People's Spring
✔
58.3K subscribers
73.9K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Supplied)
🥰24👏8👍2💩2🫡2🤮1🖕1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်က ဖမိးဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ မီးဖိုချောင် တာဝန် ယူပြီး ၂၀၀၄ ခုနှစ်ကနေစတင်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးတာဝန်ကို ယူခဲ့တယ်လို့ သိရပါတယ်။

အဖိုးလေး ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ.အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။
😢37❤6👍1👏1🤮1🖕1
😢27❤19🤮2👍1👏1
စင်ကာပူအခြေစိုက် ပီဇာကုမ္ပဏီ Pezzo လည်း ပြန်လည်ထွက်ခွာ

နို၀င်ဘာ-၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီကနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

၂၀၂၆ နိုဝင်ဘာ ၂၇ ရက်ကစပြီး လှည်းတန်းဆိုင်ခွဲအပါအဝင် ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာလို့ Pezzo Pizza Myanmar က လူမှုကွန်ယက်က တဆင့် အသိပေးထားပါတယ်။

"အဆုံးသတ်နှုတ်ဆက်ရတာဟာ ကျွန်ုပ်တို့အတွက်လည်း အလွန်ပင်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းလှပါတယ်"လို့Pezzo Pizza Myanmar က အသိပေးပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၆ က မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ Pezzo Pizza Myanmarရဲ့ ဆိုင်ခွဲတွေက လှည်တန်စင်တာ၊မြေနီကုန်းစီးတီးမတ် နဲ့သာကေတ ကယ်ပီတယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံအခြေစိုက် ​ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကုန်ကြမ်းသွင်းလို့ မရတာအပြင် အထွေထွေကုန် ကျစရိတ်တွေ တက်လာတာကြောင့် ပြည်ပ စားသောက် ကုန်လုပ်ငန်းတွေ ပိတ်သိမ်းနေတာလို့ ကြားရတယ်။ဒါက လူသိများတဲ့ ဆိုင်တွေပေါ့။ပြည်တွင်းတပိုင်တနိုင်တွေပိတ် နေရတာတွေက ပိုဆိုးတယ်"လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုလထဲမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေထဲက ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်ခံ Isuzu မော်တော်ယာဉ်လုပ်ငန်း ရပ်ဆိုင်းတာနဲ့ စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ‌တွေ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေညာချက်တွေ ဟာ စစ်တပ်ထုတ်ဝေတဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အမြဲမပြတ်ပါရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ သွင်းကုန် ကန့်သတ်ချက်တွေ၊ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက စီပွားရေးလုပ်ငန်းတွေ ပြိုလဲရမှုအတွက် အဓိကအကြောင်းအရာဖြစ် နေတယ်လို့ လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်။
👍21❤3👏2👎1🔥1
👍16👏2👎1🔥1😁1🖕1
ဒေါ်အောင်ဆန်းစုကြည် ICJမှာခုခံလျှောက်
လဲခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့မဟုတ်ဘဲဒီမိုက​ရေစီကိုကာကွယ်ဖို့ကြိုးစားခဲ့တာဖြစ်
ကြောင်းသားဖြစ်သူပြော

နိုဝင်ဘာ-၂၇၊၂၀၂၆။People's Spring

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံလျှောက်လဲပေးခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့ လုံးဝမဟုတ်ဘဲ
သူ့မိခင်ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းနုနယ်​တဲ့ နိုင်ငံ့ရဲ့ဒီမိုက​ရေစီကိုကာကွယ်ဖို့သာဖြစ်
ကြောင်းသားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားပါတယ်။

Euronewsရဲ့ The World Conversation အစီ
အစဉ်မှာတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား
ဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်)က ၂၀၁၉ ခုနှစ်တုန်းကသူ့မိခင်ရဲ့ သည်ဟိဂ်မြို့ ခရီး
စဉ်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ မိခင်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ဟိဂ်မြို့ဆီ သွားခဲ့တာ လုံးဝ မဟုတ်ကြောင်း၊ မိခင်ဖြစ်သူဟာ အရမ်းနုနယ်ပြီး ထိလွယ်ရှလွယ် အဆင့်မှာသာ ရှိနေသေးတဲ့ ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်ကြောင်း၊ စစ်တပ်ဟာ ဒီမိုကရေစီကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တဲ့ အင်အား ရှိခဲ့ကြောင်း၊ တကယ်လည်း ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကိုထိန်လင်းက ဆက်​ပြောပါတယ်။

"သူမဟာ စစ်တပ်ကို ကာကွယ်ဖို့ သည်ဟိတ်ကို သွားခဲ့တယ်လို့ သူတို့ပြောကြတယ်။ အဲဒါ လုံးဝမမှန်ပါဘူး။ သူမဟာ အချိန်မရွေး စစ်
တပ်က ဖြိုဖျက်ပစ်နိုင်တဲ့ အလွန်အမင်း အား
နည်းပြီး မတည်ငြိမ်တဲ့ ဒီမိုကရေစီကို ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ စစ်
တပ်က အဲဒီလို ဖြိုဖျက်ခဲ့ပြီးပါပြီ” လို့ ကင်မ်ကပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်အာဏာ
သိမ်းမှု မတိုင်ခင်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ
တုန်းက မြန်မာ အစိုးရရဲ့ နိုင်ငံတော် အတိုင်
ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရှိနေချိန်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားခွင်ဆီ သွားရောက်ပြီး မြန်မာအ
ပေါ် လူမျိုးသုဉ်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ခုခံ လျှောက်လဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ICJက မြန်မာ
နိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း စီရင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က​တော့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ကတည်းကအာဏာသိမ်း
စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက်မှာ နှစ်ရှည်လများ ဆက်ပြီးတော့ရှိနေဆဲပါ။

ဒါ့အပြင် ကင်မ်က မိခင်ဖမ်းဆီး​ထောင်ချခံထားရပြီး ငါးနှစ်​ကျော် အကြာမှာ မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။ မိခင်ရဲ့ အသံကို ပြန်ကြားခွင့် ရခဲ့လို အရမ်းဝမ်းသာပြီး စိတ်သက်သာရာရခဲ့တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးထဲမှာ ဝန်ခံထားပါတယ်။ ဒါပေမဲ့ စစ်တပ် ဘာလုပ်ချင်နေသလဲဆိုတဲ့ ရည်ရွယ်ချက်အပေါ် သံ
သယ ဝင်နေဆဲ ဖြစ်သလို အသက် ၈၁ နှစ်အရွယ် မိခင်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူမိကြောင်း ဆက်​ပြောပါတယ်။

အမေရဲ့အသံကို ပြန်ကြားရလို့ ဝမ်းသာခဲ့ကြောင်း၊ အချိန်တွေ အများကြီး ကြာပြီးမှ မိခင်ဖြစ်သူ အသက်ရှင်ပြီး ကျန်းကျန်းမာမာ ရှိနေတာကို အတည်ပြုနိုင်လို့ စိတ်သက်သာရာ ရမိခဲ့ကြောင်း သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တကယ်ရော အသက်ရှင်နေသေးရဲ့လား ဆိုတာကိုတောင် မိသားစု အ
နေနဲ့ သိခွင့်မရခဲ့ကြောင်း ကိုထိန်လင်းက ဖွင့်ဟခဲ့ပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ပြောပေမယ့် သူနားလည်သလောက်တော့ မိခင်ဖြစ်သူဟာသူ့နေအိမ်မှာ ရှိမနေကြောင်းလည်း ကိုထိန်လင်းကပြောပါတယ်။ပြီးတော့ စစ်
တပ် ဆရာဝန်၊ ရဲတွေနဲ့ကလွဲရင် ဘယ်သူနဲ့မှလည်း ထိတွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။ဖုန်းပြောတော့မိခင်ဖြစ်သူကကိုယ့်ကိုယ်ကိုယ် ဂရု
စိုက်ရဲ့လားလို့သူ့ကိုအရင်ဆုံး မေးခဲ့တယ်လို့လည်း ကိုထိန်လင်းက ပြောပြခဲ့ပါတယ်။

သူ့ရဲ့မိခင်ကိုနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့
ပေးခဲ့တယ် ဆိုတာကလည်း စစ်တပ်က နိုင်ငံ
တကာ အမြင်မှာ သဘောထား ပျော့ပျောင်းလာတယ်ဆိုတဲ့ ပုံရိပ်တစ်ခု တည်ဆောက်ချင်လို့သာဖြစ်နိုင်ကြောင်းသူကသုံးသပ်ခဲ့ပြီး စစ်တပ်အပေါ် နိုင်ငံတကာဖိအားပေးမှုတွေ ဆက်လက် တင်းကျပ်ထားဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ သူ့မိခင်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ မယုံကြည်ကြောင်း၊ နောက်
ထပ် ၁၀ နှစ်အတွင်း မြန်မာ့ ပြည်တွင်းစစ် ပြီးဆုံးပြီး ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်း ကိုထိန်လင်းက ဆိုပါတယ်။

သူ့မိခင်ဟာနိုင်ငံရေးမှာတစ်နည်းနည်းနဲ့ ဆက်ပြီး ပါဝင်နေဦးမယ် ဆိုတာကို သိနေကြောင်း၊ ဒါပေမဲ့သူ့ရဲ့ ဆန္ဒအရဆိုရင်တော့မိခင်ကို နိုင်
ငံရေးကနေ နည်းနည်းအနားယူပြီးကိုယ့်ကျန်း
မာရေးကိုယ် ပိုဂရုစိုက်စေချင်ကြောင်း
ကိုထိန်လင်းက ပြောကြားသွားပါတယ်။

ကိုးကား: Euronews
❤22👍7🥰2👏2🖕2🤮1🤣1
၂၀၁၉ ဒီဇင်ဘာလမှာ ​ဒေါ်​အောင်ဆန်းစုကြည်က ICJ မှာ ခုခံ​လျှောက်လဲခဲ့စဥ်။
ဓါတ်ပုံ-UN
❤27👍4🥰3👏2🖕2🤮1🤣1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်၊နိုင်ပကောင်း / People's Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပထမဦးဆုံးအကြိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်နောက်ပိုင်း ဩဂုတ်လအစမှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းချက်အဖြစ် စတင်လုပ်ဆောင်လာခဲ့တာပါ။

၁၉၉၅ ခုနှစ် ဩဂုတ်လကနေ ၂၀၀၃ ခုနှစ် နေအိမ်အကျယ်ချုပ်အထိ ဒေါ်အောင်ဆန်းစုကြည်အတွက် ထမင်းချက်(စားဖိုမှူး)တာဝန်ကို တောက်လျှောက်ယူခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စားသောက်ဖွယ်ရာတွေကို ၇ နှစ်ကြာတဲ့အထိ နားရက်မရှိ နေ့စဉ် ပို့ပေးခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမဲသား၊ ဝက်သား စတဲ့ ခြေလေးချောင်းသား မစားတာကြောင့် ဘဲသား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ အစားအစာကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဖိုးလေး(ခ)ဦးမြင့်စိုးဟာ သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။
😢21😭6❤1👏1🤮1
😢30😭5🤮2🖕1
မလေးရှားနိုင်ငံအခြေစိုက်ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကမြန်မာနိုင်ငံမှာရှိတဲ့ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ နိုဝင်ဘာ ၂၅
ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက မြန်မာဈေးကွက်ထဲကို ၀င်ရောက်ခဲ့တဲ့ The Manhattan FISH MARKET(MFM)ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Myanmar Plaza ဆိုင်ခွဲကို အပြီးတိုင်ပိတ်သိမ်းလိုက်ပါတယ်။

ဒါ့အပြင် MFM ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာဖြစ်တယ်လို့လည်း အသိ
ပေးထားပေမယ့် ထွက်ခွာရတဲ့ အခြေအနေအသေးစိတ်ကို ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။

လွန်ခဲ့တဲ့ ၁၂ နှစ်ကရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းက MMG Tower မှာ The Manhattan FISH MARKET ပထမဆုံးဆိုင်ခွဲကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူရင်းအခြေစိုက်ရာနိုင်ငံဖြစ်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှား၊ဘရူနိုင်း၊ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာ၊မော်လ်ဒိုက်၊ အရှေ့အလယ်ပိုင်း က အာရပ်စော်ဘွားများပြည် ထောင်စု (UAE)၊ကာတာ အိုမန် နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ The Manhattan FISH MARKET ဆိုင်ခွဲတွေ ရှိပါတယ်။

အခုလပိုင်းအတွင်းမှာမြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေ လုပ်ငန်း​တွေရပ်နားမယ်လို့ ဆက်တိုက်​ကြေညာလာကြပါတယ် ။

"လုပ်ငန်းတွေ ရပ်ဆိုင်ကြတယ်ဆိုတာ ဘယ်
လိုမှ တောင့်မခံနိုင်ကြတော့လို့ပါ။ အခြေခိုင်ပြီးသား ပြည်တွင်း စီးပွားရေးလုပ်ငန်းစုကြီးတွေကတော့ ဟန်မပျက်ပေမယ့် ကြားရသလောက်သူတို့လည်း အခက်အခဲတွေရှိနေတယ်။သွင်းကုန်ပိတ်လိုက်တော့အစစအရာ
ရာ ဈေးတက်ကုန်တာ။ပစ္စည်းထပ်ထုတ်မမရတာမျိုးတွေရှိတယ်။ကုန်ထုတ်လုပ်ငန်းတချို့ဆို ဒီအတိုင်းရပ်ထားရတာတွေ ရှိနေတယ်”လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။


https://www.ludunwayoo.com/news-mm/2026/11/26/174451/
🔥14👍7❤3👏2👎1
မြင်းခြံက စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်

စစ်သား ၆ဦးသေ၊ သေနတ် ၁ လက်ရဟု ထနောင်းမြေစစ်ကြောင်း ထုတ်ပြန်

နိုဝင်ဘာ၂၇-၂၀၂၆။ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ အေးရွာ(အေးမြသီတာရွာ)ရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူး ပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး သေနတ် ၁လက်သိမ်းဆည်းရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၂၅ ရက်က မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက် မြင်းခြံတက္ကသိုလ်အနီးရှိ အေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူး ပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၆ဦး သေဆုံးကာ ရုပ်အလောင်း၄ လောင်းရခဲ့ပြီး သေနတ် ၁လက်သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်အားလုံး အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သား အလောင်း၂လောင်း သယ်သွားတာကိုလည်း မြင်လိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"ဒီဂိတ်ထိုင်တာ ၃လလောက်ပဲရှိသေးတယ်။မြို့နဲ့နီးတော့ မြို့အစောင့်ပုံစံမျိုး ချထားတာ ပေါ့။ဒီရွာမှာ ဒီစခန်းတခုပဲရှိတာ"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စခန်းတိုက်ခိုက်ခံရပြီးနောက် ဆိပ်ဉာဏ်ဆိပ်ကမ်းကအစောင့် စစ်တပ်သ‌‌င်္ဘောက မနေ့ကညပိုင်းမှာ ‌‌‌‌‌ဆိပ်ကမ်းကပ်ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ပစ်တာက ဓားကျွန်းတို့တဇောင်းတို့ရွာ တွေဘက်ကိုပစ်တာ။အိမ်တွေ ပျက်စီးမှုတော့ရှိတယ်။ မနေ့က ည၇နာရီလောက်မှာ တောက်လျှောက်ရမ်းသမ်းပစ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစခန်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံခရိုင်တပ်ရင်း (၁)၊မြင်းခြံခရိုင်တပ်ရင်း(၂)၊မြင်းခြံခရိုင်တပ်ရင်း(၉)၊TFM ပျောက်ကြားတပ်ဖွဲ့၊MPDF၊MGNအညာသား ပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ရုပ်သံ - ထနောင်းမြေ စစ်ကြောင်း


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #မြင်းခြံမြို့နယ် #မန္တလေးတိုင်း #စစ်တပ်စခန်း #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ပွဲသတင်း #မြန်မာ့စစ်ရေး #မြန်မာ့သတင်း
❤33👏9🔥2🫡2🤣1🖕1
Media is too big
VIEW IN TELEGRAM
❤24👏6🔥2🥰2🫡2🤣1🖕1
ကောလင်းနယ် ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက ပြည်သူ ၁၇ဦးထက်မနည်း သတ်ဖြတ်ခဲ့

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ ၃၃စစ်ကြောင်းဟာ ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၄ရက် မနက်ပိုင်းမှစတင်ကာ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက် မှတဆင့် ကောလင်းမြို့နယ်အရှေ့ခြမ်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ အင်အားအလုံးအရင်းနဲ့ ဝင်လာကာ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်မှုများအတွင်း ကျေးရွာအချို့မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကာ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင် ၁၇ဦးကျော်ကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့မှုများရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပအဖက ထုတ်ပြန်ပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ပြည်သူပိုင် ပစ္စည်းအများအပြားကိုလည်း အတင်းအဓမ္မ ယူငင်သွားခဲ့ကြောင်း ဖော်ပြပါတယ်။

ကောလင်းမြို့နယ်အရှေ့ခြမ်း ညောင်ပင်သာရွာက အမျိုးသမီးတစ်ဦးအပါအဝင် ၄ဦး၊ ဂွေ့ကုန်းမှာ ၃ဦးနဲ့ ဥတုံးပင်ရွာ၊ တောင်ပုံရွာ၊ ညောင်ကုန်းရွာတို့က ပြည်သူတွေ သတ်ဖြတ်ခံထားရပြီး ‌‌ ဥတုံးပင်နဲ့ တောင်ပုံရွာတို့မှာ အလောင်းအများအပြားကို တွေ့ခဲ့ရတာလို့ သိရပါတယ်။

“အခုထိလည်း ရွာတချို့မှာ အထိုင်စခန်းတွေရှိသေးတယ်။ ကားလမ်းတွေလည်းပြန်မဖွင့်သေးဘူး။ သတ်တာကလည်း တွေ့သမျှကို အကုန်သတ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း အင်းတော်–ဝန်းသို–ကောလင်း–ကျွန်းလှ–ကန့်ဘလူ လမ်းကြောင်းနဲ့ အင်းတော်–ကျောက်တန်း–စပ္ပါယ်နံသာ လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၀ ရက်မှာ ကန့်ဘလူမြို့အထိ ရောက်ရှိပြီး လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အဲဒီစစ်ကြောင်းဟာ ကန့်ဘလူမြို့၆၀၀၆ တပ်ကို ပြန်ဝင်ချိန် တပ်အင်အားပြုန်းတီးနေပြီး ဒဏ်ရာရသူတွေကို Mi-17ရဟတ်ယာဉ်နဲ့ ရွှေဘိုဆေးရုံကို ပို့ထားသလို တပ်အချို့ကို သပိတ်ကျင်းမြို့နယ် တွင်းငယ်(တတက-၁၃)ထဲကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရပါတယ်။
🤬28😡5❤3🔥1👏1🤣1
(စစ်တပ်သတ်ဖြတ်ခဲ့ပြီးနောက် ရုပ်အလောင်းတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကောလင်းပအဖ)
🤬28😢9❤1👍1🔥1👏1🤣1😭1
ဆင်ပေါင်ဝဲမြို့နယ် စာသင်ကျောင်း စစ်တပ်ဗုံးကြဲမှု ကလေးငယ် ၃၀ကျော်အပါအဝင် အများအပြား သေဆုံး

▪️ICJ စီရင်ချက်ချအပြီး ၈ရက်အကြာမှာ စစ်တပ်က လူအစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြခြင်းဖြစ်

နိုဝင်ဘာ ၂၇၊၂၀၂၆။နေ့သစ်/People’s Spring

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့ အင်ရုံကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အများအပြားသေဆုံးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က နိုဝင်ဘာ ၂၆ရက် နေ့လည်ပိုင်းမှာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သူ ၅၀ထက်မနည်းရှိခဲ့တာလို့ဆိုပါတယ်။

“သေတာများတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရဘဲ အလောင်းတွေ မကောက်ရဲဖြစ်နေတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ဆရာမတယောက်လည်းလက်ပြတ်သွားတယ်လို့ဆိုပါတယ်။

“၅၀လောက်ရှိလောက်တယ်။အလောင်းတွေစုတာ ဘယ်သူမှသွားမလုပ်ရဲဘူး။” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုအပြီး စစ်တပ်က ထပ်မံ တိုက်ခိုက်တာတွေလုပ်နေလို့ ဒေသခံတွေ တိမ်းရှောင်နေကြရတာလည်း ရှိတယ်လို့ ပြောပါတယ်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ဟာ နိုဝင်ဘာ၂၆ရက် နေ့လယ်၂နာရီလောက်က လေယာဥ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့လို့ ကလေးအယောက်၃၀အပါ အ ဝင်သေဆုံးသူ ၄၀နီးပါးရှိတယ်လို့ ပြောပါတယ်။

အဲဒီမှာစစ်ပွဲဖြစ်တာမရှိပဲ ကျောင်းစာသင်ချိန်မှာ ရုတ်တရက်ဗုံးကြဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူများခဲ့သလို ဒဏ်ရာရသူ ၅၀လောက်ရှိပေမယ့် စစ်တပ်ကရွာထဲကသူတွေအပြင်ထွက်ခွင့်မပေးသလို အပြင်က လူမူကူ ညီရေးလုပ်သူတွေကို ဝင်ရောက်ကယ်ထုတ်မပေးပဲ ပိတ်ထားတယ်လို့ အောင်လံခရိုင်က သတင်းရင်းမြစ်က ပြောပါတယ်။

" အခြေအနေအတော်ဆိုးနေတယ်။ ထိခိုက်ဒဏ်ရာရသူတွေဆေးဝါးကုသခွင့်မရလို့ စိုးရိမ်စရာဖြစ်ရတယ်။ ရွာနီးချုပ်ကသူတွေ ဖြတ်သန်းသွားလာခွင့်မပေးဘူး။ ဆက်သွယ်ရေးလိုင်းတွေဖြတ်ခံထားရတယ် " လို့ သူကပြောပါတယ်။

အဲဒီကျေးရွာစာသင်ကျောင်းမှာ တန်ဆောင်တိုင်ရက်ရှည်ပိတ်ရက်ပြီးလို့ ပြန်ဖွင့်တာနှစ်ရက်ပဲရှိသေးချိန်မှာ အခုလိုဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

" ဗုံးတည့်တည့်ထိမှန်တာ။ သေဆုံး၊ ဒါဏ်ရာရတာတအားများတာကို စစ်တပ်ကသတင်းဖုံးဖိထားတယ်။ ကျတော်တို့တောင် တခြားရွာနီးစပ်တွေကိုမေးမြန်းစုံစမ်းပြီး အခြေအနေစောင့်ကြည့်နေရတယ် " လို့ ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အင်ရုံကျေးရွာမှာ PDF ရဲဘော်တွေအခြေချထားတာမရှိပဲ လမ်းကြောင်းသင့်လို့ တခါတလေ ဖြတ်သွား၊ဖြတ်လာလောက်ပဲရှိတာလို့ ဒေသခံတွေက ပြောပါတယ်။
🤬37🔥4❤2👍1👏1😢1🖕1
🤬26😢5🔥4👏1🖕1😭1
ဖိလစ်ပိုင်မှာအထပ်မြင့်ပါကင်ကနေ ကားပြုတ်ကျပြီးယာဉ်မောင်းသေဆုံး


ဖိလစ်ပိုင် နိုင်ငံမှာ လေးထပ် ကားပါကင်ကနေ ကားနဲ့အတူ ပြုတ်ကျရာက ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက မက်ကက်တီမြို့ရဲ့ Citadines Benavidez အဆောက်အအုံ အထပ်မြင့် ကားပါကင်ကနေ ကားတစ်စီး ပက်လက်ကြီး ပြုတ်ကျလာပုံကို လုံခြုံရေး ကင်မရာတွေက ရိုက်ကူးမိထားခဲ့ပါတယ်။

မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ပက်ဒရို အလာဂါနို ဂျူနီယာက အသက် ၅၅ နှစ်အရွယ် ယာဉ်မောင်းဟာ ကြေမွသွားတဲ့ ကားထဲမှာပဲ အသက်ဆုံးရှုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ မော်တော်ကားဟာ ငါးထပ် ကားပါကင်ကနေ လေးထပ်ကို အဆင်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့ပြီး အတားအဆီးတိုင် တစ်ခုကို ဝင်တိုက်ခဲ့ကြောင်း၊ ဒါပေမဲ့ ရပ်တန့်မသွားဘဲ နံရံကို ဖောက်ထွက်ပြီး အောက်ဖက်က ကားလမ်းပေါ် ပြုတ်ကျသွားကြောင်း သိရှိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာတဲ့အခါ ယာဉ်မောင်းက အသက်မရှူတော့သလို သွေးခုန်နှုန်းလည်း စမ်းမရတော့ဘူးလို့ ပြောပါတယ်။ နောက်တော့ ရဲတွေက ယာဉ်မောင်း သေဆုံးသွားပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။

အဆောက်အအုံ စီမံခန့်ခွဲမှုကို တာဝန်ယူထားတဲ့ Ascott Limited Philippinesက အိမ်ငှားနေထိုင်သူ တစ်ဦးရဲ့ မော်တော်ကား လမ်းပေါ်ပြုတ်ကျပြီး လူသေမှု ဖြစ်ခဲ့တဲ့ သတင်းကို သတိပြုမိကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ပါဝင်နေပေမယ့် လတ်တလောမှာတော့ နောက်ထပ် အချက်အလက်တွေ မထုတ်ပြန်နိုင်သေးကြောင်း ပြောပါတယ်။

ကားပြုတ်ကျပြီးတဲ့နောက် အနီးတဝိုက်မှာ သံတိုသံစတွေ၊ မှန်ကွဲစတွေပါ လွင့်စဉ် ပျံ့နှံ့ကုန်ခဲ့ပြီး နာရီပိုင်း အကြာမှာတော့ အပျက်အစီးတွေကို ရှင်းလင်းပြီးစီးခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် မြေပြင်ပေါ်မှာ ရှိနေသူတွေတော့ ဒဏ်ရာမရခဲ့ပါဘူး။

ကိုးကား: ABS-CBN


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖိလစ်ပိုင် #ယာဉ်မတော်တဆမှု #ကားပါကင် #သေဆုံးမှု #နိုင်ငံတကာသတင်း #Philippines #CarAccident #ParkingGarage #Fatality #InternationalNews
😱8🔥5😢2❤1👍1👏1
ICJ စီရင်ချက်လက်မခံဖို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတုဖန်တီး ဖြန့်ဝေ

နိုဝင်ဘာ ၂၇၊၂၀၂၆။ ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် ထွက်လာတယ်လို့ အသံတုနဲ့ဖန်တီးထားတဲ့ အသံဖိုင်ကို စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ နိုဝင်ဘာ ၂၇ရက်က ဖြန့်ဝေနေပါတယ်။

အဲဒီ အသံဖိုင်တုမှာ ICJ စီရင်ချက် လက်မခံဘဲ ညီညွတ်ရမယ် ၊ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းရမယ်စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ပုံစံ အသံတုကို AI နည်းပညာနဲ့ အသုံးပြု ဖန်တီးဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။

အဲဒီလို အာဏာသိမ်းစစ်တပ်ဘက်က အသံဖိုင်တု ဖြန့်ဝေလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြန်လည်ရှင်းလင်းခဲ့ပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ အသံဖိုင်ကို စစ်ဆေးလေ့လာကြည့်ရာမှာ AI မှန်းမရိပ်မိအောင် သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်နေတာတွေ့ရကြောင်း အသိပေးပါတယ်။

အရင်ကလည်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် အသုံးပြု ဝါဒဖြန်ခဲ့တာမျိုးရှိပြီး ဒီတခါကတော့ အရင်လို အသံတုမျိုးမဟုတ်ဘဲ သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်အောင် လုပ်ဆောင်ထားတာလို့ဆိုပါတယ်။

အသံဖိုင် အတု ၂ခု မှာ တစ်ခုက တီးလုံးပါပြီး နောက်တစ်ခုက တီးလုံး မပါကြောင်း ရှင်းပြပါတယ်။

တီးလုံးပါတဲ့ အသံဖိုင်မှာ နောက်ခံတီးလုံးက AI အသံ (အဖြတ်အတောက်၊ စက်သံ )ကို ဖုံးဖို့အတွက် သေသေချာချာညှိပြီး ထည့်ထားတာလို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

ရပ်တန့်ချိန်များ တစ်ပုံစံတည်း ဖြစ်နေတာကို ဦးနေဘုန်းလတ်က ထောက်ပြထားပြီး ၂ မိနစ်နဲ့ ၃၇ စက္ကန့် အတွင်း စကားရပ်တဲ့အကြိမ် ၅၇ ကြိမ်ရှိကြောင်း၊ အားလုံးနီးပါးက ၀ဒသမ ၃ စက္ကန့်ဝန်းကျင်မှာပဲ တစ်သမတ်တည်း ဖြစ်နေကာ ၈၉ ရာခိုင်နှုန်း ဆက်တိုက်ပြောသွားကြောင်း ရှင်းပြပါတယ်။

“ ဒါက AI Text-to-Speech ရဲ့ ပုဒ်ဖြတ်ရပ်တန့်ပုံ လက္ခဏာပါ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စကားတစ်ကြောင်းနဲ့တစ်ကြောင်းကြား ရပ်လိုက်တိုင်း လူအစစ်အသံသွင်းရင် ကျန်နေတတ်တဲ့ အခန်းသံ၊ မိုက်ခရိုဖုန်းသံ လုံးဝမရှိဘဲ ရပ်တန့်ချိန် `၃၀ ဒသမ ၈ရာခိုင်နှုန်းဟာ လုံးဝအသံတိတ် (digital zero နီးပါး) အထိ ပြတ်ကျသွားကြောင်း ရှင်းပြထားပါတယ်။

ဒါ့အပြင် အသက်ရှူသံမပါဘဲ စက်သံလက္ခဏာ ပါနေခြင်းကြောင်းလည်းရှင်းပြပါတယ်။ စကားစပြောခါနီး ၄၇ နေရာကို စစ်ကြည့်ရာမှာ အသက်ရှူသံလက္ခဏာ မရှိသလောက်ဖြစ်ပြီး ဝါကျအဆုံးတွေနဲ့ သရသံရှည်တွေမှာ ချောမွေ့လွန်းတဲ့ TTS စက်သံနဲ့ တစ်သမတ်တည်း စည်းချက်ကို သိသိသာသာ ကြားရကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားအကျဉ်းချခံထားရဆဲ အခြေအနေကိုလည်း ဦးနေဘုန်းလတ်က ထောက်ပြထားပါတယ်။

“ နောက်ဆုံးအနေနဲ့ သတိပြုသင့်တာကတော့ လက်ရှိအခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းအကျဉ်းချခြင်းကိုခံထားရဆဲဖြစ်ပြီး အခုလို အသံနဲ့ ပြည်သူလူထုကို စကားပြောနိုင်တဲ့ အခြေအနေမျိုး မှာ မဟုတ်ဘူးဆိုတာပါပဲ။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

နောက်ပိုင်း AI တွေဟာ ပိုမိုတိုးတက်လာဦးမှာဖြစ်တဲ့အပြင် အကြမ်းဖက်စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုကို သတင်းတု၊ သတင်းမှားတွေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဦးမှာမို့ အထူးသတိထားကြဖို့ လည်း ဦးနေဘုန်းလတ်က သတိပေးပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အာဏာသိမ်းစစ်အုပ်စုဟာ ICJ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အမှုတွဲဖို့ ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောပြထားပါတယ်။ ICJ စီရင်ချက်ဟာ ကျူးလွန်တဲ့ စစ်အုပ်စုကို အရေးယူဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့ စစ်အုပ်စုက ပြည်သူတွေကို အမှုတွဲဖို့ ကြိုးစားနေတာလို့ ဝန်ကြီးက ပြောပါတယ်။

“ပြစ်မှုထင်ရှားနေတယ်ဘယ်သူက ကျူးလွန်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားကို မင်းတို့နဲ့လည်းဆိုင်တယ် ဒီဟာကျတော့မှ ပေါ့နော် “လို့ ဒေါ်ဇင်မာအောင်က စစ်တပ်က လူထုကို အမှုတွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ရှင်းလင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှုအပေါ်၊ လူသားဆန်မှုအပေါ် ရပ်တည်ဖို့ သာအရေးကြီးတယ်လို့ လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။
🤬28❤4🤮3👍1👎1🔥1😁1🤔1🖕1
👍21😁3🤮2🤣1🖕1
KTLA ရဲဘော် ၂၄ဦး လက်နက်တွေနဲ့ KNLA တပ်မဟာ(၉)ထံ အလင်းဝင်

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဗိုလ်စောထီးမူးဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၉) တပ်ရင်း(၁၂)ထံသို့ လက်နက်ချအလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ရက်မှာ ဗိုလ်စောထီးမူးနဲ့ KTLA တာဝန်ရှိသူတွေ၊ တပ်ခွဲ ၂ခု အပါအဝင် တပ်သား စုစုပေါင်း ၂၄ဦး ဟာ လက်နက် ၁၈လက်နဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

“ကျနော်တို့က ကော်လာဖိုး(KTLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ကော်လာဖိုး)ကို ရှင်းဖို့အတွက် စစ်ဆင်ရေးတွေလုပ်တော့ သူတို့ရဲ့ လမ်းတွေအကုန်လုံးပိတ်ဆို့တာပေါ့။ အဲဒါကို သူတို့လည်း ရိက္ခာတွေပြတ်တယ်။ ထွက်ပေါက်လည်းမရှိတော့ဘူး သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်က သူတို့ ပြန်ပြီး အလင်းဝင်တဲ့ပုံစံပဲ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က KTLA တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောပါတယ်။

အကယ်၍ အလင်းမဝင်ပါကလည်း KTLA ရဲဘော်တွေ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပြတ်တောက်တာတွေရှိလာမယ်လို့ ပြောပါတယ်။

“ ကော်လာဖိုးလည်း သူတို့ကို မထောက်ပံ့ပေးနိုင်ဘူး။ အဲဒါကြောင့် သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ KNU အဖွဲ့အစည်းလက်အောက်ခံ ဖြစ်တဲ့ KNLA တပ်ဆီ ပြန်ပြီး အလင်းဝင်ခိုလှုံတဲ့ သဘောပေါ့” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကော်လာဖိုးရဲ့ KTLA ဟာ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

အခုလို KTLA ရဲဘော်တွေ လက်နက်ချအလင်းဝင်တာရှိသလို KNLA နဲ့ အတူပူးပေါင်းပြီး စစ်တပ်ကို တိုက်နေတဲ့ KTLA တပ်မှူးအချို့ဟာလည်း KNLA နဲ့ ပူးပေါင်းတာမျိုးရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၁ရက်ကလည်း KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာလို့ KNU မြိတ်ထားဝယ်ခရိုင်က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကိုတော့ ခရိုင် တာဝန်ရှိသူတွေက ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ K.N.L.A တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ပေးတာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆာကပေါတပ်ရင်းကတော့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတာပါ။ အဲဒီတ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ဩဂုတ် ၂၈ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့သလို ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်းလည်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

KTLA ကို ဗိုလ်နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ စစ်ဦးစီးချုပ်ဖြစ်ဖြစ်ပေမဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။

အဲဒီ KTLA အဖွဲ့တွေထဲက KNU မြိတ်ထားဝယ်ခရိုင်ထဲက ဗိုလ်ကော်လာဖိုးရဲ့ တပ်ဖွဲ့က KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်တွေကို ခြုံခိုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ ဗိုလ်ကော်လာဖိုးဟာ စစ်တပ်ထံကို နှစ်ကြိမ်တိုင်တိုင် လက်နက်ချ အလင်းဝင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှု အပြီးနောက်ပိုင်း ထပ်မံ ပေါ်ပေါက်လာကာ KNLAနဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တာပါ။
👍23❤8🔥1👏1😁1🤣1🖕1