ကျန်တာတွေကတော့ ထုံးစံအတိုင်းကြက်ဋီကာချဲ့၊ကြက်ဥဋီကာချဲ့၊ စပါးနှံဋီကာချဲ့ ၊ဝက်ဋီကာချဲ့၊ စက်သုံးဆီ၊ စားသုံးဆီဋီကာချဲ့တာတွေကို အချိန်အတော်ပေးပြောခဲ့ပါတယ်။
အချိန်နှစ်နာရီကျော်ကြာတဲ့ သူ့ရဲ့ အဲဒီမိန့်ခွန်းဆိုတာကိုအနှစ်ချုပ်ကြည့်လိုက်ရင်တိုင်းပြည်အပေါ် အမှန်တကယ် စေတနာထားလုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေတဲ့၊ လုပ်ဆောင်သွားမယ့် အခြေပြတစ်ခုမှ မတွေ့ရပါဘူး။
ရှင်းရှင်း ပြောရရင် တိုင်းပြည်ရဲ့ အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးစလုံးအတွက် စေတနာဆိုတာ မတွေ့ရဘဲ ချောင်ပိတ်အရိုက်ခံနေရတဲ့ခွေးအိုကြီးတစ်ကောင် ဒေါသထွက်မာန်ဖီရန်ရှာပုံ၊ သူများမကောင်းကြောင်း ကိုယ့် ကောင်းကြောင်း ကိုယ်ရည်သွေးပုံ၊ “ငါသိ၊ ငါတတ်”ဆိုတဲ့ ထင်တစ်လုံးစိတ်နဲ့ ထင်ရာစိုင်းနေပုံတွေကိုသာ တွေ့ရပါ တယ်။
အရူးရင့်ရင့်တစ်ယောက်လက်ထဲမှာ တိုင်းပြည်ကလည်း တဖြည်းဖြည်းပြိုဆင်းလာနေပါပြီ။သူ့ဘေးက ဝန်ကြီး၊ ဝန်ကလေး၊ အမတ်မင်းဆိုသူတွေနဲ့ လော်ဘီတွေကလည်း အရူးဘုံမြှောက် ချိုမိုင်မိုင်၊ ချိုမိုင်မိုင်၊ ရပ်နိုင်ပေ့၊ ရပ်နိုင် ပေ့ဆိုပြီး ဝိုင်းမြှောက်ပေးနေကြမှတော့ တိုင်းပြည်ဟာ ကုန်းဆင်းမှာ ဘီးတပ်လွှတ်လိုက်ခြင်းကို ခံရတော့တာပါပဲ။
ဆေးမရှိတော့ပါဘူး။ နေမြင့်ပြီး အရူးရင့်နေပြီဖြစ်တဲ့ မင်းအောင်လှိုင်အတွက် ဆေးမရှိတော့ပါဘူး။ထို့အတူပဲ သူနဲ့ အတူဆွဲချသွားခြင်းခံလိုက်ရတဲ့ တိုင်းပြည်အတွက်လည်း ကျရှုံးနိုင်ငံအဖြစ် မကောင်းတဲ့ ညွှန်းကိန်းအားလုံးမှာထိပ်ဆုံးရောက်နေပါပြီ။
ဒီအရူးကို ပုလ္လင်ပေါ်က အချိန်မိဆွဲချပြီး တရားစီရင်နိုင်မှပဲ ၊စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး နိုင်ငံသစ်ကိုတည်ဆောက်နိုင်မှပဲ ကျွန်တော်တို့ရဲ့ ရင်သွေးငယ်တွေ အနာဂတ်ရှိမှာ ဖြစ်ပါတယ် ။ ဒိအတွက် တော်လှန်ခြင်းမှ
တပါး အခြားမရှိပါဘူး။
(သရုပ်ဖော်ပုံကို AI ဖြင့်ပုံဖော်ထားပါတယ်)
https://www.ludunwayoo.com/opinion-mm/2026/11/21/174036/

LuduNwayOo
အရူးရင့်တဲ့နေ့ | LuduNwayOo
“နေမြင့်လေ အရူးရင့်လေ”ဆိုတဲ့စကားပုံအတိုင်း ပြုတ်လို့တောင် မနူးတော့တဲ့ ရင့်နေတဲ့အရူးတစ်ယောက်ကို ဒီနေ့ လက်တွေ့ကျကျ တွေ့လိုက်ရတာပါပဲ။
🤣26🔥3❤2
Media is too big
VIEW IN TELEGRAM
"ကျွန်မတို့(ပြည်သူ)ကကျူးလွန်တာမဟုတ်ပါဘူး။ ကျူးလွန်တဲ့သူတွေလည်းမဟုတ်တဲ့အတွက် ကျူးလွန်ခဲ့တဲ့သူတွေကသာ သူတို့
စိုက်တဲ့ဟာကို သူတို့ရိတ်သိမ်းရမှာသာလျင်ဖြစ်ပါတယ်"
■အမေရိကန်ပြည်ထောင်စုCornell University ဥပဒေပညာဌာန ဧည့်ပါမောက္ခ ဒေါက်တာစုယဥ်ထွန်း

👍39❤10🥰3👎1🤮1🖕1
■ဆောင်းပါး
ဆိုင်တွေ၊လုပ်ငန်းတွေပိတ်သိမ်းကုန်တဲ့အခါ...
ဇော်ဝင်း/People's Spring
ဆယ်စုနှစ်တစ်ခုစာ ကြိုးစားရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တပိုင်တနိုင်စားသောက်ကုန်လုပ် ငန်းလေး ပိတ်ရတော့မယ့်အခြေအနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။
သူ့လုပ်ငန်းမှာသုံးရတဲ့ မုန့်သားပွတက်လာစေမယ့်တဆေး (Yeast)နဲ့ဂျုံပေါင်းတဲ့အခါနူး
ညံ့ဖို့ သုံးရတဲ့ မုန့်ဖုတ်ပေါင်ဒါ(Baking Powder)တွေက လုံး၀ ဝယ်မရတော့အထိ ဖြစ်ပါတယ်။
ဒါ့အပြင် အစားအသောက်ထဲမပါမဖြစ်ထည့်ရတဲ့ ပြည်တွင်းထွက် ကြက်ဥနဲ့ ကြက်သွန်နီဈေးတွေ တနေ့တခြား ပိုတိုးလာနေတာကလည်း လုပ်ငန်းဆက်ရပ် တည်ဖို့ နောက်ထပ် အတားအဆီးတစ်ခုလို့ ကိုစိုင်းနော်က ရှင်းပြပါတယ်။
"တဆေးတို့၊မုန့်ဖုတ်ပေါင်ဒါ တို့ဆိုတာ ထိုင်း နဲ့ တရုတ်ထုတ်တွေသုံးရတာ။အဲဒါမှကိုယ်ထုတ်တဲ့အစားအသောက်ကွာလတီ ကောင်း
ကောင်းရတယ်။စားတဲ့သူတွေလည်း အရသာပြည့်စားရတယ်။ပုံမှန် ယူနေကြ ရန်ကုန်ဒိုင်မှာကိုက ပစ္စည်းလက်ကျန်မလောက်တာ။ဒါတွေမရှိရင် ဘာမှဆက်လုပ်လို့မရဘူးလေ"လို့ သူ့အခက် အခဲကို ပြောပြပါတယ်။
အာဏာသိမ်း စစ်တပ်လက်အောက်မြန်မာ့ စီးပွားရေးမူဝါဒနဲ့ ပကတိအခြေအနေဆိုးတွေက ကိုစိုင်းနော်တစ်ယောက်တည်းကြုံနေရတာမဟုတ်ပါဘူး ။အခုလပိုင်းတွေအတွင်းမှာ ပြည်တွင်း၊ပြည်ပကုမ္ပဏီလုပ်ငန်းဆယ်နဲ့ချီပြီး ရပ်ဆိုင်းထွက်ခွာမယ်ဆိုတဲ့နေ့စဉ်ရက်
ဆက်ကြေညာချက်တွေက အခြေအနေကိုပိုပြီး မြင်သာစေပါတယ်။
အဲဒီထဲမှာ အနည်းဆုံး လွန်ခဲ့တဲ့ ၁၂ နှစ်၀န်းကျင်ကတည်းကတည်ထောင်ခဲ့တဲ့ခရီးသွား၊
အိမ်ခြံမြေ၊ဆောက်လုပ်ရေး၊ထုတ်ပိုးမှုနဲ့ မော်
တော်ယာဉ်သက် ဆိုင်တဲ့ ပြည်တွင်းကုမ္ပဏီတွေ အပြင် လုပ်သားအင် အားထောင်ဂဏန်းရှိတဲ့ပြည်ပကရင်းနှီးမြှုပ်နှံတဲ့အထည်ချုပ်
စက်ရုံတွေ အပါအ၀င် ကဏ္ဍပေါင်းစုံက ကုမ္ပဏီကြီးတချို့ပါရှိပါတယ်။
အထူးသဖြင့်ဟံသာဝတီလေဆိပ်၊ကျောက်
ဖြူစက်မှုဇုံနဲ့ ဆိပ်ကမ်း၊ပဲခူးစက်မှုဇုံ၊ဒဂုံဆိပ်
ကမ်းမြို့ပြအိမ်ရာ၊ကန်တော်ကြီးငါးပြတိုက်၊ ပြည်လမ်းမြေအောက် လူကူးလမ်းစတဲ့စီမံ
ကိန်းတွေကို စီမံခန့်ခွဲမှုအထိပါ၀င်ခဲ့တဲ့ စင်ကာပူအစိုးရလက်အောက်ခံမြို့ပြစီမံကိန်း၊
အင်ဂျင် နီယာနဲ့အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီရပ်ဆိုင်းမယ်ဆိုတာ နို၀င်ဘာ ၁၂ ရက်က ကြေညာခဲ့တယ်။
ဒါ့အပြင် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ်လုပ်ငန်းနဲ့ လူသုံးကုန်၊ စား
သောက်ကုန် လုပ်ငန်းစုကြီး Unileverကပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချပြီး မြန်မာ့စျေးကွက်ကနေ ရုပ်သိမ်းမယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။
အလားတူပဲ လန်ဒန်အခြေစိုက်ကမ္ဘာ့အကြီးဆုံး စာ ရင်းကိုင်းနဲ့စီးပွားရေးအကြံပေးဝန်
ဆောင်မှုလုပ်ငန်းကွန် ရက် Price waterhouseCoopers (PwC) မြန်မာ က ပါထွက်ခွာမယ်လို့ အောက်တိုဘာ တတိယပတ်က အသိ ပေးထားပါတယ်။
နို၀င်ဘာ ၁၉ ရက်ထုတ် သတင်းစာတွေထဲမှာ ဆောက်လုပ်ရေးဆိုင်ရာကုမ္ပဏီ နဲ့ မော်တော်
ယာဉ်စက်ပစ္စည်း ရောင်း၀ယ်ရေး ကုမ္ပဏီ တွေ စာရင်းရှင်းလင်းရပ်ဆိုင်းတော့မယ်လို့ထပ်မံကြေညာထားပါတယ်။
"ဝန်ထမ်းတွေအများကြီးနဲ့လည်ပတ်နေရတဲ့ နိုင်ငံခြားကုမ္ပဏီတွေက အခက်အခဲပိုရှိတာပေါ့။ကျွန်တော်တို့လည်းထိနေတာပဲ။အသက်ရှုကြပ်နေတာပဲ။အဓိက သွင်းကုန်ပိတ်ဆို့မှုတွေကြောင့်"လို့ရန်ကုန်မြို့မှာဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်ဖွင့်ထားတဲ့ ကိုချမ်းအေးက သူ့အမြင်ကို ပြောပြပါတယ်။
ကုမ္ပဏီနဲ့လုပ်ငန်းတွေဆိုတာနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး အသက်သွေးကြောတစ်ခုဖြစ်ပြီးစီးပွားရေးရပ်၀န်းတစ်ခုလုံးလှုပ်ရှားနိုင်ဖို့အတွက်အဓိကမောင်းနှင်အားအဖြစ် စီး
ပွားရေးစစ်တမ်းတွေမှာပုံဖော်ထားပါတယ်။
ဒါ့အပြင်ပြည်တွင်းစီးပွားရေး တိုးတက်မှု၊ဆုတ်ယုတ်မှုတွေကို တိုင်းတာတဲ့အခါပြည် တွင်း၊ပြည်ပကုမ္ပဏီနဲ့လုပ်ငန်း(ရင်းနှီးမြှုပ်
နှံမှု)က အရေးကြီးတဲ့ညွှန်းကိန်းတစ်ခုအဖြစ် တွက်ချက်ပါတယ်။
တနည်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး
မြှုပ်နှံမှုဟာ နိုင်ငံ့စီးပွားရေး ဘယ်လောက် တိုးတက်လာနိုင်မလဲဆိုတာကိုကြိုတင်ခန့်
မှန်းနိုင်တဲ့ စံနှုန်းတစ်ခု ဖြစ်ပါတယ်။
အလုပ်အကိုင်၊ဝင်ငွေ၊ အခွန်၊ဆန်းသစ်တီ
ထွင်မှု နဲ့ ကုန် စည်၀န်ဆောင်မှုဆိုင်ရာ အရည်
အသွေးတိုးတက်မှု စတဲ့ လူမှုပတ်၀န်းကျင်အတွက်ပါ ကုမ္ပဏီ၊လုပ်ငန်းတွေရှင်သန်လည်ပတ်နိုင်မှုကနေတဆင့် အရေးပါတဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ရရှိစေပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာပြည်တွင်း ကုန်ထုတ် လုပ်ငန်းတွေဟာ ကုန်ကြမ်းရှားပါးမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ပို့ကုန်သွင်းကုန် လိုင်စင်ကန့်သတ်ချက်တွေနဲ့ ငွေလဲနှုန်းသတ်မှတ်ချက်တွေကြောင့် နှေးကွေးနေတယ်လို့ အမေရိကန်အခြေစိုက် စီးပွားရေးသတင်းအချက် အလက်အဖွဲ့အစည်း S&P Globalရဲ့ အောက်
တိုဘာလထုတ်စစ်တမ်းမှာဖော်ပြပါတယ်။

🔥6❤2
"စစ်ခေါင်းဆောင်တွေက ကိုယ့်ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ နေရာတွေမှာတော်တော်လေး
၀င်ရှုပ်နေတာ။တတ်သိ နားလည်တဲ့ လူတွေမရှိတာ မဟုတ်ဘူး ရှိတယ်။ဒါပေမဲ့ အဲ့ဒီလူတွေလုပ်ခွင့်မရတာထက် မလုပ်ရဲဘူး ။မလုပ်ချင်ဘူး။နောက်ဆုံး ဒီအလွဲချော်တွေ က လူထုကို တော်တော်ဆိုးဆိုးဝါးဝါးခံစားရစေတာပါပဲ"
လို့ကုမ္ပဏီတချို့အတွက်စီးပွားရေးသတင်း
အချက်ဆိုင်ရာအကြံပေးအဖြစ်လုပ်ကိုင်နေသူ ကို၀ဏ္ဏစိုးက သူ့အမြင်ကို ထုတ်ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နိုဝင်ဘာ ၁၈ ရက်မှာစစ်တပ်လွှတ်တော်မှာ ပြောကြားခဲ့တဲ့ ကျော်ကြာပြောစကားတွေမှာလည်း စစ်တပ်လက်အောက်မှာတိုင်းပြည်စီးပွားရေးအခြေအနေဘယ်လောက်ယိမ်းယိုင်နေလဲဆိုတဲ့အချက်အလက်တွေတွေ့ရပါတယ် ။ စစ်အုပ်စုကို ကမ္ဘာ့ဘဏ်၊IMF ၊ ADB အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ဘယ်နိုင်ငံကမှ ချေးငွေမပေးတော့တာ၊ ရန်ပုံငွေမပေးတာကို မင်းအောင်လှိုင်ငြီးတွားပါတယ်။ ချေးငွေ၊ရန်ပုံငွေ ၊အကူအညီတွေမရတော့ပေမယ့် ပြည်ပကြွေးမြီတွေကတော့ နေ့ဒေါ် ဒေါ်လာ ၂ သန်းလောက်ပြန်ဆပ်နေရတဲ့ကြားက ဒေါ်လာ ၈ ဘီလီယံကျော် ဆပ်ဖို့ကျန်နေပါသေးတယ် ။
ကုန်သွယ်ရေးမှာလည်း အဓိကနယ်စပ်ကုန်
သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၊မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွေကပုံမှန်မလုပ်နိုင်လို့ တိုင်းပြည်ဝင်ငွေနည်းပါးသလို သွင်းကုန်တွေလည်းပိုရှားလာပါတယ်။
နိုင်ငံခြားငွေဝင်ရောက်မှုမှာ ပြည်ပရောက်လုပ်သားတွေက အိမ်ပြန်ပို့ငွေ ၊ ဓါတ်ငွေ့ရောင်းရငွေ ၊အထည်ချုပ်လုပ်ငန်းတွေ-CMP တွေကရငွေ ၊ဆန်နဲ့ပဲလိုလယ်ယာထွက်ကုန်တွေတင်ပို့မှုကရငွေတွေလောက်သာရှိတာမှာ အထည်ချုပ်လုပ်ငန်းတွေလည်းတဖြည်း
ဖြည်းထွက်ခွာကုန်လို့ဝင်ငွေလျော့ပြီးအလုပ်လက်မဲ့များလာပါတယ်။
နိုင်ငံခြားငွေအဝင်နည်းတာကြောင့် ဆေးဝါး၊မရှိမဖြစ်လူသုံးကုန်စည်တွေကအစ စစ်အုပ်စုကတင်သွင်းတာတွေကန့်သတ်နေတဲ့အတွက် သွင်းကုန်ပစ္စည်းတွေပြတ်လပ်တာ ၊တရားဝင်သွင်းမရလို့မှောင်ခိုသွင်းကြရင်း မှောင်ခိုဈေးကွက်ကြီးပြီးဈေးတွေပိုကြီးလာတာ၊စစ်အုပ်စုအတွင်းလုပ်ပိုင်ခွင့်အလိုက်လာဘ်စားတာတွေပိုများလာပါတယ် ။ စစ်တပ်ရဲ့ကန့်သတ်မှုတွေကြောင့် ကုန်ပစ္စည်းတွေရှားပါးဈေးတက်နေတာကိုမင်းအောင်လှိုင်က တ
ခြားသူတွေကိုပဲ အပြစ်တင်နေပါတယ်။
အာဏာသိမ်းစစ်အုပ်စုက စီးပွားရေးဖွံ့ဖြိုးအောင်လုပ်မယ် ကြုံးဝါးခဲ့ပေမယ့် တိုးတက်နေတာက ဈေးနှုန်းတွေပဲဖြစ်လာပြီး ကြက်ဥ၊ကြက်သွန်နီ ဈေးကိုယ်တောင် တည်ငြိမ်အောင် စစ်အုပ်စုက မစွမ်းဆောင်နိုင်ဘူးလို့လုပ်ငန်းရှင်တွေကပြောပါတယ်။ ဈေးတက်ရင် ကုန်သည်တွေ၊လုပ်ငန်းရှင်တွေကိုသာဖမ်းတက်တဲ့ စစ်တပ် လုပ်နည်းလုပ်ဟန်က အသေးစား၊အလတ်စားလုပ်ငန်းတွေကိုတဖြေးဖြေးပျောက်ကွယ်စေသလို အခုအခါမှာတော့ပြသာနာတွေပေါင်းစုလာပြီး အကြီးစားလုပ်ငန်းတွေပါရပ်နားကုန်တဲ့အဆင့်ဖြစ်လာတယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။
မန္တလေးမြို့မှာလည်း အထွေထွေ အကျပ်
အတည်းတွေကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့လို့ ပိတ်လိုက်ရတဲ့ အရောင်းဆိုင်တွေ များပြားလာတယ်လို့ဆိုင်ရှင်အချို့က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၆ နှစ် ပြည့်ကာနီးအချိန်မှာပဲမန္တလေးမြို့ပေါ်က စား
သောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်အထည်ဆိုင်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ဆိုင်ခန်းငှားရမ်းခ မြင့်တက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်းရပ်နားကာ ဆိုင်ဖြုတ်သိမ်းမှုတွေ သိသိသာသာ များပြားလာတယ်လို့မြို့ခံလုပ်ငန်းရှင်အချို့က ပြောပါတယ်။
ပြည်သူတွေကစားဝတ်နေရေးကြပ်တည်းလာတာကြောင့် မရှိမဖြစ်အခြေခံစားသောက်ကုန်တွေကိုသာ ဦးစားပေးနေရပါတယ်။ဒါကြောင့် အဝတ်အထည်နဲ့ အလှကုန်တွေလို လူသုံးကုန်ပစ္စည်းတွေ ရောင်းအား သိသိသာသာ ကျဆင်းသွားပါတယ်။
"အဓိကက ကုန်စျေးနှုန်းကြောင့်ပါပဲ။ ပြည်သူတွေလည်းအရမ်းကိုခက်ခဲကြသလို စျေးရောင်းတဲ့ စီးပွါးရေးသမားတွေကလည်း စျေးတက်ရောင်းတဲ့အခါ ဖောက်သည်တွေဝယ်စားဖို့ တော်ရုံမတက်နိုင်ကြဘူး"လို့ မြို့ခံလုပ်
ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ဈေးကြီးတာ ၊ ငှားရမ်းခ ဝန်
ထုပ်ဝန်ပိုးတွေကြောင့်မန္တလေးမြို့ရှိ အသေးစားနဲ့ အလတ်စား လက်လီအရောင်းဆိုင် အများစုမှာ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာပြီး ဆိုင်ခန်းပြန်အပ်တာ၊ အွန်လိုင်းကနေတစ်ဆင့်သာပြောင်းလဲရောင်းချတာတွေ ပြုလုပ်လာကြပါတယ်။
ဒါ့အပြင် ငွေဖောင်းပွပြီးအထွေထွေကုန်ဈေးနှုန်းကြီးတာ၊စစ်မှုထမ်းဥပဒေကြောင့်လုပ်သားရှားပါးတာ၊မီးပြတ်တာ ၊ သယ်ယူပို့ဆောင်ရေးစာရိတ်တွေကြီးမြင့်တာ ၊ ဝယ်လို
အားလျော့နည်းတာစတာတွေကလုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာစေပါတယ် ။
စစ်တပ်လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက် အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း MyCO အွန်လိုင်းမှတ်ပုံတင်စနစ်မှာ နှစ်စဉ်အစီ ရင်ခံစာ (AR) တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီစုစု
ပေါင်း တစ်ထောင် ရှိပါတယ်။

🔥6❤3
ဒါကြောင့်အခုနှစ်နှစ်၀က်အတွင်းမှာပဲ လုပ်
ငန်းဆက်မလည်ပတ်နိုင်တော့တဲ့ ကုမ္ပဏီ တစ်ထောင်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။
၂၀၂၅ ခုနှစ်က ကုမ္ပဏီ ၇,၃၀၀ ၊၂၀၂၄ ခုနှစ်က ၁၉, ၀၀၀ ၊၂၀၂၃ ခုနှစ် ၆,၄၀၀၊ ၂၀၂၂ ခုနှစ်တွင် ၅,၁၀၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီ ၂,၂၀၀ က နှစ်စဉ်အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ DICA က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ (DICA) မှာ မှတ်ပုံတင်ထားတဲ့ ပြည် တွင်း၊ပြည်ပ ကုမ္ပဏီပေါင်း ၈၆,၀၀၀ ကျော်ထဲက ကုမ္ပဏီ ထက်၀က်နီးပါးရပ်ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်(၂၀၂၅-၂၆) တစ်ခုလုံးမှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုက ဒေါ်လာသန်း ၅၀၀ ၀န်းကျင်ပဲ ရှိပါတယ်။အဲဒီ ပမာဏကစစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကနဲ့ယှဉ်ရင် ၁၀ ပုံတစ်ပုံ နီးပါးလျော့ကျသွားတာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်အနည်းငယ်ပဲ ၀င်ရောက်လာတဲ့အပြင် ရှိပြီးသားလုပ်ငန်းတွေကပါထွက်ခွာ၊ရပ်ဆိုင်းမှုရဲ့ ပြဿနာဇစ်မြစ်က စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ဒေါ်
လာငွေထိန်းချုပ်မှု၊ကျပ်ငွေဖောင်းပွမှု၊လျှပ်
စစ်မီး ဆိုးရွာစွာပြတ်တောက်မှုနဲ့လုပ်သားရှားပါးလာတာတွေကြောင့် လို့ စီးပွားရေးလုပ်
ငန်းရှင်နဲ့ပညာရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
အထူးသဖြင့် စစ်တပ် နဲ့ စစ်တပ်လက်
အောက်ခံ လက်နက်ကိုင်တွေ ကျူးလွန်တဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာအပေါ် နိုင်ငံတ
ကာအရေးယူပိတ်ဆို့မှု တွေက တရား၀င်လုပ်ငန်းတွေအတွက် ပိုမိုဆိုးရွားလာစေတဲ့သက် ရောက် မှုတွေကြောင့် နိုင်ငံတွင်းက ပြည်ပကုမ္ပဏီတွေ ထွက်ခွာရတာလို့ စီးပွား ရေးပညာရှင် ဦးအောင်က မှတ်ချက်ပြုပါတယ်။
"FATF(နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့) ရဲ့နောက်ဆက်တွဲ ပြဿနာကအရေးကြီးတယ်။နိုင်ငံခြားကုမ္ပ
ဏီတစ်ခု က ပြည်တွင်းမှာရင်းနှီးမြှုပ်နှံဖို့ မလုပ်ခင်သူတို့မှာသေချာပြင်ဆင်ရတာ တွေ အများကြီးရှိတယ်။လုပ်ငန်းတွေ အခြေကျပြီး မှ ရုပ်သိမ်းတယ်ဆိုတာ ဆုံးရှုံးနစ်နာမှုတွေများတယ်။သေချာထောက်ရှုပြီးတော့မှစဉ်း
စားပုံ ရတယ်။သူတို့ မှာ ခိုင်လုံတဲ့ယူဆချက် ရှိတာကြောင့်ဖြစ်တယ်" သူက ပြောပါတယ်။
စစ်တပ်အာ ဏာသိမ်းချိန်က အမေရိကန်၊ဥရောပ နဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ပြည်
တွင်းက ထွက်ခွာရတဲ့စံနှုန်း နဲ့ လက်ရှိကုမ္ပဏီတွေရဲ့ ရပ်ဆိုင်းမှုပုံစံခြင်းက ကွဲပြားတယ်လို့ စီးပွားရေးသတင်းအချက် အကြံပေးကို၀ဏ္ဏစိုးက သုံးသပ်ပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်ကျော်နောက်ပိုင်း ပြည်တွင်း နိုင်ငံရေး၊စီး ပွားရေး ပိုမိုဆိုးရွာစွာလာမှုတွေက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီး ပွားရေးပတ်ဝန်းကျင် အပေါ်နိုင်ငံတကာ စီးပွားရေးလုပ် ငန်းတွေရဲ့ ယုံကြည်မှု ကျဆင်းနေရတဲ့ ထင်ရှားမှုလက္ခာဏာအဖြစ် သူက ကောက်
ချက်ချပါတယ်။
ပြည်ပ ကုမ္ပဏီတွေထွက်ခွာမှု ပြည်တွင်းလုပ်
ငန်း ပြိုလဲမှုတွေ ဆက်တိုက်ရှိလာနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင်ရှား
ပါးမှုက လာမယ့်နှစ်မှာ သက်ရောက်မှုပိုဆိုးလာနိုင်တယ်ဆိုတဲ့ စီးပွားရေးပညာရှင်တချို့ရဲ့သုံးသပ်မှုတွေ ရှိပါတယ်။
"ကျွန်တော့်ဆိုင်သာပိတ်လိုက်ရရင် နောက်
ထပ် ငါးယောက် လောက်အလုပ်လက်မဲ့ ဖြစ်သွားမှာ"လို့ ကိုစိုင်းနော်ကနာကျင်စွာဖွင့်ဟပါတယ်။ ။

❤6👍3🔥1🤯1
ဆင်ဖြူကျွန်းမြို့ ဓားပြမှု အလုပ်လက်မဲ့ပြဿနာနဲ့ စားဝတ်နေရေးအခက်ကြောင့်လို့ ဒေသခံတွေပြော
နိုဝင်ဘာ−၂၃၊၂၀၂၆။မိထက်/People's Spring
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ပေါ်မှာ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်သားအမိ ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။
ဆင်ဖြူကျွန်းမြို့၊ ပိုးအရှေ့ရပ်ကွက်က ဆန်ဆိုင်ဖွင့်ထားတဲ့နေအိမ်ကို အမျိုးသား ၃ဦးက နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဓားပြဝင်တိုက်တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ မြို့ခံတွေကို ထိန့်လန်တုန်လှုပ်စေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" မကြားဖူးပါတာတွေ ကြားရတာပဲ။ ဆိုင်ရှင် သားအမိဒဏ်ရာအပြင်းအထန် ရသွားတယ်ဗျ။ အတိုက်ခံရတဲ့ အိမ်က မြို့လယ်ခေါင်ဗျာ။ စစ်တပ်နဲ့ရဲကတော့ လူဖမ်းပွဲလုပ်နေတယ်"လို့ ပိုးအရှေ့ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဆန်ဆိုင်အလုပ်သမားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ၂၀၂၅ ဒီဇင်ဘာက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်တပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ဆေးဝါး၊ဆန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဖြတ်တောက်ထားတယ်လို့မြို့ခံတွေက ပြောပါတယ်။
ဒေသခံအများစုဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ယခင်ကမကြုံဖူးတဲ့ စားဝတ်နေရေးအခက်အခဲတွေ ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
" လယ်တွေလည်း အရင်လို လုပ်လို့မကောင်းတော့ဘူး။ လုပ်အားကတွေကလည်း တစ်နေ့စာအတွက်မလောက်တော့ဘူး။ တချို့ဆို ဆန်တောင်မစားနိုင်ကြဘူး။ ဆန်ကွဲပဲစားနေရတဲ့အခြေအနေဖြစ်လာတယ်။ အလုပ်လက်မဲ့တွေဖြစ်လာတော့ အမှုအခင်းတွေများလာတာ။ စစ်တပ်မွှေတဲ့ ပြဿနာတွေပါ"လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအများအပြားမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လုယက်မှုတွေ၊ ဓားပြမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

🔥7👍1
မန္တလေးတက္ကသိုလ်အနီးက ဆိုင်ခန်းတွေ ဖယ်ရှားခိုင်းပြန်
နိုဝင်ဘာ−၂၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အနီး ရေနီမြောင်းတလျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေအားလုံးကို ဖယ်ရှားပေးဖို့ စစ်တပ်လက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက အမိန့်စာထုတ်ပြန်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတက္ကသိုလ် မြောက်ဘက်အပေါက်မှ ၆၉ လမ်းဘက်သို့ သွားရာလမ်းတလျှောက်ရှိ ရေနီမြောင်းဘေးမှ ဆိုင်ခန်းတွေ အားလုံးကို လပိုင်းအတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်နေသူအချို့က ပြောပါတယ်။
အဆိုပါ ဖယ်ရှားခိုင်းမှုကြောင့် မကြာသေးမီကမှ ဆိုင်ခန်းငှားရမ်းခတွေ ပေးချေထားသူတွေ အနေနဲ့ ငွေကြေးအမြောက်အမြား နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
"တချို့က ငှားဖို့ စာချုပ်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဖယ်ပေးဖို့ အမိန့်ကျလာတာ။ သိန်းကိုရာချီ ဆုံးရှုံးသွားတယ်"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါဆိုင်ခန်းတွေမှာ အလှပြင်ဆိုင်၊ အဝတ်အထည်ဆိုင်၊ စားသောက်ဆိုင်တွေလည်းရှိပြီး ဆိုင်ခန်း decoration ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ထားတဲ့အတွက် ဆုံးရှုံးမှုကြီးမားနေကြောင်း ဆိုင်ခန်း ငှားရမ်းထားသူတွေဆီက သိရပါတယ်။
လက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနဘက်ကနေ ဘယ်လိုအကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းတယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဆိုင်ခန်းရှင်တွေနဲ့ ငှားရမ်းလုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အလားတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၈ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား၊ TTC ဆရာအတတ်သင်တန်းကျောင်းရဲ့လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စာထုတ်ထားပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့က ရဲစခန်းတွေ၊ ဗထူးကွင်း၊ မဟာအောင်မြေအားကစားကွင်း၊ စိုက်ပျိုးရေးရုံး၊ ပညာရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးဝန်းကျင်တွေမှာ ဝန်ထမ်းတွေဆောက်လုပ် ရောင်းစားထားတဲ့ဆိုင်ခန်းတွေကို ပြန်လည်ဖယ်ရှားနေတာ ဖြစ်ပါတယ်။

🔥10😁2🤮1
ပေါက်တောမြို့က ရွာ ၃ရွာကို စစ်တပ် လေကြောင်းထပ်မံတိုက်ခိုက်၊ လသားကလေး အပါအဝင် ၄ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ
နိုဝင်ဘာ ၂၃၊၂၀၂၆။ထားမြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာ ၃ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ဗုံးကြဲတာ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ရက်နဲ့ ၂၂ရက်တွေမှာ ပေါက်တောမြို့နယ် သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
နိုဝင်ဘာ ၂၂ရက် နန်းတက်ကျွန်းရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ၅လသားအရွယ် ကလေးငယ်အပါအဝင် ၄ဦးသေဆုံးကာ ကလေးငယ် ၄ ဦး အပါအဝင် ၉ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၃လုံး ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။
နိုဝင်ဘာ ၂၀ရက်ည သန်းခေါင်အချိန်မှာလည်း သဝင်ချောင်းရွာနဲ့ ဓားကိုင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး အပါအဝင် ၄ဦး သေဆုံးကာ နေအိမ် ၁၅လုံး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ပြည်သူလူထုပိုင် နွား၂ ကောင်သေဆုံးကာ ၂ကောင် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတ၀ိုက်ရွာတွေကိုလည်း နိုဝင်ဘာ ၂၀ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၅စီး၊ Y12 လေယာဉ် ၁စီးတို့နဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ တနာရီခန့်အတွင်း ဗုံးအလုံးရေ ၃၀ခန့် ကြဲချခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မရှိခဲ့ပေမဲ့ အရပ်သား ပြည်သူလူထုတွေရဲ့ တောင်ယာတဲအချို့ ပျက်စီးတာရှိခဲ့ကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခပြည်အနှံ့ မြို၊ ရွာ များရှိ စစ်ရေးနဲ့ မသက်ဆိုင်သော နေရာများကို နေ့စဉ်နဲ့အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့အချို့ ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ထိုးစစ်မအောင်မြင်ဘဲ အထိနာခဲ့သလို စစ်တွေ၊ ကျောက်ဖြူစတဲ့ လက်ကျန်မြို့တွေပါ AA ရဲ့ တိုက်ခိုက်မှု ကြုံနေရတာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အာရက္ခဒေသရှိ ကျေးရွာတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေလို့ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

🤬5❤3😁1😢1🤮1
NUG ဝန်ကြီးဟောင်း နိုင်သု၀ဏ္ဏ ကွယ်လွန်မှု မွန်တော်လှန်ရေးအင်အားစုတွေ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
နိုဝင်ဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သလို ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်သု၀ဏ္ဏ(ခေါ်)နိုင်ထွန်းဖေ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
မွန်ပြည်နယ် ကြားကာလညှိနှိုင်းရေးကော်မတီ (MSICC) ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်သလို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ရဲ့ သဘာပတိဟောင်းလည်းဖြစ်သူ နိုင်သု၀ဏ္ဏဟာ အသက် ၈၈နှစ်အရွယ် နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
နိုင်သု၀ဏ္ဏ ကွယ်လွန်မှုအပေါ် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ဝမ်းနည်းကြောင်း MSFC က သဝဏ်လွှာပေးပို့ခဲ့ပြီး ခေတ်အဆက်ဆက် အတွေ့အကြုံရင့်ကျက်ပြီး တန်ဖိုးမဖြတ်နိုင်သော နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦး ဆုံးရှုံးရခြင်းဟာ မွန်အမျိုးသားထုတစ်ရပ်လုံးသာမက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးတစ်ခုလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ရဲ့ သဝဏ်လွှာမှာလည်း နိုင်သု၀ဏ္ဏဟာ မွန်အမျိုးသား နိုင်ငံရေး အင်အားစုများအကြား ညီညွတ်မှုရရှိရေးနဲ့ အမျိုးသား အခွင့်အရေးများ ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်လို့ မွန်နိုင်ငံရေး သမိုင်းတွင် အသိအမှတ်ပြု ထိုက်သော အခန်း ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ စစ်တပ် မတရား အာဏာသိမ်းပြီးနောက် ကိုယ်ကျိုးကို မကြည့်ဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆုံးမှ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလတွင်လည်း မျိုးဆက်သစ်လူငယ်များအား နိုင်ငံရေး အတွေ့အကြုံများနဲ့ သင်ခန်းစာများကို မျှဝေပေးခဲ့သူ ဖြစ်ပြီး နိုင်သုဝဏ္ဏ ကွယ်လွန်မှုဟာ မွန်အမျိုးသားနိုင်ငံရေးလောကအတွက် ဝါရင့် ခေါင်းဆောင် တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း သမိုင်းအတွေ့အကြုံများကို တိုက်ရိုက် လက်ဆင့်ကမ်းပေးနိုင်သူတစ်ဦး ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။
ကွယ်လွန်သူ နိုင်သုဝဏ္ဏဟာ ၁၉၆၂ ဆဲဗင်းဂျူလိုင် (7 July) ကျောင်းသားလှုပ်ရှားမှုကာလမှစတင်ကာ ဒီမိုကရေစီအရေးနဲ့ မွန်အမျိုးသားအခွင့်အရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

😭9😁3👍1
ကောလင်းအရှေ့ခြမ်းမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ပြည်သူ၁၅ဦးရုပ်အလောင်းတွေ့ရှိ
နိုဝင်ဘာ-၂၃၊၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ကိုစစ်
ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကလမ်းတလျှောက်ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာပြည်သူ၁၅ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
ကောလင်းမြို့နယ်အ ရှေ့ခြမ်း၊ညောင်ပင်သာရွာကအမျိုးသမီးတဦးအပါအဝင် ၄ဦး၊ဂွေ့ကုန်းမှာ၃ ဦး ၊ ဥတုံးပင်ရွာနဲ့ တောင်ပုံရွာတို့မှ ပြည်သူ ၈ဦး စုစုပေါင်းပြည်သူ ၁၅ဦးရဲ့ရုပ် အလောင်းတွေကို နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန် မှာ တွေ့ထားတယ်လို့သိရပါတယ်။
"နိုဝင်ဘာ၂၀ က စကစ စစ်ကြောင်းထွက်သွားပြီဆိုမှ ကျွန် တော်တို့ နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန်တွေ့တာပေါ့။တချို့အ
လောင်းတွေက ဘယ်သူ၊ဘယ်ဝါများကို မပြောတက်သေးဘူး။တောင်ပုံနဲ့ ဥတုံးပင်က ရွာကပ်လျက်ဆို တော့အဲဒီမှာ လူအလောင်း
၈ ဦး တွေ့တာ"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်
တဦးက ပြောပါတယ်။
ဒီစစ်ကြောင်းဟာကောလင်း၊ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်က တပ်မ(၃၃) လက်အောက်ခံတပ် တွေပေါင်းပြီး ကောလင်းမြို့နယ်အ ရှေ့ခြမ်းကို နိုဝင်ဘာလပထမပတ်က စတင် စစ်ကြောင်းထိုးခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာရွှေဘို- မြစ်ကြီးနားလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာကန့်ဘလူမြို့နယ်၊စပ်တပေါက်ကနေဗျူဟာလမ်းအတိုင်းခင်ဦး မြို့နယ်ဘက်ကို ထွက်နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကြောင်းတလျှောက် တော်လှန်ရေး တပ် တွေကခုခံတိုက်ခိုက်နေပြီး စစ်အုပ်စုသေဆုံးထခိုက်မှုများခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။စစ်တပ်ကတော့ ရွှေဘို-မြစ်ကြီးနားလမ်းတလျှောက်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရင်း စစ်ကြောင်းတွေထိုးပြီး စစ်ကြောင်းတလျှောက်တွေ့တဲ့ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်နေပါတယ်။ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေမှာတော့ စစ်တပ်စစ်ကြောင်းတွေ အထိနာနေပြီး မကြာခဏ စစ်ဦးကျိုးနေတယ်လို့ PDF အချို့ကပြောပါတယ်။

🤬10❤1👍1👏1🖕1
မူရင်းစာရေးဆရာ ရွှေဥဒေါင်းအမည် မပါဝင်ဘဲ “ပထမံဆရာသိန်း” အမည်နဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေ
နိုဝင်ဘာ ၂၃၊ ၂၀၂၆။မေရီ/People's Spring
စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ နာမည်ကျော် ပထမံဆရာသိန်း ဝတ္ထုအမည်ကို သုံးစွဲကာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု စတင်ရိုက်ကူးနေပါတယ်။
“ ပထမံဆရာသိန်း “ ရုပ်သံဇာတ်လမ်းတွဲကို ဒီကနေ့ နိူဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ အိမ်တော်ရာဘုရားမှာ ကန့်တော့ပွဲပေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ ၎င်းရဲ့စီးပွားဖက် ကိုရွှေမန်းတို့ရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ ရွှေနဒီ Application ကနေ စီစဥ်ရိုက်ကူးမှာ ဖြစ်ပါတယ်။
ပထမံဆရာသိန်းဆိုတဲ့နာမည်ဟာ မြန်မာ့ဂန္ထဝင် စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ပထမံဆရာသိန်းဆိုတဲ့ လုံးချင်းဝတ္ထုအမည်ကို တိုက်ရိုက်သုံးစွဲထားတာဖြစ်ပြီး ၎င်းတို့ရဲ့ ဇာတ်လမ်းတွဲမှာတော့ ဇာတ်လမ်းရေးသားသူနေရာမှာ ရွှေဥဒေါင်းမဟုတ်ဘဲ ဖြိုးသဉ္ဇာကျော်လို့ ရေးထားတာကို တွေ့ရပါတယ်။
ဆရာကြီး ရွေဥဒေါင်းရဲ့ ပထမံဆရာသိန်းကို ရိုက်ကူးတာလား၊ သို့မဟုတ် နာမည်ကိုပဲယူသုံးပြီး သီးခြားဇာတ်လမ်းလားဆိုတာတော့ မသိရသေးပါဘူး။
ဒါဗပမယ့် ဂန္ထဝင်စာပေလက်ရာတစ်ခုရဲ့ အမည်ကို တိုက်ရိုက်ယူသုံးပြီး မူရင်းစာရေးဆရာရဲ့ အမည်ကို ချန်လှပ်ထားတဲ့အပေါ်စာပေလောကသားတွေနဲ့ စာဖတ်ပရိသတ်တွေကြားမှာ ဝေဖန်နေကြပါတယ်။
"ပထမံဆရာသိန်း" ဆိုတာ မြန်မာစာဖတ်ပရိသတ်တွေ ရင်ထဲမှာ စွဲမြဲနေတဲ့ ဂန္ထဝင်ဇာတ်ကောင်နဲ့ ဝတ္ထုနာမည် ဖြစ်ပါတယ်။ ဒီနာမည်ကို သုံးပြီး တခြားဇာတ်လမ်းရေးသူ တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးတဲ့အခါ မူရင်းဝတ္ထုကို ပြန်ရိုက်တာလို့ ပရိသတ်က ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သလို၊ မူရင်းစာရေးဆရာရဲ့ ဖန်တီးမှုအရသာ ပျက်စီးသွားမှာကို စာပေချစ်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပထမံဆရာသိန်းဇာတ်လမ်းတွဲကို ဒါရိုက်တာ ထွဋ်တင့်ထွန်း၊ တွဲဖက်ဒါရိုက်တာ ဇီဇဝါ၊ ဇာတ်ညွှန်း ပိုင်စိုးသူအောင်နဲ့ ရိုက်ကူးရေး (D.O.P) ရှိုင်းလင်းကိုတို့က ရိုက်ကူးမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအဖြစ် သိန်းလင်းစိုး ၊ နေရဲ ၊ သဇင်နွယ်ဝင်း ၊ မြတ်ကေသီအောင် ၊ မင်းသူ ၊ မိုးဇင် ၊ သီဟ ၊ ဝေရှိုင်း ၊ ဘုန်းမြတ်လင်း ၊ ဆက်ထူးသစ် ၊ ကိုနိုင်ဝင်း ၊ မြမျက်ချယ် ၊ ယဉ်မင်းပိုက် ၊ ဆုယုနိုင်တို့ ပါဝင်မယ်လို့ သိရပါတယ်။

👎8❤2🤮2
ICJ စီရင်ချက်ကိုလေးစားကြောင်း မလေးရှား ထုတ်ပြန်
နိုဝင်ဘာ-၂၃၊၂၀၂၆။People's Spring
မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကချမှတ်ခဲ့တဲ့စီရင်ချက် လက်တွေ့ အ
ကောင်အထည် ပေါ်လာစေရေးအတွက် ကုလသမဂ္ဂ (UN)၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့နဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရ အနေနဲ့ ICJ စီရင်ချက် နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ရာမှာ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်းအစုအဖွဲ့တွေနဲ့ လက်တွဲ လုပ်
ဆောင်သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက မြန်မာဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးသုဉ်း သတ်
ဖြတ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတစ်ခုက တာဝန်ရှိတယ်လို့ ဆုံးဖြတ်တဲ့ ပထမဆုံး သမိုင်းဝင် စီရင်ချက်လည်း ဖြစ်လာပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားက ICJ စီရင်ချက်နဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်ရာမှာ ရိုဟင်ဂျာ လူနည်းစု မျိုးနွယ်ဝင်တွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းICJရဲ့စီရင်ဆုံးဖြတ်မှုကိုမလေးရှားက လေးစား လိုက်နာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ICJရဲ့ စီရင်ချက်ဟာ အကာအကွယ် မဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေကိုကာကွယ်ပေးရမယ်ဆိုတဲ့ မလေးရှားရဲ့ အခြေခံ စံနှုန်းတွေနဲ့လည်း ကိုက်ညီနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒေသတွေက အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အပါ
အဝင် သူတို့ကြုံတွေ့နေတဲ့ အခက်အခဲတွေ လျော့ပါး သက်သာစေဖို့၊ လက်ရှိ အကျပ်အ
တည်းအတွက် ရေရှည်တည်တံ့ပြီး ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်မယ့် အဖြေတစ်ခု ရှာတွေ့နိုင်ဖို့အတွက် မလေးရှားက ဆက်လက် ပံ့ပိုး အားပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ တွေအတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအကြောင်းပြပြီးဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မလေးရှားမှာလည်းရိုဟင်ဂျာ တစ်သိန်းသုံး သောင်းကျော်ကခိုလှုံနေပြီးကုလသမဂ္ဂ ဒုက္ခ
သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
ရဲ့ တရားဝင် အသိအမှတ်ပြု ဒုက္ခသည်တွေ အနေနဲ့ ရှိနေကြပါတယ်။
နောက်ထပ် ရိုဟင်ဂျာ ၆၀၀၀ ကျော်လောက်ကတော့ပြည်တွင်းကိုတရားမဝင် ဝင်ရောက်
လာမှုနဲ့ မလေးရှားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပါတယ်။
ကိုးကား-Yenisafak

👍5❤1🤮1
တနိုင်းမှာ ဆင် ၁ကောင် မုန်ယိုနေလို့ ဒေသခံတွေ ဘေးကင်းရေး အချင်းချင်းသတိပေးနေ
နိုဝင်ဘာ-၂၃၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
ဆင်မုန်ယိုပြီး ရန်ပြုလို့ လူ ၇ဦးသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ နောက်ထပ်ဆင်တကောင် မုန်ယိုနေတဲ့အတွက် ဘေးကင်းရာမှာနေကြဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။
တနိုင်းမြို့နယ် ပန္နက်ရွာမှာ ယမန်နေ့ နိုဝင်ဘာ ၂၂ရက်ကစပြီး ဆင်တစ်ကောင်မုန်ယိုနေတာပါ။
"ဒီတခါလည်း တနိုင်းမှာ ဖြစ်ပြန်ပြီ။ ပန္နက်ရွာလမ်းမှာ ထော်လာဂျီကို မှောက်ပစ်တယ်။ လူတွေ ထွက်ပြေးလာလို့ လွတ်တယ်"လို့ တနိုင်းမြို့ခံတစ်ဦးကပြောပါတယ်။
ဆင်ဟာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီးဖြစ်ပါတယ်။ တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီးပုဂ္ဂလိကပိုင်အဖြစ် ဒေသခံတွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဆင်တွေ မုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း မကြာခဏဖြစ်ပွားနေပါတယ်။
အောက်တိုဘာ ၂၄ရက်က တနိုင်းမြို့နယ်၊ တရုံကျေးရွာမှာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီးတစ်ကောင်ဟာ မုန်ယိုပြီး လူတွေကိုရန်ပြုတိုက်ခိုက်လို့ဒေသခံ ၇ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဆင်ကို ဒေသခံတွေနဲ့ ဆင်ထိန်းတွေက လိုက်လံဖမ်းဆီးစဉ် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လကလည်း တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်းမုန်ယိုနေတဲ့ ဆင်ထီးတစ်ကောင်က တိုက်ခိုက်လို့ ဒေသခံအမျိုးသားသုံးဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင်တစ်ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး လေးဦးသေဆုံးခဲ့ပါတယ်။
ယခုမုန်ယိုတဲ့ ဆင်ကိုလည်း မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သတင်းရရှိပါတယ်။
ဆင်တွေဟာ ဟော်မုန်းပြောင်းလဲကြောင့် ပုံမှန်ထက် စိတ်လှုပ်ရှားလွယ်ပြီး ရန်လိုတာ၊ အခြားဆင်တွေနဲ့ လူတွေကို တိုက်ခိုက်တာမျိုးတွေ ရှိပြီး ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ မေ့ဆေးသေနတ် အသုံးပြုပစ်ခတ်ထိန်းသိမ်းနိုင်ဖို့နဲ့ အကယ်၍ မထိန်းသိမ်းနိုင်သေးဘူးဆိုရင် လူတွေအနေနဲ့ဘေးကင်းရာမှာနေကြဖို့ ဆင်ထိန်းအတွေ့အကြုံရှိသူတချို့ကပြောပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #တနိုင်း #ကချင်ပြည်နယ် #ဆင်မုန်ယိုမှု #ဘေးအန္တရာယ်သတိပေးချက် #ဒေသတွင်းသတင်း #မြန်မာ့သတင်း #Tanai #KachinState #WildElephant #SafetyAlert #LocalNews #MyanmarNews

😁1