People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍2826👏1😁1
ထားဝယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force - DGRF (ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နှင့် ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"စစ်ကောင်စီ အင်အား၂၀၊ ၃၀ ခန့်ရှိပြီး အ ပြန်အလှန်ပစ်ခတ်ချိန် ၁၅မိနစ်လောက်ကြာပါတယ်ဗျ"ဟု ဘုရားမဲစစ်ဆေရေးဂိတ်အား တိုက်ခိုက်မှုအခြေအနေကို DGRF မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သောကြောင့် တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ဆေးအဖွဲ့၏ အချိန်မှီကုသမှုကြောင့် အသက်ကာ်တင်နိုင်ခဲ့ကာ လက်ရှိတွင် မစိုးရိမ်ရအခြေနေသို့ ရောက်ရှိနေပြီဖြစ်သည်ဟု DGRF က အသိ ပေးသည်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင်ဖြစ်သည့် Dawei Guerrilla Revolutionary Force - DGRF အနေဖြင့် နိုဝင် ဘာလနှင့် ယခု ဒီဇင်ဘာအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ခဲယမ်းများလိုအပ်ချက်ရှိနေသောကြောင့် ထောက်ပံ့ကူညီပေးကြရန် ပြည်သူများအား မေတ္တာရပ်ခံ နှိုးဆော်ထားသည်။

DGRF နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ရက်နှင့် ၄ ရက်တွင် ထားဝယ်နယ်၊ ဇီးကျရွာစစ်ဆေးရေးဂိတ်နှင့် ၎င်းရွာ၌ အသစ်တည်ဆောက်လျှက်ရှိသော စစ်ကောင်စီအကျဥ်ထောင်သစ်မှ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ငန်းများဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သတိပေးတားမြစ်ခဲ့သေးသည်။
👍48👏2🥰1😁1
👍40👏2🔥1
စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။ (ဓာတ်ပုံ - File Photo)
👍38🔥1👏1
မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ

အင်ကြင်း/People's Spring

မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီ​၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာအား တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်)နံနက် ၂နာရီခွဲခန့်က မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာအား တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Forceအဖွဲ့က အသိပေးသည်။

မန္တလေးမြို့၌ စစ်ကောင်စီတပ်၏ အလုံခြုံဆုံးဟုယူဆထားသည့် ၎င်းတို့၏ နောက်ဆုံးခံတပ် လပခအား တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း No More Dictatorship People Defence Forceအဖွဲ့ကဆိုသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ No More Dictatorship People Defence Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးပေ။

တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့်အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရကြောင်း နယ်ခံများက ပြောသည်။

"တော်တော်ကျယ်တယ်။ လေးငါးလုံးလောက်ဆက်တိုက်ပဲ။"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Brave Warriors For Myanmar(BWM)၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး(U.S.O)နှင့်အတူ No More Dictatorship People Defence Force-NMD၊ Security & Special Task Force(SSTF-MDY)၊ ပြင်ဦးလွင်ခရိုင်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

No More Dictatorship People Defence Force-NMDနှင့် တော်လှန်ရေးအင်အားစုများသည် မန္တလေးမြို့အား မြို့သိမ်းတိုက်ပွဲပြုလုပ်ရန် အခရာကျသော ဗျူဟာမြောက်စစ်ဆင်ရေးများကို ဖော်ဆောင်နေကြောင်းလည်း အသိပေးထားသည်။
👏39👍18🥰2😁1
👏21🤬10💩5👍21
၂၀၂၁ ဖေဖော်ဝါရီ၂ ရက်က မန္တလေးနန်းတွင်း၊ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရယူထားတဲ့ စစ်သားများကိုတွေ့ရစဉ်။ဓာတ်ပုံ - AFP
🤬21👏7💩7🤮4👍2
မွန်ပြည်နယ်တွင်ထွေအုပ်အရာရှိအပါအဝင်ဝန်ထမ်းသုံးဦးနှင့်လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကိုစစ်ကောင်စီဖမ်းဆီး

နန်းနောင့်နောင့်/People's Spring

မွန်ပြည်နယ်တွင် ထွေအုပ်အရာရှိတစ်ဦးအပါအဝင်
စစ်​ကောင်စီဝန်ထမ်းသုံးဦးနှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားပြီး အားလုံးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံထားရသည်ဟု သတင်းရရှိသည်။

သံဖြူဇရပ်မြို့ထွေအုပ်ဒုတိယဦးစီးဦးအောင်ကိုနှင့် ဝန်ထမ်းနှစ်ဦးသည် PDF ထံ သတင်းများပေးပို့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ၁၉ရက်တွင် ဖမ်းဆီးသွားခြင်းဟု မြို့ခံများကပြောသည်။

"အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းတာ။ မိသားစုနဲ့ အခုထိ‌တွေ့လို့မရသေးဘူး" ဟု မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် သထုံမြို့နယ်မှ ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကိုလည်း PDF အား ထောက်ခံသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။

ဒေါ်ချောစုစုထွေးသည် PDF တပ်ဖွဲ့ဝင်လူငယ်တစ်ဦး၏
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ မှတ်ချက်ဝင်ရေးသည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန်နယ်များက လှုံ့ဆော်ခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒေါ်ချောစုစုထွေးသည် ဖမ်းဆီးခံရပြီး ၆ရက်မြောက် ယနေ့(ဒီဇင်ဘာလ ၂၁ရက်နံနက်)အထိ မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးကြောင်းစုံစမ်းသိရသည်။

မွန်ပြည်နယ်တွင် လတ်တလော၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများမဖြစ်သေးသော်လည်း စစ်အာဏာရှင်အား ဖြုတ်ချရေးအတွက် ပြင်ဆင်မှုများရှိနေသည်ဟုတော်လှန်ရေးအင်
အားစုများက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။
👍22👏14🤬6😁4🤣2
အရပ်သားအစိုးရလက်ထက် ​​ထွေအုပ်ဝန်ထမ်းများ။ဓါတ်ပုံ-CJ
👍19😁7💩2🔥1🤣1
နမ့်ခိုင်တံတားကို သိမ်းပြီး KIA နေရာယူထား

▪️အင်ခါးဂါး စစ်ကောင်စီတပ်စခန်း KIA တိုက်ခိုက်ရန် ပြင်နေချိန် စခန်းစွန့် ရုပ်သိမ်းသွား

သက်ဝေ/People’s Spring

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်နေရာယူထားသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်တပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက် နံနက်တွင် KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁၀) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

“ရှမ်းမြောက်ဘက်က နမ့်ခိုင်တံတားပေါ့နော် အဲဒီ ဂိတ်ကို KIA ဘက်က သိမ်းတာ အတည်ပြု ပြောလို့ရပါတယ်။ မနေ့က ၁၀နာရီကျော်အချိန်မှာ အပြီးအစီး သိမ်းပြီးမှ အခုကျနော်တို့ KIO တွေ ထိုင်နေတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၉ရက်က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တပ်စခန်း ရုတ်သိမ်းသွားသည့် ဖြစ်စဉ်ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။

“မချမ်းဘောမြို့နယ်ထဲက အင်ခါးဂါးတပ်စခန်းတော့ သူတို့ဘာသာ သူတို့ရုတ်သိမ်းသွားတာပေါ့။ ကျနော်တို့ဘက်ကလည်း တိုက်ဖို့တော့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့က ရုတ်သိမ်းသွားတာဖြစ်ပါတယ်။ အခု မချမ်းဘောမြို့နယ်ထဲမှာ စကစ စခန်းတွေတော့ ကျန်နေအုံးမှာပါ။ ဒါပေမဲ့ ဘယ်နှစ်ခုကျန်တယ်ဆိုတာ အတိအကျ ပြောလို့တော့မရသေးဘူးပေါ့။ ဒါပေမဲ့ ကျန်နေသေးပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နိုဝင်ဘာလအတွင်းကလည်း အင်ဂျန်းယန်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်း ရုတ်သိမ်းသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ ထို့ကြောင့် KIA အနေဖြင့် တိုက်ပွဲမဖြစ်ရဘဲအင်ဂျန်းယာန်နှင့် အင်ခါခါး နယ်မြေ ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။
👍49👏6😁1
👍184🔥1🥰1
နမ့်ခိုင်ချောင်းတံတားတပ်စခန်းကို အ​ဝေးမှ​တွေ့ရစဥ်။ ဓာတ်ပုံ-KIA
👍35👏6🔥1🥰1
မုံရွာတွင် (၂)နှစ်နီးပါးမြုပ်နှံထားသော ပြင်းအားပြင်းမိုင်းဖြင့် စစ်ကောင်စီတပ်အား ဖောက်ခွဲတိုက်ခိုက်

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်တွင် (၂)နှစ်နီးပါး မြုပ်နှံထားသော ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက် ညက အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ အင်အား၅၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်သည် ဖန်းခါးကျင်းကျေးရွာသို့ အင်အား ၂၅ဦး၊ အဆိုပါရွာ၏ အနောက်ဘက်ရှိ ရေနံချက်ဖိုသို့ အင်အား ၂၅ဦးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ ထွက်လာခဲ့သည်။

ရေခံချက်ဖိုဘက်သို့ ထွက်လာသော စစ်ကြောင်းအား ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကျယ်၁၈လက်မ၊ အရှည်၂ပေခွဲရှိ ပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲအားပြင်းသော မိုင်းကြီးကို ၂၀၂၂ မတ်လခန့်ကတည်းက ၎င်းနှင့်အရွယ်တူမိုင်းကြီးများဖြင့် နမခ၏ ခြံစည်းရိုးအနီး သုံး​​​​​​နေရာတွင်မြုပ်နှံထားခဲ့ပြီး ယခုနှစ် နိုဝင်ဘာကတည်းက မိုင်းအသက်သွင်းထားကြောင်း မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"ကျွန်တော်တို့မိုင်းလုံးကြီးက ရေနံချက်ဖိုရဲ့အနောက်ဘက်မီတာ၁၀၀ခန့်လောက်မှာပါ။ အဝေးထိန်းနဲ့ခွဲတာ။ အရင်ကတော့ မိုင်းကွင်းနဲ့မတိုးလို့ မခွဲရတာ။ အခုမှခွဲရတာ။အနားကရွာတွေကတော့တုန်ဟီးသွားတယ်။ ခွဲပြီး နှစ်ရက်လောက်ကျ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့နားကလမ်းမှာတော့မာရှလောဆွဲနေတယ်။ အဲဒီမိုင်းတွေက အရမ်းကြီးပြီး ကုန်ကျစရိတ်ပိုများလို့ ခဏခဏမခွဲနိုင်ဘူး။ အခုစျေးနဲ့ဆိုမလုပ်နိုင်သေးဘူး။"ဟု မုံရွာခရိုင်တပ်ရင်း(၁၆)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းကြီးခွဲလိုက်စဥ် ပေါက်ကွဲမှုအရှိန်ကြောင့် ငါးမိုင်ပတ်ချာလည် လူနေအိမ်အဆောက်ဦးများငလျင်လှုပ်သကဲ့သို့ ​တုန်သွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း (၁၆)နှင့် ဒေသခံ (ပကဖ)များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothers အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်ကလည်း ဘုတလင်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။
👍50👏61🥰1😁1
မိုင်းခွဲတိုက်ခိုက်ပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Chin Dwin Brothers
👍24👏4😁1🙏1
👍46👏7🤬3🤣2
ရဲဘော်မင်းမင်းထက် (ခ)ဖက်တီး ကျဆုံးခြင်း (၆)လပြည့်အဖြစ် ဆားလင်းကြီးသပိတ် ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများက ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၆)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဒီဇင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြည်သူများက နှင်းဆီပန်းများ ကိုင်ဆောင်၍ ရဲဘော်မင်းမင်းထက်၏ အုတ်ဂူသို့ ချီတက်ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်ဆောင်ကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရဲဘော်မင်းမင်းထက် (ခ) ဖက်တီးသည် ပြီးခဲ့သည့် ၂၀၂၃ ဇွန်လအတွင်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - အားမာန်သစ်သပိတ်အင်အားစု
👍23😢17🤮1
😢2318👍8🤣2