မိုးမိတ်မှာတိုက်ပွဲပြင်းထန်နေ ၊စစ်တပ်ကသပိတ်ကျင်းတတက(၁၃)ကိုစစ်ကူပို့
နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People's Spring
စစ်တပ်ကသပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက(၁၃)တပ်ကို ရဟတ်ယာဉ်၃စီးနဲ့စစ်ကူ ထပ်ပို့နေပြီး မိုးမိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေး သ
တင်းအရင်းမြစ် တွေကပြောပါတယ်။
ကာ လေကြောင်းတိုက်ခိုက်မှု တွေလည်းဆက်တိုက်လုပ် နေ
တယ်လို့
သပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက-၁၃ ကို နိုဝင်ဘာလ၂၂ရက် နေ့၊နေ့လည် ၁၂နာရီမှာ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူတွေထပ် ပို့တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်ကနေ စစ်ကားဖောကားအကြီး ၅ စီးလည်းထွက်သွားပြီး နိုဝင်
ဘာ ၂၂ ရက်နေ့လည်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းကို ရောက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
"အခွံတွေ တက်သွားတာ။ရဟတ်ယာဉ်နဲ့ ပို့ထားတဲ့ အင်အား တွေကို ဝင်ခေါ်ပြီး မိုးမိတ်ကိုပို့မယ်လို့ သိထားရတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက သပိတ်ကျင်းရောက်လာတဲ့စစ်သားတွေဟာ စစ်တပ်ကမိုးမိတ်တိုက်ပွဲကို
စစ်ကူပို့မယ်လို့သိထားရကြောင်းပြောပါ
တယ်။
မိုးမိတ်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ဆုံးရှုံးထားတဲ့ စခန်းအချို့ဆီကို တန်
ပြန်ထိုးစစ်ဆင်လာတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ် ။ KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ နေရာ တွေကိုစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
"တောက်လျှောက် တိုက်ပွဲပြင်း နေတယ်။မိုးမိတ်ဘက်က နေ စကစက ခလရ(၂၂၃)တပ် တွေပြန်ထိုးလာတာ။လေယာဉ်နဲ့ လက်နက်
ကြီးလည်းဆက်တိုက်ပစ်နေတယ်"လို့တော်
လှန်ရေး တပ်ဖွဲ့ ဝင်တဦးကလည်း ပြောပါတယ်။
ပေကုန်း၊သစ်ဆိမ့်ကုန်း၊ကင်းချောင်းနဲ့ လား
ဟူ ရွာတို့ကို စစ်တပ်ကလေကြောင်းတိုက်
ခိုက် နေတာလို့ စုံစမ်းသိရပါတယ်။
နိုဝင်ဘာလ၁၉နဲ့၂၀ရက် တိုက်ပွဲတွေမှာKIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ် တွေက အရေးပါတဲ့ တပ်စခန်း နေရာ လေးခုကို သိမ်းယူခဲ့ပါတယ် ။နိုဝင်ဘာ ၂၂ ရက်နေ့မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာလို့သိရပါတယ်။

👍14❤5👎1👏1🎉1
■ရသစာတမ်းငယ်
“ခေတ်ပျက်ကုန်သည်”
■AKS
မိုးရာသီဖြစ်သော်လည်း နှစ်ရက်ဆက်တိုက်နေသာခဲ့သောကြောင့် ပတ်ဝန်း ကျင်တခုလုံး လင်းချင်တိုင်းလင်းနေသည်။ ကောင်းကင်ပြာပြာနောက်ခံ၌အဖြူရောင်တိမ်တိုက်အ
ဆုပ်အဆုပ်များက ငန်းများကူးခတ်နေသလို ပျံသန်းနေကြသည်။အချို့နေရာများ၌ တိမ်
မျှင်အစုအဝေးများက ခပ်ကြမ်းကြမ်း ခြစ်ထားသော စုတ်ချက်များနှယ်။
စိုင်းဟုံဖ၏ဆိုင်ကယ်ဝပ်ရှော့ရှေ့သို့သူရောက်ချိန်၌ရပ်ထားသည့်ဆိုင်ကယ်သုံးစီးကိုမြင်ရ၍ အလုပ်များရှုပ်နေသလားဟု တွေးမိသေးသည်။ ဆိုင်ထဲတွင် အင်ဂျင်အရှေ့ပိုင်းဖွင့်ထားသည့်ဆိုင်ကယ်တစီးနှင့် ဆိုင်ဒေါင့် ပလတ်စတစ်ခုံပေါ်မှာ ဖုန်းကြည့်နေသည့် လူတယောက်ကိုမြင်လိုက်ရ၍ ဒီလောက်ဆိုရင်တော့ အနှောင့်အယှက်မဖြစ်ပါဘူးဟု ကိုယ့်ဘက်ကိုယ်ယက်ပြီး စိတ်အေးလိုက်သည်။
“ဘာလိုလဲ ဦးလေး၊ ဆိုင်ကယ်ဘာဖြစ်လို့လဲ”
“ဆိုင်ကယ်ပြင်မလို့မဟုတ်ဘူးကွ၊ လူပြင်မလို့။ ငါပျင်းလွန်းလို့ သေတော့မလိုဖြစ်နေတာ အဲဒါပြင်ပေးစမ်းပါ”
“အာ အဲဒါတော့ အတူတူပဲ၊ ကျနော်လည်း ပျင်းနေတာပဲ ဟားဟား”
“မင်းတို့ မိုင်းလုံရွှေမြို့တော်ကြီးကလည်း သွားလည်စရာနေရာမရှိ၊ ကောင်မလေး ချောချောလည်းမရှိ”
“ဟုတ်တယ်၊ ကျနော်တောင် ဒီမှာပဲ မိန်းမယူလိုက်မိတာ မှားသွားတယ်၊ အမှန် မိုးကုတ်တို့ မန်းလေးတို့မှာယူရမှာ၊ အဲဒီမှာဆို အားလုံး ရှယ်လေးတွေ ပေါမှပေါ”
ဆိုင်ဒေါင့်ခုံပေါ်မှလူငယ်က စိုင်းဟုံဖအား ရှမ်းလို အားရပါးရ ဝင်ပြောပြီး သူတို့နှစ်ယောက် ရယ်မောလိုက်ကြသည်။
ရှမ်းလိုနားမလည်သော်လည်း သူတို့ အူလှိုက်
သည်းလှိုက် ရယ်မောကြသည်ကိုတော့ ကူးစက်ခံစားလို့ရသည်။ တမနက်လုံး ပိန်လိမ်နေသည့်စိတ်အနေအထားတို့လည်းခုမှ အသက်
ဝင်လာသလိုလို ထင်မှတ်မိသည်။
သူ မိုင်းလုံရောက်နေသည်မှာ သုံးလကျော်လောက်ရှိနေပြီ။ ၅၀၅ နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနှစ်ခုဖြင့် စကစက တရားစွဲဆိုထားသောကြောင့် မိုးကုတ်မှာနေလို့မရတော့ဘဲ လှည့်ပတ်ရှောင်တိမ်းနေရသည်မှာ အာဏာ
သိမ်းပြီး လေးလအကြာကတည်းက ဖြစ်
သည်။သုံးနှစ်ကျော်ကျော်ကာလအတွင်း
မြို့ငါးမြို့မှာ ပုံစံမျိုးစုံနှင့် နေခဲ့ရသည်။ ယခုနောက်ဆုံး လွတ်မြောက်နယ်မြေဖြစ်သော မိုင်းလုံမြို့လေးသို့ သူရောက်လာခဲ့ခြင်းဖြစ်
သည်။
၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ TNLA နှင့် PDF တို့ ပူးပေါင်းသိမ်းယူခဲ့သည့် မိုင်းလုံကို သူ ၂၀၂၃ မတ်လဆန်းမှာ ရောက်လာခဲ့သည်။ ရောက်ခါစရက်များကလက်နက်ကိုယ်စီကိုင်ကာ ဥဒဟိုသွားလာနေကြသော တော်လှန်ရေးအဖွဲ့များကိုကြည့်ပြီး သူသဘောကျနေမိသည်။
လွတ်လပ်သော၊စစ်သွေးစစ်မာန်ပါသောရှိန်းတိန်းတိန်းခံစားချက်တမျိုးကိုသူခံစားရသည်။လွယ်အိတ်ထဲမှပစ္စတိုသေနတ်နှင့်ဗုံးသီးမျိူးစုံတို့ကို တပိုင်းတစလှစ်ပြပြီးအရောင်းအဝယ်စကားပြောနေကြသူတို့ကို လက်ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တို့မှာ သူမကြာခဏမြင်တွေ့ခဲ့ရသည်။
PDF ရဲဘော်မှန်သမျှကို သံယောဇဉ်ကြီးသူမို့ လွတ်လပ်စွာပြောဆိုရယ်မောပြီး လှုပ်ရှားသွားလာနေသည့် အဖွဲ့ပေါင်းစုံက ရဲဘော်ငယ်များကို စိတ်လက်ချမ်းသာစွာ ငေးကြည့်နေခဲ့ဖူးသည်။ မိုးကုတ်ကျပ်ပြင်က တော်လှန်ရေး လုပ်ဖော်ကိုင်ဘက်များကို ပြန်တွေ့ရ၍ ကျေ
နပ်အားရသည်။TNLAပလောင်တပ်က ရဲ
ဘော်အများအပြားကိုလည်း တွေ့ရသည်။ သူတို့ရဲ့ တည်ငြိမ်သော အနေအထိုင် အပြော
အဆိုများကိုမြင်ရသောကြောင့်လည်း အနာ
ဂတ် ဖက်ဒရယ်နိုင်ငံအတွက် အတန်ငယ်စိတ်အေးရသည်။
ယခုလပိုင်းအတွင်းမှာတော့ အခြေအနေက အများကြီးပြောင်းလဲခဲ့ပြီ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲမှာ မိုးကုတ်ကလည်း အရေးပါသော စစ်ရေးဦးတည်ချက်ဖြစ်လာသည်။ အကြီးအကျယ် စစ်ပြင်နေ
သည်ကို သူပင် မျက်စေ့နှင့်တပ်အပ် မြင်နေရသည်။ ခြေလျင်တမျိုး၊ ကားတန်းနှင့်တမျိုး ချီတက်သွားကြသော TNLA တပ်မျာကို မကြာခဏမြင်တွေ့နေရသည်။ မိုးကုတ် ကျပ်ပြင်က PDF များ လူမြင်ကွင်းက ပျောက်သွားကြသည်။ ကျောက်မဲ ၊နောင်ချို ၊မိုးမိတ်၊ မိုးကုတ် တပြိုင်တည်းဖွင့်လိုက်သော စစ်
မျက်နှာများသို့ ဖြန့်ခွဲ ရောက်ရှိသွားကြသည်ဆိုသော်လည်း အဓိကမှာ မိုးကုတ်စစ်မျက်နှာဖြစ်သည်ဟူသော သတင်းများကလည်း တစိမ့်စိမ့် ထွက်နေသည်။ ဖြစ်နိုင်သည်ဟု သူလည်းထင်ပါသည်။ သူ့မိတ်ဆွေတချို့က သွားကာနီး မသိမသာနှုတ်ဆက် သွားကြ သည်။ အရိပ်အမြွက်လည်း ပြောသွားကြသည်။
သူသတိထားမိသလောက် မိုးကုတ်စစ်မျက်
နှာအတွက် ဇွန် ၁ ရက်နေ့မှာ စတင် စစ်ပြင်ပြီး ဇွန် ၂၅ ရက်နေ့မှာ စတိုက် သည်။ စစ်ပွဲစတင်လိုက်သည်နှင့် ကုန်စည်စီးဆင်းမှုက ပြတ်
တောင်းပြတ်တောင်း ဖြစ်သွားတော့သည်။ ထုံးစံအတိုင်း ကုန်ဈေးနှုန်းက နာရီနှင့်အမျှ တရိပ်ရိပ်တက်လာသည်။ ၁၀၂၇ ပထမပိုင်းလို တောတွင်းစခန်းများကို တိုက်ရသည် မဟုတ်ပဲ မြို့သိမ်းတိုက်ပွဲများ ဖြစ်သော
ကြောင့် စစ်ဗျူဟာကိုထိန်းချုပ် စစ်ဆင်ရသည်။ ထို့အတွက် စစ်ပွဲကာလက ရှည်လာသည်။
အရေးထဲဇွန် ၁၀ ရက်နေ့မှာနောင်ချိုက ၆၀၆ ဒုံးတပ်ကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်သောအခါ တရုတ်ရဲ့ ကုလားဖန်ထိုးမှုနဲ့အတူ ဆွေးနွေးပွဲလုပ်ရပြန်သည်။ စကစ ကလည်း မဟာမိတ်တပ်တို့သိမ်းပိုက်ထားသောဒေသများကို ရိက္ခာဖြတ်ရန် အစွမ်းကုန်ကြိုးစား

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,141 followers · 650 talking about this. News & media website
👍14❤2🖕1
သည်။ကျပ်ပြင်ကိုရပြီးကာစဂျူလိုင်လဆန်းလောက်တွင် မိုးကုတ်မှာ ကြက်ဥတလုံး တထောင်ကျော်ဖြစ်နေပြီ။ စားနပ်ရိက္ခာ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ပြင်ပမှတင်သွင်းရေသည့်အတွက် ကုန်ဈေးနှုန်းက ကုန်သည်တွေပါးစပ်ထဲရောက်ကာ ပြောသမျှ ဈေးဖြစ်နေတာ့သည်။
မိုင်းလုံ၌ဓာတ်ဆီတလီတာတသောင်းဖြစ်
လာသည်။ ထို့အတွက် သူလည်း အသွား
အလာဆင်ခြင်ရသည်။ အရင်လို အနီးအပါးမှာရှိတဲ့ လွယ်ခမ်း၊ နားဝီးအစရှိသည့် ရွာငယ်တွေက တပည့်များဆီပင် အလည်အပတ်သွားတာမျိုး မလုပ်နိုင်တော့။ ဖတ်စရာ စာ
အုပ်ကမရှိ၊ သတင်းကြည့်စရာ လိုင်းမရှိ၊ ဖုန်းလိုင်းပိတ်ထားသည်မှာ တလကျော် လောက်ရှိလာသောအခါ သူ၏ပျင်းရိညည်းငွေ့မှုမှာ သည်းခံနိုင်သောအတိုင်းအတာကို ကျော်လွန်တော့မတတ် ပြင်းထန်လာတော့သည်။ ထို့
ကြောင့်စိုင်းဟုံဖဆီရောက်လာရခြင်းဖြစ်
သည်။
အကြောင်းအရာအသေးအမွှားလေးတခုကို မပြီးနိုင်မစီးနိုင် ရယ်ပွဲဖွဲ့နေကြစဉ် ပုံဆိုးပန်းဆိုးဆိုင်ကယ်များဖြင့် လီဆူနှစ်ယောက်ရောက်လာကြသည်။
"ဟေး ဘာဖြစ်သလဲ "
"ဘာဖြစ်သလဲ ငါမသိကွာ။ ဖွတ်ချက် ဖွတ်ချက်ဖြစ်တယ်။ ရပ် ရပ်သွားတယ်။ ဒါပဲ ငါသိတယ် "
"အင်းပါ ဟိုနေ့ကတည်းက ကျနော်ပြောထားတဲ့ ကာဗရိုက်တာမကောင်းတာပဲနေမှာပါ။ အဲ့နေ့က အချိန်မရလို့ မလဲလိုက်ရဘူးလေ "
"အေးလေ ဒီနေ့အချိန်ရပြီလေကွာ။
လဲမှာပေါ့ "
"ခဏတော့ စောင့်ရမယ်နော် "
" အေးဆေးပေါ့ "
"စောင့်မယ်လေကွာ။ ကြက်ဥကလည်း ဆယ့်နှစ်နာရီမှ ရောက်မယ်တဲ့"
ဝန်တင်ဆိုင်ကယ်တို့၏သဘာဝအတိုင်း သူတို့ဆိုင်ကယ်တွေမှာ မူလဥပဓိ မကျန်တော့သလောက်ဖြစ်သည်။ ရှေ့ဘီးပေါ်၌ ဆင်စွယ်ကြီးနှစ်ချောင်း ငေါထွက်နေသလို သစ်သားချောင်းကြီးနှစ်ချောင်း ထုတ်ထားသည်။ ရှေ့တာယာကိုပင် ကျော်တော့မတတ် ရှိနေသည်။ ထိုသစ်သားကြီးနှစ်ချာင်းကို သံပြား၌မူလီများနှင့်ဆွဲထားသလို နိုင်လွန်ကြိုးများဖြင့်လည်း အားမနာတမ်း တုတ်ထားသေး၏။ ဒေါက်နှစ်ခုလုံးအပြင် ခြေနင်းခုံလည်းမပါတော့။ ကာဗာလည်း တခုမှမရှိတော့။
ထိုင်ခုံနှင့်လက်ကိုင်ကြား သစ်သားချောင်းကြီးပေါ်၌ ရွှံ့ရုန်းရန် ချိန်းပတ်၊ လေထိုးတံ၊ ဓားမ ခပ်ကြီးကြီး၊မိုးကာအင်္ကျီနှင့် ဓာတ်ဆီအပိုထည့်ရန် ဖျော်ရည်ဗူးကြီးတို့ကို ကြိုးနှင့်သေချာတုပ်ထားသည်။ ဒေါက်မပါတော့သောကြောင့် အတက်ပါသည့် ဝါးဆစ်ပိတ်တချောင်းနှင့် ထောက်ထားသည်။
ဆိုင်ကယ်သမားနှစ်ယောက်အနက် တယောက်က စော်ဘွားဥပဓိရှိပြီး တယောက်က လူပြက်နှင့်တူသည်ဟု သူ သရုပ်ခွဲ နေမိသည်။
"ကြက်ဥပဲလား ၊ဓာတ်ဆီမသယ်တော့ဘူးလား “
" အာ ဓာတ်ဆီက မကိုက်တော့ဘူးလေ။ ဟိုလူဓာတ်ဆီ ဒီလူဓာတ်ဆီ ဖြစ်ကုန်ပြီ။ ကျပ်ပြင်မှာ ငါတို့ဝယ်တဲ့ဈေး ထက်တောင် ပေါနေပြီ ဟေးဟေး "
လူပြက်နှင့်တူသူက သူ့အမေးကို အားရပါးရဖြေသည်။ ရွာကို ဇွာ ၊ဓာတ်ဆီကို ဓားစီ ၊ ငါတို့ကို ငသို့ ဟု အသံထွက်တတ်သော လီဆူစကားပြောဟန်ကို သူ အလွန်ချစ်သည်။ ယခုလို စကားပြောခွင့်ရလိုက်သောအခါ မိုးကုတ်ကို အလွမ်းပြေသလို ဖြစ်ရသည်။
"အခု မိုးရွာလာပြီဆိုတော့ နန်းစကာလမ်းက မလွယ်တော့ဘူးထင် တယ်နော”
"အလို ဆိုးမှဆိုးပေါ့ကွာ။ ဘယ်လောက်ကျွမ်းတဲ့အကောင်ဖြစ်ဖြစ် မလဲတဲ့ကောင်မရှိဘူး။ တချို့ဆို ဆယ်ခါလဲတယ်။ ကိုယ်ချင်း ကိုယ်ချင်း ပြန်ကူပေါ့ကွာ၊ ဆိုင်ကယ်ကလည်း တအားများတော့ လမ်းကလည်းကြာလေဆိုးလေပဲ '
" ဟုတ်မယ်၊ ကျနော် အိမ်ကနေမြင်နေရတာကို ဓာတ်ဆီဆိုင်ကယ်တွေ မနည်းဘူး "
"ဒီဘက်က နည်းသေးတာ။ ဟိုခိုဘက်လမ်းသွားကြည့်စမ်း။ အားလိုး ဆိုင်ကယ်တွေ ဆိုင်ကယ်တွေ။ ကြည့်မလွတ်ဘူး။ ငါထင်တာတော့ အဲ့ လမ်းတခုလုံး ကျပ် ပြင်ကကောင်တွေချည်း ထင်တာပဲ"
" ခင်ဗျားတို့က ဘယ်အရပ်ကလဲ "
"အုတ်အင်းက"
ကျပ်ပြင်ကို တော်လှန်ရေးတပ်များကသိမ်း
ထားပြီး မတ္တရာမှ လေကြောင်းရန် ကာ
ကွယ်ရေးတပ်ကိုလည်း သိမ်းလိုက်သောအခါ မန္တလေးကနေ ရိက္ခာဝင်စရာလမ်းကြောင်း မရှိတော့သလောက်ဖြစ်သွား၏။ ကျပ်ပြင်နှင့် ခုနစ်မိုင်ဝေးသော မိုးကုတ်မှာလည်း တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်နေသည်။ မိုးမိတ်မှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပြီမို့ အဝင် အထွက် မရှိတော့။
ထို့ကြောင့် ယခင် မိုးကုတ် ပြင်ဦးလွင်လမ်းပေါ်ရောက်ရန် ကျပ်ပြင် နန့်စကာ - တောင်နီလမ်းတခုသာရှိတော့သည်။ နွေရာသီ၌ပင် ခက်ခဲကြမ်းတမ်းလှသော ထိုလမ်းသည် မိုးရာသီ၌ဆိုဖွယ်ရာမရှိတော့။ သို့သော် တခုတည်းသော လမ်းဖြစ်နေသည်မို့ စွန့်စားသွားလာကြသည်။ စွန့်စားရကျိုးနပ်သူများလည်း အများအပြားရှိနေကြသည်။ တောင်နီရောက်လျင် ဟိုခိုသို့ဆက်ရန် မခက်ခဲတော့။ ဟိုခိုက မန္တလေး-လားရှိုးလမ်းသို့ပေါက်သည့် သုံးဆယ်နှင့် ဆက်နေလေရာ ဟိုခိုသည် နေ့ချင်းညချင်းပင် ကုန်စည်ဖြန့်ဖြူးရာ ဆုံချက်ဒေသဖြစ်လာတော့သည်။
"ဓာတ်ဆီတုန်းကတော့ အတော်ရလိုက်မှာ
ပေါ့"
" ဟားဟား ဟေ့ကောင် ပြောပြလိုက်ဦး ငါတို့ဇာတ်လမ်းကို။ ငါတို့က ဒီဘက်ကို သိပ်မသိလေကွာ။ သူများ ဓာတ်ဆီကိုက်တယ်ဆိုတော့ ငါတို့လည်း လာတာပေါ့။ မိုင်းလုံမှာ လှည့်
ပတ်ရှာ၊ ဘာတွေ့မလဲ သူများဝယ်သွားကုန်ပြီလေ ရှိတဲ့အိမ်ကလည်း မေးတတ်မှရတာကိုး၊ ဒီမှာ အကြာကြီးကွာ။ ဟိုမှာသွား ဒီမှာသွား ဘာမှမရဘူး။ ဒါနဲ့ ဟိုခိုသွား "

👍12❤4🖕1
"ဟိုခိုမှာတော့ ပေါမှာပေါ့ "
"ဘာပေါမလဲ၊ ငါတို့နှစ်ယောက်က ပန့်ဆိုင်တွေပဲလိုက်မေးတယ်လေ။ ဆိုင်ပဲရှိတာ ဓာတ်ဆီမရှိ။ တချို့လည်း ပိတ်ထားတာ။ သူများတွကျ အများကြီး သယ်လာကြတာကွာ။ အဲဒီလူတွေလိုက်မေး၊ တချို့လည်းပြောပြပေါ့ တချို့လည် ပြောမပြ။ အေး မရရင်လည်း ပြန်မယ်ကွာဆိုမှ ပုလင်းလေးထောင်
ထားတဲ့ အိမ်ကိုမြင်ရော။ အဲဒီမှာ ဆိုင် ကယ်ကို ဆီဝင်ထည့်ပေါ့။ ဆိုင်ရှင်က ခင်ဗျားတို့ကိုမြင်တယ်၊ လာနေကျထင်လို့ မပြောတာတဲ့။ ဒီနေ့ ပေပါသုံးလုံး ရောက်တာတဲ့၊ ဟာ ရှိသေးလားဆိုတော့ ကုန်ပြီတဲ့ “
"ဒီတိုင်းပြန်ခဲ့ရရောပေါ့ "
"ပြန်ရတယ်လေ၊ ဟိုခိုမှာ ပေးမှမအိပ်တာ။ အဲ့ မောင်းတံရဲ့ဟိုဘက်မှာ ကြိုက်တဲ့နေရာအိပ်တဲ့၊ ဒီဘက်လာမအိပ်နဲ့တဲ့ ပြန်ပေါ့ "
"ခင်ဗျားတို့ဆိုင်ကယ်ရဲ့ဆီဖိုးကို နည်းမှာမဟုတ်ဘူးနော "
" ဘာနည်းမလဲ။ ငါတို့ဆိုင်ကယ်တွေက စပေါ့ကက်အကြီးတွေလေကွာ၊ ဘယ် လောက်မောင်းမောင်း မြန်မြန်မပြေးဘူး။ တောင်ပဲတက်တာလေ။ ပြန်လာရင်းနဲ့ တောင်နီလမ်းခွဲထဲ ငါတို့ဝင်မယ်ဆိုတော့မှ ဆီကားတစီးဖြတ်သွားတယ်လေ။ အိုး ပျော်သေပြီပေါ့ ။ အဲဒါနဲ့ ချက်ချင်းပြန်ကွေ့လိုက် အဲဒီကားကို။ ဒီကောင့် ဆိုင်ကယ်ကပျက်နေသေးလို့ လယ်ကြီးကျမှ မီတယ်လေ"
"အဲဒါဆိုရင်ကို အတော်ဝေးခဲ့ပြီပဲ “
"ဝေးတယ်လေ ။သူတို့ကိုကျော်တက်ပြီးမှ မေးတော့ ဒီဇယ်တွေတဲ့ကွာ
"ဪ ဒုက္ခ "
"အေးလေ အဲ့ချိန် ငါးနာရီတောင်ကျော်နေပြီလေ။ ငါတို့လည်း ပြန်ပေါ့။ အားလိုး ဟိုဘက်မှာ မိုးကြီးကြီးရွာထား တယ်ကွာ။ မှောင်လည်းမှောင် လမ်းကလည်းချော အိုး ငါတို့ဘယ်နှစ်ခါလဲသလဲဆိုတာတောင် မမှတ်မိတော့ဘူးကွာ။ အိမ်ရောက်တော့ မှောင်မဲနေပြီ။ ငါတို့ဆိုလည်း စုတ်ပြတ်ကွဲပြဲ ဟားဟား"
"ဒီမှာ တလီတာတသောင်း ကျပ်ပြင်မှာတဂါလံတသိန်းဆိုတော့ အရင်သယ်တဲ့သူတွေကတော့ ကိုက်ကြမယ်ထင်တယ်"
" အေး ဘာမှမှလုပ်စရာမရှိတာ။ ကိုက်သလောက်နဲ့လည်း ချရမှာပဲလေ။ ငတ်လို့မှမရတာ။ သူတို့လည်း အားကြီးတော့ မရပါဘူး။ ဒီဘက်ပန့်ဆိုင်တွေက လီတာခိုးတယ် မပြည့်ဘူး။ ဟိုဘက်ကျ ဂါလံခွက်နဲ့မျက်မြင်ချိန်ပြီး အပြည့်ပေးရ တာလေ။ အေး လမ်းမှာဆိုင်ကယ်လဲလို့ တပုံးလောက်ကွဲရင် အဲ့ကောင်သေပြီ။ ပင်သပြေဂိတ်ကလည်း တစီးကို တပုလင်းပေးရသေးတယ်”
ပင်သပြေသည် PDF ဂိတ်ဖြစ်သည်။ဘာကြောင့်ကောက်သည် သူမသိသော်လည်း ကြားထဲက မျက်နှာပူသလို ဖြစ်သွား၏။
"ဒါတောင် အဲ့ဂိတ်ကစစ်တပ်မရှိတော့လို့ ။ အရင်ကဆို ခဏခဏ ပစ်သတ်ခံ ရတဲ့နေရာ "
"အခု ဘယ်သူတွေစောင့်နေတာလဲ"
" ငါမသိလေကွာ၊ ဘယ်သူစောင့်လဲ အရေးမကြီးပါဘူး။ စစ်တပ်မဟုတ်ဆို ရပြီလေ။ သူတို့ကောင်းကောင်းပြောတယ် အာ့ဆို အဆင်ပြေပြီ "
လူပြက်နှင့်တူသူ၏မျက်နှာ၌ မည်သည့်ခံစားချက်မှ ထူးထူးခြားခြားမရှိ ရဲရင့် လွတ်လပ်သော လီဆူတို့၏ ပင်ကိုယ်သဘာဝအတိုင်း အဖြစ်အပျက်တခုကို အနည်းငယ် ဟာသနှော၍ ပြောပြနေခြင်းသာရှိသည်။ စော်ဘွားနှင့်တူသူကလည် သူ့ဖုန်းထဲက သီချင်းတပုဒ်ကို အေးအေးလူလူ ဖွင့်ကြည့်နေသည်။
"အခုကြက်ဥဆိုတော့ လမ်းမှာပိုဆိုးမယ်ထင်တယ်နော"
"ဆိုးတယ်လေ။ ဆိုးလည်း ဒါပဲရှိတာကိုး။ ကျန်သလောက်ပေါ့။ ဒီကောင် အရင်တခေါက် ဘယ်လောက်လဲကွဲတာ"
" အလုံး နှစ်ရာ "
"အာ့ဆို မိုက်ပြီလေ ဟားဟား။ ဆိုင်ကယ်တခုခုဖြစ်ပြီဆိုရင်လည်း ပစ္စည်းဈေးက ဟိုး မိုးပေါ်မှာ "
"အဲဒါကြောင့် ကျနော်ပြောတာပေါ့။ ဆံပင်ညှပ်ဆရာနဲ့ ဆိုင်ကယ်ပြင်ဆရာဆိုတာ အမြဲတမ်း စင်ပေါ်က။ ကိုယ်ကမှ မပြင်လို့ မညှပ်လို့မရတာနော"
"ဟေ့လူ နိုင်ငံရေးတွေမပါကြေး "
အိမ်ခြေရှစ်ရာခန့်သာရှိပြီး မြို့ဟုအတင်းနာမည်တပ်ထားသော မိုင်းလုံတွင် ယခင်ကဆိုင်ကယ်ပြင်ဆိုင် အလွန်ရှားသည်။
တော်လှန်ရေးတပ်များက သိမ်းပြီးချိန်ကစပြီး ဆိုင်ကယ်အသွားအလာ အလွန်များလာသည်။ ဆိုင်ကယ်ပြင်ဆိုင်များလည်း မှိုလိုပေါက်လာကြသည်။
"ဟေ့ကောင် မိုးကုတ်ကိုလည်း ရတော့မယ်တဲ့ကွ သိလာ "
ဘေးချင်းကပ်လျက် ဆိုင်ကယ်အပိုပစ္စည်းဆိုင်သို့လာသည့် လူငယ်တယောက်က စိုင်းဟုံဖအား အော်ပြောသည်။ တိုင်ပင်ချိန်းတပ်နေသော စိုင်းဟုံဖက “အေး မြန်မြန်ရတော့လည်း မြန်မြန်အေးတာပေါ့ကွာ " ဟု ပြန်အော်ပြော၏။
စစ်ရေးအရအေးသွားလျင်လည်း စီးပွားရေးအရ အေးသွားလိမ့်မည်ဟု သူမထင်ပါ။ ကျွန်းမြို့လေးလိုဖြစ်နေသည့် မိုးကုတ်သည် ရိက္ခာဖြတ်ရန်နည်းမျိုးစုံနှင့် ကြိုးစားနေသည့် စကစ၏ ယုတ်မာမှုအောက်တွင် ကာလအတန်ကြာ ရုန်းကန်ရဦးမည်ဟု ယူဆနေမိသည်။
ယခုလို ပုံဆိုးပန်းဆိုးဆိုင်ကယ်များနှင့် စွန့်စားကုန်သည်များအား မှီခိုနေရဦးမည်ဟုတွေးရင်း အနည်းငယ် ရင်မောနေမိသည်။ အပျင်းနည်းနည်းပြေသွားသော်လည်း နည်းနည်းပိုပြီးမွန်းကြပ်လာသောကြောင့် ခေတ်ပျက်ကုန်သည် လီဆူနှစ်ယောက်အား နှုတ်ဆက်ကာပြန်ခဲ့လိုက်တော့သည်။ ။
(The Call -ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ
"AKS" ရေးဖွဲ့တဲ့ “ခေတ်ပျက်ကုန်သည်”
ရသစာတမ်းငယ် ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍14🖕1
ကျန်တာတွေကတော့ ထုံးစံအတိုင်းကြက်ဋီကာချဲ့၊ကြက်ဥဋီကာချဲ့၊ စပါးနှံဋီကာချဲ့ ၊ဝက်ဋီကာချဲ့၊ စက်သုံးဆီ၊ စားသုံးဆီဋီကာချဲ့တာတွေကို အချိန်အတော်ပေးပြောခဲ့ပါတယ်။
အချိန်နှစ်နာရီကျော်ကြာတဲ့ သူ့ရဲ့ အဲဒီမိန့်ခွန်းဆိုတာကိုအနှစ်ချုပ်ကြည့်လိုက်ရင်တိုင်းပြည်အပေါ် အမှန်တကယ် စေတနာထားလုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေတဲ့၊ လုပ်ဆောင်သွားမယ့် အခြေပြတစ်ခုမှ မတွေ့ရပါဘူး။
ရှင်းရှင်း ပြောရရင် တိုင်းပြည်ရဲ့ အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးစလုံးအတွက် စေတနာဆိုတာ မတွေ့ရဘဲ ချောင်ပိတ်အရိုက်ခံနေရတဲ့ခွေးအိုကြီးတစ်ကောင် ဒေါသထွက်မာန်ဖီရန်ရှာပုံ၊ သူများမကောင်းကြောင်း ကိုယ့် ကောင်းကြောင်း ကိုယ်ရည်သွေးပုံ၊ “ငါသိ၊ ငါတတ်”ဆိုတဲ့ ထင်တစ်လုံးစိတ်နဲ့ ထင်ရာစိုင်းနေပုံတွေကိုသာ တွေ့ရပါ တယ်။
အရူးရင့်ရင့်တစ်ယောက်လက်ထဲမှာ တိုင်းပြည်ကလည်း တဖြည်းဖြည်းပြိုဆင်းလာနေပါပြီ။သူ့ဘေးက ဝန်ကြီး၊ ဝန်ကလေး၊ အမတ်မင်းဆိုသူတွေနဲ့ လော်ဘီတွေကလည်း အရူးဘုံမြှောက် ချိုမိုင်မိုင်၊ ချိုမိုင်မိုင်၊ ရပ်နိုင်ပေ့၊ ရပ်နိုင် ပေ့ဆိုပြီး ဝိုင်းမြှောက်ပေးနေကြမှတော့ တိုင်းပြည်ဟာ ကုန်းဆင်းမှာ ဘီးတပ်လွှတ်လိုက်ခြင်းကို ခံရတော့တာပါပဲ။
ဆေးမရှိတော့ပါဘူး။ နေမြင့်ပြီး အရူးရင့်နေပြီဖြစ်တဲ့ မင်းအောင်လှိုင်အတွက် ဆေးမရှိတော့ပါဘူး။ထို့အတူပဲ သူနဲ့ အတူဆွဲချသွားခြင်းခံလိုက်ရတဲ့ တိုင်းပြည်အတွက်လည်း ကျရှုံးနိုင်ငံအဖြစ် မကောင်းတဲ့ ညွှန်းကိန်းအားလုံးမှာထိပ်ဆုံးရောက်နေပါပြီ။
ဒီအရူးကို ပုလ္လင်ပေါ်က အချိန်မိဆွဲချပြီး တရားစီရင်နိုင်မှပဲ ၊စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး နိုင်ငံသစ်ကိုတည်ဆောက်နိုင်မှပဲ ကျွန်တော်တို့ရဲ့ ရင်သွေးငယ်တွေ အနာဂတ်ရှိမှာ ဖြစ်ပါတယ် ။ ဒိအတွက် တော်လှန်ခြင်းမှ
တပါး အခြားမရှိပါဘူး။
(သရုပ်ဖော်ပုံကို AI ဖြင့်ပုံဖော်ထားပါတယ်)
https://www.ludunwayoo.com/opinion-mm/2026/11/21/174036/

LuduNwayOo
အရူးရင့်တဲ့နေ့ | LuduNwayOo
“နေမြင့်လေ အရူးရင့်လေ”ဆိုတဲ့စကားပုံအတိုင်း ပြုတ်လို့တောင် မနူးတော့တဲ့ ရင့်နေတဲ့အရူးတစ်ယောက်ကို ဒီနေ့ လက်တွေ့ကျကျ တွေ့လိုက်ရတာပါပဲ။
🤣20🔥2
Media is too big
VIEW IN TELEGRAM
"ကျွန်မတို့(ပြည်သူ)ကကျူးလွန်တာမဟုတ်ပါဘူး။ ကျူးလွန်တဲ့သူတွေလည်းမဟုတ်တဲ့အတွက် ကျူးလွန်ခဲ့တဲ့သူတွေကသာ သူတို့
စိုက်တဲ့ဟာကို သူတို့ရိတ်သိမ်းရမှာသာလျင်ဖြစ်ပါတယ်"
■အမေရိကန်ပြည်ထောင်စုCornell University ဥပဒေပညာဌာန ဧည့်ပါမောက္ခ ဒေါက်တာစုယဥ်ထွန်း

👍23❤3🥰2👎1