မန္တလေးမြို့ပေါ် ရပ်ကွက်တွေ ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီဖိအားပေး
ဆိုင်းမင်း/People's Spring
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ ဧည့်စာရင်းတိုင်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေက ဒီနေ့မနက်ပိုင်းမှာ လော်စပီကာ နဲ့ လိုက်လံကြေညာတာတွေရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
နန်းတွင်းထဲမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ဒီနေ့မနက်အစောပိုင်းမှာ ပစ်ခတ်ခံရတဲ့သတင်းထွက်လာပြီးနောက်မှာအခုလို ကြေညာလာတာလို့ သိရပါတယ်။
"ဒီနေ့ ဧည့်စာရင်းလာတိုင်ဖို့၊ မတိုင်ရင် မိမိတာဝန်သာဖြစ်တယ် ၊ လော်နဲ့အကြာကြီးအော်သွားတာ" လို့ ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ယခင်ကတော့ ဧည့်စာရင်းတိုင်ဖို့ လော်စပီကာနဲ့လိုက်လံကြေညာတာမျိုးမရှိဘဲ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေကတဆင့် အသိပေးတာမျိုးပဲရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။
" မတိုင်ရင်ဖမ်းမယ်ဆိုတဲ့သဘောပေါ့"လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်သူတစ်ဦးကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဧည့်စာရင်း စစ်တာကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဧည့်စာရင်းတိုင်သူတွေကိုစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ရုံးတွေက ငွေကြေး ကောက်ခံတာတွေရှိနေပါတယ်။
ဒီနေ့မနက်ပိုင်း ၂ နာရီခွဲခန့်မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ မန္တလေးအခြေစိုက်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ No More Dictatorship People Defence Force- NMD က ကြေညာချက်ထုတ်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာမရှိဘူးလို့ငြင်းဆိုထားတာတွေ့ရပါတယ်။

👍28🤣15❤2🥰1🤬1
တပ်ရင်းဌာနချုပ်များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် မုန်းမြို့ရှိ စျေးဆိုင်တန်းများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
စျေးဆိုင်အတွင်းရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖောက်ထွင်းခိုးယူ
ထိုက်ထိုက်/People’s Spring
အာဏာသိမ်း စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများ အားရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာလဆန်းတွင် မုန်းမြို့ရှိ စစ်ကောင်စီ၏ ခမရ(၅၉၀) ၊ ခမရ(၅၉၉) ၊ မုန်းရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များကို KNU ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါတပ်နေရာများ၌ စစ်ကောင်စီက ပြန်လည်နေရာယူထားသည်။
ဒီဇင်ဘာ ၂၀ရက် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါဈေးဆိုင်တန်း များအား မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ (၅)ရက်ခန့်အလိုတွင် စစ်ကောင်စီ တပ်သားများမှ ဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ပစ္စည်းများကို စျေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့သည်ဟု ဆိုသည်။
“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို ၁၀၀၊ အင်္ကျီတစ်ထည် (သို့မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်း ထဲနဲ့ လိုက်ရောင်းနေတယ်"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကို KNU က ထုတ်ပြန်သည်။
ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်သာမက တံတားပေါ်တွင် ပစ္စည်းများကို ဖျက်ဆီးပြီး မုန်းချောင်းထဲပစ်ချခဲ့ကြောင်း ဖော်ပြထားသည်။
မုန်းမြို့အတွင်းရှိ ဒေသခံများကိုလည်း အတင်းအဓမ္မ မောင်းထုတ်လျှက်ရှိကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော မုန်းမြို့ရှိဈေးဆိုင်တန်းများ၏ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
မုန်းမြို့သိမ်းတိုက်ပွဲကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ဒီဇင်ဘာ ၂ရက်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်နေရာအားလုံးကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခမရ(၅၉၀)တပ်၊မုန်းရဲစခန်းတို့ကို သိမ်းပိုက်ခဲ့ကြောင်း KNUက အသိပေးထားသည်။
အဆိုပါမုန်းမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်သုံ့ပန်း ၂၁ဦး လက်နက်ချခဲ့ကြောင်း အသိပေးထားသည်။

🤬37👍9😡2❤1😢1
(အာဏာသိမ်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော မုန်းမြို့ရှိဈေးဆိုင်တန်းများ။ ဓာတ်ပုံ - KNU)
🤬33😡4❤2😢2👍1
မြိုင်မြို့နယ်တွင် စစ်တပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၀၀ခန့် ပျက်စီး
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ၅ ရက်အတွင်း ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ပျူစောထီးစခန်းများအား ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းသည် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက တွင်းမရွာနှင့် သာစည်ကျေးရွာကြား၌ တိုက်ခိုက်ခံရသည်။
ထိခိုက်သေဆုံးမှုများပြား၍ အနီးရှိ သာစည်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၅လုံး၊ ဆီစက်နှစ်လုံး၊ မြေပဲတင်းသုံးရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆိတ် ၁၃ကောင် မီးလောင်သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။
အလားတူ ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်)နံနက်၈ နာရီခန့်ကလည်း အဆိုပါစစ်ကြောင်းသည် မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
"နှမ်းဆီကန်ရွာမှာ မနက် ၇ နာရီခွဲလောက်ကနေ စရှို့တဲ့မီးဟာ နေ့လယ် ၁၂နာရီခွဲလောက်အထိ ၅ နာရီလောက်ကြာအောင် လောင်ခဲ့တယ်။"ဟု We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မိုင်းများ၊ ဒရုန်းများနှင့် လက်နက်ကြီးငယ်တို့ဖြင့် တိုက်ခိုက်မှုကြောင့် အထိနာသွားကာ ရှေ့ဆက်မတက်နိုင်ဘဲ တွင်းမပျူရွာသို့ ထမ်းစင်များထမ်း၍ ပြန်လည်ဆုတ်ခွာသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။
ထို့အပြင် ကမ္မနှင့် မြိုင်မြို့နယ် တောင်ပိုင်းတကြောရှိ ကျေးရွာ ၈ရွာခန့်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သာစည်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ ၉ ရက်ကလည်း တွင်းမရွာပျူစောထီးများနှင့် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၂လုံး မီးလောင်ပျက်စီးခဲ့သေးသည်။
နှမ်းဆီကန်ရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို တွေ့ရစဥ်။ ရုပ်သံ - We Love Myaing

🤬45👍4😡4❤2😢2
ခမ်းပါတ်မြို့တွင်း အခြေအနေတည်ငြိမ်နေပြီဟု PDF ပြော
ဆလိုင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက အလုံးစုံထိန်းချုပ်ထားပြီး အခြေအနေတည်ငြိမ်နေပြီဟု သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို ပြန်သိမ်းမည်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အား ၁၂၀ခန့်ဖြင့် ဒီဇင်ဘာလဆန်းတွင် စစ်ကြောင်းထိုးလာခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်ခန့်တွင်တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၁၇ရက်နံနက်က တိုက်ပွဲတွင် တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ယခုအခါ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာ အလုံးစုံပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေစဉ်ကာလက တိမ်းရှောင်နေသည့်ဒေသခံများသည် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ပြီဟု သိရသည်။
" စုစုပေါင်း သုံးပန့် ငါးဦးဖမ်းမိတယ်။ ငါးယောက်တစ်ဖွဲ့ သုံးယောက်တဖွဲ့နဲ့ ဦးတည်ရာထွက်ပြေးနေတဲ့ အဖွဲ့တချို့လည်း ရှိနေတယ်။ ၃၀ ခန့်ပါတဲ့အဖွဲ့ကတော့ ဖောင်းပြင်ကိုရောက်သွားပြီး စစ်ကောင်စီနဲ့ သွားပေါင်နေတယ်။ မြို့ကို ဒီကောင်တွေ လာသိမ်းတာ မရပါဘူး"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်နေစဉ်၌ ဒေသခံစုစုပေါင်း တစ်သောင်းခန့်သည် ဘေးလွတ်ရာထွက်ပြေးနေခဲ့ကြရသည်။ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိပြုရန်လိုအပ်နေသော်လည်း မြေပြင်၌ အခြေအနေတည်ငြိမ်နေ၍ ဒေသခံများပြန်ဝင်လာကြခြင်းဖြစ်သည်။ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၅ရက်တွင် လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ထားသည်။
ဒီဇင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားနေစဉ် ခမ်းပါတ်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ AG မိဖမဲ့ဂေဟာကို စစ်ကောင်စီကတပ်စွဲပြီး ညဘက်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ရာမိဖမဲ့ကလေးငယ် လေးဦး သေဆုံးခဲ့သည်။ ထို့အပြင် ကျောင်းအတွင်းပိတ်မိနေသော ကလေးငယ် ၃၆ ဦးနှင့် ဝန်ထမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နောက်တနေ့တွင် ကယ်ထုတ်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-10 RPG 7 တစ်လက်၊ MG-3 တစ် လက်၊ MA-S1 MK2 တစ် လက် အပါအဝင် လက်နက်မျိုးစုံ ၁၇လက် သိမ်းပိုက်ရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဒီဇင်ဘာလ ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

❤36👍19👏9🔥1🥰1
(PDFများ သိမ်းပိုက်ထားသော ခမ်းပါတ်မြို့အား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍30🔥7❤5😢3