People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍279🥰2🤮2🤣1
ဒီနေ့ဘာဖြစ်ခဲ့လဲ

ဒီနေ့(ဒီဇင်ဘာ ၂၀ ရက်) တစ်ရက်တာအတွင်း "ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို" People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

▪️ကွတ်ခိုင်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ခဲယမ်းများစွာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လိို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နမ့်ဆန်နဲ့ နမ့်ခမ်းမြို့တို့ကို သိမ်းယူပြီးနောက် ကွတ်ခိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ဒီနေ့ညနေပိုင်းမှာ စတင် တိုက်ခိုက်နေတယ်လိို့ သတင်းရင်းမြစ်က ပြောပါတယ်။ ကွတ်ခိုင်မြို့မှ စစ်​ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖုန်းလိုင်းအားလုံးဖြတ်တောက်လိုက်တယ်လို့ ​ဒေသခံအချို့က​​ပြောပါတယ်။

▪️စစ်​ကောင်စီ​လေယာဥ်မှူး​တွေ CDM လုပ်ကြဖို့ဗိုလ်မှူးခိုင်သန့်မိုးတိုက်တွန်း

စစ်​ကောင်စီ​လေယာဥ်မှူးတွေအ​နေနဲ့ အမှားကိုသိပြီး ဂုဏ်သိက္ခာကို အဖက်ဆယ်နိုင်ဖို့ CDM ပြုလုပ်ကြဖို့နဲ့ CDMလုပ်မယ်ဆိုရင် ကရင်နီပြည်နယ် ကြိုက်တဲ့​နေရာမှာ လေယာဥ်က​နေ ခုန်ထွက်(Ejection)ကာပြည်သူနဲ့ပူး​ပေါင်နိုင်တယ်လို့ စစ်​ကောင်စီတပ်​လေယာဥ်​မှူး ဗိုလ်မှူး ခိုင်သန့်မိုးက​ပြောပါတယ်။ ကရင်နီကြားကာလအုပ်ချုပ်​ရေး​ကောင်စီ(IEC)က ဖမ်းဆီးအ​ရေးယူထားတဲ့စစ်ကောင်စီ လေယာဥ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးရဲ့ ထွက်ဆိုချက်ရုပ်သံဖိုင်မှတ်တမ်းသုံးခုကို IEC က မနေ့ ထုတ်ပြန်ခဲ့ပါတယ်။ ကရင်နီပူးပေါင်းတပ်​တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်က ဒီးမော့ဆိုမြို့နယ် ဘုရားဖြူတိုက်ပွဲမှာ K8W တိုက်လေယာဥ်ကို​မောင်းပြီး ဗိုလ်မှူး ခိုင်သန့်မိုးက လေကြောင်းက​နေ စစ်​ကောင်စီအတွက်တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။

▪️‘၀’တပ် UWSP တည်ထောင်ခြင်း (၃၅)နှစ်ပြည့်သို့ NUG ကာကွယ်ရေး သဝဏ်လွှာပို့

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅) နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင် ပြုတ်ကျရေးလက်တွဲလုပ်ဆောင်လိုတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့ ကျရောက်တဲ့ ‘၀’တပ်ဖွဲ့ UWSPရဲ့ နှစ်ပတ်လည် အခမ်းအနားကို ‘၀’တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့ပါတယ်။ လက်ရှိိအချိန်အခါဟာ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းသော ကာလဖြစ်ကာ တနိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာဖြစ်စေပြီး ဖွံ့ဖြိုးမှုနောက်ကျစေတဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျစေရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပေါ်၊ မြေပြန့် နိုင်ငံသားများအားလုံး လက်တွဲ ညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေတဲ့ ကာလဖြစ်တယ်လို့ NUG ကာကွယ်ရေးရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

▪️ဘဏ္ဍာရေးတိုက်စစ်မှာ ပါဝင်နေတဲ့ ပြည်ပရောက် မြန်မာလုပ်သားများကို ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရေး အချိန်ကိုက်ဆောင်ရွက်ခြင်းဟာ ဘဏ္ဍာရေး တိုက်စစ်မှာ တတပ်တအားပါဝင်ခြင်းဖြစ်လို့ နိုင်ငံအသီးသီးသို့ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဖက်ဖက်မှ မရှုမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ သက်ဆိုးရှည်စေရေးနဲ့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ဖို့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ နည်းလမ်းပေါင်းစုံဖြင့် ခေါင်းပုံဖြတ်ရယူဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမိန့်အာဏာဟူသမျှကို တော်လှန်လိုစိတ်ပြင်းပြစွာဖြင့် ဆန့်ကျင်အန်တုခဲ့ကြလို့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ပြန်လည်လွှဲပို့ငွေများဟာ အရင်ကထက် ၁၀ ပုံ ၁ ပုံခန့်သာ အကြမ်းဖက်စစ်ကောင်စီထံသို့ ရောက်ရှိတော့တယ်လို့ NUG က ဆိုပါတယ်။

▪️ပဲခူးတိုင်းမှာ နယ်ထိန်းလေးဦးအပါအဝင် ရဲ ၁၀ ဦး နယ်မြေပြောင်းရွှေ့ခံရလို့ ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းမှ စစ်ကောင်စီ​ရဲ့ နယ်ထိန်းလေးဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး နယ်မြေပြောင်းရွှေ့ခံရလို့ ထွက်ပြေးသွားတယ်လို့ ၎င်းရဲဝန်ထမ်းများနှင့် နီးစပ်သူများက ပြောပါတယ်။ စစ်ကောင်စီရဲ့ ပြောင်းရွှေ့အမိန့်ကြောင့် ထွက်ပြေးသွားသူတွေထဲ မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ ဇော်မျိုးထွန်း(ခ)ကြက်တူရွေး၊ ကျွှဲတဲကုန်းနယ်ထိန်းရဲ ဝင်းသူ၊ သရက်တပင် နယ်ထိန်းရဲ ထွန်းလင်းအောင်နဲ့ အခြားနယ်ထိန်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို သာယာဝတီခရိုင်အတွင်းရှိ မင်းလှအပါအဝင် တာဝန်ကျရာမြို့နယ်များမှ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချစဥ် ဒီဇင်ဘာ ၁၅ ရက်က ထွက်ပြေးသွားကြတာလို့ သိရပါတယ်။
👍321🔥1
▪️မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုထိ ညီနောင်သုံးဖွဲ့ထိန်းချုပ်ထား

ရှမ်းမြောက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။ TNLA ဟာ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း (၁၉)ခုခန့်ကို စစ်ဆင်ရေးတစ်လအကြာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး မနေ့က နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းမြောက်မြားစွာအပြင် လက်နက်ကြီးများနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

▪️ရခိုင်ပြည်နယ် မြို့နယ်သုံးခုမှာ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေ

ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့နယ်များမှာ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မမျှော်မှန်းထားတဲ့ ဆုံးရှုံးမှုအမြောက်အမြားကို ကြုံတွေ့နေရတဲ့ စစ်ကောင်စီအဖို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ မတရားဖမ်းဆီးခြင်းများကို နေရာအနှံ့ နေ့စဉ် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်းတို့ ကျင့်သုံးနေကျ လီဆယ်သတင်းတု၊ သတင်းမှားများနှင့်အတူ နိုင်ငံရေးအောက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်လာနေတယ်လို့ အသိပေးပါတယ်။

▪️ထီးချိုင့်မြို့ကို တစ်လကျော်အတွင်းလေကြောင်းမှ အကြိမ်‌ရေ ၁၅၀ ကျော် စစ်ကောင်စီ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၈ ရက်မှ မနေ့က အထိ ၄၁ ရက်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်ခဲ့မှု အကြိမ်ရေ (၁၅၀) ကျော်ရှိလာပြီလို့ တော်လှန်ရေးအင်အားစုများက ဒီနေ့ထုတ်ပြန်အသိပေးပါတယ်။ မြစ်ကြီနားလေဆိပ်၊ တံတားဦးလေဆိပ်နဲ့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တို့မှ ဂျက်ဖိုက်တာများ၊ Mi-35 ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့တလို့ Tigying Revolution -TR က ဆိုပါတယ်။ အများဆုံးအသုံးပြုခဲ့တဲ့ ဂျက်ဖိုက်တာများမှာ YAK 130၊ K8W၊ A5 အမျိုးအစားများဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မုံရွာ(နမခ)မှ MI-17 ထောက်ပို့ ရဟတ်ယာဉ်၊ MI-2 ရဟတ်ယာဉ်များဖြင့် ခြောက်ကြိမ်ထက်မနည်း မြတောင်ရွာဘက်နဲ့ နီကယ်စက်ရုံများအတွင်းသို့ ကျည်၊ လက်နက်၊ ရိက္ခာများပို့ဆောင်ထားတယ်လို့ သိရပါတယ်။

▪️ဖဲထာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၇၀ တွေ့၊ လက်နက်မျိုးစုံ ၂၈ လက်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း မိုလိုကျိုး(ဖဲထာ)နဲ့ စော်ထာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ မဟာမိတ်တပ်ဖွဲ့များ အပြီးတိုင်သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ ရုပ်အလောင်း ၇၀ ကို တွေ့ရှိတယ်လို့ KNU/KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ နှစ်ပေါင်း (၃၀)ကျော် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ဖဲထာစခန်းကို ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းငယ်မျှသာ ထိခိုက်ဒဏ်ရာရရှိမှုဖြင့် ထွက်ပြေးလွတ်မြောက် သွားနိုင်ဖွယ်ရှိတယ်လို့ အသိပေးပါတယ်။ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးလက်နက်ငယ် မျိုးစုံ ၂၈ လက်နဲ့ ကျည်ခဲယမ်းများ ရရှိခဲ့ပါတယ်။

▪️ထယ်ဘွေးစခန်းတိုက်ပွဲ စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေး

ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မတူပီက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ မတူပီ-ပလက်၀ နယ်စပ်ရှိ ထယ်ဘွေးတပ်စခန်းကို CDF မတူပီ၊ ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF)၊ CDF လောက်တူ၊ CDF မင်းတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့ရာ မနေ့ မနက်ပိုင်းက စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက မတူပီမြို့နယ် ဗန်ကိုင်ရွာနဲ့ လေဆင်ကျေးရွာကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား လေးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪️ဧရာဝတီမြစ်ဘေးရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဧရာဝတီမြစ်ဘေးရှိ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဥ်နှစ်စီးဟာ မတ္တရာမြို့နယ်၊ စုပေါင်းကျွန်းရွာမှာ ကမ်းကပ်ကာ နေရာ ၆ နေရာခွဲ မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် မြစ်ဘေးရှိ မတ္တရာမြို့နယ်၊ ရွှေဘိုးကြီးရွာကို လက်နက်ကြီးများ​ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ထပ်မံမီးတင်ရှို့ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
👍252🔥1
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရက်ပေါင်း (၁၀၀၀) ပြည့်မြောက်တဲ့နေ့အဖြစ် ဒေသတွင်းသပိတ်အင်အားစုများ၊ ကျောင်းသားလူငယ်၊ ပြည်သူလူထု၊ သပိတ်စစ်ကြောင်းအသီးသီးမှ ကော်မတီဝင်တွေနဲ့ပူးပေါင်းချီတက်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
ဝက်လက်ဒေသမှာ (၈၅) ကြိမ်မြောက် ကျောင်းသားနေ့အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နဲ့ ဒေသခံပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။
👍24🔥1
👍17
👍222🔥2
26👍5🔥1👏1