စစ်ကိုင်းတိုင်း၌ ဒေသခံများ၏ စပါးခင်းများအား ခိုးယူရိတ်သိမ်းရန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား PDFများ တိုက်ခိုက်
သရဖူ/People's Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ရှိ ဒေသခံပြည်သူများ၏ စပါးခင်းများအား ခိုးယူရိတ်သိမ်းရန် စက်ယန္တားပါယူဆောင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက မိုင်းဆွဲတိုက်ခိုက်ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
ရေဦးမြို့နယ် မုတ်စီကျေးရွာရှိ စပါးခင်းများအား ရိတ်သိမ်းရန်အတွက် အင်အား ၈၀ခန့်ရှ်ိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ သည် စပါးရိတ်သိမ်းစက်တစ်စီးနှင့်အတူ ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"မုတ်စီမှာ စပါးရိတ်ဖို့ လာတာ။ မိုင်းထိသွားတော့
စက်ကြီးကို ရွာထဲမှာထားပြီး ခွေးစစ်ကြောင်းက ပတ်မွှေနေတယ်"ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဒီဇင်ဘာ ၁၆ရက်မှစတင်၍ ဒီပဲယင်းနှင့် ရေဦးမြို့နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းဟု ဒေသခံများကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒီဇင်ဘာလ ၁၇ရက် နေ့လယ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် မုတ်စီ၊ ညောင်လှ၊မူးဆုံ၊ပျော်ဘွယ်၊မစိုးရိမ်၊ပင်စည်၊ အောင်ချမ်းသာနှင့် လတ်တီးကျေးရွာတို့ကို ဝင်ရောက်ပြီး ဒေသခံများ၏နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုများရှိသော်လည်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။
"နည်းဗျူဟာကောင်းတဲ့ ဗိုလ်တကောင်ပါတယ်။ကျန်တာ ပျူစောထီးတွေ"ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

👏27👍20🤣3🔥2
(စစ်ကောင်စီတပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့သော ဒေသတွင်းကာကွယ်ရေး ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
❤30👍5🔥3🥰1👏1
လွှဲပို့ငွေများ စစ်ကောင်စီထံမရောက်ရေး ဘဏ္ဍာရေးတိုက်စစ်၌ ပါဝင်နေသည့် ပြည်ပရောက် မြန်မာလုပ်သားများအားကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်
မောင်မောင်/People’s Spring
စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရန် အချိန်ကိုက်ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေး တိုက်စစ်တွင် တတပ်တအားပါဝင်ခြင်းဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် နိုင်ငံအသီးသီးသို့ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း NUGက ယနေ့ ထုတ်ပြန်သည်။
အဖက်ဖက်က မရှုမလှရှုံးနိမ့်လျက်ရှိသော စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေသော နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရန်အတွက် ယင်း၏အမည်ခံ အလုပ်သမားဝန်ကြီးဌာန၊စစ်ကောင်စီဗဟိုဘဏ်၊ စစ်ကောင်စီထောက် တိုင်ဘဏ်များပူးပေါင်း၍ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနှဲစာအား အတင်းအဓမ္မ ခေါင်းပုံဖြတ်ရယူရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ယခုနှစ် ဩဂုတ် ၃၀ရက် နေ့စွဲဖြင့် ညွှန်ကြားစာထုတ်ပြန်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံ လစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများကို ဖိအားပေးညွှန်ကြားခဲ့ကြောင်း တွေ့ရှိရသည် ဖော်ပြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်မှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အာဏာဟူသမျှကို တော်လှန်လိုစိတ်ပြင်းပြစွာဖြင့် ဆန့်ကျင်အန်တုခဲ့ကြသည့်အတွက် ယခုအခါ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်လွှဲပို့ငွေ များသည် ယခင်ကထက် ၁၀ ပုံ ၁ ပုံခန့်သာ အကြမ်းဖက်စစ်ကောင်စီထံသို့ ရောက်ရှိတော့ကြောင်း လေ့လာသိရှိရသည်ဟု ထုတ်ပြန်သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ စိတ်အားထက်သန်စွာ အာဏာဖီဆန်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိမှု သိသာစွာလျော့နည်းခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ ဆက်လက်ကျူးလွန်နိုင်ရန် အကြပ်အတည်းဆိုက်ရောက်စေခဲ့ကြောင်းလည်း NUG ၏ ထုတ်ပြန်သည်။
ယခုကဲ့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတို့ ကျရာနိုင်ရာအခန်းကဏ္ဍက အကြမ်းဖက် စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရန် အချိန်ကိုက်ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေး တိုက်စစ်တွင် တတပ်တအားပါဝင်ခြင်းဖြစ်ကြောင်း ဖော်ပြကာ ကျေးဇူးတင်ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ဘများနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation - U.S.O)က သတိပေးထားသည်။
စစ်ကောင်စီသည် ပြည်ပသွားရောက်အလုပ်လုပ်ကိုင်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးသည့်အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမည်ဟု ကြေညာထားသည်။
အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job - PJ)နှင့် သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS) အမျိုးအစား ကိုင်ဆောင်ထားသူများ သက်တမ်းတိုးလျှောက်သည့် အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူလာရမည်ဟု ဆိုသည်။
ထို့အပြင် စင်ကာပူရောက်မြန်မာအချို့၏ ပတ်စ်ပိုစ်စာအုပ်များကိုလည်း တားမြစ်ခံထားရသည်ဟု အဆိုပါနိုင်ငံရောက်မြန်မာအချို့က ပြောသည်။

👍47🤮2👏1🤣1🍾1
(ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက်မြန်မာလုပ်သား ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ - Nattaphon Phanphongsanon (YhaYah)/FB)
👍33❤5🤮3🥰1
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ထူထောင်ခြင်း (၃၅)နှစ်မြောက် အခမ်းအနားကို UWSP/UWSA ဗဟိုဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့တွင် ယနေ့ကျင်းပခဲ့ဟု ဝတပ်ဖွဲ့၏ သတင်းဌာန WSTVက ထုတ်ပြန် အသိပေးသည်။
ယနေ့ ဒီဇင်ဘာ ၂၀ရက်တွင် ကျရောက်သော အဆိုပါ ပါတီ ထူထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားသို့ ဝတပ်ဖွဲ့ ခေါင်းဆာင် ဦးပေါက်ယူချန်းနှင့် အဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း အခမ်းအနား ဓာတ်ပုံမှတ်တမ်းများ တွေ့ရသည်။
ဓာတ်ပုံ - WSTV
👍31👏5🔥1
မင်းလှတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၉)ည ၇ နာရီခန့်က မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှ စစ်ကောင်စီ အုပ်ချုပ်ရေးမှူး(ယာယီ)တာဝန်ယူထားသော တင်ဦးဆိုသူအား စမ်းတောင်ကွေ့ကျေးရွာထိပ်တွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတင် သေဆုံးသွားသည်။
"သူဝယ်ထားတဲ့သစ်တွေကို ဆိုင်ကယ်နဲ့သယ်ထုတ်နေတာ။ အဲ့ဆိုင်ကယ်သမားတွေကို စမ်းတောင်ကွေ့မှာ လာစောင့်နေတာ။ မနေ့ညက စမ်းတောင်ကွေ့ဘက်ကို ကိစ္စတခုနဲ့ ခရီးသွားရင်း သူနဲ့တိုးတာ"ဟု စစ်ကောင်စီ ယာယီအုပ်ကြီးအား ပစ်ခတ်မှုအခြေအနေကို မင်းလှ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
ပစ်ခတ်ရှင်းလင်းလိုက်သည့် ယာယီအုပ်ချုပ်ရေးမှူးတင်ဦးသည် တော်လှန်ရေးရဲဘော်များ၏ လှုပ်ရှားသွားလာမှုများအား စစ်ကောင်စီထံ သတင်းပေးခြင်း၊ ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ စခန်းနေရာဟောင်း အား သတင်းပေးခဲ့ရုံသာမက လက်ရှိစခန်းနေရာကိုလည်း သတင်းပေးမှုများ ပြုလုပ်နေသဖြင့် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့သော်လည်း မလိုက်နာသောကြောင့် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင် တင်ဦးဆိုသူသည် စမ်းဘုတ်ကျေးရွာအုပ်ကြီး ဦးရခိုင်အား ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၎င်းကျေးရွာ၏ ယာယီအုပ်ချုပ်ရေးမှူးတာဝန်ကို ယူထားသူလည်း ဖြစ်သည်။

👍36❤10👏3😁1
မဏိပူရ်ပြည်နယ် အကျဥ်းထောင်တွင် အစာငတ်ခံဆန္ဒပြသည့် မြန်မာအမျိုးသမီး ၃၆ ဦး ရိုက်နှက်ခံရ၊ အသက်မပြည့်သေးသူ ကလေးငယ် ၂၀ ကျော်လည်း ဖမ်းဆီးခံထားရ
ယန်းဒီ/People’s Spring
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် မတရားထိန်းသိမ်းခံထားရသည့် မြန်မာအမျိုးသမီး ၃၆ ဦးသည် သတ်မှတ်ရက်တွင်ပြန်လွှတ်ပေးခြင်းမရှိ၍ အစာငတ်ခံဆန္ဒပြခဲ့ရာ ထောင်ဝန်ထမ်းအမျိုးသားများက ပြင်းထန်စွာရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသည့်အမျိုးသမီးများ၏ မိသားစုဝင်အချို့က ပြောသည်။
မဏိပူရ်ပြည်နယ်တွင်နိုင်ငံခြားသားအက်ဥပဒေဖြင့်မြန်မာ
နိုင်ငံသားများ ဖမ်းဆီးခံရကာ ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံအပြီး ဘက်ပေါင်းစုံမှ တောင်းဆိုချက်များကြောင့် ဒီဇင်
ဘာ ၁၅ ရက်တွင် ပြန်လွှတ်ပေးမည်ဟု ထောင်တာ၀န်ရှိသူများက ကတိပြုခဲ့သည်။ သို့သော် ထောင်အာဏာပိုင်များက သတ်မှတ်ရက်တွင် ပြန်လည်လွှတ်ပေးခြင်းမရှိ၍
မတရားဖမ်းဆီးခံ မြန်မာအမျိုးသမီးများက ဒီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်ဆက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ယင်းသို့ဆန္ဒပြမှု မဏိပူရ်ပြည်နယ် ထောင်အာဏာပိုင်များက ညှိနှိုင်းပေးခြင်းမရှိဘဲ နှင်းထူထပ်စွာကျနေသည့်နေရာတွင် အိပ်စက်ခိုင်းကာ ဒီဇင်ဘာ ၁၈ ရက်တွင် ထောင်ဝန်ထမ်းအမျိုးသားများက ရက်စက်ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြောင်း မိသားစုဝင်အချို့က ပြောသည်။ ရိုက်နှက်ခံရသည့် မြန်မာအမျိုးသမီး ၃၆ ဦးရှိပြီး ၎င်းတို့နှင့်အတူ အသက်မပြည့်သေးသည့် ကလေးငယ် ၂၂ ဦးခန့်လည်း ရှိနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ထောင်အမျိုးသားဝန်ထမ်းတွေက ရိုက်တာ၊ အမျိုးသမီးတွေ အတော်လေးအရိုက်ခံရတယ်။ ကျွန်တော့်မိန်းမဆိုလည်း ပါးတွေကို ယောင်ကိုင်းလို့ဗျ။ တချို့ မိန်းကလေးတွေဆို ရိုက်လွန်းလို့ မခံနိုင်တော့လို့ ထမီတွေ ကျွတ်သွားတယ်။ အဲဒီအခါမှ အနားမကပ်တော့ဘဲ မရိုက်တော့တာလို့ ပြောတယ်။ အဲဒီလောက်အထိ ဆိုးရွားတယ်။ အရမ်းပဲ ရက်စက်ကြတယ်” ဟု ရိုက်နှက်ခံရသည့် အမျိုးသမီး တစ်ဦး၏ ခင်ပွန်းဖြစ်သူက ပြောသည်။
မဏိပူရ်မြို့ အမျိုးသမီးအကျဥ်းထောင်တွင် ထိုသို့ ရိုက်နှက်နှိပ်စက်ခံရမှုများကြောင့် အမျိုးသားထိန်းသိမ်းရေးစင်တာရှိ အဆိုပါအမျိုးသမီးများ၏ အမျိုးသား ၃၀ ကျော်ကလည်း ၎င်းတို့၏ မိသားစုဝင်များအတွက် ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်)တွင် အစာငတ်ခံဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အမျိုးသားများ၏ ဆန္ဒပြမှုအပေါ် တာ၀န်ရှိသူများက မည်သို့ တုန့်ပြန်မည်ဆိုသည်ကို မသိရသေးပေ။
အထက်ပါဖြစ်စဥ်များနှင့် ပတ်သက်၍ India For Myanmar အဖွဲ့က အဆိုပါဖြစ်စဥ်များနှင့်ပတ်သက်၍ စာရေးသားပေးပို့ရန် ရှိပြီး အထူးသဖြင့် မတရားထိန်းသိမ်းခံရသူအားလုံးလွတ်မြောက်ရေး၊ မဏိပူရ်ပြည်နယ်အတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး တို့ကို တောင်းဆိုသွားမည်ဟု ယင်းအဖွဲ့မှ Salai Dokhar က ပြောသည်။
“မဏိပူရ်ဝန်ကြီးချုပ်၊ ထောင်အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေကို ပြောချင်တာက လက်ရှိ မြန်မာနိုင်ငံမှာ အသက်လုံခြုံရေးအပါအဝင် ဘေးဒုက္ခများစွာကြုံတွေ့နေရတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရသော်လည်းကောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံ အပေါ်မှာ ပြုမှုကျင့်ကြံသင့်တဲ့ ကျင့်ဝတ်အရသော်လည်းကောင်း၊ အနာဂတ် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဆက်ဆံရေးတွေကို ထောက်ရှုသောအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အပေါ်မှာ မတရားစွတ်စွဲနေမှုတွေကို ရပ်တန့်ပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုတွေ ပေးဖို့နဲ့ တကယ်လို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို မဏိပူရ်ပြည်နယ်မှာ မပေးချင်ဘူးဆိုရင်တောင်မှ နယူးဒေလီမှာ ရှိတဲ့ UNHCR ကို တဆင့်လွှဲပေးခြင်းသော် လည်းကောင်း၊ အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ကို လွှဲပေးခြင်းသော်လည်းကောင်း ကျွန်တော်တို့ကို အမြန်ဆုံးပူးပေါင်းဖို့ ပြောကြားလိုပါတယ်။ အဲဒီလို ပူးပေါင်းနိုင်ဖို့ဆိုရင်လည်း India for Myanmar အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်ဆိုတာ ဒီနေရာကနေ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

🤬41👍7😢7🔥1