People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
19👍10🔥1👏1
(ရန်လုံကျိုင်းနယ်စပ်ဂိတ်နေရာနှင့် လောက်ကိုင်မြို့တွင် ယနေ့တိုက်ပွဲဖြစ်ပွားနေစဉ်။ဓာတ်ပုံ - File Photo)
👍244🔥1👏1
ထီးချိုင့်မြို့တိုက်ပွဲစစ်ကောင်စီလေကြောင်းအားကိုး၍ခုခံနေ

ဆလိုင်း/People's Spring

ထီးချိုင့်မြို့တွင် ယနေ့(ဒီဇင်ဘာ ၁၉) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးအပါအဝင် ဂျက်
ဖိုက်တာ ၆ စင်းဖြင့် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးထောက်ပို့ရဲဘော်များကပြောသည်။

"ဒီနေ့ ကြုံတာက ပထမဆုံးပဲ။ ဂျက်ဖိုက်တာ၆စင်းအထိလာတာ။ မြစ်ကြီးနားကနေတက်တာ။ မြို့ထဲကို ဗုံးကြဲတာ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ထီးချိုင့်မြို့ပေါ်မှ ကျောက်စေတီဘုရားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မြေပြင်ထိခိုက်မှုကို အသေးစိတ်မသိရှိရကြောင်း စစ်ဘေးရှောင်နေသည့်ဒေသခံများကပြောသည်။

မြေပြင်တိုက်ပွဲ၌အထိနာ၍ လေကြောင်းမှစစ်ကူပေးခြင်းဟု ပြည်သူကာကွယ်ရေးထောက်ပို့ရဲပေါ်တစ်ဦးကပြောသည်။

ထို့အပြင် အတည်မပြုနိုင်သေးသောသတင်းများအရ ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တစ်စင်းသည် KIA၊AAနှင့် PDF တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျက်စီးမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ ‌ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်များကမူ ယင်းသတင်းကို အတည်မပြုနိုင်ဟု​ပြောသည်။

ထီးချိုင့်မြို့မှစစ်ကောင်စီစခန်းများကို KIA၊AA၊ABSDF နှင့် PDF တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်နိုဝင်ဘာလမှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ မြသိန်းတန်​တောင်​ပေါ်စခန်းအပါအဝင် လက်ကျန် အဓိကစစ်စခန်းအနည်းငယ်ကို​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်နိုင်ပါက ထီးချိုင့်မြို့ကို သိမ်းပိုက်၊ထိန်းချုပ်နိုင်ပြီဖြစ်သည်။

ဒီဇင်ဘာ လအတွင်းမှာပင် စစ်​ကောင်စီတပ်က ​ထီးချိုင့်မြို့ကို ​လေ​ကြောင်းတိုက်ခိုက်မှု ​နေစဥ်နီးပါး အကြိမ်​ရေ
ဆယ်နှင့်ချီ၍ အသုံးပြု၍ ​နောက်ဆုံးကျန်နေ​သောစစ်စခန်းများမကျ​စေရန် ​လေ​ကြောင်းကိုသာအားကိုး၍ တိုက်ခိုက်ခုခံနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ ၊ မြသိန်းတန်တောင်ပေါ် စခန်း၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာထဲမှ
မထွက်တော့ဘဲ လေကြောင်းမှသာ နေ့စဉ်လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၁၅ရက် နံနက် ၁၀ နာရီခန့်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံးပြုတိုက်ခိုက်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDFက သတင်းထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်မှာ နမ့်ခမ်းရှိ စခန်းသစ်ကုန်းတိုက်ပွဲ ၊ ပလက်ဝ မြို့နယ် ရှိ တရွန်အိုင်ဗျူဟာကုန်း နှင့် နှုံးဘူးဗျူဟာကုန်းတိုက်ပွဲတို့တွင်လည်း စစ်တပ်ကအထိနာပြီး​နောက် ​လေ​​ကြောင်းမှ ဓါတုဗုံးကြဲ၍ တိုက်ခိုက်ခဲ့သည်။သို့​သော် ဓါတုဗုံးအသုံးပြု ခဲ့​သောထိုစခန်းအားလုံးကို ​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ခဲ့ကြသည်။
👍45🔥7😡7🤬3👏1
စစ်​ကောင်စီတပ် က ထီးချိုင့်မြို့​ပေါ်ရှိ​နေအိမ်များကို မီးရှို့ထား၍ မီး​လောင်ပျက်စီး​နေမှု။ဓါတ်ပုံ-TR
😡51😢7🤬6🔥4👍3🤣3
ဖဲထာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၇၀ လောင်းတွေ့၊ လက်နက်မျိုးစုံ ၂၈လက်ရ

▪️နှစ်(၃၀)ကျော်တပ်စွဲထားသည့် စခန်းကို KNLA၊ KNPPနှင့် ကလလတတို့ပူးပေါင်းတိုက်ခိုက်သိမ်းယူ

မိုးမိုး/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းမိုလိုကျိုး(ဖဲထာ) နှင့် စော်ထာအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်တပ်ဖွဲ့များအပြီးတိုင်သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ ရုပ်အလောင်း ၇၀ကို အသေတွေ့ရှိ သည်ဟု KNU/KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နှစ်ပေါင်း (၃၀)ကျော် တပ်စွဲထားသည့် ဖဲထာစခန်းအား ယခု ဒီဇင်ဘာ ၁၆ရက်ညပိုင်းက KNLA တပ်မဟာ(၅)၊ ကရင်နီအမျိုးသားတိုးတက်ရေးတပ်မတော်(KNPP)နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော်(KNPLF)စစ်သည်တော်ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြသည်။

စခန်းသိမ်းတိုက်ခိုက်ချေမှုန်းမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ အလောင်း ၇၀ လောင်းအသေတွေ့ရှိကာ အနည်းငယ်မျှသာထိခိုက်ဒဏ်ရာရရှိမှုဖြင့် ထွက်ပြေးလွတ်မြောက် သွားနိုင်ဖွယ်ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း တပ်မဟာ(၅) ဘက်က ၅ဦးကျဆုံးကာ ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု အသိပေးသည်။

အဆိုပါတပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးလက်နက်ငယ် မျိုးစုံ ၂၈ လက် နှင့် ကျည်ခဲယမ်းများ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ရရှိခဲ့သည့် လက်နက်များမှာ ၈၁မမစိန်ပြောင်း ၁လက်၊ RPG-7 ၁လက်၊ K-3မော်တာ(၃)လက်၊ K-3 (၁၆)လက် ၊ G-3 ၁ လက်၊ စက်လတ် ၁လက်၊ BKMစက်လတ် ၁လက်၊ အသေးစားစက်လတ် ၁လက်၊ ၆၀မမပြောင်းတို ၁လက်၊ 9မမပစ်စတို(၂)လက် နှင့် ကျည် ခဲယမ်းများစွာ နှင့် မိုင်းများ မိုင်းရှင်းစက်၊ ဆက်သွယ်ရေးစက် နှင့် ဒရုန်းပစ်သေနတ်တို့ဖြစ်သည်ဟု ဖော်ပြသည်။

မိုလိုကျိုးနှင့် စောထတပ်စခန်းများသည် ကရင်-ကရင်နီနယ်စပ် ကရင်အပိုင်တွင်တည်ရှိကာ ၁၉၉၂မှစတင်ကာ (၃၁)နှစ်ကြာမျှ အခိုင်အမာတပ်စွဲထားပြီး ဒေသအတွင်းရှိဌာနေပြည်သူများ ကူးလူးသွားလာသည့်အခါတိုင်းတွင် စားနပ်ရိက္ခာများအဓ္ဓမတောင်းရမ်းစားသောက်ခြင်းနှင့် စစ်ဆေးခြိမ်း‌ခြောက်ခြင်းများပြုလုပ်နေသည့် တပ်များဖြစ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် ခလရ(၅၇)တပ်သားများသည် သံလွင်ကမ်းနားနှင့်အတော်အလှမ်းအကွာ‌ရှိ ကော်ဝေကျိုးတွင်တပ်စွဲထားသည့် ခမရ(၄၄၀)တပ်များနှင့် ပူးပေါင်းသွားသည်ဟုလည်း ဖော်ပြထားသည်။
👍4213👏5😁1
👍3612👏3🥰1😁1
(စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU-Mutraw News)
👍22🥰3👏3😁1
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုထိ ညီနောင်သုံးဖွဲ့ထိန်းချုပ်ထား

▪️မန်တုံတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ကူ ၄၆ကြိမ်ပြုလုပ်၊ မူဆယ်နှင့် ကွတ်ခိုင်သို့ လေကြောင်းမှ စစ်အင်အားဖြည့်

ဝင်းမောင်/People’s Spring

ရှမ်းမြောက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိသို့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေး ၅၄ရက်မြောက် ဒီဇင်ဘာ ၁၉ရက် စစ်ရေးသတင်းများ ကို ထုတ်ပြန်ရာ၌ မူဆယ် (၁၀၅)မိုင် အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းကြီး၊ငယ် စုစုပေါင်း (၁၉)ခုခန့်အား စစ်ဆင်ရေးတစ်လအကြာအပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကာ ဒီဇင်ဘာ ၁၉ရက်တွင် နမ်းခမ်းမြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။

လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာသုံးပြီး စစ်ကောင်စီက ခုခံနေသည့်ကြားမှ အပြတ် အသတ် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

နမ့်ခမ်းမြို့စခန်းသိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပေးဆပ်ရင်းနှီးမှုများစွာ စံချိန်တင်ခဲ့သည့် တိုက်ပွဲဖြစ်သည်ဟု ဖော်ပြသည်။

ယင်းတိုက်ပွဲ၌ TNLAရဲဘော် ၄၉ ဦးကျဆုံးကာ ၁၄၅ ဦး ဒဏ်ရာရခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းမြောက်မြားစွာအပြင် လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့တွင် မန်တုံမြို့ရှိ စစ်ကောင်စီ၏ ခလရ( ၁၃၀)တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူများစွာဖြင့် ခုခံခဲ့ရာ ယမန်နေ့ တစ်ရက်တည်း လေယာဉ် ရဟတ်ယာဉ် စုစုပေါင်း ၄၆ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် မန်တုံတပ်စခန်းမှ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းနှင့် ပန်နင်‌ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် အကြိမ် (၇၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် အထက်ပိန်ပြစ်‌‌ကျေးရွာဘက်သို့ တစ်ကြိမ်နှင့် စလောင်းတောင်ဘက်သို့ တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၁၉ရက်တွင် စစ်ကောင်စီထောက်ပို့လေယာဉ်သည် စစ်အင်အား၊ ရိက္ခာအင်အား ဖြည့်တင်းခြင်းကို မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်း၌ (၂) ကြိမ်နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီစခန်း၌လည်း တစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးလှုပ်ရှားမှုမရှိဘဲ ကျောက်မဲမြို့နယ် ဟူးကွက်ရွာသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသုံး၍ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ် အပါအဝင်လေးဦး ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ်၊ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့ကြောင်း အသိပေးသည်။
👍49👏7🔥2
17👍7👏2🔥1
(မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှေ့၌ တွေ့ရသော ညီနောင်သုံးဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - ညီနောင်မဟာမိတ်သုံးဖွဲ့)
👍40👏4🥰3🔥1
ရခိုင်ရှိ မြို့နယ်သုံးခုတွင် စစ်ကောင်စီက အရပ်သားများပစ်မှတ်ထား တိုက်ခိုက်နေ

▪️စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သည့် စစ်ကောင်စီက နိုင်ငံရေးအောက်လုံးများဖြင့် တိုက်ခိုက်လာဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်တောနှင့်ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၉ရက် ၁၀၂၇ စစ်ဆင်ရေး ၅၄ရက်မြောက် တိုက်ပွဲသတင်းများကို အသိပေးရာ၌ ရက္ခိုင်ဒေသ အခြေအနေကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နေ့လည်တွင် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်းမှ MA-7 ဖြင့် သုံးကြိမ် ရမ်းကားပစ်ခတ်ခဲ့၍ မြို့နယ်အတွင်းရှိ ဆင်သေပြင် (မွတ်ဆလင်) ကျေးရွာမြောက်ဘက်၌ လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့သည်ဟု ဖော်ပြသည်။

မောင်တောတွင်လည်း မြို့သူကြီးအခြေစိုက် စစ်ကောင်စီ၏ နခခ (၅) တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ မြို့နယ်အတွင်းရှိ ပန်းတောပြင်ရွာသစ်၏ မြောက်ဘက် ၊ ကံသာယာ (အလယ်)ကျေးရွာ၏ တောင်ဘက် ၊ ကံသာယာ (အထက်)ကျေးရွာ၏ တောင်ဘက် နေရာများ၌ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ် (၁) စီးမှ ရမ်းဗြဲမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ ၆၀ မမ၊ ၈၁ မမ ဖြင့် လက်နက်ကြီး (၆)လုံးဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ (၅)လုံးမှာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း မမျှော်မှန်းထားသည့် ဆုံးရှုံးမှုအမြောက်အမြားကို ကြုံတွေ့နေရသည့် စစ်ကောင်စီအဖို့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ မတရားဖမ်းဆီးခြင်းများကို နေရာအနှံ့ နေ့စဉ် လုပ်ဆောင်လာနေသကဲ့သို့ တစ်ဆက်တည်းတွင်ပင် စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်း၏ ကျင့်သုံးနေကျ လီဆယ်သတင်းတု၊ သတင်းမှားများနှင့်အတူ နိုင်ငံရေးအောက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်လာနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား လက်နက်ကြီး၊ ငယ်များအပြင် ရေကြောင်း၊ လေကြောင်းမှ အကြောင်းမဲ့ပစ်ခတ်ခြောက်လှန့်ကာ နေရပ်စွန့်ခွာစေပြီးမှ ၎င်း၏ တပ်ဖွဲ့ဝင် များသည် အရပ်သားပြည်သူများ၏ အိုးအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်းများအား ဆက်တိုက်ကျူးလွန် နေကြကြောင်း ထုတ်ပြန်သည်။
👍26🤬16🔥2👏2
🖕11🤮21🤬1
(၂၀၁၆ဖြစ်စဉ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စစ်ကူစေလွှတ်ခဲ့သော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
🤮12🔥5👍3💩31
ဒီဇင်ဘာ ၁၉ ရက် အထိ့ ​တော်လှန်​ရေးတပ်ဖွဲ့​တွေက စစ်​ကောင်စီကိုတိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လာနိုင်တဲ့ မြို့​ပေါင်း ၂၁ မြို့ရှိလာပြီဖြစ်ပါတယ်။​လောက်ကိုင်၊ လွိုင်​ကော်၊ ထီးချိုင့် ၊​ပေါက်​တော၊မန်တုံ၊ကွတ်ခိုင် စတဲ့မြို့​တွေမှာလည်း တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ်။
37👍22🔥2👏2👎1
စစ်ကောင်စီသည် စစ်ရေးအရမယှဉ်နိုင်၍ မူးယစ်ဆေးဝါးနှင့်စွပ်စွဲကာ နိုင်ငံရေးညစ်လုံးဖြင့် တိုက်ခိုက်နေဟု AAထုတ်ပြန်

ရှိုင်း/People’s Spring

စစ်ကောင်စီသည် စစ်ရေးအရအဓိက ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိသည့် အဖွဲ့အစည်းများအား နိုင်ငံရေးအောက်လုံးသုံးကာ ထိုးနှက်တိုက်ခိုက်လေ့ရှိသည့်အတိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)အား သတင်းတု သတင်းမှားများလုပ်ကြံဖန်တီး တိုက်ခိုက်လာကြောင်း AAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလဆန်းမှစ၍ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ငွေကျပ် ၅၁ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိရာ AA မှအရာရှိ ၃ဦး အပါအဝင် ၆ ဦးကိုပါ ဖမ်းမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AAအဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့သယ်ဆောင်ကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ရောင်းဝယ်နေခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ချက်အပေါ် AAက ယမန်နေ့တွင် ထုတ်ပြန်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ၏ မီဒီယာများမှ ထုတ်ပြန်သော မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်ပြီး AAအား စွပ်စွဲထားချက်မှာ AAနှင့်လုံး၀ ပတ်သက်မှုမရှိကြောင်း ပြည်သူများအား လေးစားစွာအသိပေးအပ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ၎င်းတို့ အဓိကကြီးစိုးရာ နေရာများဖြစ်သော နေပြည်တော် ၊ ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်နှင့် ၎င်းတို့ လက်သပ်မွေးထားသည့် ပြည်သူ့စစ်တို့ ကြီးစိုးရာနေရာများ၌ ကျားဖျင်ဟုခေါ်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများကို လုပ်ကိုင်ကြသူများအား လက်ခံထားခြင်း၊ ၎င်းတို့ ကိုယ်တိုင် ဝေစုခွဲယူခြင်း စသည်တို့အပြင် ကျားဖျင်နှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဝေနေမှုများတွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ ဝန်ကြီးများကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

ယင်းကို ဖုံးဖိရန်အတွက် မြန်မာစစ်တပ်၏ စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများကို ရာထူးဖြုတ်ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်နေရသော စစ်ကောင်စီ မှ AAအား မူးယစ်ဆေးဝါးနှင့် ဆက်စပ်ကာ စွပ်စွဲပြီး နိုင်ငံရေး အောက်လုံးများဖြင့် တိုက်ခိုက်ရန် ကြိုးစားသောလုပ်ရပ်မှာ သူခိုးက လူပြန်ဟစ်ခြင်းသာဖြစ်သည်ဟု ဖော်ပြသည်။
ယခင်ကာလများကလည်း စစ်ကောင်စီသည် စစ်ရေးအရ မယှဉ်နိုင်သည့် အချိန်တိုင်းတွင် ယခုကဲ့သို့ နိုင်ငံရေးညစ်လုံးများကို သုံးကာ တိုက်ခိုက်ဖူးသည့် သာဓက ရှိခဲ့ဖူးကြောင်း၊ ယခု စွပ်စွဲချက်သည် စစ်ကောင်စီ ၏ လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးညစ်လုံးတစ်ခုသာဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

AAသည် စစ်ကောင်စီတပ် အထိနာသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲနေသည့် တပ်ဖွဲ့ဖြစ်ပြီး ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ ကချင် ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိသည်။
👍44🔥6🤬2🤣1
🤣14🔥10👍6
(AAတပ်ဖွဲ့ဝင်များပါဝင်သည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးစွပ်စွဲထားသော ဖမ်းဆီးမိသူများအား ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤣18🔥11👍7
ချောင်းဦးတွင် စစ်တပ်က ကျေးရွာများစစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ရှိ စစ်အုပ်စုကို ဒေသတွင်း PDFများ သွားရောက်တိုက်ခိုက်

အောင်ဇေယျ/People's spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ကျန်ရှိသည့် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း ၉ရက်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအားသိမ်းယူကာ နွားလှည်းများဖြင့် သယ်ဆောင်နေသော စစ်ကောင်စီစစ်ကောင်စီစစ်ကြောင်းအား ဗုံးချတိုက်ခိုက်ရန် သွားရောက်ရာ ဓားစာခံပြည်သူများပါနေ၍ တိုက်ခိုက်ခဲ့ခြင်းမပြုခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၏ တာဝန်ရှိသူက ပြောသည်။

သို့သော် အဆိုပါစစ်ကြောင်းအား ပစ်ကူပေးသည့်အနေဖြင့် ကျေးရွာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် မြို့ပေါ်ကျန်ရှိသည့် ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်သားများအား ဒီဇင်ဘာ ၁၈ ရက်က Shar Htoo Wawနည်းပညာသုံး မောင်းသူမဲ့လေယာဥ်ငယ်များ၊ လေးလက်ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း CDSOM၏ တာဝန်ရှိသူက ပြောသည်။

နေ့လယ် ၁၂ နာရီ မိနစ်၄၀မှ ညနေ၃ နာရီအထိ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးတစ်ခုပါ ပျက်စီးသွားကြောင်း CDSOM အဖွဲ့က အသိပေးသည်။

"သေတဲဲ့သူတွေထဲ စခ လေးကောင်သေတယ်။ ရဲမေ တစ်ဦး သေတယ်။ စခန်းမှူးမိန်းမ မျက်လုံးထိတယ်။"ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်) က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့၍ ပြည်သူသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM 001 Drone Team၊ GTR Drone အဖွဲ့ မြင်းမူ၊ Farmer FRF ချောင်းဦး၊ မြောင်မြို့နယ် ပလဖ၊ Myaung Revolition Force စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းတွင် ဓားစာခံပြည်သူ ၈၀မှ ၁၀၀ကြားအထိပါပြီး စစ်ဝတ်စုံများပါ ဝတ်ဆင်ပေးထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်း ပြည်သူ ၈,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ဆီနှင့်စားနပ်ရိက္ခာများလိုအပ်နေကြောင်း ချောင်းဦး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
👍49👏4😁1
👍34👏93🔥1🥰1
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo(Myaung)
👍303🔥3👏2🥰1