ညနေခင်းသတင်းလွှာ
ဒီနေ့ (ဒီိဇင်ဘာ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
▪️နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား၊ အင်ခါးဂါးစခန်းကိုလည်း စစ်ကောင်စီ စခန်းစွန့် ရုပ်သိမ်းသွား
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်နေရာယူထားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို မနေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၊ အင်ခါဂါးဒေသ တပ်စခန်းတစ်ခုကို KIA က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေဆဲမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ တပ်စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။ KIA တပ်မဟာ(၁)နယ်မြေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီ နယ်မြေနှစ်ခုအထိရှိလာတယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။
▪️မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ
မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာကို တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးလို့ ယူဆထားတဲ့ ၎င်းတို့ရဲ့ နောက်ဆုံးခံတပ် လပခကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရတယ်လို့ နယ်ခံများက ပြောပါတယ်။
▪️မန်တုံ၊ နမ္မတူနဲ့ ကွတ်ခိုင်ရှိ စစ်စခန်းများကို TNLA ဆက်လက်ထိုးစစ်ဆင်
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က မနေ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများဖြင့် ခုခံနေတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကို အားပြုတိုက်ခိုက်နေရပါတယ်။ မန်တုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၁)ကြိမ်အပြင် ဗုံး (၂၁၁)လုံးပါ လာရောက်ပစ်ကူခဲ့တယ်လို့ ဖော်ပြပါတယ်။
▪️ထားဝယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နဲ့ ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ တာ၀န်ရှိသူက ပြောပါတယ်။
▪️KNUထံ လက်နက်နှင့်ပူးပေါင်းလာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ်ကို ကျပ်သိန်း ၁၅၀ ပေးအပ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းတဲ့ ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုဟာ လက်နက်ခဲယမ်းများ ယူလာပြီး KNU - တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပါတယ်။ ဒုတပ်ကြပ် ရဲကိုကိုဟာ MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နဲ့ ၅ ဒသမ ၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
▪️မွန်ပြည်နယ် ထွေအုပ်အရာရှိအပါအဝင် ဝန်ထမ်းသုံးဦးနဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

👍30🔥1
မွန်ပြည်နယ်မှာ ထွေအုပ်အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝန်ထမ်းသုံးဦးနဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူအားလုံး မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံထားရတယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။ သံဖြူဇရပ်မြို့ထွေအုပ်ဒုတိယဦးစီးဦးအောင်ကိုနဲ့ ဝန်ထမ်းနှစ်ဦးဟာ PDF ထံ သတင်းများပေးပို့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာလို့ မြို့ခံများကပြောပါတယ်။ ဒါ့အပြင် သထုံမြို့နယ်မှ ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကိုလည်း PDF အား ထောက်ခံသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက်မှာ ဖမ်းဆီးသွားပါတယ်။
▪️မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ နေရာပြောင်းတပ်စွဲ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရတာကြောင့် အခြားကျေးရွာသို့ ပြောင်းရွှေ့တပ်စွဲထားတယ်လို့ သိရပါတယ်။ မနေ့ညနေပိုင်းက မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တာဝန်ခံက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူများကို ဓါးပြတိုက်ခြင်း၊ PDFအသွင်ယူကာ ငွေကြေးအတင်းတောင်းခြင်းများ ပြုလုပ်လေ့ရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

👍41🔥1
မန္တလေးမြို့ပေါ် ရပ်ကွက်တွေ ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီဖိအားပေး
ဆိုင်းမင်း/People's Spring
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ ဧည့်စာရင်းတိုင်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေက ဒီနေ့မနက်ပိုင်းမှာ လော်စပီကာ နဲ့ လိုက်လံကြေညာတာတွေရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
နန်းတွင်းထဲမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ဒီနေ့မနက်အစောပိုင်းမှာ ပစ်ခတ်ခံရတဲ့သတင်းထွက်လာပြီးနောက်မှာအခုလို ကြေညာလာတာလို့ သိရပါတယ်။
"ဒီနေ့ ဧည့်စာရင်းလာတိုင်ဖို့၊ မတိုင်ရင် မိမိတာဝန်သာဖြစ်တယ် ၊ လော်နဲ့အကြာကြီးအော်သွားတာ" လို့ ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ယခင်ကတော့ ဧည့်စာရင်းတိုင်ဖို့ လော်စပီကာနဲ့လိုက်လံကြေညာတာမျိုးမရှိဘဲ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေကတဆင့် အသိပေးတာမျိုးပဲရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။
" မတိုင်ရင်ဖမ်းမယ်ဆိုတဲ့သဘောပေါ့"လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်သူတစ်ဦးကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဧည့်စာရင်း စစ်တာကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဧည့်စာရင်းတိုင်သူတွေကိုစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ရုံးတွေက ငွေကြေး ကောက်ခံတာတွေရှိနေပါတယ်။
ဒီနေ့မနက်ပိုင်း ၂ နာရီခွဲခန့်မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ မန္တလေးအခြေစိုက်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ No More Dictatorship People Defence Force- NMD က ကြေညာချက်ထုတ်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာမရှိဘူးလို့ငြင်းဆိုထားတာတွေ့ရပါတယ်။

👍28🤣15❤2🥰1🤬1
တပ်ရင်းဌာနချုပ်များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် မုန်းမြို့ရှိ စျေးဆိုင်တန်းများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
စျေးဆိုင်အတွင်းရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖောက်ထွင်းခိုးယူ
ထိုက်ထိုက်/People’s Spring
အာဏာသိမ်း စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများ အားရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာလဆန်းတွင် မုန်းမြို့ရှိ စစ်ကောင်စီ၏ ခမရ(၅၉၀) ၊ ခမရ(၅၉၉) ၊ မုန်းရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များကို KNU ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါတပ်နေရာများ၌ စစ်ကောင်စီက ပြန်လည်နေရာယူထားသည်။
ဒီဇင်ဘာ ၂၀ရက် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါဈေးဆိုင်တန်း များအား မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ (၅)ရက်ခန့်အလိုတွင် စစ်ကောင်စီ တပ်သားများမှ ဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ပစ္စည်းများကို စျေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့သည်ဟု ဆိုသည်။
“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို ၁၀၀၊ အင်္ကျီတစ်ထည် (သို့မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်း ထဲနဲ့ လိုက်ရောင်းနေတယ်"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကို KNU က ထုတ်ပြန်သည်။
ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်သာမက တံတားပေါ်တွင် ပစ္စည်းများကို ဖျက်ဆီးပြီး မုန်းချောင်းထဲပစ်ချခဲ့ကြောင်း ဖော်ပြထားသည်။
မုန်းမြို့အတွင်းရှိ ဒေသခံများကိုလည်း အတင်းအဓမ္မ မောင်းထုတ်လျှက်ရှိကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော မုန်းမြို့ရှိဈေးဆိုင်တန်းများ၏ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
မုန်းမြို့သိမ်းတိုက်ပွဲကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ဒီဇင်ဘာ ၂ရက်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်နေရာအားလုံးကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခမရ(၅၉၀)တပ်၊မုန်းရဲစခန်းတို့ကို သိမ်းပိုက်ခဲ့ကြောင်း KNUက အသိပေးထားသည်။
အဆိုပါမုန်းမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်သုံ့ပန်း ၂၁ဦး လက်နက်ချခဲ့ကြောင်း အသိပေးထားသည်။

🤬37👍9😡2❤1😢1
(အာဏာသိမ်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသော မုန်းမြို့ရှိဈေးဆိုင်တန်းများ။ ဓာတ်ပုံ - KNU)
🤬33😡4❤2😢2👍1
မြိုင်မြို့နယ်တွင် စစ်တပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၀၀ခန့် ပျက်စီး
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ၅ ရက်အတွင်း ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ပျူစောထီးစခန်းများအား ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းသည် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက တွင်းမရွာနှင့် သာစည်ကျေးရွာကြား၌ တိုက်ခိုက်ခံရသည်။
ထိခိုက်သေဆုံးမှုများပြား၍ အနီးရှိ သာစည်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၅လုံး၊ ဆီစက်နှစ်လုံး၊ မြေပဲတင်းသုံးရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆိတ် ၁၃ကောင် မီးလောင်သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။
အလားတူ ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်)နံနက်၈ နာရီခန့်ကလည်း အဆိုပါစစ်ကြောင်းသည် မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
"နှမ်းဆီကန်ရွာမှာ မနက် ၇ နာရီခွဲလောက်ကနေ စရှို့တဲ့မီးဟာ နေ့လယ် ၁၂နာရီခွဲလောက်အထိ ၅ နာရီလောက်ကြာအောင် လောင်ခဲ့တယ်။"ဟု We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မိုင်းများ၊ ဒရုန်းများနှင့် လက်နက်ကြီးငယ်တို့ဖြင့် တိုက်ခိုက်မှုကြောင့် အထိနာသွားကာ ရှေ့ဆက်မတက်နိုင်ဘဲ တွင်းမပျူရွာသို့ ထမ်းစင်များထမ်း၍ ပြန်လည်ဆုတ်ခွာသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။
ထို့အပြင် ကမ္မနှင့် မြိုင်မြို့နယ် တောင်ပိုင်းတကြောရှိ ကျေးရွာ ၈ရွာခန့်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သာစည်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ ၉ ရက်ကလည်း တွင်းမရွာပျူစောထီးများနှင့် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၂လုံး မီးလောင်ပျက်စီးခဲ့သေးသည်။
နှမ်းဆီကန်ရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို တွေ့ရစဥ်။ ရုပ်သံ - We Love Myaing

🤬45👍4😡4❤2😢2