People's Spring
✔
58.3K subscribers
73.9K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်က ၂၀၂၁ ခု အာဏာမသိမ်းခင်က အရွယ်ရောက်ပြီးသား လူငါးဦးရှိတဲ့ မိသားစုတစုအတွက် ဆန်၊ ကြက်ဥခရမ်းချဉ်သီးငပိချက်ချက်၊ ကန်စွန်းရွက်ချဉ်ရည်၊ ငရုတ်သီး
စိမ်းထောင်း၊ သခွားသီးတို့ ပါဝင်တဲ့ ထမင်းတစ်နပ်စာ စုစုပေါင်း ကုန်ကျစရိတ်ဟာ ၃၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။

ဒါပေမဲ့ ကနေ့ ၂၀၂၆ ခုမှာတော့ အဲဒီပုံစံတူ၊ အရသာတူ၊ ပမာဏတူ ထမင်းတနပ်စာအ
တွက် ကျပ် တသောင်းခြောက်ထောင်ကျော်လောက် ကုန်ကျနေပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကာလအတွင်းမှာ အခြေခံအကျဆုံး ထမင်းတနပ်ရဲ့ကုန်ကျစရိတ်ဟာငါးဆလောက်အထိမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခု တုန်းက တနေ့ကို မနက်စာ၊ နေ့လယ်
စာ၊ ညစာ စားသောက်စရိတ် အားလုံးပေါင်းမှ တရက်ကို ကျပ်ခုနှစ်ထောင် ဝန်းကျင်နဲ့ လည်
ပတ်နိုင်ခဲ့တဲ့ မိသားစုတစုဟာ ကနေ့အခါမှာတော့ တစ်နပ်စာ ထမင်းဝိုင်းလေး တဝိုင်းတည်းအတွက်တင် ကျပ် တသောင်းခွဲ ကျော် ကုန်ကျနေပါပြီ။

မနက်စာ လက်ဖက်ရည်ဆိုင်ထိုင်ဖို့၊ မုန့်ဟင်း
ခါးစားဖို့ မပြောပါနဲ့၊ အိမ်မှာ ကိုယ်တိုင်ချက်စားတဲ့ အသားမပါတဲ့ တနပ်စာထမင်းဝိုင်းလေးအတွက်တင် တစ်လကို ကျပ် ငါးသိန်းဝန်းကျင်လောက် လိုအပ်နေပါတယ်။ တနပ်ထက်ပိုစားရင် ပိုကုန်ကျမှာပါ။

ကုန်ဈေးနှုန်းတွေ ငါးဆနီးပါးတက်သွားသလို ပြည်သူတွေရဲ့ ဝင်ငွေကရော ငါးဆ တက်လာပါရဲ့လား။ အဖြေကတော့ ရှင်းပါတယ်။ တက်မလာပါဘူး။

၂၀၂၀ ခု တုန်းက အခြေခံလုပ်ခလစာဟာ တရက်ကို ၄၈၀၀ ကျပ် ရှိခဲ့ပြီး အိမ်ထောင်စုတစ်စုမှာ လူနှစ်ဦး အလုပ်လုပ်ရင် တနေ့ဝင်
ငွေ တသောင်းကျပ် ဝန်းကျင် ရရှိပါတယ်။

အဲဒီ တသောင်းကျပ်ထဲက ၃၅၀၀ ကျပ်ကို တစ်နပ်စာ ထမင်းဖိုး သုံးလိုက်ရင်တောင် ကျန်တဲ့ငွေနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားအထွေထွေ စရိတ်တွေကို မျှတအောင် သုံးစွဲနိုင်ခဲ့ကြပါတယ်။

ကနေ့ခေတ်မှာ အလုပ်သမား တယောက်ရဲ့ တရက်ဝင်ငွေဟာ ၈၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ် ဝန်းကျင်သာ ရှိနေချိန်မှာ မိသားစုဝင် နှစ်ဦးလုံး အလုပ်လုပ်တာတောင် ရလာတဲ့ တနေ့ဝင်ငွေဟာ တနေ့တာ ထမင်းတနပ်စာကိုတောင် အနိုင်နိုင် ဖြည့်ဆည်းနေရတဲ့ အခြေ
အနေကို ရောက်နေပါပြီ။

ပိုက်ဆံအိတ်ထဲမှာ တသောင်းတန် အရွက်ရေတွေ များလာပေမဲ့ အဲဒီငွေစက္ကူတွေရဲ့ ဝယ်
ယူနိုင်စွမ်းအား (Purchasing Power) က တနေ့ထက်တနေ့ လျော့နည်းလာနေပါတယ်။ ဈေးသည်တွေကိုယ်တိုင်လည်း ဈေးရောင်းရပေမဲ့ အရင်းပြုတ်မသွားအောင် ဈေးနှုန်းတွေကို နေ့စဉ်လိုလို ပြင်ဆင်သတ်မှတ်နေရပြီး ဝယ်သူနဲ့ ရောင်းသူကြားမှာ သက်ပြင်းချသံတွေသာ ဖလှယ်နေကြရပါတယ်။

စီးပွားရေး အကျပ်အတည်းနဲ့ငွေကြေးဖောင်း
ပွမှု ဆိုတာ နိုင်ငံရေး စကားဝိုင်းတွေထဲက အယူအဆ သက်သက် မဟုတ်ပါဘူး။
အဲဒါဟာ ထမင်းဝိုင်းထဲက ကြက်ဥတလုံး လျော့သွားတာ၊ ဆန်အိုးထဲက ဆန်သားတွေ ကြမ်းသွားတာ၊ ကလေးတွေရဲ့ ကျောင်းမုန့်ဖိုး လျှော့ချလိုက်ရတာနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဆေးဖိုးဝါးခကို ခြိုးခြံလိုက်ရတာတွေပဲ ဖြစ်ပါတယ်။

၂၀၂၀ တုန်းက ကျပ်သုံးထောင်ကျော်နဲ့ ပြည့်
စုံခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာ ဒီနေ့မှာ ကျပ်တသောင်းခွဲကျော် ပေးနေရတာတောင် အရင်လို အရသာရှိရှိ၊ စိတ်အေးလက်အေး မစားနိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်းမှာ ထမင်းတနပ်ရဲ့ တန်ဖိုးဟာ ငွေကြေးအရ အဆမတန် ကြီး
မြင့်လာပေမဲ့ ပြည်သူတွေရဲ့ လုပ်အားတန်ဖိုးကတော့ အောက်ဆုံးအထိ ထိုးကျနေဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံ​ရေးကိုစိတ်မဝင်စားပါဘူး နိုင်ငံ​ရေးကငါတို့နဲ့မဆိုင်ဘူးလို့ ဆင်​ခြေ​ပေးလို့မရ​တော့ပါဘူး။နိုင်ငံ​ရေးက မီးဖို​ချောင်ထဲ​ရောက်လာတာပါ ။မိသားစုထမင်းစား စားပွဲ​ပေါ်အထိနိုင်ငံ​ရေးက ​ရောက်လာတာဖြစ်ပါတယ်။

ဒါတွေအားလုံးရဲ့အဓိက လက်သည်တရားခံ
ကတော့နိုင်ငံ့အာဏာကို အဆင်ခြင်မဲ့စွာ သိမ်းယူခဲ့တဲ့ ၊ အာဏာသိမ်းပြီး​နောက်ပိုင်းမှာလည်း တစ်နိုင်ငံလုံးကို စိတ်တိုင်းကျဖျက်ဆီး​နေတဲ့မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်အာ
ဏာရှင်တသိုက်ပဲဖြစ်ပါတယ်။ ။
👍26❤3🤮1🤣1
သရုပ်​ဖော်ပုံကိုAIနဲ့ဖန်တီးထားတာဖြစ်ပါတယ်
😢28👍3🤮1🤣1
ရခိုင်ရေပိုင်နက်မှာ ခွင့်ပြုချက်မဲ့ငါးလာဖမ်းလို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၄၃ ဦးကို AA ကပြန်လွှဲပေး

■နယ်စပ်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေဖို့နဲ့လူသားချင်းစာနာမှုကြောင့်လို့ဆို

နိုဝင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ရေပိုင်နက်အတွင်းခွင့်ပြုချက်မရှိဘဲ ငါးဖမ်းကြတာကြောင့် အာရက္ခတပ်တော်(AA)
က ဖမ်းဆီးထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှငါးဖမ်းသမား ၄၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB)ထံလွှဲပြောင်းပေး ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နယ်စပ်တနေရာ နတ်မြစ်အတွင်း လွှဲပြောင်းပေးတာခဲ့ဖြစ်ပြီး BGB တာဝန်ရှိသူ တွေက လက်ခံခဲ့ပါတယ်။

“BGB နဲ့ AA နဲ့က ပုံမှန်အဆက်အသွယ်တွေ ရှိကြတယ်။ သူတို့အချင်းချင်း ဆက်သွယ်ပြီး လွှဲပေးတာ။ တလ၊ နှစ်လ စသဖြင့် ပြစ်ဒဏ်တွေပေးထားပြီးလို့ ပြန်လွှဲပေးလိုက်ကြတာပါ။ အရင်ကလည်း ဒီလိုလွှတ်ပေးတာတွေရှိတယ်”လို့ AA အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်တဲ့ မောင်တောဒေသခံတဦးက ပြောပါတယ်။

အခုလိုငါးဖမ်းသမားတွေပြန်လည်လွှဲပြောင်း
ပေးတာဟာ အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်ဆက် ဆံရေးဆိုင်ရာ တိုး
တက်ကောင်းမွန်လာစေဖို့၊ နယ်စပ်ပိုင်နက်အတွင်း တရားမဝင်လုပ်ဆောင်မှုတွေကို တားဆီးနိုင် ဖို့နဲ့ လူသားချင်းစာနာထောက်
ထားမှုဆိုင်ရာလုပ်ငန်းစဉ်တွေရဲ့တစိတ်တပိုင်းအဖြစ်ဆောင်ရွက်တာလို့ ဆိုပါတယ်။

အခုလွှတ်ပေးလိုက်တဲ့ငါးဖမ်းသမားတွေကို နောက်နောင်ရခိုင်ရေပိုင်နက်ထဲမှာ တရားမဝင် ဝင်ရောက်တာ၊ ငါးဖမ်း တာတွေ မလုပ်ကြဖို့ ခံဝန်ကတိလက်မှတ်ထိုးစေခဲ့ပြီး ငါးဖမ်းသမားတွေကလည်း ကတိပေးခဲ့ကြတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာကမ်းခြေစောင့်တပ်
(ACG)ကိုဖွဲ့စည်းထားပြီးကမ်းခြေတလျှောက်
ငါးလာဖမ်းသူတွေကို ဖမ်းဆီး၊ ထိန်းသိမ်းထားကာ ပြစ်ဒဏ်ပေးပြီးနောက် တဖက်နိုင်ငံဆီ ပြန် လည်လွှဲပြောင်းပေးတာတွေ မကြာ
ခဏ လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခု ဩဂုတ်လ ၁၉ ရက်နေ့မှာ ၂၄ ဦး၊ မေလ ၃ ရက်နေ့မှာ ၁၄ ဦးနဲ့ ဖေဖော်
ဝါရီလ ၁၆ ရက်နေ့မှာ ၇၃ ဦးတို့ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှတဆင့် လွှဲပြောင်းပေးခဲ့ပါတယ်။

ဒ့ါအပြင်၂၀၂၅ ခုနှစ်အတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားတွေကို ဖမ်း
ဆီးတာတွေရှိခဲ့ပြီး လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ငါးဖမ်းသမား ၃၀၀ ကျော်ရှိပြီဖြစ်တယ်လို့ နီးစပ်သူ တွေက ပြောပါတယ်။

AAကဘင်္ဂလားဒေ့ရှ်နယ်နယ်စပ်တလျှောက်
ကမြန်မာပိုင်နက်ဧရိယာတစ်ခုလုံးကို သိမ်း
ပိုက်ထိန်းချုပ်ထားပြီး နယ်ခြားစောင့်တပ်အရာရှိတွေအ ပြင် ဒေသတွင်း အာဏာပိုင်းတွေနဲ့လည်း ဆက်သွယ်ရေးထူထောင်ထားကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆက်ဆံ ရေးမှူးလည်းခန့်အပ်၊တာဝန်ပေးထားပါတယ်။
👍34❤3🤣3🥰1😁1🖕1
ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးစဥ်။ ။ဓါတ်ပုံ-APM
👍41🥰2🤣2❤1🥴1🖕1
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ မနက်ခင်း လမ်းပေါ်မှာ ကွဲအက်နေတဲ့ ပန်းအိုးတွေ၊ ထိုင်ခုံအကျိုးအပဲ့တွေ၊ စုတ်ပြဲယိုင်နဲ့သွားတဲ့ ဆိုင်းဘုတ်တွေ ပြန့်ကျဲနေတယ်။

သူခိုးကြီးညလို့လည်း ခေါ်ကြတဲ့ တန်ဆောင်
တိုင်ညအလွန် မနက်ခင်းတိုင်း နှစ်စဥ် မြင်နေကျ မြင်ကွင်းမျိုးပါ။

သူခိုးကြီးညကိုဒေသအလိုက်တန်ဆောင်မုန်း
လပြည့်ညမှာ လုပ်တဲ့ဒေသက လုပ်သလို ဒေသတချို့မှာတော့ လပြည့်ကျော်တစ်ရက်ညမှာ ပြုလုပ်​လေ့ရှိကြပါတယ်။

အိမ်ရှေ့တွေမှာ လှန်းထားတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ၊ပန်းအိုးတွေနဲ့ဆိုင်းဘုတ်
တွေကို နေရာရွှေ့တာ၊ တစ်အိမ်နဲ့တစ်အိမ် လဲလှယ်ထားတာတွေ ပြုလုပ်လေ့ရှိတယ်။ ​တန်ဖိုးမကြီးတဲ့ အရာတွေကိုပဲ အပျော်သ
ဘော ယူဝှက်ကြတာပါ။

အဲဒီလိုလုပ်တဲ့နေရာမှာလည်း အလုပ်ခံရတဲ့အိမ် စိတ်ဆိုးရခက်၊ ရယ်ရခက်တဲ့ အနေအ
ထားမျိုးလောက် လုပ်ကြတာပါ။ ဥပမာ ရပ်ကွက်ထဲ မတည့်တဲ့နှစ်အိမ်ကို ပစ္စည်းတွေ လဲပြီး ရွေ့ထားတာမျိုး။ ပစ္စည်းတွေအပြန်
အလှန်လဲလှယ်ရင်း ပြန်တည့်သွားတာတွေရှိတယ်။

ကပ်စေးနည်းတဲ့ အဒေါ်ကြီးအိမ်ရှေ့ စတုဒိ
သာ ကျွေးမယ်ဆိုင်းဘုတ်သွားချိတ်ကြတာ ရှိတယ်။ ဒါတွေက ရသပါတယ်။ ရယ်မောရတယ်။ပျော်ရွှင်ရတယ်။ အစအနောက်ခံရတဲ့အိမ်တွေလည်း နစ်နာတာမျိုးလည်း မရှိဘူး။

အရင်က ပစ္စည်းကို ခဏယူပြီး တစ်နေရာမှာ ဖွက်ထားတာ၊ပိုင်ရှင်ပြန်ရှာတွေ့အောင် ထားခဲ့တာမျိုးပဲ လုပ်ကြပေမဲ့ အခုခေတ်မှာတော့ ပန်းအိုးတွေ ခွဲသွားတာ၊ ဆိုင်းဘုတ်တွေ ထိုင်
ခုံတွေကို ဖျက်ဆီးတာမျိုးတွေက ရိုးရာဓလေ့နဲ့ လုံးဝ မသက်ဆိုင်တော့ဘဲ အများပြည်သူ
ပိုင်နဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးမှုသက်သက် ဖြစ်သွားပါပြီ။

မန္တလေးမြို့က လမ်းဘေးကော်ဖီဆိုင်လေးတစ်ဆိုင်ကတော့ ဆိုင်မှာအလှထားဖို့ဝယ်ထားတဲ့ ၂ သိန်းတောင်ကုန်တဲ့ အုန်းပွားပင်လေးတွေ လပြည့်ညမှာ အခိုးခံလိုက်ရတဲ့အကြောင်း လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။

အလားတူ ရေနံချောင်းမြို့က စားသောက်
ကုန်ရောင်းတဲ့ဆိုင်တစ်ဆိုင်ကတော့ အိမ်ထဲမှာခင်းထားတဲ့ အမဲချောင်းအစပ်ဘူးတွေ၊ ငါးရံ့ခြောက်ဖုတ်တွေ၊ ကြက်သားခြောက်ဖုတ်တွေ၊ ချဥ်ပေါင်ကြော်တွေ၊ ကြက်သားလုံးကြော်၊ အမဲခြောက်ဖုတ်၊ ငရုတ်သီးလှော်တွေအပြင် ဆပ်ပြာမှုန့်၊ နေကြာစေ့ထုပ်တွေ ဆိုင်ခင်းထားသမျှ တစ်ခုမှ မကျန်အောင် ခိုးယူခံလိုက်ရကြောင်း လူမှုကွန်ရက်ကနေ ဝေမျှထားပါတယ်။

“အပျော်လည်းမဟုတ်တော့ဘူး။ လွန်လွန်မင်းမင်းကြီးကို ဖြစ်သွားပြီ။စီးပွားပျက်အောင်လို့ကို တမင်ရည်ရွယ်ပြီးတော့ လုပ်ကြတာ”လို့ ဆိုင်ရှင်က ရင်ဖွင့်ပါတယ်။

မြေပြန့်တင်မကပါဘူး။ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာလည်း လပြည့်ညက ဝိုင်ဖိုင်ကြိုးတွေ အ
ကုန်ဖြတ်တောက်သွားကြောင်း ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာလည်း ထောင်
ထားတဲ့ဆိုင်းဘုတ်တွေကို ယူဆောင်သွား
ပြီး ဓါးတွေနဲ့ခြစ်ကာ လမ်းဘေးပစ်ချထားတာတွေရှိကြောင်း သိရပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတင်ယာဥ်တွေလည်း လမ်းလယ်ပေါ် ချထားတဲ့ ပန်းအိုးတွေ၊ ခုံတွေကို မကြာခဏ ဆင်းဆင်းဖယ်ခဲ့ရတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အကြောင်း ရင်ဖွင့်ထားကြပါတယ်။

https://www.ludunwayoo.com/feature-mm/2026/11/26/174430/
👍21😭8❤3🔥3🤬2🤮1🤣1🖕1
မန္တလေးမှာ ပေါ်တာဆွဲပြီး ဒုစရိုက်မှုပေါများတဲ့ ကမ်းနားလမ်းမှာ ညစျေးလုပ်ဖို့ စီစဥ်နေ

နိုဝင်ဘာ ၂၇၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့မှာ ပေါ်တာမကြာခဏဆွဲပြီး ဒုစရိုက်မှုတွေပါပေါများနေတဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းမှာ ညဈေးလုပ်ကိုင်ခွင့် လေလံခေါ်ယူနေပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် အိတ်ဖွင့်လေလံခေါ်ယူကြောင်း စစ်တပ်လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနက ကြေညာထားပါတယ်။

အဆိုပါ လေလံခေါ်ယူတဲ့ နေရာမှာ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်း၊ ၂၂ လမ်းနဲ့ ၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အလျား ပေ (၈၆၀)၊ အနံ ပေ (၈၀) ကျယ်ဝန်းတဲ့ ကွန်ကရစ်ခင်းရင်ပြင်ဧရိယာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အဆိုပါ ကမ်းနားလမ်းတစ်လျှောက်နဲ့ အနီးဝန်းကျင်ဧရိယာတွေမှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေရှိကြောင်း၊ ဒါ့အပြင် နေ့ခင်းဘက်အချိန်တွေမှာပါ ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ တွင်ကျယ်နေတဲ့ နေရာတစ်ခုဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

"မန္တလေးသူ၊ မန္တလေးသားတွေက ညဆို အဲဒီလိုနေရာ ဘယ်သူမှ မသွားချင်ကြဘူး။ ညမပြောနဲ့ နေ့တောင် မသွားရဲဘူး"လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလို နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေပြီး ဒေသခံတွေတောင် သွားလာဖို့ မဝံ့ရဲတဲ့ အခြေအနေမှာ ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့် လေလံခေါ်ယူလာခြင်း ဖြစ်ပါတယ်။

မန္တလေးမြို့မှာ အဆိုပါကမ်းနားလမ်းတင်မကဘဲ မြို့တွင်းရော မြို့ပတ်လမ်းတွေမှာပါ စစ်တပ်က ပေါ်တာဆွဲတာတွေ၊ ခိုးဆိုးလုယက်တာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
🖕19🔥7❤2👎2👏1🤬1
(ညစျေးပြုလုပ်မယ့် ကမ်းနားလမ်းက ရင်ပြင်ကို တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)
😁14🔥5❤1⚡1👍1👎1👏1
ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်
ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေ
အနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။

သူ့လုပ်ငန်းမှာ သုံးရတဲ့ မုန့်သား ပွတက်လာစေမယ့် တဆေး (Yeast) နဲ့ ဂျုံပေါင်းတဲ့အခါ နူးညံ့ဖို့ သုံးရတဲ့ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) တွေက လုံးဝ ဝယ်မရတော့အထိ ဖြစ်ပါတယ်။

ဒါ့အပြင်အစားအသောက်ထဲမပါမဖြစ် ထည့်ရတဲ့ ပြည်တွင်းထွက် ကြက်ဥနဲ့ ကြက်သွန်နီ ဈေးတွေ တစ်နေ့တခြား ပိုတိုးလာနေတာကလည်း လုပ်ငန်း ဆက်ရပ်တည်ဖို့ နောက်ထပ် အတားအဆီးတစ်ခုလို့ ကိုစိုင်းနော်က ရှင်းပြပါတယ်။

“တဆေးတို့၊ မုန့်ဖုတ်ပေါင်ဒါတို့ဆိုတာ ထိုင်းနဲ့ တရုတ် ထုတ်တွေ သုံးရတာ။ အဲဒါမှ ကိုယ်ထုတ်တဲ့ အစားအသောက် ကွာလတီ ကောင်း
ကောင်း ရတယ်။ စားတဲ့သူတွေလည်း အရ
သာ ပြည့်စားရတယ်။ ပုံမှန် ယူနေကြ ရန်ကုန်ဒိုင်မှာကိုက ပစ္စည်း လက်ကျန် မလောက်တာ။ ဒါတွေ မရှိရင် ဘာမှ ဆက်လုပ်လို့ မရဘူးလေ” လို့ သူ့အခက်အခဲကို ပြောပြပါတယ်။

အာဏာသိမ်း စစ်တပ်လက်အောက် မြန်မာ့ စီးပွားရေး မူဝါဒနဲ့ ပကတိ အခြေအနေ ဆိုးတွေက ကိုစိုင်းနော် တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး။ အခုလပိုင်းတွေအတွင်းမှာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ လုပ်
ငန်း ဆယ်နဲ့ချီပြီး ရပ်ဆိုင်း ထွက်ခွာမယ်ဆိုတဲ့ နေ့စဉ်ရက်ဆက် ကြေညာချက်တွေက အခြေ
အနေကို ပိုပြီး မြင်သာစေပါတယ်။

အဲဒီထဲမှာ အနည်းဆုံး လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်း
ကျင်ကတည်းက တည်ထောင်ခဲ့တဲ့ ခရီးသွား၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ထုတ်ပိုးမှုနဲ့ မော်တော်ယာဉ် သက်ဆိုင်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအပြင် လုပ်သား အင်အား ထောင်ဂဏန်းရှိတဲ့ပြည်ပကရင်းနှီးမြှုပ်နှံတဲ့ အထည်
ချုပ်စက်ရုံတွေ အပါအဝင် ကဏ္ဍပေါင်းစုံက ကုမ္ပဏီကြီး တချို့ပါ ရှိပါတယ်။

အထူးသဖြင့် ဟံသာဝတီလေဆိပ်၊ ကျောက်
ဖြူ စက်မှုဇုန်နဲ့ ဆိပ်ကမ်း၊ ပဲခူး စက်မှုဇုန်၊ ဒဂုံ ဆိပ်ကမ်း မြို့ပြအိမ်ရာ၊ကန်တော်ကြီး ငါးပြတိုက်၊ ပြည်လမ်း မြေအောက် လူကူးလမ်း စတဲ့ စီမံကိန်းတွေကို စီမံ ခန့်ခွဲမှုအထိ ပါဝင်ခဲ့တဲ့ စင်ကာပူ အစိုးရလက်အောက်ခံ မြို့ပြ စီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ ရပ်ဆိုင်းမယ်ဆိုတာနိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့တယ်။

ဒါ့အပြင် ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ် လုပ်ငန်းနဲ့ လူသုံးကုန်၊ စား
သောက်ကုန် လုပ်ငန်းစုကြီး Unilever ကပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချပြီးမြန်မာ့ ဈေးကွက်
ကနေ ရုပ်သိမ်းမယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

အလားတူပဲ လန်ဒန် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး
ဝန်ဆောင်မှု လုပ်ငန်းကွန်ရက် PwC-Price
waterhouseCoopers မြန်မာကပါ ထွက်ခွာမယ်လို့ အောက်တိုဘာ တတိယပါတ်က အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်ထုတ် သတင်းစာတွေထဲမှာ ဆောက်လုပ်ရေးဆိုင်ရာ ကုမ္ပဏီနဲ့ မော်တော်
ယာဉ် စက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီတွေ စာရင်းရှင်းလင်း ရပ်ဆိုင်းတော့မယ်လို့ ထပ်မံ ကြေညာထားပါတယ်။

“ဝန်ထမ်းတွေ အများကြီးနဲ့ လည်ပတ်နေရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေက အခက်အခဲ ပိုရှိတာပေါ့။ကျွန်တော်တို့လည်းထိနေတာပဲ။ အ
သက်ရှု ကြပ်နေတာပဲ။အဓိကသွင်းကုန် ပိတ်
ဆို့မှုတွေကြောင့်” လို့ ရန်ကုန်မြို့မှာ ဆောက်
လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း အရောင်းဆိုင် ဖွင့်ထားတဲ့ ကိုချမ်းအေးက သူ့အမြင်ကို ပြောပြပါတယ်။


https://www.ludunwayoo.com/feature-mm/2026/11/24/174226/
👍19🔥6❤2😢1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေလွတ်ရေး ကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေး တာဝန်ရှိသူတွေထံ CRPH ကိုယ်စားလှယ်တောင်းဆို

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန်ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း CRPHက အသိပေးထုတ်ပြန်ပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Riley M. Barners၊ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms. Julie Turner ၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ရုံး နိုင်ငံခြားရေးရာ အရာရှိ Mr. Jamie Staley အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ နိုင်ငံခြားရေးရာအရာရှိ Mr. McGurn တို့နဲ့ နိုဝင်ဘာ ၂၃ရက်မှာ တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီ၊ လူ့အခွင့်အရေးအခြေအနေများနဲ့ မတရားဖမ်းဆီးအကျဉ်းချခံ ထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေး ဒေါ်မြတ်သီတာထွန်းက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် CRPH ရဲ့ လွှတ်တော်လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေ၊ နိုင်ငံတကာလွှတ်တော်အဖွဲအစည်းများရဲ့ အသိအမှတ်ပြုမှုအခြေအနေများ၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက်မှုများကြောင့် ပြည်သူများ ထိခိုက်ခံစားရမှု အခြေအနေအထောက်အထားများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနဲ့ ဆက်စပ်ရာဇဝတ်မှုများ၊ အဓမ္မလုပ်သားခိုင်းစေခံရမှု အခြေအနေများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကိုလည်း ပေးအပ်မျှဝေခဲ့ကြောင်း ဖော်ပြထားပါတယ်။

CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဟာ ဒေါ်မြတ်သီတာထွန်းဟာ ဗတ္တိဇံခရစ်ယာန် ကမ္ဘာ့မဟာမိတ်အဖွဲ၏ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် Rev. Dr. Elijah Brown ၊ ၊ Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌ Mr. Zo Tum Hmung၊ BRI မှ စုစည်းဦးဆောင်သော Multifaith Group မှ ဘာသာရေးခေါင်းဆောင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တွေ့ဆုံမှုမှာ Rohingya Consultative Council (RCC) ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတိုလည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ နိုဝင်ဘာ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် Rep. Gregory W. Meeks (Ranking Member, House Foreign Affairs Committee Senior Member, House Committee on Financial Services) ရုံးမှ Senior Professional Staff Member ဖြစ်သူ Mr. Anubhav Gupta နဲ့လည်းတွေ့ဆုံခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ အမေရိကန်ပြည်ထောင်စု နှစ်ဝက်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော လွှတ်တော်အမတ် Mr. Gregory W. Meeks အား CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ ပေးအပ်လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို ပေးအပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူများနဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် တော်လှန်ရေးအင်အားစုများအား အမေရိကန်ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဥပဒေများနဲ့အညီ လက်တွေ့ ထိရောက်စွာ အကူအညီပေးနိုင်ရေး ကိုလည်းဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်ပါတယ်။
❤20👍7🥰2🤮2👏1🤣1🖕1
ဓာတ်ပုံ - CRPH
❤19👍9🥰3🤮1🤣1🖕1
စစ်ကိုင်းငလျင်ကြီးမှာ လူ ၂၀၀ကျော်သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုမြေနေရာရောင်းချဖို့ လေလံစတင်ခေါ်ယူ

နို၀င်ဘာ-၂၇၊၂၀၂၆။မိုမို/People's Spring

စစ်ကိုင်းငလျင်ကြီးမှာ လူသေဆုံးမှုများခဲ့တဲ့ Sky Villa ကွန်ဒိုမြေနေရာ ရောင်းချဖို့ အခန်းပိုင်ရှင်တွေက လေလံစတင်ခေါ်ယူလိုက်ပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်းအမှတ်- ၆ဝ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား အနိပ်တော်ရပ်ကွက် ပေ ၁ဝဝ x ပေ ၄ဝဝ အကျယ်ရှိတဲ့ Sky Villa မြေနေရာကို ကျပ်ငွေနဲ့ လေလံတင်ရောင်းချမှာလို့ ဒီကနေ့(နို၀င်ဘာ ၂၇ ရက်)ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

Sky Villa ကွန်ဒိုမြေနေရာကို လေလံတင် ရောင်းချနိုင်ဖို့ ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေကြား နို၀င်ဘာ ၁၉ ရက်က သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Sky Villa မြေနေရာကို လေလံကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၄သိန်းနဲ့ လေလံတင် ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချရငွေကို NTL ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေက ၆၀ ရာခိုင်နှုန်း ခွဲဝေရယူကြမှာဖြစ်ပါတယ်။

အခန်းပိုင်ရှင်တွေ အတွက်ခွဲဝေပေးမယ့် ရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို တစ်ဦးချင်းပိုင်ဆိုင်တဲ့ အခန်းရဲ့ စတုရန်းပေအကျယ်အဝန်းအလိုက် အချိုးကျခွဲဝေရယူရမှာလို့ Sky Villa မြေနေရာ လေလံတင် ရောင်းချနိုင်ရေးနဲ့ အကျိုးရလဒ် ခွဲဝေရေး ကော်မတီဝင်တွေက အသိပေးထားပါတယ်။

Sky Villa ကွန်ဒိုကို ၁၁ ထပ်စီရှိတဲ့ အဆောက်အဦး ၄လုံး နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ချိန်အဆောက်အဦး ၃လုံးပြိုကျသွားခဲ့တာပါ။

Sky Villa ကွန်ဒိုပြိုကျမှုမှာ ရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူ ၁ဦးကို ကျပ်သိန်း ၁၀၀နှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။လက်ရှိမှာ Sky Villa ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ် ၇နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။
❤10🤬9👍5🔥2👏1
(စစ်ကိုင်းငလျင်ကြီးမှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို။ ဓာတ်ပုံ - CJ)
🤬11❤8👍3👏1👻1
ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတဲ့ KNU က တပ်မဟာ(၉) တိုးချဲ့ဖွဲ့စည်း

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကို အထိနာအောင်တိုက်ခိုက်ထားနိုင်ပြီး ထိန်းချုပ်နယ်မြေ ပိုကျယ်ပြန့်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ အသစ်တစ်ခုတိုးချဲ့ဖွဲ့စည်းလိုက်ပြီး တပ်မဟာ(၉)အဖြစ် အမည်ပေးထားကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

KNU မှာ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိရာ လက်ရှိ အသစ်ဖွဲ့လိုက်တဲ့ တပ်မဟာ(၉)ကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ရှိ တပ်ရင်းအချို့၊ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) လက်အောက်ရှိ တပ်ရင်းအချို့နဲ့ အသစ်ဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။

“ တပ်မဟာ(၈) မရှိသေးဘူး။ တာဝန်ခံတဲ့သူက နံပါတ်(၈) မကြိုက်လို့ နံပါတ်(၉)ထည့်လိုက်တာ။ တပ်မဟာ(၉) ဖွဲ့ထားတာတော့ သုံးလေးငါးလရှိပြီ။ သူတို့က တပ်မဟာ(၄)တပ်ရင်းအချို့ရယ် တပ်မဟာ(၆) တပ်ရင်းအချို့ရယ်။ တပ်မဟာမှူးကျတော့ ဗိုလ်ရန်နိုင်လေ။” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ တပ်မဟာမှူးဟာ ဗိုလ်မှူးကြီးအဆင့် ဖြစ်ပြီး သတ်မှတ်ကာလမှာတော့ ဗိုလ်မှူးချုပ်အဆင့် ရာထူးတိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မဟာ(၉)ဟာ လတ်တလောမှာ KNU မြိတ်ထားဝယ်ခရိုင်အောက်က တပ်မဟာတခုအဖြစ် တည်ရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ ခရိုင်သစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားဖို့လည်းရှိတယ်လို့ အသိပေးပါတယ်။ ခရိုင်၊ တပ်မဟာ အသစ်ထပ်မံတိုးချဲ့ဖို့လျာထားတာရှိတယ်လို့ ဆိုပါတယ်။

KNU မှာ ခရိုင်နဲ့တ ပ်မဟာ ၇ခုရှိရာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၁) တောင်ငူခရိုင်၊ တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅)ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်တို့ဖြစ်ပြီး အဲဒီ ခရိုင် ခုနစ်ခုအောက်မှာ မြို့နယ်ပေါင်း ၂၈မြို့နယ်ရှိပါတယ်။ KNU အနေနဲ့ မြို့နယ်တိုးချဲ့ဖွဲ့စည်းတာတွေလည်း ပြုလုပ်ခဲ့တာရှိပါတယ်။

KNUဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-ထိုင်းနယ်စပ် နယ်စပ်ဒေသ အပါအဝင် ခရိုင်တပ်မဟာ အသီးသီးအတွင်းရှိ စစ်တပ်စခန်း ရာချီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိခဲ့ပါတယ်။ လက်ရှိမှာလည်း KNU၊ KIO၊ KNPP၊ CNF၊ NUG၊ CRPH တို့ပါဝင်စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်ရေးကော်မတီ မှာလည်း KNU ဟာ စစ်ရေးပိုင်းကို KIOနဲ့အတူ ပူးတွဲ ဦးဆောင်လျက်ရှိပါတယ်။

တပ်မဟာ(၉)အဖြစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ တပ်ရင်းအချို့ဟာ အခုနှစ်မတ်လက စစ်သင်တန်းဆင်းပွဲတရပ်ကို အင်အား ၄၅၀ ကျော်နဲ့ ပြုလုပ်ကာ လက်နက်တပ်ဆင်မှု ပြုလုပ်ခဲံပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရန်နိုင်(ခ) စောနယ်ဒါးထူး ဦးဆောင်တဲ့ KNLA အထူးဗျူဟာ အမှတ်(၂)ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို မတ်လ တတိယပတ်မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီ အခြေခံ စစ်သင်တန်းဆင်းပွဲကို KNLA -အထူးဗျူဟာအမှတ်(၂) မှ KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၀မှ ရဲဘော် ၄၅၃ ဦး သင်တန်းဆင်းခဲ့တာဖြစ်ပြီး လက်နက်တပ်ဆင်နိုင်ခဲ့တယ်လို့ KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောထားပါတယ်။

“စစ်ရေးမြှင့်တင်ဖို့အတွက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အားလုံး တစုတစည်း ညီညီညွတ်ညွတ်နဲ့ စစ်တိုက်ပါ။ ဒီစစ်အာဏာရှင် မပြုတ်မချင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ အောင်ပွဲယူပြီး ပန်းတိုင်ရောက်ဖို့ ဆက်သွားပါ။” လို့လည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။
👏28🥰6❤2🫡2👍1🔥1🤣1🖕1
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Supplied)
🥰24👏8👍2💩2🫡2🤮1🖕1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်က ဖမိးဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ မီးဖိုချောင် တာဝန် ယူပြီး ၂၀၀၄ ခုနှစ်ကနေစတင်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးတာဝန်ကို ယူခဲ့တယ်လို့ သိရပါတယ်။

အဖိုးလေး ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ.အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။
😢37❤6👍1👏1🤮1🖕1
😢27❤19🤮2👍1👏1
စင်ကာပူအခြေစိုက် ပီဇာကုမ္ပဏီ Pezzo လည်း ပြန်လည်ထွက်ခွာ

နို၀င်ဘာ-၂၇၊၂၀၂၆။ဇော်၀င်း/People's Spring

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီကနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

၂၀၂၆ နိုဝင်ဘာ ၂၇ ရက်ကစပြီး လှည်းတန်းဆိုင်ခွဲအပါအဝင် ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာလို့ Pezzo Pizza Myanmar က လူမှုကွန်ယက်က တဆင့် အသိပေးထားပါတယ်။

"အဆုံးသတ်နှုတ်ဆက်ရတာဟာ ကျွန်ုပ်တို့အတွက်လည်း အလွန်ပင်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းလှပါတယ်"လို့Pezzo Pizza Myanmar က အသိပေးပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၆ က မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ Pezzo Pizza Myanmarရဲ့ ဆိုင်ခွဲတွေက လှည်တန်စင်တာ၊မြေနီကုန်းစီးတီးမတ် နဲ့သာကေတ ကယ်ပီတယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံအခြေစိုက် ​ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကုန်ကြမ်းသွင်းလို့ မရတာအပြင် အထွေထွေကုန် ကျစရိတ်တွေ တက်လာတာကြောင့် ပြည်ပ စားသောက် ကုန်လုပ်ငန်းတွေ ပိတ်သိမ်းနေတာလို့ ကြားရတယ်။ဒါက လူသိများတဲ့ ဆိုင်တွေပေါ့။ပြည်တွင်းတပိုင်တနိုင်တွေပိတ် နေရတာတွေက ပိုဆိုးတယ်"လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုလထဲမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေထဲက ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်ခံ Isuzu မော်တော်ယာဉ်လုပ်ငန်း ရပ်ဆိုင်းတာနဲ့ စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ‌တွေ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေရပ်ဆိုင်းမှု ကြေညာချက်တွေ ဟာ စစ်တပ်ထုတ်ဝေတဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အမြဲမပြတ်ပါရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ သွင်းကုန် ကန့်သတ်ချက်တွေ၊ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက စီပွားရေးလုပ်ငန်းတွေ ပြိုလဲရမှုအတွက် အဓိကအကြောင်းအရာဖြစ် နေတယ်လို့ လုပ်ငန်းရှင်တွေက အသိပေးထားပါတယ်။
👍21❤3👏2👎1🔥1
👍16👏2👎1🔥1😁1🖕1