ရက္ခိုင်တွင် အရပ်သားပြည်သူများအား ဖိနှိပ်အနိုင်ကျင့်မှု စစ်ကောင်စီဆက်လက်ပြုလုပ်နေ
ရှိုင်း/People’s Spring
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေသည့် ရက္ခိုင်ဒေသများ၌ အရပ်သားပြည်သူများကို ဖိနှိပ်အနိုင်ကျင့်မှုများကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၀ရက် စစ်ရေးအခြေအနေများကိုထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ပြီး ပြည်သူလူထုကို အနိုင်ကျင့်ရန် ဖြတ်လေးဖြတ် ကျင့်သုံးလာနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ယမန်နေ့တွင် AA အခြေစိုက်လှုပ်ရှားသည့် ရက္ခိုင်ဒေသအတွင်း ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းနှင့် ပေါက်တောမြို့များ၌ ထိတွေ့တိုက်ပွဲများ ရှိသည်ဟုအသိပေးသည်။
လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင် လျက်သော ရန်သူ့စခန်းကုန်းများရှိရာ နေရာများ အပါအဝင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအတွင်း အကြောင်းမဲ့ လိုက်လံအနှောင့်အယှက်ပေးလျက်ရှိသော ရန်သူ့တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ ကြောင်း ဖော်ပြသည်။
အရပ်သားပြည်သူများအား တိုက်ပွဲများအတွင်းသို့ တမင်ဆွဲသွင်းကာ ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကြသည့် ပေါက်တောမြို့တွင်းတိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေခဲ့ပြီး ရန်သူသည် ရေကြောင်းမှတဆင့် စစ်ကူအင်အားတိုးချဲ့နေသည်ဟု ထုတ်ပြန်သည်။
ပေါက်တောမြစ်ထဲရှိ နန်းတက်ကျွန်း ကျေးရွာအနီး၌ ရပ်နားထားသည့် စစ်ကောင်စီ၏ ကမ်းထိုးယာဉ် (၂)စီးသည် ပေါက်တောမြို့သို့ ဦးတည် မောင်းလာခဲ့ရာမှ လက်နက်ကြီး၊ ငယ်များဖြင့် မြို့ထဲကို ၁၀မိနစ်ခန့် ဒရပ်စပ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ကျောက်ဖြူမြို့စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၄၂) တပ်ရင်းမှ လက်နက်ကြီးဖြင့် (၁၁)ကြိမ်နှင့် ည (၈) နာရီအချိန်ခန့်၌လည်း င/လပွေ့ ရပ်ကွက်၌ စခန်းချထားသော ခမရ (၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် (၈) ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ညပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ခန့်သည် တမင်ရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီးဖြတ်တောက်ပြီးမှ အများပြည်သူ များနေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ ဧည့်စာရင်းကို အကြောင်းပြ၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက်က AAနှင့် စစ်ကောင်စီအကြား ရမ်းဗြဲကျွန်းပေါ်၌ ပထမဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ဆက်စပ်၍ ရန်သူသည် အရပ်သားပြည်သူများအား ဖိနှိပ်အနိုင်ကျင့်ရန်အတွက် ဖြတ်လေးဖြတ်ကို ကျင့်သုံးလာနေသည်ဟု ဖော်ပြသည်။
ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများ အပါအဝင် ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွ စသည့် မြိုကြီးများတွင်လည်း စစ်ရေးပြင်ဆင်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ နှင့် အင်အားသုံး အဓမ္မဖမ်းဆီးခြင်းများကို ယခင်ကထက် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေကြောင်း ထုတ်ပြန်သည်။
ပြည်သူလူထု၏ လူနေမှုဘဝများကို တစ်နေ့တစ်ခြား နည်းမျိုးစုံဖြင့် ပြဿနာရှာကာ အင်အားသုံး ဖိနှိပ် ခြိမ်းခြောက် လာနေမှုများသည် စစ်ရေးကို ဆက်လက်ရင်ဆိုင်နိုင်ခြင်းမရှိတော့သည့်အချိန်မျိုးတွင် အာဏာရှင်စစ်တပ်၏ သုံးလေ့ သုံးထရှိသည့် စစ်ရေးထွက်ပေါက်တစ်ခုသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်တောနှင့်ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီဇင်ဘာ ၁၉ရက် ၁၀၂၇ စစ်ဆင်ရေးကို ယမန်နေ့က ဖော်ပြထားသည်။

🤬30👍8💩1😡1
(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)
🤬16🤣3💩2🖕2
တိုက်ပွဲမဖြစ်ရဘဲ အင်ဂျန်းယန်နှင့် အင်ခါဂါးနယ်မြေ
နှစ်ခုကို KIA သိမ်းပိုက်
ဆန်အောင်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁)
နယ်မြေတွင် တိုက်ပွဲမဖြစ်ရဘဲ စစ်ကောင်စီတပ်များစခန်းစွန့် ထွက်ပြေးသွား၍ နယ်မြေ နှစ် ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။
ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါဂါးဒေသ၌ တပ်စွဲအခြေချနေသည့် စစ်ကောင်စီတပ်စခန်း တစ်ခုကတပ်သားများသည် ဒီဇင်ဘာ ၁၉ရက်မနက်အစောပိုင်း၌ တပ်စခန်းကို စွန့်ခွာသွားသည့် သတင်းကို ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။
KIA တပ်မဟာ(၁) တပ်ရင်း(၇) နယ်မြေရှိ ပူးပေါင်းတပ်များက အင်ခါဂါးစခန်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန် ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါတပ်စခန်းရှိ စစ်ကောင်စီတပ်များသည် ရိက္ခာ ၊ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များကို ရောင်းချပြီးထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီတပ်များထွက်ပြေးသွားပြီးနောက် KIAနှင့် ပူးပေါင်းတပ်များက အင်ခါဂါး စစ်ကောင်စီစခန်းကိုမီးရှို့ဖျက်ဆီးလိုက်ကြောင်း အသိပေးသည်။
KIA တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းရသည့် စစ်ကောင်စီ နယ်မြေနှစ်ခုထိရှိလာကြောင်းလည်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
နိုဝင်ဘာလ ၂၁ ရက်ကလည်း အင်ဂျန်းယန် မြို့နယ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းစုစုပေါင်း စခန်း ၄ ခု စခန်းစွန့်ထွက်ပြေးသွားပြီး စစ်ကောင်စီ လက်အောက်ခံရုံများ၊ ကျောင်းများလည်းပိတ်သိမ်းသွားရာ အင်ဂျန်းယန်မြို့ကို KIO/KIAက ထိန်းချုပ်ထားသည်။ထိုကြောင့်သွေးမစွန်းရဘဲ အင်ဂျန်းယန်မြို့ကို KIA ကသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်တွင်လည်း အင်ခါဂါးနယ်မြေမှစစ်ကောင်စီတပ်စခန်းမှစစ်သားများထွက်ပြေးသွားပြီးနောက် မချမ်းဘောမြို့အနီးဝန်းကျင်တွင် စစ်တပ်လက်အောက်ခံ စခန်းနှင့်ရုံးများ ကျန်၊မကျန်ကိုမူ People's Spring က စုံစမ်းနေဆဲဖြစ်သည်။

👏27👍18❤6🔥1🥰1
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ၊အောင်ဂျာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် KIO/ KIA မှ ဒုတိယဗိုလ်ချုပ်ကြီး
ဂွန်မော်နှင့် တာဝန်ရှိသူများအောက်တိုဘာ ၂၃ ရက်တွင်သွားရောက်ကြည်ရှုခဲ့စဥ် / မချမ်းဘော မြို့နယ်တည်နေရာကို Google Earth တွင်တွေ့ရမှု။ဓါတ်ပုံ-KIA

👏27👍17🥰3🔥1
မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်ရှိ စစ်စခန်းများကို TNLA ဆက်လက်ထိုးစစ်ဆင်
▪️မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲတွင် ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ် အင်အားဖြည့်
ဒီဒန်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ ဒီဇင်ဘာ ၂၀ရက်တွင် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများဖြင့် ခုခံလျက်ရှိသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
မန်တုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၁၃၀) တပ်စခန်းအား တအာင်းတပ်မတော် (TNLA)မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြေပြင်ထိုးစစ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိတော့သည့် ရန်သူအနေဖြင့် ယခင်တိုက်ပွဲများကဲ့သို့ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
မန်တုံတိုက်ပွဲသို့ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၁)ကြိမ်အပြင် ဗုံး (၂၁၁)လုံးပါ လာရောက်ပစ်ကူခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ မန်တုံတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်များသို့ သာမက အရပ်သားပြည်သူများ နေထိုင်ရာနေရာများ ဖြစ်ကြသည့် မန်တုံမြို့အနီးတဝိုက်ရှိ လွယ်ကန်ကျေးရွာ၊ မန်ဖန်ကျေးရွာ၊ ဆွယ်ဟိန်းကုမ္ပဏီကုန်း ပတ်ဝန်းကျင်၊ တာလတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက်၊ ပန်နင်ကျေးရွာလမ်းခွဲဘက်သို့ လက်နက်ကြီးဖြင့် (၇၈) ကြိမ်တိုင် ပစ်ခတ်ကာစစ်ရေးတုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အကြိမ်ပေါင်းများစွာသော လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုခံခဲ့ရသည့် မန်တုံမြို့အတွင်း လူနေအိမ်တစ်လုံးမှာ မီးလောင်ပြာကျခဲ့ရပြီး ဘုန်းကြီးကျောင်း အပါအဝင်လူနေအိမ် (၁၂)လုံးလည်း ထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။
ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၊ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအား TNLAမှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည်း အသိပေးသည်။
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက လယ်ကြီးကျေးရွာနှင့် အထက်ညောင်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၂၁) ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ ပန်ကူကျေးရွာ၊ တုံဆင်ကြီးကျေးရွာနှင့် တုံဆင်လေးကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အကြိမ် (၂၀)အပြင် နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ခိုဖိတ်ကျေးရွာအနီးသို့ လက်နက် ကြီးဖြင့် (၂၃) ကြိမ်တိုင်အောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် မြေပြင်စစ်ကူများကို ၎င်း၏ တပ်စခန်းများ၌ စစ်ကူအင်အား အချိန်မီ မဖြည့်တင်းနိုင်တော့သည့် စစ်ကောင်စီ သည် ဒီဇင်ဘာ ၂၀ရက်တွင်လ်း Mi-17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် “မူဆယ်စခန်း” တွင် (၁) ကြိမ်၊ “နမ္မတူစခန်း”တွင် (၁) ကြိမ်နှင့် ကျောက်မဲမြို့နယ်အခြေစိုက် မိုင်းငေါ့စခန်းတွင် (၁) ကြိမ်စီ စစ်အင်အား၊ လက်နက်အင်အား ထပ်မံဖြည့်တင်းခဲ့ကြောင်း ဖော်ပြထားသည်။
"ရှမ်းမြောက်ဘက်ကို အင်အားဖြည့်တဲ့ လေယာဉ်တွေ အဆက်မပြတ်တက်နေတာ မနေ့ညကလည်း တစ်ညလုံးပဲ။ ခုမနက်ရော ပျံနေတာ။ ခေါင်းပေါ်မှာ လေယာဉ်သံတွေပဲ"ဟု ပြင်ဦးလွင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ကိုးကန့်ဒေသ စစ်ရေးအခြေအနေများကို ဖော်ပြရာ ဒီဇင်ဘာ ၁၈ရက်နှင့် ၁၉ရက်များတွင် ကိုးကန့်တပ်မတော် (MNDAA) ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေအချို့တွင် စစ်ကောင်စီဘက်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြီးသတ်သိမ်းပိုက်ရန် ကြိုးပမ်းနေသော စစ်ဆင်ရေးနယ်မြေများတွင်လည်း ကျန်ရှိနေသေးသော ရန်သူ့တပ်ဖွဲ့ဝင်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ကြောင်း အသိပေးသည်။

❤30👍22👏4🔥1🥰1
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ နေရာပြောင်းတပ်စွဲ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရ၍ အခြားကျေးရွာပြောင်းရွှေ့တပ်စွဲထားကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဒီဇင်ဘာ၂၀ရက်) ညနေ၃နာရီခွဲခန့်က မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး ၅လုံးချတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ခံက ပြောသည်။
"အခုအဲရွာမှာ မရှိတော့ဘူး။ အဲ့ကနေ ထွက်သွားပြီ။ကဲရွာဆိုလားရောက်သွားပြီ။ မနေရဲတော့လို့။"ဟု အထက်ပါတာဝန်ခံက ပြောသည်။
အဆိုပါညောင်ပင်ရွာရှိ စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများအား ဓါးပြတိုက်ခြင်း၊ PDFအသွင်ယူ၍ ငွေကြေးအတင်းတောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်စက္ကပြောက်ကျား တပ်ဖွဲ့နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဒီဇင်ဘာ ၁၉ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ထနောင်းပင်ရွာဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်များကို နွားထိုးကြီး NPDF အဖွဲ့က ဒရုန်းဖြင့်တစ်ကြိမ်၊ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ကလည်း မောင်းသူမဲ့ လေယာဉ်ငယ်၁စီးဖြင့် ဗုံးသီး၄လုံးအား ၄ ကြိမ်ချကာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

👍41👏6❤1🔥1🥰1
မောင်းသူမဲ့လေယာဥ်ငယ်အား လွှတ်တင်နေသော နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
👍42👏7🔥1🥰1
KNUထံ လက်နက်နှင့်ပူးပေါင်းလာသည့် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦးအား ကျပ်သိန်း ၁၅၀ ပေးအပ်
▪️စစ်ကောင်စီတပ်သားများ KNUနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် ထပ်မံ ဖိတ်ခေါ်ပြီး ပါလာသည့် လက်နက်အပေါ် မူတည်ပြီး ဆုငွေပေးမည်ဟုအသိပေး
မိုးမိုး/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် KNU ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် လက်နက်ခဲယမ်းများ ယူလာပြီး KNU - တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံ လာပူးပေါင်းခြင်းဖြစ်သည်ဟု အသိပေးသည်။
ဒုတပ်ကြပ် ရဲကိုကိုသည် MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နှင့် ၅ ဒသမ ၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာရာ ဒူးပလာယာခရိုင်မှ ထောက်ပံ့ငွေ ကျပ် သိန်း ၁၅၀ ပေးအပ်ခဲ့သည်ဟု ဖော်ပြသည်။
ဒုတပ်ကြပ်ရဲကိုကိုသည် တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်၍ တပ်မှ ကြိုးစားရုန်းထွက်ကာ ပြည်သူ့ ရင်ခွင်ခိုလုံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်းလည်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့်ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ KNUနှင့် ပြည်သူ့ ရင်ခွင်သို့ လာပူးပေါင်းရန် လှိုင်လှဲစွာ ဖိတ်ခေါ်ကြောင်း KNUက ထပ်မံ အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်း ပါက ၎င်းစစ်သားများကို နွေးထွေးစွာ ကြိုဆိုပြီး ရှေ့ဆက်ဘ၀ ရပ်တည်နိုင်ရေးအတွက် KNUက ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း ဖော်ပြခဲ့သည်။
ထို့အတူ ယူဆောင်လာသည့် လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သကဲ့သို့ သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း KNU ဒူးပလာယာခရိုင် တာဝန်ရှိ လူကြီးများ၏ ပြောကြားချက်ကို KNU ဗဟိုက ထုတ်ပြန်သည်။

👍48❤8😁1
(အလင်းဝင်လာသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍22😁1
ထားဝယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
ကျော်ဇော/People's Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force - DGRF (ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နှင့် ဥသြစစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"စစ်ကောင်စီ အင်အား၂၀၊ ၃၀ ခန့်ရှိပြီး အ ပြန်အလှန်ပစ်ခတ်ချိန် ၁၅မိနစ်လောက်ကြာပါတယ်ဗျ"ဟု ဘုရားမဲစစ်ဆေရေးဂိတ်အား တိုက်ခိုက်မှုအခြေအနေကို DGRF မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
တိုက်ခိုက်မှုအတွင်း ပစ်ကွင်းအတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သောကြောင့် တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ဆေးအဖွဲ့၏ အချိန်မှီကုသမှုကြောင့် အသက်ကာ်တင်နိုင်ခဲ့ကာ လက်ရှိတွင် မစိုးရိမ်ရအခြေနေသို့ ရောက်ရှိနေပြီဖြစ်သည်ဟု DGRF က အသိ ပေးသည်။
ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင်ဖြစ်သည့် Dawei Guerrilla Revolutionary Force - DGRF အနေဖြင့် နိုဝင် ဘာလနှင့် ယခု ဒီဇင်ဘာအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ခဲယမ်းများလိုအပ်ချက်ရှိနေသောကြောင့် ထောက်ပံ့ကူညီပေးကြရန် ပြည်သူများအား မေတ္တာရပ်ခံ နှိုးဆော်ထားသည်။
DGRF နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ရက်နှင့် ၄ ရက်တွင် ထားဝယ်နယ်၊ ဇီးကျရွာစစ်ဆေးရေးဂိတ်နှင့် ၎င်းရွာ၌ အသစ်တည်ဆောက်လျှက်ရှိသော စစ်ကောင်စီအကျဥ်ထောင်သစ်မှ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ငန်းများဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သတိပေးတားမြစ်ခဲ့သေးသည်။

👍48👏2🥰1😁1
စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။ (ဓာတ်ပုံ - File Photo)
👍38🔥1👏1