People's Spring
62.5K subscribers
67K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(PDFများ သိမ်းပိုက်ထားသော ခမ်းပါတ်မြို့အား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍30🔥75😢3
ကိုးကန့်စစ်ရှောင် ၁,၅၀၀ကို မိုင်းလားတပ်ဖွဲ့စားနပ်ရိက္ခာ ပေးဝေ

မိုးမိုး/People’s Spring

မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA)အထူးဒေသ(၄)အစိုးရမှ ဆီလူးခရိုင်၌ ယာယီနေထိုင်သည့် ကိုးကန့်စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ပေးဝေခဲ့ကြောင်း အထူးဒေသ (၄) သတင်းပြန်ကြားရေးက အသိပေးထုတ်ပြန်သည်။

NDAA အုပ်ချုပ်နယ်မြေ ဆီလူးဒေသသို့ ရောက်ရှိလာသည့် ကိုးကန့်စစ်ရှောင်များကို ဒီဇင်ဘာ ၁၄ရက်မှ ၁၇ရက်အတွင်း စားနပ်ရိက္ခာများ ပေးဝေခဲ့ခြင်းဖြစ်ပြီး စစ်ရှောင် ၁၅၀၀ ဦးတွက် ဆန်၊ ဆီ၊ ဆားများကို ပေးဝေခဲ့သည်ဟုဆိုသည်။

ဒေသအစိုးရ၏ ဂရုစိုက်မှုအောက်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖွဲ့၊ ဆီလူးခရိုင်အုပ်ချုပ်ရေးရုံး၊ ဆီလူးရဲတပ်ဖွဲ့၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကိုးကန့်တိုင်းရင်းသားဆက်ဆံရေးအစည်းအရုံးတို့သည် ဆီလူးခရိုင်၌ ယာယီလာရောက်နေထိုင်သည့် ကိုးကန့်စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ သွားရောက်ပေးဝေခဲ့သည်ဟု ဖော်ပြသည်။

စစ်ရှောင်ပြည်သူများ၏ ဒုက္ခအခက်အခဲများကို ထည့်သွင်း စဉ်းစားပေးသည့်အနေဖြင့် ဒေသအစိုးရသည် စားနပ်ရိက္ခာများ ဝယ်ယူရန်အတွက် ငွေကြေးထုတ်ပေးခဲ့သည်ဟု ဆိုသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် စိတ်ဓာတ် ကြံ့ကြံ့ခိုင်ထားရမည်ဖြစ်ကြောင်း၊ ဒေသအစိုးရ သည် စစ်ရှောင်ပြည်သူများနှင့် ခက်ခဲသည့် အချိန်များကို အတူတကွ ကျော်ဖြတ်သွား မည်ဖြစ်ကြောင်း ကိုးကန့်တိုင်းရင်းသား ဆက်ဆံရေး အစည်းအရုံးက ပြောဆိုခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

မိုင်းလားတပ်ဖွဲ့ အပါအဝင် လက်နက်ကိုင် ၇ဖွဲ့ဖြင့် ဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သော ကိုးကန့်၊ တအာင်း၊ ရက္ခိုင် တပ်များသည် အောက်တိုဘာ ၂၇ရက်မှစ၍ စစ်ကောင်စီကို တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိရာ ရှမ်းမြောက်နေရာအနှံ့၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ရှောင်များစွာရှိခဲ့ရာ ၀နှင့် မိုင်းလားတပ်ဖွဲ့များက စစ်ရှောင်များအား ယာယီနေထိုင်ရေး၊ စားနပ်ရိက္ခာနှင့် သွားလာရေးအတွက် အကူအညီပေးခဲ့ကြသည်။
46👍16🤮2
(မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA)အထူးဒေသ(၄)မှ ကိုးကန့်စစ်ရှောင်များအား စားနပ်ရိက္ခာပေးဝေနေစဉ်။ ဓာတ်ပုံ - Mongla SR4 News Agency)
👍238🤮3
44👍22🤮1
ကွတ်ခိုင်တွင် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး စစ်မတိုက်လို၍ သေနတ်တစ်လက်နှင့် RPG ယူပြီး TNLA ထံ လက်နက်ချ

▪️နမ္မတူမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာရဟု အသိပေး

ဝင်းမောင်/People’s Spring

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် (TNLA) ထံ လာရောက် လက်နက်ချခဲ့ကြောင်း TNLAက ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ကွတ်ခိုင်ဗျုဟာ၊ လက်အောက်ခံ ခလရ-၄၅ တပ်မှ တပ်ကြပ်ကိုနိုင်သည် ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် မိခင်တပ်ရင်းမှ စွန့်ခွာခဲ့ပြီး TNLA တပ်မဟာ(၅)ထံ လက်နက်ချလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ကြပ်သည် လက်နက် တစ်လက်၊ RPG-7 တစ်လက်နှင့် ခဲယမ်းများယူလာကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကလည်း TNLAနှင့် စစ်ကောင်စီတပ်တို့ နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

နမ္မတူမြို့နယ် မန်စံကျေးရွာ စစ်ကောင်စီတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၅ရက်အတွင်း နမ့်ဆန်နှင့် နမ့်ခမ်းမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားခြင်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကိုသိမ်းပိုက်ထားသည်။
👏28👍186🤣1
👏33👍26😁2
(စစ်မတိုက်လို၍ သေနတ်တစ်လက်နှင့် RPG ယူပြီး TNLA ထံ လက်နက်ချအလင်းဝင်လာသော တပ်ကြပ်နှင့် နမ္မတူမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
👏23👍14😁1
ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ဂွေးချိုရွာရှိ စစ်ကောင်စီတပ်အား PDFများ ပစ်ခတ်တိုက်ခိုက်

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ဂွေးချိုပျူစောထီးကျေးရွာတို့ရှိ စစ်ကောင်စီတပ်အား တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Cobra One အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၀ ရက်) နေ့လယ် ၁၂ နာရီခန့်က ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရော့ကတ်နှစ်စ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One အဖွဲ့က အသိပေးသည်။

ထို့အပြင် ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဂွေးချိုပျူစောထီးကျေးရွာကိုလည်း တာဝေးပစ် ရော့ကတ် ၁၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မြေပြင်သတင်းပေးချက်အရ စစ်သား နှစ်ဦး၊ ပျူစောထီး သုံးဦး သေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Cobra One အဖွဲ့က ဆိုသည်။

"ဂွေးချိုမှာစစ်တပ်က တပ်စွဲထားတာကြာပြီ။ ကျွန်တော်တို့ဒရုန်းနဲ့ ထောက်ကြည့်ထားတာဆိုတော့ပစ်တဲ့ အလုံးတိုင်းပျူရွာထဲကို ကျပါတယ်။နေရာလေးတွေကတော့ တစ်လုံးနဲ့တစ်လုံးကျတာခြင်းတော့မတူဘူးပေါ့။ ပစ်မှတ်ကတော့ အကုန်လုံးကျပါတယ်။"ဟု Cobra One အဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောသည်။

အဆိုပါဖြစ်စဥ်များအတွင်း စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုများကို Cobra One ပခုက္ကူကျေးလတ်ကာကွယ်ရေး၊ TATY PKU၊ စနေမင်း-ပြည်သူကာကွယ်ရေးမြိုင်၊ 7-star ရေစကြိုနှင့် ဘငြိမ်းပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Cobra One အဖွဲ့နှင့်မဟာမိတ်များသည် ဒီဇင်ဘာ ၁၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဘုန်းကန်ပျူစောထီး ကျေးရွာအား တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့သည်။
👍46👏92😁1
(စစ်ဆင်ရေးတစ်ခုတွင် Cobra One အဖွဲ့နှင့်မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
👍594🔥3
စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၁) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်နဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အခြေခံပညာအထွေသပိတ်ကော်မတီဝင်တစ်ဦးက မြေပြင်တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သတ်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်းလည်း ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြရန် လှုံ့ဆော်တဲ့အနေနဲ့ "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်ကော်မတီဝင်များမှ "စကစ ဘက်မှ ပြည်သူတွေနာခံလာအောင် နည်းမျိုးစုံကြိုးစားနေတယ် ဆက်လက် အာခံ၊ အံတု တိုက်ပွဲဝင်ပေးကြပါ" စာတန်း (ဗီနိုင်း) ကိုင်ဆောင်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC MYAING ၊ DDMSC၊ စကြာဝတေးမင်းသပိတ်
👍46👏64🤮1
👍4210🤮1