တစ်ပတ်ကျော်ကြာငြိမ်သက်ခဲ့သော လောက်ကိုင်တွင် တိုက်ပွဲပြန်ဖြစ်
▪️စစ်ကောင်စီက စတင်ရန်စတိုက်ခိုက်လာဟု MNDAA အသိပေး
-People's Spring
တစ်ပတ်ကျော်ကြာတိုက်ပွဲများငြိမ်သက်ခဲ့သော ကိုးကန့်ဒေသတွင် စစ်ကောင်စီ၏ ရန်စပစ်ခတ် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကိုးကန့်တပ်(MNDAA)က ယနေ့ညပိုင်းတွင် အသိပေး ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းတွင် ဂျက်လေယာဉ်ဖြင့် MNDAA၏ ခံတပ်ကို သုံးကြိမ် တိုင်လာရောက် ဗုံးကြဲစတင်တိုက်ခိုက်ရာမှ ယနေ့တွင် ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်ဟု ထုတ်ပြန်သည်။
ယနေ့နေ့လယ်တွင် စစ်ကောင်စီ၏ရန်စပစ်ခတ်တိုက်ခိုက်မှုအောက်တွင် MNDAAမှ ခုခံအနေဖြင့် တုန့်ပြန်တိုက်ခိုက်လာပြီး နှစ်ဦးနှစ်ဖက်မှ ကိုးကန့်လောက် ရှမ့်ထန်နေရာတကြောတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ နေ့လယ်အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲရှိသည်ဟု ထပ်မံ အသိပေးထားသည်။
ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှစပြီး ကိုးကန့်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်ဟု MNDAAက ဖော်ပြထားသည်။
ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီသည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ MNDAA၏ခံတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာပြီး ညပိုင်းတွင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး MNDAA၏ခံတပ်ကို သုံးကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

👍38❤4🔥3👏2
(ရန်လုံကျိုင်းနယ်စပ်ဂိတ်နေရာနှင့် လောက်ကိုင်မြို့တွင် ယနေ့တိုက်ပွဲဖြစ်ပွားနေစဉ်။ဓာတ်ပုံ - File Photo)
👍24❤4🔥1👏1
ထီးချိုင့်မြို့တိုက်ပွဲစစ်ကောင်စီလေကြောင်းအားကိုး၍ခုခံနေ
ဆလိုင်း/People's Spring
ထီးချိုင့်မြို့တွင် ယနေ့(ဒီဇင်ဘာ ၁၉) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးအပါအဝင် ဂျက်
ဖိုက်တာ ၆ စင်းဖြင့် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးထောက်ပို့ရဲဘော်များကပြောသည်။
"ဒီနေ့ ကြုံတာက ပထမဆုံးပဲ။ ဂျက်ဖိုက်တာ၆စင်းအထိလာတာ။ မြစ်ကြီးနားကနေတက်တာ။ မြို့ထဲကို ဗုံးကြဲတာ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ထီးချိုင့်မြို့ပေါ်မှ ကျောက်စေတီဘုရားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မြေပြင်ထိခိုက်မှုကို အသေးစိတ်မသိရှိရကြောင်း စစ်ဘေးရှောင်နေသည့်ဒေသခံများကပြောသည်။
မြေပြင်တိုက်ပွဲ၌အထိနာ၍ လေကြောင်းမှစစ်ကူပေးခြင်းဟု ပြည်သူကာကွယ်ရေးထောက်ပို့ရဲပေါ်တစ်ဦးကပြောသည်။
ထို့အပြင် အတည်မပြုနိုင်သေးသောသတင်းများအရ ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တစ်စင်းသည် KIA၊AAနှင့် PDF တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျက်စီးမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်များကမူ ယင်းသတင်းကို အတည်မပြုနိုင်ဟုပြောသည်။
ထီးချိုင့်မြို့မှစစ်ကောင်စီစခန်းများကို KIA၊AA၊ABSDF နှင့် PDF တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်နိုဝင်ဘာလမှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ မြသိန်းတန်တောင်ပေါ်စခန်းအပါအဝင် လက်ကျန် အဓိကစစ်စခန်းအနည်းငယ်ကိုတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ပါက ထီးချိုင့်မြို့ကို သိမ်းပိုက်၊ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ဒီဇင်ဘာ လအတွင်းမှာပင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို လေကြောင်းတိုက်ခိုက်မှု နေစဥ်နီးပါး အကြိမ်ရေ
ဆယ်နှင့်ချီ၍ အသုံးပြု၍ နောက်ဆုံးကျန်နေသောစစ်စခန်းများမကျစေရန် လေကြောင်းကိုသာအားကိုး၍ တိုက်ခိုက်ခုခံနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ ၊ မြသိန်းတန်တောင်ပေါ် စခန်း၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာထဲမှ
မထွက်တော့ဘဲ လေကြောင်းမှသာ နေ့စဉ်လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၁၅ရက် နံနက် ၁၀ နာရီခန့်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံးပြုတိုက်ခိုက်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDFက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှာ နမ့်ခမ်းရှိ စခန်းသစ်ကုန်းတိုက်ပွဲ ၊ ပလက်ဝ မြို့နယ် ရှိ တရွန်အိုင်ဗျူဟာကုန်း နှင့် နှုံးဘူးဗျူဟာကုန်းတိုက်ပွဲတို့တွင်လည်း စစ်တပ်ကအထိနာပြီးနောက် လေကြောင်းမှ ဓါတုဗုံးကြဲ၍ တိုက်ခိုက်ခဲ့သည်။သို့သော် ဓါတုဗုံးအသုံးပြု ခဲ့သောထိုစခန်းအားလုံးကို တော်လှန်ရေးအဖွဲ့များကသိမ်းပိုက်ခဲ့ကြသည်။

👍45🔥7😡7🤬3👏1
ဖဲထာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၇၀ လောင်းတွေ့၊ လက်နက်မျိုးစုံ ၂၈လက်ရ
▪️နှစ်(၃၀)ကျော်တပ်စွဲထားသည့် စခန်းကို KNLA၊ KNPPနှင့် ကလလတတို့ပူးပေါင်းတိုက်ခိုက်သိမ်းယူ
မိုးမိုး/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းမိုလိုကျိုး(ဖဲထာ) နှင့် စော်ထာအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်တပ်ဖွဲ့များအပြီးတိုင်သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ ရုပ်အလောင်း ၇၀ကို အသေတွေ့ရှိ သည်ဟု KNU/KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
နှစ်ပေါင်း (၃၀)ကျော် တပ်စွဲထားသည့် ဖဲထာစခန်းအား ယခု ဒီဇင်ဘာ ၁၆ရက်ညပိုင်းက KNLA တပ်မဟာ(၅)၊ ကရင်နီအမျိုးသားတိုးတက်ရေးတပ်မတော်(KNPP)နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော်(KNPLF)စစ်သည်တော်ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြသည်။
စခန်းသိမ်းတိုက်ခိုက်ချေမှုန်းမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ အလောင်း ၇၀ လောင်းအသေတွေ့ရှိကာ အနည်းငယ်မျှသာထိခိုက်ဒဏ်ရာရရှိမှုဖြင့် ထွက်ပြေးလွတ်မြောက် သွားနိုင်ဖွယ်ရှိနိုင်ကြောင်း ထုတ်ပြန်သည်။
ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း တပ်မဟာ(၅) ဘက်က ၅ဦးကျဆုံးကာ ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု အသိပေးသည်။
အဆိုပါတပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးလက်နက်ငယ် မျိုးစုံ ၂၈ လက် နှင့် ကျည်ခဲယမ်းများ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ရရှိခဲ့သည့် လက်နက်များမှာ ၈၁မမစိန်ပြောင်း ၁လက်၊ RPG-7 ၁လက်၊ K-3မော်တာ(၃)လက်၊ K-3 (၁၆)လက် ၊ G-3 ၁ လက်၊ စက်လတ် ၁လက်၊ BKMစက်လတ် ၁လက်၊ အသေးစားစက်လတ် ၁လက်၊ ၆၀မမပြောင်းတို ၁လက်၊ 9မမပစ်စတို(၂)လက် နှင့် ကျည် ခဲယမ်းများစွာ နှင့် မိုင်းများ မိုင်းရှင်းစက်၊ ဆက်သွယ်ရေးစက် နှင့် ဒရုန်းပစ်သေနတ်တို့ဖြစ်သည်ဟု ဖော်ပြသည်။
မိုလိုကျိုးနှင့် စောထတပ်စခန်းများသည် ကရင်-ကရင်နီနယ်စပ် ကရင်အပိုင်တွင်တည်ရှိကာ ၁၉၉၂မှစတင်ကာ (၃၁)နှစ်ကြာမျှ အခိုင်အမာတပ်စွဲထားပြီး ဒေသအတွင်းရှိဌာနေပြည်သူများ ကူးလူးသွားလာသည့်အခါတိုင်းတွင် စားနပ်ရိက္ခာများအဓ္ဓမတောင်းရမ်းစားသောက်ခြင်းနှင့် စစ်ဆေးခြိမ်းခြောက်ခြင်းများပြုလုပ်နေသည့် တပ်များဖြစ်သည်ဟု ထုတ်ပြန်သည်။
အဆိုပါတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် ခလရ(၅၇)တပ်သားများသည် သံလွင်ကမ်းနားနှင့်အတော်အလှမ်းအကွာရှိ ကော်ဝေကျိုးတွင်တပ်စွဲထားသည့် ခမရ(၄၄၀)တပ်များနှင့် ပူးပေါင်းသွားသည်ဟုလည်း ဖော်ပြထားသည်။

👍42❤13👏5😁1
(စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU-Mutraw News)
👍22🥰3👏3😁1
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတစ်ခုထိ ညီနောင်သုံးဖွဲ့ထိန်းချုပ်ထား
▪️မန်တုံတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ကူ ၄၆ကြိမ်ပြုလုပ်၊ မူဆယ်နှင့် ကွတ်ခိုင်သို့ လေကြောင်းမှ စစ်အင်အားဖြည့်
ဝင်းမောင်/People’s Spring
ရှမ်းမြောက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိသို့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးသည်။
၁၀၂၇ စစ်ဆင်ရေး ၅၄ရက်မြောက် ဒီဇင်ဘာ ၁၉ရက် စစ်ရေးသတင်းများ ကို ထုတ်ပြန်ရာ၌ မူဆယ် (၁၀၅)မိုင် အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းကြီး၊ငယ် စုစုပေါင်း (၁၉)ခုခန့်အား စစ်ဆင်ရေးတစ်လအကြာအပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကာ ဒီဇင်ဘာ ၁၉ရက်တွင် နမ်းခမ်းမြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။
လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာသုံးပြီး စစ်ကောင်စီက ခုခံနေသည့်ကြားမှ အပြတ် အသတ် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
နမ့်ခမ်းမြို့စခန်းသိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပေးဆပ်ရင်းနှီးမှုများစွာ စံချိန်တင်ခဲ့သည့် တိုက်ပွဲဖြစ်သည်ဟု ဖော်ပြသည်။
ယင်းတိုက်ပွဲ၌ TNLAရဲဘော် ၄၉ ဦးကျဆုံးကာ ၁၄၅ ဦး ဒဏ်ရာရခဲ့သည်။
တိုက်ပွဲအတွင်း ရန်သူဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းမြောက်မြားစွာအပြင် လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။
ယမန်နေ့တွင် မန်တုံမြို့ရှိ စစ်ကောင်စီ၏ ခလရ( ၁၃၀)တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူများစွာဖြင့် ခုခံခဲ့ရာ ယမန်နေ့ တစ်ရက်တည်း လေယာဉ် ရဟတ်ယာဉ် စုစုပေါင်း ၄၆ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
ထို့ပြင် မန်တုံတပ်စခန်းမှ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် အကြိမ် (၇၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် အထက်ပိန်ပြစ်ကျေးရွာဘက်သို့ တစ်ကြိမ်နှင့် စလောင်းတောင်ဘက်သို့ တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ဒီဇင်ဘာ ၁၉ရက်တွင် စစ်ကောင်စီထောက်ပို့လေယာဉ်သည် စစ်အင်အား၊ ရိက္ခာအင်အား ဖြည့်တင်းခြင်းကို မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်း၌ (၂) ကြိမ်နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီစခန်း၌လည်း တစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးလှုပ်ရှားမှုမရှိဘဲ ကျောက်မဲမြို့နယ် ဟူးကွက်ရွာသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသုံး၍ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ် အပါအဝင်လေးဦး ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ်၊ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့ကြောင်း အသိပေးသည်။

👍49👏7🔥2
(မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှေ့၌ တွေ့ရသော ညီနောင်သုံးဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - ညီနောင်မဟာမိတ်သုံးဖွဲ့)
👍40👏4🥰3🔥1