပြုတဲ့ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နိုင်ခြေ ပိုမို မြင့်တက်လာတဲ့အပြင် မျိုးပွားမှုနဲ့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိဖို့လည်း ခက်ခဲလာနေတယ်လို့ UNFPA က အသိပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးပေါင်း ၉.၂ သန်းလောက်ဟာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အရှိန်မြင့်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၂ သန်းကျော် တိုးလာရာမှာ ထက်ဝက်လောက်က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်ခရီးစဥ်အတွင်း စစ်ကောင်စီအရာရှိတွေကို UNFPA ဒါရိုက်တာ ပီယိုစမစ်သ်က စစ်ဒဏ် အဆိုးဆုံး ခံစားနေရတဲ့ ဒေသတွေမှာ UNFPAနဲ့ တခြား ထောက်ပံ့ရေး အေဂျင်စီတွေ ထိထိရောက် ရောက် လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့် လုပ်ထုံးလုပ်နည်းတွေ ပိုမိုချောမွေ့ဖို့ လိုအပ်တာကို ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ အမျိုးသမီးထုဆီ ထိထိရောက်ရောက် ပံ့ပိုးမှုတွေ ထောက်ပံ့ဖို့ဆိုရင် UNFPA ဝန်ထမ်းတွေအတွက် ပြည်ဝင်ခွင့် ဗီဇာတွေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာဖို့ ခွင့်ပြုချက်တွေ လိုအပ်တယ်လို့ ပီယိုစမစ်သ်က တောင်းဆိုပါတယ်။

👍46👏7❤2🤣1