■ရုပ်ရှင်ခံစားမှု
ကာဘူးလ်က မေတ္တာ
The Breadwinner (၂၀၁၇)
၁၉၉၁ ခုနှစ် တာလီဘန်တို့ လွှမ်းမိုးထားတဲ့ အာဖဂန်နိစတန်နိုင်ငံ၊ ကာဘူးလ်မြို့မှာ အ
သက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ မိန်းက
လေးတစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ မိဘနှစ်ပါးရယ်၊ အမတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရယ် ရှိတယ်။
ပါဗာနာအဖေက ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နိစတန်ရဲ့ ရှေးဟောင်းသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံ
တကာအကြောင်းတွေကိုကောင်းကောင်း
သိရှိပြီး သမီးဖြစ်သူ ပါဗာနာကိုလည်း ပညာတွေ၊ ပုံပြင်တွေ သင်ကြားပေးတတ်သူပါ။
သူဟာ ဆိုဗီယက်-အာဖဂန် စစ်ပွဲအတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ကြားကမိသားစုအတွက်စာအုပ်အဟောင်း
တွေ၊ ပစ္စည်းအသေးစားလေးတွေ ရောင်းချရင်း ရိုးသားစွာ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
တရက်တော့ ပါဗာနာတို့အိမ် လက်နက်ကိုင် တာလီဘန်တွေ တံခါးလာခေါက်တယ်။ တာလီဘန်တွေဟာ ပါဗာနာ အဖေကို အ
ကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ စာအုပ်ဟောင်းတွေ ရောင်းချနေတာ၊ အစိုးရကို ဆန့်ကျင်တဲ့ သဘောတရားတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ တရားမဲ့စွာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြတယ်။
ပါဗာနာအဖေ အဖမ်းခံရတော့ ကျနော်တို့ဆီက နိုင်ငံရေးစာအုပ်ရောင်းလို့ အဖမ်းခံခဲ့ရသူတွေ၊ အပိတ်ခံလိုက်ရတဲ့ စာအုပ်တိုက်တွေကိုတောင် သတိရမိတယ်။ အာဏာရှင်ချင်းတူတော့ လုပ်ရက်ချင်းကလည်းတူကြတာပေါ့။
အဖေဖြစ်သူ မတရား အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပဲ အသက် ၁၁ နှစ်အရွယ် ပါဗာနာဟာ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့တယ်။ အဲဒီအချိန် အုပ်ချုပ်သူ တာလီဗန်တွေရဲ့ ပေါက်ကရဥပဒေကြောင့် ပါဗာနာ အခက်တွေ့တယ်။
တာလီဘန်တွေရဲ့ ဥပဒေအရ အမျိုးသမီးတွေဟာ အမျိုးသားအဖော်မပါဘဲ အပြင်ထွက်ခွင့်၊ ဈေးဝယ်ခွင့်မရှိတဲ့အတွက် ပါဗာနာဟာ သူ့ရဲ့ ဆံပင်ကို ညှပ်၊ ယောက်ျားလေးအဝတ်
အစား ဝတ်ဆင်ကာ ယောကျာ်လေးအသွင်နဲ့ အလုပ်ထွက်လုပ်ခဲ့ရတယ်။
ဇာတ်ကားရဲ့အလှဆုံးနဲ့ အနက်ရှိုင်းဆုံး အပိုင်းကတော့ ပါဗာနာ မောင်လေးကို ပြောပြတဲ့ ပုံပြင်ပါ။ လက်တွေ့ကမ္ဘာမှာ ဗုံးသံတွေ၊ သေနတ်သံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ ပုံပြင်ကမ္ဘာလေးထဲမှာတော့ သူမဟာ ရဲရင့်တဲ့ စိတ်ကူးနဲ့ အခက်အခဲတွေကို ရင်ဆိုင်တယ်။ အစ်ကိုဖြစ်သူ ဆူလေမန်ရဲ့ အမှတ်
တရကို ပုံပြင်နဲ့ ရောယှက်ပြီး ပြောပြသွားတာဟာ ဒုက္ခတွေကို အနိုင်ယူဖို့ လူတွေရဲ့ စိတ်
ဓာတ်ခွန်အား ဘယ်လောက်ကြီးမားကြောင်း ပြသနေပါတယ်။
ပါဗာနာဟာ ရသမျှအလုပ်တွေ သူငယ်ချင်းနဲ့အတူ လုပ်ရင်း အဖေ့ကို တွေ့ရဖို့ ကြိုးစားနေခဲ့တယ်။ တချိန်တည်းမှာပဲ ကာဘူးလ်မြို့ပေါ်မှာ စစ်ပွဲစတင်တော့မယ့်အရိပ်အယောင်တွေ ပြင်းထန်လာတာကြောင့် အမေဖြစ်သူက ပါဗာနာအမကို အိမ်ထောင်ပြုပေးဖို့နဲ့ သူတို့မိသားစုတွေ ဆွေမျိုးတွေရှိတဲ့ ဘေးကင်းတဲ့ တခြားမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ပါဗာနာကတော့ သူမလိုက်ချင်ဘူးတဲ့။ အဖေပြန်လာရင် ကြိုမယ့်သူမရှိမှာစိုးလို့တဲ့။ အမေတားနေတဲ့ကြားက ပါဗာနာ အပြင်ထွက်သွားတယ်။ ဒီနေ့ သူ့အဖေကို ထောင်မှာသွားတွေ့ရမယ့်နေ့လေ။
ပါဗာနာအမနဲ့ ထိမ်းမြားမယ့် သတို့သားဘက်ကလည်း ပါဗနာတို့မိသားစုကို လာခေါ်ပြီ။ စစ်ပွဲလည်းဖြစ်တော့မှာမို့ အမြန်ထွက်ဖို့ ခေါ်တယ်။ မိခင်ဖြစ်သူကတော့ ပါဗာနာမပါလို့ မလိုက်ဘူးဇွတ်ငြင်းတယ်။ နောက်တော့ လိုက်
ပါသွားရတော့တယ်။ အဲဒီအချိန်မှာပဲ စစ်ပွဲက တကျော့ပြန် စလာတဲ့အခါမှာတော့.....
ဒီဇာတ်ကားဟာ အိုင်ယာလန်အခြေစိုက် Cartoon Saloon စတူဒီယိုကနေ ရိုက်ကူးပြီး ဒါရိုက်တာ Nora Twomey ရိုက်ကူးထားတဲ့ ထူးချွန်ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားပါ။ စာရေးဆရာမ Deborah Ellis ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး အလုပ်အမှုဆောင် ထုတ်လုပ်သူအဖြစ် နာမည်ကျော် ရုပ်ရှင်
မင်းသမီး Angelina Jolie က ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေဖြစ်တဲ့ မရေရာမှုတွေ၊ စစ်ဘေးစစ်ဒဏ်၊ ဖိနှိပ်မှုတွေနဲ့အကျပ်အတည်းတွေကြားက အခြေအနေတွေဟာ ကျနော်တို့နဲ့ ရင်ဘတ်ကြီးနီးလှပါတယ်။ ပါဗာနာရဲ့ အရွယ်နဲ့မမျှအောင် ရုန်းကန်မှုတွေက ကျနော်တို့ဆီက အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ရုန်း
ကန်ရမှူတွေနဲ့ တူညီလှပါတယ်။
သို့သော် ဒီဇာတ်ကားက အမှောင်ထုကြီးထဲမှာ လမ်းပျောက်သွားစေဖို့ မဟုတ်ဘဲ အခက်အခဲတွေ ဘယ်လောက်ကြီးမားပါစေ မိသားစုအပေါ် ထားရှိတဲ့မေတ္တာတရား၊ ခါးသီးတဲ့ အမှန်တရားကို ရဲရင့်စွာ ရင်ဆိုင်ရဲတဲ့ စိတ်
ဓာတ်နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်တွေကို ဘယ်အရာကမှ ဖျက်
ဆီးလို့ မရနိုင်ဘူးဆိုတာကို သက်သေပြသွားခဲ့ပါတယ်။
ဇာတ်ကားအဆုံးမှာပါဗာနာပြောသွားတဲ့ စကားတစ်ခွန်းက ရင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။
"မိုးကြိုးပစ်လို့ပန်းတွေမပွင့်ပါဘူး၊မိုးရေစက်တွေကြောင့်ပဲ ပန်းတွေ ပွင့်တာပါ"တဲ့။ ။

👍23❤4🖕2🤮1👌1
တာဝန်၀တ္တရားကိုတန်ဖိုးထားရင် အောင်မြင်မှု သေချာပေါက်ရမယ်လို့ KNLA စစ်ဦးစီးချုပ် ပြော
နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့အတွက်၊ လူမျိုးအတွက်၊ အနာဂတ်အတွက် အလုပ်လုပ်ကြရမှာဖြစ်ပြီး တာဝန်၀တ္တရားတွေကို တန်ဖိုးထားရင် အောင်မြင်မှုသေချာပေါက်ရမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောပါတယ်။
အောက်တိုဘာအတွင်းက ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ် ၂၈ မြို့နယ်က အုပ်ချုပ်ရေးခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ပြောကြားခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ကရင်ဘာသာနဲ့ ပြောကြားခဲ့တာကိုလည်း ဘာသာပြန်ဖော်ပြထားပါတယ်။
“ ငါ့မြို့နယ် ငါ့ခရိုင် မဟုတ်ဘူး ငါတို့ရဲ့ မြို့နယ် ငါတို့ရဲ့ ခရိုင် ငါတို့ရဲ့ ပြည်သူတွေဖြစ်တယ်။ ငါတို့ လုပ်နေတဲ့အရာတွေက မင်းအတွက် ငါ့အတွက် ငါတို့အတွက် မဟုတ်ဘူး။ ပြည်သူ အတွက်၊ လူမျိုးအတွက် အနာဂတ်အတွက်ဖြစ်တယ်။ ကဏ္ဍအလိုက် ငါတို့ တာဝန်ကိုယ်စီရှိကြတယ်။ ငါတို့က လူထုရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ရဲ့ တာဝန်၀တ္တရားကို တန်ဖိုးထားပါ။ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ ကိုယ့်ရဲ့ တာဝန်တန်ဖိုးထားမယ်ဆိုရင် အောင်မြင်မှုက သေချာပေါက်ရမှာပဲ” လို့ ကိုယ့်တာဝန်ကို ချစ်ရင် ကိုယ့်တာဝန်ကို တန်ဖိုးထားရမယ်လို့လည်း KNLA စစ်ဦးစီးချုပ်က ပြောပါတယ်။
“မလုပ်တက် မကိုင်တက်တာကို အားမငယ်နဲ့ ။အလုပ်တွေ တာဝန်တွေ အတွေ့အကြုံတွေကနေ တည်ဆောက်သွားရမယ်။အောင်မြင်မှုလမ်းကြောင်းက ရှိတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ့ကနေပဲ သင်ယူသွားရမယ်” လို့ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက KNU ခရိုင်/မြို့နယ်အသီးသီးက ခေါင်းဆောင်တွေကို မှာကြားခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်းရှိ ခရိုင် (၇) ခရိုင်က မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KNU ဗဟိုမှာ အောက်တိုဘာ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ၅ရက်ကြာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေး၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးများ စွမ်းဆောင်ရည်မြင့်တင်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ စုံညီအစည်းအဝေးကို KNU မြို့နယ် (၂၈) မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့သလို အဖွဲ့ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ဗဟို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ အောက်ခြေမှအထက်သို့ (Bottom-up) အဆင့်ဆင့် တည်ဆောက်ရေး ချဉ်းကပ်မှုအပေါ် အခြေခံ၍ အခြေခံအုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်တကျ ခိုင်မာအားကောင်းရေးတို့ကို တစ်ပြိုင် တည်း အလေးထား ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
KNU မြို့နယ်ခေါင်းဆောင်တွေရဲ့ မျက်နှာ စုံညီအစည်းအဝေးကို ၂၀၂၄ က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင် (၇)ခရိုင် မှ မြိုနယ် (၂၈) မြိုနယ်အတွင်း အုပ်ချုပ်ရေး နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတွေမှာ ဦးဆောင်စီမံနေသူတွေအကြား ချိတ်ဆက်မှုအားကောင်းပြီး ပူးပေါင်းညှိနှိင်း ဆောင်ရွက်မှုများ မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့လည်း KNUက ထုတ်ပြန်ထားပါတယ်။

👍21❤11👏3🫡2🤮1💩1🤣1🖕1
တောင်သာမြို့နယ်မှာ ရဲတပ်ရင်း(၅)က ရဲ ၂ဦး လက်နက်နဲ့ အလင်းဝင်လာ
နိုဝင်ဘာ-၇၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း-၅(မှော်ဘီ)မှရဲ ၂ဦးဟာ လက်နက်နဲ့ အလင်းတင်လာတယ်လို့ တောင်သာ People Defense Force (TTA)အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
TTA အဖွဲ့ရဲ့တစ်တော့အကောင့်ကို အဲဒီရဲ ၂ဦးက အလင်းဝင်ဖို့ လာရောက်ချိတ်ဆက်ခဲ့တာကြောင့် နိုဝင်ဘာ ၆ရက် သွားရောက် ခေါ်ယူခဲ့ပြီး ဂုဏ်ပြုချီးမြှုင့်ငွေများပေးကာ ၎င်းတို့ ပြန်လိုသည့် နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"မှော်ဘီရဲတပ်ရင်း(၅)က တောင်သာထဲကို စစ်ကြောင်းထိုးတာတွေရှိတယ်။အခုလည်း မြို့နယ်ထဲမှာဂိတ် တွေထိုင်ထားတယ်။အဲဒီဂိတ်က နေထွက် ပြေးလာတာပါ။သူတို့နှစ် ယောက် တောင်သာနယ်ထဲရောက်တာ ၁နှစ်ခွဲလောက်ရှိပြီ"လို့ TTAအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာမြို့နယ်အတွင်းကို စစ်တပ်ရဲ့ ရဲစစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အဲဒီရဲတပ်ရင်း(၅)ကနေ TTAတပ်ဖွဲ့ထံ အလင်းဝင်လာသူ ၂၀ ခန့်ရှိပြီလို့ သိရပါတယ်။
"ကျွန်တော်တို့ဆီမှာ စုစုပေါင်းအလင်းဝင် ၃၀ကျော်ရှိပြီ။ ရဲတပ်ရင်း(၅)က နေဝင်လာတဲ့သူက ၂၀ကျော်ပြီ"လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

👍18❤8👏4🫡2👎1🔥1🖕1
■မေးမြန်းခန်း
"အမြဲတမ်း အနည်းဆုံး ၂ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးမှာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ပါးနပ်မှုက အရေးကြီးပါတယ်လို့ ကျွန်တော်မြင်ပါတယ်"
■ဦးမင်းကိုနိုင်နဲ့ မေးမြန်းခန်း
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမဟာ
ဗျူဟာကို အမေရိကန်နိုင်ငံခြားရေးဌာန၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အများပြည်သူသိရှိစေရန်ထုတ်ပြန်လာပါတယ်။ ၂၀၂၆ သြဂုတ်လရက်စွဲနဲ့ မဟာဗျူ
ဟာစာတမ်းကိုထုတ်ပြန်ပေမယ့် အောက်
တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလဆန်းမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာကြတာဖြစ်ပါတယ်။ အမေရီကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ပို့ကုန် ၊သွင်းကုန် မြှင့်တင်ရေး၊မြေရှားရရှိရေး ၊အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်) တိုက်ဖျက်ရေး၊ ရေရှည်ခံတဲ့ငြိမ်းချမ်းရေး၊ အမေရီကန်သြဇာလွမ်းမိုးရေးစတဲ့အကြောင်းအရာတွေအဓိကပါဝင်ပါတယ် ။အမေရီကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်လာနိုင်လဲ ၊ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေကို လူထုတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူတဦးဖြစ်တဲ့ ဦးမင်းကိုနိုင် ကို နိုဝင်ဘာ ၆ ရက်မှာဆက်သွယ်မေးမြန်းထားပါတယ်။
မေး-မဂ်လာပါ ဦးမင်းကိုနိုင်ရေ ။ပထမဆုံးလူပြောများနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာ
နိုင်ငံဆိုင်ရာမဟာဗျူဟာသစ် နဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါလဲ ။ ပြည်သူတွေကြားထဲမှာတော့ ပြည်သူတွေကိုနေ့စဥ်ဗုံးကြဲသတ်
ဖြတ်နေတဲ့ စစ်တပ်နဲ့ အမေရိကန်အစိုးရက အခုလို ထိတွေ့ဆက်ဆံလာတဲ့အပေါ်အံအားသင့်တာတွေရှိသလို ၊ မြန်မာပြည်သူတွေတောင်းဆိုသံတွေကို အမေရိကန်အစိုးရက
မျက်ကွယ်ပြုထားတယ်ဆိုပြီးဝမ်းနည်းတာ ၊ဒေါသထွက်တာမျိုးတွေလည်းတွေ့ရပါတယ်။
ဖြေ-ကမ္ဘာကြီးက အမြဲတမ်း အနည်းဆုံး နှစ်ခြမ်းကွဲနေတာပါဗျာ။ ဒီတစ်ချက်ကိုသိထားရင်ရပါတယ်။ အနည်းဆုံးနော်။ ထရမ့်အစိုးရ အနေနဲ့ သူစိတ်ကြိုက်လုပ်လို့ရမယ်လို့တော့ မတွေးမိပါစေနဲ့ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ပြည်တွင်းမှာလည်းသူနဲ့ မတူကွဲပြားတာရှိတယ်။အခု ဒီမိုကရက်တွေ လွှတ်တော်ထဲမှာ အများကြီးရသွားတဲ့ အခါကျတော့ သူ့ကို စံချိန်စံညွှန်းတွေနဲ့ တင်းကျပ်ကြမှာပဲ။ အထူးသဖြင့်တော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ၊ ဒါတွေနဲ့တော့ တိုင်းကြမှာပဲ။ အဲဒီတော့ ပြည်တွင်းမှာတင်မကပါဘူး။ ပြည်ပ နိုင်ငံ
တကာမှာ လည်း သူနဲ့ မတူကွဲပြားတဲ့ အင်
အားကြီးတွေရှိနေတာပဲဗျာ။ အဲဒီတော့ ဒါမဆန်းပါဘူး။ အကျိုးစီးပွားကို ဗဟိုပြုလာတဲ့ ကမ္ဘာကြီးမှာ ကျင့်ဝတ်နဲ့အညီအထူးသဖြင့် တိုက်ပွဲဝင်နေရတဲ့သူတွေအတွက်ကတော့ အခက်အခဲတွေရှိတာပါပဲ။ ဒါပေမယ့် အခက်
အခဲမှာပဲ အခွင့်အလမ်းတွေ ရှိပြန်တယ်ပေါ့။ အဲဒီတော့ သဘောကတော့ဗျာ အနောက်ကို အနောက်ကိုင်းကို ခုန်ကူးမယ်ဆိုပြီးတော့ အရှေ့ကိုင်းကို ခြေကန် လိုက်တဲ့ ဓားပြအဖွဲ့ကပဲ သစ်ကိုင်းလွတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးတော်လှန်ရေးက မူအပေါ်မှာပဲရပ်နေတာလေ။ဒီမူနဲ့ကိုက်တယ်ဆိုရင် ကျွန်
တော်တို့ ဘယ်နိုင်ငံနဲ့မဆို လက်တွဲလုပ်လို့ရတာကိုးဗျ။ ဒီလိုအခွင့်အရေးရှိပါတယ်ဗျ။
မေး-အမေရိကန်ရဲ့ မဟာဗျူဟာသစ်မှာ အမေရီကန်ပြည်သူတွေကိုပစ်မှတ်ထားတဲ့ကျားဖြန့်တိုက်ဖျက်ရေး ၊မြေရှာရရှိရေး ၊ရေရှည်ခံတဲ့ငြိမ်းချမ်းရေးလုပ်ပေးမယ်၊ကုန်သွယ်ရေးတိုးမြှင့်မယ် ၊အမေရိကန် သြဇာလွှမ်းမိုးမှုတိုးချဲ့မယ် ဆိုတာတွေ အဓိကတွေ့ရတယ်။တရုတ်အစိုးရက မြန်မာနဲ့ပတ်သက်ပြီးနိုင်ငံတကာက မကျော်ရမယ့် စည်းသုံးစည်းဆိုပြီး တားထားတာလဲရှိပါတယ်။ဒါကြောင့် တချို့အချက်တွေကြောင့်အင်အားကြီး နှစ်နိုင်ငံ ထိပ်တိုက်တွေ့မယ် အခြေအနေရှိတယ် လို့သုံးသပ်ရပါတယ်။ ဒီအခြေအနေတွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်
ရောက်လာနိုင်ပါလဲ ။
ဖြေ-ဟုတ်တယ်။ ဒီအချက်နှစ်ချက်ကိုတော့ ဗြောင်ကျကျပဲ သုံးကြတယ်။ တကယ့်တ
ကယ် အကျိုးစီးပွားကလည်းအဲဒါပဲ။ ပထဝီတွေဘာတွေကနောက်မှပါ။ ဒီဟာ(မြေရှား)က လက်တွေ့ကျတယ်။ဒီခေတ်သစ်ကမ္ဘာကြီးမှာ ဒါ မရှိမဖြစ်တွေပဲ။ ဆိုတော့ ဒီလိုပေါ့ မြေရှားလိုဟာမျိုးဆိုရင် တကယ်တမ်းက ဘယ်နေ
ရာမှာရှိနေတာလဲ။ တကယ်တော့ တော်လှန်အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်စိုးမိုးထားတဲ့နေရာတွေမှာရှိနေတာ ၊ များစွာပေါ့။ အဲ့ အချက်ကိုလည်း သူတို့သိကြပါတယ်။ သိလို့လည်းဒီခေါင်းစဉ်အောက်ကနေပြီးတော့ ဘက်ပေါင်းစုံကို ချဥ်းကပ်မယ်ဆိုပြီးတော့ ပြောနေတာက တော်လှန်ရေးအင်အားစုတွေ ဒီခေါင်းဆောင်တွေ NUG အစိုးရအပါအဝင် SCEF အပါအဝင် ဒါတွေကိုသူတို့သေချာ
ပေါက် ချဥ်းကပ်ရမှာပါ။စူပါ အင်အာကြီးတွေ ထိပ်တိုက်တွေ့ကြရင်တော့ဗျာ၊ ဒီလိုပါပဲ။ ကမ္ဘာကြီးမှာ အင်အားငယ်တဲ့သူတွေက ဘာနဲ့တူနေလဲဆိုတော့ဘုံကျောင်းရှေ့မှာ နဂါး ကသလိုပေါ့၊ ခေါင်းက လှည့်လိုက်ယမ်းလိုက် လှည့်လိုက်တာနဲ့ တစ်ကိုယ်လုံးကအထူးသ
ဖြင့် အမြီးဖျားတွေအထိပေါ့၊ လမ်းလုံးပြည့်သွားအောင် လူးလွန့်သွားရတာပဲ။ အဲဒီလိုသက်ရောက်မှုတွေကတော့ရှိမှာပဲ။ အဲဒီ့ရှိတဲ့သက်ရောက်မှုတွေကပဲ အားသာချက်တွေ အခွင့်အရေးတွေအဖြစ် ဖန်တီးယူရမှာပဲ။ ဒါ တော်လှန်ရေးရဲ့ ဉာဏ်မျက်စိနဲ့ကြည့်မယ်ဆိုရင် ခေါင်းဆောင်တိုင်းသိနေတာပဲဗျ။ အထူးသဖြင့် ကြည့်ရမှာက ဗျာတကယ့်အ

❤14🤮2🤣1🖕1
ကျိုးအမြတ်ရှိမယ့် မြေရှားက တော်လှန်ရေးအင်အားစုတွေလက်ထဲမှာရှိနေပြီးတော့
တကယ့်အထုတ်အရှုပ် အကြီးအကျယ်တွေ့ရမယ့် ဒုက္ခအဖြစ် ကျားဖြန့်က စစ်ကောင်စီထိန်းချုပ်နေရာတွေမှာရှိနေတာပဲဗျ။
မေး- ဒီအခြေအနေတွေ ကနေ နွေဦးတော်
လှန်ရေးအတွက် အကျိုးရှိလာအောင် တော်လှန်ရေးအဖွဲတွေအနေနဲ့ ဘာလုပ်သင့်တယ်လိုထင်ပါလဲ။ အခုရော ဘာလုပ်နေကြပြီလဲဆိုတာ ပြည်သူတွေပြောပြလို့ရသလောက်ပြောပေးပါဦး။
ဖြေ-ဒီဖက်ဆစ်တွေက အခက်အခဲပေါင်းစုံကြုံရတာ ၊ အဲဒီတော့ သူတို့လုပ်မယ့်အလုပ်က အာရုံလွှဲမယ် ၊ အချိန်ဆွဲမယ် ပြီးရင် စိတ်
ဝမ်းခွဲလိမ့်မယ်။ ဒါပဲရှိတယ်။ ကျွန်တော်တို့တော်လှန်ရေးဘက်ကတော့ ဥပမာဆိုပါတော့ ကိုယ်စားပြုမှု အများဆုံးနဲ့ တကယ့်အချိုးအကွေ့ ကို အပြောင်းအလဲဖြစ်နိုင်မယ့် စုဖွဲ့မှုမျိုးလုပ်နေတာပဲလေ။SCEFဆိုလို့ရှိရင် ကိုယ်
စားပြုမှုတွေကို များနိုင်သမျှများအောင် ၊ ပြီးတဲ့အခါကျဗျာ အားလုံးသိတဲ့အတိုင်း ဒါက နိုင်ငံရေးတစ်ခုတည်းအတွက်မကဘူး။ စစ်ရေးနဲ့ပါ ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။ ဒါတွေအားလုံးက အလုပ်တွေကိုသိမ်းကြုံးလုပ်နေကြတာပဲ။ တစ်ခုပဲရှိတယ်။ မီဒီယာပေါ် တင်တာနဲ့ မတင်တာပဲရှိတယ်ဗျ။ဒါကဒီဘက်ကလုပ်နေတာ။ တော်လှန်ရေးဘက်ကနော်။ အဲဒီလိုပဲ နိုင်ငံတကာရောက်ပြည်သူတွေကလည်း သံရေးတမန်ရေး မှာ သက်ဆိုင်ရာ Institution အသီးသီးကိုသွားပြီးတော့ အရေးပေါ်လိုအပ်ချက် ရေရှည်ဗျူဟာအရ အလုပ်တွေကို အကုန်လုပ်နေကြတာပဲ။ဒီယန္တရားကြီးက နည်းနည်းနောနော မဟုတ်ဘူးနော်။ ကျွန်တော်တို့ CDM တွေအပါအဝင်ပေါ့ဗျာ တကယ့်စေတနာ့ဝန်ထမ်း နိုင်ငံတကာရောက် ပညာရှင်တွေကနေ ဝိုင်းလုပ်ပေးနေကြတာ။ ပြီးရင်ကျွန်တော်တို့ဘဏ္ဍာရေးပေါ့။ ဘဏ္ဍာ
ရေးကလည်း မကြာခင်မှာ SCEF ကနေပြီးတော့ ကြေညာပါ့မယ်။သူတို့အတွက်အစီအမံတွေပေါ့။ ပြည်သူလူထုဘယ်လိုပူးပေါင်းလို့ရပြီဆိုတာကို ကြေညာမှာပါ။ဒါကလာကိုလာရမယ့်ကိစ္စတွေပါ။ဆိုတော့ အားလုံးကပြင်ထားရမှာကတော့ ကြီးမားတဲ့အပြောင်းအလဲကြီးကို ချိုးကွေ့နိုင်မယ့် စုဖွဲ့မှုကို ဝိုင်းပြီးတော့ အားပေးကြဖို့ပဲ။ ကျွန်တော်ခုနကပြောသလို စိတ်ဓာတ်ရေးရာအရရော ထောက်ခံမှုရော၊ ငွေရေးကြေးရေးရော အကုန်လုံးပေါ့ဗျာ။ ဒါတွေအကုန်လုံးက တပြိုင်နက်တည်း ဟန်
ချက်ညီညီလုပ်ကြရမယ့်အချိန်ရောက်တော့မယ်နော်။
သတိထားမိလိမ့်မယ်ထင်တယ်။ ရခိုင်ဘက်မှာရယ် နောက်ပြီးတော့ ဧရာဝတီမြစ်ရဲ့ အ
ထက်ပိုင်းမှာရယ်ပေါ့ အဲဒီ့တိုက်ပွဲတွေမှာ တောက်လျှောက် စစ်ကောင်စီက အလုံး
အရင်းနဲ့ကို ဆုံးရှုံးပြီးတော့ စစ်သင်္ဘောတွေကအစဗျာ မီးလောင် ပျက်စီးတာတွေကအစ အကုန်လုံးတွေ့နေကြတဲ့ အခြေအနေပေါ့။ အဲဒီ့ကနေစပြီး အခုဒီနေ့အထိပေါ့ အဲဒါသည် ကျွန်တော်တို့ တော်လှန်ရေးရဲ့ နောက်လှိုင်းတစ်လုံးတက်လာတယ်ဆိုတာကို မြင်ရလိမ့်မယ်။ ကျွန်တော်တို့ အင်မတန်နိမ့်ပါးခဲ့တဲ့ အချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေကိုပြန်ပြီးတော့ အရှိန်နဲ့ပေါ့။ အဲဒီ့ကျရှိန်နဲ့ လှိုင်းလုံးအကြီးကို ပြန်ပြီးတော့ ဖန်တီးနိုင်တာကိုတွေ့ရလိမ့်မယ်။
မေး-လက်ရှိနွေဦးတော်လှန်ရေးအတက်၊အ
ကျ အခြေအနေတွေကိုလည်း ပြည်သူတွေ ကို ပြောပြပေးပါလား ။
ဖြေ-ဒါဆိုဘဏ္ဍာရေးဘက်ကြည့်မယ်ဗျာ ၊ အ
ခုထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ပြည်ပရောက်လုပ်သားတွေနဲ့ ဒီဖက်ဆစ်တပ်နဲ့ အကြီးအ
ကျယ်တိုက်ပွဲကြီးဖြစ်နေတာ။ ကျည်တစ်ပေါက်မဖောက်ပေမယ့် ဒါ သိပ်ကြီးတဲ့ စစ်ပွဲကြီးပဲ။ ဘာကြောင့်လည်းဆိုတော့ သူ ပြည်
သူလူထုနဲ့ ထိပ်တိုက်ပြန်တွေ့တာ။ အဲဒီ့မှာရောက်နေတဲ့ သန်းနဲ့ချီနေတဲ့ လုပ်သားတွေက အခုလုပ်နေတဲ့ လှုပ်ရှားမှုက နည်းနည်းနော
နောမဟုတ်ဘူးနော်။ကမ္ဘာကြီးကလည်းစောင့်ကြည့်နေတာ။ နောက်တစ်ခုက သူတို့ကတော့ ဒီတိုက်ပွဲမှာ မရှုမလှတော့ဖြစ်နေတာပဲ။ ဒီစစ်တပ်က ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စစ်ဓားပြရဲ့ ဝန်ကြီးကိုယ်တိုင် ဝန်ခံပြီးတော့ ၊အလုပ်သမားဝန်ကြီးက ဝန်ခံပြီးတော့ ပြောနေရတာ။ သူတို့ရမယ့်ပိုက်ဆံတွေကို မရဘူးဖြစ်နေပြီဆိုတာကို ။ အဲဒီ့မှာ အားပြိုင်မှုတွေကတော့ အများကြီးပဲ ၊ ဖက်ဆစ်တွေ က
တော့ ခြိမ်းခြောက်မှာပဲ။ ပြီးတဲ့အခါကျလို့ရှိရင် ပြည်သူလူထုကို မညှာမတာလုပ်မှာပဲ။ ဒါသူ့အပိုင်း ၊ ဒါပေမယ့် တစ်ဖက်မှာ ရောက်နေတဲ့ အထဲမှာက အဲဒီ့ လူ့အဖွဲ့အစည်းတွေပေါ့။ ရွှေ့ပြောင်းလုပ်သားတွေကို ဦးဆောင်နေကြတဲ့သူထဲမှာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ ခေါင်းဆောင်တွေများစွာပါတယ်။ သူတို့တွေကနေပြီးတော့ နိုင်ငံရေးအရပါ ထိရောက်နိုင်တဲ့ တုန့်ပြန်မှုတွေကိုပါ လုပ်ရတာ။ အဲဒီတော့ ဒီဟာဆိုရင် အခုဆိုလို့ရှိရင် စစ်တမ်းကောက်နေတာ နှစ်သန်းကျော်ပြီ။ နည်းနည်းနောနော မှမဟုတ်တာဗျ ။ အဲဒီ့ကနေထပ်ပြီးတော့ လုံလောက်တဲ့ အတိုင်းအတာတစ်ခုရမယ်ဆိုရင် ဒီဟာသည် ဘဏ္ဍာရေးတိုက်ပွဲမှာ ပြည်
သူလူထုဟာ လက်နက်မကိုင်သော်ငြား ဘဏ္ဍာရေးတိုက်ပွဲမှာ ဒီလိုအကွက်ကျကျ ဒီလိုကြောင်းကျိုးဆီလျော် ဒီလိုတခြားရွေး
ချယ်စရာတွေကို ရှာပြီးတော့တိုက်ရင် နိုင်တယ်ဆိုတာကို ပြလို့ရပြီ။ ဥပမာဗျာ ကျွန်

❤13🤮2🤣1🖕1
တော်တို့ဗျာ သပိတ်တွေရှိတယ်ဗျာ ။ သပိတ်ဆိုတာ Boycott ကိုပြောတာ၊ အဲဒါဘာလဲဆိုတော့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေ ဒီ့ထက်ပိုပြီးတော့ မသုံးပဲနဲ့ ရှောင်နိုင်ရင်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသမှာတောင်မှ ဒါက ကျင့်လို့ရတယ်လေ။ ခင်ဗျားဗျာ သူတို့ရောင်းတဲ့ ဘီ
ယာဆိုင်တွေ ဘာဖြစ်လို့ လူတွေရှိနေရတာလဲ။ တကယ်ဆိုရင် သူတို့ထုတ်တဲ့ ဘီယာတံဆိပ်တွေ အရက်တံဆိပ်တွေ စီးကရက်တွေ ကြေညာပေးထားတာပဲဗျ။ အဲဒါတွေကိုသာ တကယ်သာ သပိတ်တိုက်ပွဲအနေနဲ့ ဆင်နွဲနိုင်မယ်ဆိုရင် ဒီကောင်တွေ ဘဏ္ဍာရေး ရစရာမရှိအောင် ရူးခါသွားမှာ။ အခုသူတို့အားကိုးနေရတာက စစ်တပ်ရဲ့ ဝင်ငွေစီးပွားတွေရယ် ပြည်ပရောက်တွေ ငွေပြန်ပို့တဲ့ကိစ္စတွေကို မှီခိုနေရတာနော်။ တိုင်းပြည်က။ သူတို့မှာရစရာအကြောင်းကသိပ်မရှိတော့ဘူး။ ဆိုတော့ ဒီဟာတွေကို သပိတ်တိုက်ပွဲ ပုံစံတွေနဲ့ တိုက်နိုင်တယ်ဆိုရင်တော့ ဘဏ္ဍာရေးမှာပါ အလဲထိုးနိုင်မယ်လို့ပြောလို့ရတယ်။
စီးပွားရေးကိုကြည့်ဗျာ။ ရွှေတစ်ကျပ်သားကို သိန်းရာကျော်သွားပြီ။ ပြည်သူတွေက ရွှေကိုကိုက်စားနေတာတော့ မဟုတ်ဘူး ။ ဒါပေမယ့် ကျွန်တော်ပြောတာက ဘာလဲဆိုတော့ မြန်မာငွေရဲ့ ဖောင်းပွမှုကိုပြောတာ။ အဲဒီတော့ အ
ထွေထွေကုန်ဈေးနှုန်းကတော့ အခြေခံတွေကအစတက်ဦးမှာပဲ။ အခုလောင်စာဆီ အ
ခက်အခဲကြုံဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာငွေတန်ဖိုးမရှိတာတွေ သူတို့မဟား
ဒရားထုတ်ထားတဲ့ ဒဏ်တွေကို သူတို့လှိမ့်ခံနေရပြီလေ။ အဲဒီ့အချိန်မှာ သူတို့က ဓါးစာခံတွေကို ဘယ်ဓါးစာခံလည်းဆိုတော့ နိုင်ငံရေး ဓါးစာခံတွေဗျ။ နိုင်ငံရေး ဓါးစာခံတွေကို ထုတ်ပြီးတော့ကစားဖို့ ကြိုးစားဦးမှာပဲ။ အဲဒါကတော့ အဆင့်ဆင့်ဖြစ်မှာပဲ။ သူတို့ကို အန္တ
ရာယ်မပေးလောက်ဘူးလို့ ယူဆတဲ့သူတွေက သပ်သပ်၊ အလယ်အလတ်က သပ်သပ်၊ ထိပ်ခေါင်းစုံတွေက သပ်သပ် ၊ သူတို့ အမျိုးမျိုးကစားဦးမှာ ၊ သေချာပေါက်ကို ကစားရမှာ။ ဒီဟာတွေအတွက်လည်း ကျွန်တော်တို့က အားလုံး နဂိုကတည်းကလည်း အားလုံးတူပြီးသား ဖြစ်နေရမှာပေါ့ဗျာ။ ကျွန်တော်တို့ပန်း
တိုင် ဒီတော်လှန်ရေးကို မျက်ခြေပြတ်ခံလို့မရဘူး။ အာရုံလွှဲခံလို့မရဘူး။ အချိန်ဆွဲခံလို့မရဘူး။ စိတ်ဝမ်းခွဲလို့မရဘူးဆိုတာကိုတော့ လက်ခံထားရမှာ။
မေး-အာဏာသိမ်းစစ်တပ်လက်အောက်မှာ ၅ နှစ်ကျော်အတွင်း တိုင်းပြည်ကဘက်ပေါင်းစုံနိမ့်ကျသွားပြီး ကျရှုံးနိုင်ငံဖြစ်လာတယ်။ ပြည်သူ အများစုကတော့ စစ်ဖိနပ်အောက်က လွတ်မြောက်ချင်ကြတယ် ။နွေဦးတော်
လှန်ရေးအောင်မြင်ဖို့ ပြည်သူတွေက ဘာထပ်လုပ်ဖို့လိုမလဲ ။
ဖြေ-သတိထားရမှာက တော်လှန်ရေးကို ငြိမ်း
ချမ်းရေးပုံဖော်ထားတဲ့ ခါးပတ်ခေါင်းနဲ့ ရိုက်ခွဲမှာပဲ။ အဲဒါကတော့ပြင်နေကြတာပဲ။ တကယ်တော့နားလည်ဖို့ကောင်းတာကဘယ်အင်အား
ကြီးနိုင်ငံ ကြည့်ကြည့်ပါ။ သူတို့နိုင်ငံတွေရဲ့ စစ်တပ်တွေက သူတို့ရဲ့အာဏာကိုသိမ်းပြီးတော့ အဲဒီလိုရမ်းကားမှ သူတို့အပြည့်နား
လည်မှာ ၊ အဲဒီအခါ ကြုံဆုံရတဲ့ ဒုက္ခအပေါင်းကို လွန်မြောက်ဖို့ဆိုတာက တော်လှန်ရေးဆင်နွှဲရတယ်ဗျ။ အဲဒီတော့ လွယ်လွယ်နဲ့ပြောတဲ့ နား ကြားကောင်းရုံပြောတဲ့ ငြိမ်းချမ်းရေးဆိုတာမျိုးနဲ့တော့ တကယ့် လက်တွေ့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကလည်း လက်
နက်ကိုင်တော်လှန်ရေးကို မလိုအပ်တော့ဘူးလို့ ပုံဖော်ချင်တဲ့လူတွေလည်းများစွာရှိတယ်။ တကယ်လိုအပ်လို့ တကယ်ဆင်နွှဲနေရတယ်ဆိုတာကိုယုံကြည်ပြီးတော့ကိုယ်တိုင်ဆင်နွှဲနေတဲ့ ပြည်သူတွေဟာ ကမ္ဘာနဲ့ အဝှမ်းမှာရှိတယ်။ ရတဲ့နည်းနဲ့ပါနေကြတာ။ အဲဒီ့အင်
အား တွေနဲ့ ဆက်သွားရမှာ။
သေချာတာကတော့ဗျာ ၊ စူပါ အင်အားကြီးတွေက အကွက်ရွှေ့ကြမှာပဲ။ ဒါပေမယ့် တ
ကယ်တမ်း ဘယ်သူမှ တစ်ဖက်သတ် မောင်းနှင်လို့ မရဘူးဆိုတာနားလည်ဖို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်အားကြီးတိုင်းမှာ အ
ခြားမတူကွဲပြားတဲ့ အင်အားကြီးတွေရှိနေလို့ပဲ။ အဲဒီတော့ အမြဲတမ်း အနည်းဆုံး နှစ်ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါးနပ်မှုက အရေးကြီးပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ ။

❤15👍4🥰2🤮1🤣1🖕1
စစ်တပ်ရဲ့ လေကြောင်းအန္တရယ်ကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စပါးရိတ်သိမ်းဖို့ ခက်ခဲနေ
■စပါးခင်းဧကထောင်ချီ ရိတ်သိမ်းချိန်ရောက်ပေမယ့် မရိတ်သိမ်းနိုင်ကြသေး
နိုဝင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/ People's Spring
တိုက်ပွဲဖြစ်နေတဲ့စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောနဲ့ ပုဏ္ဏာားကျွန်းမြို့နယ်တို့မှာရှိတဲ့ စပါးခင်းဧက ထောင်ချီ ရိတ်သိမ်းချိန်တန်နေပြီဖြစ်ပေမယ့် စစ်တပ်ကလေကြောင်းဗုံးကြဲနေတာကြောင့် မရိတ်သိမ်း နိုင်ဖြစ်နေကြတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေဖြစ်တဲ့ တောင်းဖူး၊ သဝင်ချောင်း၊ အ၀
ကန်၊ ကြိမ်ခွေမော်၊ တပ်မော်၊ မနော်သီရီ၊ မြစ်အနောက်ဘက်ကမ်းရှိ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုး၊ တန်းစွယ်စတဲ့ကျေးရွာအတွင်းမှ ဒေသခံတွေဟာ စစ်တပ်ကလေယာဥ်နဲ့ ဗုံးကြဲတဲ့အန္တရာယ်ကြောင့်စပါးခင်းတွေကို မရိတ်
သိမ်းနိုင်ဘဲ ဖြစ်နေကြတာပါ ။
“စပါးခင်းတွေ မှည့်နေပြီ။ အခုတောင် ရိတ်လို့ရပြီ။ရှေ့လလောက်ဆိုရင်အကုန်ရိတ်ရတော့မှာ။ ဘယ်လိုလုပ်ရမယ် မှန်းတောင်မသိသေးဘူး။ စပါးသွားရိတ်ဖို့မပြောနဲ့၊ ရွာနားတောင် ကပ်လို့မရဘူး တရက်မပျက်ဗုံးကြဲနေတာကို” လို့ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာမှစပါး
ဧက ၄၀ ကျော်စိုက်ပျိုးထားတဲ့ လယ်သမားတဦးက ပြောပါတယ်။
စစ်တပ်ဟာ ကုလားတန်မြစ်လယ်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့ကြိုုးစားနေပြီး ကုလားတန် မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းနေရာတွေကို လေကြောင်းကနေ နေ့စဉ်မပြတ်ဗုံးကြဲနေတာဖြစ်ပါတယ်။
အဲဒီလို ဗုံးကြဲမှုကြောင့် ပေါက်တောမြို့နယ်အတွင်းက မြစ်ကမ်းဘေးရွာတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ကျေးရွာအားလုံးနီးပါးမှ ဒေသခံထောင်ချီဟာနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
“စပါးတခင်းကတော့ ဆုံးပါပြီ။ဒီနှစ် အေး
ချမ်းမလား၊ လယ်စိုက်လို့ရမလားဆိုပြီး စိုက်ထားတာ။ အကြွေးယူပြီး စိုက် ထားတာပါ။ စပါးရိတ်နိုင်ဖို့ မလွယ်တော့ဘူး။ ရင်းထားရတာလည်း များတယ်” လို့ ပုဏ္ဏားကျွန်းမြို့
နယ် တန်းခိုးရွာမှ လယ်သမားတဦးဖြစ်တဲ့
ကိုမောင်တင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်တပ်အာဏာ
သိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်ငန်းသွင်းအားစုတွေနဲ့ လုပ်အားခစျေး ကြီးတာကြောင့် လယ်သမားတွေဟာအရင်းအနှီးအများအ
ပြားသုံးကာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ် ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ်အတွင်းမှာလည်း အာရက္ခတပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတဆယ်ကျော် လက်လွှတ်ထားရပြီး ထိခိုက်၊ သေဆုံးသူတွေ ဆယ်ချီရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အထိနာနေတဲ့စစ်တပ်ဟာ ကုလားတန်မြစ်
ပြင်၊ ပင်လယ်ပြင်တို့မှာ စစ်သင်္ဘောအများအပြားနေရာယူထားပြီး စစ်သင်္ဘောတွေနဲ့ မြို့ပေါ်က စစ်တပ် တပ်ရင်းတွေကနေ လက်
နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ပေါက်တောမြို့နယ်အတွင်းက လယ်သမားတွေအပြင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်း ကျွန်းတို့ရှိ ကျေးရွာတွေမှ ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ဒေသခံတွေဟာလည်း ပင်လယ်ပြင်ငါးထွက်မဖမ်းနိုင်ဖြစ်နေကြပါတယ်။
“ပင်လယ်ထွက်ရင်စစ်တပ်ကလိုက်ပစ်တယ်၊ ဖမ်းတယ်။ဘယ်လိုမှ ထွက်လို့မရတော့ဘူး။ အလုပ်မရှိလို့ ကိုယ့်ရွာ မှာ ကိုယ်နေပြီး ငတ်တဲ့သူတွေ ငတ်နေကြပြီ”လို့ ပေါက်တောမြို့
နယ် ဆင်တက်မော်ကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊စပါးစျေးကောင်းမရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အပြည့်အ၀မလုပ်ကြ တော့ဘဲ လယ်
ယာလုပ်ငန်းကို စွန့်ခွာလာနေကြပါတယ်။
ဒါ့ကြောင့်စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိခဲ့တဲ့ရခိုင်မှာ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဧက ၅ သိန်းဝန်းကျင်ကိုသာ ထွန်ယက်စိုက်ပျိုးနိုင် ခဲ့ကြပါတယ်။စိုက်ပျိုးပြီးသား စပါးခင်းတွေကိုပါ မရိတ်သိမ်းနိုင်ကြရင် နောက်နှစ်မှာ ဒေသတွင်း
စားနပ် ရိက္ခာကိုပါ ထိခိုက်မှုရှိလာနိုင်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
“ဒီနှစ်စပါးအထွက်မကောင်း၊ ကောင်းကောင်းမွန်မွန်မရိတ်သိမ်းရရင် နောက်နှစ် စပါးရှားလာနိင်တယ်။ စျေးလည်းတက်နိုင်သွားနိုင်တယ်” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန် နေပြီး စစ်တပ်ဘက်ကအထိနာနေကာတိုက်ပွဲဆက်စပ်နေရာတွေအပြင် အရပ်သားလူနေကျေးရွာတွေကိုပါ စစ် တပ်က လေကြောင်းဗုံးကြဲတာ၊ လက်
နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။

😢11👍3❤1👏1🤬1🎉1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(နိုဝင်ဘာ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကနီမှာ စစ်တပ်ဗုံးကြဲလို့ သေဆုံးထိခိုက်များ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စာသင်ကျောင်းနဲ့ ရွာထဲကို နိုဝင်ဘာ ၇ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဆရာမတွေနဲ့ ကလေးတွေ အပါအဝင် ၁၁ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ ကနီမြို့နယ် ညောင်ပင်လယ်ရွာစာသင်ကျောင်းနဲ့ ပတ်ဝန်းကျင်ကို ဂျိုင်ရိုကော်ပတာသုံးစီးနဲ့စစ်တပ်က ဗုံးကြဲတာပါ။ ကနဦးရရှိတဲ့ သတင်းအရ ၁၁ဦး သေဆုံးပြီး ကျောင်းနဲ့ အိမ်ငါးလုံးလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။ ဆရာမကြီးအိမ်မှာ နေတဲ့ ၅ဦးမှာ တစ်ဦးပဲ လွတ်ပြီး စုစုပေါင်း သေဆုံးသူ ၁၁ဦးအထိ ရှိလာပြီလို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
◾️မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ Unilever အတည်ပြု
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုလိုက်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတည်ငြိမ်တဲ့ နိုင်ငံမှာ စစ်အုပ်စုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာအောင် အသည်းအသန် ကြိုးစားနေချိန်မှာ Unileverက မြန်မာကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့တာပါ။ Unileverရဲ့ မြန်မာဖက်စပ်လုပ်ငန်းရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချဖို့ သဘောတူညီထားပြီးပြီလို့ Unilever လုပ်ငန်းစုကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ယောက်က ရိုက်တာကို ဖြေကြားခဲ့ပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့လည်း Unileverက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
◾️AA တပ်မှူးချုပ်မွေးနေ့မှာ စစ်တပ်က လေကြောင်း ကင်းထောက်
အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာ ၇ရက် မှာ အာဏာသိမ်းစစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်တွေကို လေကြောင်းကနေ ကင်းထောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီကျော်မှာ မြောက်ဦးမြို့ပေါ်၊ မြို့နယ်ထဲနဲ့ ကျောက်တော်မြို့နယ်တွေကို စစ်တပ်ရဲ့ ATR-42 ထောက်ပို့၊ ကင်းထောက်လေယာဉ် တစ်စီးနဲ့ နာရီဝက်နီးပါးကြာ ကင်းထောက်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလေကြောင်းကင်းထောက်မှုရှိလို့ ပြည်သူတွေ သတိထားနေထိုင်ကြဖို့ မြောက်ဦးမြို့ခံတစ်ဦးက တိုက်တွန်းပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့ လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာလည်း Y12 ထောက်ပို့၊ ဗုံးကြဲလေယာဉ်တစ်စီးနဲ့ အချိန်ကြာကြာဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီနေ့ မနက် ၈ နာရီကျော်မှာတော့ စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
◾️မှောင်ခိုမူးယစ်ဆေးနဲ့ သစ်တွေကို သက်သေဖျောက်ဖို့ စစ်တပ် ကြိုးပမ်း
ပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေနဲ့ သစ်တင်လာတဲ့ သင်္ဘာကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က သက်သေဖျောက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မှောင်ခိုသယ်သူတွေက ပင်လယ်ကူးငါးဖမ်းသင်္ဘောနဲ့ အောက်တိုဘာ ၃၁ ရက်မှာ တနင်္သာရီတိုင်း၊ ကော့သောင်းဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး ဧရာဝတီတိုင်း၊ လပွတ္တာပင်လယ်ပိုင်နက်မှာ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းမိတာလို့ ဆိုပါတယ်။ ဘိုကလေးဆိပ်ကမ်းကို ဆွဲယူစစ်ဆေးစဉ် သင်္ဘောပေါ်မှာ မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ သစ်တွေနဲ့ ကားတာရာတွေ အပြည့်ပါလာတာတွေ့ရတယ်လို့ ဘိုကလေးမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဖမ်းဆီးမှုဟာ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်လွဲပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းပြီးမှ သတင်းကို လိုက်ဖုံးနေကာ တရားခံတွေကိုလည်း လူချိန်းထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ အောက်ခြေပိုင်းက စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်မောင်တင် နဲ့ ဇော်ဝင်းလှိုင်ရဲ့ လက်ထောက်၊ ထွေအုပ်စာရေး ရဲသွေးနောင်တို့ အဓိကပါဝင်ပတ်သက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ မှောင်ခိုမူးယစ်ဆေးနဲ့ ကုန်တွေကို ဖမ်းဆီးပြီးမှ သူတို့ချင်း တံခါးပိတ်ဆွေးနွေးကာ လေးရက်အကြာမှာတော့ လူချိန်းပြီး တရားခံတွေကို လွှတ်ပေးတာ၊ သက်သေဖျောက်ဖျက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရေကြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။
◾️ဆားလင်းကြီး ကျိုင်းခမောက်ရွာ စစ်တပ်မီးရှိူ့လို့ နေအိမ်တွေပျက်စီး

👍6🤮2🤣1🖕1
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️စစ်အုပ်စုအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက် စစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာ ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံ
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။ ချင်းပြည်နယ်အတွင်းအရပ်သားပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိ ၁၀ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့ CHROက ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန(DOJ)ဆီ ၂၀၂၃အောက်တိုဘာက တိုင်ကြားခဲ့တဲ့အမှုကို DOJ ကအရေးယူဆောင်ရွက်ဖို့ငြင်းဆိုခဲ့တဲ့ပေါ် အယူခံတရားရုံးသို့ အသနားခံလွှာတင်ပြခဲ့ရာ နိုဝင်ဘာ ၃ရက်မှာ အမှုတွဲကို တရားဝင်မှတ်ပုံတင်လက်ခံခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ပယ်ချခဲ့တဲ့ အမှုတခုကို ဖိလစ်ပိုင်နိုင်ငံအယူခံတရားရုံးက တရားဝင် မှတ်ပုံတင်လက်ခံလိုက်တဲ့အပေါ် ကြိုဆိုကြောင်း CHRO အမှုဆောင်ဒါရိုက်တာဆလိုင်းဇာအုပ်က ပြောကြားခဲ့ပါတယ်။
◾️ထိုင်းဘက်ခြမ်းမှာ လက်နက်ငယ်ကျည်ထပ်ကျ
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူး-မင်းလက်ပံဒေသမှာ နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းက KNU နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စုထဲက နေအိမ်တွေအပေါ် ခဲယမ်းကျရောက်ထိမှန်ခဲ့တာတွေရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက် ၅ နာရီက ဖလူး-မင်းလက်ပံဒေသမှာ KNU ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပြီး စစ်တပ်ရဲ့ လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ်ကျည်ဆံတချို့ဟာ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စု၊ အမှတ်(၉)ရပ်ကွက်ထဲ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ခဲ့တဲ့ အိမ်တွေကို ထိုင်းဒေသအာဏာပိုင်တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
◾️KNU မြိတ်-ထားဝယ်ခရိုင်က မဇောရွာကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်နဲ့ မသန်စွမ်း အပါအဝင် ၃ဦးသေဆုံး၊ ၇ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မဇောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ရက် မနက်က စစ်တပ် တိုက်လေယာဉ် ၁စီး၊ Gyrocopter ၃စီးနဲ့ တိုက်ခိုက်ခဲ့ရာ မဇောကျေးရွာက ပြည်သူတွေ ထိခိုက်ခဲ့တာပါ။ မဇောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ဦးကတော့ ကလေးငယ် ၁ဦး၊ မသန်စွမ်း ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ မူကြိုစာသင်ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က ကျေးရွာတွေနဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင်က ကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်လို အရပ်သား သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၅ရက် ညနေပိုင်းက တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြိုနယ် ဝိဇ္ဇာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️မြန်မာစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာတွေအတွက် ယူရို ၁၆ သန်း ဖြည့်တင်းကူညီမယ်လို့ EU ကြေညာ

👍10🤮1🤣1🖕1
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ နောက်ထပ် ယူရို ၁၆ သန်းကို ဥရောပသမဂ္ဂ (EU)က ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ နေရပ်စွန့်ခွာရသူတွေ တိုးလာတာကြောင့် အခုလို ရန်ပုံငွေခွဲတမ်းတွေတိုးမြှင့် သတ်မှတ်ပေးတာဖြစ်ကြောင်း EUက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ EUရဲ့ မစ်ရှင်ဟာ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ဖြည့်တင်းမှုတွေကို အဓိကထား ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအပြင် စူပါအယ်လ်နီညို မိုးလေဝသ ဖြစ်စဉ်ကြောင့်ပါ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာ၊ တစ်ကမ္ဘာလုံးမှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးမှုတွေ ကြုံတွေ့ထားတာတွေအတွက် လိုအပ်တဲ့ တုံ့ပြန်မှုအဖြစ် အခုလိုမျိုး လူသားချင်း စာနာမှု ရန်ပုံငွေကို တိုးမြှင့် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EUက ဆိုပါတယ်။
◾️အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
◾️စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်
စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။ အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။
◾️ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်

👍10❤2🤮1🤣1🖕1
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ ‘ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်’ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။ ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
👍12❤1🤮1🤣1🖕1