ကျောက်ရစ်ရဲစခန်းပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDFများ တိုက်ခိုက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်း ပြန်လာသည့် စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသီးအလုံး ၅၀ နီးပါးချ တိုက်ခိုက် ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- Myaung Special People Defence Force-MSPDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက် နံနက်၆ နာရီခန့်က မြောင်မြို့နယ်၊ သနပ်ကုန်းရွာနှင့် ကျောက်တန်းရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လာသည့် စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက Shar Htoo WAWနည်းပညာသုံး တိုက်ခိုက်ရေး မောင်းသူမဲ့တိုက်ခိုက် ရေးလေယာဥ်ငယ်များဖြင့် Air Bomb (၁၂)လုံး ၊ လက်လုပ် Rocket (၁၂)လုံး ၊ လက်လုပ် (၆၀ မမ ၂၃လုံးတို့အား နံနက် ၁၀ နာရီ၄၅မိနစ်ခန့်အထိ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း MSPDF အဖွဲ့က အသိပေးသည်။
တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း MSPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"အင်အားက ၉၀လောက်ပါတယ်။ ရွာတွေကိုတော့ဘာမှ လုပ်မသွားဘူး။ နှစ်ပတ်တစ်ခါလောက်တော့ ဝင်တယ်။"ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- MSPDF/MSDFနှင့်
မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊အမှတ်(၂) တပ်ရင်း၊ အမှတ်(၃)တပ်ရင်း၊အမှတ်(၈)တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃) တပ်ရင်း၊ချောက် PDF၊ ကျေးရွာတပ်ပေါင်းစု၊ ချင်းတွင်းတပ်ပေါင်းစု(Zone6)၊ MBTT-LDF၊အောင်သပြေညီနောင်(ကျောက်ဆည်)၊ KTTM(GBF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ကျောက်ရစ်စခန်းမှထွက်လာသည့် အင်အား ၄၀ ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို CDSOM 001 ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။

👍38👏10❤1😁1
(စစ်ကောင်စီစစ်ကြောင်းအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - MSPDF)
👍36❤13🔥3👏2
မြိုင်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား PDFများ တိုက်ခိုက်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို ပီပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်)က တွင်းမပျူစောထီးကျေးရွာမှလာသော စစ်ကောင်စီထောက်ပို့ယာဥ်နှင့် စစ်ကြောင်းကို ပီပါမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးနိုင်ပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ကို ဒရုန်းမှတ်တမ်းတွင် တွေ့ရကြောင်း မြိုင်(ပကဖ)အဖွဲ့ကဆိုသည်။
"အဲဒီစစ်ကြောင်းက ဒုတပ်ရင်းမှူးသေဆုံးသွားလို့ တွင်းမပျူရွာမှာ နှစ်ရက်လောက် ရပ်နေတာ။ တပ်ရင်းမှူးဦးစီးပြီး ရှေ့ဆက်ထွက်လာတဲ့အချိန် နှမ်းဆီကန်ရွာထဲဝင်တယ်။ ရွာထဲမှာ ပြည်သူတွေရဲ့စားနပ်ရိက္ခာတွေကို ခိုးယူစားသောက်ပြီး ကင်းတိုထွက်လာတဲ့အချိန် ပီပါမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။"ဟု မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ပခုက္ကူမှ မြိုင်မြို့နယ်အတွင်းရှိ စစ်စခန်းများကို ထောက်ပို့လာသော စစ်ကြောင်းဖြစ်ပြီး မကြာခဏတိုက်ခိုက်ခံနေရ၍ ရှေ့ဆက်မတတ်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။
ထို့အပြင် အဆိုပါစစ်ကြောင်းသည် ဒေသခံပြည်သူများဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ခေါ်ယူခြင်း ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ လက်ဝတ်ရတနာများနှင့် ငွေကြေးဥစ္စာများကို အတင်းလုယူသိမ်းယူခြင်းစသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်း နားစွင့်ပြီး သတိပြုနေထိုင်ကြရန် မြိုင်(ပကဖ)အဖွဲ့က တိုက်တွန်းသည်။
အဆိုပါ မိုင်းစစ်ဆင်ရေးကို မြိုင်(ပကဖ)၊ တပ်ရင်း(၂၊၆၊၇၊၁၇) ၊ မြိုင်(ပကဖ) အဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁)- တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ Myaing Warriors တပ်ဖွဲ့ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့တို့နှင့် KMDF -ကမ္မကာကွယ်ရေးတပ်ဖွဲ့ (ကမ္မတပ်ပေါင်းစု)တို့က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းသည် ပခုက္ကူမြို့မှ ဒီဇင်ဘာ၁၂ ရက်တွင် စတင်ထွက်ရှိလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ လမ်းကြောင်းတလျှောက် နေ့စဥ်တိုက်ခိုက်ခံခဲ့ရသည်။

👍43👏8❤5🤣1
မြိုင်(ပကဖ)အဖွဲ့ဝင် ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ)
❤33👍17👏5🔥1🥰1
▪︎မေးမြန်းခန်း
"ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်"
NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ကုလသမဂ္ဂမျက်နှာစာတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံများသိရှိအောင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှ ဆက်လက်ပြောကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် ယခင်အတိုင်း ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂမှတဆင့် ဆက်လက်ပြောကြားသွားမည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring - လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
လီလီယန်/People's Spring
မေး - ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရတယ်လို့ Credentials Committee ရဲ့ဆုံးဖြတ်ချက်မှာ တွေ့ရတယ်။ သံအမတ်ကြီးကလည်း People’s Spring ကို အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားနဲ့မှတ်ချက် ပေးပါလား။
ဖြေ - ဒါကသတင်းကောင်းးတစ်ခုပါပဲ။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ရဲ့ သံအမတ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့ Credentials Committee က အတည်ပြုတယ်ဆိုတာက အင်မတန်မှ ကောင်းတဲ့သတင်းတစ်ခုလို့ ပထမဆုံးပြောချင်ပါတယ်။ Credentials Committee ကနေ ကန့်ကွက်မယ့်သူမရှိ၊ မဲခွဲဆုံးဖြတ်တာတောင်မဟုတ်ဘူး။ အရင်အတိုင်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဆက်လက်ထားရှိမယ်ဆိုတာမျိုး အတည်ပြုခဲ့တာပေါ။ အဲဒီမှာဆိုရင်လည်း အင်အားကြီးနိုင်ငံထဲက အမေရိကန်လိုမျိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလိုမျိုး၊ ရုရှားလိုမျိုး တိုင်းပြည်တွေလည်းပါတယ်။ အဲဒီတိုင်းပြည်တွေ အကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိမယ်လို့ ဆုံးဖြတ်တာက အင်မတန်မှ ကောင်းမွန်တဲ့သတင်းကောင်းတစ်ခုပါ။ ရုရှားရော၊ တရုတ်ရောပါတာပေါ့နော်။ ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ဆိုရင်လည်း မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် သံအမတ်က ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုရဲ့အသံကို ပိုမိုပြီး ထိထိရောက်ရောက် ပြောကြားနိုင်မယ့် အနေအထားရှိပါတယ်လို့ သုံးသပ်ပြောကြားချင်ပါတယ်။
မေး - ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့တယ််လို့ သိရတယ်။ ၂၀၂၁ မှာ မအောင်မြင်ခဲ့ဘူး။ ၂၀၂၂ မှာလည်း မအောင်မြင်ခဲ့ဘူး။ အခု ၂၀၂၃ မှာလည်း ဆက်လက်အရေးနိမ့်တယ်၊ကျရှုံးတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒါက မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ သဘောထားတွေ၊ မူဝါဒတွေကိုထင်ဟပ်ပြီး ပြောကြားနေတဲ့ သံအမတ်ကြီး ကိုယ်စားပြုခွင့်ရတာက စစ်အုပ်စုအတွက် ဘယ်လောက်အထိ ထိုးနှက်ချက်ဖြစ်သွားစေလဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ - စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး။ အားလုံးလည်း မြန်မာပြည်သူတွေ သိတယ်။ သူတို့ဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အုပ်စုတစ်ခု၊လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ အဲဒါကို နိုင်ငံတကာကလည်း၊ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာ အမြင့်မားဆုံး ကုလသဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဘူးဆိုတာ သူတို့အတွက် အင်မတန်မှ အရှက်ရစရာ၊ ထိခိုက်စရာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခွင့်ရတိုင်း ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာကိုပဲ သူတို့ပဲ အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး ပြပြပြီး ပြောနေတယ်။ အဲဒါဟာ ရှင်းရှင်းပြောရရင် ရှက်စရာကောင်းနေပြီ။ ကုလသမဂ္ဂကိုယ်စားလှယ်တွေက သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက မြန်မာနိုင်ငံ ထဲမှာ humanitatrian

👍45❤4🤣2👏1🤮1
assistance လိုမျိုးပေးဖို့၊ သူတို့နဲ့တွေ့တာရှိတယ်။ အဲဒါကိုပဲ သူတို့ကို အသိအမှတ်ပြုသယောင်ယောင်နဲ့ သူတို့က လုပ်တာ။ အဲဒါ လုံးဝမဟုတ်ဘူးဆိုတာ ဒီဆုံးဖြတ်ချက် ပြသလိုက်တာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။
မေး - ပြည်တွင်းမှာဆိုလည်း လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ ၊ စစ်ဆင်ရေးတွေကြောင့် ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ရာနှင့်ချီဆုံးရှုံးတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ပြည်တွင်း စစ်မျက်နှာမှာ စစ်အုပ်စုက အရေးနိမ့်ကျရှုံးနေတာ တွေ့ရတယ်။ အခုလိုအချိန်မှာ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ထပ်ပြီးတော့ ကျရှုံးမှု တစ်ခု၊ ဆုံးရှုံးမှုတစ်ခုပေါ့။ ဒီအပေါ်မှာရော NUG အနေနဲ့ ဘာများ ပြောကြားလိုပါလဲ။
ဖြေ - ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ ထိုးစစ်တွေ ဆင်နွှဲပြီးတော့ အောင်ပွဲတွေ ဆင်နေကြတယ်။ စစ်အုပ်စုရဲ့ဗျူဟာအခြေစိုက် စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၃၀၀ ကျော်ကို အချိန်ကာလ တစ်လကျော်ကျော် နှစ်လအတွင်းမှာ သိမ်းတယ်။ မြို့တွေ သိမ်းတယ်။ ရွာတွေ သိမ်းတယ်။ ဗျူဟာမြောက်တဲ့ မြို့တွေ သိမ်းတယ်။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ သံအမတ်ကြီး၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တာက အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာ၊ စစ်အုပ်စုအတွက် အင်မတန်မှ ဆိုးရွားတဲ့ လက္ခဏာ၊ တော်လှန်ရေး အင်အားစုတွေအတွက် မင်္ဂလာရှိတဲ့ သတင်းလေးပေါ့။ အဲဒီတော့ ဒီဟာက ဒီအချိန်မှာ တော်လှန်ရေး စစ်ရေးကဏ္ဍမှာ အရှိန်အဟုန်တွေမြှင့်တင်ပြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်သူလူထုတွေရဲ့ တော်လှန်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ အခုအချိန်မှာဆိုရင် စစ်အုပ်စုက သူတို့ ခံနေရတာနဲ့ လူတွေကို သတ်တာ ပိုများတယ်။ လေကြောင်းက တိုက်တယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေ မြို့တွေကို မီးရှို့တယ်။ ဒီတစ်လကျော်ကာလအတွင်းမှာ စစ်ရှောင်ဒုက္ခသည် ၅ သိန်းကျော် တိုးလာတယ်။ နောက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ဓာတုလက်နက်တွေ သုံးလာတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ ကလက်စတာဗုံးလို့ခေါ်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ဗုံးတွေ သုံးပြီး လူအမြောက်အများ၊အရပ်သားအမြောက်အများ သေကြေအောင် လုပ်တာတွေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို သတ်တာတွေ တွေ့ရတယ်။ အဲဒီအချိန်မှာ သံအမတ်ကြီးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမျက်နှာစာမှာ ဒီအဖြစ်မှန်တွေကို တစ်ကမ္ဘာလုံးက သိအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင် ပြောပြခွင့်ရနိုင်တယ် ဆိုတာ တော်လှန်ရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောကြားချင်ပါတယ်။ စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှ အဖက်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
မေး - ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက သပိတ်အင်အားစုတွေ၊ ပြည်သူတွေက ‘ငါတို့ သံအမတ်၊ ငါတို့ အသံ’ လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေက အခုလို သံအမတ်ကြီး ဆက်လက်ရရှိရေးအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့သလဲ။ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးလိုပါလဲ။
ဖြေ - ဒါက အင်မတန်အရေးကြီးဆုံးအချက်ပါ။ သံအမတ်ကြီးဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ်စားပြုတယ်။ မြန်မာပြည်သူလူထုရဲ့ အသံဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီးရဲ့ credentials campaign မှာ တခဲနက် ဦးကျော်မိုးထွန်းသည်သာ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို အတိအလင်းပြောကြားတာ၊ အဲဒါဟာာ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ အဲဒီအသံတွေက ဒီဆုံးဖြတ်ချက်တွေ အပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ကျွန်တော်တို့ အမြဲပြောပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်။ အခုနိုင်ငံတကာမျက်နှာစာမှာရော၊ စစ်ရေးမျက်နှာစာမှာရော၊ ဒီပြည်သူလူထုရဲ့ အင်အားတွေကြောင့် အောင်ပွဲတွေရနေတာ။ အောင်ပွဲတွေ ဆက်လက်ခံပြီးတော့၊ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်ကလည်း မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အမြစ်ဖြုတ်နိုင်မှာ။ အဲဒီကာလသည်လည်း ပြည်သူလူထုရဲ့ ညီညွတ်မှု အင်အား၊ ဟန်ချက်ညီညီနဲ့ဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာ ဖြစ်ရပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

👍46❤9🥰1🤮1🤣1
ညနေခင်းသတင်းလွှာ
ဒီနေ့ (ဒီိဇင်ဘာ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
▪️မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုထိ ညီနောင်သုံးဖွဲ့ထိန်းချုပ်ထား
ရှမ်းမြောက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။ TNLA ဟာ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း (၁၉)ခုခန့်ကို စစ်ဆင်ရေးတစ်လအကြာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး မနေ့က နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းမြောက်မြားစွာအပြင် လက်နက်ကြီးများနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
▪️ရခိုင်ပြည်နယ် မြို့နယ်သုံးခုမှာ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေ
ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့နယ်များမှာ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မမျှော်မှန်းထားတဲ့ ဆုံးရှုံးမှုအမြောက်အမြားကို ကြုံတွေ့နေရတဲ့ စစ်ကောင်စီအဖို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ မတရားဖမ်းဆီးခြင်းများကို နေရာအနှံ့ နေ့စဉ် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်းတို့ ကျင့်သုံးနေကျ လီဆယ်သတင်းတု၊ သတင်းမှားများနှင့်အတူ နိုင်ငံရေးအောက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်လာနေတယ်လို့ အသိပေးပါတယ်။
▪️ထီးချိုင့်မြို့ကို တစ်လကျော်အတွင်းလေကြောင်းမှ အကြိမ်ရေ ၁၅၀ ကျော် စစ်ကောင်စီ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၈ ရက်မှ မနေ့က အထိ ၄၁ ရက်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်ခဲ့မှု အကြိမ်ရေ (၁၅၀) ကျော်ရှိလာပြီလို့ တော်လှန်ရေးအင်အားစုများက ဒီနေ့ထုတ်ပြန်အသိပေးပါတယ်။ မြစ်ကြီနားလေဆိပ်၊ တံတားဦးလေဆိပ်နဲ့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တို့မှ ဂျက်ဖိုက်တာများ၊ Mi-35 ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့တလို့ Tigying Revolution -TR က ဆိုပါတယ်။ အများဆုံးအသုံးပြုခဲ့တဲ့ ဂျက်ဖိုက်တာများမှာ YAK 130၊ K8W၊ A5 အမျိုးအစားများဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မုံရွာ(နမခ)မှ MI-17 ထောက်ပို့ ရဟတ်ယာဉ်၊ MI-2 ရဟတ်ယာဉ်များဖြင့် ခြောက်ကြိမ်ထက်မနည်း မြတောင်ရွာဘက်နဲ့ နီကယ်စက်ရုံများအတွင်းသို့ ကျည်၊ လက်နက်၊ ရိက္ခာများပို့ဆောင်ထားတယ်လို့ သိရပါတယ်။
▪️ဖဲထာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၇၀ တွေ့၊ လက်နက်မျိုးစုံ ၂၈ လက်ရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း မိုလိုကျိုး(ဖဲထာ)နဲ့ စော်ထာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ မဟာမိတ်တပ်ဖွဲ့များ အပြီးတိုင်သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ ရုပ်အလောင်း ၇၀ ကို တွေ့ရှိတယ်လို့ KNU/KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ နှစ်ပေါင်း (၃၀)ကျော် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ဖဲထာစခန်းကို ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းငယ်မျှသာ ထိခိုက်ဒဏ်ရာရရှိမှုဖြင့် ထွက်ပြေးလွတ်မြောက် သွားနိုင်ဖွယ်ရှိတယ်လို့ အသိပေးပါတယ်။ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးလက်နက်ငယ် မျိုးစုံ ၂၈ လက်နဲ့ ကျည်ခဲယမ်းများ ရရှိခဲ့ပါတယ်။
▪️ထယ်ဘွေးစခန်းတိုက်ပွဲ စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေး
ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မတူပီက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ မတူပီ-ပလက်၀ နယ်စပ်ရှိ ထယ်ဘွေးတပ်စခန်းကို CDF မတူပီ၊ ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF)၊ CDF လောက်တူ၊ CDF မင်းတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့ရာ မနေ့ မနက်ပိုင်းက စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက မတူပီမြို့နယ် ဗန်ကိုင်ရွာနဲ့ လေဆင်ကျေးရွာကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား လေးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
▪️ကျောက်ရစ်ရဲစခန်းပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDFများ တိုက်ခိုက်

❤21👍18👏1🤮1
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်း ပြန်လာတဲ့ စစ်ကောင်စီတပ်ကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသီးအလုံး ၅၀ နီးပါးချ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- Myaung Special People Defence Force-MSPDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် မနက်က မြောင်မြို့နယ်၊ သနပ်ကုန်းရွာနဲ့ ကျောက်တန်းရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များက Shar Htoo WAWနည်းပညာသုံး တိုက်ခိုက်ရေး မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဥ်ငယ်များဖြင့် Air Bomb (၁၂)လုံး ၊ လက်လုပ် Rocket (၁၂)လုံး ၊ လက်လုပ် (၆၀)မမ ၂၃လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ MSPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
▪️ချောင်းဦးမြို့ပေါ်ရှိ စစ်အုပ်စုကို ဒေသတွင်း PDFများ သွားရောက်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦးမြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာ ၁၈ ရက်က Shar Htoo Wawနည်းပညာသုံး မောင်းသူမဲ့လေယာဥ်ငယ်များ၊ လေးလက်ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ CDSOM တာဝန်ရှိသူက ပြောပါတယ်။ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

👍37🤮1