People's Spring
✔
58.5K subscribers
73.7K photos
1.32K videos
10 files
3.17K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
👏17❤5👍1🥰1🤮1🖕1🫡1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(နိုဝင်ဘာ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ပေါက်တောမြို့ နန်းတက်ကျွန်းရွာကို စစ်
တပ်ဗုံးကြဲ၊၄ဦးသေပြီး၉ဦးထက်မနည်း ဒဏ်
ရာရ

ရခိုင်တိုက်ပွဲတွေအတွင်းအထိနာနေတဲ့စစ်
တပ်ဟာ ပေါက်တောမြို့နယ်၊နန်းတက်ကျွန်းရွာကို ဗုံးကြဲ ခဲ့တာကြောင့် ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မ
နည်း သေဆုံးပြီး ၉ ဦးထက်မနည်းဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ၂၂ ရက်၊မနက် ၈ နာရီခွဲခန့်မှာ နန်းတက်ကျွန်းရွာဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲလူနေအိမ်တွေ ကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာလို့သိရပါတယ်။ ဗုံးကြဲမှုကြောင့် ငါးလသားအရွယ်ကလေးငယ် မောင်ရန်နိုင်စိုး၊ ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အ ရွယ် မောင်ကျော်မင်းဌေး နဲ့ ၄၃ နှစ်အရွယ် ဒေါ်နုချေတို့​သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ် ရာပြင်းထန်စိုးရိမ်ရသူတွေရှိနေတယ်လို့ ဆိုပါတယ်။

◾️ICJ စီရင်ချက်အလွန်အရေးပါပြီးရက္ခိုင်မှာ လက်ရှိ အဓိက အာဏာပိုင် ULA/AA အပါအဝင် အားလုံးနဲ့ နီးကပ်စွာအဖြေရှာမယ်လို့ SCEF ကြေညာ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ကျယ်
ပြန့်ပြီး ပြတ်သားတဲ့ စီရင်ချက်ဟာ အလွန်အရေးပါကြောင်းအသိအမှတ်ပြုလျက် တ
ရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ဖို့ တရားရုံးရဲ့တွေ့ရှိချက်များနဲ့ နောက်ဆက်တွဲ ထုတ်ပြန်လာနိုင်တဲ့ အမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်သွားမယ်လို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကထုတ်ပြန်ပါတယ်။၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူး
လွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ရက်မှာ ICJက စီရင်ဆုံးဖြတ်ခဲ့တဲ့အပေါ် SCEFကနိုဝင်ဘာ ၂၂ရက်မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို အလေးအနက်ထားကြောင်း SCEFက ဖော်ပြပြီး အဲဒီ စီရင်
ချက်ဟာ နိုင်ငံတကာတရားစီရင်ရေးတွင် သမိုင်းဝင်မှတ်တိုင် တစ်ရပ် ဖြစ်တယ်လို့ ရှုမြင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
SCEFဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူး
လွန်သူများဟာ ဘယ်အဖွဲ့အစည်းနဲ့ ဆက်
နွယ်မှု ရှိသည်ဖြစ်စေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

◾️ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့အဓိကအဖွဲ့အစည်းဖြစ်တဲ့ အာဏာသိမ်းစစ်တပ် တာဝန်ယူ၊ တာဝန်ခံရမယ်လို့WLB ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ရိုဟင်ဂျာလူမျိုးစုများအပေါ်လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အပြီးသတ်အမှုစီရင်မှုအ
ပေါ် ကြိုဆိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က ထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့အဓိက အ
ဖွဲ့အစည်းဖြစ်တဲ့ အာဏာသိမ်းစစ်တပ် တာ
ဝန်ယူ တာဝန်ခံရမယ်လို့ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၉ရက် ICJ က ရိုဟင်ဂျာလူမျိုးစုများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်
ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

◾️မိုးမိတ်မြို့ကစစ်တပ်ကင်းစခန်း ၃ခု
KIA ပူးပေါင်းတပ် သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ဒေသ စစ်
မျက်နှာက အာဏာသိမ်းစစ်တပ်ရဲ့ ကင်းစခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သ
တင်းပြန်ကြားရေးဌာန နိုဝင်ဘာ ၂၁ရက် သတင်းဖော်ပြပါတယ်။မိုးမိတ်နဲ့ မန္တလေး
တိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေး
ရွာကြားရှိ စစ်တပ်စခန်း ၃ခုကို KIA တပ်မ
ဟာ(၄)၊ တပ်မဟာ(၁၁)၊ ABSDFနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ မိုးမိတ်နဲ့ တွင်းငယ်ရွာကြားရှိ ကင်းချောင်း၊ ပေကုန်း၊ သစ်ဆိမ့်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်​တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က နိုဝင်ဘာ ၁၉ရက်က မနက်ပိုင်းက တပြိုင်တည်းထိုးစစ် ဆင်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးကာ ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။

◾️NUG ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သု၀ဏ္ဏ ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အ
လုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေဟာနိုဝင်ဘာ၂၁ရက်က ကွယ်
လွန်သွားတာကြောင့် NUG ဝန်ကြီးဌာနအချို့နဲ့ PDF တပ်မှူးအချို့က ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။အသက် (၈၇) နှစ်ခန့်ရှိပြီဖြစ်တဲ့ နိုင်သု၀ဏ္ဏဟာ နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားတာလို့ ဆိုပါတယ်။ NUGပညာရေးဝန်ကြီးဌာနရဲ့ ဝမ်းနည်း
ကြောင်း သဝဏ်လွှာမှာ ကျန်ရစ်သူ မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ထပ်တူ
ထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြထားပါတယ်။ မွန်-တနင်္သာရီဒေသ တော်လှန်
ရေးအင်အားစုတွေနဲ့အတူစစ်တပ်ကို တိုက်
ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF) ဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း နိုင်သု၀ဏ္ဏ ကွန်လွန်သွားတဲ့အပေါ် များစွာ နှမြောတသဖြစ်ရကြောင်း ဖော်ပြပါတယ်။

◾️စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ စစ်ကိုင်းနဲ့ဝက်လက်က LPDF​တွေပျူ​စောထီးလုပ်​နေ
👍12❤3🤬2🔥1🖕1
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် နဲ့ စစ်ကိုင်းမြို့နယ်တို့က စစ်တပ်နဲ့ ပူး​ပေါင်းသွားတဲ့ ​ဒေသခံကာကွယ်​ရေးအဖွဲ့ -LPDF အဖွဲ့​လေးဖွဲ့ဟာ စစ်တပ်လက်အောက်မှာ ပျူစောထီး တွေပြန်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ LPDFအဖွဲ့​တွေဖြစ်တဲ့ ဆားတောင်မြို့နယ်ကဂျိမ်းစိုးအဖွဲ့၊ ဆားတောင်မိုးကြိုးလက် အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဝက်လက်မြို့နယ်က တံတားညီနောင်ပျံလွှားအဖွဲ့ ၊ မီးတောက်အဖွဲ့တို့ စစ်တပ်ရဲ့တပ်မ (၃၃) နဲ့ စက်တင်ဘာလမှာ ပူး​ပေါင်းခဲ့ကြပါတယ်။ စစ်တပ်ဘက်ကို ပြောင်းသွားတဲ့ (LPDF)​လေးဖွဲ့ဟာ စုစုပေါင်းခန့်မှန်းအင်အား ၄၀ ခန့်ရှိပြီး လမ်းပေါ် တရားမဝင် ငွေတောင်းဂိတ် တွေအပါအဝင် ငွေကြေးပြသာနာတွေ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကအရေးယူဖို့လုပ်​နေချိန် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာလို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေနဲ့​ဒေသခံ​တွေက​ပြောပါတယ်။

◾️KNU ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း မြို့
နယ်တွေက အရပ်သားပြည်သူနေထိုင်ရာနေရာတွေကိုစစ်တပ်ကဒရုန်းတွေနဲ့ တိုက်ခိုက်
လို့ အမျိုးသမီး ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်
ဘာ ၁၆ရက်ကနေ နိုဝင်ဘာ ၁၉ရက်အတွင်း ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)မြို့နယ်တွေက ရွာတွေကို စစ်တပ်က တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေး ဖော်ပြထားတာပါ။ နိုဝင်ဘာ ၁၆ရက်က မူးမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးတိုင်တောရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၁၈နှစ်အရွယ် မိန်းကလေးငယ် ၁ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

◾️ကျပ်​ငွေတန်ဖိုးဆက်ကျ ၊​ဒေါ်လာနဲ့ဘတ်​ဈေးထပ်တက်

ဒေါ်လာနဲ့ထိုင်းဘတ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေဆက်လက်မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတယ်လို့ ပြင်ပငွေလဲလှယ်​ရေးလုပ်ကိုင်သူတွေကပြောပါတယ်။ ငွေ​ကြေး​ဈေးကွက်မှာနိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းကတစ်ဒေါ်လာ၅,၁၄၀ ကျပ်ရှိခဲ့ရာမှ ညနေပိုင်းမှာ ကျပ် ၅,၁၆၀ ရှိလာပါတယ်။ ထိုင်းဘတ်ဈေးမှာလည်း ၁ ဘတ်လျင် ၁၅၁ ကျပ်ကျော်ကနေ ၁၅၃ ကျပ်နီးပါးတက်လာတယ်လို့ ​ငွေ​ကြေး​ဈေးကွက်မှသိရပါတယ်။

◾️UID ကတ်လုပ်ရာမှာ အချက်အလက် မကိုက်ရင် ကျပ်သိန်းချီတောင်းနေ

UID ကတ်ပြားပြုလုပ်ရာမှာ အချက်အလက်မကိုက်ညီရင် စစ်တပ်လက်အောက်ခံ ဝန်
ထမ်း လူဝင်မှုကြီးကြပ်ရးဌာန(လဝက) ဝန်ထမ်းတွေက ကျပ်သိန်းချီတောင်းယူနေကြောင်း အဆိုပါကတ်ပြား ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။ Smart Card လို့ အလွယ်ခေါ်နေကြတဲ့ Unique ID ကတ်(Unique Identification Number) (အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ပြုလုပ်ရာမှာ မှတ်ပုံတင်ပါ မွေးသက္ကရာဇ်နဲ့ စနစ်အတွင်း ထည့်သွင်းထားတဲ့ မွေးသက္ကရာဇ် မတူညီတဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး အချက်အလက်ပြင်ဆင်ဖို့ ငွေကြေးကုန်ကျမှုနဲ့အချိန်ကြန့်ကြာမှုတွေ ရှိနေကြောင်း လျှောက်ထားသူတွေက ပြော​ပါတယ်။ လျှောက်ထားသူအချို့ရဲ့ ပြောကြားချက်အရ Smart Card ပြုလုပ်ရာမှာ မှတ်ပုံ
တင်ပါ မွေးခုနှစ်နဲ့ သက်ဆိုင်ရာစက်အတွင်းရှိ အချက်အလက် မကိုက်ညီပါက မှတ်ပုံတင်ပြုလုပ်ထားတဲ့ မြို့နယ်လဝကရုံးသို့ ပြန်လည်သွားရောက်ရပြီး တိုင်းဒေသကြီးအဆင့်မှတဆင့် နေပြည်တော်ကို တင်ပြပြင်ဆင်ရမယ်လို့ ဆိုပါတယ်။ အဲဒီလို ပြင်ဆင်ရာမှာ နေ
ပြည်တော်အဆင့်အတွက် ကျပ်တစ်သိန်းနဲ့ မြို့နယ်အဆင့်အတွက် ကျပ်သုံးသောင်းစသဖြင့် ငွေကြေးတောင်းခံမှုတွေ ရှိနေကြောင်း UID ကတ်လျှောက်ထားခဲ့သူအချို့က ပြောပါတယ်။

◾️မွန်ပြည်နယ်လဝကအရာရှိမူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်နယ်လူဝင်မှုကြီးကြပ်
ရေးဌာနက အရာရှိတစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံထားရပါတယ်။မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒုလဝကမှူး မိုးဆက်နိုင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက်မှာ စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိတာလို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။ မိုးဆက်နိုင်ရဲ့ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြား၊ ဆေးသုံးစွဲရာမှာ သုံးတဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

◾️နတ်တလင်းမှာ စစ်​ကြောင်းထိုးပြီးအိမ်တွေမီးရှို့နေတဲ့ စစ်​တပ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း စစ်
ကြောင်းထိုးပြီးနေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကို ​တော်လှန်ရေးတပ်​တွေက တိုက်
ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦးအပါအဝင်စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။ နိုဝင်ဘာ၂၀ ရက်၊မနက်ပိုင်းမှာရှာစေးဖို့ရွာကနေထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘန့်ဘွေးကုန်းရွာထဲကိုဝင်လာချိန်မှာတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ဘက်က​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People's Spring ကသီး
ခြားအတည်မပြုနိုင်ပါဘူး။ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်​ကြောင်းဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေလုပ်ခဲ့ပါတယ်။

■လေကြောင်းအန္တရာယ်နဲ့နိုင်ငံရေးအသိ
ပညာ​ပေးဟောပြောပွဲမြောင်မှာလုပ်
👍10❤2🔥1🖕1
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ သပိတ်အင်
အားစုဝင်တွေဦးဆောင်ပြီးလေကြောင်းအန္တရာယ်ဘေးကင်းရေး၊လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းနဲ့ နိုင်ငံရေးဟောပြောပွဲတွေဒီကနေ့ (နိုဝင်ဘာ ၂၂)ကပြုလုပ်ခဲ့ပါတယ်။ဟောပြောပွဲကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစုတို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

ယင်းလှုပ်ရှားမှုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမယ့် အရေးပေါ် အချက်အလက်တွေ၊ ဗုံးခိုကျင်း စနစ်တကျ တူးဖော်အသုံးပြုပုံနဲ့ ထိခိုက်ဒဏ်
ရာရရှိမှုအနည်းဆုံးဖြစ်အောင်ကာကွယ်နေ
ထိုင်နည်းတွေ ပြည်သူလူထုရဲ့အခန်းကဏ္ဍနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း
စဉ်တွေကို အဓိကထား ဆွေးနွေးဟောပြောခဲ့ပါတယ်။
❤12👍6🔥1🖕1
❤12🔥1🖕1
👍17❤2🔥1🖕1
မိုးမိတ်မှာတိုက်ပွဲပြင်းထန်​နေ ၊စစ်တပ်ကသပိတ်ကျင်းတတက(၁၃)ကိုစစ်ကူပို့

နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People's Spring

စစ်တပ်ကသပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက(၁၃)တပ်ကို ရဟတ်ယာဉ်၃စီးနဲ့စစ်ကူ ထပ်ပို့​နေပြီး မိုးမိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေး သ
တင်းအရင်းမြစ် တွေကပြောပါတယ်။

ကာ လေကြောင်းတိုက်ခိုက်မှု တွေလည်းဆက်တိုက်လုပ် နေ
တယ်လို့

သပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက-၁၃ ကို နိုဝင်ဘာလ၂၂ရက် နေ့၊နေ့လည် ၁၂နာရီမှာ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူ​တွေထပ် ပို့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ကနေ စစ်ကားဖောကားအကြီး ၅ စီးလည်းထွက်သွားပြီး နိုဝင်
ဘာ ၂၂ ရက်နေ့လည်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းကို ရောက်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

"အခွံတွေ တက်သွားတာ။ရဟတ်ယာဉ်နဲ့ ပို့ထားတဲ့ အင်အား တွေကို ဝင်ခေါ်ပြီး မိုးမိတ်ကိုပို့မယ်လို့ သိထားရတယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက သပိတ်ကျင်း​ရောက်လာတဲ့စစ်သား​တွေဟာ စစ်တပ်ကမိုးမိတ်တိုက်ပွဲကို
စစ်ကူပို့မယ်လို့သိထားရ​ကြောင်းပြောပါ
တယ်။

မိုးမိတ်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ဆုံးရှုံးထားတဲ့ စခန်းအချို့ဆီကို တန်
ပြန်ထိုးစစ်ဆင်လာတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ် ။ KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ နေရာ တွေကိုစစ်တပ်က လေကြောင်းက​နေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

"တောက်‌‌လျှောက် တိုက်ပွဲပြင်း နေတယ်။မိုးမိတ်ဘက်က နေ စကစက ခလရ(၂၂၃)တပ် တွေပြန်ထိုးလာတာ။လေယာဉ်နဲ့ လက်နက်
ကြီးလည်းဆက်တိုက်ပစ်နေတယ်"လို့တော်
လှန်ရေး တပ်ဖွဲ့ ဝင်တဦးကလည်း ပြောပါတယ်။

ပေကုန်း၊သစ်ဆိမ့်ကုန်း၊ကင်းချောင်းနဲ့ လား
ဟူ ရွာတို့ကို စစ်တပ်ကလေကြောင်းတိုက်
ခိုက် နေတာလို့ စုံစမ်းသိရပါတယ်။

နိုဝင်ဘာလ၁၉နဲ့၂၀ရက် တိုက်ပွဲတွေမှာKIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ် တွေက အရေးပါတဲ့ တပ်စခန်း နေရာ လေးခုကို သိမ်းယူခဲ့ပါတယ် ။နိုဝင်ဘာ ၂၂ ရက်​နေ့မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာလို့သိရပါတယ်။
👍15❤5👎1🔥1👏1🎉1
(မိုးမိတ်မြို့နယ်အတွင်း ၂၀၂၆ နှစ်လယ်ပိုင်း ကတိုက်ပွဲဖြစ်ပွားစဥ်။ဓါတ်ပုံ-​ဒေသခံ)
👍19🔥1👏1
■ရသစာတမ်းငယ်

“ခေတ်ပျက်ကုန်သည်”

■AKS

မိုးရာသီဖြစ်သော်လည်း နှစ်ရက်ဆက်တိုက်နေသာခဲ့သောကြောင့် ပတ်ဝန်း ကျင်တခုလုံး လင်းချင်တိုင်းလင်းနေသည်။ ကောင်းကင်ပြာပြာနောက်ခံ၌အဖြူရောင်တိမ်တိုက်အ
ဆုပ်အဆုပ်များက ငန်းများကူးခတ်နေသလို ပျံသန်းနေကြသည်။အချို့နေရာများ၌ တိမ်
မျှင်အစုအဝေးများက ခပ်ကြမ်းကြမ်း ခြစ်ထားသော စုတ်ချက်များနှယ်။

စိုင်းဟုံဖ၏ဆိုင်ကယ်ဝပ်ရှော့ရှေ့သို့သူရောက်ချိန်၌ရပ်ထားသည့်ဆိုင်ကယ်သုံးစီးကိုမြင်ရ၍ အလုပ်များရှုပ်နေသလားဟု တွေးမိသေးသည်။ ဆိုင်ထဲတွင် အင်ဂျင်အရှေ့ပိုင်းဖွင့်ထားသည့်ဆိုင်ကယ်တစီးနှင့် ဆိုင်ဒေါင့် ပလတ်စတစ်ခုံပေါ်မှာ ဖုန်းကြည့်နေသည့် လူတယောက်ကိုမြင်လိုက်ရ၍ ဒီလောက်ဆိုရင်တော့ အနှောင့်အယှက်မဖြစ်ပါဘူးဟု ကိုယ့်ဘက်ကိုယ်ယက်ပြီး စိတ်အေးလိုက်သည်။

“ဘာလိုလဲ ဦးလေး၊ ဆိုင်ကယ်ဘာဖြစ်လို့လဲ”
“ဆိုင်ကယ်ပြင်မလို့မဟုတ်ဘူးကွ၊ လူပြင်မလို့။ ငါပျင်းလွန်းလို့ သေတော့မလိုဖြစ်နေတာ အဲဒါပြင်ပေးစမ်းပါ”

“အာ အဲဒါတော့ အတူတူပဲ၊ ကျနော်လည်း ပျင်းနေတာပဲ ဟားဟား”

“မင်းတို့ မိုင်းလုံရွှေမြို့တော်ကြီးကလည်း သွားလည်စရာနေရာမရှိ၊ ကောင်မလေး ချောချောလည်းမရှိ”

“ဟုတ်တယ်၊ ကျနော်တောင် ဒီမှာပဲ မိန်းမယူလိုက်မိတာ မှားသွားတယ်၊ အမှန် မိုးကုတ်တို့ မန်းလေးတို့မှာယူရမှာ၊ အဲဒီမှာဆို အားလုံး ရှယ်လေးတွေ ပေါမှပေါ”

ဆိုင်ဒေါင့်ခုံပေါ်မှလူငယ်က စိုင်းဟုံဖအား ရှမ်းလို အားရပါးရ ဝင်ပြောပြီး သူတို့နှစ်ယောက် ရယ်မောလိုက်ကြသည်။

ရှမ်းလိုနားမလည်သော်လည်း သူတို့ အူလှိုက်
သည်းလှိုက် ရယ်မောကြသည်ကိုတော့ ကူးစက်ခံစားလို့ရသည်။ တမနက်လုံး ပိန်လိမ်နေသည့်စိတ်အနေအထားတို့လည်းခုမှ အသက်
ဝင်လာသလိုလို ထင်မှတ်မိသည်။

သူ မိုင်းလုံရောက်နေသည်မှာ သုံးလကျော်လောက်ရှိနေပြီ။ ၅၀၅ နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနှစ်ခုဖြင့် စကစက တရားစွဲဆိုထားသောကြောင့် မိုးကုတ်မှာနေလို့မရတော့ဘဲ လှည့်ပတ်ရှောင်တိမ်းနေရသည်မှာ အာဏာ
သိမ်းပြီး လေးလအကြာကတည်းက ဖြစ်
သည်။သုံးနှစ်ကျော်ကျော်ကာလအတွင်း
မြို့ငါးမြို့မှာ ပုံစံမျိုးစုံနှင့် နေခဲ့ရသည်။ ယခုနောက်ဆုံး လွတ်မြောက်နယ်မြေဖြစ်သော မိုင်းလုံမြို့လေးသို့ သူရောက်လာခဲ့ခြင်းဖြစ်
သည်။

၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ TNLA နှင့် PDF တို့ ပူးပေါင်းသိမ်းယူခဲ့သည့် မိုင်းလုံကို သူ ၂၀၂၃ မတ်လဆန်းမှာ ရောက်လာခဲ့သည်။ ရောက်ခါစရက်များကလက်နက်ကိုယ်စီကိုင်ကာ ဥဒဟိုသွားလာနေကြသော တော်လှန်ရေးအဖွဲ့များကိုကြည့်ပြီး သူသဘောကျနေမိသည်။

လွတ်လပ်သော၊စစ်သွေးစစ်မာန်ပါသောရှိန်းတိန်းတိန်းခံစားချက်တမျိုးကိုသူခံစားရသည်။လွယ်အိတ်ထဲမှပစ္စတိုသေနတ်နှင့်ဗုံးသီးမျိူးစုံတို့ကို တပိုင်းတစလှစ်ပြပြီးအရောင်းအဝယ်စကားပြောနေကြသူတို့ကို လက်ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တို့မှာ သူမကြာခဏမြင်တွေ့ခဲ့ရသည်။

PDF ရဲဘော်မှန်သမျှကို သံယောဇဉ်ကြီးသူမို့ လွတ်လပ်စွာပြောဆိုရယ်မောပြီး လှုပ်ရှားသွားလာနေသည့် အဖွဲ့ပေါင်းစုံက ရဲဘော်ငယ်များကို စိတ်လက်ချမ်းသာစွာ ငေးကြည့်နေခဲ့ဖူးသည်။ မိုးကုတ်ကျပ်ပြင်က တော်လှန်ရေး လုပ်ဖော်ကိုင်ဘက်များကို ပြန်တွေ့ရ၍ ကျေ
နပ်အားရသည်။TNLAပလောင်တပ်က ရဲ
ဘော်အများအပြားကိုလည်း တွေ့ရသည်။ သူတို့ရဲ့ တည်ငြိမ်သော အနေအထိုင် အပြော
အဆိုများကိုမြင်ရသောကြောင့်လည်း အနာ
ဂတ် ဖက်ဒရယ်နိုင်ငံအတွက် အတန်ငယ်စိတ်အေးရသည်။

ယခုလပိုင်းအတွင်းမှာတော့ အခြေအနေက အများကြီးပြောင်းလဲခဲ့ပြီ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲမှာ မိုးကုတ်ကလည်း အရေးပါသော စစ်ရေးဦးတည်ချက်ဖြစ်လာသည်။ အကြီးအကျယ် စစ်ပြင်နေ
သည်ကို သူပင် မျက်စေ့နှင့်တပ်အပ် မြင်နေရသည်။ ခြေလျင်တမျိုး၊ ကားတန်းနှင့်တမျိုး ချီတက်သွားကြသော TNLA တပ်မျာကို မကြာခဏမြင်တွေ့နေရသည်။ မိုးကုတ် ကျပ်ပြင်က PDF များ လူမြင်ကွင်းက ပျောက်သွားကြသည်။ ကျောက်မဲ ၊နောင်ချို ၊မိုးမိတ်၊ မိုးကုတ် တပြိုင်တည်းဖွင့်လိုက်သော စစ်
မျက်နှာများသို့ ဖြန့်ခွဲ ရောက်ရှိသွားကြသည်ဆိုသော်လည်း အဓိကမှာ မိုးကုတ်စစ်မျက်နှာဖြစ်သည်ဟူသော သတင်းများကလည်း တစိမ့်စိမ့် ထွက်နေသည်။ ဖြစ်နိုင်သည်ဟု သူလည်းထင်ပါသည်။ သူ့မိတ်ဆွေတချို့က သွားကာနီး မသိမသာနှုတ်ဆက် သွားကြ သည်။ အရိပ်အမြွက်လည်း ပြောသွားကြသည်။

သူသတိထားမိသလောက် မိုးကုတ်စစ်မျက်
နှာအတွက် ဇွန် ၁ ရက်နေ့မှာ စတင် စစ်ပြင်ပြီး ဇွန် ၂၅ ရက်နေ့မှာ စတိုက် သည်။ စစ်ပွဲစတင်လိုက်သည်နှင့် ကုန်စည်စီးဆင်းမှုက ပြတ်
တောင်းပြတ်တောင်း ဖြစ်သွားတော့သည်။ ထုံးစံအတိုင်း ကုန်ဈေးနှုန်းက နာရီနှင့်အမျှ တရိပ်ရိပ်တက်လာသည်။ ၁၀၂၇ ပထမပိုင်းလို တောတွင်းစခန်းများကို တိုက်ရသည် မဟုတ်ပဲ မြို့သိမ်းတိုက်ပွဲများ ဖြစ်သော
ကြောင့် စစ်ဗျူဟာကိုထိန်းချုပ် စစ်ဆင်ရသည်။ ထို့အတွက် စစ်ပွဲကာလက ရှည်လာသည်။

အရေးထဲဇွန် ၁၀ ရက်နေ့မှာနောင်ချိုက ၆၀၆ ဒုံးတပ်ကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်သောအခါ တရုတ်ရဲ့ ကုလားဖန်ထိုးမှုနဲ့အတူ ဆွေးနွေးပွဲလုပ်ရပြန်သည်။ စကစ ကလည်း မဟာမိတ်တပ်တို့သိမ်းပိုက်ထားသောဒေသများကို ရိက္ခာဖြတ်ရန် အစွမ်းကုန်ကြိုးစား
👍14❤2🔥1🖕1