“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(နိုဝင်ဘာ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပေါက်တောမြို့ နန်းတက်ကျွန်းရွာကို စစ်
တပ်ဗုံးကြဲ၊၄ဦးသေပြီး၉ဦးထက်မနည်း ဒဏ်
ရာရ
ရခိုင်တိုက်ပွဲတွေအတွင်းအထိနာနေတဲ့စစ်
တပ်ဟာ ပေါက်တောမြို့နယ်၊နန်းတက်ကျွန်းရွာကို ဗုံးကြဲ ခဲ့တာကြောင့် ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မ
နည်း သေဆုံးပြီး ၉ ဦးထက်မနည်းဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ၂၂ ရက်၊မနက် ၈ နာရီခွဲခန့်မှာ နန်းတက်ကျွန်းရွာဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲလူနေအိမ်တွေ ကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာလို့သိရပါတယ်။ ဗုံးကြဲမှုကြောင့် ငါးလသားအရွယ်ကလေးငယ် မောင်ရန်နိုင်စိုး၊ ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အ ရွယ် မောင်ကျော်မင်းဌေး နဲ့ ၄၃ နှစ်အရွယ် ဒေါ်နုချေတို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ် ရာပြင်းထန်စိုးရိမ်ရသူတွေရှိနေတယ်လို့ ဆိုပါတယ်။
◾️ICJ စီရင်ချက်အလွန်အရေးပါပြီးရက္ခိုင်မှာ လက်ရှိ အဓိက အာဏာပိုင် ULA/AA အပါအဝင် အားလုံးနဲ့ နီးကပ်စွာအဖြေရှာမယ်လို့ SCEF ကြေညာ
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ကျယ်
ပြန့်ပြီး ပြတ်သားတဲ့ စီရင်ချက်ဟာ အလွန်အရေးပါကြောင်းအသိအမှတ်ပြုလျက် တ
ရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ဖို့ တရားရုံးရဲ့တွေ့ရှိချက်များနဲ့ နောက်ဆက်တွဲ ထုတ်ပြန်လာနိုင်တဲ့ အမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်သွားမယ်လို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကထုတ်ပြန်ပါတယ်။၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူး
လွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ရက်မှာ ICJက စီရင်ဆုံးဖြတ်ခဲ့တဲ့အပေါ် SCEFကနိုဝင်ဘာ ၂၂ရက်မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို အလေးအနက်ထားကြောင်း SCEFက ဖော်ပြပြီး အဲဒီ စီရင်
ချက်ဟာ နိုင်ငံတကာတရားစီရင်ရေးတွင် သမိုင်းဝင်မှတ်တိုင် တစ်ရပ် ဖြစ်တယ်လို့ ရှုမြင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
SCEFဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူး
လွန်သူများဟာ ဘယ်အဖွဲ့အစည်းနဲ့ ဆက်
နွယ်မှု ရှိသည်ဖြစ်စေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
◾️ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့အဓိကအဖွဲ့အစည်းဖြစ်တဲ့ အာဏာသိမ်းစစ်တပ် တာဝန်ယူ၊ တာဝန်ခံရမယ်လို့WLB ထုတ်ပြန်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ရိုဟင်ဂျာလူမျိုးစုများအပေါ်လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အပြီးသတ်အမှုစီရင်မှုအ
ပေါ် ကြိုဆိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က ထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့အဓိက အ
ဖွဲ့အစည်းဖြစ်တဲ့ အာဏာသိမ်းစစ်တပ် တာ
ဝန်ယူ တာဝန်ခံရမယ်လို့ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၉ရက် ICJ က ရိုဟင်ဂျာလူမျိုးစုများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်
ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
◾️မိုးမိတ်မြို့ကစစ်တပ်ကင်းစခန်း ၃ခု
KIA ပူးပေါင်းတပ် သိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ဒေသ စစ်
မျက်နှာက အာဏာသိမ်းစစ်တပ်ရဲ့ ကင်းစခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သ
တင်းပြန်ကြားရေးဌာန နိုဝင်ဘာ ၂၁ရက် သတင်းဖော်ပြပါတယ်။မိုးမိတ်နဲ့ မန္တလေး
တိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေး
ရွာကြားရှိ စစ်တပ်စခန်း ၃ခုကို KIA တပ်မ
ဟာ(၄)၊ တပ်မဟာ(၁၁)၊ ABSDFနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ မိုးမိတ်နဲ့ တွင်းငယ်ရွာကြားရှိ ကင်းချောင်း၊ ပေကုန်း၊ သစ်ဆိမ့်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က နိုဝင်ဘာ ၁၉ရက်က မနက်ပိုင်းက တပြိုင်တည်းထိုးစစ် ဆင်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးကာ ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။
◾️NUG ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သု၀ဏ္ဏ ကွယ်လွန်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အ
လုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေဟာနိုဝင်ဘာ၂၁ရက်က ကွယ်
လွန်သွားတာကြောင့် NUG ဝန်ကြီးဌာနအချို့နဲ့ PDF တပ်မှူးအချို့က ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။အသက် (၈၇) နှစ်ခန့်ရှိပြီဖြစ်တဲ့ နိုင်သု၀ဏ္ဏဟာ နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားတာလို့ ဆိုပါတယ်။ NUGပညာရေးဝန်ကြီးဌာနရဲ့ ဝမ်းနည်း
ကြောင်း သဝဏ်လွှာမှာ ကျန်ရစ်သူ မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ထပ်တူ
ထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြထားပါတယ်။ မွန်-တနင်္သာရီဒေသ တော်လှန်
ရေးအင်အားစုတွေနဲ့အတူစစ်တပ်ကို တိုက်
ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF) ဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း နိုင်သု၀ဏ္ဏ ကွန်လွန်သွားတဲ့အပေါ် များစွာ နှမြောတသဖြစ်ရကြောင်း ဖော်ပြပါတယ်။
◾️စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ စစ်ကိုင်းနဲ့ဝက်လက်က LPDFတွေပျူစောထီးလုပ်နေ

👍12❤3🤬2🔥1🖕1
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် နဲ့ စစ်ကိုင်းမြို့နယ်တို့က စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ -LPDF အဖွဲ့လေးဖွဲ့ဟာ စစ်တပ်လက်အောက်မှာ ပျူစောထီး တွေပြန်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ LPDFအဖွဲ့တွေဖြစ်တဲ့ ဆားတောင်မြို့နယ်ကဂျိမ်းစိုးအဖွဲ့၊ ဆားတောင်မိုးကြိုးလက် အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဝက်လက်မြို့နယ်က တံတားညီနောင်ပျံလွှားအဖွဲ့ ၊ မီးတောက်အဖွဲ့တို့ စစ်တပ်ရဲ့တပ်မ (၃၃) နဲ့ စက်တင်ဘာလမှာ ပူးပေါင်းခဲ့ကြပါတယ်။ စစ်တပ်ဘက်ကို ပြောင်းသွားတဲ့ (LPDF)လေးဖွဲ့ဟာ စုစုပေါင်းခန့်မှန်းအင်အား ၄၀ ခန့်ရှိပြီး လမ်းပေါ် တရားမဝင် ငွေတောင်းဂိတ် တွေအပါအဝင် ငွေကြေးပြသာနာတွေ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကအရေးယူဖို့လုပ်နေချိန် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေကပြောပါတယ်။
◾️KNU ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း မြို့
နယ်တွေက အရပ်သားပြည်သူနေထိုင်ရာနေရာတွေကိုစစ်တပ်ကဒရုန်းတွေနဲ့ တိုက်ခိုက်
လို့ အမျိုးသမီး ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်
ဘာ ၁၆ရက်ကနေ နိုဝင်ဘာ ၁၉ရက်အတွင်း ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)မြို့နယ်တွေက ရွာတွေကို စစ်တပ်က တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေး ဖော်ပြထားတာပါ။ နိုဝင်ဘာ ၁၆ရက်က မူးမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးတိုင်တောရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၁၈နှစ်အရွယ် မိန်းကလေးငယ် ၁ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
◾️ကျပ်ငွေတန်ဖိုးဆက်ကျ ၊ဒေါ်လာနဲ့ဘတ်ဈေးထပ်တက်
ဒေါ်လာနဲ့ထိုင်းဘတ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေဆက်လက်မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတယ်လို့ ပြင်ပငွေလဲလှယ်ရေးလုပ်ကိုင်သူတွေကပြောပါတယ်။ ငွေကြေးဈေးကွက်မှာနိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းကတစ်ဒေါ်လာ၅,၁၄၀ ကျပ်ရှိခဲ့ရာမှ ညနေပိုင်းမှာ ကျပ် ၅,၁၆၀ ရှိလာပါတယ်။ ထိုင်းဘတ်ဈေးမှာလည်း ၁ ဘတ်လျင် ၁၅၁ ကျပ်ကျော်ကနေ ၁၅၃ ကျပ်နီးပါးတက်လာတယ်လို့ ငွေကြေးဈေးကွက်မှသိရပါတယ်။
◾️UID ကတ်လုပ်ရာမှာ အချက်အလက် မကိုက်ရင် ကျပ်သိန်းချီတောင်းနေ
UID ကတ်ပြားပြုလုပ်ရာမှာ အချက်အလက်မကိုက်ညီရင် စစ်တပ်လက်အောက်ခံ ဝန်
ထမ်း လူဝင်မှုကြီးကြပ်ရးဌာန(လဝက) ဝန်ထမ်းတွေက ကျပ်သိန်းချီတောင်းယူနေကြောင်း အဆိုပါကတ်ပြား ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။ Smart Card လို့ အလွယ်ခေါ်နေကြတဲ့ Unique ID ကတ်(Unique Identification Number) (အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ပြုလုပ်ရာမှာ မှတ်ပုံတင်ပါ မွေးသက္ကရာဇ်နဲ့ စနစ်အတွင်း ထည့်သွင်းထားတဲ့ မွေးသက္ကရာဇ် မတူညီတဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး အချက်အလက်ပြင်ဆင်ဖို့ ငွေကြေးကုန်ကျမှုနဲ့အချိန်ကြန့်ကြာမှုတွေ ရှိနေကြောင်း လျှောက်ထားသူတွေက ပြောပါတယ်။ လျှောက်ထားသူအချို့ရဲ့ ပြောကြားချက်အရ Smart Card ပြုလုပ်ရာမှာ မှတ်ပုံ
တင်ပါ မွေးခုနှစ်နဲ့ သက်ဆိုင်ရာစက်အတွင်းရှိ အချက်အလက် မကိုက်ညီပါက မှတ်ပုံတင်ပြုလုပ်ထားတဲ့ မြို့နယ်လဝကရုံးသို့ ပြန်လည်သွားရောက်ရပြီး တိုင်းဒေသကြီးအဆင့်မှတဆင့် နေပြည်တော်ကို တင်ပြပြင်ဆင်ရမယ်လို့ ဆိုပါတယ်။ အဲဒီလို ပြင်ဆင်ရာမှာ နေ
ပြည်တော်အဆင့်အတွက် ကျပ်တစ်သိန်းနဲ့ မြို့နယ်အဆင့်အတွက် ကျပ်သုံးသောင်းစသဖြင့် ငွေကြေးတောင်းခံမှုတွေ ရှိနေကြောင်း UID ကတ်လျှောက်ထားခဲ့သူအချို့က ပြောပါတယ်။
◾️မွန်ပြည်နယ်လဝကအရာရှိမူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံရ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်နယ်လူဝင်မှုကြီးကြပ်
ရေးဌာနက အရာရှိတစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံထားရပါတယ်။မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒုလဝကမှူး မိုးဆက်နိုင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက်မှာ စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိတာလို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။ မိုးဆက်နိုင်ရဲ့ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြား၊ ဆေးသုံးစွဲရာမှာ သုံးတဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
◾️နတ်တလင်းမှာ စစ်ကြောင်းထိုးပြီးအိမ်တွေမီးရှို့နေတဲ့ စစ်တပ်တိုက်ခိုက်ခံရ
ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း စစ်
ကြောင်းထိုးပြီးနေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်
ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦးအပါအဝင်စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာ၂၀ ရက်၊မနက်ပိုင်းမှာရှာစေးဖို့ရွာကနေထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘန့်ဘွေးကုန်းရွာထဲကိုဝင်လာချိန်မှာတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ဘက်ကသေဆုံးထိခိုက်မှု အခြေအနေကို People's Spring ကသီး
ခြားအတည်မပြုနိုင်ပါဘူး။ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေလုပ်ခဲ့ပါတယ်။
■လေကြောင်းအန္တရာယ်နဲ့နိုင်ငံရေးအသိ
ပညာပေးဟောပြောပွဲမြောင်မှာလုပ်

👍10❤2🔥1🖕1
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ သပိတ်အင်
အားစုဝင်တွေဦးဆောင်ပြီးလေကြောင်းအန္တရာယ်ဘေးကင်းရေး၊လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းနဲ့ နိုင်ငံရေးဟောပြောပွဲတွေဒီကနေ့ (နိုဝင်ဘာ ၂၂)ကပြုလုပ်ခဲ့ပါတယ်။ဟောပြောပွဲကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစုတို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။
ယင်းလှုပ်ရှားမှုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမယ့် အရေးပေါ် အချက်အလက်တွေ၊ ဗုံးခိုကျင်း စနစ်တကျ တူးဖော်အသုံးပြုပုံနဲ့ ထိခိုက်ဒဏ်
ရာရရှိမှုအနည်းဆုံးဖြစ်အောင်ကာကွယ်နေ
ထိုင်နည်းတွေ ပြည်သူလူထုရဲ့အခန်းကဏ္ဍနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း
စဉ်တွေကို အဓိကထား ဆွေးနွေးဟောပြောခဲ့ပါတယ်။

❤12👍6🔥1🖕1
မိုးမိတ်မှာတိုက်ပွဲပြင်းထန်နေ ၊စစ်တပ်ကသပိတ်ကျင်းတတက(၁၃)ကိုစစ်ကူပို့
နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People's Spring
စစ်တပ်ကသပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက(၁၃)တပ်ကို ရဟတ်ယာဉ်၃စီးနဲ့စစ်ကူ ထပ်ပို့နေပြီး မိုးမိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေး သ
တင်းအရင်းမြစ် တွေကပြောပါတယ်။
ကာ လေကြောင်းတိုက်ခိုက်မှု တွေလည်းဆက်တိုက်လုပ် နေ
တယ်လို့
သပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက-၁၃ ကို နိုဝင်ဘာလ၂၂ရက် နေ့၊နေ့လည် ၁၂နာရီမှာ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူတွေထပ် ပို့တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်ကနေ စစ်ကားဖောကားအကြီး ၅ စီးလည်းထွက်သွားပြီး နိုဝင်
ဘာ ၂၂ ရက်နေ့လည်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းကို ရောက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
"အခွံတွေ တက်သွားတာ။ရဟတ်ယာဉ်နဲ့ ပို့ထားတဲ့ အင်အား တွေကို ဝင်ခေါ်ပြီး မိုးမိတ်ကိုပို့မယ်လို့ သိထားရတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက သပိတ်ကျင်းရောက်လာတဲ့စစ်သားတွေဟာ စစ်တပ်ကမိုးမိတ်တိုက်ပွဲကို
စစ်ကူပို့မယ်လို့သိထားရကြောင်းပြောပါ
တယ်။
မိုးမိတ်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ဆုံးရှုံးထားတဲ့ စခန်းအချို့ဆီကို တန်
ပြန်ထိုးစစ်ဆင်လာတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ် ။ KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ နေရာ တွေကိုစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
"တောက်လျှောက် တိုက်ပွဲပြင်း နေတယ်။မိုးမိတ်ဘက်က နေ စကစက ခလရ(၂၂၃)တပ် တွေပြန်ထိုးလာတာ။လေယာဉ်နဲ့ လက်နက်
ကြီးလည်းဆက်တိုက်ပစ်နေတယ်"လို့တော်
လှန်ရေး တပ်ဖွဲ့ ဝင်တဦးကလည်း ပြောပါတယ်။
ပေကုန်း၊သစ်ဆိမ့်ကုန်း၊ကင်းချောင်းနဲ့ လား
ဟူ ရွာတို့ကို စစ်တပ်ကလေကြောင်းတိုက်
ခိုက် နေတာလို့ စုံစမ်းသိရပါတယ်။
နိုဝင်ဘာလ၁၉နဲ့၂၀ရက် တိုက်ပွဲတွေမှာKIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ် တွေက အရေးပါတဲ့ တပ်စခန်း နေရာ လေးခုကို သိမ်းယူခဲ့ပါတယ် ။နိုဝင်ဘာ ၂၂ ရက်နေ့မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာလို့သိရပါတယ်။

👍15❤5👎1🔥1👏1🎉1
■ရသစာတမ်းငယ်
“ခေတ်ပျက်ကုန်သည်”
■AKS
မိုးရာသီဖြစ်သော်လည်း နှစ်ရက်ဆက်တိုက်နေသာခဲ့သောကြောင့် ပတ်ဝန်း ကျင်တခုလုံး လင်းချင်တိုင်းလင်းနေသည်။ ကောင်းကင်ပြာပြာနောက်ခံ၌အဖြူရောင်တိမ်တိုက်အ
ဆုပ်အဆုပ်များက ငန်းများကူးခတ်နေသလို ပျံသန်းနေကြသည်။အချို့နေရာများ၌ တိမ်
မျှင်အစုအဝေးများက ခပ်ကြမ်းကြမ်း ခြစ်ထားသော စုတ်ချက်များနှယ်။
စိုင်းဟုံဖ၏ဆိုင်ကယ်ဝပ်ရှော့ရှေ့သို့သူရောက်ချိန်၌ရပ်ထားသည့်ဆိုင်ကယ်သုံးစီးကိုမြင်ရ၍ အလုပ်များရှုပ်နေသလားဟု တွေးမိသေးသည်။ ဆိုင်ထဲတွင် အင်ဂျင်အရှေ့ပိုင်းဖွင့်ထားသည့်ဆိုင်ကယ်တစီးနှင့် ဆိုင်ဒေါင့် ပလတ်စတစ်ခုံပေါ်မှာ ဖုန်းကြည့်နေသည့် လူတယောက်ကိုမြင်လိုက်ရ၍ ဒီလောက်ဆိုရင်တော့ အနှောင့်အယှက်မဖြစ်ပါဘူးဟု ကိုယ့်ဘက်ကိုယ်ယက်ပြီး စိတ်အေးလိုက်သည်။
“ဘာလိုလဲ ဦးလေး၊ ဆိုင်ကယ်ဘာဖြစ်လို့လဲ”
“ဆိုင်ကယ်ပြင်မလို့မဟုတ်ဘူးကွ၊ လူပြင်မလို့။ ငါပျင်းလွန်းလို့ သေတော့မလိုဖြစ်နေတာ အဲဒါပြင်ပေးစမ်းပါ”
“အာ အဲဒါတော့ အတူတူပဲ၊ ကျနော်လည်း ပျင်းနေတာပဲ ဟားဟား”
“မင်းတို့ မိုင်းလုံရွှေမြို့တော်ကြီးကလည်း သွားလည်စရာနေရာမရှိ၊ ကောင်မလေး ချောချောလည်းမရှိ”
“ဟုတ်တယ်၊ ကျနော်တောင် ဒီမှာပဲ မိန်းမယူလိုက်မိတာ မှားသွားတယ်၊ အမှန် မိုးကုတ်တို့ မန်းလေးတို့မှာယူရမှာ၊ အဲဒီမှာဆို အားလုံး ရှယ်လေးတွေ ပေါမှပေါ”
ဆိုင်ဒေါင့်ခုံပေါ်မှလူငယ်က စိုင်းဟုံဖအား ရှမ်းလို အားရပါးရ ဝင်ပြောပြီး သူတို့နှစ်ယောက် ရယ်မောလိုက်ကြသည်။
ရှမ်းလိုနားမလည်သော်လည်း သူတို့ အူလှိုက်
သည်းလှိုက် ရယ်မောကြသည်ကိုတော့ ကူးစက်ခံစားလို့ရသည်။ တမနက်လုံး ပိန်လိမ်နေသည့်စိတ်အနေအထားတို့လည်းခုမှ အသက်
ဝင်လာသလိုလို ထင်မှတ်မိသည်။
သူ မိုင်းလုံရောက်နေသည်မှာ သုံးလကျော်လောက်ရှိနေပြီ။ ၅၀၅ နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနှစ်ခုဖြင့် စကစက တရားစွဲဆိုထားသောကြောင့် မိုးကုတ်မှာနေလို့မရတော့ဘဲ လှည့်ပတ်ရှောင်တိမ်းနေရသည်မှာ အာဏာ
သိမ်းပြီး လေးလအကြာကတည်းက ဖြစ်
သည်။သုံးနှစ်ကျော်ကျော်ကာလအတွင်း
မြို့ငါးမြို့မှာ ပုံစံမျိုးစုံနှင့် နေခဲ့ရသည်။ ယခုနောက်ဆုံး လွတ်မြောက်နယ်မြေဖြစ်သော မိုင်းလုံမြို့လေးသို့ သူရောက်လာခဲ့ခြင်းဖြစ်
သည်။
၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ TNLA နှင့် PDF တို့ ပူးပေါင်းသိမ်းယူခဲ့သည့် မိုင်းလုံကို သူ ၂၀၂၃ မတ်လဆန်းမှာ ရောက်လာခဲ့သည်။ ရောက်ခါစရက်များကလက်နက်ကိုယ်စီကိုင်ကာ ဥဒဟိုသွားလာနေကြသော တော်လှန်ရေးအဖွဲ့များကိုကြည့်ပြီး သူသဘောကျနေမိသည်။
လွတ်လပ်သော၊စစ်သွေးစစ်မာန်ပါသောရှိန်းတိန်းတိန်းခံစားချက်တမျိုးကိုသူခံစားရသည်။လွယ်အိတ်ထဲမှပစ္စတိုသေနတ်နှင့်ဗုံးသီးမျိူးစုံတို့ကို တပိုင်းတစလှစ်ပြပြီးအရောင်းအဝယ်စကားပြောနေကြသူတို့ကို လက်ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တို့မှာ သူမကြာခဏမြင်တွေ့ခဲ့ရသည်။
PDF ရဲဘော်မှန်သမျှကို သံယောဇဉ်ကြီးသူမို့ လွတ်လပ်စွာပြောဆိုရယ်မောပြီး လှုပ်ရှားသွားလာနေသည့် အဖွဲ့ပေါင်းစုံက ရဲဘော်ငယ်များကို စိတ်လက်ချမ်းသာစွာ ငေးကြည့်နေခဲ့ဖူးသည်။ မိုးကုတ်ကျပ်ပြင်က တော်လှန်ရေး လုပ်ဖော်ကိုင်ဘက်များကို ပြန်တွေ့ရ၍ ကျေ
နပ်အားရသည်။TNLAပလောင်တပ်က ရဲ
ဘော်အများအပြားကိုလည်း တွေ့ရသည်။ သူတို့ရဲ့ တည်ငြိမ်သော အနေအထိုင် အပြော
အဆိုများကိုမြင်ရသောကြောင့်လည်း အနာ
ဂတ် ဖက်ဒရယ်နိုင်ငံအတွက် အတန်ငယ်စိတ်အေးရသည်။
ယခုလပိုင်းအတွင်းမှာတော့ အခြေအနေက အများကြီးပြောင်းလဲခဲ့ပြီ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲမှာ မိုးကုတ်ကလည်း အရေးပါသော စစ်ရေးဦးတည်ချက်ဖြစ်လာသည်။ အကြီးအကျယ် စစ်ပြင်နေ
သည်ကို သူပင် မျက်စေ့နှင့်တပ်အပ် မြင်နေရသည်။ ခြေလျင်တမျိုး၊ ကားတန်းနှင့်တမျိုး ချီတက်သွားကြသော TNLA တပ်မျာကို မကြာခဏမြင်တွေ့နေရသည်။ မိုးကုတ် ကျပ်ပြင်က PDF များ လူမြင်ကွင်းက ပျောက်သွားကြသည်။ ကျောက်မဲ ၊နောင်ချို ၊မိုးမိတ်၊ မိုးကုတ် တပြိုင်တည်းဖွင့်လိုက်သော စစ်
မျက်နှာများသို့ ဖြန့်ခွဲ ရောက်ရှိသွားကြသည်ဆိုသော်လည်း အဓိကမှာ မိုးကုတ်စစ်မျက်နှာဖြစ်သည်ဟူသော သတင်းများကလည်း တစိမ့်စိမ့် ထွက်နေသည်။ ဖြစ်နိုင်သည်ဟု သူလည်းထင်ပါသည်။ သူ့မိတ်ဆွေတချို့က သွားကာနီး မသိမသာနှုတ်ဆက် သွားကြ သည်။ အရိပ်အမြွက်လည်း ပြောသွားကြသည်။
သူသတိထားမိသလောက် မိုးကုတ်စစ်မျက်
နှာအတွက် ဇွန် ၁ ရက်နေ့မှာ စတင် စစ်ပြင်ပြီး ဇွန် ၂၅ ရက်နေ့မှာ စတိုက် သည်။ စစ်ပွဲစတင်လိုက်သည်နှင့် ကုန်စည်စီးဆင်းမှုက ပြတ်
တောင်းပြတ်တောင်း ဖြစ်သွားတော့သည်။ ထုံးစံအတိုင်း ကုန်ဈေးနှုန်းက နာရီနှင့်အမျှ တရိပ်ရိပ်တက်လာသည်။ ၁၀၂၇ ပထမပိုင်းလို တောတွင်းစခန်းများကို တိုက်ရသည် မဟုတ်ပဲ မြို့သိမ်းတိုက်ပွဲများ ဖြစ်သော
ကြောင့် စစ်ဗျူဟာကိုထိန်းချုပ် စစ်ဆင်ရသည်။ ထို့အတွက် စစ်ပွဲကာလက ရှည်လာသည်။
အရေးထဲဇွန် ၁၀ ရက်နေ့မှာနောင်ချိုက ၆၀၆ ဒုံးတပ်ကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်သောအခါ တရုတ်ရဲ့ ကုလားဖန်ထိုးမှုနဲ့အတူ ဆွေးနွေးပွဲလုပ်ရပြန်သည်။ စကစ ကလည်း မဟာမိတ်တပ်တို့သိမ်းပိုက်ထားသောဒေသများကို ရိက္ခာဖြတ်ရန် အစွမ်းကုန်ကြိုးစား

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,141 followers · 650 talking about this. News & media website
👍14❤2🔥1🖕1
သည်။ကျပ်ပြင်ကိုရပြီးကာစဂျူလိုင်လဆန်းလောက်တွင် မိုးကုတ်မှာ ကြက်ဥတလုံး တထောင်ကျော်ဖြစ်နေပြီ။ စားနပ်ရိက္ခာ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ပြင်ပမှတင်သွင်းရေသည့်အတွက် ကုန်ဈေးနှုန်းက ကုန်သည်တွေပါးစပ်ထဲရောက်ကာ ပြောသမျှ ဈေးဖြစ်နေတာ့သည်။
မိုင်းလုံ၌ဓာတ်ဆီတလီတာတသောင်းဖြစ်
လာသည်။ ထို့အတွက် သူလည်း အသွား
အလာဆင်ခြင်ရသည်။ အရင်လို အနီးအပါးမှာရှိတဲ့ လွယ်ခမ်း၊ နားဝီးအစရှိသည့် ရွာငယ်တွေက တပည့်များဆီပင် အလည်အပတ်သွားတာမျိုး မလုပ်နိုင်တော့။ ဖတ်စရာ စာ
အုပ်ကမရှိ၊ သတင်းကြည့်စရာ လိုင်းမရှိ၊ ဖုန်းလိုင်းပိတ်ထားသည်မှာ တလကျော် လောက်ရှိလာသောအခါ သူ၏ပျင်းရိညည်းငွေ့မှုမှာ သည်းခံနိုင်သောအတိုင်းအတာကို ကျော်လွန်တော့မတတ် ပြင်းထန်လာတော့သည်။ ထို့
ကြောင့်စိုင်းဟုံဖဆီရောက်လာရခြင်းဖြစ်
သည်။
အကြောင်းအရာအသေးအမွှားလေးတခုကို မပြီးနိုင်မစီးနိုင် ရယ်ပွဲဖွဲ့နေကြစဉ် ပုံဆိုးပန်းဆိုးဆိုင်ကယ်များဖြင့် လီဆူနှစ်ယောက်ရောက်လာကြသည်။
"ဟေး ဘာဖြစ်သလဲ "
"ဘာဖြစ်သလဲ ငါမသိကွာ။ ဖွတ်ချက် ဖွတ်ချက်ဖြစ်တယ်။ ရပ် ရပ်သွားတယ်။ ဒါပဲ ငါသိတယ် "
"အင်းပါ ဟိုနေ့ကတည်းက ကျနော်ပြောထားတဲ့ ကာဗရိုက်တာမကောင်းတာပဲနေမှာပါ။ အဲ့နေ့က အချိန်မရလို့ မလဲလိုက်ရဘူးလေ "
"အေးလေ ဒီနေ့အချိန်ရပြီလေကွာ။
လဲမှာပေါ့ "
"ခဏတော့ စောင့်ရမယ်နော် "
" အေးဆေးပေါ့ "
"စောင့်မယ်လေကွာ။ ကြက်ဥကလည်း ဆယ့်နှစ်နာရီမှ ရောက်မယ်တဲ့"
ဝန်တင်ဆိုင်ကယ်တို့၏သဘာဝအတိုင်း သူတို့ဆိုင်ကယ်တွေမှာ မူလဥပဓိ မကျန်တော့သလောက်ဖြစ်သည်။ ရှေ့ဘီးပေါ်၌ ဆင်စွယ်ကြီးနှစ်ချောင်း ငေါထွက်နေသလို သစ်သားချောင်းကြီးနှစ်ချောင်း ထုတ်ထားသည်။ ရှေ့တာယာကိုပင် ကျော်တော့မတတ် ရှိနေသည်။ ထိုသစ်သားကြီးနှစ်ချာင်းကို သံပြား၌မူလီများနှင့်ဆွဲထားသလို နိုင်လွန်ကြိုးများဖြင့်လည်း အားမနာတမ်း တုတ်ထားသေး၏။ ဒေါက်နှစ်ခုလုံးအပြင် ခြေနင်းခုံလည်းမပါတော့။ ကာဗာလည်း တခုမှမရှိတော့။
ထိုင်ခုံနှင့်လက်ကိုင်ကြား သစ်သားချောင်းကြီးပေါ်၌ ရွှံ့ရုန်းရန် ချိန်းပတ်၊ လေထိုးတံ၊ ဓားမ ခပ်ကြီးကြီး၊မိုးကာအင်္ကျီနှင့် ဓာတ်ဆီအပိုထည့်ရန် ဖျော်ရည်ဗူးကြီးတို့ကို ကြိုးနှင့်သေချာတုပ်ထားသည်။ ဒေါက်မပါတော့သောကြောင့် အတက်ပါသည့် ဝါးဆစ်ပိတ်တချောင်းနှင့် ထောက်ထားသည်။
ဆိုင်ကယ်သမားနှစ်ယောက်အနက် တယောက်က စော်ဘွားဥပဓိရှိပြီး တယောက်က လူပြက်နှင့်တူသည်ဟု သူ သရုပ်ခွဲ နေမိသည်။
"ကြက်ဥပဲလား ၊ဓာတ်ဆီမသယ်တော့ဘူးလား “
" အာ ဓာတ်ဆီက မကိုက်တော့ဘူးလေ။ ဟိုလူဓာတ်ဆီ ဒီလူဓာတ်ဆီ ဖြစ်ကုန်ပြီ။ ကျပ်ပြင်မှာ ငါတို့ဝယ်တဲ့ဈေး ထက်တောင် ပေါနေပြီ ဟေးဟေး "
လူပြက်နှင့်တူသူက သူ့အမေးကို အားရပါးရဖြေသည်။ ရွာကို ဇွာ ၊ဓာတ်ဆီကို ဓားစီ ၊ ငါတို့ကို ငသို့ ဟု အသံထွက်တတ်သော လီဆူစကားပြောဟန်ကို သူ အလွန်ချစ်သည်။ ယခုလို စကားပြောခွင့်ရလိုက်သောအခါ မိုးကုတ်ကို အလွမ်းပြေသလို ဖြစ်ရသည်။
"အခု မိုးရွာလာပြီဆိုတော့ နန်းစကာလမ်းက မလွယ်တော့ဘူးထင် တယ်နော”
"အလို ဆိုးမှဆိုးပေါ့ကွာ။ ဘယ်လောက်ကျွမ်းတဲ့အကောင်ဖြစ်ဖြစ် မလဲတဲ့ကောင်မရှိဘူး။ တချို့ဆို ဆယ်ခါလဲတယ်။ ကိုယ်ချင်း ကိုယ်ချင်း ပြန်ကူပေါ့ကွာ၊ ဆိုင်ကယ်ကလည်း တအားများတော့ လမ်းကလည်းကြာလေဆိုးလေပဲ '
" ဟုတ်မယ်၊ ကျနော် အိမ်ကနေမြင်နေရတာကို ဓာတ်ဆီဆိုင်ကယ်တွေ မနည်းဘူး "
"ဒီဘက်က နည်းသေးတာ။ ဟိုခိုဘက်လမ်းသွားကြည့်စမ်း။ အားလိုး ဆိုင်ကယ်တွေ ဆိုင်ကယ်တွေ။ ကြည့်မလွတ်ဘူး။ ငါထင်တာတော့ အဲ့ လမ်းတခုလုံး ကျပ် ပြင်ကကောင်တွေချည်း ထင်တာပဲ"
" ခင်ဗျားတို့က ဘယ်အရပ်ကလဲ "
"အုတ်အင်းက"
ကျပ်ပြင်ကို တော်လှန်ရေးတပ်များကသိမ်း
ထားပြီး မတ္တရာမှ လေကြောင်းရန် ကာ
ကွယ်ရေးတပ်ကိုလည်း သိမ်းလိုက်သောအခါ မန္တလေးကနေ ရိက္ခာဝင်စရာလမ်းကြောင်း မရှိတော့သလောက်ဖြစ်သွား၏။ ကျပ်ပြင်နှင့် ခုနစ်မိုင်ဝေးသော မိုးကုတ်မှာလည်း တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်နေသည်။ မိုးမိတ်မှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပြီမို့ အဝင် အထွက် မရှိတော့။
ထို့ကြောင့် ယခင် မိုးကုတ် ပြင်ဦးလွင်လမ်းပေါ်ရောက်ရန် ကျပ်ပြင် နန့်စကာ - တောင်နီလမ်းတခုသာရှိတော့သည်။ နွေရာသီ၌ပင် ခက်ခဲကြမ်းတမ်းလှသော ထိုလမ်းသည် မိုးရာသီ၌ဆိုဖွယ်ရာမရှိတော့။ သို့သော် တခုတည်းသော လမ်းဖြစ်နေသည်မို့ စွန့်စားသွားလာကြသည်။ စွန့်စားရကျိုးနပ်သူများလည်း အများအပြားရှိနေကြသည်။ တောင်နီရောက်လျင် ဟိုခိုသို့ဆက်ရန် မခက်ခဲတော့။ ဟိုခိုက မန္တလေး-လားရှိုးလမ်းသို့ပေါက်သည့် သုံးဆယ်နှင့် ဆက်နေလေရာ ဟိုခိုသည် နေ့ချင်းညချင်းပင် ကုန်စည်ဖြန့်ဖြူးရာ ဆုံချက်ဒေသဖြစ်လာတော့သည်။
"ဓာတ်ဆီတုန်းကတော့ အတော်ရလိုက်မှာ
ပေါ့"
" ဟားဟား ဟေ့ကောင် ပြောပြလိုက်ဦး ငါတို့ဇာတ်လမ်းကို။ ငါတို့က ဒီဘက်ကို သိပ်မသိလေကွာ။ သူများ ဓာတ်ဆီကိုက်တယ်ဆိုတော့ ငါတို့လည်း လာတာပေါ့။ မိုင်းလုံမှာ လှည့်
ပတ်ရှာ၊ ဘာတွေ့မလဲ သူများဝယ်သွားကုန်ပြီလေ ရှိတဲ့အိမ်ကလည်း မေးတတ်မှရတာကိုး၊ ဒီမှာ အကြာကြီးကွာ။ ဟိုမှာသွား ဒီမှာသွား ဘာမှမရဘူး။ ဒါနဲ့ ဟိုခိုသွား "

👍12❤5🔥1🖕1
"ဟိုခိုမှာတော့ ပေါမှာပေါ့ "
"ဘာပေါမလဲ၊ ငါတို့နှစ်ယောက်က ပန့်ဆိုင်တွေပဲလိုက်မေးတယ်လေ။ ဆိုင်ပဲရှိတာ ဓာတ်ဆီမရှိ။ တချို့လည်း ပိတ်ထားတာ။ သူများတွကျ အများကြီး သယ်လာကြတာကွာ။ အဲဒီလူတွေလိုက်မေး၊ တချို့လည်းပြောပြပေါ့ တချို့လည် ပြောမပြ။ အေး မရရင်လည်း ပြန်မယ်ကွာဆိုမှ ပုလင်းလေးထောင်
ထားတဲ့ အိမ်ကိုမြင်ရော။ အဲဒီမှာ ဆိုင် ကယ်ကို ဆီဝင်ထည့်ပေါ့။ ဆိုင်ရှင်က ခင်ဗျားတို့ကိုမြင်တယ်၊ လာနေကျထင်လို့ မပြောတာတဲ့။ ဒီနေ့ ပေပါသုံးလုံး ရောက်တာတဲ့၊ ဟာ ရှိသေးလားဆိုတော့ ကုန်ပြီတဲ့ “
"ဒီတိုင်းပြန်ခဲ့ရရောပေါ့ "
"ပြန်ရတယ်လေ၊ ဟိုခိုမှာ ပေးမှမအိပ်တာ။ အဲ့ မောင်းတံရဲ့ဟိုဘက်မှာ ကြိုက်တဲ့နေရာအိပ်တဲ့၊ ဒီဘက်လာမအိပ်နဲ့တဲ့ ပြန်ပေါ့ "
"ခင်ဗျားတို့ဆိုင်ကယ်ရဲ့ဆီဖိုးကို နည်းမှာမဟုတ်ဘူးနော "
" ဘာနည်းမလဲ။ ငါတို့ဆိုင်ကယ်တွေက စပေါ့ကက်အကြီးတွေလေကွာ၊ ဘယ် လောက်မောင်းမောင်း မြန်မြန်မပြေးဘူး။ တောင်ပဲတက်တာလေ။ ပြန်လာရင်းနဲ့ တောင်နီလမ်းခွဲထဲ ငါတို့ဝင်မယ်ဆိုတော့မှ ဆီကားတစီးဖြတ်သွားတယ်လေ။ အိုး ပျော်သေပြီပေါ့ ။ အဲဒါနဲ့ ချက်ချင်းပြန်ကွေ့လိုက် အဲဒီကားကို။ ဒီကောင့် ဆိုင်ကယ်ကပျက်နေသေးလို့ လယ်ကြီးကျမှ မီတယ်လေ"
"အဲဒါဆိုရင်ကို အတော်ဝေးခဲ့ပြီပဲ “
"ဝေးတယ်လေ ။သူတို့ကိုကျော်တက်ပြီးမှ မေးတော့ ဒီဇယ်တွေတဲ့ကွာ
"ဪ ဒုက္ခ "
"အေးလေ အဲ့ချိန် ငါးနာရီတောင်ကျော်နေပြီလေ။ ငါတို့လည်း ပြန်ပေါ့။ အားလိုး ဟိုဘက်မှာ မိုးကြီးကြီးရွာထား တယ်ကွာ။ မှောင်လည်းမှောင် လမ်းကလည်းချော အိုး ငါတို့ဘယ်နှစ်ခါလဲသလဲဆိုတာတောင် မမှတ်မိတော့ဘူးကွာ။ အိမ်ရောက်တော့ မှောင်မဲနေပြီ။ ငါတို့ဆိုလည်း စုတ်ပြတ်ကွဲပြဲ ဟားဟား"
"ဒီမှာ တလီတာတသောင်း ကျပ်ပြင်မှာတဂါလံတသိန်းဆိုတော့ အရင်သယ်တဲ့သူတွေကတော့ ကိုက်ကြမယ်ထင်တယ်"
" အေး ဘာမှမှလုပ်စရာမရှိတာ။ ကိုက်သလောက်နဲ့လည်း ချရမှာပဲလေ။ ငတ်လို့မှမရတာ။ သူတို့လည်း အားကြီးတော့ မရပါဘူး။ ဒီဘက်ပန့်ဆိုင်တွေက လီတာခိုးတယ် မပြည့်ဘူး။ ဟိုဘက်ကျ ဂါလံခွက်နဲ့မျက်မြင်ချိန်ပြီး အပြည့်ပေးရ တာလေ။ အေး လမ်းမှာဆိုင်ကယ်လဲလို့ တပုံးလောက်ကွဲရင် အဲ့ကောင်သေပြီ။ ပင်သပြေဂိတ်ကလည်း တစီးကို တပုလင်းပေးရသေးတယ်”
ပင်သပြေသည် PDF ဂိတ်ဖြစ်သည်။ဘာကြောင့်ကောက်သည် သူမသိသော်လည်း ကြားထဲက မျက်နှာပူသလို ဖြစ်သွား၏။
"ဒါတောင် အဲ့ဂိတ်ကစစ်တပ်မရှိတော့လို့ ။ အရင်ကဆို ခဏခဏ ပစ်သတ်ခံ ရတဲ့နေရာ "
"အခု ဘယ်သူတွေစောင့်နေတာလဲ"
" ငါမသိလေကွာ၊ ဘယ်သူစောင့်လဲ အရေးမကြီးပါဘူး။ စစ်တပ်မဟုတ်ဆို ရပြီလေ။ သူတို့ကောင်းကောင်းပြောတယ် အာ့ဆို အဆင်ပြေပြီ "
လူပြက်နှင့်တူသူ၏မျက်နှာ၌ မည်သည့်ခံစားချက်မှ ထူးထူးခြားခြားမရှိ ရဲရင့် လွတ်လပ်သော လီဆူတို့၏ ပင်ကိုယ်သဘာဝအတိုင်း အဖြစ်အပျက်တခုကို အနည်းငယ် ဟာသနှော၍ ပြောပြနေခြင်းသာရှိသည်။ စော်ဘွားနှင့်တူသူကလည် သူ့ဖုန်းထဲက သီချင်းတပုဒ်ကို အေးအေးလူလူ ဖွင့်ကြည့်နေသည်။
"အခုကြက်ဥဆိုတော့ လမ်းမှာပိုဆိုးမယ်ထင်တယ်နော"
"ဆိုးတယ်လေ။ ဆိုးလည်း ဒါပဲရှိတာကိုး။ ကျန်သလောက်ပေါ့။ ဒီကောင် အရင်တခေါက် ဘယ်လောက်လဲကွဲတာ"
" အလုံး နှစ်ရာ "
"အာ့ဆို မိုက်ပြီလေ ဟားဟား။ ဆိုင်ကယ်တခုခုဖြစ်ပြီဆိုရင်လည်း ပစ္စည်းဈေးက ဟိုး မိုးပေါ်မှာ "
"အဲဒါကြောင့် ကျနော်ပြောတာပေါ့။ ဆံပင်ညှပ်ဆရာနဲ့ ဆိုင်ကယ်ပြင်ဆရာဆိုတာ အမြဲတမ်း စင်ပေါ်က။ ကိုယ်ကမှ မပြင်လို့ မညှပ်လို့မရတာနော"
"ဟေ့လူ နိုင်ငံရေးတွေမပါကြေး "
အိမ်ခြေရှစ်ရာခန့်သာရှိပြီး မြို့ဟုအတင်းနာမည်တပ်ထားသော မိုင်းလုံတွင် ယခင်ကဆိုင်ကယ်ပြင်ဆိုင် အလွန်ရှားသည်။
တော်လှန်ရေးတပ်များက သိမ်းပြီးချိန်ကစပြီး ဆိုင်ကယ်အသွားအလာ အလွန်များလာသည်။ ဆိုင်ကယ်ပြင်ဆိုင်များလည်း မှိုလိုပေါက်လာကြသည်။
"ဟေ့ကောင် မိုးကုတ်ကိုလည်း ရတော့မယ်တဲ့ကွ သိလာ "
ဘေးချင်းကပ်လျက် ဆိုင်ကယ်အပိုပစ္စည်းဆိုင်သို့လာသည့် လူငယ်တယောက်က စိုင်းဟုံဖအား အော်ပြောသည်။ တိုင်ပင်ချိန်းတပ်နေသော စိုင်းဟုံဖက “အေး မြန်မြန်ရတော့လည်း မြန်မြန်အေးတာပေါ့ကွာ " ဟု ပြန်အော်ပြော၏။
စစ်ရေးအရအေးသွားလျင်လည်း စီးပွားရေးအရ အေးသွားလိမ့်မည်ဟု သူမထင်ပါ။ ကျွန်းမြို့လေးလိုဖြစ်နေသည့် မိုးကုတ်သည် ရိက္ခာဖြတ်ရန်နည်းမျိုးစုံနှင့် ကြိုးစားနေသည့် စကစ၏ ယုတ်မာမှုအောက်တွင် ကာလအတန်ကြာ ရုန်းကန်ရဦးမည်ဟု ယူဆနေမိသည်။
ယခုလို ပုံဆိုးပန်းဆိုးဆိုင်ကယ်များနှင့် စွန့်စားကုန်သည်များအား မှီခိုနေရဦးမည်ဟုတွေးရင်း အနည်းငယ် ရင်မောနေမိသည်။ အပျင်းနည်းနည်းပြေသွားသော်လည်း နည်းနည်းပိုပြီးမွန်းကြပ်လာသောကြောင့် ခေတ်ပျက်ကုန်သည် လီဆူနှစ်ယောက်အား နှုတ်ဆက်ကာပြန်ခဲ့လိုက်တော့သည်။ ။
(The Call -ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ
"AKS" ရေးဖွဲ့တဲ့ “ခေတ်ပျက်ကုန်သည်”
ရသစာတမ်းငယ် ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍14❤1🔥1🖕1