ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်း လှုပ်ရှားမှုကို မကွေးတိုင်းက ဒေသခံတွေ ပြုလုပ်
နိုဝင်ဘာ ၇၊၂၀၂၆။သုည/People's Spring
မကွေးတိုင်းအတွင်းက ကျေးရွာတစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER ကမ်ပိန်းလူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇) ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ FREE HER လူထုလှုပ်ရှားမှု မှာ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနဲ့ "Free Aung San Suu Kyi, Release Now, End Political Detention" ၊ "Free Her Aung San Suu Kyi" စတဲ့ စာသားကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် "အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ" လို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

🥰15❤5👏2🤮1🕊1🤣1🖕1
■Photo News
ဗိုလ်ချုပ်ထွန်းမြတ်နိုင် အတွက် ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရိုးရှင်းတဲ့မွေးနေ့ဆုမွန်တောင်း
နိုဝင်ဘာ-၇၊၂၀၂၆။People's Spring
အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်
ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့်မွေးနေ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်
ရေးတပ်မတော်(KIO/KIA)ခေါင်းဆောင်
တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မွေးနေ့ဆုတောင်းပေးလိုက်ပါတယ် ။ ကချင်လွတ်
လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်
ကြီး ဂွန်မော်က သူနဲ့အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ AA ဒုတပ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် တို့ သုံးဦး အချိုပွဲစားရင်းစကား
လက်ဆုံကျနေတဲ့ဓါတ်ပုံပေါ်မှာ
"Happy Birthday"လို့ ရိုးရိုးရှင်းရှင်းမွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ ဒုတပ်မှူးချုပ်၊ တပ်မှူးများနဲ့ရဲဘော်ရဲဘက်များကလည်း “တပ်မှူးချုပ်ရဲ့စိတ်ထဲရှိနေတဲ့ ဆန္ဒတွေ တစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာနိုင်ပြီးတော့ အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းချက်ဆန္ဒတွေလည်း သိပ်မကြာခင် ပြည့်နိုင်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်။ အာရက္ခဒေသ နဂိုနေရာမှန်သို့ အမြန်ဆုံးရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့အားလုံး အတူတူ ဆက်ပြီးကြိုးစားသွားကြရအောင်”
လို့မွေးနေ့ဆုမွန်တောင်းပေးထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်
(BPLA)ကွပ်ကဲရေးမှူးကိုဆောင်းခ အပါ
အဝင် တော်လှန်ရေးတပ်အသီးသီးကခေါင်းဆောင်တွေ၊တာဝန်ရှိသူတွေက AA တပ်မှူးချုပ်ရဲ့ နိုဝင်ဘာ၇ ရက်မှာကျရောက်တဲ့ ၄၈ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်အသီးသီးတောင်းဆိုကြာတာကိုလည်းတွေ့ရပါတယ် ။

❤17👏3🥰2🙏1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး Free Her ကမ်ပိန်းကို
သြစတြေးလျရောက်မြန်မာတွေပြုလုပ်
နိုဝင်ဘာ-၇၊၂၀၂၆။သုည/People's Spring
သြစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းတွေ လွတ်မြောက်ရေး Free Herကမ်ပိန်းလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇)က ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ကမ်ပိန်းကို Sydney Myanmar Community Organising မှ ဦးဆောင်ခဲ့ပြီး ဆရာမ မသီတာ (စမ်းချောင်း)၊ Julia Finn MP၊ Patrick Burgess၊ Dr Elizabeth Biok၊ Paul Power၊ တိဘက်လွတ်မြောက်ရေးလှုပ်ရှားမှုမှ ကိုယ်စားလှယ်များဖြစ်ကြတဲ့ Tara နဲ့ Yu၊ Patricia Garcia နဲ့ Councillor Olivia Barlow တို့က ပါဝင်တက်ရောက်ကာ အမှာစကားများ ပြောကြားခဲ့ပါတယ်။
ဟောပြောသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအ
ကျဉ်းသားအားလုံးရဲ့ အခြေအနေ၊ မြန်မာ
နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့ကြပါတယ််။
.
ဒါ့အပြင် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အာဏာကို တရားမဝင်သိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်
လည်လွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ထိရောက်တဲ့ ဖိအားပေးမှုတွေ ဆက်
လက်လုပ်ဆောင်သွားရေးတို့ကို တိုက်တွန်း
တောင်းဆိုခဲ့ကြပါတယ်။
.
"Free Daw Aung San Suu Kyi၊ Free All Political Prisoners" စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကာ နိုင်ငံရေးအကျဉ်းသားအား
လုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
.
ဟောပြောပွဲအပြီးမှာ တက်ရောက်လာသူတွေက လမ်းလျှောက်ဆန္ဒပြပွဲ အဖြစ် Sydney Town Hall မှ Hyde Park သို့ လူအင်အား (၂၀၀) ခန့်နဲ့စည်းကမ်းတကျ၊ ငြိမ်းချမ်းစွာ စုပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။
.
ချီတက်ဆန္ဒပြပွဲတစ်လျှောက် နိုင်ငံရေးအ
ကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်အာ
ဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်
မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

❤15👏2🥰1🕊1🤣1