People's Spring
✔
58.8K subscribers
73.1K photos
1.31K videos
10 files
3.14K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍15❤8🥰2🤮1🖕1
စစ်တပ်ရဲ့ လေကြောင်းအန္တရယ်ကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စပါးရိတ်သိမ်းဖို့ ခက်ခဲနေ

■စပါးခင်းဧကထောင်ချီ ရိတ်သိမ်းချိန်​ရောက်ပေမယ့် မရိတ်သိမ်းနိုင်ကြသေး

နိုဝင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/ People's Spring

တိုက်ပွဲဖြစ်နေတဲ့စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောနဲ့ ပုဏ္ဏာားကျွန်းမြို့နယ်တို့မှာရှိတဲ့ စပါးခင်းဧက ထောင်ချီ ရိတ်သိမ်းချိန်တန်နေပြီဖြစ်ပေမယ့် စစ်တပ်ကလေကြောင်းဗုံးကြဲနေတာကြောင့် မရိတ်သိမ်း နိုင်ဖြစ်နေကြတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေဖြစ်တဲ့ တောင်းဖူး၊ သဝင်ချောင်း၊ အ၀
ကန်၊ ကြိမ်ခွေမော်၊ တပ်မော်၊ မနော်သီရီ၊ မြစ်အနောက်ဘက်ကမ်းရှိ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုး၊ တန်းစွယ်စတဲ့ကျေးရွာအတွင်းမှ ဒေသခံတွေဟာ စစ်တပ်​က​လေ​ယာဥ်နဲ့ ဗုံးကြဲတဲ့အန္တရာယ်​ကြောင့်စပါးခင်းတွေကို မရိတ်
သိမ်းနိုင်ဘဲ ဖြစ်​နေကြတာပါ ။

“စပါးခင်းတွေ မှည့်နေပြီ။ အခုတောင် ရိတ်လို့ရပြီ။ရှေ့လလောက်ဆိုရင်အကုန်ရိတ်ရတော့မှာ။ ဘယ်လိုလုပ်ရမယ် မှန်းတောင်မသိသေးဘူး။ စပါးသွားရိတ်ဖို့မပြောနဲ့၊ ရွာနားတောင် ကပ်လို့မရဘူး တရက်မပျက်ဗုံးကြဲနေတာကို” လို့ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာမှစပါး
ဧက ၄၀ ကျော်စိုက်ပျိုးထားတဲ့ လယ်သမားတဦးက ပြောပါတယ်။

စစ်တပ်ဟာ ကုလားတန်မြစ်လယ်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့ကြိုုးစားနေပြီး ကုလားတန် မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းနေရာတွေကို လေကြောင်းကနေ နေ့စဉ်မပြတ်ဗုံးကြဲနေတာဖြစ်ပါတယ်။

အဲဒီလို ဗုံးကြဲမှုကြောင့် ပေါက်တောမြို့နယ်အတွင်းက မြစ်ကမ်းဘေးရွာတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ကျေးရွာအားလုံးနီးပါးမှ ဒေသခံထောင်ချီဟာနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

“စပါးတခင်းကတော့ ဆုံးပါပြီ။ဒီနှစ် အေး
ချမ်းမလား၊ လယ်စိုက်လို့ရမလားဆိုပြီး စိုက်ထားတာ။ အကြွေးယူပြီး စိုက် ထားတာပါ။ စပါးရိတ်နိုင်ဖို့ မလွယ်တော့ဘူး။ ရင်းထားရတာလည်း များတယ်” လို့ ပုဏ္ဏားကျွန်းမြို့
နယ် တန်းခိုးရွာမှ လယ်သမားတဦးဖြစ်တဲ့
ကိုမောင်တင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်တပ်အာဏာ
သိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်ငန်းသွင်းအားစုတွေနဲ့ လုပ်အားခစျေး ကြီးတာကြောင့် လယ်သမားတွေဟာအရင်းအနှီးအများအ
ပြားသုံးကာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ် ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ်အတွင်းမှာလည်း အာရက္ခတပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတဆယ်ကျော် လက်လွှတ်ထားရပြီး ထိခိုက်၊ သေဆုံးသူတွေ ဆယ်ချီရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အထိနာနေတဲ့စစ်တပ်ဟာ ကုလားတန်မြစ်
ပြင်၊ ပင်လယ်ပြင်တို့မှာ စစ်သင်္ဘောအများအပြားနေရာယူထားပြီး စစ်သင်္ဘောတွေနဲ့ မြို့ပေါ်က စစ်တပ် တပ်ရင်းတွေကနေ လက်
နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဒါ့ကြောင့် ပေါက်တောမြို့နယ်အတွင်းက လယ်သမားတွေအပြင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်း ကျွန်းတို့ရှိ ကျေးရွာတွေမှ ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ဒေသခံတွေဟာလည်း ပင်လယ်ပြင်ငါးထွက်မဖမ်းနိုင်ဖြစ်နေကြပါတယ်။

“ပင်လယ်ထွက်ရင်စစ်တပ်ကလိုက်ပစ်တယ်၊ ဖမ်းတယ်။ဘယ်လိုမှ ထွက်လို့မရတော့ဘူး။ အလုပ်မရှိလို့ ကိုယ့်ရွာ မှာ ကိုယ်နေပြီး ငတ်တဲ့သူတွေ ငတ်နေကြပြီ”လို့ ပေါက်တောမြို့
နယ် ဆင်တက်မော်ကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊စပါးစျေးကောင်းမရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အပြည့်အ၀မလုပ်ကြ တော့ဘဲ လယ်
ယာလုပ်ငန်းကို စွန့်ခွာလာနေကြပါတယ်။

ဒါ့ကြောင့်စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိခဲ့တဲ့ရခိုင်မှာ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဧက ၅ သိန်းဝန်းကျင်ကိုသာ ထွန်ယက်စိုက်ပျိုးနိုင် ခဲ့ကြပါတယ်။စိုက်ပျိုးပြီးသား စပါးခင်းတွေကိုပါ မရိတ်သိမ်းနိုင်ကြရင် နောက်နှစ်မှာ ​ဒေသတွင်း
စားနပ် ရိက္ခာကိုပါ ထိခိုက်မှုရှိလာနိုင်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

“ဒီနှစ်စပါးအထွက်မကောင်း၊ ကောင်းကောင်းမွန်မွန်မရိတ်သိမ်းရရင် နောက်နှစ် စပါးရှားလာနိင်တယ်။ စျေးလည်းတက်နိုင်သွားနိုင်တယ်” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန် နေပြီး စစ်တပ်ဘက်ကအထိနာနေကာတိုက်ပွဲဆက်စပ်နေရာတွေအပြင် အရပ်သားလူနေကျေးရွာတွေကိုပါ စစ် တပ်က လေကြောင်းဗုံးကြဲတာ၊ လက်
နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။
😢10👍3❤1👏1🤬1🎉1🤣1
ယခင်နှစ်​တွေမှာ ရခိုင်ပြည်နယ်အတွင်း စပါးရိတ်နေကြတဲ့ တောင်သူတွေကို တွေ့ရစဉ်။ ဓါတ်ပုံ-CJ
😢8🔥1👏1🤩1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(နိုဝင်ဘာ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကနီမှာ စစ်တပ်ဗုံးကြဲလို့ သေဆုံးထိခိုက်များ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စာသင်ကျောင်းနဲ့ ရွာထဲကို နိုဝင်ဘာ ၇ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဆရာမတွေနဲ့ ကလေးတွေ အပါအဝင် ၁၁ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ ကနီမြို့နယ် ညောင်ပင်လယ်ရွာစာသင်ကျောင်းနဲ့ ပတ်ဝန်းကျင်ကို ဂျိုင်ရိုကော်ပတာသုံးစီးနဲ့စစ်တပ်က ဗုံးကြဲတာပါ။ ကနဦးရရှိတဲ့ သတင်းအရ ၁၁ဦး သေဆုံးပြီး ကျောင်းနဲ့ အိမ်ငါးလုံးလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။ ဆရာမကြီးအိမ်မှာ နေတဲ့ ၅ဦးမှာ တစ်ဦးပဲ လွတ်ပြီး စုစုပေါင်း သေဆုံးသူ ၁၁ဦးအထိ ရှိလာပြီလို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

◾️မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ Unilever အတည်ပြု

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုလိုက်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတည်ငြိမ်တဲ့ နိုင်ငံမှာ စစ်အုပ်စုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာအောင် အသည်းအသန် ကြိုးစားနေချိန်မှာ Unileverက မြန်မာကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့တာပါ။ Unileverရဲ့ မြန်မာဖက်စပ်လုပ်ငန်းရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချဖို့ သဘောတူညီထားပြီးပြီလို့ Unilever လုပ်ငန်းစုကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ယောက်က ရိုက်တာကို ဖြေကြားခဲ့ပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့လည်း Unileverက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

◾️AA တပ်မှူးချုပ်မွေးနေ့မှာ စစ်တပ်က လေကြောင်း ကင်းထောက်

အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာ ၇ရက် မှာ အာဏာသိမ်းစစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်​တွေကို လေကြောင်းကနေ ကင်းထောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီကျော်မှာ မြောက်ဦးမြို့ပေါ်၊ မြို့နယ်ထဲနဲ့ ကျောက်တော်မြို့နယ်တွေကို စစ်တပ်ရဲ့ ATR-42 ထောက်ပို့၊ ကင်းထောက်လေယာဉ် တစ်စီးနဲ့ နာရီဝက်နီးပါးကြာ ကင်းထောက်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလေကြောင်းကင်းထောက်မှုရှိလို့ ပြည်သူတွေ သတိထားနေထိုင်ကြဖို့ မြောက်ဦးမြို့ခံတစ်ဦးက တိုက်တွန်းပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဒီ​နေ့ လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာလည်း Y12 ထောက်ပို့၊ ဗုံးကြဲလေယာဉ်တစ်စီးနဲ့ အချိန်ကြာကြာဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီနေ့ မနက် ၈ နာရီကျော်မှာတော့ စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

◾️မှောင်ခိုမူးယစ်ဆေးနဲ့ သစ်တွေကို သက်သေဖျောက်ဖို့ စစ်တပ် ကြိုးပမ်း

ပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေနဲ့ သစ်တင်လာတဲ့ သင်္ဘာကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က သက်သေဖျောက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မှောင်ခိုသယ်သူတွေက ပင်လယ်ကူးငါးဖမ်းသင်္ဘောနဲ့ အောက်တိုဘာ ၃၁ ရက်မှာ တနင်္သာရီတိုင်း၊ ကော့သောင်းဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး ဧရာဝတီတိုင်း၊ လပွတ္တာပင်လယ်ပိုင်နက်မှာ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းမိတာလို့ ဆိုပါတယ်။ ဘိုကလေးဆိပ်ကမ်းကို ဆွဲယူစစ်ဆေးစဉ် သင်္ဘောပေါ်မှာ မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ သစ်တွေနဲ့ ကားတာရာတွေ အပြည့်ပါလာတာတွေ့ရတယ်လို့ ဘိုကလေးမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဖမ်းဆီးမှုဟာ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်လွဲပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းပြီးမှ သတင်းကို လိုက်ဖုံးနေကာ တရားခံတွေကိုလည်း လူချိန်းထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ အောက်ခြေပိုင်းက စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်း‌ကျေးရွာအုပ်ချုပ်ရေးမှူး မောင်မောင်တင် နဲ့ ဇော်ဝင်းလှိုင်ရဲ့ လက်ထောက်၊ ထွေအုပ်စာရေး ရဲသွေးနောင်တို့ အဓိကပါဝင်ပတ်သက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ မှောင်ခိုမူးယစ်ဆေးနဲ့ ကုန်တွေကို ဖမ်းဆီးပြီးမှ သူတို့ချင်း တံခါးပိတ်ဆွေးနွေးကာ လေးရက်အကြာမှာတော့ လူချိန်းပြီး တရားခံတွေကို လွှတ်ပေးတာ၊ သက်သေဖျောက်ဖျက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရေကြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။

◾️ဆားလင်းကြီး ကျိုင်းခမောက်ရွာ စစ်တပ်မီးရှိူ့လို့ နေအိမ်တွေပျက်စီး
👍6🤮2🤣1🖕1
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ ​နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️စစ်အုပ်စုအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက် စစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာ ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။ ချင်းပြည်နယ်အတွင်းအရပ်သားပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိ ၁၀ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့ CHROက ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန(DOJ)ဆီ ၂၀၂၃အောက်တိုဘာက တိုင်ကြားခဲ့တဲ့အမှုကို DOJ ကအရေးယူဆောင်ရွက်ဖို့ငြင်းဆိုခဲ့တဲ့ပေါ် အယူခံတရားရုံးသို့ အသနားခံလွှာတင်ပြခဲ့ရာ နိုဝင်ဘာ ၃ရက်မှာ အမှုတွဲကို တရားဝင်မှတ်ပုံတင်လက်ခံခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ပယ်ချခဲ့တဲ့ အမှုတခုကို ဖိလစ်ပိုင်နိုင်ငံအယူခံတရားရုံးက တရားဝင် မှတ်ပုံတင်လက်ခံလိုက်တဲ့အပေါ် ကြိုဆိုကြောင်း CHRO အမှုဆောင်ဒါရိုက်တာဆလိုင်းဇာအုပ်က ပြောကြားခဲ့ပါတယ်။

◾️ထိုင်းဘက်ခြမ်းမှာ လက်နက်ငယ်ကျည်ထပ်ကျ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူး-မင်းလက်ပံဒေသမှာ နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းက KNU နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စုထဲက နေအိမ်တွေအပေါ် ခဲယမ်းကျရောက်ထိမှန်ခဲ့တာတွေရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက် ၅ နာရီက ဖလူး-မင်းလက်ပံဒေသမှာ KNU ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပြီး စစ်တပ်ရဲ့ လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ်ကျည်ဆံတချို့ဟာ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စု၊ အမှတ်(၉)ရပ်ကွက်ထဲ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ခဲ့တဲ့ အိမ်တွေကို ထိုင်းဒေသအာဏာပိုင်တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

◾️KNU မြိတ်-ထားဝယ်ခရိုင်က မဇောရွာကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်နဲ့ မသန်စွမ်း အပါအဝင် ၃ဦးသေဆုံး၊ ၇ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မဇောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ရက် မနက်က စစ်တပ် တိုက်လေယာဉ် ၁စီး၊ Gyrocopter ၃စီးနဲ့ တိုက်ခိုက်ခဲ့ရာ မဇောကျေးရွာက ပြည်သူတွေ ထိခိုက်ခဲ့တာပါ။ မဇောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ဦးကတော့ ကလေးငယ် ၁ဦး၊ မသန်စွမ်း ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ မူကြိုစာသင်ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က ကျေးရွာတွေနဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင်က ကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်လို အရပ်သား သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၅ရက် ညနေပိုင်းက တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြိုနယ် ဝိဇ္ဇာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။

◾️မြန်မာစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာတွေအတွက် ယူရို ၁၆ သန်း ဖြည့်တင်းကူညီမယ်လို့ EU ကြေညာ
👍9🤮1🤣1🖕1
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ နောက်ထပ် ယူရို ၁၆ သန်းကို ဥရောပသမဂ္ဂ (EU)က ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ နေရပ်စွန့်ခွာရသူတွေ တိုးလာတာကြောင့် အခုလို ရန်ပုံငွေခွဲတမ်းတွေတိုးမြှင့် သတ်မှတ်ပေးတာဖြစ်ကြောင်း EUက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ EUရဲ့ မစ်ရှင်ဟာ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ဖြည့်တင်းမှုတွေကို အဓိကထား ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအပြင် စူပါအယ်လ်နီညို မိုးလေဝသ ဖြစ်စဉ်ကြောင့်ပါ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာ၊ တစ်ကမ္ဘာလုံးမှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးမှုတွေ ကြုံတွေ့ထားတာတွေအတွက် လိုအပ်တဲ့ တုံ့ပြန်မှုအဖြစ် အခုလိုမျိုး လူသားချင်း စာနာမှု ရန်ပုံငွေကို တိုးမြှင့် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EUက ဆိုပါတယ်။

◾️အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

◾️စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်

စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။ အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။

◾️ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်
👍8❤2🤮1🤣1🖕1
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ ‘ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်’ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က‌ ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။ ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
👍10❤1🤮1🤣1🖕1
👍11🔥1🤣1🖕1
👍10🔥2❤1🤣1🖕1
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်း လှုပ်ရှားမှုကို မကွေးတိုင်းက ဒေသခံတွေ ပြုလုပ်

နိုဝင်ဘာ ၇၊၂၀၂၆။သုည/People's Spring

မကွေးတိုင်းအတွင်းက ကျေးရွာတစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER ကမ်ပိန်းလူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇) ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ FREE HER လူထုလှုပ်ရှားမှု မှာ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနဲ့ "Free Aung San Suu Kyi, Release Now, End Political Detention" ၊ "Free Her Aung San Suu Kyi" စတဲ့ စာသားကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် "အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ" လို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
🥰15❤5👏2🤮1🕊1🤣1🖕1
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
🥰21❤5👍1👏1🤮1👌1🤣1🖕1