စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်
နိုဝင်ဘာ ၇၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကနေစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။
"ပြည်သူတွေဘက်က ပူးပေါင်းမှာပဲ စခ(စစ်တပ်)ရန်က အေးမှာပါ"လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ကရဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ တတိယပတ်ကတည်းက စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ အလားတူ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာလည်း အောက်တိုဘာလကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

👍22❤2🔥2🖕2🥰1🤬1🤣1
မြန်မာနိုင်ငံက ထွက်ခွာတော့မယ့် သတင်းကို Unilever အတည်ပြု
နိုဝင်ဘာ-၇၊ ၂၀၂၆။ People’s Spring
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတည်ငြိမ်တဲ့ နိုင်ငံမှာ စစ်အုပ်စုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာအောင် အသည်းအသန် ကြိုးစားနေချိန်မှာ Unileverက မြန်မာကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါ လုပ်ငန်းစုကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ယောက်က Unileverရဲ့ မြန်မာဖက်စပ်လုပ်ငန်းရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချဖို့ သဘောတူညီထားပြီးပြီလို့ ဖြေကြားခဲ့ပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့လည်း Unileverက မျှော်လင့်ထားပါတယ်။
Unileverဟာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စျေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ မှာ EACနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုထူထောင်ဖို့ သဘောတူစာချုပ်ခဲ့ပါတယ်။ ရှယ်ယာရောင်းချမှုကို ၂၀၂၇ မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ပြည်တွင်း ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေတော့ လိုအပ်နေဆဲလို့ Unileverရဲ့ ပြောရေးဆိုခွင့်ရအရာရှိက ပြောပါတယ်။ သူက ရှယ်ယာတွေ ရောင်းချမယ့် တန်ဖိုးပမာဏကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုသွားပါတယ်။
မြန်မာနိုင်ငံကနေ Unilever ထွက်ခွာတော့မယ့်အကြောင်းကို ခေတ်သစ်မီဒီယာက စတင်ဖော်ပြခဲ့ပြီး Reutersက ကုမ္ပဏီဆီ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရုံးချုပ်အခြေစိုက်တဲ့ Unileverဟာ Sunsilk၊ Clear၊ Lux၊ Lifebuoy အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်း အမှတ်တံဆိပ်တွေ၊ Comfort၊ Winစတဲ့ အိမ်သုံး သန့်ရှင်းရေးပစ္စည်း အမှတ်တံဆိပ်တွေ၊ Knorr ကြက်သားမှုန့်နဲ့ ဟင်းခတ်မှုန့်၊ Hellmann’s မရိုးနိစ်စတဲ့ စားသောက်ကုန်တွေကို ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။

❤17😱4👍3🔥3👎1👏1
ဖထီးဘဝဟာ စစ်တိုက်ဖို့ပဲ မွေးဖွားလာသလို ဖြစ်ခဲ့ပါတယ်။ ဖထီးက သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ
ဟာ (၅) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အိမ်ကနေ ထွက်ပြေးပြီး စစ်တပ်ထဲလည်း ရောက်ခဲ့ဖူးပါသေးတယ်။
လူပျိုပေါက်ဘဝမှာ အိမ်က မိန်းမပေးစားလို့ ထွက်ပြေးရင်း စစ်တပ်ရဲ့ စစ်သားစုဆောင်းခံခဲ့ရပါတယ်။ စစ်တပ်ထဲမှာ ၂ နှစ်ကျော်ကြာခဲ့ပြီး ဦးလေးဖြစ်သူရဲ့ အကူအညီနဲ့ ပြန်ထွက်နိုင်ခဲ့ပါတယ်။ KNU တပ်မဟာ (၅) မှာလည်း ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ ဦးလေးဖြစ်သူရဲ့ အစီအစဉ်နဲ့ပဲ ယောနယ်မှာ သစ်ထုတ်လုပ်ရေးအတွက် လာရောက်ရင်း ဒေးမူနဲ့ ဆုံဆည်းလက်ဆက်ခဲ့တာပါ။ ဒီလိုနဲ့ သားနှစ်ဦး မွေးဖွားလာပြီး ကရင်တိုင်းရင်းသားကြီး ဖထီးဟာ ယောနယ်မှာ ပျော်နေခဲ့ပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ လူရိုးကြီး ဖထီးဦးဆောင်တဲ့ မိသားစုဟာ စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲထဲကို ဝင်ခဲ့ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ လူငယ်တွေကို စစ်တပ်က အကြမ်းဖက်သတ်
ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေဟာ ဖထီးနဲ့ သူ့ရဲ့ နှလုံးသားကို ဆွဲညှစ်သလို ခံစားရပြီး အမှန်တရားအတွက် တမိသားစုလုံး တိုက်ပွဲဝင်ခဲ့ကြတာလို့ ဒေးမူက ပြောပါတယ်။
“အပြစ်မဲ့လူငယ်တွေ သတ်ဖြတ်ခံရတာ ရင်တွေ တအားနာခဲ့ရတာလေ။ အရမ်းခံစားခဲ့ရတယ်။ ဖထီးက တော်လှန်ရေးအတွက် တစ်ရက်မှ မနားခဲ့ဘူး” လို့ ဒေးမူက ပြန်ပြောပြပါတယ်။
ဖထီးရဲ့ သားကြီး ဖိုးခွားဟာ စစ်တပ်အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၀ မပြည့်သေးတဲ့ ဖိုးခွားကလည်း ဖြောင့်မတ်တဲ့ လူငယ်ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့အခါ အာဏာဖီဆန်ပြီး CDM လုပ်ပါတယ်။ ဖထီးတို့မြို့ရဲ့ ပထမဆုံး CDM ရဲဟာ ဖိုးခွားဖြစ်ပါတယ်။
ဖထီးက ဇာတိရွာမှာ ဒေသကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ပါတယ်။ သားငယ်ဖြစ်သူက တော့ အသက်မပြည့်သေးတဲ့အတွက် တခြားနယ်ကို ပို့ဆောင်ထားခဲ့ပါတယ်။ ဖိုးခွားက ရဲဘော်တွေကို သင်တန်းပေးပါတယ်။ ဖထီးက ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ပါတယ်။ ဒေးမူကအိမ်ဦးနတ်ဦးဆောင်တဲ့ တော်လှန်
ရေးရဲဘော်တွေ လိုအပ်တာမှန်သမျှ နောက်
တန်းကနေ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တပ်ရင်းတပ်ဖွဲ့တွေလည်း စုစည်းတဲ့အခါ ဖထီးတို့ရဲ့ ဒေသကာကွယ်ရေးတပ်ဟာ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်း (၃) ဖြစ်လာပါတယ်။ ဇရာအရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဖထီးက ရဲဘော်အဆင့်နဲ့ပဲစစ်အာဏာရှင် တော်လှန်
ရေးမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့ပါတယ်။ ယောနယ်နဲ့ အညာမြေ တစ်ကြောကို တော်
လှန်ရေးခရီးကြမ်းအတွက် ခြေဆန့်ခဲ့ပါတယ်။ အညာသား တော်လှန်ရေးရဲဘော်တွေကြားထဲမှာ ကရင်တိုင်းရင်းသားကြီး ဖထီးဟာ လူချစ်လူခင် ပေါများခဲ့ပါတယ်။ ယောနယ်နဲ့ ဆက်စပ်နေတဲ့ ချင်းတောင်ပေါ်က ချင်းကာကွယ်ရေးရဲဘော်တွေကလည်း ဖထီးကို ချစ်ခင်လေးစားကြပါတယ်။
ဖထီးနဲ့ ဒေးမူဟာ ၂၀၂၄ ခုနှစ်ထံမှာ သမီးလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ပါတယ်။ သူ့အသက်ကြီးမှ ရလာတဲ့ သမီးလေးမို့ အချစ်ပိုပါတယ်။ ဖိုးမူလို့ ဖထီးက မြတ်မြတ်နိုးနိုး ခေါ်ပါတယ်။ ဆေးပေါ့လိပ်ကြိုက်တဲ့ ဖထီးက တပ်ရင်းကနေ အိမ်ကို ရံဖန်ရံခါ ပြန်ရောက်စဉ် ဆေးလိပ်သောက်တိုင်း “ဖိုးမူရေ၊ ပါးပါးကို အချစ်ကလေး (မီးခြစ်) ပေးပါဦး။ ပါးပါး ဆေးလိပ်သောက်ချင်လို့” ဆိုပြီး သမီးငယ်လေးကို ချစ်ပြတတ်ပါတယ်။ တပ်ရင်းကနေ အိမ်ကို ပြန်မလာဖြစ်သေးရင်လည်း ဖိုးမူအတွက် မုန့်တွေ အမြဲတမ်း လူကြုံပါးတတ်ပါတယ်။
ဖထီးတို့သားအဖတွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ စစ်အာဏာရှင် တော်
လှန်ရေးတိုက်ပွဲဝင်ရင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် (၂၀၂၆၊ ဩဂုတ်လ ၇ ရက်) နေ့မှာတော့ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ စစ်ဆင်ရေးတစ်ခုအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး သားကြီးဖိုးခွား ကျဆုံးခဲ့တာပါ။ ဖထီးဟာ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လောင်းရှည်တိုက်နယ်ဘက်ကနေ ယောနယ်ထဲ ဝင်လာတဲ့ တပ်
မ (၉၉) ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဆောနယ်စစ်ဆင်ရေးမှာ ဖိုးခွား ကျဆုံးခဲ့တာပါ။လနဲ့ချီပြီး ကြာခဲ့တဲ့ ဆောနယ်စစ်ဆင်
ရေးအတွင်း စစ်ကောင်စီဘက်မှာ သေဆုံးမှုတွေ များပြားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး MA-1၊ MA-3 သေနတ်တွေနဲ့ RPG အပါအ
ဝင် လက်နက်ခဲယမ်းများအပြား လည်း သိမ်း
ဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အိမ်ထောင်ဦးစီးအနေနဲ့ရော၊လူငယ်တော်လှန်
ရေးရဲဘော်တွေရဲ့ အားကိုးသူအဖြစ်နဲ့ပါ ရပ်တည်နေရသူမို့ သူ့ရင်ထဲက နာကြည်းမှုကို တခြားသူ မမြင်အောင် ဖုံးကွယ်နေခဲ့တယ်လို့ ဒေးမူကပြန်ပြောပြပါတယ်။ဒီလိုနဲ့ပဲ သီတင်း
ကျွတ်လပြည့်နေ့ (၂၀၂၆၊ အောက်တိုဘာလ ၂၆ ရက်) ကို ရောက်လာခဲ့ပါတယ်။

LuduNwayOo
ယောနယ်မှာ ကဗျည်းတင်ခဲ့တဲ့ PDF သားအဖနှစ်ဦး | LuduNwayOo
ကရင်တိုင်းရင်းသားကြီး ဖထီးတစ်ယောက် ယောနယ်တစ်နေရာက စစ်တပ်စခန်းကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ဖို့အထိ ဘယ်အရာတွေက စေ့ဆော်ခဲ့ပါသလဲ။
❤22👍3🍌2🔥1🥰1🙏1🤣1🖕1
ဖထီးက ဝတ်နေကျ အားကစားဘောင်းဘီတိုနဲ့ တီရှပ်အနွမ်းကို ဝတ်ထားရင်း ရွာနဲ့ မလှမ်း
မကမ်းကကင်းစခန်းမှာ ရှိနေပါတယ်။ တော်
လှန်ရေးရဲဘော်အချို့က ဖထီးကို လာပြီး ကန်တော့ကြပါတယ်။ ဟိုယခင်နှစ်တွေကဆိုရင်တော့ ဒီလို အခါကြီးရက်ကြီး လာပြီး ကန်တော့သူတွေကြားမှာ သားကြီးဖိုးခွားလည်း ပါခဲ့တာပါ။ သားကြီး ပါမလာတော့တဲ့ ဒီနှစ် သီတင်းကျွတ်လပြည့်နေ့ ကန်တော့ခံနေချိန်မှာ ဖထီးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ငိုကြွေးနေခဲ့ပါတယ်။ နောက်မိနစ်အနည်းငယ်အကြာမှာတော့ အခြေအနေတွေ ရှုပ်ထွေးကုန်ပါတယ်။
“ဖိုးခွားက အမြဲကန်တော့တယ်လေ။ ဘာမှမပါရင်တောင် လက်အုပ်ကလေးချီ ကန်တော့တာ။ အခုက ဖိုးခွားပါမလာတော့ တရှို့ရှို့နဲ့ ငိုတယ်။ ဝိုင်းဆွဲလည်း မရတော့ဘူး။ ဖိနပ်တွေလည်း ချွတ်ပြီး အရပ်ဝတ်နဲ့ ဂန်းတစ်လက်နဲ့ ထွက်ပြေးပြီး ဝင်ပစ်တာ” လို့ ဒေးမူက ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/11/05/172584/
မကမ်းကကင်းစခန်းမှာ ရှိနေပါတယ်။ တော်
လှန်ရေးရဲဘော်အချို့က ဖထီးကို လာပြီး ကန်တော့ကြပါတယ်။ ဟိုယခင်နှစ်တွေကဆိုရင်တော့ ဒီလို အခါကြီးရက်ကြီး လာပြီး ကန်တော့သူတွေကြားမှာ သားကြီးဖိုးခွားလည်း ပါခဲ့တာပါ။ သားကြီး ပါမလာတော့တဲ့ ဒီနှစ် သီတင်းကျွတ်လပြည့်နေ့ ကန်တော့ခံနေချိန်မှာ ဖထီးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ငိုကြွေးနေခဲ့ပါတယ်။ နောက်မိနစ်အနည်းငယ်အကြာမှာတော့ အခြေအနေတွေ ရှုပ်ထွေးကုန်ပါတယ်။
“ဖိုးခွားက အမြဲကန်တော့တယ်လေ။ ဘာမှမပါရင်တောင် လက်အုပ်ကလေးချီ ကန်တော့တာ။ အခုက ဖိုးခွားပါမလာတော့ တရှို့ရှို့နဲ့ ငိုတယ်။ ဝိုင်းဆွဲလည်း မရတော့ဘူး။ ဖိနပ်တွေလည်း ချွတ်ပြီး အရပ်ဝတ်နဲ့ ဂန်းတစ်လက်နဲ့ ထွက်ပြေးပြီး ဝင်ပစ်တာ” လို့ ဒေးမူက ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/11/05/172584/
LuduNwayOo
ယောနယ်မှာ ကဗျည်းတင်ခဲ့တဲ့ PDF သားအဖနှစ်ဦး | LuduNwayOo
ကရင်တိုင်းရင်းသားကြီး ဖထီးတစ်ယောက် ယောနယ်တစ်နေရာက စစ်တပ်စခန်းကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ဖို့အထိ ဘယ်အရာတွေက စေ့ဆော်ခဲ့ပါသလဲ။
💔18👍7❤3😢3🔥2🤣1🖕1🫡1
သင်္ဘောနဲ့ကုန်ကူးတဲ့ မူးယစ်ဆေးနဲ့ သစ်တွေကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့ သက်သေဖျောက်ဖို့ကြိုးပမ်း
နိုဝင်ဘာ-၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring
တနင်္သာရီတိုင်းကနေ ဧရာဝတီတိုင်းကို ရေကြောင်းကနေပို့ဆောင်စဉ် ပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေနဲ့ သစ်တင်လာတဲ့ သင်္ဘာကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က သက်သေဖျောက်လိုက်တယ်လို့ People's Springက စုံစမ်းသိရှိရပါတယ်။
မှောင်ခိုသယ်သူတွေက "ခိုင်ခိုင်မိုး - ၉" ပင်လယ်ကူးငါးဖမ်းသင်္ဘောနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ကော့သောင်းဆိပ်ကမ်းကနေထွက်လာစဉ် ဧရာဝတီတိုင်း၊ လပွတ္တာပင်လယ်ပိုင်နက်မှာ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းမိတာလို့ ဆိုပါတယ်။ ဘိုကလေးဆိပ်ကမ်းကို ဆွဲယူစစ်ဆေးစဉ် သင်္ဘောပေါ်မှာ မှာ မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ သစ်တွေနဲ့ ကားတာရာတွေအပြည့်ပါလာတာတွေ့ရတယ်လို့ ဘိုကလေးမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
" အချင်းချင်း အချိတ်အဆက်လွဲပြီး ဖမ်းမိတာ။ သယ်လာတဲ့သူတွေက ကျနော်တို့မြို့က မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေရယ် စစ်တပ်ရယ်ကို ချိတ်ထားတာ။ ဖမ်းမိပြီးမှ သတင်းကို လိုက်ဖုံးနေတယ်။ တရားခံတွေလည်း လူချိန်းထားတယ်"လို့ ၎င်းက ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ အောက်ခြေပိုင်းက စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်၊ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်မောင်တင် နဲ့ ဇော်ဝင်းလှိုင်ရဲ့ လက်ထောက်၊ ထွေအုပ်စာရေး ရဲသွေးနောင်တို့ အဓိကပါဝင်ပတ်သက်နေတယ်လို့ ၎င်းကပြောပါတယ်။
ဇော်ဝင်းလှိုင်က ဘိုကလေးမြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ တာဝန်လည်းယူထားပါတယ်။
" စစ်တပ်ရော တိုင်းအစိုးရရော အဓိကပါတယ်။ ဖမ်းမိတဲ့နောက်ပိုင်း သူတို့ချင်း တံခါးပိတ် ဆွေးနွေးတယ်။ ၄ရက် အကြာမှာ တရားခံတွေ လွှတ်ပေးလိုက်တယ်။ လူချိန်းတယ်။ ပစ္စည်းတွေ ဖျောက်ဖျက်လိုက်တယ်။ ပမာဏ အရမ်းများတယ်"လို့ ရေကြောင်းကုန်သွယ်ရေးလုပ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ကို ဖုံးဖိမရတဲ့နောက်ပိုင်းမှာ ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့နဲ့ စစ်တပ်ဆွေးနွေးပြီး သတင်းထုတ်ပြန်လာတယ်လို့ သိရပါတယ်။သင်္ဘောကို အောက်တိုဘာ ၃၁ ရက်က ဖမ်းမိပေမယ့် ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က နိုဝင်ဘာလ ၆ရက်မှာ ပထမဆုံးသတင်းထုတ်ပြန်လာတာပါ။ သတင်းမထုတ်ပြန်ခင်မှာ သက်သေတွေအကုန်လုံးကို ဘိုကလေးဆိပ်ကမ်းမှာ သင်္ဘောချင်းချိန်းလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နိုဝင်ဘာ (၁)ရက်နေ့က ခိုင်ခိုင်မိုး-၉ ကမ်းရိုးတမ်းသွားရေယာဉ်နဲ့တင်ဆောင်လာတဲ့ တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဖမ်းမိတဲ့ပစ္စည်းစာရင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ သစ်တွေမပါတော့ပါဘူး။
လျှပ်စစ်လူသုံးကုန်ပစ္စည်းတွေ၊ ဆပ်ပြာပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုကုန်ကြမ်းတွေနဲ့ လယ်ထွန်စက်တာယာဘီးတွေ စုစုပေါင်း(၂၀)မျိုးနဲ့အတူ သယ်ဆောင်လာတဲ့ ရေယာဉ် ၁စီးအပါအဝင် ခန့်မှန်းတန်ဖိုး စုစုပေါင်း သိန်း ၇၀၀၀ ကျော်( ၇၇၁၈.၄သိန်း)သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တရားမဝင်ကုန်သွယ်မှုမှာပါဝင်တဲ့ တရားခံ (၁၂)ဦးကိုလည်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ၁၂ဦးဟာ သင်္ဘောလုပ်သားတွေဖြစ်ပြီး အဓိကတရားခံတွေမပါဘူးလို့ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတို့က ပြောပါတယ်။
မူးယစ်ဆေးကုန်ကူးသူတွေဟာ ပင်လယ်ရေကြောင်းကနေတဆင့် တန်ချီတဲ့ စိတ်ကြွဆေးတွေနဲ့ဘိန်းဖြူတွေ ပို့ဆောင်လေ့ရှိပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ စစ်အုပ်စုပါဝင်ပတ်သက်နေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။
လက်ရှိ ဧရာဝတီတိုင်းမှာ တိုင်းဝန်ကြီးချုပ်အဖြစ် အေးကျော်၊ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမင်းဦးတို့က တာဝန်ယူထားပြီး ဒေသတွင်း ကုန်းလမ်းနဲ့ ရေလမ်းကုန်သွယ်ရေးတွေမှာ သိန်းထောင်ချီပြီး အဂတိလိုက်စားမှုရှိနေတယ်လို့ ဒေသခံကုန်သည်ချို့က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှုနဲ့စိတ်ကြွဆေးပြားထုတ်လုပ်တင်ပို့မှုမှာ ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ မူးယစ်ဆေးနဲ့ကျားဖြန့် ငွေလိမ်လုပ်ငန်းလို့ ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မကြာခဏစွပ်စွဲလေ့ရှိပါတယ်။ ဒါပေမယ့် စစ်ကြွဆေးပြားသန်းနဲ့ချီပြီးဖမ်းမိတဲ့မူးယစ်ဆေးဝါးအမှုအချို့မှာ စစ်ကောင်ရှိအရာရှိတွေ ပါဝင်ပတ်သက်နေတာကို သတင်းထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။

👎20❤10🤮6🖕2🔥1🤬1🤣1
(ဖမ်းမိတဲ့ သင်္ဘောကို စစ်ကောင်စီအဖွဲ့က စစ်ဆေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👎22❤5🤮3😁2🔥1😱1🖕1
NUG လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းယူနေတဲ့ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံ
နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာန (HRD)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ အွန်လိုင်းက တဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး မှတ်တမ်းကောက်ယူနေတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို နိုင်ငံခြားရေး ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင် တက်ရောက်ခဲ့သလို ဦးစီးဌာန တာဝန်ခံ ကိုမာဘယ်လ်၊ သုသေသနဌာနခွဲ တာဝန်ခံ ဒေါက်တာဟေဇယ် တို့က ဌာနရဲ့ မဟာဗျူဟာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ တနိုင်ငံလုံးအတိုင်းအတာ အချက်အလက် ကောက်ယူသိမ်းဆည်းတာ တွေအကြောင်း ရှင်းပြခဲ့ကြောင်း အသိပေးပါတယ်။
ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဌာနခွဲ တာဝန်ခံကလည်း International Advocacy & Human Rights Information Sharing Framework ဆိုင်ရာ ကိစ္စရပ်များ နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် သံတမန်ရေးရာ ချန်နယ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများသို့ အချက်အလက်များ ပံ့ပိုးပေးနေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကလည်း စစ်ရာဇဝတ်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးရေး သင်တန်းများ ပံ့ပိုးရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး (ESCR) ချိုးဖောက်မှုများကိုပါ ပိုမိုလွှမ်းခြုံ မှတ်တမ်းတင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနအနေနဲ့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လိုတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံမှုတွေ ဆက်လုပ်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနဟာ နိုဝင်ဘာပထမပတ်အတွင်းမှာပဲ ဂျန်ဒါ၊ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြေပြင်အချက်အလက် မှတ်တမ်းယူခြင်း၊ အသိပညာပေးခြင်း၊ ပဋိပက္ခကာလအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သင်တန်းများနဲ့ နည်းပညာပိုင်း ပံ့ပိုးနိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အရင်က NUG အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့ ဝန်ကြီးဌာနတခု ဖွဲ့စည်းထားရှိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ၂၀၂၆ အောက်တိုဘာလဆန်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနတခုကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာဖွဲ့စည်းခဲ့တာပါ။
အဲဒီလို ဖွဲ့စည်းတာဟာ လွတ်လပ်တဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် မပေါ်ပေါက်မီ ကြားကာလအတွင်း လူ့အခွင့်အရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာအဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖော်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့လည်း အသိပေးထားပါတယ်။

👍27❤9🫡4🥰1🤮1🤣1🖕1
ဆားလင်းကြီး ကျိုင်းခမောက်ရွာ စစ်တပ်မီးရှိူ့လို့ နေအိမ် ရာချီပျက်စီး
နိုဝင်ဘာ ၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်၊ မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"အိမ်ခြေများတယ်လို့ သိရတယ်။ ယင်းမာပင်နဲ့ပုလဲ ဆက်သွယ်ထားတဲ့လမ်းတလျှောက်က ရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေယူကြတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကတော့ အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ "ပုလဲမြိူ့နယ်ကနေ ဆားလင်းကြီးမြို့နယ်ဘက်ကူးလားပြီး ကျိုင်းခမောက်ရွာကို ဘာတိုက်ပွဲမှ မရှိဘဲ မီးရှို့သွားတာ။အိမ်ခြေက ရာချီပြီးတော့ မရှိပါဘူး။ အိမ်ခြေ ၃၀ကျော်တော့ မီးရှို့ခံလိုက်ရတယ်"လို့ လူထုနွေဥိးကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
အောက်တိုဘာ ၃၁ ရက် ညနေ ၅နာရီကလည်း ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး ဒဏ်ရာရတဲ့အနက် ၁ ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
ရုပ်သံ - Thet Paing Soe
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဆားလင်းကြီး #ကျိုင်းခမောက်ရွာ #စစ်ကောင်စီ #စစ်တပ်မီးရှို့မှု #နေအိမ်များပျက်စီးမှု #စစ်ရာဇဝတ်မှု #စစ်ဘေးရှောင်များ #မြန်မာ့စစ်ရေးသတင်း #မြန်မာ့သတင်း #Salingyi #KyaingKhamauk #JuntaArson #HomesDestroyed #WarCrimes #DisplacedPersons #MyanmarConflict #MyanmarNews

🤬29❤6🔥3👍2👎1👏1🎉1
AAတပ်မှူးချုပ်မွေးနေ့မှာစစ်တပ်ကရခိုင်မြို့နယ်အချို့ကိုလေကြောင်းကင်းထောက်
နိုဝင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)ရဲ့တပ်မှူးချုပ် ဗိုလ်
ချုပ်ထွန်းမြတ်နိုင်မွေးနေ့ဖြစ်တဲ့ ဒီနေ့ မှာ အာ
ဏာသိမ်း စစ်တပ်က မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်မြို့နယ်တွေကိုလေကြောင်းကနေကင်းထောက်နေခဲ့ တယ်
လို့ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ ၊မနက် ကိုးနာရီကျော်အချိန်မှာ မြောက်ဦးမြို့ပေါ်၊ မြောက်ဦးနယ်နဲ့ ကျောက်တော်မြို့နယ်တွေကို တံတားဦး လေ
တပ်က တက်လာတဲ့ ATR-42 စစ်ထောက်ပို့၊ ကင်းထောက်လေယာဉ် တစီးနဲ့ နာရီဝက်နီးပါးကြာ ကင်း ထောက်နေခဲ့တယ်လို့ ဆိုပါတယ်။
“ATR – 42 နဲ့ ကင်းထောက်သွားတယ်။ ပြီးရင် Y12 တစီးလည်း ဖြတ်သွားတယ်။ စိုးတော့ စိုးရိမ်ရပါတယ်။ သူတို့ ကင်းထောက်သွားရင် အလကားနေတော့ ကင်းမထောက်ဘူး။ လူတွေကလည်း သတိတော့ ထားနေကြပါတယ် ဒီ နေ့” လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။
ATR-42 ထောက်ပို့၊ ကင်းထောက်လေယာဉ်ဟာ ပင်လယ်ပြင်နဲ့ မြေပြင်မှာရှိတဲ့ ပစ်မှတ်တွေကို အဝေးကနေ ၃၆၀ ဒီဂရီ ပတ်လည်ကင်းထောက်နိုင်ပြီး ပစ်မှတ်ရာချီကို တပြိုင်
နက် ခြေရာခံနိုင်ပါတယ်။ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာပါ Y12 ထောက်ပို့၊ ဗုံး ကြဲလေယာဉ်တစီး အချိန်ကြာကြာဝဲနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဗုံးတော့ မချဘူး။ ဝဲပဲဝဲနေခဲ့တယ်။ ဝီရဌာနီ(ပေါက်တော)ဘက်မှာဝဲပြီးမှ အဉ္ဇနပူရ(မင်းပြား)ဘက်ခဏဝဲပြီးအရှေ့ဘက်ပျံသွာတယ်”
လို့ မင်းပြားဒေ သခံတဦးက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီကျော်အချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဂျက်ဖိုက်တာနှစ်စီးနဲ့ စစ်တပ်က ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
နိုဝင်ဘာ ၇ ရက်နေ့ဟာ AA တပ်မှူးချုပ်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်အန္တရယ်သတိထားကြဖို့လိုတယ် လို့ ရခိုင်ပြည်တွင်း လေယာဉ်အဝင်၊ အထွက်တွေကို ပုံမှန်ကင်းထောက်၊ စောင့်ကြည့်နေတဲ့ မြောက်ဦးမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
“မနက်ကတည်းကအာရက္ခပြည်ထဲကို လေ
ယာဉ်အဝင်တွေ များနေတယ်။ နေ့တိုင်းထက် သတိထားဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် AA တပ်မှူးချုပ်မွေးနေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့
နယ် ယိုးတရုတ်၊ အောင်ဖြူ ပြင်၊ ကွမ်းတောင်ကျေးရွာတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ကျောက်
ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အ
ထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုပ်နေရာအား
လုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သ
င်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အ
ချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၆ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၃၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

😁14❤12🤬6👍4👎1👏1🎉1
ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်
နိုဝင်ဘာ-၇၊၂၀၂၆။တေဇ/People's Spring
ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ "ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်" အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။
ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလိုဆက်သွယ်ရေးဖြတ်တောက်ခံရတာက ဒေသခံတွေက တော်လှန်ရေးကို ထောက်ခံတာကြောင့် ဖြတ်တောက်မှုတာလို့ ဖြေဆိုသူရဲ့တစ်ဝက်ကျော်ကယူဆပြီး ကျန်တဲ့ အကြောင်းအရာတွေအနေနဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်ဆီးတာ ၊ စစ်ဆင်ရေးမတိုင်မီ နဲ့ စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေးဖြတ်တောက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးဆိုင်ရာ အသိပေးချက်တွေကို မရရှိတာ၊ ဆေးကုသမှုအတွက် ဖုန်းဆက်သွယ်လို့မရတာ ၊ မိသားစုတွေ အဆက်အသွယ်မရတာ ၊ထိခိုက်သေဆုံးမှုတွေကို မှတ်တမ်းတင်လို့မရတာနဲ့ လူသားချင်းစာနာမှုအကူအညီတွေရယူဖို့ ခက်ခဲတာတွေပိုမိုကြုံရတယ်လို့လည်းဆိုပါတယ်။
ဒေသခံတွေအနေနဲ့ ICON စကားပြောစက်တွေ ၊ ဂြိုလ်တု အင်တာနက်တွေ ၊ ရပ်ရွာအခြေပြု သတင်းကွန်ရက်တွေနဲ့ လူချင်းသတင်းဆင့်ပို့ခြင်းတွေ လုပ်ဆောင်နေပေမယ့် ကုန်ကျစရိတ်မြင့်မားတဲ့ အပြင် လူတိုင်းလက်လှမ်းမီနိုင်တဲ့ လုံခြုံရေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။

❤20👍12🔥1🤣1
အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်
နိုဝင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
" KIO/KIA နှင့် MNTJP/MNDAA တပ်ဖွဲ့တို့အနေဖြင့် ဦးအိုက်တုန်အပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့ သည့်တပ်သားနှစ်ဦး၏လုပ်ရပ်ကိုစုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ ထိရောက်သည့် အပြစ်ပေးအရေးယူမှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရန်၊ တရားမျှတမှု နှင့် သင့်လျော်သောကုစားမှုရရှိစေရန်အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ရာဒေသအတွင်း နေထိုင်ကြတဲ့ အရပ်သားပြည်သူလူထုရဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေနဲ့ အသက်လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိကြောင်း ဖော်ပြကာ အခုလို အရပ်သားတဦးကို ကိုယ်ထိလက်ရောက်အကြမ်းဖက် ရိုက်နှက်တာ၊ ခြိမ်းခြောက်တာဟာ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီလုပ်ရပ်ဟာ ဒေသခံပြည်သူလူထုရဲ့ အသက်ရှင်သန်ရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
နမ့်ဖက်ကာ ဒေသခံတစ်ဦးကို KIAနဲ့ MNDAA တပ်သား နှစ်ဦးက ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ကချင်လူမျိုးအပါအဝင် ပြည်သူလူထုတွေက ကန့်ကွက်ရှုတ်ချခဲ့ကြတာလည်း တွေ့ရပါတယ်။
အရပ်သားကို အခုလို အနိုင်ကျင့်ရိုက်နှက်တဲ့ တပ်သားနှစ်ဦးဟာ အကြမ်းဖက်သမားတွေဖြစ်လို့ ပြင်းထန်စွာ အရေးယူဖို့လိုတယ်လို့ ကချင်ဒေသခံတဦးက မှတ်ချက်ပြုထားပါတယ်။
" ဒီကိစ္စကျူးလွန်တဲ့သူတွေက KIA စစ်သားဖြစ်နေပါစေ အကြမ်းဖက်သမားဖြစ်သွားတယ် ။ စစ်သားတယောက်က ကိုယ့်ရန်သူကိုတောင် စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး စစ်စည်းကမ်းလိုက်နာရမှာပါ” လို့ အဲဒီဒေသခံက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ကောင်းသူ၊ ဆိုးသူရှိကြပြီး တဦးတယောက်ကြောင့် အဖွဲ့အစည်း ပုံရိပ်ကျတာမို့ အရပ်သားအပေါ် အကြမ်းဖက်သူတွေကို တာဝန်ယူမှုရှိစွာ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်းလည်း ကချင်ဒေသခံက တိုက်တွန်းထားပါတယ်။

👍18🔥11❤7🤣1
■ရုပ်ရှင်ခံစားမှု
ကာဘူးလ်က မေတ္တာ
The Breadwinner (၂၀၁၇)
၁၉၉၁ ခုနှစ် တာလီဘန်တို့ လွှမ်းမိုးထားတဲ့ အာဖဂန်နိစတန်နိုင်ငံ၊ ကာဘူးလ်မြို့မှာ အ
သက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ မိန်းက
လေးတစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ မိဘနှစ်ပါးရယ်၊ အမတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရယ် ရှိတယ်။
ပါဗာနာအဖေက ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နိစတန်ရဲ့ ရှေးဟောင်းသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံ
တကာအကြောင်းတွေကိုကောင်းကောင်း
သိရှိပြီး သမီးဖြစ်သူ ပါဗာနာကိုလည်း ပညာတွေ၊ ပုံပြင်တွေ သင်ကြားပေးတတ်သူပါ။
သူဟာ ဆိုဗီယက်-အာဖဂန် စစ်ပွဲအတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ကြားကမိသားစုအတွက်စာအုပ်အဟောင်း
တွေ၊ ပစ္စည်းအသေးစားလေးတွေ ရောင်းချရင်း ရိုးသားစွာ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
တရက်တော့ ပါဗာနာတို့အိမ် လက်နက်ကိုင် တာလီဘန်တွေ တံခါးလာခေါက်တယ်။ တာလီဘန်တွေဟာ ပါဗာနာ အဖေကို အ
ကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ စာအုပ်ဟောင်းတွေ ရောင်းချနေတာ၊ အစိုးရကို ဆန့်ကျင်တဲ့ သဘောတရားတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ တရားမဲ့စွာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြတယ်။
ပါဗာနာအဖေ အဖမ်းခံရတော့ ကျနော်တို့ဆီက နိုင်ငံရေးစာအုပ်ရောင်းလို့ အဖမ်းခံခဲ့ရသူတွေ၊ အပိတ်ခံလိုက်ရတဲ့ စာအုပ်တိုက်တွေကိုတောင် သတိရမိတယ်။ အာဏာရှင်ချင်းတူတော့ လုပ်ရက်ချင်းကလည်းတူကြတာပေါ့။
အဖေဖြစ်သူ မတရား အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပဲ အသက် ၁၁ နှစ်အရွယ် ပါဗာနာဟာ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့တယ်။ အဲဒီအချိန် အုပ်ချုပ်သူ တာလီဗန်တွေရဲ့ ပေါက်ကရဥပဒေကြောင့် ပါဗာနာ အခက်တွေ့တယ်။
တာလီဘန်တွေရဲ့ ဥပဒေအရ အမျိုးသမီးတွေဟာ အမျိုးသားအဖော်မပါဘဲ အပြင်ထွက်ခွင့်၊ ဈေးဝယ်ခွင့်မရှိတဲ့အတွက် ပါဗာနာဟာ သူ့ရဲ့ ဆံပင်ကို ညှပ်၊ ယောက်ျားလေးအဝတ်
အစား ဝတ်ဆင်ကာ ယောကျာ်လေးအသွင်နဲ့ အလုပ်ထွက်လုပ်ခဲ့ရတယ်။
ဇာတ်ကားရဲ့အလှဆုံးနဲ့ အနက်ရှိုင်းဆုံး အပိုင်းကတော့ ပါဗာနာ မောင်လေးကို ပြောပြတဲ့ ပုံပြင်ပါ။ လက်တွေ့ကမ္ဘာမှာ ဗုံးသံတွေ၊ သေနတ်သံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ ပုံပြင်ကမ္ဘာလေးထဲမှာတော့ သူမဟာ ရဲရင့်တဲ့ စိတ်ကူးနဲ့ အခက်အခဲတွေကို ရင်ဆိုင်တယ်။ အစ်ကိုဖြစ်သူ ဆူလေမန်ရဲ့ အမှတ်
တရကို ပုံပြင်နဲ့ ရောယှက်ပြီး ပြောပြသွားတာဟာ ဒုက္ခတွေကို အနိုင်ယူဖို့ လူတွေရဲ့ စိတ်
ဓာတ်ခွန်အား ဘယ်လောက်ကြီးမားကြောင်း ပြသနေပါတယ်။
ပါဗာနာဟာ ရသမျှအလုပ်တွေ သူငယ်ချင်းနဲ့အတူ လုပ်ရင်း အဖေ့ကို တွေ့ရဖို့ ကြိုးစားနေခဲ့တယ်။ တချိန်တည်းမှာပဲ ကာဘူးလ်မြို့ပေါ်မှာ စစ်ပွဲစတင်တော့မယ့်အရိပ်အယောင်တွေ ပြင်းထန်လာတာကြောင့် အမေဖြစ်သူက ပါဗာနာအမကို အိမ်ထောင်ပြုပေးဖို့နဲ့ သူတို့မိသားစုတွေ ဆွေမျိုးတွေရှိတဲ့ ဘေးကင်းတဲ့ တခြားမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ပါဗာနာကတော့ သူမလိုက်ချင်ဘူးတဲ့။ အဖေပြန်လာရင် ကြိုမယ့်သူမရှိမှာစိုးလို့တဲ့။ အမေတားနေတဲ့ကြားက ပါဗာနာ အပြင်ထွက်သွားတယ်။ ဒီနေ့ သူ့အဖေကို ထောင်မှာသွားတွေ့ရမယ့်နေ့လေ။
ပါဗာနာအမနဲ့ ထိမ်းမြားမယ့် သတို့သားဘက်ကလည်း ပါဗနာတို့မိသားစုကို လာခေါ်ပြီ။ စစ်ပွဲလည်းဖြစ်တော့မှာမို့ အမြန်ထွက်ဖို့ ခေါ်တယ်။ မိခင်ဖြစ်သူကတော့ ပါဗာနာမပါလို့ မလိုက်ဘူးဇွတ်ငြင်းတယ်။ နောက်တော့ လိုက်
ပါသွားရတော့တယ်။ အဲဒီအချိန်မှာပဲ စစ်ပွဲက တကျော့ပြန် စလာတဲ့အခါမှာတော့.....
ဒီဇာတ်ကားဟာ အိုင်ယာလန်အခြေစိုက် Cartoon Saloon စတူဒီယိုကနေ ရိုက်ကူးပြီး ဒါရိုက်တာ Nora Twomey ရိုက်ကူးထားတဲ့ ထူးချွန်ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားပါ။ စာရေးဆရာမ Deborah Ellis ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး အလုပ်အမှုဆောင် ထုတ်လုပ်သူအဖြစ် နာမည်ကျော် ရုပ်ရှင်
မင်းသမီး Angelina Jolie က ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေဖြစ်တဲ့ မရေရာမှုတွေ၊ စစ်ဘေးစစ်ဒဏ်၊ ဖိနှိပ်မှုတွေနဲ့အကျပ်အတည်းတွေကြားက အခြေအနေတွေဟာ ကျနော်တို့နဲ့ ရင်ဘတ်ကြီးနီးလှပါတယ်။ ပါဗာနာရဲ့ အရွယ်နဲ့မမျှအောင် ရုန်းကန်မှုတွေက ကျနော်တို့ဆီက အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ရုန်း
ကန်ရမှူတွေနဲ့ တူညီလှပါတယ်။
သို့သော် ဒီဇာတ်ကားက အမှောင်ထုကြီးထဲမှာ လမ်းပျောက်သွားစေဖို့ မဟုတ်ဘဲ အခက်အခဲတွေ ဘယ်လောက်ကြီးမားပါစေ မိသားစုအပေါ် ထားရှိတဲ့မေတ္တာတရား၊ ခါးသီးတဲ့ အမှန်တရားကို ရဲရင့်စွာ ရင်ဆိုင်ရဲတဲ့ စိတ်
ဓာတ်နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်တွေကို ဘယ်အရာကမှ ဖျက်
ဆီးလို့ မရနိုင်ဘူးဆိုတာကို သက်သေပြသွားခဲ့ပါတယ်။
ဇာတ်ကားအဆုံးမှာပါဗာနာပြောသွားတဲ့ စကားတစ်ခွန်းက ရင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။
"မိုးကြိုးပစ်လို့ပန်းတွေမပွင့်ပါဘူး၊မိုးရေစက်တွေကြောင့်ပဲ ပန်းတွေ ပွင့်တာပါ"တဲ့။ ။

👍23❤4🖕2🤮1👌1