People's Spring
✔
58.5K subscribers
73.7K photos
1.32K videos
10 files
3.17K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
"စစ်ခေါင်းဆောင်တွေက ကိုယ့်ပ‌ရော်ဖက်ရှင်နယ်မဟုတ်တဲ့ နေရာတွေမှာတော်တော်လေး
၀င်ရှုပ်နေတာ။တတ်သိ နားလည်တဲ့ လူတွေမရှိတာ မဟုတ်ဘူး ရှိတယ်။ဒါပေမဲ့ အဲ့ဒီလူတွေလုပ်ခွင့်မရတာထက် မလုပ်ရဲဘူး ။မလုပ်ချင်ဘူး။နောက်ဆုံး ဒီအလွဲချော်တွေ က လူထုကို တော်တော်ဆိုးဆိုးဝါးဝါးခံစားရစေတာပါပဲ"
လို့ကုမ္ပဏီတချို့အတွက်စီးပွားရေးသတင်း
အချက်ဆိုင်ရာအကြံပေးအဖြစ်လုပ်ကိုင်နေသူ ကို၀ဏ္ဏစိုးက သူ့အမြင်ကို ထုတ်ပြောပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နိုဝင်ဘာ ၁၈ ရက်မှာစစ်တပ်လွှတ်​တော်မှာ ​ပြောကြားခဲ့တဲ့ ​ကျော်ကြာ​ပြောစကား​တွေမှာလည်း စစ်တပ်လက်​အောက်မှာတိုင်းပြည်စီးပွား​ရေးအ​ခြေအ​နေဘယ်​လောက်ယိမ်းယိုင်​နေလဲဆိုတဲ့အချက်အလက်​တွေ​တွေ့ရပါတယ် ။ စစ်အုပ်စုကို ကမ္ဘာ့ဘဏ်၊IMF ၊ ADB အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ဘယ်နိုင်ငံကမှ ​ချေး​ငွေမ​ပေး​တော့တာ၊ ရန်ပုံ​ငွေမ​ပေးတာကို မင်း​အောင်လှိုင်ငြီးတွားပါတယ်။ ​ချေး​ငွေ၊ရန်ပုံ​ငွေ ၊အကူအညီ​တွေမရ​တော့​ပေမယ့် ပြည်ပ​ကြွေးမြီ​တွေက​တော့ ​နေ့​ဒေါ် ​ဒေါ်လာ ၂ သန်း​လောက်ပြန်ဆပ်​နေရတဲ့ကြားက ​ဒေါ်လာ ၈ ဘီလီယံ​ကျော် ဆပ်ဖို့ကျန်​နေပါ​သေးတယ် ။

ကုန်သွယ်​ရေးမှာလည်း အဓိကနယ်စပ်ကုန်
သွယ်​ရေးစခန်း​တွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်​ရေးစခန်းအပါအဝင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်​ရေး ၊မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်​ရေး​တွေကပုံမှန်မလုပ်နိုင်လို့ တိုင်းပြည်ဝင်​ငွေနည်းပါးသလို သွင်းကုန်​တွေလည်းပိုရှားလာပါတယ်။

နိုင်ငံခြား​ငွေဝင်​ရောက်မှုမှာ ပြည်ပ​ရောက်လုပ်သား​တွေက အိမ်ပြန်ပို့​ငွေ ၊ ဓါတ်​ငွေ့​ရောင်းရ​ငွေ ၊အထည်ချုပ်လုပ်ငန်း​တွေ-CMP ​တွေကရ​ငွေ ၊ဆန်နဲ့ပဲလိုလယ်ယာထွက်ကုန်​တွေတင်ပို့မှုကရ​ငွေ​​တွေ​လောက်သာရှိတာမှာ အထည်ချုပ်လုပ်ငန်း​တွေလည်းတဖြည်း
ဖြည်းထွက်ခွာကုန်လို့ဝင်​ငွေ​လျော့ပြီးအလုပ်လက်မဲ့များလာပါတယ်။

နိုင်ငံခြား​​ငွေအဝင်နည်းတာ​ကြောင့် ​ဆေးဝါး၊မရှိမဖြစ်လူသုံးကုန်စည်​တွေကအစ စစ်အုပ်စုကတင်သွင်းတာ​တွေကန့်သတ်​နေတဲ့အတွက် သွင်းကုန်ပစ္စည်း​တွေပြတ်လပ်တာ ၊တရားဝင်သွင်းမရလို့​မှောင်ခိုသွင်းကြရင်း ​မှောင်ခို​ဈေးကွက်ကြီးပြီး​ဈေး​တွေပိုကြီးလာတာ၊စစ်အုပ်စုအတွင်းလုပ်ပိုင်ခွင့်အလိုက်လာဘ်စားတာ​တွေပိုများလာပါတယ် ။ စစ်တပ်ရဲ့ကန့်သတ်မှု​တွေ​ကြောင့် ကုန်ပစ္စည်း​တွေရှားပါး​ဈေးတက်​နေတာကိုမင်း​အောင်လှိုင်က တ
ခြားသူ​တွေကိုပဲ အပြစ်တင်​နေပါတယ်။

အာဏာသိမ်းစစ်အုပ်စုက စီးပွား​ရေးဖွံ့ဖြိုး​အောင်လုပ်မယ် ကြုံးဝါးခဲ့​ပေမယ့် တိုးတက်​နေတာက ​ဈေးနှုန်း​တွေပဲဖြစ်လာပြီး ကြက်ဥ၊ကြက်သွန်နီ ​​ဈေးကိုယ်​တောင် တည်ငြိမ်​အောင် စစ်အုပ်စုက မစွမ်း​ဆောင်နိုင်ဘူးလို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။ ​ဈေးတက်ရင် ကုန်သည်​တွေ၊လုပ်ငန်းရှင်​တွေကိုသာဖမ်းတက်တဲ့ စစ်တပ် လုပ်နည်းလုပ်ဟန်က အ​သေးစား၊အလတ်စားလုပ်ငန်း​တွေကို​တ​ဖြေး​ဖြေး​ပျောက်ကွယ်​စေသလို အခုအခါမှာ​တော့ပြသာနာ​တွေ​ပေါင်းစုလာပြီး အကြီးစားလုပ်ငန်း​တွေပါရပ်နားကုန်တဲ့အဆင့်ဖြစ်လာတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။

မန္တလေးမြို့မှာလည်း အထွေထွေ အကျပ်
အတည်းတွေကြောင့် လုပ်ငန်းမလည်ပတ်နိုင်​တော့လို့ ပိတ်လိုက်ရတဲ့ အရောင်းဆိုင်တွေ များပြားလာတယ်လို့ဆိုင်ရှင်အချို့က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၆ နှစ် ပြည့်ကာနီးအချိန်မှာပဲမန္တလေးမြို့ပေါ်က စား
သောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်အထည်ဆိုင်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ဆိုင်ခန်းငှားရမ်းခ မြင့်တက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်းရပ်နားကာ ဆိုင်ဖြုတ်သိမ်းမှုတွေ သိသိသာသာ များပြားလာတယ်လို့မြို့ခံလုပ်ငန်းရှင်အချို့က ပြောပါတယ်။

ပြည်သူတွေကစားဝတ်​နေ​ရေးကြပ်တည်းလာတာ​ကြောင့် မရှိမဖြစ်အခြေခံစားသောက်ကုန်တွေကိုသာ ဦးစားပေးနေရပါတယ်။ဒါ​ကြောင့် အဝတ်အထည်နဲ့ အလှကုန်​တွေလို လူသုံးကုန်ပစ္စည်းတွေ ရောင်းအား သိသိသာသာ ကျဆင်းသွားပါတယ်။

"အဓိကက ကုန်စျေးနှုန်းကြောင့်ပါပဲ။ ပြည်သူတွေလည်းအရမ်းကိုခက်ခဲကြသလို စျေးရောင်းတဲ့ စီးပွါးရေးသမားတွေကလည်း စျေးတက်ရောင်းတဲ့အခါ ဖောက်သည်တွေဝယ်စားဖို့ တော်ရုံမတက်နိုင်ကြဘူး"လို့ မြို့ခံလုပ်
ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ​ဈေးကြီးတာ ၊ ငှားရမ်းခ ဝန်
ထုပ်ဝန်ပိုးတွေကြောင့်မန္တလေးမြို့ရှိ အသေးစားနဲ့ အလတ်စား လက်လီအရောင်းဆိုင် အများစုမှာ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာပြီး ဆိုင်ခန်းပြန်အပ်တာ၊ အွန်လိုင်းကနေတစ်ဆင့်သာပြောင်းလဲရောင်းချတာတွေ ပြုလုပ်လာကြပါတယ်။

ဒါ့အပြင် ​ငွေ​ဖောင်းပွပြီးအ​ထွေ​ထွေကုန်​ဈေးနှုန်းကြီးတာ၊စစ်မှုထမ်းဥပ​ဒေ​ကြောင့်လုပ်သားရှားပါးတာ၊မီးပြတ်တာ ၊ သယ်ယူပို့​ဆောင်​ရေးစာရိတ်​တွေကြီးမြင့်တာ ၊ ဝယ်လို
အား​လျော့နည်းတာစတာ​တွေကလုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာ​စေပါတယ် ။

စစ်တပ်လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက် အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း MyCO အွန်လိုင်းမှတ်ပုံတင်စနစ်မှာ နှစ်စဉ်အစီ ရင်ခံစာ (AR) တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီစုစု
ပေါင်း တစ်ထောင် ရှိပါတယ်။
🔥8❤3
ဒါကြောင့်အခုနှစ်နှစ်၀က်အတွင်းမှာပဲ လုပ်
ငန်းဆက်မလည်ပတ်နိုင်တော့တဲ့ ကုမ္ပဏီ တစ်ထောင်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

၂၀၂၅ ခုနှစ်က ကုမ္ပဏီ ၇,၃၀၀ ၊၂၀၂၄ ခုနှစ်က ၁၉, ၀၀၀ ၊၂၀၂၃ ခုနှစ် ၆,၄၀၀၊ ၂၀၂၂ ခုနှစ်တွင် ၅,၁၀၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီ ၂,၂၀၀ က နှစ်စဉ်အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ DICA က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ (DICA) မှာ မှတ်ပုံတင်ထားတဲ့ ပြည် တွင်း၊ပြည်ပ ကုမ္ပဏီပေါင်း ၈၆,၀၀၀ ကျော်ထဲက ကုမ္ပဏီ ထက်၀က်နီးပါးရပ်ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်(၂၀၂၅-၂၆) တစ်ခုလုံးမှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုက ဒေါ်လာသန်း ၅၀၀ ၀န်းကျင်ပဲ ရှိပါတယ်။အဲဒီ ပမာဏကစစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကနဲ့ယှဉ်ရင် ၁၀ ပုံတစ်ပုံ နီးပါးလျော့ကျသွားတာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်အနည်းငယ်ပဲ ၀င်ရောက်လာတဲ့အပြင် ရှိပြီးသားလုပ်ငန်းတွေကပါထွက်ခွာ၊ရပ်ဆိုင်းမှုရဲ့ ပြဿနာဇစ်မြစ်က စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ဒေါ်
လာငွေထိန်းချုပ်မှု၊ကျပ်ငွေဖောင်းပွမှု၊လျှပ်
စစ်မီး ဆိုးရွာစွာပြတ်တောက်မှုနဲ့လုပ်သားရှားပါးလာတာတွေကြောင့် လို့ စီးပွားရေးလုပ်
ငန်းရှင်နဲ့ပညာရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

အထူးသဖြင့် စစ်တပ် နဲ့ စစ်တပ်လက်
အောက်ခံ လက်နက်ကိုင်တွေ ကျူးလွန်တဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာအပေါ် နိုင်ငံတ
ကာအရေးယူပိတ်ဆို့မှု တွေက တရား၀င်လုပ်ငန်းတွေအတွက် ပိုမိုဆိုးရွားလာစေတဲ့သက် ရောက် မှုတွေကြောင့် နိုင်ငံတွင်းက ပြည်ပကုမ္ပဏီတွေ ထွက်ခွာရတာလို့ စီးပွား ရေးပညာရှင် ဦးအောင်က မှတ်ချက်‌ပြုပါတယ်။

"FATF(နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့) ရဲ့နောက်ဆက်တွဲ ပြဿနာကအရေးကြီးတယ်။နိုင်ငံခြားကုမ္ပ
ဏီတစ်ခု က ပြည်တွင်းမှာရင်းနှီးမြှုပ်နှံဖို့ မလုပ်ခင်သူတို့မှာသေချာပြင်ဆင်ရတာ တွေ အများကြီးရှိတယ်။လုပ်ငန်းတွေ အခြေကျပြီး မှ ရုပ်သိမ်းတယ်ဆိုတာ ဆုံးရှုံးနစ်နာမှုတွေများတယ်။သေချာထောက်ရှုပြီးတော့မှစဉ်း
စားပုံ ရတယ်။သူတို့ မှာ ခိုင်လုံတဲ့ယူဆချက် ရှိတာကြောင့်ဖြစ်တယ်" သူက ပြောပါတယ်။

စစ်တပ်အာ ဏာသိမ်းချိန်က အမေရိကန်၊ဥရောပ နဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ပြည်
တွင်းက ထွက်ခွာရတဲ့စံနှုန်း နဲ့ လက်ရှိကုမ္ပဏီတွေရဲ့ ရပ်ဆိုင်းမှုပုံစံခြင်းက ကွဲပြားတယ်လို့ စီးပွားရေးသတင်းအချက် အကြံပေးကို၀ဏ္ဏစိုးက သုံးသပ်ပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်ကျော်နောက်ပိုင်း ပြည်တွင်း နိုင်ငံရေး၊စီး ပွားရေး ပိုမိုဆိုးရွာစွာလာမှုတွေက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီး ပွားရေးပတ်ဝန်းကျင် အပေါ်နိုင်ငံတကာ စီးပွားရေးလုပ် ငန်းတွေရဲ့ ယုံကြည်မှု ကျဆင်းနေရတဲ့ ထင်ရှားမှုလက္ခာဏာအဖြစ် သူက ကောက်
ချက်ချပါတယ်။

ပြည်ပ ကုမ္ပဏီတွေထွက်ခွာမှု ပြည်တွင်းလုပ်
ငန်း ပြိုလဲမှုတွေ ဆက်တိုက်ရှိလာနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင်ရှား
ပါးမှု‌က လာမယ့်နှစ်မှာ သက်ရောက်မှုပိုဆိုးလာနိုင်တယ်ဆိုတဲ့ စီးပွားရေးပညာရှင်တချို့ရဲ့သုံးသပ်မှုတွေ ရှိပါတယ်။

"ကျွန်တော့်ဆိုင်သာပိတ်လိုက်ရရင် နောက်
ထပ် ငါးယောက် လောက်အလုပ်လက်မဲ့ ဖြစ်သွားမှာ"လို့ ကိုစိုင်းနော်ကနာကျင်စွာဖွင့်ဟပါတယ်။ ။
❤6👍5🔥1🤯1
မန္တ​လေးမြို့က ပိတ်သိမ်းသွားတဲ့လုပ်ငန်းအချို့ကို နိုဝင်ဘာ တတိယပါတ်က​တွေ့
ရစဥ်။ဓါတ်ပုံ-​ပေးပို့
🔥10❤2👍1
ဆင်ဖြူကျွန်းမြို့ ဓားပြမှု အလုပ်လက်မဲ့ပြဿနာနဲ့ စားဝတ်နေရေးအခက်ကြောင့်လို့ ဒေသခံတွေပြော

နိုဝင်ဘာ−၂၃၊၂၀၂၆။မိထက်/People's Spring

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ပေါ်မှာ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်သားအမိ ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

ဆင်ဖြူကျွန်းမြို့၊ ပိုးအရှေ့ရပ်ကွက်က ဆန်ဆိုင်ဖွင့်ထားတဲ့နေအိမ်ကို အမျိုးသား ၃ဦးက နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဓားပြဝင်တိုက်တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ မြို့ခံတွေကို ထိန့်လန်တုန်လှုပ်စေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" မကြားဖူးပါတာတွေ ကြားရတာပဲ။ ဆိုင်ရှင် သားအမိဒဏ်ရာအပြင်းအထန် ရသွားတယ်ဗျ။ အတိုက်ခံရတဲ့ အိမ်က မြို့လယ်ခေါင်ဗျာ။ စစ်တပ်နဲ့ရဲကတော့ လူဖမ်းပွဲလုပ်နေတယ်"လို့ ပိုးအရှေ့ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ဆိုင်အလုပ်သမားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ ၂၀၂၅ ဒီဇင်ဘာက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်တပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ဆေးဝါး၊ဆန်နဲ့ လူသုံးကုန်ပစ္စည်း‌တွေကို ဖြတ်တောက်ထားတယ်လို့မြို့ခံတွေက ပြောပါတယ်။

ဒေသခံအများစုဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ယခင်ကမကြုံဖူးတဲ့ စားဝတ်နေရေးအခက်အခဲတွေ ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

" လယ်တွေလည်း အရင်လို လုပ်လို့မကောင်းတော့ဘူး။ လုပ်အားကတွေကလည်း တစ်နေ့စာအတွက်မလောက်တော့ဘူး။ တချို့ဆို ဆန်တောင်မစားနိုင်ကြဘူး။ ဆန်ကွဲပဲစားနေရတဲ့အခြေအနေဖြစ်လာတယ်။ အလုပ်လက်မဲ့တွေဖြစ်လာတော့ အမှုအခင်းတွေများလာတာ။ စစ်တပ်မွှေတဲ့ ပြဿနာတွေပါ"လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအများအပြားမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လုယက်မှုတွေ၊ ဓားပြမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
🔥9👍2
🔥9👍2
မန္တလေးတက္ကသိုလ်အနီးက ဆိုင်ခန်းတွေ ဖယ်ရှားခိုင်းပြန်
နိုဝင်ဘာ−၂၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အနီး ရေနီမြောင်းတလျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေအားလုံးကို ဖယ်ရှားပေးဖို့ စစ်တပ်လက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက အမိန့်စာထုတ်ပြန်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
​မန္တလေးတက္ကသိုလ် မြောက်ဘက်အပေါက်မှ ၆၉ လမ်းဘက်သို့ သွားရာလမ်းတလျှောက်ရှိ ရေနီမြောင်းဘေးမှ ဆိုင်ခန်းတွေ အားလုံးကို လပိုင်းအတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်နေသူအချို့က ပြောပါတယ်။
​အဆိုပါ ဖယ်ရှားခိုင်းမှုကြောင့် မကြာသေးမီကမှ ဆိုင်ခန်းငှားရမ်းခတွေ ပေးချေထားသူတွေ အနေနဲ့ ငွေကြေးအမြောက်အမြား နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
​"တချို့က ငှားဖို့ စာချုပ်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဖယ်ပေးဖို့ အမိန့်ကျလာတာ။ သိန်းကိုရာချီ ဆုံးရှုံးသွားတယ်"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါဆိုင်ခန်းတွေမှာ အလှပြင်ဆိုင်၊ အဝတ်အထည်ဆိုင်၊ စားသောက်ဆိုင်တွေလည်းရှိပြီး ဆိုင်ခန်း decoration ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ထားတဲ့အတွက် ဆုံးရှုံးမှုကြီးမားနေကြောင်း ဆိုင်ခန်း ငှားရမ်းထားသူတွေဆီက သိရပါတယ်။
​လက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနဘက်ကနေ ဘယ်လိုအကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းတယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဆိုင်ခန်းရှင်တွေနဲ့ ငှားရမ်းလုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အလားတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၈ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား၊ TTC ဆရာအတတ်သင်တန်းကျောင်းရဲ့လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စာထုတ်ထားပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့က ရဲစခန်းတွေ၊ ဗထူးကွင်း၊ မဟာအောင်မြေအားကစားကွင်း၊ စိုက်ပျိုးရေးရုံး၊ ပညာရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးဝန်းကျင်တွေမှာ ဝန်ထမ်းတွေဆောက်လု​ပ် ရောင်းစားထားတဲ့ဆိုင်ခန်းတွေကို ပြန်လည်ဖယ်ရှားနေတာ ဖြစ်ပါတယ်။
🔥11😁2🤬1🤮1
(ဖယ်ရှားပေးရမယ့် ဆိုင်ခန်းများအား တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)
🤬13🔥2😁1
ပေါက်တောမြို့က ရွာ ၃ရွာကို စစ်တပ် လေကြောင်းထပ်မံတိုက်ခိုက်၊ လသားကလေး အပါအဝင် ၄ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၃၊၂၀၂၆။ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာ ၃ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ဗုံးကြဲတာ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
 
နိုဝင်ဘာ ၂၀ရက်နဲ့ ၂၂ရက်တွေမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

နိုဝင်ဘာ ၂၂ရက် နန်းတက်ကျွန်းရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ၅လသားအရွယ် ကလေးငယ်အပါအဝင် ၄ဦးသေဆုံးကာ ကလေးငယ် ၄ ဦး အပါအဝင် ၉ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၃လုံး ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။
 နိုဝင်ဘာ ၂၀ရက်ည သန်းခေါင်အချိန်မှာလည်း သဝင်ချောင်းရွာနဲ့ ဓားကိုင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး အပါအဝင် ၄ဦး သေဆုံးကာ နေအိမ် ၁၅လုံး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ပြည်သူလူထုပိုင် နွား၂ ကောင်သေဆုံးကာ ၂ကောင် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတ၀ိုက်ရွာတွေကိုလည်း နိုဝင်ဘာ ၂၀ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၅စီး၊ Y12 လေယာဉ် ၁စီးတို့နဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ တနာရီခန့်အတွင်း ဗုံးအလုံးရေ ၃၀ခန့် ကြဲချခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မရှိခဲ့ပေမဲ့ အရပ်သား ပြည်သူလူထုတွေရဲ့ တောင်ယာတဲအချို့ ပျက်စီးတာရှိခဲ့ကြောင်း အသိပေးပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခပြည်အနှံ့ မြို၊ ရွာ များရှိ စစ်ရေးနဲ့ မသက်ဆိုင်သော နေရာများကို နေ့စဉ်နဲ့အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့အချို့ ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ထိုးစစ်မအောင်မြင်ဘဲ အထိနာခဲ့သလို စစ်တွေ၊ ကျောက်ဖြူစတဲ့ လက်ကျန်မြို့တွေပါ AA ရဲ့ တိုက်ခိုက်မှု ကြုံနေရတာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အာရက္ခဒေသရှိ ကျေးရွာတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေလို့ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
🤬8❤3😁1😢1🤮1
စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့က​လေးငယ်။ဓါတ်ပုံ-AA Info Desk
😢13❤2😁1🤮1
NUG ဝန်ကြီးဟောင်း နိုင်သု၀ဏ္ဏ ကွယ်လွန်မှု မွန်တော်လှန်ရေးအင်အားစုတွေ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

နိုဝင်ဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သလို ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်သု၀ဏ္ဏ(ခေါ်)နိုင်ထွန်းဖေ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မွန်ပြည်နယ် ကြားကာလညှိနှိုင်းရေးကော်မတီ (MSICC) ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်သလို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ရဲ့ သဘာပတိဟောင်းလည်းဖြစ်သူ နိုင်သု၀ဏ္ဏဟာ အသက် ၈၈နှစ်အရွယ် နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

နိုင်သု၀ဏ္ဏ ကွယ်လွန်မှုအပေါ် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ဝမ်းနည်းကြောင်း MSFC က သဝဏ်လွှာပေးပို့ခဲ့ပြီး ခေတ်အဆက်ဆက် အတွေ့အကြုံရင့်ကျက်ပြီး တန်ဖိုးမဖြတ်နိုင်သော နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦး ဆုံးရှုံးရခြင်းဟာ မွန်အမျိုးသားထုတစ်ရပ်လုံးသာမက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးတစ်ခုလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ရဲ့ သဝဏ်လွှာမှာလည်း နိုင်သု၀ဏ္ဏဟာ မွန်အမျိုးသား နိုင်ငံရေး အင်အားစုများအကြား ညီညွတ်မှုရရှိရေးနဲ့ အမျိုးသား အခွင့်အရေးများ ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်လို့ မွန်နိုင်ငံရေး သမိုင်းတွင် အသိအမှတ်ပြု ထိုက်သော အခန်း ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ စစ်တပ် မတရား အာဏာသိမ်းပြီးနောက် ကိုယ်ကျိုးကို မကြည့်ဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆုံးမှ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလတွင်လည်း မျိုးဆက်သစ်လူငယ်များအား နိုင်ငံရေး အတွေ့အကြုံများနဲ့ သင်ခန်းစာများကို မျှဝေပေးခဲ့သူ ဖြစ်ပြီး နိုင်သုဝဏ္ဏ ကွယ်လွန်မှုဟာ မွန်အမျိုးသားနိုင်ငံရေးလောကအတွက် ဝါရင့် ခေါင်းဆောင် တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း သမိုင်းအတွေ့အကြုံများကို တိုက်ရိုက် လက်ဆင့်ကမ်းပေးနိုင်သူတစ်ဦး ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။

ကွယ်လွန်သူ နိုင်သုဝဏ္ဏဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် (7 July) ကျောင်းသားလှုပ်ရှားမှုကာလမှစတင်ကာ ဒီမိုကရေစီအရေးနဲ့ မွန်အမျိုးသားအခွင့်အရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
😭12😁3👍1
😭14😁4❤1
ကောလင်းအရှေ့ခြမ်းမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ပြည်သူ၁၅ဦးရုပ်အ​လောင်း​တွေ့ရှိ

နိုဝင်ဘာ-၂၃၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ကိုစစ်
ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကလမ်းတလျှောက်ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာပြည်သူ၁၅ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

ကောလင်းမြို့နယ်အ ရှေ့ခြမ်း၊ညောင်ပင်သာရွာကအမျိုးသမီးတဦးအပါအဝင် ၄ဦး၊ဂွေ့ကုန်းမှာ၃ ဦး ၊ ဥတုံးပင်ရွာနဲ့ တောင်ပုံရွာတို့မှ ပြည်သူ ၈ဦး စုစုပေါင်းပြည်သူ ၁၅ဦးရဲ့ရုပ် အလောင်းတွေကို နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန် မှာ တွေ့ထားတယ်လို့သိရပါတယ်။

"နိုဝင်ဘာ၂၀ က စကစ စစ်ကြောင်းထွက်သွားပြီဆိုမှ ကျွန် တော်တို့ နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန်တွေ့တာပေါ့။တချို့အ
လောင်းတွေက ဘယ်သူ၊ဘယ်ဝါများကို မပြောတက်သေးဘူး။တောင်ပုံနဲ့ ဥတုံးပင်က ရွာကပ်လျက်ဆို တော့အဲဒီမှာ လူအ‌​လောင်း
၈ ဦး တွေ့တာ"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်
တဦးက ပြောပါတယ်။

ဒီစစ်​ကြောင်းဟာကောလင်း၊ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်က တပ်မ(၃၃) လက်​အောက်ခံတပ် တွေပေါင်းပြီး ကောလင်းမြို့နယ်အ ရှေ့ခြမ်းကို နိုဝင်ဘာလပထမပတ်က စတင် စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာရွှေဘို- မြစ်ကြီးနားလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာကန့်ဘလူမြို့နယ်၊စပ်တပေါက်ကနေဗျူဟာလမ်းအတိုင်းခင်ဦး မြို့နယ်ဘက်ကို ထွက်နေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကြောင်းတလျှောက် တော်လှန်ရေး တပ် တွေကခုခံတိုက်ခိုက်​နေပြီး စစ်အုပ်စု​သေဆုံးထခိုက်မှုများခဲ့တယ်လို့ ​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။စစ်တပ်က​တော့ ​ရွှေဘို-မြစ်ကြီးနားလမ်းတ​လျှောက်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရင်း စစ်​ကြောင်း​တွေထိုးပြီး ​စစ်​ကြောင်းတ​လျှောက်​တွေ့တဲ့ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေပါတယ်။ ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲ​တွေမှာ​တော့ စစ်တပ်စစ်​ကြောင်း​တွေ အထိနာ​နေပြီး မကြာခဏ စစ်ဦးကျိုး​နေတယ်လို့ PDF အချို့က​ပြောပါတယ်။
🤬12❤1👍1👏1🖕1
(ကောလင်းမြို့နယ်မှာ စစ်တပ် စစ်​ကြောင်းထိုးလို့ ထွက်​ပြေး​နေတဲ့ပြည်သူ​တွေ။
ဓါတ်ပုံ-Kawlin Info
😢11❤1👏1🙏1
မူရင်းစာရေးဆရာ ရွှေဥဒေါင်းအမည် မပါဝင်ဘဲ “ပထမံဆရာသိန်း” အမည်နဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေ

နိုဝင်ဘာ ၂၃၊ ၂၀၂၆။မေရီ/People's Spring

စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ နာမည်ကျော် ပထမံဆရာသိန်း ဝတ္ထုအမည်ကို သုံးစွဲကာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု စတင်ရိုက်ကူးနေပါတယ်။

“ ပထမံဆရာသိန်း “ ရုပ်သံဇာတ်လမ်းတွဲကို ဒီကနေ့ နိူဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ အိမ်တော်ရာဘုရားမှာ ကန့်တော့ပွဲပေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ ၎င်းရဲ့စီးပွားဖက် ကိုရွှေမန်းတို့ရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ ရွှေနဒီ Application ကနေ စီစဥ်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ပထမံဆရာသိန်းဆိုတဲ့နာမည်ဟာ မြန်မာ့ဂန္ထဝင် စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ပထမံဆရာသိန်းဆိုတဲ့ လုံးချင်းဝတ္ထုအမည်ကို တိုက်ရိုက်သုံးစွဲထားတာဖြစ်ပြီး ၎င်းတို့ရဲ့ ဇာတ်လမ်းတွဲမှာတော့ ဇာတ်လမ်းရေးသားသူနေရာမှာ ရွှေဥဒေါင်းမဟုတ်ဘဲ ဖြိုးသဉ္ဇာကျော်လို့ ရေးထားတာကို တွေ့ရပါတယ်။

ဆရာကြီး ရွေဥဒေါင်းရဲ့ ပထမံဆရာသိန်းကို ရိုက်ကူးတာလား၊ သို့မဟုတ် နာမည်ကိုပဲယူသုံးပြီး သီးခြားဇာတ်လမ်းလားဆိုတာတော့ မသိရသေးပါဘူး။

ဒါဗပမယ့် ဂန္ထဝင်စာပေလက်ရာတစ်ခုရဲ့ အမည်ကို တိုက်ရိုက်ယူသုံးပြီး မူရင်းစာရေးဆရာရဲ့ အမည်ကို ချန်လှပ်ထားတဲ့အပေါ်စာပေလောကသားတွေနဲ့ စာဖတ်ပရိသတ်တွေကြားမှာ ဝေဖန်နေကြပါတယ်။

"ပထမံဆရာသိန်း" ဆိုတာ မြန်မာစာဖတ်ပရိသတ်တွေ ရင်ထဲမှာ စွဲမြဲနေတဲ့ ဂန္ထဝင်ဇာတ်ကောင်နဲ့ ဝတ္ထုနာမည် ဖြစ်ပါတယ်။ ဒီနာမည်ကို သုံးပြီး တခြားဇာတ်လမ်းရေးသူ တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးတဲ့အခါ မူရင်းဝတ္ထုကို ပြန်ရိုက်တာလို့ ပရိသတ်က ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သလို၊ မူရင်းစာရေးဆရာရဲ့ ဖန်တီးမှုအရသာ ပျက်စီးသွားမှာကို စာပေချစ်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပထမံဆရာသိန်းဇာတ်လမ်းတွဲကို ဒါရိုက်တာ ထွဋ်တင့်ထွန်း၊ တွဲဖက်ဒါရိုက်တာ ဇီဇဝါ၊ ဇာတ်ညွှန်း ပိုင်စိုးသူအောင်နဲ့ ရိုက်ကူးရေး (D.O.P) ရှိုင်းလင်းကိုတို့က ရိုက်ကူးမယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေအဖြစ် သိန်းလင်းစိုး ၊ နေရဲ ၊ သဇင်နွယ်ဝင်း ၊ မြတ်ကေသီအောင် ၊ မင်းသူ ၊ မိုးဇင် ၊ သီဟ ၊ ဝေရှိုင်း ၊ ဘုန်းမြတ်လင်း ၊ ဆက်ထူးသစ် ၊ ကိုနိုင်ဝင်း ၊ မြမျက်ချယ် ၊ ယဉ်မင်းပိုက် ၊ ဆုယုနိုင်တို့ ပါဝင်မယ်လို့ သိရပါတယ်။
👎10🤮3❤2
(ပထမံဆရာသိန်း ကန်တော့ပွဲအခမ်းအနား။ ဆရာကြီးရွေဥဒေါင်း၏ ပထမံဆရာသိန်း ဝတ္ထု။ ဓါတ်ပုံံ-CJ)
🤮8❤1👍1
ICJ စီရင်ချက်ကိုလေးစားကြောင်း မလေးရှား ထုတ်ပြန်

နိုဝင်ဘာ-၂၃၊၂၀၂၆။People's Spring

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကချမှတ်ခဲ့တဲ့စီရင်ချက် လက်တွေ့ အ
ကောင်အထည် ပေါ်လာစေရေးအတွက် ကုလသမဂ္ဂ (UN)၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့နဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရ အနေနဲ့ ICJ စီရင်ချက် နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ရာမှာ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်းအစုအဖွဲ့တွေနဲ့ လက်တွဲ လုပ်
ဆောင်သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက မြန်မာဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးသုဉ်း သတ်
ဖြတ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတစ်ခုက တာဝန်ရှိတယ်လို့ ဆုံးဖြတ်တဲ့ ပထမဆုံး သမိုင်းဝင် စီရင်ချက်လည်း ဖြစ်လာပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားက ICJ စီရင်ချက်နဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်ရာမှာ ရိုဟင်ဂျာ လူနည်းစု မျိုးနွယ်ဝင်တွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းICJရဲ့စီရင်ဆုံးဖြတ်မှုကိုမလေးရှားက လေးစား လိုက်နာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ICJရဲ့ စီရင်ချက်ဟာ အကာအကွယ် မဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေကိုကာကွယ်ပေးရမယ်ဆိုတဲ့ မလေးရှားရဲ့ အခြေခံ စံနှုန်းတွေနဲ့လည်း ကိုက်ညီနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒေသတွေက အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အပါ
အဝင် သူတို့ကြုံတွေ့နေတဲ့ အခက်အခဲတွေ လျော့ပါး သက်သာစေဖို့၊ လက်ရှိ အကျပ်အ
တည်းအတွက် ရေရှည်တည်တံ့ပြီး ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်မယ့် အဖြေတစ်ခု ရှာတွေ့နိုင်ဖို့အတွက် မလေးရှားက ဆက်လက် ပံ့ပိုး အားပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ တွေအတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း​ရေးအကြောင်းပြပြီးဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မလေးရှားမှာလည်းရိုဟင်ဂျာ တစ်သိန်းသုံး သောင်းကျော်ကခိုလှုံနေပြီးကုလသမဂ္ဂ ဒုက္ခ
သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
ရဲ့ တရားဝင် အသိအမှတ်ပြု ဒုက္ခသည်တွေ အနေနဲ့ ရှိနေကြပါတယ်။

နောက်ထပ် ရိုဟင်ဂျာ ၆၀၀၀ ကျော်လောက်ကတော့ပြည်တွင်းကိုတရားမဝင် ဝင်ရောက်
လာမှုနဲ့ မလေးရှားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပါတယ်။

ကိုးကား-Yenisafak
👍8❤1🤮1
ဘဂ်လား​ဒေရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ICJ တရားရုံးအမိန့်ချတာကို နား​ထောင်​​​နေသူ​တွေ။ဓါတ်ပုံ-Getty
👍6😁1🤮1
ပထမဆုံး အချက်ကတော့နိုင်ငံတကာ တရား
ဥပဒေ စိုးမိုးရေးနဲ့ ICJ ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းပါ။ ကြေညာချက်ထဲမှာ ဖိလစ်ပိုင်ဟာ တရားဥပဒေ စိုးမိုးရေးအပေါ် နှစ်ရှည်လများ ထားရှိခဲ့တဲ့ ကတိကဝတ်နဲ့အညီ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် အောက်က နိုင်ငံများရဲ့ တာဝန်ဝတ္တရားတွေ အပါအဝင် နိုင်ငံတကာ ဥပဒေကို အပြည့်အဝ လိုက်နာဖို့ ထပ်လောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစား လိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အလေးပေး ဖော်ပြထားပါတယ်။ ဒီဆိုလိုချက်ဟာ မြန်မာ စစ်ကောင်စီ အနေနဲ့ ICJ ရဲ့ စီရင်ချက်ကို မဖြစ်မနေ လေးစား လိုက်နာရမယ်လို့ သွယ်ဝိုက်ပြီး ဖိအားပေးလိုက်တာပါပဲ။ ဖိလစ်ပိုင် ကိုယ်တိုင်ကလည်း တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး ရပ်တည်ခဲ့ဖူးတဲ့ နိုင်ငံ ဖြစ်တာကြောင့်၊ နိုင်ငံတကာ တရားရုံးတွေရဲ့ စီရင်
ချက်ကို လေးစား လိုက်နာရေးဆိုတာ ဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးမူဝါဒမှာအင်မတန်အရေး
ကြီးတဲ့ မူတစ်ခု ဖြစ်နေပါတယ်။

ဒုတိယ အချက် အနေနဲ့ ဖိလစ်ပိုင်ဟာ မြန်မာပြည်တွင်းကလူသားချင်းစာနာ ထောက်ထား
မှုဆိုင်ရာ အကျပ်အတည်းအပေါ် နက်နက်
ရှိုင်းရှိုင်းစိုးရိမ်ပူပန်ကြောင်းဖော်ပြထားပါတယ်။

အထူးသဖြင့် အရပ်သားတွေနဲ့ ထိခိုက်လွယ်တဲ့ လူဦးရေတွေအပေါ် သက်ရောက်မှုတွေကို ထောက်ပြထားပြီး၊ သူတို့ရဲ့ ဘေးကင်း လုံခြုံ
ရေး၊ဂုဏ်သိက္ခာနဲ့ လူသားချင်းစာနာထောက်
ထားမှု အကူအညီတွေ အဟန့်အတား မရှိ ရောက်ရှိနိုင်ရေးဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးတကြီး လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ လူသားချင်း စာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချပြီး ပိတ်ဆို့ ဖြတ်တောက်နေတဲ့ လုပ်
ရပ်တွေကို လက်မခံနိုင်ဘူးဆိုတဲ့ သတင်း
စကားကို ပါးလိုက်တာ ဖြစ်ပါတယ်။

တတိယအချက်ကတော့အားလုံးပါဝင်တဲ့ဆွေးနွေးမှုနဲ့ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရေးပါ။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့အညီ သက်
ဆိုင်ရာ အဖွဲ့အစည်း အားလုံးကြား အပြုသ
ဘောဆောင်ပြီး အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းထားခြင်းအားဖြင့်၊ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို ရရှိမထားတဲ့ စစ်အုပ်စုဟာ ဘယ်နည်းနဲ့မှ သူ တစ်ဖွဲ့တည်းနဲ့သာ ဆုံးဖြတ်ချက်ချ ဖြေရှင်းလို့ မရဘဲ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုမျိုးကမှသာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရနိုင်မယ်ဆိုတဲ့ အချက်ကို ဖိလစ်ပိုင်က မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖိလစ်ပိုင်ရဲ့ ဒီလို ရပ်တည်ချက်မျိုးကို အခြား ဘယ် အာဆီယံ နိုင်ငံတွေက ထပ်တူ ထောက်ခံလာနိုင်ဖွယ် ရှိသလဲ ဆိုတာကို ခန့်မှန်း ကြည့်ရရင် အာဆီယံ ၁၀ နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် သဘောထားဟာ တစ်သ
မတ်တည်း မရှိဘဲ အုပ်စုကွဲနေတာ ကြာပါပြီ။ ဖိလစ်ပိုင်ရဲ့ နောက်ကနေ အခိုင်အမာ လိုက်ပါ ထောက်ခံနိုင်ခြေ အရှိဆုံး နိုင်ငံတွေကတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ တီမောနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာ အရေးကိစ္စ စတင် ဖြစ်ပွားကတည်းက မြန်မာ စစ်တပ်အပေါ် အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ နိုင်ငံ ဖြစ်သလို၊ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တာကြောင့် ဂမ်ဘီယာဘက်က ရပ်တည်ပြီး ICJ ရဲ့ စီရင်ချက်ကို ကြိုဆို ထောက်ခံဖို့ ရာခိုင်နှုန်း များစွာ ရှိနေနိုင်ပါတယ်။

အာဆီယံရဲ့ အကြီးဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကလည်း ကမ္ဘာ့ မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သလို၊ ဒီမိုကရေစီ စံနှုန်းနဲ့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ နိုင်ငံ ဖြစ်တာကြောင့် ဖိလစ်ပိုင်နဲ့ တစ်သံတည်း ထွက်လာဖို့ သေချာသလောက်ပါပဲ။

စင်ကာပူနိုင်ငံကတော့ သေးငယ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် သူ့ရဲ့ ရှင်သန် ရပ်တည်ရေးအတွက် နိုင်ငံတကာ ဥပဒေ စိုးမိုးရေး (Rules-based International Order) ကို အမြဲတမ်း ဦးစားပေး ကာကွယ်လေ့ ရှိပါတယ်။ဒါကြောင့် ICJ လိုကုလသမဂ္ဂရဲ့ အမြင့်
ဆုံး တရားရုံးက ချမှတ်လိုက်တဲ့ စီရင်ချက်ကို စင်ကာပူအနေနဲ့လေးစားအသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုလာဖို့ များပါတယ်။


https://www.ludunwayoo.com/feature-mm/2026/11/22/174092/
👍5🤮1