People's Spring
✔
58.3K subscribers
73.9K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Media is too big
VIEW IN TELEGRAM
😱16🔥3👍1👏1😢1
ICJ စီရင်ချက်လက်မခံဖို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတုဖန်တီး ဖြန့်ဝေ

နိုဝင်ဘာ ၂၇၊၂၀၂၆။ ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် ထွက်လာတယ်လို့ အသံတုနဲ့ဖန်တီးထားတဲ့ အသံဖိုင်ကို စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ နိုဝင်ဘာ ၂၇ရက်က ဖြန့်ဝေနေပါတယ်။

အဲဒီ အသံဖိုင်တုမှာ ICJ စီရင်ချက် လက်မခံဘဲ ညီညွတ်ရမယ် ၊ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းရမယ်စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ပုံစံ အသံတုကို AI နည်းပညာနဲ့ အသုံးပြု ဖန်တီးဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။

အဲဒီလို အာဏာသိမ်းစစ်တပ်ဘက်က အသံဖိုင်တု ဖြန့်ဝေလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြန်လည်ရှင်းလင်းခဲ့ပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ အသံဖိုင်ကို စစ်ဆေးလေ့လာကြည့်ရာမှာ AI မှန်းမရိပ်မိအောင် သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်နေတာတွေ့ရကြောင်း အသိပေးပါတယ်။

အရင်ကလည်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် အသုံးပြု ဝါဒဖြန်ခဲ့တာမျိုးရှိပြီး ဒီတခါကတော့ အရင်လို အသံတုမျိုးမဟုတ်ဘဲ သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်အောင် လုပ်ဆောင်ထားတာလို့ဆိုပါတယ်။

အသံဖိုင် အတု ၂ခု မှာ တစ်ခုက တီးလုံးပါပြီး နောက်တစ်ခုက တီးလုံး မပါကြောင်း ရှင်းပြပါတယ်။

တီးလုံးပါတဲ့ အသံဖိုင်မှာ နောက်ခံတီးလုံးက AI အသံ (အဖြတ်အတောက်၊ စက်သံ )ကို ဖုံးဖို့အတွက် သေသေချာချာညှိပြီး ထည့်ထားတာလို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

ရပ်တန့်ချိန်များ တစ်ပုံစံတည်း ဖြစ်နေတာကို ဦးနေဘုန်းလတ်က ထောက်ပြထားပြီး ၂ မိနစ်နဲ့ ၃၇ စက္ကန့် အတွင်း စကားရပ်တဲ့အကြိမ် ၅၇ ကြိမ်ရှိကြောင်း၊ အားလုံးနီးပါးက ၀ဒသမ ၃ စက္ကန့်ဝန်းကျင်မှာပဲ တစ်သမတ်တည်း ဖြစ်နေကာ ၈၉ ရာခိုင်နှုန်း ဆက်တိုက်ပြောသွားကြောင်း ရှင်းပြပါတယ်။

“ ဒါက AI Text-to-Speech ရဲ့ ပုဒ်ဖြတ်ရပ်တန့်ပုံ လက္ခဏာပါ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စကားတစ်ကြောင်းနဲ့တစ်ကြောင်းကြား ရပ်လိုက်တိုင်း လူအစစ်အသံသွင်းရင် ကျန်နေတတ်တဲ့ အခန်းသံ၊ မိုက်ခရိုဖုန်းသံ လုံးဝမရှိဘဲ ရပ်တန့်ချိန် `၃၀ ဒသမ ၈ရာခိုင်နှုန်းဟာ လုံးဝအသံတိတ် (digital zero နီးပါး) အထိ ပြတ်ကျသွားကြောင်း ရှင်းပြထားပါတယ်။

ဒါ့အပြင် အသက်ရှူသံမပါဘဲ စက်သံလက္ခဏာ ပါနေခြင်းကြောင်းလည်းရှင်းပြပါတယ်။ စကားစပြောခါနီး ၄၇ နေရာကို စစ်ကြည့်ရာမှာ အသက်ရှူသံလက္ခဏာ မရှိသလောက်ဖြစ်ပြီး ဝါကျအဆုံးတွေနဲ့ သရသံရှည်တွေမှာ ချောမွေ့လွန်းတဲ့ TTS စက်သံနဲ့ တစ်သမတ်တည်း စည်းချက်ကို သိသိသာသာ ကြားရကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားအကျဉ်းချခံထားရဆဲ အခြေအနေကိုလည်း ဦးနေဘုန်းလတ်က ထောက်ပြထားပါတယ်။

“ နောက်ဆုံးအနေနဲ့ သတိပြုသင့်တာကတော့ လက်ရှိအခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းချခြင်းကိုခံထားရဆဲဖြစ်ပြီး အခုလို အသံနဲ့ ပြည်သူလူထုကို စကားပြောနိုင်တဲ့ အခြေအနေမျိုး မှာ မဟုတ်ဘူးဆိုတာပါပဲ။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

နောက်ပိုင်း AI တွေဟာ ပိုမိုတိုးတက်လာဦးမှာဖြစ်တဲ့အပြင် အကြမ်းဖက်စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုကို သတင်းတု၊ သတင်းမှားတွေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဦးမှာမို့ အထူးသတိထားကြဖို့ လည်း ဦးနေဘုန်းလတ်က သတိပေးပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အာဏာသိမ်းစစ်အုပ်စုဟာ ICJ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အမှုတွဲဖို့ ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောပြထားပါတယ်။ ICJ စီရင်ချက်ဟာ ကျူးလွန်တဲ့ စစ်အုပ်စုကို အရေးယူဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့ စစ်အုပ်စုက ပြည်သူတွေကို အမှုတွဲဖို့ ကြိုးစားနေတာလို့ ဝန်ကြီးက ပြောပါတယ်။

“ပြစ်မှုထင်ရှားနေတယ်ဘယ်သူက ကျူးလွန်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားကို မင်းတို့နဲ့လည်းဆိုင်တယ် ဒီဟာကျတော့မှ ပေါ့နော် “လို့ ဒေါ်ဇင်မာအောင်က စစ်တပ်က လူထုကို အမှုတွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ရှင်းလင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှုအပေါ်၊ လူသားဆန်မှုအပေါ် ရပ်တည်ဖို့ သာအရေးကြီးတယ်လို့ လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။
🤬30❤4🤮4👍1👎1🔥1😁1🤔1🖕1
👍21😁3🤮3🤣1🖕1
KTLA ရဲဘော် ၂၄ဦး လက်နက်တွေနဲ့ KNLA တပ်မဟာ(၉)ထံ အလင်းဝင်

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဗိုလ်စောထီးမူးဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၉) တပ်ရင်း(၁၂)ထံသို့ လက်နက်ချအလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ရက်မှာ ဗိုလ်စောထီးမူးနဲ့ KTLA တာဝန်ရှိသူတွေ၊ တပ်ခွဲ ၂ခု အပါအဝင် တပ်သား စုစုပေါင်း ၂၄ဦး ဟာ လက်နက် ၁၈လက်နဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

“ကျနော်တို့က ကော်လာဖိုး(KTLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ကော်လာဖိုး)ကို ရှင်းဖို့အတွက် စစ်ဆင်ရေးတွေလုပ်တော့ သူတို့ရဲ့ လမ်းတွေအကုန်လုံးပိတ်ဆို့တာပေါ့။ အဲဒါကို သူတို့လည်း ရိက္ခာတွေပြတ်တယ်။ ထွက်ပေါက်လည်းမရှိတော့ဘူး သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်က သူတို့ ပြန်ပြီး အလင်းဝင်တဲ့ပုံစံပဲ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က KTLA တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောပါတယ်။

အကယ်၍ အလင်းမဝင်ပါကလည်း KTLA ရဲဘော်တွေ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပြတ်တောက်တာတွေရှိလာမယ်လို့ ပြောပါတယ်။

“ ကော်လာဖိုးလည်း သူတို့ကို မထောက်ပံ့ပေးနိုင်ဘူး။ အဲဒါကြောင့် သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ KNU အဖွဲ့အစည်းလက်အောက်ခံ ဖြစ်တဲ့ KNLA တပ်ဆီ ပြန်ပြီး အလင်းဝင်ခိုလှုံတဲ့ သဘောပေါ့” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကော်လာဖိုးရဲ့ KTLA ဟာ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

အခုလို KTLA ရဲဘော်တွေ လက်နက်ချအလင်းဝင်တာရှိသလို KNLA နဲ့ အတူပူးပေါင်းပြီး စစ်တပ်ကို တိုက်နေတဲ့ KTLA တပ်မှူးအချို့ဟာလည်း KNLA နဲ့ ပူးပေါင်းတာမျိုးရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၁ရက်ကလည်း KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာလို့ KNU မြိတ်ထားဝယ်ခရိုင်က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကိုတော့ ခရိုင် တာဝန်ရှိသူတွေက ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ K.N.L.A တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ပေးတာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆာကပေါတပ်ရင်းကတော့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတာပါ။ အဲဒီတ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ဩဂုတ် ၂၈ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့သလို ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်းလည်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

KTLA ကို ဗိုလ်နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ စစ်ဦးစီးချုပ်ဖြစ်ဖြစ်ပေမဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။

အဲဒီ KTLA အဖွဲ့တွေထဲက KNU မြိတ်ထားဝယ်ခရိုင်ထဲက ဗိုလ်ကော်လာဖိုးရဲ့ တပ်ဖွဲ့က KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်တွေကို ခြုံခိုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ ဗိုလ်ကော်လာဖိုးဟာ စစ်တပ်ထံကို နှစ်ကြိမ်တိုင်တိုင် လက်နက်ချ အလင်းဝင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှု အပြီးနောက်ပိုင်း ထပ်မံ ပေါ်ပေါက်လာကာ KNLAနဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တာပါ။
👍24❤8👏2🔥1😁1🤣1🖕1
(ဗိုလ်စောထီးမူးဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၉) တပ်ရင်း(၁၂)ထံသို့ လက်နက်ချအလင်းဝင်လာစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District)
❤23👍10👏3🔥1🥰1😁1🤮1🖕1
■​ဆောင်းပါး

နှုတ်ဆက်ခွင့် ရမသွားတဲ့ စားဖိုမှူးကြီး

တည်ကြည်/People's Spring

၁၉၈၈ ခုနှစ်။ မတ်လ။ ရန်ကုန်ဆေးရုံကြီး။

အသက် ၃၇ နှစ်အရွယ် ကိုမြင့်စိုးတစ်ယောက် ရန်ကုန် ဆေးရုံကြီး ပင်မအဆောက်အအုံထဲ ဝင်လာခဲ့တယ်။ သူသွားတွေ့တာက မေမေကြီးဆီ။ မေမေကြီးဆိုတာက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကို ခေါ်တာပါ။ မေမေကြီး လေဖြတ်သွားလို့ သူက လူနာသတင်းသွားမေးတာပါ။

ကိုမြင့်စိုးဟာ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်ကို အင်မတန်မှကြည်ညိုလေးစားတယ်။ ဗိုလ်
ချုပ်ရဲ့ မိသားစုကိုလည်း ချစ်ခင်လေးစားတာမို့ မေမေကြီးဆီ သွားတွေ့တာပါ။ အဲဒီမှာ မေမေကြီးကို ပြုစုဖို့ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတယ်။အစ်မကို အရင်က
တည်းက သိနေကြောင်း နှုတ်ဆက်စကား ဆိုခဲ့တယ်။

အဲဒီနောက် ကိုမြင့်စိုးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်လာပြီး ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့တယ်။

အဲဒီနောက် ၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရဖြစ်တဲ့န၀တ (နိုင်ငံ​တော် ငြိမ်ဝပ်ပိပြားမှု တည်​ဆောက်​ရေးအဖွဲ့ )ကနေအိမ်အကျယ်ချုပ်ချမှတ်ခဲ့တယ်။ ၆ နှစ်အကြာ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၆ နှစ်တိတိ နေလာတဲ့ အိမ်အကူအမျိုးသမီးလေးတစ်ယောက်ရှိတယ်။ သူလည်း နှစ်ကာလအတော်ကြာ နေလာခဲ့ရတော့ ဒေါ်အောင်ဆန်းစုကြည်က အနားယူခွင့်ပေးချင်တယ်။ ဒါနဲ့ ကိုမြင့်စိုးကို ခေါ်ပြောတယ်။ "ကိုမြင့်စိုး။ အမကို ထမင်းဟင်း ချက်ပေးနိုင်မလား"တဲ့။ ကိုမြင့်စိုးလည်း ဘာပြောကောင်းမလဲ။ "ဟာ ရတယ်အမ။ ချက်ပေးနိုင်တယ်"ပေါ့။ ဒါနဲ့ သြဂုတ်လကနေစပြီး ချက်ကျွေးလာခဲ့တယ်။ အဲဒီကနေ ၂၀၀၃ ခုနှစ်အကျယ်ချုပ်ကာလအထိ။ အကျယ်ချုပ်ကာလမှာလည်း ကိုမြင့်စိုးပဲ ထပ်ပို့ခဲ့တယ်။ ကိုမြင့်စိုးက သူပို့ခွင့်ရတာကို ဝမ်းသာတာ။

ကိုမြင့်စိုး နေ့စဥ် ပို့ပေးခဲ့ရတယ်။ မနက်ဆို သူခြံအမှတ် ၅၄ တံခါးဝ ကို သွားတယ်။ ခြံထဲကနေ ဒေါ်ခင်ခင်ဝင်း ထွက်လာရင် သူ့လက်ထဲ ဟင်းချိုင့်တွေကိုယ်တိုင်အပ်တယ်။ပေးထား
ခဲ့တာမျိုး မဟုတ်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာလား မမာလား နေကောင်းလားမကောင်းလားဆိုတာကို ကိုမြင့်စိုး သိခွင့်ရတယ်။ အဲဒါကြောင့် နားရက်မရှိတာကို ကိုမြင့်စိုး ပျော်ပျော်ကြီးလုပ်တယ်။

နှစ်ကြာလာတော့ဒေါ်အောင်ဆန်းစုကြည်အား
နာလာတယ်။ "ကိုမြင့်စိုး။ အမကို ငါးရက်စာလောက်ပို့လိုက်။ ရေခဲသေတ္တာထဲ ထည့်ထားမယ်။ ကိုမြင့်စိုး နားပါလား"တဲ့။ ကိုမြင့်စိုး ပျာပျာသလဲ ငြင်းပါတယ်။ "ဟင့်အင်း မနားဘူးအမ။ ကျွန်တော်နေ့စဥ်လာမှ အမ နေကောင်းလားမကောင်းလား သိရတာ။ အဲဒါကြောင့် ကျွန်တော်နားရက်မလိုချင်ဘူး"လို့ ကိုမြင့်စိုး ပြန်ပြောလိုက်တယ်။

အဲသလိုနဲ့ ကိုမြင့်စိုး နေ့စဥ် နေ့စဥ် နားရက်မရှိ ထမင်းချိုင့်ပို့ခဲ့တာ ၇ နှစ်တိတိ ကြာခဲ့တယ်။ ကြားထဲမှာ ကိုမြင့်စိုး ဖျားနာတာမျိုး၊ ခရီးသွားဖို့ရှိတာမျိုးဆိုရင်တော့ သခင်အုန်းမြင့်သား ကိုနီကလည်း ပို့ပေးတယ်။ သမ္မတကြီး ဦးထင်ကျော်လည်း ပို့ပေးတယ်။

ထမင်းကတော့ အိမ်ထဲမှာတင် ဒေါ်ခင်ခင်ဝင်းက ချက်တယ်။ သူကဟင်းတင်ပို့ပေးရတာ။ ဒေါ်အောင်ဆန်းစုကြည်က အမဲသား၊ ဝက်
သားမစားဘူး။ ဆိတ်သား အရင်ကတော့စားတယ်။ နောက်ပိုင်းမှာ မစားတော့ဘူး။ ကြက်
သား၊ ဘဲသား၊ ငါး၊ ပင်လယ်စာ စသဖြင့် ပို့ပေးရတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတော့ "ကိုမြင့်စိုးလည်း ပင်ပန်းပြီ။ တစ်ပတ် နှစ်ရက်ပဲ လာချက်ပေး"လို့ ပြောခဲ့တယ်။

ကိုမြင့်စိုးကြီး စျေးဝယ်လာရင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကမှန်း သိသွားကြတော့ စျေးသည်တွေက ဟင်းချက်စရာတွေ အလ
ကားထည့်ပေးကြတော့တာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် သိသွားတော့ ကဲ ကိုမြင့်စိုးကြီးပဲ သွားနေရင်တော့ မဖြစ်ချေဘူးဆိုပြီး သမ္မ
တကြီးတာဝန်ယူခဲ့ဖူးတဲ့ ဦးထင်ကျော်က တလှည့် စျေးဝယ်ပေးခဲ့ရသတဲ့။

ကိုမြင့်စိုးက ကွမ်းယာကြိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကွမ်းစားတာ မကြိုက်ဘူး။ သို့ပေသိ မစားရဘူးမပြောဘူး။ တစ်ခုပဲ "တစ်နေ့ ခုနှစ်ရာပဲ စားရမယ်"တဲ့။ ကိုမြင့်စိုးလည်း အမကြီးစကား နားထောင်ရတာပေါ့။ ခြံထဲမှာတော့ ခုနှစ်ရာပဲစားပြီး ညနေပြန်လို့ ခြံပြင်ရောက်မှ ထပ်စားတော့တာပေါ့။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်သိတယ်။ ခြံထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကွမ်းစားတာမကြိုက်ဘူးဆိုတော့ လူကြီးပိုင်းတွေကအစ အကုန်ဖြတ်ပစ်ကြတယ်။ "ကျွန်တော်လည်း ဖြတ်တာမရလို့။ ခိုးစားတာမိတာ"တဲ့။

ကိုမြင့်စိုးပြောပြဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကြီးကင်မ်ရဲ့လက်ဆောင် တိုက်ချီတိုခွေးလေးအကြောင်းကလည်း အမှတ်ရစရာပါ။ ကင်မ် ရန်ကုန်လာတော့ ဒေါက်တာတင်မျိုးဝင်းကို ခွေးရောင်းတဲ့ဆိုင် လိုက်ပို့ခိုင်းတယ်။ အဲဒီမှာ တိုက်ချီတိုလေးကို ဝယ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်ဖို့ဝယ်လာတာလဲမေးတာပေါ့။ ကင်မ်က မေမေ့အတွက် ဘော်ဒီဂတ်တဲ့။
❤‍🔥15❤7😢2🤮1🤣1🖕1
ကင်မ်ပေးထားတဲ့ ဒီခွေးလေးကို ဒေါ်အောင်ဆန်းစုကြည် တအားချစ်သတဲ့။ ငယ်ငယ်လေးတုန်းက သူနားမလည်ဘူး။ နည်းနည်းကြီးလာတော့ ဒေါ်အောင်ဆန်းစုကြည်နား
ကပ်လာတဲ့သူမှန်သမျှ အကုန်ကိုက်သတဲ့။ ကိုမြင့်စိုးကလည်း တိုက်ချီတိုကိုကြောက်တော့ ရှောင်နေတာ။ တစ်ခြံလုံး တိုက်ချီတို မကိုက်ဖူးတဲ့သူမရှိဘူး။ ကိုမြင့်စိုးက လွဲလို့ပေါ့။ တိုက်ချီဒိုလေးဟာ ညဘက်အိပ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် အခန်းထဲမှာတင် အိပ်ပါသတဲ့။

အခုတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခွာနေခဲ့ရတဲ့ ခွေးကလေးတိုက်ချီတိုဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။

ကိုမြင့်စိုးဟာ ဖျာပုံဇာတိဖြစ်ပေမယ့် အလုံမှာမွေးပြီး အလုံမှာကြီးပါသတဲ့။ ဗြိတိန် ရော့ခ်နဲ့ ပေါ့ပ် အဆိုတော် ရော့ဒ် စတီးဝပ်ကိုလည်း ကြိုက်သလို ကိုသန်းလှိုင်၊ ခင်ညွန့်ရည်နဲ့မေဆွိတို့ရဲ့ သီချင်းတွေလည်း ကြိုက်သတဲ့။ ခြံအပြင်မှာကွမ်းယာအပြင် ဘီအီးလည်း ကြိုက်တတ်ပါသတဲ့။

ကိုမြင့်စိုးမှာ တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းလေးတချို့ရှိတယ်။ အဲဒီပစ္စည်းလေးတွေကို ကိုမြင့်စိုး မြတ်မြတ်နိုးနိုးနဲ့ကို သိမ်းဆည်းထားတာ။ အဲဒီပစ္စည်းလေးတွေကတော့ ဒေါ်ဆန်းစုကြည်ဆီ ပို့ရာမှာ သုံးခဲ့ဖူးတဲ့ အရွယ်စုံ၊ ဆိုဒ်စုံထမင်းဘူးဟင်းဘူးလေးတွေပါ။ကိုမြင့်စိုးဟာ နှစ်ပေါင်းကြာမြင့်ခဲ့ပေမယ့် ဒီဘူးလေးကတော့ ဟင်းထည့်တာ၊ ဒီဘူးကတော့ ဟင်း
ရည်ထည့်တာ၊ ဒီဘူးလေးကတော့ ဒိန်ချဥ်ထည့်ခဲ့တာ စသဖြင့် သတိရဆဲ ဖြစ်ပြီး မမေ့ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က တော်ရုံတန်ရုံ အိမ်ရှင်မ မဟုတ်ဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်က ပစ္စည်းတစ်ခုကိုကြိုက်တယ်ဆိုရင် အဲဒီတံဆိပ်လေးကိုခွာပြီး သိမ်းထားသတဲ့။ နှစ်ပေါင်းများစွာကို သိမ်းထားတာ။ အဲဒါကိုထုတ်ပေးပြီး ကိုမြင့်စိုး ဒီတံဆိပ်နဲ့ ပစ္စည်းလေးဝယ်ပေးဆိုပြီးပြောတယ်။ကိုမြင့်စိုးသွားဝယ်ရင် အဲဒီပစ္စည်းက စျေးကွက်ထဲမရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူသိမ်းထားတဲ့ တံဆိပ်ကလွဲ၊ တခြားတံဆိပ်မကြိုက်ဘူး။

ကိုမြင့်စိုး သိမ်းထားခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတစ်ခု ရှိပါသေးတယ်။ ကလစ်ကလေးတစ်ချောင်းပါ။ ကလစ်ကလေးက ကျိုးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကလေးကိုပြရင်း "အဲဒါကို အဲဒီပုံစံအတိုင်း ကိုမြင့်စိုး ပြန်ဝယ်ပေးပါ"တဲ့။

ကိုမြင့်စိုးတစ်ယောက် ကလစ်အကျိုးလေး
ကိုင်ရင်း စကော့စျေး(ဗိုလ်ချုပ်​ဈေး)တစ်စျေးလုံး လိုက်ရှာတယ်။ မရှိဘူး။ နောက်ဆုံး စင်ကာပူလူကြူံနဲ့ မှာတယ်။ ကျွန်တော်က အမနဲ့ပတ်သက်လို့ရှိရင်အမှတ်တရလေးတွေ တော်
တော်များများ သိမ်းထားတယ်"တဲ့။ တချို့ဆို ပစ္စည်းဟောင်းလေးတွေ။ လွင့်မပစ်ရက်ဘူး။ သူချစ်ခင်လေးစားရတဲ့ အမကြီးရဲ့ ပစ္စည်းလေးတွေ။ သူတမြတ်တနိုး သိမ်းထားခဲ့တယ်။

ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ သမီးအောင်ဆန်းနဲ့ ခြံထဲမှ ကျွန်ပ်၏ မှတ်စာများ၊ ကျုပ်အစ်မ.
အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ၊ ကျုပ်အမဒေါ်အောင်ဆန်းစုကြည်ကို ပြောပြရဦးမယ် စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာထပ်သိမ်းပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ထပ်အဖမ်းခံရတယ်။ ဒီတစ်ခါ အာဏာသိမ်းချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုမြင့်စိုး ထမင်းဟင်း ချက်မပို့နိုင်ရှာတော့ဘူး။ ကိုမြင့်စိုး မဟုတ်တော့တဲ့ ဦးမြင့်စိုးအရွယ်၊ အသက်လည်း ၇ဝ နားကပ်နေပြီ။ ပြီးတော့ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်ထဲမှာပဲ ဦးမြင့်စိုးတစ်ယောက် ဦးနှောက်သွေးခဲတဲ့ ဝေဒနာ ခံစားနေရတာကိုး။ ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်ရင်း ဆေးကုသနေခဲ့ရတာ။

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မနက်မှာတော့ အသက် ၇၄ နှစ်အရွယ် အဖိုးလေးလို့လည်း ချစ်စနိုးခေါ်ကြတဲ့ ဦးမြင့်စိုးဟာ သူချစ်ခင်တဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခွင့်တောင် မရသွားရှာတော့ဘဲ သံသရာခရီးကို ဆက်လက်ထွက်ခွာသွားခဲ့ပါပြီ။

ပြည်သူတွေဟာတို့ခေါင်းဆောင်ကို နှစ်ပေါင်း
များစွာ ချက်ပြုတ်ကျွေးမွေးလာတဲ့သူကြီးဆိုပြီး ဦးမြင့်စိုးအတွက် စိတ်ထိခိုက်ကြတယ်။ ဝမ်းနည်းတသ နှမျောကြတယ်။ ဦးမြင့်စိုးတစ်ယောက် စိတ်မှ ဖြောင့်ပါရဲ့လား မသိနိုင်တော့ပါ။ ။
❤22👍2🤮2🖕2😢1🤣1
😢35❤5🙏4🫡2🤮1🤣1🖕1
မော်လမြိုင်မှာ ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး ဈေးဆိုင်ဝင်တိုက်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် သေဆုံး

နိုဝင်ဘာ-၂၇၊၂၀၂၆။တေဇ/People's Spring

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ခြောက်ဘီးကား ၁စီး ဘရိတ်ပေါက်ပြီ ဈေးဆိုင်ကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ဒီနေ့ (နိုဝင်ဘာ၂၇) နေ့လည် ၁ နာရီလောက်က မော်လမြိုင်-မုဒုံကားလမ်းမပေါ် စမ်းကြီးရပ်မှာရှိတဲ့ ရွှေဂျူးစံ Mini Mart ကို ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့တာလို့ ရာမညအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကားရဲ့ အရှေ့ခန်းနောက်လန်ကျသွားပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က အခင်းနေရာမှာသေဆုံးသွားတာလို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကလည်း ကားခေါင်းခန်းမှာ ညပ်နေတဲ့ယာဉ်မောင်းကို ကယ်ဆယ်တဲ့ ဗီဒီယိုဖိုင်နဲ့အတူတင်ထားပါတယ်။

ကားထဲမှာညပ်နေသူတွေကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်ထုတ်နေတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။

ကားခေါင်းခန်းနောက်လန်ကျတာက ကားခေါင်းနဲ့ကိုယ်ထည်တွဲထားတဲ့ ချိတ်မမိတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။

"ကားကြီးသမားတွေကိုပြောချင်မိတာကတော့ အသေအသေမမောင်းကြပါနဲ့လို့။ highway လမ်းတွေနဲ့ လမ်းကြပ်တဲ့ မော်လမြိုင် မြို့ရှောင်လမ်းမှာဆို တချို့ကားကြီးသမားတွေ အရှိန်မလျော့အသေမောင်းတာ တော်သေးတာပေါ့ တခြား ဘယ်ဆိုင်ကယ်ဘယ်သူမှ မထိခိုက်သွားတာပဲ ကျေးဇူးတင်ရမယ်" လို့ ဒေသခံတစ်ဦးက ဒီဖြစ်စဉ်အပေါ် သုံးသပ်ထားပါတယ်။
🔥8
👍12🔥4❤1
အာဆီယံယဉ်ကျေးမှုအစည်းအဝေးတွေမှာ စစ်အုပ်စု ဦးဆောင်ခွင့်မပေးဖို့ အရပ်ဖက်အဖွဲ့ ၁၀၀ကျော် တောင်းဆို

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring

အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့် မပြုဖို့ အဖွဲ့အစည်း ၁၂၁ တောင်းဆိုလိုက်ပါတယ်။

​လာမယ့် ဒီဇင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ တာဝန်ရှိဝန်ကြီးများ အစည်းအဝေး (12th AMCA)၊ ၂၂ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (22nd SOMCA)တွေမှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၁ ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မှာ အာဆီယံဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၆-၂၀၂၇ နှစ်သက်တမ်းအတွက် ယဉ်ကျေးမှုဝန်ကြီးများအစည်းအဝေး (AMCA) ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံကနေ စစ်အုပ်စုဆီ လွှဲပေးဖို့ စီစဉ်ထားတာပါ။ ဒါကို မလွှဲပေးဖို့နဲ့ အစည်းအဝေးတွေကိုလည်း မန္တလေးမှာ မလုပ်ဘဲ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့ကျင်းပဖို့၊ ဒါမှမဟုတ် အွန်လိုင်းကနေပဲ လုပ်ဆောင်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်၊ လက်ရှိ AMCA ဥက္ကဋ္ဌ မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဝန်ကြီးတွေဆီ လိပ်မူပြီး တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ယဉ်ကျေးမှုကဏ္ဍမှာ အဓိက ပံ့ပိုးကူညီနေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့လည်း မန္တလေးမှာ စစ်အုပ်စု ဦးဆောင်မယ့် အစည်းအဝေးတွေဆီ ကိုယ်စားလှယ်တွေ မစေလွှတ်ကြဖို့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။

အဲဒီအစည်းအဝေးတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဧပြီမှာမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MOCHT) က ဦးဆောင်ကျင်းပဖို့ ရှိနေပါတယ်။ အဲဒီဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကမှ ခန့်အပ်ခံထားရတဲ့ ခင်မောင်စိုးဟာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) ရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဖြစ်သလို အမျိုးသားရေးအစွန်းရောက် ဘုန်းကြီး ဝီရသူ၊ မဘသ အဖွဲ့တွေနဲ့ ဆက်နွှယ်ပတ်သက်မှုရှိသူ ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက သတိပေးထောက်ပြထားပါတယ်။

အခုလို စစ်အုပ်စုကို ဦးဆောင်ခွင့်ပေးလိုက်ရင် နိုင်ငံတကာရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီး ပုံရိပ်ကောင်းအောင် လုပ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားမယ်လို့ Defend Myanmar Democracy (DMD) ဒါရိုက်တာ ကိုမိုက်(ခ်) က ပြောပါတယ်။

​“လွန်ခဲ့တဲ့ တစ်ပတ်ကပဲ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဂျီနိုဆိုက် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲပြီးကတည်းက တရားဝင်မှုရဖို့ အသည်းအသန် လုပ်ဆောင်နေတာပါ” လို့ သူက ဆိုပါတယ်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးပြီး အနုပညာရှင်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ဥက္ကဋ္ဌနေရာ မပေးသင့်ဘူးလို့လည်း ကိုမိုက်(ခ်) က ထောက်ပြပါတယ်။

မန္တလေး အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) က မမေနှင်းကလည်း “အာဆီယံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ စင်မြင့်တွေဆိုတာ ပြည်သူလူထုအချင်းချင်း စုစည်းချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒီလိုစင်မြင့်မျိုးကို စစ်အုပ်စုက သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးချတာမျိုး၊ သူတို့ကိုယ်တိုင် ဖျက်ဆီးနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပြသတာမျိုး အလွဲသုံးစားပြုခွင့် မပေးသင့်ပါဘူး” လို့ ပြောပါတယ်။

AFCC အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်တုန်းကလည်း ဒီအစည်းအဝေးတွေကို မန္တလေးမှာ မလုပ်ဖို့ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပါသေးတယ်။

​အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ကိုနန်းလင်းကတော့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ တရားမဝင်အဖွဲ့အစည်းသာ ဖြစ်တာကြောင့် အာဆီယံအနေနဲ့ မန္တလေးပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
👍10👏1🤮1🤣1
(၂၀၂၄ ခုနှစ် အောက်တိုဘာလက မလေးရှားနိုင်ငံ၊ မလက္ကာမြို့မှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအား တွေ့ရစဥ် ဓါတ်ပုံံ-ASEAN)
🖕7🔥1👏1🤮1
ရန်ကုန်မြို့မှာ တစ်လအတွင်း YBS ကား ၃ စီး မီးလောင်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။အရုဏ်ဦး/People’s Spring

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတံတားအဆင်းမှာ နိုဝင်ဘာ၂၇ရက် ညနေပိုင်းက YBSကားတစ်စီးမီးလောင်မှုဖြစ်ခဲ့ပြီး ရက် ၃၀အတွင်း YBS ကား ၃စီးအထိ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊အောင်ဆုပန်ရပ်ကွက်အပိုင်တံတားအဆင်းမှာ ကားမီးလောင်မှုဖြစ်ခဲ့လို့ အဲဒီမြို့ နယ်မီးသတ်ကား၂စီးနဲ့ သာကေတမြို့နယ်က မီးသတ်ကား ၁စီး ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သုဝဏ္ဏလမ်းဆုံအနီး စျေးဆိုင်ဖွင့်ထားသူတစ်ဦးက " လူအထိအခိုက်တော့မတွေ့ဘူး၊ ကားကတော့ရစရာ မရှိတော့ဘူး " လို့ ပြောပါတယ်။

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်အမြန်လမ်းမှာ နိုဝင်ဘာ ၉ရက် ​နေ့လယ်ပိုင်းက YBS ကား တစ်စီးမီးလောင်မူဖြစ်ခဲ့သလို အောက်တိုဘာ ၃၀ရက်မနက်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်မှာ နောက်ထက်YBS ကား မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အခုမီးလောင်မှုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဇူလိုင် ၃၀ရက်က စံပြစျေးအနီး၊ပြည်ထောင်စုတံတားပေါ်မှာ YBS ကား ဂက်အိုးပွင့်ပြီး မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

"ကားတွေက လက်ပူတိုက်သုံးနေရတော့ ကြာလာတာနဲ့အမျှမရတော့ဘူး၊ လူအထိအခိုက်မရှိရင်ကိုတော်သေးတယ် " လို့ YBSဘတ်စ်ကားအများပိုင်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က YBS ကားမီးလောင်မှုဖြစ်စဥ်မှာ အခုနှစ်အတွင်း အရေအတွက် တစ်ဒါဇင်ထက်မနည်းရှိခဲ့သလို အိမ်စီးကားနဲ့ တက္ကစီကားမီးလောင်မှုတွေလည်း မကြာခဏဖြစ်နေခဲ့တာကို မီးသတ်ဌာနရဲ့အ ချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားစနစ်ကို၂၀၁၇မှာစတင်ခဲ့ပြီး စစချင်းမှာ ဘတ်စ်ကားအသစ်အချို့အစား ထိုးဖြည့်သွင်းပြေးဆွဲခဲ့ပေမယ့်နောက်ပိုင်း ထပ်အစားမထိုးနိုင်တော့ပဲ ရှိရင်းစွဲ ဘတ်စ်ကားတွေကိုလက်ပူတိုက်ပြင်ဆင်ပြေးဆွဲနေရတာလို့ ဘတ်စ်ကားလောကသားတွေက ပြောပါတယ်။

လက်ရှိမှာ YBS ဘတ်စ်ကားတွေရဲ့ကြံ့ခိုင်မှုပိုင်းမကောင်းတော့လို့ ယာဥ်စီးရေပြည့်အောင်မပြေးဆွဲနိုင်ပဲအစီးရေ ရာဂဏန်းလောက်က နေ့စဥ်ပြင်ဆင်နေရတယ်ဆိုပြီး စစ်တပ်ရဲ့ နယ်လုံဝန်ကြီးတာဝန်ယူခဲ့သူဗိုလ်မှူးကြီးဝင်းတင့်က ဝန်ခံပြောဆိုခဲ့ပါတယ်။
🔥4👍1
👍3🔥1
ကျိုက်ထိုတိုက်ပွဲ စစ်တပ်မှဗိုလ်ကြီး အပါ
အဝင် ၂ဦးသေ ၊၁ဦးဖမ်းမိ

■လက်နက်မျိုးစုံ ၁၀လက်ကျော်၊ခဲယမ်းနဲ့ ကားသိမ်းရဟု PDF ထုတ်ပြန်

နိုဝင်ဘာ-၂၇၊၂၀၂၆။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ဇီးပြောင်းရွာအနီးဝန်းကျင် တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိ အပါဝင် သေဆုံးမှု ရှိခဲ့ပြီး လက်နက်မျိုးစုံ ၁၀ လက်ထက်မနည်း၊ ခဲယမ်းတွေနဲ့ ကား၁စီး သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်.
ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၇)ကဒီကနေ့ သတင်း
ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၀ရက်က နည်းဗျူဟာ ၃၇နဲ့ က
ညှင်အိုင်ကျေးနယ်တို့ ပူးပေါင်းပြီး ပြောက်
ကျား စစ်ဆင်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မှတ်တမ်းတွေဖြစ်ကြောင်း သိမ်းရတဲ့ကား၊ စစ်တပ်က ဗိုလ်ကြီး ရဲ့ ရုပ်အလောင်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေရဲ့ မှတ်တမ်းကို ဖော်ပြထားတာပါ။

သေဆုံးခဲ့တဲ့ စစ်တပ်အရာရှိဟာ အမှတ်
(၇၀၄) ခြေမြန်တပ်ရင်းက ဗိုလ်ကြီး ဇေယျာထက် ဖြစ်ပြီးအခြားတဦးလည်း သေဆုံးခဲ့ကြောင်း အသိပေးပါတယ်။

သိမ်းရတဲ့ကား နဲ့လက်နက်မျိုးစုံ၁၀လက်
ထက်မနည်း နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်းမှတ်တမ်းပုံတွေနဲ့တကွ နိုဝင်
ဘာ ၂၇ရက်မှာထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့လို့ KNLAနဲ့ PDF စခန်းအချို့ နေရာရွေ့ရပေမဲ့ နောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာစစ်တပ်အထိနာခဲ့ပါတယ်။ စစ်တပ်ကတော့ အထူးတိုင်းစစ်ဌာနနဲ့ KNLA တပ်ရင်း ဌာနချုပ် စခန်း စတာတွေ သိမ်းရကြောင်း ဝါဒဖြန်ခဲ့ပေမဲ့တော်လှန်ရေးသတင်း
ရင်းမြစ်တွေကတော့ စစ်တပ်ဟာ သတင်းမှားတွေသုံးဝါဒဖြန့်ခဲ့တာဖြစ်ပြီး ထိုးစစ်အတွင်း စစ်တပ်ဘက်က အထိနာခဲ့ကြောင်း ပြောထားပါတယ်။
အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၇)
မှPDF ​တွေရဲ့​ပြောက်ကျားတိုက်ခိုက်မှုအပြီး​တွေ့ရစဥ်။ဓါတ်ပုံ-နည်းဗျူဟာ-၃၇