People's Spring
✔
58.3K subscribers
73.9K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးစဥ်။ ။ဓါတ်ပုံ-APM
👍41🥰2🤣2❤1🥴1🖕1
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ မနက်ခင်း လမ်းပေါ်မှာ ကွဲအက်နေတဲ့ ပန်းအိုးတွေ၊ ထိုင်ခုံအကျိုးအပဲ့တွေ၊ စုတ်ပြဲယိုင်နဲ့သွားတဲ့ ဆိုင်းဘုတ်တွေ ပြန့်ကျဲနေတယ်။

သူခိုးကြီးညလို့လည်း ခေါ်ကြတဲ့ တန်ဆောင်
တိုင်ညအလွန် မနက်ခင်းတိုင်း နှစ်စဥ် မြင်နေကျ မြင်ကွင်းမျိုးပါ။

သူခိုးကြီးညကိုဒေသအလိုက်တန်ဆောင်မုန်း
လပြည့်ညမှာ လုပ်တဲ့ဒေသက လုပ်သလို ဒေသတချို့မှာတော့ လပြည့်ကျော်တစ်ရက်ညမှာ ပြုလုပ်​လေ့ရှိကြပါတယ်။

အိမ်ရှေ့တွေမှာ လှန်းထားတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ၊ပန်းအိုးတွေနဲ့ဆိုင်းဘုတ်
တွေကို နေရာရွှေ့တာ၊ တစ်အိမ်နဲ့တစ်အိမ် လဲလှယ်ထားတာတွေ ပြုလုပ်လေ့ရှိတယ်။ ​တန်ဖိုးမကြီးတဲ့ အရာတွေကိုပဲ အပျော်သ
ဘော ယူဝှက်ကြတာပါ။

အဲဒီလိုလုပ်တဲ့နေရာမှာလည်း အလုပ်ခံရတဲ့အိမ် စိတ်ဆိုးရခက်၊ ရယ်ရခက်တဲ့ အနေအ
ထားမျိုးလောက် လုပ်ကြတာပါ။ ဥပမာ ရပ်ကွက်ထဲ မတည့်တဲ့နှစ်အိမ်ကို ပစ္စည်းတွေ လဲပြီး ရွေ့ထားတာမျိုး။ ပစ္စည်းတွေအပြန်
အလှန်လဲလှယ်ရင်း ပြန်တည့်သွားတာတွေရှိတယ်။

ကပ်စေးနည်းတဲ့ အဒေါ်ကြီးအိမ်ရှေ့ စတုဒိ
သာ ကျွေးမယ်ဆိုင်းဘုတ်သွားချိတ်ကြတာ ရှိတယ်။ ဒါတွေက ရသပါတယ်။ ရယ်မောရတယ်။ပျော်ရွှင်ရတယ်။ အစအနောက်ခံရတဲ့အိမ်တွေလည်း နစ်နာတာမျိုးလည်း မရှိဘူး။

အရင်က ပစ္စည်းကို ခဏယူပြီး တစ်နေရာမှာ ဖွက်ထားတာ၊ပိုင်ရှင်ပြန်ရှာတွေ့အောင် ထားခဲ့တာမျိုးပဲ လုပ်ကြပေမဲ့ အခုခေတ်မှာတော့ ပန်းအိုးတွေ ခွဲသွားတာ၊ ဆိုင်းဘုတ်တွေ ထိုင်
ခုံတွေကို ဖျက်ဆီးတာမျိုးတွေက ရိုးရာဓလေ့နဲ့ လုံးဝ မသက်ဆိုင်တော့ဘဲ အများပြည်သူ
ပိုင်နဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးမှုသက်သက် ဖြစ်သွားပါပြီ။

မန္တလေးမြို့က လမ်းဘေးကော်ဖီဆိုင်လေးတစ်ဆိုင်ကတော့ ဆိုင်မှာအလှထားဖို့ဝယ်ထားတဲ့ ၂ သိန်းတောင်ကုန်တဲ့ အုန်းပွားပင်လေးတွေ လပြည့်ညမှာ အခိုးခံလိုက်ရတဲ့အကြောင်း လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။

အလားတူ ရေနံချောင်းမြို့က စားသောက်
ကုန်ရောင်းတဲ့ဆိုင်တစ်ဆိုင်ကတော့ အိမ်ထဲမှာခင်းထားတဲ့ အမဲချောင်းအစပ်ဘူးတွေ၊ ငါးရံ့ခြောက်ဖုတ်တွေ၊ ကြက်သားခြောက်ဖုတ်တွေ၊ ချဥ်ပေါင်ကြော်တွေ၊ ကြက်သားလုံးကြော်၊ အမဲခြောက်ဖုတ်၊ ငရုတ်သီးလှော်တွေအပြင် ဆပ်ပြာမှုန့်၊ နေကြာစေ့ထုပ်တွေ ဆိုင်ခင်းထားသမျှ တစ်ခုမှ မကျန်အောင် ခိုးယူခံလိုက်ရကြောင်း လူမှုကွန်ရက်ကနေ ဝေမျှထားပါတယ်။

“အပျော်လည်းမဟုတ်တော့ဘူး။ လွန်လွန်မင်းမင်းကြီးကို ဖြစ်သွားပြီ။စီးပွားပျက်အောင်လို့ကို တမင်ရည်ရွယ်ပြီးတော့ လုပ်ကြတာ”လို့ ဆိုင်ရှင်က ရင်ဖွင့်ပါတယ်။

မြေပြန့်တင်မကပါဘူး။ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာလည်း လပြည့်ညက ဝိုင်ဖိုင်ကြိုးတွေ အ
ကုန်ဖြတ်တောက်သွားကြောင်း ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာလည်း ထောင်
ထားတဲ့ဆိုင်းဘုတ်တွေကို ယူဆောင်သွား
ပြီး ဓါးတွေနဲ့ခြစ်ကာ လမ်းဘေးပစ်ချထားတာတွေရှိကြောင်း သိရပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတင်ယာဥ်တွေလည်း လမ်းလယ်ပေါ် ချထားတဲ့ ပန်းအိုးတွေ၊ ခုံတွေကို မကြာခဏ ဆင်းဆင်းဖယ်ခဲ့ရတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အကြောင်း ရင်ဖွင့်ထားကြပါတယ်။

https://www.ludunwayoo.com/feature-mm/2026/11/26/174430/
👍21😭8❤3🔥3🤬2🤮1🤣1🖕1
မန္တလေးမှာ ပေါ်တာဆွဲပြီး ဒုစရိုက်မှုပေါများတဲ့ ကမ်းနားလမ်းမှာ ညစျေးလုပ်ဖို့ စီစဥ်နေ

နိုဝင်ဘာ ၂၇၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့မှာ ပေါ်တာမကြာခဏဆွဲပြီး ဒုစရိုက်မှုတွေပါပေါများနေတဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းမှာ ညဈေးလုပ်ကိုင်ခွင့် လေလံခေါ်ယူနေပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် အိတ်ဖွင့်လေလံခေါ်ယူကြောင်း စစ်တပ်လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနက ကြေညာထားပါတယ်။

အဆိုပါ လေလံခေါ်ယူတဲ့ နေရာမှာ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်း၊ ၂၂ လမ်းနဲ့ ၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အလျား ပေ (၈၆၀)၊ အနံ ပေ (၈၀) ကျယ်ဝန်းတဲ့ ကွန်ကရစ်ခင်းရင်ပြင်ဧရိယာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အဆိုပါ ကမ်းနားလမ်းတစ်လျှောက်နဲ့ အနီးဝန်းကျင်ဧရိယာတွေမှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေရှိကြောင်း၊ ဒါ့အပြင် နေ့ခင်းဘက်အချိန်တွေမှာပါ ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ တွင်ကျယ်နေတဲ့ နေရာတစ်ခုဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

"မန္တလေးသူ၊ မန္တလေးသားတွေက ညဆို အဲဒီလိုနေရာ ဘယ်သူမှ မသွားချင်ကြဘူး။ ညမပြောနဲ့ နေ့တောင် မသွားရဲဘူး"လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလို နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေပြီး ဒေသခံတွေတောင် သွားလာဖို့ မဝံ့ရဲတဲ့ အခြေအနေမှာ ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့် လေလံခေါ်ယူလာခြင်း ဖြစ်ပါတယ်။

မန္တလေးမြို့မှာ အဆိုပါကမ်းနားလမ်းတင်မကဘဲ မြို့တွင်းရော မြို့ပတ်လမ်းတွေမှာပါ စစ်တပ်က ပေါ်တာဆွဲတာတွေ၊ ခိုးဆိုးလုယက်တာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
🖕19🔥7❤2👎2👏1🤬1
(ညစျေးပြုလုပ်မယ့် ကမ်းနားလမ်းက ရင်ပြင်ကို တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)
😁14🔥5❤1⚡1👍1👎1👏1
ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်
ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေ
အနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။

သူ့လုပ်ငန်းမှာ သုံးရတဲ့ မုန့်သား ပွတက်လာစေမယ့် တဆေး (Yeast) နဲ့ ဂျုံပေါင်းတဲ့အခါ နူးညံ့ဖို့ သုံးရတဲ့ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) တွေက လုံးဝ ဝယ်မရတော့အထိ ဖြစ်ပါတယ်။

ဒါ့အပြင်အစားအသောက်ထဲမပါမဖြစ် ထည့်ရတဲ့ ပြည်တွင်းထွက် ကြက်ဥနဲ့ ကြက်သွန်နီ ဈေးတွေ တစ်နေ့တခြား ပိုတိုးလာနေတာကလည်း လုပ်ငန်း ဆက်ရပ်တည်ဖို့ နောက်ထပ် အတားအဆီးတစ်ခုလို့ ကိုစိုင်းနော်က ရှင်းပြပါတယ်။

“တဆေးတို့၊ မုန့်ဖုတ်ပေါင်ဒါတို့ဆိုတာ ထိုင်းနဲ့ တရုတ် ထုတ်တွေ သုံးရတာ။ အဲဒါမှ ကိုယ်ထုတ်တဲ့ အစားအသောက် ကွာလတီ ကောင်း
ကောင်း ရတယ်။ စားတဲ့သူတွေလည်း အရ
သာ ပြည့်စားရတယ်။ ပုံမှန် ယူနေကြ ရန်ကုန်ဒိုင်မှာကိုက ပစ္စည်း လက်ကျန် မလောက်တာ။ ဒါတွေ မရှိရင် ဘာမှ ဆက်လုပ်လို့ မရဘူးလေ” လို့ သူ့အခက်အခဲကို ပြောပြပါတယ်။

အာဏာသိမ်း စစ်တပ်လက်အောက် မြန်မာ့ စီးပွားရေး မူဝါဒနဲ့ ပကတိ အခြေအနေ ဆိုးတွေက ကိုစိုင်းနော် တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး။ အခုလပိုင်းတွေအတွင်းမှာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ လုပ်
ငန်း ဆယ်နဲ့ချီပြီး ရပ်ဆိုင်း ထွက်ခွာမယ်ဆိုတဲ့ နေ့စဉ်ရက်ဆက် ကြေညာချက်တွေက အခြေ
အနေကို ပိုပြီး မြင်သာစေပါတယ်။

အဲဒီထဲမှာ အနည်းဆုံး လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်း
ကျင်ကတည်းက တည်ထောင်ခဲ့တဲ့ ခရီးသွား၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ထုတ်ပိုးမှုနဲ့ မော်တော်ယာဉ် သက်ဆိုင်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအပြင် လုပ်သား အင်အား ထောင်ဂဏန်းရှိတဲ့ပြည်ပကရင်းနှီးမြှုပ်နှံတဲ့ အထည်
ချုပ်စက်ရုံတွေ အပါအဝင် ကဏ္ဍပေါင်းစုံက ကုမ္ပဏီကြီး တချို့ပါ ရှိပါတယ်။

အထူးသဖြင့် ဟံသာဝတီလေဆိပ်၊ ကျောက်
ဖြူ စက်မှုဇုန်နဲ့ ဆိပ်ကမ်း၊ ပဲခူး စက်မှုဇုန်၊ ဒဂုံ ဆိပ်ကမ်း မြို့ပြအိမ်ရာ၊ကန်တော်ကြီး ငါးပြတိုက်၊ ပြည်လမ်း မြေအောက် လူကူးလမ်း စတဲ့ စီမံကိန်းတွေကို စီမံ ခန့်ခွဲမှုအထိ ပါဝင်ခဲ့တဲ့ စင်ကာပူ အစိုးရလက်အောက်ခံ မြို့ပြ စီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ ရပ်ဆိုင်းမယ်ဆိုတာနိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့တယ်။

ဒါ့အပြင် ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ် လုပ်ငန်းနဲ့ လူသုံးကုန်၊ စား
သောက်ကုန် လုပ်ငန်းစုကြီး Unilever ကပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချပြီးမြန်မာ့ ဈေးကွက်
ကနေ ရုပ်သိမ်းမယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

အလားတူပဲ လန်ဒန် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး
ဝန်ဆောင်မှု လုပ်ငန်းကွန်ရက် PwC-Price
waterhouseCoopers မြန်မာကပါ ထွက်ခွာမယ်လို့ အောက်တိုဘာ တတိယပါတ်က အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်ထုတ် သတင်းစာတွေထဲမှာ ဆောက်လုပ်ရေးဆိုင်ရာ ကုမ္ပဏီနဲ့ မော်တော်
ယာဉ် စက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီတွေ စာရင်းရှင်းလင်း ရပ်ဆိုင်းတော့မယ်လို့ ထပ်မံ ကြေညာထားပါတယ်။

“ဝန်ထမ်းတွေ အများကြီးနဲ့ လည်ပတ်နေရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေက အခက်အခဲ ပိုရှိတာပေါ့။ကျွန်တော်တို့လည်းထိနေတာပဲ။ အ
သက်ရှု ကြပ်နေတာပဲ။အဓိကသွင်းကုန် ပိတ်
ဆို့မှုတွေကြောင့်” လို့ ရန်ကုန်မြို့မှာ ဆောက်
လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း အရောင်းဆိုင် ဖွင့်ထားတဲ့ ကိုချမ်းအေးက သူ့အမြင်ကို ပြောပြပါတယ်။


https://www.ludunwayoo.com/feature-mm/2026/11/24/174226/
👍19🔥6❤2😢1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေလွတ်ရေး ကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေး တာဝန်ရှိသူတွေထံ CRPH ကိုယ်စားလှယ်တောင်းဆို

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန်ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း CRPHက အသိပေးထုတ်ပြန်ပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Riley M. Barners၊ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms. Julie Turner ၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ရုံး နိုင်ငံခြားရေးရာ အရာရှိ Mr. Jamie Staley အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ နိုင်ငံခြားရေးရာအရာရှိ Mr. McGurn တို့နဲ့ နိုဝင်ဘာ ၂၃ရက်မှာ တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီ၊ လူ့အခွင့်အရေးအခြေအနေများနဲ့ မတရားဖမ်းဆီးအကျဉ်းချခံ ထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေး ဒေါ်မြတ်သီတာထွန်းက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် CRPH ရဲ့ လွှတ်တော်လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေ၊ နိုင်ငံတကာလွှတ်တော်အဖွဲအစည်းများရဲ့ အသိအမှတ်ပြုမှုအခြေအနေများ၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက်မှုများကြောင့် ပြည်သူများ ထိခိုက်ခံစားရမှု အခြေအနေအထောက်အထားများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနဲ့ ဆက်စပ်ရာဇဝတ်မှုများ၊ အဓမ္မလုပ်သားခိုင်းစေခံရမှု အခြေအနေများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကိုလည်း ပေးအပ်မျှဝေခဲ့ကြောင်း ဖော်ပြထားပါတယ်။

CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဟာ ဒေါ်မြတ်သီတာထွန်းဟာ ဗတ္တိဇံခရစ်ယာန် ကမ္ဘာ့မဟာမိတ်အဖွဲ၏ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် Rev. Dr. Elijah Brown ၊ ၊ Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌ Mr. Zo Tum Hmung၊ BRI မှ စုစည်းဦးဆောင်သော Multifaith Group မှ ဘာသာရေးခေါင်းဆောင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တွေ့ဆုံမှုမှာ Rohingya Consultative Council (RCC) ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတိုလည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ နိုဝင်ဘာ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် Rep. Gregory W. Meeks (Ranking Member, House Foreign Affairs Committee Senior Member, House Committee on Financial Services) ရုံးမှ Senior Professional Staff Member ဖြစ်သူ Mr. Anubhav Gupta နဲ့လည်းတွေ့ဆုံခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ အမေရိကန်ပြည်ထောင်စု နှစ်ဝက်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော လွှတ်တော်အမတ် Mr. Gregory W. Meeks အား CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ ပေးအပ်လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို ပေးအပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူများနဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် တော်လှန်ရေးအင်အားစုများအား အမေရိကန်ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဥပဒေများနဲ့အညီ လက်တွေ့ ထိရောက်စွာ အကူအညီပေးနိုင်ရေး ကိုလည်းဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်ပါတယ်။
❤20👍7🥰2🤮2👏1🤣1🖕1
ဓာတ်ပုံ - CRPH
❤19👍9🥰3🤮1🤣1🖕1
စစ်ကိုင်းငလျင်ကြီးမှာ လူ ၂၀၀ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုမြေနေရာရောင်းချဖို့ လေလံစတင်ခေါ်ယူ

နို၀င်ဘာ-၂၇၊၂၀၂၆။မိုမို/People's Spring

စစ်ကိုင်းငလျင်ကြီးမှာ လူသေဆုံးမှုများခဲ့တဲ့ Sky Villa ကွန်ဒိုမြေနေရာ ရောင်းချဖို့ အခန်းပိုင်ရှင်တွေက လေလံစတင်ခေါ်ယူလိုက်ပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်းအမှတ်- ၆ဝ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား အနိပ်တော်ရပ်ကွက် ပေ ၁ဝဝ x ပေ ၄ဝဝ အကျယ်ရှိတဲ့ Sky Villa မြေနေရာကို ကျပ်ငွေနဲ့ လေလံတင်ရောင်းချမှာလို့ ဒီကနေ့(နို၀င်ဘာ ၂၇ ရက်)ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

Sky Villa ကွန်ဒိုမြေနေရာကို လေလံတင် ရောင်းချနိုင်ဖို့ ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေကြား နို၀င်ဘာ ၁၉ ရက်က သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Sky Villa မြေနေရာကို လေလံကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၄သိန်းနဲ့ လေလံတင် ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချရငွေကို NTL ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေက ၆၀ ရာခိုင်နှုန်း ခွဲဝေရယူကြမှာဖြစ်ပါတယ်။

အခန်းပိုင်ရှင်တွေ အတွက်ခွဲဝေပေးမယ့် ရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို တစ်ဦးချင်းပိုင်ဆိုင်တဲ့ အခန်းရဲ့ စတုရန်းပေအကျယ်အဝန်းအလိုက် အချိုးကျခွဲဝေရယူရမှာလို့ Sky Villa မြေနေရာ လေလံတင် ရောင်းချနိုင်ရေးနဲ့ အကျိုးရလဒ် ခွဲဝေရေး ကော်မတီဝင်တွေက အသိပေးထားပါတယ်။

Sky Villa ကွန်ဒိုကို ၁၁ ထပ်စီရှိတဲ့ အဆောက်အဦး ၄လုံး နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ချိန်အဆောက်အဦး ၃လုံးပြိုကျသွားခဲ့တာပါ။

Sky Villa ကွန်ဒိုပြိုကျမှုမှာ ရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူ ၁ဦးကို ကျပ်သိန်း ၁၀၀နှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။လက်ရှိမှာ Sky Villa ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ် ၇နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။
❤10🤬9👍5🔥2👏1
(စစ်ကိုင်းငလျင်ကြီးမှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို။ ဓာတ်ပုံ - CJ)
🤬11❤8👍3👏1👻1
ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတဲ့ KNU က တပ်မဟာ(၉) တိုးချဲ့ဖွဲ့စည်း

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကို အထိနာအောင်တိုက်ခိုက်ထားနိုင်ပြီး ထိန်းချုပ်နယ်မြေ ပိုကျယ်ပြန့်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ အသစ်တစ်ခုတိုးချဲ့ဖွဲ့စည်းလိုက်ပြီး တပ်မဟာ(၉)အဖြစ် အမည်ပေးထားကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

KNU မှာ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိရာ လက်ရှိ အသစ်ဖွဲ့လိုက်တဲ့ တပ်မဟာ(၉)ကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ရှိ တပ်ရင်းအချို့၊ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) လက်အောက်ရှိ တပ်ရင်းအချို့နဲ့ အသစ်ဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။

“ တပ်မဟာ(၈) မရှိသေးဘူး။ တာဝန်ခံတဲ့သူက နံပါတ်(၈) မကြိုက်လို့ နံပါတ်(၉)ထည့်လိုက်တာ။ တပ်မဟာ(၉) ဖွဲ့ထားတာတော့ သုံးလေးငါးလရှိပြီ။ သူတို့က တပ်မဟာ(၄)တပ်ရင်းအချို့ရယ် တပ်မဟာ(၆) တပ်ရင်းအချို့ရယ်။ တပ်မဟာမှူးကျတော့ ဗိုလ်ရန်နိုင်လေ။” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ တပ်မဟာမှူးဟာ ဗိုလ်မှူးကြီးအဆင့် ဖြစ်ပြီး သတ်မှတ်ကာလမှာတော့ ဗိုလ်မှူးချုပ်အဆင့် ရာထူးတိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မဟာ(၉)ဟာ လတ်တလောမှာ KNU မြိတ်ထားဝယ်ခရိုင်အောက်က တပ်မဟာတခုအဖြစ် တည်ရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ ခရိုင်သစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားဖို့လည်းရှိတယ်လို့ အသိပေးပါတယ်။ ခရိုင်၊ တပ်မဟာ အသစ်ထပ်မံတိုးချဲ့ဖို့လျာထားတာရှိတယ်လို့ ဆိုပါတယ်။

KNU မှာ ခရိုင်နဲ့တ ပ်မဟာ ၇ခုရှိရာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၁) တောင်ငူခရိုင်၊ တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅)ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်တို့ဖြစ်ပြီး အဲဒီ ခရိုင် ခုနစ်ခုအောက်မှာ မြို့နယ်ပေါင်း ၂၈မြို့နယ်ရှိပါတယ်။ KNU အနေနဲ့ မြို့နယ်တိုးချဲ့ဖွဲ့စည်းတာတွေလည်း ပြုလုပ်ခဲ့တာရှိပါတယ်။

KNUဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-ထိုင်းနယ်စပ် နယ်စပ်ဒေသ အပါအဝင် ခရိုင်တပ်မဟာ အသီးသီးအတွင်းရှိ စစ်တပ်စခန်း ရာချီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိခဲ့ပါတယ်။ လက်ရှိမှာလည်း KNU၊ KIO၊ KNPP၊ CNF၊ NUG၊ CRPH တို့ပါဝင်စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်ရေးကော်မတီ မှာလည်း KNU ဟာ စစ်ရေးပိုင်းကို KIOနဲ့အတူ ပူးတွဲ ဦးဆောင်လျက်ရှိပါတယ်။

တပ်မဟာ(၉)အဖြစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ တပ်ရင်းအချို့ဟာ အခုနှစ်မတ်လက စစ်သင်တန်းဆင်းပွဲတရပ်ကို အင်အား ၄၅၀ ကျော်နဲ့ ပြုလုပ်ကာ လက်နက်တပ်ဆင်မှု ပြုလုပ်ခဲံပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရန်နိုင်(ခ) စောနယ်ဒါးထူး ဦးဆောင်တဲ့ KNLA အထူးဗျူဟာ အမှတ်(၂)ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို မတ်လ တတိယပတ်မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီ အခြေခံ စစ်သင်တန်းဆင်းပွဲကို KNLA -အထူးဗျူဟာအမှတ်(၂) မှ KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၀မှ ရဲဘော် ၄၅၃ ဦး သင်တန်းဆင်းခဲ့တာဖြစ်ပြီး လက်နက်တပ်ဆင်နိုင်ခဲ့တယ်လို့ KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောထားပါတယ်။

“စစ်ရေးမြှင့်တင်ဖို့အတွက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အားလုံး တစုတစည်း ညီညီညွတ်ညွတ်နဲ့ စစ်တိုက်ပါ။ ဒီစစ်အာဏာရှင် မပြုတ်မချင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ အောင်ပွဲယူပြီး ပန်းတိုင်ရောက်ဖို့ ဆက်သွားပါ။” လို့လည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။
👏28🥰6❤2🫡2👍1🔥1🤣1🖕1
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Supplied)
🥰24👏8👍2💩2🫡2🤮1🖕1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်က ဖမိးဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ မီးဖိုချောင် တာဝန် ယူပြီး ၂၀၀၄ ခုနှစ်ကနေစတင်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးတာဝန်ကို ယူခဲ့တယ်လို့ သိရပါတယ်။

အဖိုးလေး ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ.အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။
😢37❤6👍1👏1🤮1🖕1
😢27❤19🤮2👍1👏1
စင်ကာပူအခြေစိုက် ပီဇာကုမ္ပဏီ Pezzo လည်း ပြန်လည်ထွက်ခွာ

နို၀င်ဘာ-၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီကနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

၂၀၂၆ နိုဝင်ဘာ ၂၇ ရက်ကစပြီး လှည်းတန်းဆိုင်ခွဲအပါအဝင် ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာလို့ Pezzo Pizza Myanmar က လူမှုကွန်ယက်က တဆင့် အသိပေးထားပါတယ်။

"အဆုံးသတ်နှုတ်ဆက်ရတာဟာ ကျွန်ုပ်တို့အတွက်လည်း အလွန်ပင်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းလှပါတယ်"လို့Pezzo Pizza Myanmar က အသိပေးပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၆ က မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ Pezzo Pizza Myanmarရဲ့ ဆိုင်ခွဲတွေက လှည်တန်စင်တာ၊မြေနီကုန်းစီးတီးမတ် နဲ့သာကေတ ကယ်ပီတယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံအခြေစိုက် ​ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကုန်ကြမ်းသွင်းလို့ မရတာအပြင် အထွေထွေကုန် ကျစရိတ်တွေ တက်လာတာကြောင့် ပြည်ပ စားသောက် ကုန်လုပ်ငန်းတွေ ပိတ်သိမ်းနေတာလို့ ကြားရတယ်။ဒါက လူသိများတဲ့ ဆိုင်တွေပေါ့။ပြည်တွင်းတပိုင်တနိုင်တွေပိတ် နေရတာတွေက ပိုဆိုးတယ်"လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုလထဲမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေထဲက ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်ခံ Isuzu မော်တော်ယာဉ်လုပ်ငန်း ရပ်ဆိုင်းတာနဲ့ စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ‌တွေ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေညာချက်တွေ ဟာ စစ်တပ်ထုတ်ဝေတဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အမြဲမပြတ်ပါရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ သွင်းကုန် ကန့်သတ်ချက်တွေ၊ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက စီပွားရေးလုပ်ငန်းတွေ ပြိုလဲရမှုအတွက် အဓိကအကြောင်းအရာဖြစ် နေတယ်လို့ လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်။
👍21❤3👏2👎1🔥1
👍16👏2👎1🔥1😁1🖕1
ဒေါ်အောင်ဆန်းစုကြည် ICJမှာခုခံလျှောက်
လဲခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့မဟုတ်ဘဲဒီမိုက​ရေစီကိုကာကွယ်ဖို့ကြိုးစားခဲ့တာဖြစ်
ကြောင်းသားဖြစ်သူပြော

နိုဝင်ဘာ-၂၇၊၂၀၂၆။People's Spring

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံလျှောက်လဲပေးခဲ့တာဟာစစ်တပ်ကိုကာကွယ်ဖို့ လုံးဝမဟုတ်ဘဲ
သူ့မိခင်ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းနုနယ်​တဲ့ နိုင်ငံ့ရဲ့ဒီမိုက​ရေစီကိုကာကွယ်ဖို့သာဖြစ်
ကြောင်းသားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားပါတယ်။

Euronewsရဲ့ The World Conversation အစီ
အစဉ်မှာတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား
ဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်)က ၂၀၁၉ ခုနှစ်တုန်းကသူ့မိခင်ရဲ့ သည်ဟိဂ်မြို့ ခရီး
စဉ်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ မိခင်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ဟိဂ်မြို့ဆီ သွားခဲ့တာ လုံးဝ မဟုတ်ကြောင်း၊ မိခင်ဖြစ်သူဟာ အရမ်းနုနယ်ပြီး ထိလွယ်ရှလွယ် အဆင့်မှာသာ ရှိနေသေးတဲ့ ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်ကြောင်း၊ စစ်တပ်ဟာ ဒီမိုကရေစီကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တဲ့ အင်အား ရှိခဲ့ကြောင်း၊ တကယ်လည်း ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကိုထိန်လင်းက ဆက်​ပြောပါတယ်။

"သူမဟာ စစ်တပ်ကို ကာကွယ်ဖို့ သည်ဟိတ်ကို သွားခဲ့တယ်လို့ သူတို့ပြောကြတယ်။ အဲဒါ လုံးဝမမှန်ပါဘူး။ သူမဟာ အချိန်မရွေး စစ်
တပ်က ဖြိုဖျက်ပစ်နိုင်တဲ့ အလွန်အမင်း အား
နည်းပြီး မတည်ငြိမ်တဲ့ ဒီမိုကရေစီကို ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ စစ်
တပ်က အဲဒီလို ဖြိုဖျက်ခဲ့ပြီးပါပြီ” လို့ ကင်မ်ကပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်အာဏာ
သိမ်းမှု မတိုင်ခင်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ
တုန်းက မြန်မာ အစိုးရရဲ့ နိုင်ငံတော် အတိုင်
ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရှိနေချိန်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားခွင်ဆီ သွားရောက်ပြီး မြန်မာအ
ပေါ် လူမျိုးသုဉ်း စွပ်စွဲချက်နဲ့ ပတ်သက်လို့ ခုခံ လျှောက်လဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ICJက မြန်မာ
နိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း စီရင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က​တော့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ကတည်းကအာဏာသိမ်း
စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက်မှာ နှစ်ရှည်လများ ဆက်ပြီးတော့ရှိနေဆဲပါ။

ဒါ့အပြင် ကင်မ်က မိခင်ဖမ်းဆီး​ထောင်ချခံထားရပြီး ငါးနှစ်​ကျော် အကြာမှာ မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။ မိခင်ရဲ့ အသံကို ပြန်ကြားခွင့် ရခဲ့လို အရမ်းဝမ်းသာပြီး စိတ်သက်သာရာရခဲ့တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးထဲမှာ ဝန်ခံထားပါတယ်။ ဒါပေမဲ့ စစ်တပ် ဘာလုပ်ချင်နေသလဲဆိုတဲ့ ရည်ရွယ်ချက်အပေါ် သံ
သယ ဝင်နေဆဲ ဖြစ်သလို အသက် ၈၁ နှစ်အရွယ် မိခင်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူမိကြောင်း ဆက်​ပြောပါတယ်။

အမေရဲ့အသံကို ပြန်ကြားရလို့ ဝမ်းသာခဲ့ကြောင်း၊ အချိန်တွေ အများကြီး ကြာပြီးမှ မိခင်ဖြစ်သူ အသက်ရှင်ပြီး ကျန်းကျန်းမာမာ ရှိနေတာကို အတည်ပြုနိုင်လို့ စိတ်သက်သာရာ ရမိခဲ့ကြောင်း သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တကယ်ရော အသက်ရှင်နေသေးရဲ့လား ဆိုတာကိုတောင် မိသားစု အ
နေနဲ့ သိခွင့်မရခဲ့ကြောင်း ကိုထိန်လင်းက ဖွင့်ဟခဲ့ပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ပြောပေမယ့် သူနားလည်သလောက်တော့ မိခင်ဖြစ်သူဟာသူ့နေအိမ်မှာ ရှိမနေကြောင်းလည်း ကိုထိန်လင်းကပြောပါတယ်။ပြီးတော့ စစ်
တပ် ဆရာဝန်၊ ရဲတွေနဲ့ကလွဲရင် ဘယ်သူနဲ့မှလည်း ထိတွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။ဖုန်းပြောတော့မိခင်ဖြစ်သူကကိုယ့်ကိုယ်ကိုယ် ဂရု
စိုက်ရဲ့လားလို့သူ့ကိုအရင်ဆုံး မေးခဲ့တယ်လို့လည်း ကိုထိန်လင်းက ပြောပြခဲ့ပါတယ်။

သူ့ရဲ့မိခင်ကိုနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့
ပေးခဲ့တယ် ဆိုတာကလည်း စစ်တပ်က နိုင်ငံ
တကာ အမြင်မှာ သဘောထား ပျော့ပျောင်းလာတယ်ဆိုတဲ့ ပုံရိပ်တစ်ခု တည်ဆောက်ချင်လို့သာဖြစ်နိုင်ကြောင်းသူကသုံးသပ်ခဲ့ပြီး စစ်တပ်အပေါ် နိုင်ငံတကာဖိအားပေးမှုတွေ ဆက်လက် တင်းကျပ်ထားဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ သူ့မိခင်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ မယုံကြည်ကြောင်း၊ နောက်
ထပ် ၁၀ နှစ်အတွင်း မြန်မာ့ ပြည်တွင်းစစ် ပြီးဆုံးပြီး ဒီမိုကရေစီ ပြန်လည် ထူထောင်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်း ကိုထိန်လင်းက ဆိုပါတယ်။

သူ့မိခင်ဟာနိုင်ငံရေးမှာတစ်နည်းနည်းနဲ့ ဆက်ပြီး ပါဝင်နေဦးမယ် ဆိုတာကို သိနေကြောင်း၊ ဒါပေမဲ့သူ့ရဲ့ ဆန္ဒအရဆိုရင်တော့မိခင်ကို နိုင်
ငံရေးကနေ နည်းနည်းအနားယူပြီးကိုယ့်ကျန်း
မာရေးကိုယ် ပိုဂရုစိုက်စေချင်ကြောင်း
ကိုထိန်လင်းက ပြောကြားသွားပါတယ်။

ကိုးကား: Euronews
❤22👍7🥰2👏2🖕2🤮1🤣1
၂၀၁၉ ဒီဇင်ဘာလမှာ ​ဒေါ်​အောင်ဆန်းစုကြည်က ICJ မှာ ခုခံ​လျှောက်လဲခဲ့စဥ်။
ဓါတ်ပုံ-UN
❤27👍4🥰3👏2🖕2🤮1🤣1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်၊နိုင်ပကောင်း / People's Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပထမဦးဆုံးအကြိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်နောက်ပိုင်း ဩဂုတ်လအစမှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းချက်အဖြစ် စတင်လုပ်ဆောင်လာခဲ့တာပါ။

၁၉၉၅ ခုနှစ် ဩဂုတ်လကနေ ၂၀၀၃ ခုနှစ် နေအိမ်အကျယ်ချုပ်အထိ ဒေါ်အောင်ဆန်းစုကြည်အတွက် ထမင်းချက်(စားဖိုမှူး)တာဝန်ကို တောက်လျှောက်ယူခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စားသောက်ဖွယ်ရာတွေကို ၇ နှစ်ကြာတဲ့အထိ နားရက်မရှိ နေ့စဉ် ပို့ပေးခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမဲသား၊ ဝက်သား စတဲ့ ခြေလေးချောင်းသား မစားတာကြောင့် ဘဲသား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ အစားအစာကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဖိုးလေး(ခ)ဦးမြင့်စိုးဟာ သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။
😢21😭6❤1👏1🤮1