ရခိုင်ရှိ မြို့နယ်သုံးခုတွင် စစ်ကောင်စီက အရပ်သားများပစ်မှတ်ထား တိုက်ခိုက်နေ
▪️စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သည့် စစ်ကောင်စီက နိုင်ငံရေးအောက်လုံးများဖြင့် တိုက်ခိုက်လာဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်တောနှင့်ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၉ရက် ၁၀၂၇ စစ်ဆင်ရေး ၅၄ရက်မြောက် တိုက်ပွဲသတင်းများကို အသိပေးရာ၌ ရက္ခိုင်ဒေသ အခြေအနေကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နေ့လည်တွင် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်းမှ MA-7 ဖြင့် သုံးကြိမ် ရမ်းကားပစ်ခတ်ခဲ့၍ မြို့နယ်အတွင်းရှိ ဆင်သေပြင် (မွတ်ဆလင်) ကျေးရွာမြောက်ဘက်၌ လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့သည်ဟု ဖော်ပြသည်။
မောင်တောတွင်လည်း မြို့သူကြီးအခြေစိုက် စစ်ကောင်စီ၏ နခခ (၅) တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ မြို့နယ်အတွင်းရှိ ပန်းတောပြင်ရွာသစ်၏ မြောက်ဘက် ၊ ကံသာယာ (အလယ်)ကျေးရွာ၏ တောင်ဘက် ၊ ကံသာယာ (အထက်)ကျေးရွာ၏ တောင်ဘက် နေရာများ၌ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ် (၁) စီးမှ ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ ၆၀ မမ၊ ၈၁ မမ ဖြင့် လက်နက်ကြီး (၆)လုံးဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ (၅)လုံးမှာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြထားသည်။
ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း မမျှော်မှန်းထားသည့် ဆုံးရှုံးမှုအမြောက်အမြားကို ကြုံတွေ့နေရသည့် စစ်ကောင်စီအဖို့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ မတရားဖမ်းဆီးခြင်းများကို နေရာအနှံ့ နေ့စဉ် လုပ်ဆောင်လာနေသကဲ့သို့ တစ်ဆက်တည်းတွင်ပင် စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်း၏ ကျင့်သုံးနေကျ လီဆယ်သတင်းတု၊ သတင်းမှားများနှင့်အတူ နိုင်ငံရေးအောက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်လာနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား လက်နက်ကြီး၊ ငယ်များအပြင် ရေကြောင်း၊ လေကြောင်းမှ အကြောင်းမဲ့ပစ်ခတ်ခြောက်လှန့်ကာ နေရပ်စွန့်ခွာစေပြီးမှ ၎င်း၏ တပ်ဖွဲ့ဝင် များသည် အရပ်သားပြည်သူများ၏ အိုးအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်းများအား ဆက်တိုက်ကျူးလွန် နေကြကြောင်း ထုတ်ပြန်သည်။

👍26🤬16🔥2👏2
(၂၀၁၆ဖြစ်စဉ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စစ်ကူစေလွှတ်ခဲ့သော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
🤮12🔥5👍3💩3❤1
စစ်ကောင်စီသည် စစ်ရေးအရမယှဉ်နိုင်၍ မူးယစ်ဆေးဝါးနှင့်စွပ်စွဲကာ နိုင်ငံရေးညစ်လုံးဖြင့် တိုက်ခိုက်နေဟု AAထုတ်ပြန်
ရှိုင်း/People’s Spring
စစ်ကောင်စီသည် စစ်ရေးအရအဓိက ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိသည့် အဖွဲ့အစည်းများအား နိုင်ငံရေးအောက်လုံးသုံးကာ ထိုးနှက်တိုက်ခိုက်လေ့ရှိသည့်အတိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)အား သတင်းတု သတင်းမှားများလုပ်ကြံဖန်တီး တိုက်ခိုက်လာကြောင်း AAက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလဆန်းမှစ၍ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ငွေကျပ် ၅၁ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိရာ AA မှအရာရှိ ၃ဦး အပါအဝင် ၆ ဦးကိုပါ ဖမ်းမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AAအဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့သယ်ဆောင်ကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ရောင်းဝယ်နေခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်ချက်အပေါ် AAက ယမန်နေ့တွင် ထုတ်ပြန်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ၏ မီဒီယာများမှ ထုတ်ပြန်သော မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်ပြီး AAအား စွပ်စွဲထားချက်မှာ AAနှင့်လုံး၀ ပတ်သက်မှုမရှိကြောင်း ပြည်သူများအား လေးစားစွာအသိပေးအပ်သည်ဟု ဖော်ပြသည်။
စစ်ကောင်စီသည် ၎င်းတို့ အဓိကကြီးစိုးရာ နေရာများဖြစ်သော နေပြည်တော် ၊ ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်နှင့် ၎င်းတို့ လက်သပ်မွေးထားသည့် ပြည်သူ့စစ်တို့ ကြီးစိုးရာနေရာများ၌ ကျားဖျင်ဟုခေါ်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများကို လုပ်ကိုင်ကြသူများအား လက်ခံထားခြင်း၊ ၎င်းတို့ ကိုယ်တိုင် ဝေစုခွဲယူခြင်း စသည်တို့အပြင် ကျားဖျင်နှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဝေနေမှုများတွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ ဝန်ကြီးများကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။
ယင်းကို ဖုံးဖိရန်အတွက် မြန်မာစစ်တပ်၏ စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများကို ရာထူးဖြုတ်ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်နေရသော စစ်ကောင်စီ မှ AAအား မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကာ စွပ်စွဲပြီး နိုင်ငံရေး အောက်လုံးများဖြင့် တိုက်ခိုက်ရန် ကြိုးစားသောလုပ်ရပ်မှာ သူခိုးက လူပြန်ဟစ်ခြင်းသာဖြစ်သည်ဟု ဖော်ပြသည်။
ယခင်ကာလများကလည်း စစ်ကောင်စီသည် စစ်ရေးအရ မယှဉ်နိုင်သည့် အချိန်တိုင်းတွင် ယခုကဲ့သို့ နိုင်ငံရေးညစ်လုံးများကို သုံးကာ တိုက်ခိုက်ဖူးသည့် သာဓက ရှိခဲ့ဖူးကြောင်း၊ ယခု စွပ်စွဲချက်သည် စစ်ကောင်စီ ၏ လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးညစ်လုံးတစ်ခုသာဖြစ်ကြောင်း AAက ထုတ်ပြန်သည်။
AAသည် စစ်ကောင်စီတပ် အထိနာသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲနေသည့် တပ်ဖွဲ့ဖြစ်ပြီး ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ ကချင် ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိသည်။

👍44🔥6🤬2🤣1
(AAတပ်ဖွဲ့ဝင်များပါဝင်သည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးစွပ်စွဲထားသော ဖမ်းဆီးမိသူများအား ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤣18🔥11👍7
ချောင်းဦးတွင် စစ်တပ်က ကျေးရွာများစစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ရှိ စစ်အုပ်စုကို ဒေသတွင်း PDFများ သွားရောက်တိုက်ခိုက်
အောင်ဇေယျ/People's spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ကျန်ရှိသည့် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။
ချောင်းဦးမြို့နယ်အတွင်း ၉ရက်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအားသိမ်းယူကာ နွားလှည်းများဖြင့် သယ်ဆောင်နေသော စစ်ကောင်စီစစ်ကောင်စီစစ်ကြောင်းအား ဗုံးချတိုက်ခိုက်ရန် သွားရောက်ရာ ဓားစာခံပြည်သူများပါနေ၍ တိုက်ခိုက်ခဲ့ခြင်းမပြုခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၏ တာဝန်ရှိသူက ပြောသည်။
သို့သော် အဆိုပါစစ်ကြောင်းအား ပစ်ကူပေးသည့်အနေဖြင့် ကျေးရွာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် မြို့ပေါ်ကျန်ရှိသည့် ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်သားများအား ဒီဇင်ဘာ ၁၈ ရက်က Shar Htoo Wawနည်းပညာသုံး မောင်းသူမဲ့လေယာဥ်ငယ်များ၊ လေးလက်ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း CDSOM၏ တာဝန်ရှိသူက ပြောသည်။
နေ့လယ် ၁၂ နာရီ မိနစ်၄၀မှ ညနေ၃ နာရီအထိ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးတစ်ခုပါ ပျက်စီးသွားကြောင်း CDSOM အဖွဲ့က အသိပေးသည်။
"သေတဲဲ့သူတွေထဲ စခ လေးကောင်သေတယ်။ ရဲမေ တစ်ဦး သေတယ်။ စခန်းမှူးမိန်းမ မျက်လုံးထိတယ်။"ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်) က ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့၍ ပြည်သူသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို CDSOM 001 Drone Team၊ GTR Drone အဖွဲ့ မြင်းမူ၊ Farmer FRF ချောင်းဦး၊ မြောင်မြို့နယ် ပလဖ၊ Myaung Revolition Force စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းတွင် ဓားစာခံပြည်သူ ၈၀မှ ၁၀၀ကြားအထိပါပြီး စစ်ဝတ်စုံများပါ ဝတ်ဆင်ပေးထားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်း ပြည်သူ ၈,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ဆီနှင့်စားနပ်ရိက္ခာများလိုအပ်နေကြောင်း ချောင်းဦး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

👍49👏4😁1
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo(Myaung)
👍30❤3🔥3👏2🥰1
ထီးချိုင့်မြို့ကို တစ်လကျော်အတွင်း စစ်ကောင်စီ လေကြောင်းမှ အကြိမ်ရေ ၁၅၀ကျော် တိုက်ခိုက်
ဆလိုင်း/People's Spring
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်သည့် နိုဝင်ဘာ၈ရက်မှ ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်) အထိ ၄၁ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှု အကြိမ်ရေ (၁၅၀) ကျော်ရှိလာပြီဟု တော်လှန်ရေးအင်အားစုများက ယနေ့ သတင်းထုတ်ပြန်သည်။
မြစ်ကြီနားလေဆိပ်၊ တံတားဦးလေဆိပ်နှင့် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တို့မှဂျက်ဖိုက်တာများ၊ Mi-35 ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု Tigying Revolution -TR က အသိပေးထုတ်ပြန်သည်။
ထို့အပြင် မုံရွာ(နမခ)မှ MI-17 ထောက်ပို့ ရဟတ် ယာဉ်၊MI-2 ရဟတ်ယာဉ်များဖြင့် ခြောက်ကြိမ်ထက်မနည်း မြတောင်ရွာဘက်နှင့် နီကယ်စက်ရုံများအတွင်းသို့ ကျည်၊လက်နက် ရိက္ခာများ ပို့ဆောင်ထားသည်ဟု အသိပေးထားသည်။
အများဆုံးအသုံးပြုခဲ့သော ဂျက်ဖိုက်တာများ အနေဖြင့် YAK 130၊K8W၊A5 အမျိုးအစားများကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထီးချိုင့်မြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုရှိပြီး ယင်းရပ်ကွက်များအပြင် ဘေးပတ်ဝန်းကျင်ကျေးရွာများကိုလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ၏ နေအိမ်အများအပြား ပျက်စီးသွားပြီဟု ဒေသခံများကပြောသည်။
ထီးချိုင့်မြို့တွင် ယမန်နေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ပေါင် ၅၀၀ဗုံး နှစ်လုံးအပါအဝင် ဂျက်ဖိုက်တာ ခြောက်စင်းဖြင့် ဗုံး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးထောက်ပို့ရဲဘော်များက ပြောသည်။
ထီးချိုင့်မြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊AA၊ABSDF နှင့် PDF တပ်ဖွဲ့များက ပြီးခဲ့သည့်နိုဝင်ဘာ ၈ရက်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။
ဒေသခံများမှာလည်း အနီးဝန်းကျင်ရွာများနှင့် မြို့အချို့၌ သွားရောက်တိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ ၊ မြသိန်းတန်တောင်ပေါ် စခန်း၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားပြီး ဘန်ကာအတွင်းမှ မထွက်တော့ဘဲ လေကြောင်းမှသာ နေ့စဉ်လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၅ရက်က တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDFက သတင်းထုတ်ပြန်ထားသည်။

🤬41👍3❤2😢1
(စစ်ကောင်စီတပ် ပစ်ခတ်တိုက်မှုကြောင့် ထီးချိုင့်မြို့ရှိ နေအိမ်များ မီးလောင်နေသည်ကို ပြီးခဲ့သည့်ရက်ပိုင်များက တွေ့ရစဉ်။ ဓာတ်ပုံ - TR)
😡25🤬9😢4❤1
ထယ်ဘွေးစခန်းတိုက်ပွဲ စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေး
▪️တိုက်ပွဲတွင် CDF မင်းတပ် ရဲဘော်တစ်ဦးကျဆုံး၊ ထွက်ပြေးစစ်ကောင်စီတပ်ဖွဲ့အား ဆက်လက်ရှာဖွေနေဟု မတူပီ CDF အသိပေး
မောင်မောင်/People’s Spring
ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ခွာထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)- မတူပီ က အသိပေး ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက်တွင် မတူပီ - ပလက်၀ နယ်စပ်ရှိ ထယ်ဘွေးတပ်စခန်းကို CDF မတူပီ၊ ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF)၊ CDF လောက်တူ၊ CDF မင်းတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၁၉ရက် နံနက်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ထယ်ဘွေးတပ်စခန်းကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့သည့် ရုပ်သံကိုလည်း CDF မတူပီက ထုတ်ပြန်သည်။
တိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက မတူပီမြို့နယ် ဗန်ကိုင်ရွာနှင့် လေဆင်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား လေးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။
စစ်ရေးပစ်မှတ်မဟုတ်ဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ညပိုင်း စခန်းသိမ်းတိုက်ပွဲတွင် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးကာတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
"မဟာမိတ်တို့နဲ့ အတူတူ ပူးပေါင်းတိုက်စစ်ဆင်ခဲ့သော ထယ်ဘွေးစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း သတင်းနှင့်ထပ်တူ CDF Mindat ရဲဘော်တစ်ဦးကျဆုံးခဲ့ခြင်း သတင်းလည်း ရောက်လာပါတယ်။ ရဲဘော်ရဲ့ အသက်စွန့်ခဲ့သော အောင်မြင်ခြင်းအတွက် ငါတို့လေးမြတ်စွာနဲ့ ကြေကွဲစွာ ဂုဏ်ယူစွာအလေးပြုပါတယ်။ ရဲဘော်ရဲ့တိုက်ပွဲကို အောင်မြင်စွာတိုက်နိုင်ခဲ့သလို ငါတို့လည်း တိုက်ပွဲအားလုံး အောင်မြင်စွာအဆုံးသတ်သည်အထိ တိုက်ပွဲဝင်ပါ့မယ်"ဟု CDF မင်းတပ်က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၉ရက် နံနက် ထယ်ဘွေးစခန်းအား ဝင်ရောက်ချေမှုန်းရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန့်စွန့် ထွက်ခွာသွား၍ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်း၊
လက်ရှိတွင် ထယ်ဘွေးစခန်း၌ CDF မတူပီ အလံ စိုက်ထူထားကြောင်း အသိပေးသည်။
မတူပီမြို့နယ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်နိုင်၍ ပြည်သူများ သတိရှိကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

👏26👍21🤬2😁1
(ထယ်ဘွေးတပ်စခန်းအား ချင်းပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
❤20👍13🔥1👏1
ကျောက်ရစ်ရဲစခန်းပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDFများ တိုက်ခိုက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်း ပြန်လာသည့် စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသီးအလုံး ၅၀ နီးပါးချ တိုက်ခိုက် ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- Myaung Special People Defence Force-MSPDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက် နံနက်၆ နာရီခန့်က မြောင်မြို့နယ်၊ သနပ်ကုန်းရွာနှင့် ကျောက်တန်းရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လာသည့် စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက Shar Htoo WAWနည်းပညာသုံး တိုက်ခိုက်ရေး မောင်းသူမဲ့တိုက်ခိုက် ရေးလေယာဥ်ငယ်များဖြင့် Air Bomb (၁၂)လုံး ၊ လက်လုပ် Rocket (၁၂)လုံး ၊ လက်လုပ် (၆၀ မမ ၂၃လုံးတို့အား နံနက် ၁၀ နာရီ၄၅မိနစ်ခန့်အထိ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း MSPDF အဖွဲ့က အသိပေးသည်။
တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း MSPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"အင်အားက ၉၀လောက်ပါတယ်။ ရွာတွေကိုတော့ဘာမှ လုပ်မသွားဘူး။ နှစ်ပတ်တစ်ခါလောက်တော့ ဝင်တယ်။"ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- MSPDF/MSDFနှင့်
မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊အမှတ်(၂) တပ်ရင်း၊ အမှတ်(၃)တပ်ရင်း၊အမှတ်(၈)တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃) တပ်ရင်း၊ချောက် PDF၊ ကျေးရွာတပ်ပေါင်းစု၊ ချင်းတွင်းတပ်ပေါင်းစု(Zone6)၊ MBTT-LDF၊အောင်သပြေညီနောင်(ကျောက်ဆည်)၊ KTTM(GBF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း ကျောက်ရစ်စခန်းမှထွက်လာသည့် အင်အား ၄၀ ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို CDSOM 001 ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။

👍38👏10❤1😁1