(ဖမ်းမိတဲ့ သင်္ဘောကို စစ်ကောင်စီအဖွဲ့က စစ်ဆေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👎22❤5🤮3😁2🔥1😱1🖕1
NUG လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းယူနေတဲ့ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံ
နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာန (HRD)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ အွန်လိုင်းက တဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး မှတ်တမ်းကောက်ယူနေတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို နိုင်ငံခြားရေး ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင် တက်ရောက်ခဲ့သလို ဦးစီးဌာန တာဝန်ခံ ကိုမာဘယ်လ်၊ သုသေသနဌာနခွဲ တာဝန်ခံ ဒေါက်တာဟေဇယ် တို့က ဌာနရဲ့ မဟာဗျူဟာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ တနိုင်ငံလုံးအတိုင်းအတာ အချက်အလက် ကောက်ယူသိမ်းဆည်းတာ တွေအကြောင်း ရှင်းပြခဲ့ကြောင်း အသိပေးပါတယ်။
ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဌာနခွဲ တာဝန်ခံကလည်း International Advocacy & Human Rights Information Sharing Framework ဆိုင်ရာ ကိစ္စရပ်များ နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် သံတမန်ရေးရာ ချန်နယ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများသို့ အချက်အလက်များ ပံ့ပိုးပေးနေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကလည်း စစ်ရာဇဝတ်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးရေး သင်တန်းများ ပံ့ပိုးရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး (ESCR) ချိုးဖောက်မှုများကိုပါ ပိုမိုလွှမ်းခြုံ မှတ်တမ်းတင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနအနေနဲ့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လိုတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံမှုတွေ ဆက်လုပ်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနဟာ နိုဝင်ဘာပထမပတ်အတွင်းမှာပဲ ဂျန်ဒါ၊ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြေပြင်အချက်အလက် မှတ်တမ်းယူခြင်း၊ အသိပညာပေးခြင်း၊ ပဋိပက္ခကာလအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သင်တန်းများနဲ့ နည်းပညာပိုင်း ပံ့ပိုးနိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အရင်က NUG အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့ ဝန်ကြီးဌာနတခု ဖွဲ့စည်းထားရှိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ၂၀၂၆ အောက်တိုဘာလဆန်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနတခုကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာဖွဲ့စည်းခဲ့တာပါ။
အဲဒီလို ဖွဲ့စည်းတာဟာ လွတ်လပ်တဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် မပေါ်ပေါက်မီ ကြားကာလအတွင်း လူ့အခွင့်အရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာအဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖော်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့လည်း အသိပေးထားပါတယ်။

👍27❤9🫡4🥰1🤮1🤣1🖕1
ဆားလင်းကြီး ကျိုင်းခမောက်ရွာ စစ်တပ်မီးရှိူ့လို့ နေအိမ် ရာချီပျက်စီး
နိုဝင်ဘာ ၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်၊ မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"အိမ်ခြေများတယ်လို့ သိရတယ်။ ယင်းမာပင်နဲ့ပုလဲ ဆက်သွယ်ထားတဲ့လမ်းတလျှောက်က ရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေယူကြတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကတော့ အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ "ပုလဲမြိူ့နယ်ကနေ ဆားလင်းကြီးမြို့နယ်ဘက်ကူးလားပြီး ကျိုင်းခမောက်ရွာကို ဘာတိုက်ပွဲမှ မရှိဘဲ မီးရှို့သွားတာ။အိမ်ခြေက ရာချီပြီးတော့ မရှိပါဘူး။ အိမ်ခြေ ၃၀ကျော်တော့ မီးရှို့ခံလိုက်ရတယ်"လို့ လူထုနွေဥိးကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
အောက်တိုဘာ ၃၁ ရက် ညနေ ၅နာရီကလည်း ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး ဒဏ်ရာရတဲ့အနက် ၁ ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
ရုပ်သံ - Thet Paing Soe
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဆားလင်းကြီး #ကျိုင်းခမောက်ရွာ #စစ်ကောင်စီ #စစ်တပ်မီးရှို့မှု #နေအိမ်များပျက်စီးမှု #စစ်ရာဇဝတ်မှု #စစ်ဘေးရှောင်များ #မြန်မာ့စစ်ရေးသတင်း #မြန်မာ့သတင်း #Salingyi #KyaingKhamauk #JuntaArson #HomesDestroyed #WarCrimes #DisplacedPersons #MyanmarConflict #MyanmarNews

🤬29❤6🔥3👍2👎1👏1🎉1
AAတပ်မှူးချုပ်မွေးနေ့မှာစစ်တပ်ကရခိုင်မြို့နယ်အချို့ကိုလေကြောင်းကင်းထောက်
နိုဝင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်
ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ မှာ အာ
ဏာသိမ်း စစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်တွေကိုလေကြောင်းကနေကင်းထောက်နေခဲ့ တယ်
လို့ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ ၊မနက် ကိုးနာရီကျော်အချိန်မှာ မြောက်ဦးမြို့ပေါ်၊ မြောက်ဦးနယ်နဲ့ ကျောက်တော်မြို့နယ်တွေကို တံတားဦး လေ
တပ်က တက်လာတဲ့ ATR-42 စစ်ထောက်ပို့၊ ကင်းထောက်လေယာဉ် တစီးနဲ့ နာရီဝက်နီးပါးကြာ ကင်း ထောက်နေခဲ့တယ်လို့ ဆိုပါတယ်။
“ATR – 42 နဲ့ ကင်းထောက်သွားတယ်။ ပြီးရင် Y12 တစီးလည်း ဖြတ်သွားတယ်။ စိုးတော့ စိုးရိမ်ရပါတယ်။ သူတို့ ကင်းထောက်သွားရင် အလကားနေတော့ ကင်းမထောက်ဘူး။ လူတွေကလည်း သတိတော့ ထားနေကြပါတယ် ဒီ နေ့” လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။
ATR-42 ထောက်ပို့၊ ကင်းထောက်လေယာဉ်ဟာ ပင်လယ်ပြင်နဲ့ မြေပြင်မှာရှိတဲ့ ပစ်မှတ်တွေကို အဝေးကနေ ၃၆၀ ဒီဂရီ ပတ်လည်ကင်းထောက်နိုင်ပြီး ပစ်မှတ်ရာချီကို တပြိုင်
နက် ခြေရာခံနိုင်ပါတယ်။ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာပါ Y12 ထောက်ပို့၊ ဗုံး ကြဲလေယာဉ်တစီး အချိန်ကြာကြာဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဗုံးတော့ မချဘူး။ ဝဲပဲဝဲနေခဲ့တယ်။ ဝီရဌာနီ(ပေါက်တော)ဘက်မှာဝဲပြီးမှ အဉ္ဇနပူရ(မင်းပြား)ဘက်ခဏဝဲပြီးအရှေ့ဘက်ပျံသွာတယ်”
လို့ မင်းပြားဒေ သခံတဦးက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီကျော်အချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဂျက်ဖိုက်တာနှစ်စီးနဲ့ စစ်တပ်က ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
နိုဝင်ဘာ ၇ ရက်နေ့ဟာ AA တပ်မှူးချုပ်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်အန္တရယ်သတိထားကြဖို့လိုတယ် လို့ ရခိုင်ပြည်တွင်း လေယာဉ်အဝင်၊ အထွက်တွေကို ပုံမှန်ကင်းထောက်၊ စောင့်ကြည့်နေတဲ့ မြောက်ဦးမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
“မနက်ကတည်းကအာရက္ခပြည်ထဲကို လေ
ယာဉ်အဝင်တွေ များနေတယ်။ နေ့တိုင်းထက် သတိထားဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် AA တပ်မှူးချုပ်မွေးနေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့
နယ် ယိုးတရုတ်၊ အောင်ဖြူ ပြင်၊ ကွမ်းတောင်ကျေးရွာတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ကျောက်
ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အ
ထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုပ်နေရာအား
လုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သ
င်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၆ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၃၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

😁14❤12🤬6👍4👎1👏1🎉1
ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်
နိုဝင်ဘာ-၇၊၂၀၂၆။တေဇ/People's Spring
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ "ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်" အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။
ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလိုဆက်သွယ်ရေးဖြတ်တောက်ခံရတာက ဒေသခံတွေက တော်လှန်ရေးကို ထောက်ခံတာကြောင့် ဖြတ်တောက်မှုတာလို့ ဖြေဆိုသူရဲ့တစ်ဝက်ကျော်ကယူဆပြီး ကျန်တဲ့ အကြောင်းအရာတွေအနေနဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်ဆီးတာ ၊ စစ်ဆင်ရေးမတိုင်မီ နဲ့ စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေးဖြတ်တောက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးဆိုင်ရာ အသိပေးချက်တွေကို မရရှိတာ၊ ဆေးကုသမှုအတွက် ဖုန်းဆက်သွယ်လို့မရတာ ၊ မိသားစုတွေ အဆက်အသွယ်မရတာ ၊ထိခိုက်သေဆုံးမှုတွေကို မှတ်တမ်းတင်လို့မရတာနဲ့ လူသားချင်းစာနာမှုအကူအညီတွေရယူဖို့ ခက်ခဲတာတွေပိုမိုကြုံရတယ်လို့လည်းဆိုပါတယ်။
ဒေသခံတွေအနေနဲ့ ICON စကားပြောစက်တွေ ၊ ဂြိုလ်တု အင်တာနက်တွေ ၊ ရပ်ရွာအခြေပြု သတင်းကွန်ရက်တွေနဲ့ လူချင်းသတင်းဆင့်ပို့ခြင်းတွေ လုပ်ဆောင်နေပေမယ့် ကုန်ကျစရိတ်မြင့်မားတဲ့ အပြင် လူတိုင်းလက်လှမ်းမီနိုင်တဲ့ လုံခြုံရေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။

❤20👍12🔥1🤣1
အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်
နိုဝင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
" KIO/KIA နှင့် MNTJP/MNDAA တပ်ဖွဲ့တို့အနေဖြင့် ဦးအိုက်တုန်အပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့ သည့်တပ်သားနှစ်ဦး၏လုပ်ရပ်ကိုစုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ ထိရောက်သည့် အပြစ်ပေးအရေးယူမှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရန်၊ တရားမျှတမှု နှင့် သင့်လျော်သောကုစားမှုရရှိစေရန်အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ရာဒေသအတွင်း နေထိုင်ကြတဲ့ အရပ်သားပြည်သူလူထုရဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေနဲ့ အသက်လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိကြောင်း ဖော်ပြကာ အခုလို အရပ်သားတဦးကို ကိုယ်ထိလက်ရောက်အကြမ်းဖက် ရိုက်နှက်တာ၊ ခြိမ်းခြောက်တာဟာ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီလုပ်ရပ်ဟာ ဒေသခံပြည်သူလူထုရဲ့ အသက်ရှင်သန်ရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
နမ့်ဖက်ကာ ဒေသခံတစ်ဦးကို KIAနဲ့ MNDAA တပ်သား နှစ်ဦးက ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ကချင်လူမျိုးအပါအဝင် ပြည်သူလူထုတွေက ကန့်ကွက်ရှုတ်ချခဲ့ကြတာလည်း တွေ့ရပါတယ်။
အရပ်သားကို အခုလို အနိုင်ကျင့်ရိုက်နှက်တဲ့ တပ်သားနှစ်ဦးဟာ အကြမ်းဖက်သမားတွေဖြစ်လို့ ပြင်းထန်စွာ အရေးယူဖို့လိုတယ်လို့ ကချင်ဒေသခံတဦးက မှတ်ချက်ပြုထားပါတယ်။
" ဒီကိစ္စကျူးလွန်တဲ့သူတွေက KIA စစ်သားဖြစ်နေပါစေ အကြမ်းဖက်သမားဖြစ်သွားတယ် ။ စစ်သားတယောက်က ကိုယ့်ရန်သူကိုတောင် စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး စစ်စည်းကမ်းလိုက်နာရမှာပါ” လို့ အဲဒီဒေသခံက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ကောင်းသူ၊ ဆိုးသူရှိကြပြီး တဦးတယောက်ကြောင့် အဖွဲ့အစည်း ပုံရိပ်ကျတာမို့ အရပ်သားအပေါ် အကြမ်းဖက်သူတွေကို တာဝန်ယူမှုရှိစွာ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်းလည်း ကချင်ဒေသခံက တိုက်တွန်းထားပါတယ်။

👍18🔥11❤7🤣1
■ရုပ်ရှင်ခံစားမှု
ကာဘူးလ်က မေတ္တာ
The Breadwinner (၂၀၁၇)
၁၉၉၁ ခုနှစ် တာလီဘန်တို့ လွှမ်းမိုးထားတဲ့ အာဖဂန်နိစတန်နိုင်ငံ၊ ကာဘူးလ်မြို့မှာ အ
သက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ မိန်းက
လေးတစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ မိဘနှစ်ပါးရယ်၊ အမတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရယ် ရှိတယ်။
ပါဗာနာအဖေက ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နိစတန်ရဲ့ ရှေးဟောင်းသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံ
တကာအကြောင်းတွေကိုကောင်းကောင်း
သိရှိပြီး သမီးဖြစ်သူ ပါဗာနာကိုလည်း ပညာတွေ၊ ပုံပြင်တွေ သင်ကြားပေးတတ်သူပါ။
သူဟာ ဆိုဗီယက်-အာဖဂန် စစ်ပွဲအတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ကြားကမိသားစုအတွက်စာအုပ်အဟောင်း
တွေ၊ ပစ္စည်းအသေးစားလေးတွေ ရောင်းချရင်း ရိုးသားစွာ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
တရက်တော့ ပါဗာနာတို့အိမ် လက်နက်ကိုင် တာလီဘန်တွေ တံခါးလာခေါက်တယ်။ တာလီဘန်တွေဟာ ပါဗာနာ အဖေကို အ
ကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ စာအုပ်ဟောင်းတွေ ရောင်းချနေတာ၊ အစိုးရကို ဆန့်ကျင်တဲ့ သဘောတရားတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ တရားမဲ့စွာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြတယ်။
ပါဗာနာအဖေ အဖမ်းခံရတော့ ကျနော်တို့ဆီက နိုင်ငံရေးစာအုပ်ရောင်းလို့ အဖမ်းခံခဲ့ရသူတွေ၊ အပိတ်ခံလိုက်ရတဲ့ စာအုပ်တိုက်တွေကိုတောင် သတိရမိတယ်။ အာဏာရှင်ချင်းတူတော့ လုပ်ရက်ချင်းကလည်းတူကြတာပေါ့။
အဖေဖြစ်သူ မတရား အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပဲ အသက် ၁၁ နှစ်အရွယ် ပါဗာနာဟာ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့တယ်။ အဲဒီအချိန် အုပ်ချုပ်သူ တာလီဗန်တွေရဲ့ ပေါက်ကရဥပဒေကြောင့် ပါဗာနာ အခက်တွေ့တယ်။
တာလီဘန်တွေရဲ့ ဥပဒေအရ အမျိုးသမီးတွေဟာ အမျိုးသားအဖော်မပါဘဲ အပြင်ထွက်ခွင့်၊ ဈေးဝယ်ခွင့်မရှိတဲ့အတွက် ပါဗာနာဟာ သူ့ရဲ့ ဆံပင်ကို ညှပ်၊ ယောက်ျားလေးအဝတ်
အစား ဝတ်ဆင်ကာ ယောကျာ်လေးအသွင်နဲ့ အလုပ်ထွက်လုပ်ခဲ့ရတယ်။
ဇာတ်ကားရဲ့အလှဆုံးနဲ့ အနက်ရှိုင်းဆုံး အပိုင်းကတော့ ပါဗာနာ မောင်လေးကို ပြောပြတဲ့ ပုံပြင်ပါ။ လက်တွေ့ကမ္ဘာမှာ ဗုံးသံတွေ၊ သေနတ်သံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ ပုံပြင်ကမ္ဘာလေးထဲမှာတော့ သူမဟာ ရဲရင့်တဲ့ စိတ်ကူးနဲ့ အခက်အခဲတွေကို ရင်ဆိုင်တယ်။ အစ်ကိုဖြစ်သူ ဆူလေမန်ရဲ့ အမှတ်
တရကို ပုံပြင်နဲ့ ရောယှက်ပြီး ပြောပြသွားတာဟာ ဒုက္ခတွေကို အနိုင်ယူဖို့ လူတွေရဲ့ စိတ်
ဓာတ်ခွန်အား ဘယ်လောက်ကြီးမားကြောင်း ပြသနေပါတယ်။
ပါဗာနာဟာ ရသမျှအလုပ်တွေ သူငယ်ချင်းနဲ့အတူ လုပ်ရင်း အဖေ့ကို တွေ့ရဖို့ ကြိုးစားနေခဲ့တယ်။ တချိန်တည်းမှာပဲ ကာဘူးလ်မြို့ပေါ်မှာ စစ်ပွဲစတင်တော့မယ့်အရိပ်အယောင်တွေ ပြင်းထန်လာတာကြောင့် အမေဖြစ်သူက ပါဗာနာအမကို အိမ်ထောင်ပြုပေးဖို့နဲ့ သူတို့မိသားစုတွေ ဆွေမျိုးတွေရှိတဲ့ ဘေးကင်းတဲ့ တခြားမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ပါဗာနာကတော့ သူမလိုက်ချင်ဘူးတဲ့။ အဖေပြန်လာရင် ကြိုမယ့်သူမရှိမှာစိုးလို့တဲ့။ အမေတားနေတဲ့ကြားက ပါဗာနာ အပြင်ထွက်သွားတယ်။ ဒီနေ့ သူ့အဖေကို ထောင်မှာသွားတွေ့ရမယ့်နေ့လေ။
ပါဗာနာအမနဲ့ ထိမ်းမြားမယ့် သတို့သားဘက်ကလည်း ပါဗနာတို့မိသားစုကို လာခေါ်ပြီ။ စစ်ပွဲလည်းဖြစ်တော့မှာမို့ အမြန်ထွက်ဖို့ ခေါ်တယ်။ မိခင်ဖြစ်သူကတော့ ပါဗာနာမပါလို့ မလိုက်ဘူးဇွတ်ငြင်းတယ်။ နောက်တော့ လိုက်
ပါသွားရတော့တယ်။ အဲဒီအချိန်မှာပဲ စစ်ပွဲက တကျော့ပြန် စလာတဲ့အခါမှာတော့.....
ဒီဇာတ်ကားဟာ အိုင်ယာလန်အခြေစိုက် Cartoon Saloon စတူဒီယိုကနေ ရိုက်ကူးပြီး ဒါရိုက်တာ Nora Twomey ရိုက်ကူးထားတဲ့ ထူးချွန်ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားပါ။ စာရေးဆရာမ Deborah Ellis ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး အလုပ်အမှုဆောင် ထုတ်လုပ်သူအဖြစ် နာမည်ကျော် ရုပ်ရှင်
မင်းသမီး Angelina Jolie က ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေဖြစ်တဲ့ မရေရာမှုတွေ၊ စစ်ဘေးစစ်ဒဏ်၊ ဖိနှိပ်မှုတွေနဲ့အကျပ်အတည်းတွေကြားက အခြေအနေတွေဟာ ကျနော်တို့နဲ့ ရင်ဘတ်ကြီးနီးလှပါတယ်။ ပါဗာနာရဲ့ အရွယ်နဲ့မမျှအောင် ရုန်းကန်မှုတွေက ကျနော်တို့ဆီက အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ရုန်း
ကန်ရမှူတွေနဲ့ တူညီလှပါတယ်။
သို့သော် ဒီဇာတ်ကားက အမှောင်ထုကြီးထဲမှာ လမ်းပျောက်သွားစေဖို့ မဟုတ်ဘဲ အခက်အခဲတွေ ဘယ်လောက်ကြီးမားပါစေ မိသားစုအပေါ် ထားရှိတဲ့မေတ္တာတရား၊ ခါးသီးတဲ့ အမှန်တရားကို ရဲရင့်စွာ ရင်ဆိုင်ရဲတဲ့ စိတ်
ဓာတ်နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်တွေကို ဘယ်အရာကမှ ဖျက်
ဆီးလို့ မရနိုင်ဘူးဆိုတာကို သက်သေပြသွားခဲ့ပါတယ်။
ဇာတ်ကားအဆုံးမှာပါဗာနာပြောသွားတဲ့ စကားတစ်ခွန်းက ရင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။
"မိုးကြိုးပစ်လို့ပန်းတွေမပွင့်ပါဘူး၊မိုးရေစက်တွေကြောင့်ပဲ ပန်းတွေ ပွင့်တာပါ"တဲ့။ ။

👍23❤4🖕2🤮1👌1
တာဝန်၀တ္တရားကိုတန်ဖိုးထားရင် အောင်မြင်မှု သေချာပေါက်ရမယ်လို့ KNLA စစ်ဦးစီးချုပ် ပြော
နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့အတွက်၊ လူမျိုးအတွက်၊ အနာဂတ်အတွက် အလုပ်လုပ်ကြရမှာဖြစ်ပြီး တာဝန်၀တ္တရားတွေကို တန်ဖိုးထားရင် အောင်မြင်မှုသေချာပေါက်ရမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောပါတယ်။
အောက်တိုဘာအတွင်းက ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ် ၂၈ မြို့နယ်က အုပ်ချုပ်ရေးခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ပြောကြားခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ကရင်ဘာသာနဲ့ ပြောကြားခဲ့တာကိုလည်း ဘာသာပြန်ဖော်ပြထားပါတယ်။
“ ငါ့မြို့နယ် ငါ့ခရိုင် မဟုတ်ဘူး ငါတို့ရဲ့ မြို့နယ် ငါတို့ရဲ့ ခရိုင် ငါတို့ရဲ့ ပြည်သူတွေဖြစ်တယ်။ ငါတို့ လုပ်နေတဲ့အရာတွေက မင်းအတွက် ငါ့အတွက် ငါတို့အတွက် မဟုတ်ဘူး။ ပြည်သူ အတွက်၊ လူမျိုးအတွက် အနာဂတ်အတွက်ဖြစ်တယ်။ ကဏ္ဍအလိုက် ငါတို့ တာဝန်ကိုယ်စီရှိကြတယ်။ ငါတို့က လူထုရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ရဲ့ တာဝန်၀တ္တရားကို တန်ဖိုးထားပါ။ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ ကိုယ့်ရဲ့ တာဝန်တန်ဖိုးထားမယ်ဆိုရင် အောင်မြင်မှုက သေချာပေါက်ရမှာပဲ” လို့ ကိုယ့်တာဝန်ကို ချစ်ရင် ကိုယ့်တာဝန်ကို တန်ဖိုးထားရမယ်လို့လည်း KNLA စစ်ဦးစီးချုပ်က ပြောပါတယ်။
“မလုပ်တက် မကိုင်တက်တာကို အားမငယ်နဲ့ ။အလုပ်တွေ တာဝန်တွေ အတွေ့အကြုံတွေကနေ တည်ဆောက်သွားရမယ်။အောင်မြင်မှုလမ်းကြောင်းက ရှိတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ့ကနေပဲ သင်ယူသွားရမယ်” လို့ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက KNU ခရိုင်/မြို့နယ်အသီးသီးက ခေါင်းဆောင်တွေကို မှာကြားခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်းရှိ ခရိုင် (၇) ခရိုင်က မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KNU ဗဟိုမှာ အောက်တိုဘာ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ၅ရက်ကြာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေး၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးများ စွမ်းဆောင်ရည်မြင့်တင်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ စုံညီအစည်းအဝေးကို KNU မြို့နယ် (၂၈) မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့သလို အဖွဲ့ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ဗဟို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ အောက်ခြေမှအထက်သို့ (Bottom-up) အဆင့်ဆင့် တည်ဆောက်ရေး ချဉ်းကပ်မှုအပေါ် အခြေခံ၍ အခြေခံအုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်တကျ ခိုင်မာအားကောင်းရေးတို့ကို တစ်ပြိုင် တည်း အလေးထား ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
KNU မြို့နယ်ခေါင်းဆောင်တွေရဲ့ မျက်နှာ စုံညီအစည်းအဝေးကို ၂၀၂၄ က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင် (၇)ခရိုင် မှ မြိုနယ် (၂၈) မြိုနယ်အတွင်း အုပ်ချုပ်ရေး နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတွေမှာ ဦးဆောင်စီမံနေသူတွေအကြား ချိတ်ဆက်မှုအားကောင်းပြီး ပူးပေါင်းညှိနှိင်း ဆောင်ရွက်မှုများ မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့လည်း KNUက ထုတ်ပြန်ထားပါတယ်။

👍21❤11👏4🫡2🤮1💩1🤣1🖕1
တောင်သာမြို့နယ်မှာ ရဲတပ်ရင်း(၅)က ရဲ ၂ဦး လက်နက်နဲ့ အလင်းဝင်လာ
နိုဝင်ဘာ-၇၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း-၅(မှော်ဘီ)မှရဲ ၂ဦးဟာ လက်နက်နဲ့ အလင်းတင်လာတယ်လို့ တောင်သာ People Defense Force (TTA)အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
TTA အဖွဲ့ရဲ့တစ်တော့အကောင့်ကို အဲဒီရဲ ၂ဦးက အလင်းဝင်ဖို့ လာရောက်ချိတ်ဆက်ခဲ့တာကြောင့် နိုဝင်ဘာ ၆ရက် သွားရောက် ခေါ်ယူခဲ့ပြီး ဂုဏ်ပြုချီးမြှုင့်ငွေများပေးကာ ၎င်းတို့ ပြန်လိုသည့် နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"မှော်ဘီရဲတပ်ရင်း(၅)က တောင်သာထဲကို စစ်ကြောင်းထိုးတာတွေရှိတယ်။အခုလည်း မြို့နယ်ထဲမှာဂိတ် တွေထိုင်ထားတယ်။အဲဒီဂိတ်က နေထွက် ပြေးလာတာပါ။သူတို့နှစ် ယောက် တောင်သာနယ်ထဲရောက်တာ ၁နှစ်ခွဲလောက်ရှိပြီ"လို့ TTAအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာမြို့နယ်အတွင်းကို စစ်တပ်ရဲ့ ရဲစစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အဲဒီရဲတပ်ရင်း(၅)ကနေ TTAတပ်ဖွဲ့ထံ အလင်းဝင်လာသူ ၂၀ ခန့်ရှိပြီလို့ သိရပါတယ်။
"ကျွန်တော်တို့ဆီမှာ စုစုပေါင်းအလင်းဝင် ၃၀ကျော်ရှိပြီ။ ရဲတပ်ရင်း(၅)က နေဝင်လာတဲ့သူက ၂၀ကျော်ပြီ"လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

👍19❤8👏4🫡2👎1🔥1🖕1
■မေးမြန်းခန်း
"အမြဲတမ်း အနည်းဆုံး ၂ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးမှာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ပါးနပ်မှုက အရေးကြီးပါတယ်လို့ ကျွန်တော်မြင်ပါတယ်"
■ဦးမင်းကိုနိုင်နဲ့ မေးမြန်းခန်း
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမဟာ
ဗျူဟာကို အမေရိကန်နိုင်ငံခြားရေးဌာန၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အများပြည်သူသိရှိစေရန်ထုတ်ပြန်လာပါတယ်။ ၂၀၂၆ သြဂုတ်လရက်စွဲနဲ့ မဟာဗျူ
ဟာစာတမ်းကိုထုတ်ပြန်ပေမယ့် အောက်
တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလဆန်းမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာကြတာဖြစ်ပါတယ်။ အမေရီကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ပို့ကုန် ၊သွင်းကုန် မြှင့်တင်ရေး၊မြေရှားရရှိရေး ၊အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်) တိုက်ဖျက်ရေး၊ ရေရှည်ခံတဲ့ငြိမ်းချမ်းရေး၊ အမေရီကန်သြဇာလွမ်းမိုးရေးစတဲ့အကြောင်းအရာတွေအဓိကပါဝင်ပါတယ် ။အမေရီကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်လာနိုင်လဲ ၊ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေကို လူထုတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူတဦးဖြစ်တဲ့ ဦးမင်းကိုနိုင် ကို နိုဝင်ဘာ ၆ ရက်မှာဆက်သွယ်မေးမြန်းထားပါတယ်။
မေး-မဂ်လာပါ ဦးမင်းကိုနိုင်ရေ ။ပထမဆုံးလူပြောများနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာ
နိုင်ငံဆိုင်ရာမဟာဗျူဟာသစ် နဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါလဲ ။ ပြည်သူတွေကြားထဲမှာတော့ ပြည်သူတွေကိုနေ့စဥ်ဗုံးကြဲသတ်
ဖြတ်နေတဲ့ စစ်တပ်နဲ့ အမေရိကန်အစိုးရက အခုလို ထိတွေ့ဆက်ဆံလာတဲ့အပေါ်အံအားသင့်တာတွေရှိသလို ၊ မြန်မာပြည်သူတွေတောင်းဆိုသံတွေကို အမေရိကန်အစိုးရက
မျက်ကွယ်ပြုထားတယ်ဆိုပြီးဝမ်းနည်းတာ ၊ဒေါသထွက်တာမျိုးတွေလည်းတွေ့ရပါတယ်။
ဖြေ-ကမ္ဘာကြီးက အမြဲတမ်း အနည်းဆုံး နှစ်ခြမ်းကွဲနေတာပါဗျာ။ ဒီတစ်ချက်ကိုသိထားရင်ရပါတယ်။ အနည်းဆုံးနော်။ ထရမ့်အစိုးရ အနေနဲ့ သူစိတ်ကြိုက်လုပ်လို့ရမယ်လို့တော့ မတွေးမိပါစေနဲ့ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ပြည်တွင်းမှာလည်းသူနဲ့ မတူကွဲပြားတာရှိတယ်။အခု ဒီမိုကရက်တွေ လွှတ်တော်ထဲမှာ အများကြီးရသွားတဲ့ အခါကျတော့ သူ့ကို စံချိန်စံညွှန်းတွေနဲ့ တင်းကျပ်ကြမှာပဲ။ အထူးသဖြင့်တော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ၊ ဒါတွေနဲ့တော့ တိုင်းကြမှာပဲ။ အဲဒီတော့ ပြည်တွင်းမှာတင်မကပါဘူး။ ပြည်ပ နိုင်ငံ
တကာမှာ လည်း သူနဲ့ မတူကွဲပြားတဲ့ အင်
အားကြီးတွေရှိနေတာပဲဗျာ။ အဲဒီတော့ ဒါမဆန်းပါဘူး။ အကျိုးစီးပွားကို ဗဟိုပြုလာတဲ့ ကမ္ဘာကြီးမှာ ကျင့်ဝတ်နဲ့အညီအထူးသဖြင့် တိုက်ပွဲဝင်နေရတဲ့သူတွေအတွက်ကတော့ အခက်အခဲတွေရှိတာပါပဲ။ ဒါပေမယ့် အခက်
အခဲမှာပဲ အခွင့်အလမ်းတွေ ရှိပြန်တယ်ပေါ့။ အဲဒီတော့ သဘောကတော့ဗျာ အနောက်ကို အနောက်ကိုင်းကို ခုန်ကူးမယ်ဆိုပြီးတော့ အရှေ့ကိုင်းကို ခြေကန် လိုက်တဲ့ ဓားပြအဖွဲ့ကပဲ သစ်ကိုင်းလွတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးတော်လှန်ရေးက မူအပေါ်မှာပဲရပ်နေတာလေ။ဒီမူနဲ့ကိုက်တယ်ဆိုရင် ကျွန်
တော်တို့ ဘယ်နိုင်ငံနဲ့မဆို လက်တွဲလုပ်လို့ရတာကိုးဗျ။ ဒီလိုအခွင့်အရေးရှိပါတယ်ဗျ။
မေး-အမေရိကန်ရဲ့ မဟာဗျူဟာသစ်မှာ အမေရီကန်ပြည်သူတွေကိုပစ်မှတ်ထားတဲ့ကျားဖြန့်တိုက်ဖျက်ရေး ၊မြေရှာရရှိရေး ၊ရေရှည်ခံတဲ့ငြိမ်းချမ်းရေးလုပ်ပေးမယ်၊ကုန်သွယ်ရေးတိုးမြှင့်မယ် ၊အမေရိကန် သြဇာလွှမ်းမိုးမှုတိုးချဲ့မယ် ဆိုတာတွေ အဓိကတွေ့ရတယ်။တရုတ်အစိုးရက မြန်မာနဲ့ပတ်သက်ပြီးနိုင်ငံတကာက မကျော်ရမယ့် စည်းသုံးစည်းဆိုပြီး တားထားတာလဲရှိပါတယ်။ဒါကြောင့် တချို့အချက်တွေကြောင့်အင်အားကြီး နှစ်နိုင်ငံ ထိပ်တိုက်တွေ့မယ် အခြေအနေရှိတယ် လို့သုံးသပ်ရပါတယ်။ ဒီအခြေအနေတွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်
ရောက်လာနိုင်ပါလဲ ။
ဖြေ-ဟုတ်တယ်။ ဒီအချက်နှစ်ချက်ကိုတော့ ဗြောင်ကျကျပဲ သုံးကြတယ်။ တကယ့်တ
ကယ် အကျိုးစီးပွားကလည်းအဲဒါပဲ။ ပထဝီတွေဘာတွေကနောက်မှပါ။ ဒီဟာ(မြေရှား)က လက်တွေ့ကျတယ်။ဒီခေတ်သစ်ကမ္ဘာကြီးမှာ ဒါ မရှိမဖြစ်တွေပဲ။ ဆိုတော့ ဒီလိုပေါ့ မြေရှားလိုဟာမျိုးဆိုရင် တကယ်တမ်းက ဘယ်နေ
ရာမှာရှိနေတာလဲ။ တကယ်တော့ တော်လှန်အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်စိုးမိုးထားတဲ့နေရာတွေမှာရှိနေတာ ၊ များစွာပေါ့။ အဲ့ အချက်ကိုလည်း သူတို့သိကြပါတယ်။ သိလို့လည်းဒီခေါင်းစဉ်အောက်ကနေပြီးတော့ ဘက်ပေါင်းစုံကို ချဥ်းကပ်မယ်ဆိုပြီးတော့ ပြောနေတာက တော်လှန်ရေးအင်အားစုတွေ ဒီခေါင်းဆောင်တွေ NUG အစိုးရအပါအဝင် SCEF အပါအဝင် ဒါတွေကိုသူတို့သေချာ
ပေါက် ချဥ်းကပ်ရမှာပါ။စူပါ အင်အာကြီးတွေ ထိပ်တိုက်တွေ့ကြရင်တော့ဗျာ၊ ဒီလိုပါပဲ။ ကမ္ဘာကြီးမှာ အင်အားငယ်တဲ့သူတွေက ဘာနဲ့တူနေလဲဆိုတော့ဘုံကျောင်းရှေ့မှာ နဂါး ကသလိုပေါ့၊ ခေါင်းက လှည့်လိုက်ယမ်းလိုက် လှည့်လိုက်တာနဲ့ တစ်ကိုယ်လုံးကအထူးသ
ဖြင့် အမြီးဖျားတွေအထိပေါ့၊ လမ်းလုံးပြည့်သွားအောင် လူးလွန့်သွားရတာပဲ။ အဲဒီလိုသက်ရောက်မှုတွေကတော့ရှိမှာပဲ။ အဲဒီ့ရှိတဲ့သက်ရောက်မှုတွေကပဲ အားသာချက်တွေ အခွင့်အရေးတွေအဖြစ် ဖန်တီးယူရမှာပဲ။ ဒါ တော်လှန်ရေးရဲ့ ဉာဏ်မျက်စိနဲ့ကြည့်မယ်ဆိုရင် ခေါင်းဆောင်တိုင်းသိနေတာပဲဗျ။ အထူးသဖြင့် ကြည့်ရမှာက ဗျာတကယ့်အ

❤15🤮2🤣1🖕1
ကျိုးအမြတ်ရှိမယ့် မြေရှားက တော်လှန်ရေးအင်အားစုတွေလက်ထဲမှာရှိနေပြီးတော့
တကယ့်အထုတ်အရှုပ် အကြီးအကျယ်တွေ့ရမယ့် ဒုက္ခအဖြစ် ကျားဖြန့်က စစ်ကောင်စီထိန်းချုပ်နေရာတွေမှာရှိနေတာပဲဗျ။
မေး- ဒီအခြေအနေတွေ ကနေ နွေဦးတော်
လှန်ရေးအတွက် အကျိုးရှိလာအောင် တော်လှန်ရေးအဖွဲတွေအနေနဲ့ ဘာလုပ်သင့်တယ်လိုထင်ပါလဲ။ အခုရော ဘာလုပ်နေကြပြီလဲဆိုတာ ပြည်သူတွေပြောပြလို့ရသလောက်ပြောပေးပါဦး။
ဖြေ-ဒီဖက်ဆစ်တွေက အခက်အခဲပေါင်းစုံကြုံရတာ ၊ အဲဒီတော့ သူတို့လုပ်မယ့်အလုပ်က အာရုံလွှဲမယ် ၊ အချိန်ဆွဲမယ် ပြီးရင် စိတ်
ဝမ်းခွဲလိမ့်မယ်။ ဒါပဲရှိတယ်။ ကျွန်တော်တို့တော်လှန်ရေးဘက်ကတော့ ဥပမာဆိုပါတော့ ကိုယ်စားပြုမှု အများဆုံးနဲ့ တကယ့်အချိုးအကွေ့ ကို အပြောင်းအလဲဖြစ်နိုင်မယ့် စုဖွဲ့မှုမျိုးလုပ်နေတာပဲလေ။SCEFဆိုလို့ရှိရင် ကိုယ်
စားပြုမှုတွေကို များနိုင်သမျှများအောင် ၊ ပြီးတဲ့အခါကျဗျာ အားလုံးသိတဲ့အတိုင်း ဒါက နိုင်ငံရေးတစ်ခုတည်းအတွက်မကဘူး။ စစ်ရေးနဲ့ပါ ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။ ဒါတွေအားလုံးက အလုပ်တွေကိုသိမ်းကြုံးလုပ်နေကြတာပဲ။ တစ်ခုပဲရှိတယ်။ မီဒီယာပေါ် တင်တာနဲ့ မတင်တာပဲရှိတယ်ဗျ။ဒါကဒီဘက်ကလုပ်နေတာ။ တော်လှန်ရေးဘက်ကနော်။ အဲဒီလိုပဲ နိုင်ငံတကာရောက်ပြည်သူတွေကလည်း သံရေးတမန်ရေး မှာ သက်ဆိုင်ရာ Institution အသီးသီးကိုသွားပြီးတော့ အရေးပေါ်လိုအပ်ချက် ရေရှည်ဗျူဟာအရ အလုပ်တွေကို အကုန်လုပ်နေကြတာပဲ။ဒီယန္တရားကြီးက နည်းနည်းနောနော မဟုတ်ဘူးနော်။ ကျွန်တော်တို့ CDM တွေအပါအဝင်ပေါ့ဗျာ တကယ့်စေတနာ့ဝန်ထမ်း နိုင်ငံတကာရောက် ပညာရှင်တွေကနေ ဝိုင်းလုပ်ပေးနေကြတာ။ ပြီးရင်ကျွန်တော်တို့ဘဏ္ဍာရေးပေါ့။ ဘဏ္ဍာ
ရေးကလည်း မကြာခင်မှာ SCEF ကနေပြီးတော့ ကြေညာပါ့မယ်။သူတို့အတွက်အစီအမံတွေပေါ့။ ပြည်သူလူထုဘယ်လိုပူးပေါင်းလို့ရပြီဆိုတာကို ကြေညာမှာပါ။ဒါကလာကိုလာရမယ့်ကိစ္စတွေပါ။ဆိုတော့ အားလုံးကပြင်ထားရမှာကတော့ ကြီးမားတဲ့အပြောင်းအလဲကြီးကို ချိုးကွေ့နိုင်မယ့် စုဖွဲ့မှုကို ဝိုင်းပြီးတော့ အားပေးကြဖို့ပဲ။ ကျွန်တော်ခုနကပြောသလို စိတ်ဓာတ်ရေးရာအရရော ထောက်ခံမှုရော၊ ငွေရေးကြေးရေးရော အကုန်လုံးပေါ့ဗျာ။ ဒါတွေအကုန်လုံးက တပြိုင်နက်တည်း ဟန်
ချက်ညီညီလုပ်ကြရမယ့်အချိန်ရောက်တော့မယ်နော်။
သတိထားမိလိမ့်မယ်ထင်တယ်။ ရခိုင်ဘက်မှာရယ် နောက်ပြီးတော့ ဧရာဝတီမြစ်ရဲ့ အ
ထက်ပိုင်းမှာရယ်ပေါ့ အဲဒီ့တိုက်ပွဲတွေမှာ တောက်လျှောက် စစ်ကောင်စီက အလုံး
အရင်းနဲ့ကို ဆုံးရှုံးပြီးတော့ စစ်သင်္ဘောတွေကအစဗျာ မီးလောင် ပျက်စီးတာတွေကအစ အကုန်လုံးတွေ့နေကြတဲ့ အခြေအနေပေါ့။ အဲဒီ့ကနေစပြီး အခုဒီနေ့အထိပေါ့ အဲဒါသည် ကျွန်တော်တို့ တော်လှန်ရေးရဲ့ နောက်လှိုင်းတစ်လုံးတက်လာတယ်ဆိုတာကို မြင်ရလိမ့်မယ်။ ကျွန်တော်တို့ အင်မတန်နိမ့်ပါးခဲ့တဲ့ အချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေကိုပြန်ပြီးတော့ အရှိန်နဲ့ပေါ့။ အဲဒီ့ကျရှိန်နဲ့ လှိုင်းလုံးအကြီးကို ပြန်ပြီးတော့ ဖန်တီးနိုင်တာကိုတွေ့ရလိမ့်မယ်။
မေး-လက်ရှိနွေဦးတော်လှန်ရေးအတက်၊အ
ကျ အခြေအနေတွေကိုလည်း ပြည်သူတွေ ကို ပြောပြပေးပါလား ။
ဖြေ-ဒါဆိုဘဏ္ဍာရေးဘက်ကြည့်မယ်ဗျာ ၊ အ
ခုထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ပြည်ပရောက်လုပ်သားတွေနဲ့ ဒီဖက်ဆစ်တပ်နဲ့ အကြီးအ
ကျယ်တိုက်ပွဲကြီးဖြစ်နေတာ။ ကျည်တစ်ပေါက်မဖောက်ပေမယ့် ဒါ သိပ်ကြီးတဲ့ စစ်ပွဲကြီးပဲ။ ဘာကြောင့်လည်းဆိုတော့ သူ ပြည်
သူလူထုနဲ့ ထိပ်တိုက်ပြန်တွေ့တာ။ အဲဒီ့မှာရောက်နေတဲ့ သန်းနဲ့ချီနေတဲ့ လုပ်သားတွေက အခုလုပ်နေတဲ့ လှုပ်ရှားမှုက နည်းနည်းနော
နောမဟုတ်ဘူးနော်။ကမ္ဘာကြီးကလည်းစောင့်ကြည့်နေတာ။ နောက်တစ်ခုက သူတို့ကတော့ ဒီတိုက်ပွဲမှာ မရှုမလှတော့ဖြစ်နေတာပဲ။ ဒီစစ်တပ်က ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စစ်ဓားပြရဲ့ ဝန်ကြီးကိုယ်တိုင် ဝန်ခံပြီးတော့ ၊အလုပ်သမားဝန်ကြီးက ဝန်ခံပြီးတော့ ပြောနေရတာ။ သူတို့ရမယ့်ပိုက်ဆံတွေကို မရဘူးဖြစ်နေပြီဆိုတာကို ။ အဲဒီ့မှာ အားပြိုင်မှုတွေကတော့ အများကြီးပဲ ၊ ဖက်ဆစ်တွေ က
တော့ ခြိမ်းခြောက်မှာပဲ။ ပြီးတဲ့အခါကျလို့ရှိရင် ပြည်သူလူထုကို မညှာမတာလုပ်မှာပဲ။ ဒါသူ့အပိုင်း ၊ ဒါပေမယ့် တစ်ဖက်မှာ ရောက်နေတဲ့ အထဲမှာက အဲဒီ့ လူ့အဖွဲ့အစည်းတွေပေါ့။ ရွှေ့ပြောင်းလုပ်သားတွေကို ဦးဆောင်နေကြတဲ့သူထဲမှာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ ခေါင်းဆောင်တွေများစွာပါတယ်။ သူတို့တွေကနေပြီးတော့ နိုင်ငံရေးအရပါ ထိရောက်နိုင်တဲ့ တုန့်ပြန်မှုတွေကိုပါ လုပ်ရတာ။ အဲဒီတော့ ဒီဟာဆိုရင် အခုဆိုလို့ရှိရင် စစ်တမ်းကောက်နေတာ နှစ်သန်းကျော်ပြီ။ နည်းနည်းနောနော မှမဟုတ်တာဗျ ။ အဲဒီ့ကနေထပ်ပြီးတော့ လုံလောက်တဲ့ အတိုင်းအတာတစ်ခုရမယ်ဆိုရင် ဒီဟာသည် ဘဏ္ဍာရေးတိုက်ပွဲမှာ ပြည်
သူလူထုဟာ လက်နက်မကိုင်သော်ငြား ဘဏ္ဍာရေးတိုက်ပွဲမှာ ဒီလိုအကွက်ကျကျ ဒီလိုကြောင်းကျိုးဆီလျော် ဒီလိုတခြားရွေး
ချယ်စရာတွေကို ရှာပြီးတော့တိုက်ရင် နိုင်တယ်ဆိုတာကို ပြလို့ရပြီ။ ဥပမာဗျာ ကျွန်

❤13🤮2🤣1🖕1