မော်လူးမြို့အနီးတိုက်ပွဲဆက်တိုက်ပြင်းထန်
■စစ်တပ်ကလေကြောင်းပစ်ကူအပြင်းအ
ထန်လုပ်နေ၊လက်နက်ကြီးနဲ့ဒရုန်းကြောင့်ကားသမားသေဆုံးတာတွေရှိသလိုဆီခြံမီးလောင်
နိုဝင်ဘာ-၇၊၂၀၂၆။ကတ်သရင်း/People's Spring
မော်လူးမြို့အနီးတိုက်ပွဲတွေဆက်လက်ပြင်း
ထန်နေသလို ပေကုန်းမှာလည်းဒီနေ့မနက်ပိုင်းကတည်းကတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ် ။
စစ်တပ်က ယနေ့ညပိုင်းအထိ လေယာဉ်နဲ့ဗုံးကြဲနေပြီး ဆီခြံအချို့မီးလောင်ခဲ့သလို ပိတ်မိနေတဲ့ကားတွေက ကားသမားအချို့သေဆုံး ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လူးမြို့အနီးနဲ့ မန်ဟဲမှာ နိုဝင်ဘာလ၄ရက် နေ့ကတည်းက တိုက်ပွဲပြင်းထန် နေပြီး စစ်
တပ်က လေယာဉ်တွေနဲ့ ပစ်ကူပေးပြီးဆက်တိုက်ကြဲ နေတာဖြစ်ပါတယ်။
"ဖြစ်တာ မော်လူးလို့ကျွန်တော်တို့သိထားတာ။တကယ်ပိုဖြစ်တာကမန်ဟဲမှာ။၄ရက်နေ့က ကျွန် တော်အဲဒီမှာပိတ်မိနေတာ။လမ်းမှာသစ်ပင်ကြီးတွေလဲနေတယ်။အချင်းချင်းပစ်ပြီးခဏနေရင်ဒရုန်းဝဲတယ်။အဲတာပြီးရင် လေယာဉ်လာတယ်။ညနေ၅နာရီ ကျော်မှာလေယာဉ်က၁၄လုံးကြဲတယ်။ ၁၂ဘီးကား အောက်ဝပ် နေတဲ့ ကားသမားတ ယောက်ထိပြီး တခြမ်းလုံးအပေါက် တွေဖြစ်တယ်။၇နာရီလောက် ဖိုက်တာထပ်တက်လာပြီး၂လုံးကြဲတာ။ကားသမားတွေတော်တော်ထိတယ်"
လို့ အိမ်စီးကားနဲ့ခရီးသွားနေသူတဦးက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ည တညလုံးနီးပါးတိုက်ပွဲဖြစ်ပြီး နိုဝင်ဘာ ၅ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်ကမော်လူးကနေ မန်ဟဲဘက်ကို လက်
နက်ကြီးနဲ့ပစ်တာ မှာမနက်စာစားနေတဲ့နေရာကျပြီး ကားသမားတွေထိပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိပြီးသေဆုံးသွားတဲ့ကားသမားတယောက်ကို သဂြိုဟ်ဖို့စီစဥ်ပေမယ့်စစ်တပ်က သုသာန်ကိုသွားခွင့်မပေးသလို ပိတ်မိနေတဲ့ပြုသူတေ့ကို ကျန်းမာရေးလုပ်ဖို့တောင် ခွင့်မပြုဘူးလို့ ခရီးသည်အချို့ကဆက်ပြောပါတယ်။
နိုဝင်ဘာ ၅ရက် နေ့တစ်နေ့လုံးထပ်မံတိုက်ပွဲဖြစ်ပြီးစစ်တပ်ကလည်း ဂျက်ဖိုက်တာ လေယာဥ်တွေနဲ့အကြိမ်ကြိမ်ဗုံးကြဲပစ်ကူပေးတယ်လို့ သိရပါတယ်။ဒါပေမယ့်တိုက်ပွဲအခြေအနေအသေးစိပ်ကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်ညနေပိုင်းမှာ အိမ်စီးကားတချို့ကွင်းလမ်းကနေထွက်ပြီး ပေကုန်းဘက်ကို ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ မန်ဟဲမှာ ပိတ်မိနေတဲ့ကားသမားတွေကတော့ ကားတွေထားပြီး ဘေးလွတ်ရာ ရှောင်တိမ်း နေရတယ်လို့ ကားသမားအချို့ကပြောပါတယ်။
မော်လူးမြို့တွင်းကိုလည်း စစ်တပ်ကနိုဝင်
ဘာလ ၅ရက်မှာ ဗုံးကြဲတာကြောင့် ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၆ရက်နေ့မှာလည်းတိုက်ပွဲတွေ
ကြောင့် မော်လူးမြို့တွင်းကား မီး လောင်တာ တွေရှိခဲ့သလို၊စစ်တပ်လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့်လူသေဆုံးမှု ရှိခဲ့တယ်လို့ ယာဥ်မောင်းအချို့ကပြောပါတယ်။
မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေ
ကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ထွက်လို့ရတဲ့ကားတချို့ကတော့ယာခင်း တွေဖြတ်ပြီး နန့်စီးအောင်ဘက်ကိုပြန်တက်ကြ ပေမယ့် ပိတ်မိနေဆဲကားအစီးရေရာနဲ့ချီရှိသေးတယ်လို့ စုံစမ်းသိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မနက်ကပိုင်းမှာလည်း ပေကုန်းရွာအနီးတိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ ဒေသခံအချို့ကပြောပါတယ် ။စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲပြီးဆက်တိုက်ပစ်ကူပေး နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဒါ့အပြင် နိုဝင်လာ ၇ ရက်ညပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပေကုန်းနဲ့ မော်လူးမြို့ကြားဆီခြံကိုဗုံးထိမှန်ပြီး မီးလောင်နေတယ်လို့သိရပါတယ် ။
ဒေသတွင်းက ကသာ - ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ - မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။

👎13👍3🔥2❤1👏1😁1