စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️စစ်အုပ်စုအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက် စစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာ ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံ
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။ ချင်းပြည်နယ်အတွင်းအရပ်သားပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိ ၁၀ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့ CHROက ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန(DOJ)ဆီ ၂၀၂၃အောက်တိုဘာက တိုင်ကြားခဲ့တဲ့အမှုကို DOJ ကအရေးယူဆောင်ရွက်ဖို့ငြင်းဆိုခဲ့တဲ့ပေါ် အယူခံတရားရုံးသို့ အသနားခံလွှာတင်ပြခဲ့ရာ နိုဝင်ဘာ ၃ရက်မှာ အမှုတွဲကို တရားဝင်မှတ်ပုံတင်လက်ခံခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ပယ်ချခဲ့တဲ့ အမှုတခုကို ဖိလစ်ပိုင်နိုင်ငံအယူခံတရားရုံးက တရားဝင် မှတ်ပုံတင်လက်ခံလိုက်တဲ့အပေါ် ကြိုဆိုကြောင်း CHRO အမှုဆောင်ဒါရိုက်တာဆလိုင်းဇာအုပ်က ပြောကြားခဲ့ပါတယ်။
◾️ထိုင်းဘက်ခြမ်းမှာ လက်နက်ငယ်ကျည်ထပ်ကျ
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူး-မင်းလက်ပံဒေသမှာ နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းက KNU နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စုထဲက နေအိမ်တွေအပေါ် ခဲယမ်းကျရောက်ထိမှန်ခဲ့တာတွေရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက် ၅ နာရီက ဖလူး-မင်းလက်ပံဒေသမှာ KNU ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပြီး စစ်တပ်ရဲ့ လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ်ကျည်ဆံတချို့ဟာ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စု၊ အမှတ်(၉)ရပ်ကွက်ထဲ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ခဲ့တဲ့ အိမ်တွေကို ထိုင်းဒေသအာဏာပိုင်တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
◾️KNU မြိတ်-ထားဝယ်ခရိုင်က မဇောရွာကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်နဲ့ မသန်စွမ်း အပါအဝင် ၃ဦးသေဆုံး၊ ၇ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မဇောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ရက် မနက်က စစ်တပ် တိုက်လေယာဉ် ၁စီး၊ Gyrocopter ၃စီးနဲ့ တိုက်ခိုက်ခဲ့ရာ မဇောကျေးရွာက ပြည်သူတွေ ထိခိုက်ခဲ့တာပါ။ မဇောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ဦးကတော့ ကလေးငယ် ၁ဦး၊ မသန်စွမ်း ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ မူကြိုစာသင်ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က ကျေးရွာတွေနဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင်က ကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်လို အရပ်သား သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၅ရက် ညနေပိုင်းက တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြိုနယ် ဝိဇ္ဇာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️မြန်မာစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာတွေအတွက် ယူရို ၁၆ သန်း ဖြည့်တင်းကူညီမယ်လို့ EU ကြေညာ

👍9🤮1🤣1🖕1
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ နောက်ထပ် ယူရို ၁၆ သန်းကို ဥရောပသမဂ္ဂ (EU)က ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ နေရပ်စွန့်ခွာရသူတွေ တိုးလာတာကြောင့် အခုလို ရန်ပုံငွေခွဲတမ်းတွေတိုးမြှင့် သတ်မှတ်ပေးတာဖြစ်ကြောင်း EUက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ EUရဲ့ မစ်ရှင်ဟာ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ဖြည့်တင်းမှုတွေကို အဓိကထား ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအပြင် စူပါအယ်လ်နီညို မိုးလေဝသ ဖြစ်စဉ်ကြောင့်ပါ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာ၊ တစ်ကမ္ဘာလုံးမှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးမှုတွေ ကြုံတွေ့ထားတာတွေအတွက် လိုအပ်တဲ့ တုံ့ပြန်မှုအဖြစ် အခုလိုမျိုး လူသားချင်း စာနာမှု ရန်ပုံငွေကို တိုးမြှင့် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EUက ဆိုပါတယ်။
◾️အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
◾️စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်
စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။ အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။
◾️ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်

👍8❤2🤮1🤣1🖕1
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ ‘ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်’ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။ ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
👍10❤1🤮1🤣1🖕1
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်း လှုပ်ရှားမှုကို မကွေးတိုင်းက ဒေသခံတွေ ပြုလုပ်
နိုဝင်ဘာ ၇၊၂၀၂၆။သုည/People's Spring
မကွေးတိုင်းအတွင်းက ကျေးရွာတစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER ကမ်ပိန်းလူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇) ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ FREE HER လူထုလှုပ်ရှားမှု မှာ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနဲ့ "Free Aung San Suu Kyi, Release Now, End Political Detention" ၊ "Free Her Aung San Suu Kyi" စတဲ့ စာသားကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် "အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ" လို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

🥰15❤5👏2🤮1🕊1🤣1🖕1