People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍222🔥2
26👍5🔥1👏1
︎​မေးမြန်းခန်း

"စစ်အုပ်စုအတွက်က​တော့ ဘယ်လိုမှအဖက်ဆည်လို့မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ"

NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ကုလသမဂ္ဂမျက်နှာစာတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံများသိရှိအောင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှ ဆက်လက်ပြောကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် ယခင်အတိုင်း ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂမှတဆင့် ဆက်လက်ပြောကြားသွားမည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring - လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

လီလီယန်/People's Spring

မေး - ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရတယ်လို့ Credentials Committee ရဲ့ဆုံးဖြတ်ချက်မှာ တွေ့ရတယ်။ သံအမတ်ကြီးကလည်း People’s Spring ကို အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားနဲ့မှတ်ချက် ပေးပါလား။

ဖြေ - ဒါကသတင်းကောင်းးတစ်ခုပါပဲ။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ရဲ့ သံအမတ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့ Credentials Committee က အတည်ပြုတယ်ဆိုတာက အင်မတန်မှ ကောင်းတဲ့သတင်းတစ်ခုလို့ ပထမဆုံးပြောချင်ပါတယ်။ Credentials Committee ကနေ ကန့်ကွက်မယ့်သူမရှိ၊ မဲခွဲဆုံးဖြတ်တာတောင်မဟုတ်ဘူး။ အရင်အတိုင်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဆက်လက်ထားရှိမယ်ဆိုတာမျိုး အတည်ပြုခဲ့တာပေါ။ အဲဒီမှာဆိုရင်လည်း အင်အားကြီးနိုင်ငံထဲက အမေရိကန်လိုမျိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလိုမျိုး၊ ရုရှားလိုမျိုး တိုင်းပြည်တွေလည်းပါတယ်။ အဲဒီတိုင်းပြည်တွေ အကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိမယ်လို့ ဆုံးဖြတ်တာက အင်မတန်မှ ကောင်းမွန်တဲ့သတင်းကောင်းတစ်ခုပါ။ ရုရှားရော၊ တရုတ်ရောပါတာပေါ့နော်။ ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ဆိုရင်လည်း မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် သံအမတ်က ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုရဲ့အသံကို ပိုမိုပြီး ထိထိရောက်ရောက် ပြောကြားနိုင်မယ့် အနေအထားရှိပါတယ်လို့ သုံးသပ်ပြောကြားချင်ပါတယ်။

မေး - ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့တယ််လို့ သိရတယ်။ ၂၀၂၁ မှာ မအောင်မြင်ခဲ့ဘူး။ ၂၀၂၂ မှာလည်း မအောင်မြင်ခဲ့ဘူး။ အခု ၂၀၂၃ မှာလည်း ဆက်လက်အရေးနိမ့်တယ်၊​ကျရှုံးတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒါက မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ သဘောထားတွေ၊ မူဝါဒတွေကိုထင်ဟပ်ပြီး ပြောကြားနေတဲ့ သံအမတ်ကြီး ကိုယ်စားပြုခွင့်ရတာက စစ်အုပ်စုအတွက် ဘယ်လောက်အထိ ထိုးနှက်ချက်ဖြစ်သွားစေလဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ - စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး။ အားလုံးလည်း မြန်မာပြည်သူတွေ သိတယ်။ သူတို့ဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အုပ်စုတစ်ခု၊​လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ အဲဒါကို နိုင်ငံတကာကလည်း၊ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာ အမြင့်မားဆုံး ကုလသဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဘူးဆိုတာ သူတို့အတွက် အင်မတန်မှ အရှက်ရစရာ၊ ထိခိုက်စရာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခွင့်ရတိုင်း ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာကိုပဲ သူတို့ပဲ အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး ပြပြပြီး ပြောနေတယ်။ အဲဒါဟာ ရှင်းရှင်းပြောရရင် ရှက်စရာကောင်းနေပြီ။ ကုလသမဂ္ဂကိုယ်စားလှယ်တွေက သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက မြန်မာနိုင်ငံ ထဲမှာ humanitatrian assistance လိုမျိုးပေးဖို့၊ သူတို့နဲ့တွေ့တာရှိတယ်။ အဲဒါကိုပဲ
👍263🤮1
သူတို့ကို အသိအမှတ်ပြုသယောင်ယောင်နဲ့ သူတို့က လုပ်တာ။ အဲဒါ လုံးဝမဟုတ်ဘူးဆိုတာ ဒီဆုံးဖြတ်ချက် ပြသလိုက်တာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။

မေး - ပြည်တွင်းမှာဆိုလည်း လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ ၊ စစ်ဆင်ရေးတွေကြောင့် ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ရာနှင့်ချီဆုံးရှုံးတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ပြည်တွင်း စစ်မျက်နှာမှာ စစ်အုပ်စုက အရေးနိမ့်ကျရှုံးနေတာ တွေ့ရတယ်။ အခုလိုအချိန်မှာ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ထပ်ပြီးတော့ ကျရှုံးမှု တစ်ခု၊ ဆုံးရှုံးမှုတစ်ခုပေါ့။ ဒီအပေါ်မှာရော NUG အနေနဲ့ ဘာများ ပြောကြားလိုပါလဲ။

ဖြေ - ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ ထိုးစစ်တွေ ဆင်နွှဲပြီးတော့ အောင်ပွဲတွေ ဆင်နေကြတယ်။ စစ်အုပ်စုရဲ့ဗျူဟာအခြေစိုက် စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၃၀၀ ကျော်ကို အချိန်ကာလ တစ်လကျော်ကျော် နှစ်လအတွင်းမှာ သိမ်းတယ်။ မြို့တွေ သိမ်းတယ်။ ရွာတွေ သိမ်းတယ်။ ဗျူဟာမြောက်တဲ့ မြို့တွေ သိမ်းတယ်။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ သံအမတ်ကြီး၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တာက အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာ၊ စစ်အုပ်စုအတွက် အင်မတန်မှ ဆိုးရွားတဲ့ လက္ခဏာ၊ တော်လှန်ရေး အင်အားစုတွေအတွက် မင်္ဂလာရှိတဲ့ သတင်းလေးပေါ့။ အဲဒီတော့ ဒီဟာက ဒီအချိန်မှာ တော်လှန်ရေး စစ်ရေးကဏ္ဍမှာ အရှိန်အဟုန်တွေမြှင့်တင်ပြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်သူလူထုတွေရဲ့ တော်လှန်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ အခုအချိန်မှာဆိုရင် စစ်အုပ်စုက သူတို့ ခံနေရတာနဲ့ လူတွေကို သတ်တာ ပိုများတယ်။ လေကြောင်းက တိုက်တယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေ မြို့တွေကို မီးရှို့တယ်။ ဒီတစ်လကျော်ကာလအတွင်းမှာ စစ်ရှောင်ဒုက္ခသည် ၅ သိန်းကျော် တိုးလာတယ်။ နောက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ဓာတုလက်နက်တွေ သုံးလာတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ ကလက်စတာဗုံးလို့ခေါ်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ဗုံးတွေ သုံးပြီး လူအမြောက်အများ၊​အရပ်သားအမြောက်အများ သေကြေအောင် လုပ်တာတွေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို သတ်တာတွေ တွေ့ရတယ်။ အဲဒီအချိန်မှာ သံအမတ်ကြီးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမျက်နှာစာမှာ ဒီအဖြစ်မှန်တွေကို တစ်ကမ္ဘာလုံးက သိအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင် ပြောပြခွင့်ရနိုင်တယ် ဆိုတာ တော်လှန်ရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောကြားချင်ပါတယ်။ စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှ အဖက်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။

မေး - ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက သပိတ်အင်အားစုတွေ၊ ပြည်သူတွေက ‘ငါတို့ သံအမတ်၊ ငါတို့ အသံ’ လှုပ်ရှားမှုတွေ၊​ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေက အခုလို သံအမတ်ကြီး ဆက်လက်ရရှိရေးအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့သလဲ။ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးလိုပါလဲ။

ဖြေ - ဒါက အင်မတန်အရေးကြီးဆုံးအချက်ပါ။ သံအမတ်ကြီးဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ်စားပြုတယ်။ မြန်မာပြည်သူလူထုရဲ့ အသံဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီးရဲ့ credentials campaign မှာ တခဲနက် ဦးကျော်မိုးထွန်းသည်သာ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို အတိအလင်းပြောကြားတာ၊ အဲဒါဟာာ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ အဲဒီအသံတွေက ဒီဆုံးဖြတ်ချက်တွေ အပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ကျွန်တော်တို့ အမြဲပြောပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်။ အခုနိုင်ငံတကာမျက်နှာစာမှာရော၊ စစ်ရေးမျက်နှာစာမှာရော၊ ဒီပြည်သူလူထုရဲ့ အင်အားတွေကြောင့် အောင်ပွဲတွေရနေတာ။ အောင်ပွဲတွေ ဆက်လက်ခံပြီးတော့၊ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်ကလည်း မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အမြစ်ဖြုတ်နိုင်မှာ။ အဲဒီကာလသည်လည်း ပြည်သူလူထုရဲ့ ညီညွတ်မှု အင်အား၊ ဟန်ချက်ညီညီနဲ့ဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာ ဖြစ်ရပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။
👍303🥰1🤮1
28👍9🤣2
တပ်စခန်း တစ်ခုသာ ကျန်တော့သည့် မန်တုံမြို့တွင်
စစ်ကောင်စီတပ် ညအချိန်လေကြောင်းမှတိုက်ခိုက်

မိုးမိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ၊ မန်တုံမြို့ကို စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာ ၂၀ရက်ညပိုင်း၌ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၂၀ရက် ည ၁၀နာရီ ၄၈ မိနစ်၊ ၁၀နာရီ ၅၂ မိနစ်တွင် တံတားဦးမှ တိုက်လေယာဉ် ၂စီးက လေကြောင်း တိုက်ခိုက်ခဲ့ပြီး ၁၁နာရီ ၂မိနစ်တွင် Y12 လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို မူမသိရသေးပေ။

မန်တုံတွင် တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မန်တုံအခြေစိုက်​ခြေလျင်
တပ်ရင်း-ခလရ (၁၃၀)တွင် တိုက်ပွဲများပြင်းထန်​နေသည်။ အဆိုပါ ခလရ ၁၃၀ တပ်သည် ဒေသတွင်း တိုက်ပွဲများ၌ လက်နက်ကြီး ပစ်ကူပေးနေသည့်တပ်ဖြစ်သည်။

TNLA က ယ​နေ့ညသတင်းထုတ်ပြန်ရာတွင်လည်း
မန်တုံမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၈)ကြိမ်၊ Y12 လေယာဥ် ဖြင့် (၄၁)ကြိမ်စုစု​ပေါင်းဗုံး ၂၁၁လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း​ဖော်ပြထားသည်။

ထို့အပြင် မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းက မန်တုံမြို့နယ် လွယ်ကန်ကျေးရွာ၊ မန်ဖန်ကျေးရွာ၊ ဆွယ်ဟိန်း ကုမ္ပဏီကုန်းအနီးဝန်ကျင်၊ တာလတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၇၈)ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်းအသိ​ပေးထားသည်

TNLA အနေဖြင့် ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် နမ့်ခမ်းကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး မန်တုံကို အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် ခလရ(၁၃၀) တပ်စခန်းသာ ကျန်တော့သည်ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောကြားထားသည်။

TNLA ကနမ့်ဆန်နှင့် နမ့်ခမ်းကို သိမ်းပိုက်ပြီး​နောင် မန်တုံနှင့် ကွတ်ခိုင်မြို့တို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်​နေခြင်းဖြစ်သည်။
👏28👍22🥰2😡2🤣1
စစ်​ကောင်စီတိုက်ခိုက်မှု​ကြောင့် ပျက်စီး​နေ​သော မန်တုံမြို့ ရှိ​နေအိမ်များနှင့် မန်တုံမြို့ ။ဓါတ်ပုံ-​ရွှေဖီ​မြေ ၊TNLA
👍24😡20😢8🤬3🥰2
ရှမ်းမြောက်တွင် နှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၈ခုနှင့် ပြည်သူ့စစ်စခန်းအချို့ကို KIA တိုက်ခိုက်သိမ်းပိုက်

ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၁၉ရက်မှ ဒီဇင်ဘာ ၂၀ရက်နေ့အတွင်း စစ်ကောင်စီတပ်စခန်း ၈ခုနှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက်သိမ်းယူထားကြောင်း KIA သတင်းပြန်ကြားရေးဌာနကယမန်နေ့(​​ဒီဇင်ဘာ ၂၀) တွင် အသိပေးဖော်ပြသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ချောင်းတံတားတပ်စခန်းကို ဒီဇင်ဘာ ၂၀ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းအပါအဝင် KIAက ရှမ်းမြောက်၌ ဆင်နွှဲခဲ့သည့်စခန်းသိမ်းတိုက်ခိုက်မှု ဖြစ်စဉ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။

နမ့်ခိုင်​ချောင်းတံတားစခန်းတိုက်ခိုက်မှုတွင်ထွက်​ပြေးသွား​သော စစ်သားများလည်းရှိသည်။
"ထွက်ပြေးသွားတဲ့ စကစ တပ်တွေကို ညနေ ၃နာရီအထိ လိုက်လံရှင်းလင်းခဲ့တယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦက People's Spring သို့ ဒီဇင်ဘာ ၂၀ ည​ဦးပိုင်တွင်ပြောသည်။

နမ့်ခိုင်စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း ကွတ်ခိုင်-နမ့်ဖက်ကာကြားရှိ နမ့်ခိုင်ချောင်းတံတားကို KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀) ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂၀ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဖော်ပြသည်။ ယင်းနမ့်ခိုင်တပ်စခန်းသည် စစ်ကောင်စီတပ်များ အချိန်ကာလ ကြာမြင့်စွာ စခန်းချနေသည့်တပ်ဖြစ်
သည်ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက် အခြေအနေများကို ဖော်ပြမထားပေ။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နမ့်ခိုင်ချောင်းတံတားစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း ၊ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ပြီး ထွက်ပြေး စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းခဲ့ကြောင်း ပြောပြသည်။

KIA အနေဖြင့် အောက်တိုဘာ ၁၈ရက်တွင် ကချင်
ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းမှ အစပြု၍ စစ်ကောင်စီတပ်စခန်း များအား တိုက်ခိုက်သိမ်းပိုက်မှုများကချင်နှင့် ရှမ်းမြောက်၌ ခပ်စိပ်စိပ်ပြုလုပ်လာသည်။

အောက်တိုဘာ ၁၉ရက်တွင် ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးဒေသ ဝိန်းလားတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နမ္မတူမြို့နယ် ခမရ(၃၂၄) အထိုင်စခန်း၊ ကွတ်ခိုင်မြို့နယ်တာမိုးညဲဒေသ တက္ကနိုင်း စစ်ကောင်စီစခန်း၊ ကွတ်ခိုင်မြို့နယ် မုံးယားဒေသ နမ့်ဖားရွာ အခြေစိုက် ခမရ(၅၆၇) တပ်စခန်း တို့ကိုလည်း KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ရှမ်းမြောက်ရှိ တပ်စခန်း ၈ခုနှင့် ပြည်သူ့စစ် စခန်းအချို့သိမ်းနိုင်ခဲ့ဟု KIA သတင်းပြန်ကြားရေးက အသိပေးသည်။

KIA နှင့် ပူးပေါင်းတပ်များသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း များနှင့် ပြည်သူ့စစ်စခန်းများ ကိုလည်း တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စစ်ရေးဆောင်ရွက်ချက်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်တပ်များနှင့် ပူးတွဲ ဆောင်ရွက်မှုများလည်းရှိကြောင်း အသိပေးထားသည်။
👏27👍174🥰2🔥1🕊1
နမ့်ခိုင်ချောင်းတံတားတပ်စခန်းကို အ​ဝေးမှ​တွေ့ရစဥ်။
ဓါတ်ပုံ-KIA
👍33👏5
ရက္ခိုင်တွင် အရပ်သားပြည်သူများအား ဖိနှိပ်အနိုင်ကျင့်မှု စစ်ကောင်စီဆက်လက်ပြုလုပ်နေ

ရှိုင်း/People’s Spring

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်နေသည့် ရက္ခိုင်ဒေသများ၌ အရပ်သားပြည်သူများကို ဖိနှိပ်အနိုင်ကျင့်မှုများကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၀ရက် စစ်ရေးအခြေအနေများကိုထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ပြီး ပြည်သူလူထုကို အနိုင်ကျင့်ရန် ဖြတ်လေးဖြတ် ကျင့်သုံးလာနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယမန်နေ့တွင် AA အခြေစိုက်လှုပ်ရှားသည့် ရက္ခိုင်ဒေသအတွင်း ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းနှင့် ပေါက်တောမြို့များ၌ ထိတွေ့တိုက်ပွဲများ ရှိသည်ဟုအသိပေးသည်။

လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင် လျက်သော ရန်သူ့စခန်းကုန်းများရှိရာ နေရာများ အပါအဝင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအတွင်း အကြောင်းမဲ့ လိုက်လံအနှောင့်အယှက်ပေးလျက်ရှိသော ရန်သူ့တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ ကြောင်း ဖော်ပြသည်။

အရပ်သားပြည်သူများအား တိုက်ပွဲများအတွင်းသို့ တမင်ဆွဲသွင်းကာ ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကြသည့် ပေါက်တောမြို့တွင်းတိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေခဲ့ပြီး ရန်သူသည် ရေကြောင်းမှတဆင့် စစ်ကူအင်အားတိုးချဲ့နေသည်ဟု ထုတ်ပြန်သည်။

ပေါက်တောမြစ်ထဲရှိ နန်းတက်ကျွန်း ကျေးရွာအနီး၌ ရပ်နားထားသည့် စစ်ကောင်စီ၏ ကမ်းထိုးယာဉ် (၂)စီးသည် ပေါက်တောမြို့သို့ ဦးတည် မောင်းလာခဲ့ရာမှ လက်နက်ကြီး၊ ငယ်များဖြင့် မြို့ထဲကို ၁၀မိနစ်ခန့် ဒရပ်စပ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ကျောက်ဖြူမြို့စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၄၂) တပ်ရင်းမှ လက်နက်ကြီးဖြင့် (၁၁)ကြိမ်နှင့် ည (၈) နာရီအချိန်ခန့်၌လည်း င/လပွေ့ ရပ်ကွက်၌ စခန်းချထားသော ခမရ (၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် (၈) ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ညပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ခန့်သည် တမင်ရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီးဖြတ်တောက်ပြီးမှ အများပြည်သူ များနေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ ဧည့်စာရင်းကို အကြောင်းပြ၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ရက်က AAနှင့် စစ်ကောင်စီအကြား ရမ်းဗြဲကျွန်းပေါ်၌ ပထမဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ဆက်စပ်၍ ရန်သူသည် အရပ်သားပြည်သူများအား ဖိနှိပ်အနိုင်ကျင့်ရန်အတွက် ဖြတ်လေးဖြတ်ကို ကျင့်သုံးလာနေသည်ဟု ဖော်ပြသည်။

ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများ အပါအဝင် ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွ စသည့် မြိုကြီးများတွင်လည်း စစ်ရေးပြင်ဆင်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ နှင့် အင်အားသုံး အဓမ္မဖမ်းဆီးခြင်းများကို ယခင်ကထက် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေကြောင်း ထုတ်ပြန်သည်။

ပြည်သူလူထု၏ လူနေမှုဘဝများကို တစ်နေ့တစ်ခြား နည်းမျိုးစုံဖြင့် ပြဿနာရှာကာ အင်အားသုံး ဖိနှိပ် ခြိမ်းခြောက် လာနေမှုများသည် စစ်ရေးကို ဆက်လက်ရင်ဆိုင်နိုင်ခြင်းမရှိတော့သည့်အချိန်မျိုးတွင် အာဏာရှင်စစ်တပ်၏ သုံးလေ့ သုံးထရှိသည့် စစ်ရေးထွက်ပေါက်တစ်ခုသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်တောနှင့်ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီဇင်ဘာ ၁၉ရက် ၁၀၂၇ စစ်ဆင်ရေးကို ယမန်နေ့က ဖော်ပြထားသည်။
🤬30👍8💩1😡1
🤬24💩7🖕62👍1🤮1
(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)
🤬16🤣3💩2🖕2
တိုက်ပွဲမဖြစ်ရဘဲ အင်ဂျန်းယန်နှင့် အင်ခါဂါးနယ်မြေ
နှစ်ခုကို KIA သိမ်းပိုက်

ဆန်အောင်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁)
နယ်မြေတွင် တိုက်ပွဲမဖြစ်ရဘဲ စစ်ကောင်စီတပ်များစခန်းစွန့် ထွက်ပြေးသွား၍ နယ်မြေ နှစ် ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါဂါးဒေသ၌ တပ်စွဲအခြေချနေသည့် စစ်ကောင်စီတပ်စခန်း တစ်ခုကတပ်သားများသည် ဒီဇင်ဘာ ၁၉ရက်မနက်အစောပိုင်း၌ တပ်စခန်းကို စွန့်ခွာသွားသည့် သတင်းကို ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ(၁) တပ်ရင်း(၇) နယ်မြေရှိ ပူးပေါင်းတပ်များက အင်ခါဂါးစခန်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန် ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါတပ်စခန်းရှိ စစ်ကောင်စီတပ်များသည် ရိက္ခာ ၊ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များကို ရောင်းချပြီးထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီတပ်များထွက်ပြေးသွားပြီးနောက် KIAနှင့် ပူးပေါင်းတပ်များက အင်ခါဂါး စစ်ကောင်စီစခန်းကိုမီးရှို့ဖျက်ဆီးလိုက်ကြောင်း အသိပေးသည်။

KIA တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းရသည့် စစ်ကောင်စီ နယ်မြေနှစ်ခုထိရှိလာကြောင်းလည်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

နိုဝင်ဘာလ ၂၁ ရက်ကလည်း အင်ဂျန်းယန် မြို့နယ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းစုစု​ပေါင်း စခန်း ၄ ခု စခန်းစွန့်ထွက်ပြေးသွားပြီး စစ်ကောင်စီ လက်အောက်ခံရုံများ၊ ကျောင်းများလည်းပိတ်သိမ်းသွားရာ အင်ဂျန်းယန်မြို့ကို KIO/KIAက ထိန်းချုပ်ထားသည်။ထို​ကြောင့်​​သွေးမစွန်းရဘဲ အင်ဂျန်းယန်မြို့ကို KIA ကသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်တွင်လည်း အင်ခါဂါးနယ်မြေမှစစ်​ကောင်စီတပ်စခန်းမှစစ်သားများထွက်​ပြေးသွားပြီး​နောက် မချမ်း​ဘောမြို့အနီးဝန်းကျင်တွင် စစ်တပ်လက်​အောက်ခံ စခန်းနှင့်ရုံးများ ကျန်၊မကျန်ကိုမူ People's Spring က စုံစမ်း​နေဆဲဖြစ်သည်။
👏27👍186🔥1🥰1