People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
"၀"တပ် UWSP တည်ထောင်ခြင်း (၃၅)နှစ်ပြည့်သို့ NUG ကာကွယ်ရေး သဝဏ်လွှာပို့

▪️စစ်အာဏာရှင်ပြုတ်ကျရေး၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးလက်တွဲလုပ်ဆောင်လိုဟုဖော်ပြ

ထိုက်ထိုက်/People’s Spring

"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅) နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင် ပြုတ်ကျရေးလက်တွဲလုပ်ဆောင်လိုကြောင်း ဖော်ပြထားသည်။

ယနေ့ (ဒီဇင်ဘာ ၂၀ရက်)တွင် ကျရောက်သည့် ၀တပ်ဖွဲ့ UWSP၏ နှစ်ပတ်လည် အခမ်းအနားကို ၀ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်း၌ ကျင်းပခဲ့သည်။

ယနေ့အချိန်အခါသည် စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းသော ကာလဖြစ်ကြောင်း၊ တနိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာဖြစ်စေပြီး ဖွံ့ဖြိုးမှုနောက်ကျစေသည့် စစ်အာဏာရှင်စနစ်ပြုတ်ကျစေရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပေါ်၊မြေပြန့် နိုင်ငံသားများအားလုံး လက်တွဲ ညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေသော ကာလဖြစ်ကြောင်း NUG ကာကွယ်ရေး၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေး ရပ်တည်ချက်များကို လေးစားအသိမှတ်ပြုကြောင်း ဖော်ပြထားပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ယနေ့ကျရောက်သော UWSP တည်ထောင်ခြင်း (၃၅)နှစ် ပြည့်တွင် ဝလူမျိုးများနှင့်တကွ ဝဒေသအတွင်း စုစည်းညီညွတ်စွာနေထိုင်ကြသော လူမျိုးစုများ အားလုံး ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာပြည့်စုံပါစေကြောင်း ဆုတောင်း ထားပြီး ဝစာပေ၊ ယဥ်ကျေးမှု၊ အနုပညာနှင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ဒေသတွင်းရှိ လူမျိုးစုများကိုလည်း ကူညီစောင့်ရှောက်နိုင်ပါစေဟု သဝဏ်လွှာ ၌ ဖော်ပြထားသည်။
👍403🔥1👏1
👍12🔥2
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅) နှစ်ပြည့်အခမ်းအနား ပန်ဆန်း၌ ယနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - WSTV
👍429🔥1
ကွတ်ခိုင်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊လက်နက်ခဲယမ်းများစွာရ

▪️ပူတာအိုဒေသရှိ တပ်စခန်းတစ်ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွား

ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၂၀ရက် နံနက် ၆နာရီတွင် KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက ပြောသည်။

"ထွက်ပြေးသွားတဲ့ စကစတပ်တွေကို ညနေ ၃နာရီအထိ လိုက်လံရှင်းလင်းခဲ့တယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိထားတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

နမ့်ခိုင်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက် အသွယ်မရသေးပေ။

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ဒီဇင်ဘာ ၁၉ရက်တွင် စခန်းမှ အပြီးတိုင်စွန့်ခွာသွားသည်ဟု KNG သတင်းဌာနက ဖော်ပြသည်။

ယင်းစခန်းရုတ်သိမ်းသွားသည့်ဖြစ်စဉ်မှာလည်း အတည်ပြု၍ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၄ခု သည်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စခန်းကို စွန့်ခွာသွားကြသည့် ဖြစ်စဉ်ရှိခဲ့သည်။

KIAသည် အောက်တိုဘာလမှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
👏30👍207🥰2😁1
👏30👍18🔥1🥰1
(ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
😁13👏6👍4
မတ္တရာမြို့နယ်တွင် စစ်တပ်က ဧရာဝတီမြစ်ဘေးရှိ ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ဘေးရှိ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) နံနက် ၂ နာရီခန့်က မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ ရေယာဥ်နှစ်စီးသည် မတ္တရာမြို့နယ်၊ စုပေါင်းကျွန်းရွာတွင်ကပ်၍ နေရာ ၆နေရာခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် မြစ်ဘေးရှိ မတ္တရာမြို့နယ်၊ ရွှေဘိုးကြီးရွာကို လက်နက်ကြီးများ​ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ထပ်မံမီးတင်ရှို့ခဲ့ကြောင်း သိရသည်။

"ရွှေဘိုးကြီးရွာမီးရှို့တာ မနက် ၁၀ ခွဲလောက်က။ ရွာတောင်ပိုင်း ကစရှို့တာ။ မနက်ပိုင်းက လက်နက်ကြီးပစ်ခက်သံ တွေဆက်တိုက်ကြားနေရတယ်။ အခြေနေအသေးစိတ်ကိုတော့ မသိသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုးကြီးကျွန်း‌ပေါ်ရှိ နေအိမ် ၇လုံး‌နှင့် နွားစာတဲ ၂လုံးအား မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ အဆိုပါစစ်ကောင်စီရေယာဥ်မှာ မန္တလေးမြို့ဘက်သို့ ပြန်စုန်ဆင်းသွားကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်သည်ရေကြောင်းအပြင် ကုန်းကြောင်းမှလည်း မကြာခဏဝင်ရောက်နေပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
🤬35👍12😢21
🔥11👍7
မန္တ​လေးမြို့လယ်မှာ အိမ်​ရှေ့ရပ်ထားတဲ့ကားအခိုးခံရ

စန္ဒီ/ People's Spring

မန္တလေးမြို့လယ်ခေါင်မှာ မနေ့ကညနေပိုင်းက နေ့ခင်း
ကြောင်တောင် အိမ်မှာရပ်ထားတဲ့ကားတစ်စီးအခိုးခံလိုက်ရပါတယ်။

​ဒီဇင်ဘာလ ၁၉ ရက် မနေ့ ညနေ ၄ နာရီခွဲခန့်က မန္တလေးမြို့၊ ၃၂ဘီလမ်း၊ ၇၄လမ်းနဲ့ ၇၅ လမ်းကြားက နေအိမ်တစ်လုံးရဲ့ ရှေ့မှာ ရပ်ထားတဲ့ Alphard အဖြူရောင် ကားနံပါတ် 5D-5899ကို အမျိုးသားတစ်ဦးက ခိုးယူမောင်းနှင်သွားတယ်လို့ ကားပိုင်ရှင်က ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ CCTV ရုပ်သံမှတ်တမ်းနှင့်တကွ အသိပေးထားပါတယ်။

"အိမ်ရှေ့မှာထားတဲ့ကျွန်တော့်ကား အခိုးခံရလို့ပါ။ တွေ့မိရင် ဖြစ်ဖြစ် အကြောင်းပြန်ပေးပါ။"လို့ ကားပျောက်သူက​ထေစ်ဘွခ်မှာ ရေးသားအကူအညီ​တောင်းထားပါတယ်။

ဘောင်းဘီတိုပန်းရောင်ခပ်ရင့်ရင့်နဲ့ ခဲရောင်အင်္ကျီလက်ရှည်ဝတ်ထားတဲ့ ခပ်သွယ်သွယ်အမျိုးသားတစ်ဦးဟာ ကားနဲ့မလှမ်းမကမ်းမှာ ဖုန်းပြောရင်း ကားအနားသွားပြီး ကားပေါ်ကိုအလွယ်တကူ တက်ရောက်သွားခဲ့ပါတယ်။

ကားပေါ်ရောက်ပြီး စက္ကန့်၃၀ ခန့်မှာပဲ ကားကိုမောင်းနှင်သွားနိုင်ခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

ပိုင်ရှင်ဟာ အဲဒီကားကိုဝယ်ယူထားတာ ၃ လခန့်သာရှိသေးတာဖြစ်ပြီး ကားရပ်ထားချိန်လော့ချပြီး သော့ဖြုတ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီကားခိုးယူမှုဟာ သော့တူပွားပြီး ခိုးယူခံရတာမျိုးဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

"ဒီကားတွေမှာ တံခါးဖွင့်လို့ရရုံနဲ့
စက်နှိုးဖို့အချိန်နဲနဲလေးနဲ့ ရဖို့မလွယ်ကူပါဘူး
ဒါဟာလမ်းကြုံလုပ်တာမဟုတ် ကြိုတင်စီစဉ်ထားတာ။ အဲ့ကားသော့ တစ်စုံ ခိုးတဲ့သူမှာ အပိုကိုရှိနေလို့ကို အေးဆေးလာယူမောင်းသွားတာမျိုးပဲဖြစ်မယ်။"လို့ ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်။

ကားအခိုးခံရတဲ့နေရာဟာ လူသွားလူလာမပြတ်တဲ့ မြို့လယ်ခေါင်နေရာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁ နာရီခန့်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၆၂ လမ်းနဲ့ ၆၃လမ်းကြားမှာ
လမ်းဘေးရပ်ထားတဲ့ ခွေးဘီလူးကားတစ်စီး အခိုးခံခဲ့ရပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ မန္တလေးမြို့ပေါ်မှာတင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတုန်းက မန္တလေးမြို့လယ်က ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေသားအမြောက်အမြား ပါသွားခဲ့ပါတယ်။
👍30🤬6🔥32
အခိုးခံရ​သောကားကို ကားခိုးသူက ပါကင်ထိုးထားရာမှ ​​မောင်းယူသွားရန်နောက်ဆုတ်​နေစဥ် နှင့် ကားကို​မောင်း၍ ခိုးယူသွားသည်ဆို​သော အမျိုးသား(​အောက်ပုံ) ကို CCTV တွင်​တွေ့ရစဥ်
👍26🤬62🔥2
လွိုင်ကော်ထောင်တွင်း အကျဉ်းသားတွေ ရိက္ခာနဲ့ဆေးဝါးပြတ်လပ်မှု ရင်ဆိုင်နေရ

ဆိုင်းမင်း/People's Spring

မြို့သိမ်းတိုက်ပွဲတစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်တွင်းအခြေအနေဆိုးရွာနေပြီး အကျဉ်းသားတွေ ဆေးဝါးနဲ့ အစားအသောက်ပြတ်လပ်မှုကိုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(MPPN) က ဒီနေ့မှာ အသိပေးပါတယ်။

လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၅၀၀ နီးပါးရှိနေပြီး ထောင်တွင်းအခြေနေဆိုးရွားနေတယ်လို့ MPPN ကဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက် လွိုင်ကော်ထောင်မှာ ကရင်နီတပ်ပေါင်းစုနဲ့ ထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။

စစ်ကောင်စီဟာ ထောင်ကိုခံတပ်သဖွယ်အသုံးပြုနေပြီး အကျဉ်းသားတွေကိုလည်း လူသားဒိုင်းတံဖွယ်အသုံးပြုလာနိုင်ခြေရှိတယ်လို့ MPPN က ပြောပါတယ်။

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ စုံစမ်းချက်အရလည်း အကျဉ်းသားတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအရေးတကြီးလိုအပ်နေတယ်လို့ MPPNရဲ့ အသိပေးချက်မှာထည့်သွင်းဖော်ပြပါတယ်။

လွိုင်ကော်ထောင်မှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ပြီးခဲ့တဲ့ တိုက်ပွဲမှာ ထောင်အာဏာပိုင်အရာရှိ အပါအဝင် ၁၀ ဦးထက်မနည်း ကျခဲ့တယ်လို့ စစ်ကောင်စီအားပေးတယ်လီဂရမ်အချို့ ဖော်ပြကြပါတယ်။
😢30🤬10👍7😡21
လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၅၀၀ နီးပါးရှိနေပြီး ထောင်တွင်းအခြေနေဆိုးရွားနေတယ်လို့ MPPN ကဆိုပါတယ်။
😢36🤬14👍43
ပဲခူးတိုင်းတွင် နယ်ထိန်းလေးဦးအပါအဝင် ရဲ ၁၀ ဦး နယ်မြေပြောင်းရွှေ့ခံရ၍ ထွက်ပြေး

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းမှ စစ်ကောင်စီ​၏ နယ်ထိန်းလေးဦးအပါအဝင် ရဲ တပ်ဖွဲ့ဝင် ၁၀ဦး နယ်မြေပြောင်းရွှေ့ခံရ၍ ထွက်ပြေးသွားကြောင်း ၎င်း ရဲဝန်ထမ်းများနှင့် နီးစပ်သူများက People's Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ၏ ပြောင်းရွှေ့အမိန့်ကြောင့် ထွက်ပြေးသွားသူများတွင် မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ ဇော်မျိုးထွန်း(ခ)ကြက်တူရွေး၊ ကျွှဲတဲကုန်းနယ်ထိန်းရဲ ဝင်းသူ၊ သရက်တပင် နယ်ထိန်းရဲ ထွန်းလင်းအောင်နှင့် အခြားနယ်ထိန်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို သာယာဝတီခရိုင်အတွင်းရှိ မင်းလှအပါအဝင် တာဝန်ကျရာမြို့နယ်များမှ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချစဥ် ဒီဇင်ဘာ ၁၅ ရက်က ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

"မင်းလှက လေးယောက်၊ ပဲခူးအနောက်ခြမ်း ကျန်မြို့နယ်တွေက ရဲခြောက်ယောက်ပါ။ ၁၀ ယောက်မှာ တစ်ယောက်ပြန်အဖမ်းခံရတယ်"ဟု စစ်ကောင်စီလက်အောက်မှ ထွက်ပြေးသွားသည့် နယ်ထိန်းရဲတစ်ဦးနှင့် နီးစပ်သူတစ်ဦးက People's Spring သို့ ပြောသည်။

ထွက်ပြေးသွားသူများအနက် နယ်ထိန်းရဲလေးဦးမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟု စုံစမ်းသိရသော်လည်း ကျန်ရဲခြောက်ဦး၏အခြေအနေကို မသိရသေးပေ။

လွတ်မြောက်နယ်မြေရောက်ရှိသွားသော နယ်ထိန်းရဲများအနက် မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ ဇော်မျိုးထွန်း(ခ)ကြက်တူရွေးမှာ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း People's Spring ၏သတင်းရင်းမြစ်က ပြောသည်။

"ဇော်မျိုးထွန်း(ခ) ကြက်တူရွေးက မိသားစုပါအပါခေါ်သွားတာ"ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ပဲခူးတိုင်းအနောက်ခြမ်းမှ ရဲ၁၀ဦးခန့်ကို စစ်ကောင်စီက ပဲခူးတိုင်းအရှေ့ခြမ်း မုန်းဒေသသို့ ပို့ဆောင်ခဲ့ရာ KNLA၊ PDF ပူးပေါင်းတပ်များ၏ မုန်းမြို့သိမ်းတိုက်ပွဲအတွင်း အားလုံးနည်းပါးသေဆုံးခဲ့​သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂အတွင်းကလည်း စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခံရသော ပဲခူးတိုင်းမှ ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့် တိုက်ပွဲများအတွင်း သေဆုံးခဲ့ဖူးသည်။
🤣34👍16👏31
🤮21💩104👎2
(စစ်ကောင်စီ​၏ လက်ပါးစေ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
💩144🔥2
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရက်ပေါင်း (၁၀၀၀) ပြည့်မြောက်တဲ့နေ့အဖြစ် ဒေသတွင်းသပိတ်အင်အားစုများ၊ ကျောင်းသားလူငယ်၊ ပြည်သူလူထု၊ သပိတ်စစ်ကြောင်းအသီးသီးမှ ကော်မတီဝင်တွေ ပူးပေါင်းချီတက်ခဲ့ကြပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၃နှစ်တာ ကာလအတွင်း ပြည်သူတွေ စိတ်ပင်ပန်းမှုများ ရှိနေခြင်းအပေါ် ခေတ္တပြေပျောက်ဖို့အတွက် သပိတ်စစ်ကြောင်းအသီးသီးမှ တော်လှန်ဖြေဖျော်မှုများအဖြစ် တေးသရုပ်ဖော်အကတွေ၊ တခန်းရပ်ပြဇာတ်တွေလည်း ကပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

ဝက်လက်ဒေသမှာလည်း (၈၅) ကြိမ်မြောက် ကျောင်းသားနေ့အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နဲ့ ဒေသခံပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တွေက တက်ရောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားရဲဘော်လူငယ်တွေနဲ့ မိဘပြည်သူတွေကို ကျောင်းသားနေ့နဲ့သက်ဆိုင်တဲ့ သမိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်တရားလည်း ဟောပြောခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက "အကြပ်အတည်းအားလုံးရဲ့ တရားခံအာဏာရှင်စနစ်ဆိုးနဲ့ အာဏာရူးစစ်အုပ်စုကို အမြစ်ပြတ်တော်လှန်" ခေါင်းစဥ်နဲ့ လက်ရှိတော်လှန်ရေးအခြေအနေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ့် အခြေအနေတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အခြေခံပညာအထွေသပိတ်ကော်မတီဝင်တစ်ဦးက မြေပြင်တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးရှင်းလင်းတင်ပြဆွေးနွေးခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC MYAING ၊ ဝက်လက်ဒေသသပိတ်
👍287🔥1
👍279🥰2🤮2🤣1