People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကချင်ပြည်နယ် မိုး​မောက်မြို့နယ် ၊​အောင်ဂျာ စစ်​ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး​နောက် KIO/ KIA မှ ဒုတိယဗိုလ်ချုပ်ကြီး
ဂွန်​မော်နှင့် တာဝန်ရှိသူများ​အောက်တိုဘာ ၂၃ ရက်တွင်သွား​ရောက်ကြည်ရှုခဲ့စဥ် / မချမ်း​​ဘော မြို့နယ်တည်​နေရာကို Google Earth တွင်​တွေ့ရမှု။ဓါတ်ပုံ-KIA
👏27👍17🥰3🔥1
မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်ရှိ စစ်စခန်းများကို TNLA ဆက်လက်ထိုးစစ်ဆင်

▪️မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲတွင် ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ် အင်အားဖြည့်

ဒီဒန်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ ဒီဇင်ဘာ ၂၀ရက်တွင် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများဖြင့် ခုခံလျက်ရှိသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

မန်တုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၁၃၀) တပ်စခန်းအား တအာင်းတပ်မ‌တော် (TNLA)မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြေပြင်ထိုးစစ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိတော့သည့် ရန်သူအနေဖြင့် ယခင်တိုက်ပွဲများကဲ့သို့ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မန်တုံတိုက်ပွဲသို့ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၁)ကြိမ်အပြင် ဗုံး (၂၁၁)လုံးပါ လာရောက်ပစ်ကူခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ မန်တုံတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်များသို့ သာမက အရပ်သားပြည်သူများ နေထိုင်ရာနေရာများ ဖြစ်ကြသည့် မန်တုံမြို့အနီးတဝိုက်ရှိ လွယ်ကန်ကျေးရွာ၊ မန်ဖန်‌‌ကျေးရွာ၊ ဆွယ်ဟိန်းကုမ္ပဏီကုန်း ပတ်ဝန်းကျင်၊ တာလတ်‌ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက်၊ ပန်နင်ကျေးရွာလမ်းခွဲဘက်သို့ လက်နက်ကြီးဖြင့် (၇၈) ကြိမ်တိုင် ပစ်ခတ်ကာစစ်ရေးတုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အကြိမ်ပေါင်းများစွာသော လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုခံခဲ့ရသည့် မန်တုံမြို့အတွင်း လူနေအိမ်တစ်လုံးမှာ မီးလောင်ပြာကျခဲ့ရပြီး ဘုန်းကြီးကျောင်း အပါအဝင်လူနေအိမ် (၁၂)လုံးလည်း ထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၊ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအား TNLAမှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည်း အသိပေးသည်။

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက လယ်ကြီးကျေးရွာနှင့် အထက်ညောင်ကုန်း‌ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၂၁) ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ ပန်ကူကျေးရွာ၊ တုံဆင်ကြီး‌‌ကျေးရွာနှင့် တုံဆင်လေး‌ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အကြိမ် (၂၀)အပြင် နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ခိုဖိတ်ကျေးရွာအနီးသို့ လက်နက် ကြီးဖြင့် (၂၃) ကြိမ်တိုင်အောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် မြေပြင်စစ်ကူများကို ၎င်း၏ တပ်စခန်းများ၌ စစ်ကူအင်အား အချိန်မီ မဖြည့်တင်းနိုင်တော့သည့် စစ်ကောင်စီ သည် ဒီဇင်ဘာ ၂၀ရက်တွင်လ်း Mi-17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် “မူဆယ်စခန်း” တွင် (၁) ကြိမ်၊ “နမ္မတူစခန်း”တွင် (၁) ကြိမ်နှင့် ကျောက်မဲမြို့နယ်အခြေစိုက် မိုင်းငေါ့စခန်းတွင် (၁) ကြိမ်စီ စစ်အင်အား၊ လက်နက်အင်အား ထပ်မံဖြည့်တင်းခဲ့ကြောင်း ဖော်ပြထားသည်။

"ရှမ်းမြောက်ဘက်ကို အင်အားဖြည့်တဲ့ လေယာဉ်တွေ အဆက်မပြတ်တက်နေတာ မနေ့ညကလည်း တစ်ညလုံးပဲ။ ခုမနက်ရော ပျံနေတာ။ ခေါင်းပေါ်မှာ လေယာဉ်သံတွေပဲ"ဟု ပြင်ဦးလွင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်ဒေသ စစ်ရေးအခြေအနေများကို ဖော်ပြရာ ဒီဇင်ဘာ ၁၈ရက်နှင့် ၁၉ရက်‌များတွင် ကိုးကန့်တပ်မတော် (MNDAA) ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေအချို့တွင် စစ်ကောင်စီဘက်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြီးသတ်သိမ်းပိုက်ရန် ကြိုးပမ်းနေသော စစ်ဆင်ရေးနယ်မြေများတွင်လည်း ကျန်ရှိနေသေးသော ရန်သူ့တပ်ဖွဲ့ဝင်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ကြောင်း အသိပေးသည်။
30👍22👏4🔥1🥰1
👍31👏65🔥1
တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA
35👍9👏5🔥1
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ နေရာပြောင်းတပ်စွဲ

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရ၍ အခြားကျေးရွာပြောင်းရွှေ့တပ်စွဲထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာ၂၀ရက်) ညနေ၃နာရီခွဲခန့်က မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး ၅လုံးချတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ခံက ပြောသည်။

"အခုအဲရွာမှာ မရှိတော့ဘူး။ အဲ့ကနေ ထွက်သွားပြီ။ကဲရွာဆိုလားရောက်သွားပြီ။ မနေရဲတော့လို့။"ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါညောင်ပင်ရွာရှိ စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများအား ဓါးပြတိုက်ခြင်း၊ PDFအသွင်ယူ၍ ငွေကြေးအတင်းတောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်စက္ကပြောက်ကျား တပ်ဖွဲ့နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဒီဇင်ဘာ ၁၉ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ထနောင်းပင်ရွာဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်များကို နွားထိုးကြီး NPDF အဖွဲ့က ဒရုန်းဖြင့်တစ်ကြိမ်၊ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ကလည်း မောင်းသူမဲ့ လေယာဉ်ငယ်၁စီးဖြင့် ဗုံးသီး၄လုံးအား ၄ ကြိမ်ချကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
👍41👏61🔥1🥰1
👍305🔥1
မောင်းသူမဲ့လေယာဥ်ငယ်အား လွှတ်တင်နေသော နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
👍42👏7🔥1🥰1
KNUထံ လက်နက်နှင့်ပူးပေါင်းလာသည့် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦးအား ကျပ်သိန်း ၁၅၀ ပေးအပ်

▪️စစ်ကောင်စီတပ်သားများ KNUနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် ထပ်မံ ဖိတ်ခေါ်ပြီး ပါလာသည့် လက်နက်အပေါ် မူတည်ပြီး ဆုငွေပေးမည်ဟုအသိပေး

မိုးမိုး/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် KNU ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် လက်နက်ခဲယမ်းများ ယူလာပြီး KNU - တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံ လာပူးပေါင်းခြင်းဖြစ်သည်ဟု အသိပေးသည်။

ဒုတပ်ကြပ် ရဲကိုကိုသည် MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နှင့် ၅ ဒသမ ၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာရာ ဒူးပလာယာခရိုင်မှ ထောက်ပံ့ငွေ ကျပ် သိန်း ၁၅၀ ပေးအပ်ခဲ့သည်ဟု ဖော်ပြသည်။

ဒုတပ်ကြပ်ရဲကိုကိုသည် တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်၍ တပ်မှ ကြိုးစားရုန်းထွက်ကာ ပြည်သူ့ ရင်ခွင်ခိုလုံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်းလည်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့်ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ KNUနှင့် ပြည်သူ့ ရင်ခွင်သို့ လာပူးပေါင်းရန် လှိုင်လှဲစွာ ဖိတ်ခေါ်ကြောင်း KNUက ထပ်မံ အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်း ပါက ၎င်းစစ်သားများကို နွေးထွေးစွာ ကြိုဆိုပြီး ရှေ့ဆက်ဘ၀ ရပ်တည်နိုင်ရေးအတွက် KNUက ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း ဖော်ပြခဲ့သည်။

ထို့အတူ ယူဆောင်လာသည့် လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သကဲ့သို့ သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း KNU ဒူးပလာယာခရိုင် တာဝန်ရှိ လူကြီးများ၏ ပြောကြားချက်ကို KNU ဗဟိုက ထုတ်ပြန်သည်။
👍488😁1
(အလင်းဝင်လာသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍22😁1
👍2826👏1😁1
ထားဝယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force - DGRF (ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နှင့် ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"စစ်ကောင်စီ အင်အား၂၀၊ ၃၀ ခန့်ရှိပြီး အ ပြန်အလှန်ပစ်ခတ်ချိန် ၁၅မိနစ်လောက်ကြာပါတယ်ဗျ"ဟု ဘုရားမဲစစ်ဆေရေးဂိတ်အား တိုက်ခိုက်မှုအခြေအနေကို DGRF မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သောကြောင့် တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ဆေးအဖွဲ့၏ အချိန်မှီကုသမှုကြောင့် အသက်ကာ်တင်နိုင်ခဲ့ကာ လက်ရှိတွင် မစိုးရိမ်ရအခြေနေသို့ ရောက်ရှိနေပြီဖြစ်သည်ဟု DGRF က အသိ ပေးသည်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင်ဖြစ်သည့် Dawei Guerrilla Revolutionary Force - DGRF အနေဖြင့် နိုဝင် ဘာလနှင့် ယခု ဒီဇင်ဘာအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ခဲယမ်းများလိုအပ်ချက်ရှိနေသောကြောင့် ထောက်ပံ့ကူညီပေးကြရန် ပြည်သူများအား မေတ္တာရပ်ခံ နှိုးဆော်ထားသည်။

DGRF နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ရက်နှင့် ၄ ရက်တွင် ထားဝယ်နယ်၊ ဇီးကျရွာစစ်ဆေးရေးဂိတ်နှင့် ၎င်းရွာ၌ အသစ်တည်ဆောက်လျှက်ရှိသော စစ်ကောင်စီအကျဥ်ထောင်သစ်မှ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ငန်းများဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သတိပေးတားမြစ်ခဲ့သေးသည်။
👍48👏2🥰1😁1
👍40👏2🔥1
စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။ (ဓာတ်ပုံ - File Photo)
👍38🔥1👏1
မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ

အင်ကြင်း/People's Spring

မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီ​၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာအား တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်)နံနက် ၂နာရီခွဲခန့်က မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာအား တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Forceအဖွဲ့က အသိပေးသည်။

မန္တလေးမြို့၌ စစ်ကောင်စီတပ်၏ အလုံခြုံဆုံးဟုယူဆထားသည့် ၎င်းတို့၏ နောက်ဆုံးခံတပ် လပခအား တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း No More Dictatorship People Defence Forceအဖွဲ့ကဆိုသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ No More Dictatorship People Defence Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးပေ။

တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့်အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရကြောင်း နယ်ခံများက ပြောသည်။

"တော်တော်ကျယ်တယ်။ လေးငါးလုံးလောက်ဆက်တိုက်ပဲ။"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Brave Warriors For Myanmar(BWM)၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး(U.S.O)နှင့်အတူ No More Dictatorship People Defence Force-NMD၊ Security & Special Task Force(SSTF-MDY)၊ ပြင်ဦးလွင်ခရိုင်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

No More Dictatorship People Defence Force-NMDနှင့် တော်လှန်ရေးအင်အားစုများသည် မန္တလေးမြို့အား မြို့သိမ်းတိုက်ပွဲပြုလုပ်ရန် အခရာကျသော ဗျူဟာမြောက်စစ်ဆင်ရေးများကို ဖော်ဆောင်နေကြောင်းလည်း အသိပေးထားသည်။
👏39👍18🥰2😁1
👏21🤬10💩5👍21
၂၀၂၁ ဖေဖော်ဝါရီ၂ ရက်က မန္တလေးနန်းတွင်း၊ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရယူထားတဲ့ စစ်သားများကိုတွေ့ရစဉ်။ဓာတ်ပုံ - AFP
🤬21👏7💩7🤮4👍2
မွန်ပြည်နယ်တွင်ထွေအုပ်အရာရှိအပါအဝင်ဝန်ထမ်းသုံးဦးနှင့်လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကိုစစ်ကောင်စီဖမ်းဆီး

နန်းနောင့်နောင့်/People's Spring

မွန်ပြည်နယ်တွင် ထွေအုပ်အရာရှိတစ်ဦးအပါအဝင်
စစ်​ကောင်စီဝန်ထမ်းသုံးဦးနှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးကို PDF ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားပြီး အားလုံးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံထားရသည်ဟု သတင်းရရှိသည်။

သံဖြူဇရပ်မြို့ထွေအုပ်ဒုတိယဦးစီးဦးအောင်ကိုနှင့် ဝန်ထမ်းနှစ်ဦးသည် PDF ထံ သတင်းများပေးပို့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ၁၉ရက်တွင် ဖမ်းဆီးသွားခြင်းဟု မြို့ခံများကပြောသည်။

"အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းတာ။ မိသားစုနဲ့ အခုထိ‌တွေ့လို့မရသေးဘူး" ဟု မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် သထုံမြို့နယ်မှ ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကိုလည်း PDF အား ထောက်ခံသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။

ဒေါ်ချောစုစုထွေးသည် PDF တပ်ဖွဲ့ဝင်လူငယ်တစ်ဦး၏
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ မှတ်ချက်ဝင်ရေးသည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန်နယ်များက လှုံ့ဆော်ခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒေါ်ချောစုစုထွေးသည် ဖမ်းဆီးခံရပြီး ၆ရက်မြောက် ယနေ့(ဒီဇင်ဘာလ ၂၁ရက်နံနက်)အထိ မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးကြောင်းစုံစမ်းသိရသည်။

မွန်ပြည်နယ်တွင် လတ်တလော၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများမဖြစ်သေးသော်လည်း စစ်အာဏာရှင်အား ဖြုတ်ချရေးအတွက် ပြင်ဆင်မှုများရှိနေသည်ဟုတော်လှန်ရေးအင်
အားစုများက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒုဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။
👍22👏14🤬6😁4🤣2
အရပ်သားအစိုးရလက်ထက် ​​ထွေအုပ်ဝန်ထမ်းများ။ဓါတ်ပုံ-CJ
👍19😁7💩2🔥1🤣1