၂၀၂၁ ဖေဖော်ဝါရီ၂ ရက်က မန္တလေးနန်းတွင်း၊ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရယူထားတဲ့ စစ်သားများကိုတွေ့ရစဉ်။ဓာတ်ပုံ - AFP
🤬21👏7💩7🤮4👍2
မွန်ပြည်နယ်တွင်ထွေအုပ်အရာရှိအပါအဝင်ဝန်ထမ်းသုံးဦးနှင့်လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကိုစစ်ကောင်စီဖမ်းဆီး
နန်းနောင့်နောင့်/People's Spring
မွန်ပြည်နယ်တွင် ထွေအုပ်အရာရှိတစ်ဦးအပါအဝင်
စစ်ကောင်စီဝန်ထမ်းသုံးဦးနှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားပြီး အားလုံးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံထားရသည်ဟု သတင်းရရှိသည်။
သံဖြူဇရပ်မြို့ထွေအုပ်ဒုတိယဦးစီးဦးအောင်ကိုနှင့် ဝန်ထမ်းနှစ်ဦးသည် PDF ထံ သတင်းများပေးပို့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ၁၉ရက်တွင် ဖမ်းဆီးသွားခြင်းဟု မြို့ခံများကပြောသည်။
"အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းတာ။ မိသားစုနဲ့ အခုထိတွေ့လို့မရသေးဘူး" ဟု မြို့ခံတစ်ဦးကပြောသည်။
ထို့အပြင် သထုံမြို့နယ်မှ ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကိုလည်း PDF အား ထောက်ခံသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။
ဒေါ်ချောစုစုထွေးသည် PDF တပ်ဖွဲ့ဝင်လူငယ်တစ်ဦး၏
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ မှတ်ချက်ဝင်ရေးသည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန်နယ်များက လှုံ့ဆော်ခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒေါ်ချောစုစုထွေးသည် ဖမ်းဆီးခံရပြီး ၆ရက်မြောက် ယနေ့(ဒီဇင်ဘာလ ၂၁ရက်နံနက်)အထိ မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးကြောင်းစုံစမ်းသိရသည်။
မွန်ပြည်နယ်တွင် လတ်တလော၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများမဖြစ်သေးသော်လည်း စစ်အာဏာရှင်အား ဖြုတ်ချရေးအတွက် ပြင်ဆင်မှုများရှိနေသည်ဟုတော်လှန်ရေးအင်
အားစုများက သတင်းထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

👍22👏14🤬6😁4🤣2
နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား
▪️အင်ခါးဂါး စစ်ကောင်စီတပ်စခန်း KIA တိုက်ခိုက်ရန် ပြင်နေချိန် စခန်းစွန့် ရုပ်သိမ်းသွား
သက်ဝေ/People’s Spring
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်နေရာယူထားသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက် နံနက်တွင် KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁၀) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ရှမ်းမြောက်ဘက်က နမ့်ခိုင်တံတားပေါ့နော် အဲဒီ ဂိတ်ကို KIA ဘက်က သိမ်းတာ အတည်ပြု ပြောလို့ရပါတယ်။ မနေ့က ၁၀နာရီကျော်အချိန်မှာ အပြီးအစီး သိမ်းပြီးမှ အခုကျနော်တို့ KIO တွေ ထိုင်နေတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၉ရက်က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တပ်စခန်း ရုတ်သိမ်းသွားသည့် ဖြစ်စဉ်ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။
“မချမ်းဘောမြို့နယ်ထဲက အင်ခါးဂါးတပ်စခန်းတော့ သူတို့ဘာသာ သူတို့ရုတ်သိမ်းသွားတာပေါ့။ ကျနော်တို့ဘက်ကလည်း တိုက်ဖို့တော့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့က ရုတ်သိမ်းသွားတာဖြစ်ပါတယ်။ အခု မချမ်းဘောမြို့နယ်ထဲမှာ စကစ စခန်းတွေတော့ ကျန်နေအုံးမှာပါ။ ဒါပေမဲ့ ဘယ်နှစ်ခုကျန်တယ်ဆိုတာ အတိအကျ ပြောလို့တော့မရသေးဘူးပေါ့။ ဒါပေမဲ့ ကျန်နေသေးပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နိုဝင်ဘာလအတွင်းကလည်း အင်ဂျန်းယန်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်း ရုတ်သိမ်းသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ ထို့ကြောင့် KIA အနေဖြင့် တိုက်ပွဲမဖြစ်ရဘဲအင်ဂျန်းယာန်နှင့် အင်ခါခါး နယ်မြေ ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။

👍49👏6😁1
မုံရွာတွင် (၂)နှစ်နီးပါးမြုပ်နှံထားသော ပြင်းအားပြင်းမိုင်းဖြင့် စစ်ကောင်စီတပ်အား ဖောက်ခွဲတိုက်ခိုက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်တွင် (၂)နှစ်နီးပါး မြုပ်နှံထားသော ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၃ ရက် ညက အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ အင်အား၅၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်သည် ဖန်းခါးကျင်းကျေးရွာသို့ အင်အား ၂၅ဦး၊ အဆိုပါရွာ၏ အနောက်ဘက်ရှိ ရေနံချက်ဖိုသို့ အင်အား ၂၅ဦးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ ထွက်လာခဲ့သည်။
ရေခံချက်ဖိုဘက်သို့ ထွက်လာသော စစ်ကြောင်းအား ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကျယ်၁၈လက်မ၊ အရှည်၂ပေခွဲရှိ ပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်)တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ပေါက်ကွဲအားပြင်းသော မိုင်းကြီးကို ၂၀၂၂ မတ်လခန့်ကတည်းက ၎င်းနှင့်အရွယ်တူမိုင်းကြီးများဖြင့် နမခ၏ ခြံစည်းရိုးအနီး သုံးနေရာတွင်မြုပ်နှံထားခဲ့ပြီး ယခုနှစ် နိုဝင်ဘာကတည်းက မိုင်းအသက်သွင်းထားကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"ကျွန်တော်တို့မိုင်းလုံးကြီးက ရေနံချက်ဖိုရဲ့အနောက်ဘက်မီတာ၁၀၀ခန့်လောက်မှာပါ။ အဝေးထိန်းနဲ့ခွဲတာ။ အရင်ကတော့ မိုင်းကွင်းနဲ့မတိုးလို့ မခွဲရတာ။ အခုမှခွဲရတာ။အနားကရွာတွေကတော့တုန်ဟီးသွားတယ်။ ခွဲပြီး နှစ်ရက်လောက်ကျ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့နားကလမ်းမှာတော့မာရှလောဆွဲနေတယ်။ အဲဒီမိုင်းတွေက အရမ်းကြီးပြီး ကုန်ကျစရိတ်ပိုများလို့ ခဏခဏမခွဲနိုင်ဘူး။ အခုစျေးနဲ့ဆိုမလုပ်နိုင်သေးဘူး။"ဟု မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မိုင်းကြီးခွဲလိုက်စဥ် ပေါက်ကွဲမှုအရှိန်ကြောင့် ငါးမိုင်ပတ်ချာလည် လူနေအိမ်အဆောက်ဦးများငလျင်လှုပ်သကဲ့သို့ တုန်သွားသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း (၁၆)နှင့် ဒေသခံ (ပကဖ)များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်ကလည်း ဘုတလင်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

👍50👏6❤1🥰1😁1
မိုင်းခွဲတိုက်ခိုက်ပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Chin Dwin Brothers
👍24👏4😁1🙏1
ရဲဘော်မင်းမင်းထက် (ခ)ဖက်တီး ကျဆုံးခြင်း (၆)လပြည့်အဖြစ် ဆားလင်းကြီးသပိတ် ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများက ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၆)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဒီဇင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက နှင်းဆီပန်းများ ကိုင်ဆောင်၍ ရဲဘော်မင်းမင်းထက်၏ အုတ်ဂူသို့ ချီတက်ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်ဆောင်ကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ရဲဘော်မင်းမင်းထက် (ခ) ဖက်တီးသည် ပြီးခဲ့သည့် ၂၀၂၃ ဇွန်လအတွင်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
ဓာတ်ပုံ - အားမာန်သစ်သပိတ်အင်အားစု

👍23😢17🤮1
▪︎မေးမြန်းခန်း
"စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှအဖက်ဆည်လို့မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ"
NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ကုလသမဂ္ဂမျက်နှာစာတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံများသိရှိအောင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှ ဆက်လက်ပြောကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် ယခင်အတိုင်း ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂမှတဆင့် ဆက်လက်ပြောကြားသွားမည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring - လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
လီလီယန်/People's Spring
မေး - ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရတယ်လို့ Credentials Committee ရဲ့ဆုံးဖြတ်ချက်မှာ တွေ့ရတယ်။ သံအမတ်ကြီးကလည်း People’s Spring ကို အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားနဲ့မှတ်ချက် ပေးပါလား။
ဖြေ - ဒါကသတင်းကောင်းးတစ်ခုပါပဲ။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ရဲ့ သံအမတ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့ Credentials Committee က အတည်ပြုတယ်ဆိုတာက အင်မတန်မှ ကောင်းတဲ့သတင်းတစ်ခုလို့ ပထမဆုံးပြောချင်ပါတယ်။ Credentials Committee ကနေ ကန့်ကွက်မယ့်သူမရှိ၊ မဲခွဲဆုံးဖြတ်တာတောင်မဟုတ်ဘူး။ အရင်အတိုင်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဆက်လက်ထားရှိမယ်ဆိုတာမျိုး အတည်ပြုခဲ့တာပေါ။ အဲဒီမှာဆိုရင်လည်း အင်အားကြီးနိုင်ငံထဲက အမေရိကန်လိုမျိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလိုမျိုး၊ ရုရှားလိုမျိုး တိုင်းပြည်တွေလည်းပါတယ်။ အဲဒီတိုင်းပြည်တွေ အကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိမယ်လို့ ဆုံးဖြတ်တာက အင်မတန်မှ ကောင်းမွန်တဲ့သတင်းကောင်းတစ်ခုပါ။ ရုရှားရော၊ တရုတ်ရောပါတာပေါ့နော်။ ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ဆိုရင်လည်း မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် သံအမတ်က ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုရဲ့အသံကို ပိုမိုပြီး ထိထိရောက်ရောက် ပြောကြားနိုင်မယ့် အနေအထားရှိပါတယ်လို့ သုံးသပ်ပြောကြားချင်ပါတယ်။
မေး - ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့တယ််လို့ သိရတယ်။ ၂၀၂၁ မှာ မအောင်မြင်ခဲ့ဘူး။ ၂၀၂၂ မှာလည်း မအောင်မြင်ခဲ့ဘူး။ အခု ၂၀၂၃ မှာလည်း ဆက်လက်အရေးနိမ့်တယ်၊ကျရှုံးတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒါက မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ သဘောထားတွေ၊ မူဝါဒတွေကိုထင်ဟပ်ပြီး ပြောကြားနေတဲ့ သံအမတ်ကြီး ကိုယ်စားပြုခွင့်ရတာက စစ်အုပ်စုအတွက် ဘယ်လောက်အထိ ထိုးနှက်ချက်ဖြစ်သွားစေလဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ - စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး။ အားလုံးလည်း မြန်မာပြည်သူတွေ သိတယ်။ သူတို့ဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အုပ်စုတစ်ခု၊လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ အဲဒါကို နိုင်ငံတကာကလည်း၊ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာ အမြင့်မားဆုံး ကုလသဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဘူးဆိုတာ သူတို့အတွက် အင်မတန်မှ အရှက်ရစရာ၊ ထိခိုက်စရာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခွင့်ရတိုင်း ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာကိုပဲ သူတို့ပဲ အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး ပြပြပြီး ပြောနေတယ်။ အဲဒါဟာ ရှင်းရှင်းပြောရရင် ရှက်စရာကောင်းနေပြီ။ ကုလသမဂ္ဂကိုယ်စားလှယ်တွေက သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက မြန်မာနိုင်ငံ ထဲမှာ humanitatrian assistance လိုမျိုးပေးဖို့၊ သူတို့နဲ့တွေ့တာရှိတယ်။ အဲဒါကိုပဲ

👍27😁2❤1
သူတို့ကို အသိအမှတ်ပြုသယောင်ယောင်နဲ့ သူတို့က လုပ်တာ။ အဲဒါ လုံးဝမဟုတ်ဘူးဆိုတာ ဒီဆုံးဖြတ်ချက် ပြသလိုက်တာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။
မေး - ပြည်တွင်းမှာဆိုလည်း လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ ၊ စစ်ဆင်ရေးတွေကြောင့် ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ရာနှင့်ချီဆုံးရှုံးတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ပြည်တွင်း စစ်မျက်နှာမှာ စစ်အုပ်စုက အရေးနိမ့်ကျရှုံးနေတာ တွေ့ရတယ်။ အခုလိုအချိန်မှာ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ထပ်ပြီးတော့ ကျရှုံးမှု တစ်ခု၊ ဆုံးရှုံးမှုတစ်ခုပေါ့။ ဒီအပေါ်မှာရော NUG အနေနဲ့ ဘာများ ပြောကြားလိုပါလဲ။
ဖြေ - ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ ထိုးစစ်တွေ ဆင်နွှဲပြီးတော့ အောင်ပွဲတွေ ဆင်နေကြတယ်။ စစ်အုပ်စုရဲ့ဗျူဟာအခြေစိုက် စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၃၀၀ ကျော်ကို အချိန်ကာလ တစ်လကျော်ကျော် နှစ်လအတွင်းမှာ သိမ်းတယ်။ မြို့တွေ သိမ်းတယ်။ ရွာတွေ သိမ်းတယ်။ ဗျူဟာမြောက်တဲ့ မြို့တွေ သိမ်းတယ်။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ သံအမတ်ကြီး၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တာက အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာ၊ စစ်အုပ်စုအတွက် အင်မတန်မှ ဆိုးရွားတဲ့ လက္ခဏာ၊ တော်လှန်ရေး အင်အားစုတွေအတွက် မင်္ဂလာရှိတဲ့ သတင်းလေးပေါ့။ အဲဒီတော့ ဒီဟာက ဒီအချိန်မှာ တော်လှန်ရေး စစ်ရေးကဏ္ဍမှာ အရှိန်အဟုန်တွေမြှင့်တင်ပြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်သူလူထုတွေရဲ့ တော်လှန်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ အခုအချိန်မှာဆိုရင် စစ်အုပ်စုက သူတို့ ခံနေရတာနဲ့ လူတွေကို သတ်တာ ပိုများတယ်။ လေကြောင်းက တိုက်တယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေ မြို့တွေကို မီးရှို့တယ်။ ဒီတစ်လကျော်ကာလအတွင်းမှာ စစ်ရှောင်ဒုက္ခသည် ၅ သိန်းကျော် တိုးလာတယ်။ နောက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ဓာတုလက်နက်တွေ သုံးလာတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ ကလက်စတာဗုံးလို့ခေါ်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ဗုံးတွေ သုံးပြီး လူအမြောက်အများ၊အရပ်သားအမြောက်အများ သေကြေအောင် လုပ်တာတွေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို သတ်တာတွေ တွေ့ရတယ်။ အဲဒီအချိန်မှာ သံအမတ်ကြီးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမျက်နှာစာမှာ ဒီအဖြစ်မှန်တွေကို တစ်ကမ္ဘာလုံးက သိအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင် ပြောပြခွင့်ရနိုင်တယ် ဆိုတာ တော်လှန်ရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောကြားချင်ပါတယ်။ စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှ အဖက်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
မေး - ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက သပိတ်အင်အားစုတွေ၊ ပြည်သူတွေက ‘ငါတို့ သံအမတ်၊ ငါတို့ အသံ’ လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေက အခုလို သံအမတ်ကြီး ဆက်လက်ရရှိရေးအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့သလဲ။ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးလိုပါလဲ။
ဖြေ - ဒါက အင်မတန်အရေးကြီးဆုံးအချက်ပါ။ သံအမတ်ကြီးဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ်စားပြုတယ်။ မြန်မာပြည်သူလူထုရဲ့ အသံဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီးရဲ့ credentials campaign မှာ တခဲနက် ဦးကျော်မိုးထွန်းသည်သာ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို အတိအလင်းပြောကြားတာ၊ အဲဒါဟာာ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ အဲဒီအသံတွေက ဒီဆုံးဖြတ်ချက်တွေ အပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ကျွန်တော်တို့ အမြဲပြောပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်။ အခုနိုင်ငံတကာမျက်နှာစာမှာရော၊ စစ်ရေးမျက်နှာစာမှာရော၊ ဒီပြည်သူလူထုရဲ့ အင်အားတွေကြောင့် အောင်ပွဲတွေရနေတာ။ အောင်ပွဲတွေ ဆက်လက်ခံပြီးတော့၊ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်ကလည်း မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အမြစ်ဖြုတ်နိုင်မှာ။ အဲဒီကာလသည်လည်း ပြည်သူလူထုရဲ့ ညီညွတ်မှု အင်အား၊ ဟန်ချက်ညီညီနဲ့ဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာ ဖြစ်ရပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။

👍41🤣3👏1
ညနေခင်းသတင်းလွှာ
ဒီနေ့ (ဒီိဇင်ဘာ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
▪️နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား၊ အင်ခါးဂါးစခန်းကိုလည်း စစ်ကောင်စီ စခန်းစွန့် ရုပ်သိမ်းသွား
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်နေရာယူထားတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို မနေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၊ အင်ခါဂါးဒေသ တပ်စခန်းတစ်ခုကို KIA က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေဆဲမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ တပ်စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။ KIA တပ်မဟာ(၁)နယ်မြေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီ နယ်မြေနှစ်ခုအထိရှိလာတယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။
▪️မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ
မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာကို တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အလုံခြုံဆုံးလို့ ယူဆထားတဲ့ ၎င်းတို့ရဲ့ နောက်ဆုံးခံတပ် လပခကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရတယ်လို့ နယ်ခံများက ပြောပါတယ်။
▪️မန်တုံ၊ နမ္မတူနဲ့ ကွတ်ခိုင်ရှိ စစ်စခန်းများကို TNLA ဆက်လက်ထိုးစစ်ဆင်
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က မနေ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများဖြင့် ခုခံနေတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကို အားပြုတိုက်ခိုက်နေရပါတယ်။ မန်တုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၁)ကြိမ်အပြင် ဗုံး (၂၁၁)လုံးပါ လာရောက်ပစ်ကူခဲ့တယ်လို့ ဖော်ပြပါတယ်။
▪️ထားဝယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နဲ့ ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ တာ၀န်ရှိသူက ပြောပါတယ်။
▪️KNUထံ လက်နက်နှင့်ပူးပေါင်းလာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ်ကို ကျပ်သိန်း ၁၅၀ ပေးအပ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းတဲ့ ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုဟာ လက်နက်ခဲယမ်းများ ယူလာပြီး KNU - တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပါတယ်။ ဒုတပ်ကြပ် ရဲကိုကိုဟာ MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နဲ့ ၅ ဒသမ ၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
▪️မွန်ပြည်နယ် ထွေအုပ်အရာရှိအပါအဝင် ဝန်ထမ်းသုံးဦးနဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

👍30🔥1