People's Spring
✔
58.8K subscribers
73.1K photos
1.31K videos
10 files
3.14K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
🥰21❤5👍1👏1🤮1👌1🤣1🖕1
■Photo News

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အတွက် ဗိုလ်ချုပ်ဂွန်​မော်ရဲ့ ရိုးရှင်းတဲ့မွေး​နေ့ဆုမွန်​တောင်း​

နိုဝင်ဘာ-၇၊၂၀၂၆။People's Spring

အာရက္ခတပ်​တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်
ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့်​မွေး​​နေ့ မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ ကချင်လွတ်လပ်
ရေးတပ်မတော်(KIO/KIA)ခေါင်းဆောင်
တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ​မွေး​နေ့ဆု​တောင်း​ပေးလိုက်ပါတယ် ။ ကချင်လွတ်
လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်
ကြီး ဂွန်​မော်က သူနဲ့အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ AA ဒုတပ်မှူးချုပ် ​ဒေါက်တာညိုထွန်း​အောင် တို့ သုံးဦး အချိုပွဲစားရင်းစကား
လက်ဆုံကျ​နေတဲ့ဓါတ်ပုံ​​ပေါ်မှာ
"Happy Birthday"လို့ ရိုးရိုးရှင်းရှင်း​မွေး​နေ့ဆု​တောင်း​ပေးထားတာဖြစ်ပါတယ်။

အာရက္ခတပ်​တော်ရဲ့ ဒုတပ်မှူးချုပ်၊ တပ်မှူးများနဲ့ရဲ​ဘော်ရဲဘက်များကလည်း “တပ်မှူးချုပ်ရဲ့စိတ်ထဲရှိနေတဲ့ ဆန္ဒတွေ တစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာနိုင်ပြီးတော့ အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းချက်ဆန္ဒတွေလည်း သိပ်မကြာခင် ပြည့်နိုင်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်။ အာရက္ခဒေသ နဂိုနေရာမှန်သို့ အမြန်ဆုံးရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့အားလုံး အတူတူ ဆက်ပြီးကြိုးစားသွားကြရအောင်”
လို့​မွေး​​​နေ့ဆုမွန်​တောင်း​ပေးထားပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်
(BPLA)ကွပ်ကဲ​ရေးမှူးကို​ဆောင်းခ အပါ
အဝင် ​တော်လှန်​ရေးတပ်အသီးသီးက​ခေါင်း​ဆောင်​တွေ၊တာဝန်ရှိသူ​တွေက AA တပ်မှူးချုပ်ရဲ့ နိုဝင်ဘာ၇ ရက်မှာကျ​ရောက်တဲ့ ၄၈ နှစ်ပြည့်​မွေး​​နေ့အတွက် ​မွေး​​နေ့ဆုမွန်အသီးသီး​တောင်းဆိုကြာတာကိုလည်း​တွေ့ရပါတယ် ။
❤17👏3🥰2🙏1🤣1
❤19🥰4👍2👏1🖕1🫡1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး Free Her ကမ်ပိန်းကို
သြစတြေးလျရောက်မြန်မာတွေပြုလုပ်

နိုဝင်ဘာ-၇၊၂၀၂၆။သုည/People's Spring

သြစ​​​တြေးလျနိုင်ငံဆစ်ဒနီမြို့မှာပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းတွေ လွတ်မြောက်ရေး Free Herကမ်ပိန်းလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇)က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကမ်ပိန်းကို Sydney Myanmar Community Organising မှ ဦးဆောင်ခဲ့ပြီး ဆရာမ မသီတာ (စမ်းချောင်း)၊ Julia Finn MP၊ Patrick Burgess၊ Dr Elizabeth Biok၊ Paul Power၊ တိဘက်လွတ်မြောက်ရေးလှုပ်ရှားမှုမှ ကိုယ်စားလှယ်များဖြစ်ကြတဲ့ Tara နဲ့ Yu၊ Patricia Garcia နဲ့ Councillor Olivia Barlow တို့က ပါဝင်တက်ရောက်ကာ အမှာစကားများ ပြောကြားခဲ့ပါတယ်။

ဟောပြောသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအ
ကျဉ်းသားအားလုံးရဲ့ အခြေအနေ၊ မြန်မာ
နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့ကြပါတယ််။
.
ဒါ့အပြင် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အာဏာကို တရားမဝင်သိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်
လည်လွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ထိရောက်တဲ့ ဖိအားပေးမှုတွေ ဆက်
လက်လုပ်ဆောင်သွားရေးတို့ကို တိုက်တွန်း
တောင်းဆိုခဲ့ကြပါတယ်။
.
"Free Daw Aung San Suu Kyi၊ Free All Political Prisoners" စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကာ နိုင်ငံရေးအကျဉ်းသားအား
လုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
.
ဟောပြောပွဲအပြီးမှာ တက်ရောက်လာသူတွေက လမ်းလျှောက်ဆန္ဒပြပွဲ အဖြစ် Sydney Town Hall မှ Hyde Park သို့ လူအင်အား (၂၀၀) ခန့်နဲ့စည်းကမ်းတကျ၊ ငြိမ်းချမ်းစွာ စုပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။
.
ချီတက်ဆန္ဒပြပွဲတစ်လျှောက် နိုင်ငံရေးအ
ကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်အာ
ဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်
မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။
❤15👏2🥰1🕊1🤣1
ဓာတ်ပုံ - Sydney Myanmar Community Organising
❤18🥰3👍1🙏1🖕1
မော်လူးမြို့အနီးတိုက်ပွဲဆက်တိုက်ပြင်းထန်

■စစ်တပ်ကလေကြောင်းပစ်ကူအပြင်းအ
ထန်​လုပ်နေ၊လက်နက်ကြီးနဲ့ဒရုန်း​ကြောင့်ကားသမားသေဆုံးတာတွေရှိသလိုဆီခြံမီးလောင်

နိုဝင်ဘာ-၇၊၂၀၂၆။ကတ်သရင်း/People's Spring

မော်လူးမြို့အနီးတိုက်ပွဲတွေဆက်လက်ပြင်း
ထန်နေသလို ပေကုန်းမှာလည်းဒီနေ့မနက်ပိုင်းကတည်းကတိုက်ပွဲပြင်းထန်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

စစ်တပ်က ယနေ့ညပိုင်းအထိ လေ‌‌ယာဉ်နဲ့ဗုံးကြဲ​နေပြီး ဆီခြံအချို့မီးလောင်ခဲ့သလို ပိတ်မိ​နေတဲ့ကား​တွေက ကားသမားအချို့သေဆုံး ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လူးမြို့အနီးနဲ့ မန်ဟဲမှာ နိုဝင်ဘာလ၄ရက် နေ့ကတည်းက တိုက်ပွဲပြင်းထန် နေပြီး စစ်
တပ်က လေယာဉ်​တွေနဲ့ ပစ်ကူ​ပေးပြီးဆက်တိုက်ကြဲ နေတာဖြစ်ပါတယ်။

"ဖြစ်တာ မော်လူးလို့ကျွန်တော်တို့သိထားတာ။တကယ်ပိုဖြစ်တာကမန်ဟဲမှာ။၄ရက်နေ့က ကျွန် တော်အဲဒီမှာပိတ်မိနေတာ။လမ်းမှာသစ်ပင်ကြီးတွေလဲနေတယ်။အချင်းချင်းပစ်ပြီးခဏနေရင်ဒရုန်းဝဲတယ်။အဲတာပြီးရင် လေယာဉ်လာတယ်။ညနေ၅နာရီ ကျော်မှာလေယာဉ်က၁၄လုံးကြဲတယ်။ ၁၂ဘီးကား အောက်ဝပ် နေတဲ့ ကားသမားတ ယောက်ထိပြီး တခြမ်းလုံးအပေါက် တွေဖြစ်တယ်။၇နာရီလောက် ဖိုက်တာထပ်တက်လာပြီး၂လုံးကြဲတာ။ကားသမားတွေတော်တော်ထိတယ်"
လို့ အိမ်စီးကားနဲ့ခရီးသွားနေသူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်​နေ့ည တညလုံးနီးပါးတိုက်ပွဲဖြစ်ပြီး နိုဝင်ဘာ ၅ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်ကမော်လူးကနေ မန်ဟဲဘက်ကို လက်
နက်ကြီးနဲ့ပစ်တာ မှာမနက်စာစားနေတဲ့နေရာကျပြီး ကားသမားတွေထိပြီး ​သေဆုံးဒဏ်ရာရသူ​တွေရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ထိပြီး​သေဆုံးသွားတဲ့ကားသမားတယောက်ကို သဂြိုဟ်ဖို့စီစဥ်​ပေမယ့်စစ်တပ်က သုသာန်ကိုသွားခွင့်မ​ပေးသလို ပိတ်မိ​နေတဲ့ပြုသူ​တေ့ကို ကျန်းမာရေးလုပ်ဖို့​တောင် ခွင့်မပြုဘူးလို့ ခရီးသည်အချို့ကဆက်ပြောပါတယ်။

နိုဝင်ဘာ ၅ရက် နေ့တစ်နေ့လုံးထပ်မံတိုက်ပွဲဖြစ်ပြီးစစ်တပ်ကလည်း ဂျက်ဖိုက်တာ ​လေယာဥ်တွေနဲ့အကြိမ်ကြိမ်ဗုံးကြဲပစ်ကူ​ပေးတယ်လို့ သိရပါတယ်။ဒါ​ပေမယ့်တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကို​တော့ မသိရ​သေးပါဘူး။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်ညနေပိုင်းမှာ အိမ်စီးကားတချို့ကွင်းလမ်းကနေထွက်ပြီး ပေကုန်းဘက်ကို ထွက်​ပြေးခဲ့တယ်လို့ သိရပါတယ်။ မန်ဟဲမှာ ပိတ်မိနေတဲ့ကားသမားတွေကတော့ ကားတွေထားပြီး ဘေးလွတ်ရာ ရှောင်တိမ်း နေရတယ်လို့ ကားသမားအချို့က​ပြောပါတယ်။

မော်လူးမြို့တွင်းကိုလည်း စစ်တပ်ကနိုဝင်
ဘာလ ၅ရက်မှာ ဗုံးကြဲတာကြောင့် ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ ‌အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၆ရက်နေ့မှာလည်းတိုက်ပွဲ​တွေ​
ကြောင့် မော်လူးမြို့တွင်းကား မီး လောင်တာ တွေရှိခဲ့သလို၊စစ်တပ်လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့်လူသေဆုံးမှု ရှိခဲ့တယ်လို့ ​ယာဥ်​မောင်းအချို့က​ပြောပါတယ်။

မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေ
ကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ထွက်လို့ရတဲ့ကားတချို့ကတော့ယာခင်း တွေဖြတ်ပြီး နန့်စီးအောင်ဘက်ကိုပြန်တက်ကြ ပေမယ့် ပိတ်မိနေဆဲကားအစီး​ရေရာနဲ့ချီရှိသေးတယ်လို့ စုံစမ်းသိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မနက်ကပိုင်းမှာလည်း ပေကုန်းရွာအနီးတိုက်ပွဲပြင်းထန်​နေပြီး ပစ်ခတ်သံ​တွေ ဆူညံ​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲပြီးဆက်တိုက်ပစ်ကူ​ပေး နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒါ့အပြင် နိုဝင်လာ ၇ ရက်ညပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပေကုန်းနဲ့ မော်လူးမြို့ကြားဆီခြံကိုဗုံးထိမှန်ပြီး မီးလောင်နေတယ်လို့သိရပါတယ် ။

ဒေသတွင်းက ကသာ - ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ - မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။
👎13👍3🔥2❤1👏1😁1