မော်လူးဒေသတိုက်ပွဲမှာပိတ်မိနေသူတွေရှိ
■စစ်တပ်က မော်လူးမြို့မှာပြည်သူတွေကိုအိမ်ပြင်ထွက်ခွင့်မပေးဘဲ၊ထွက်ရင်ပစ်သတ်မယ်ဟုခြိမ်းခြောက်ပြီး လူသားဒိုင်းလုပ်
နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/ People's Spring
တိုက်ပွဲတွေကြောင့်မော်လူး၊ပေကုန်းနဲ့နန့်စီးအောင် ကို ရောက်နေတဲ့မြစ်ကြီးနား- ရွှေဘိုအဆင်းကားအားလုံးကို ကချင်ပြည်နယ်အ
တွင်းပြန်လှည့်ခိုင်းနေပေမယ့် စစ်အုပ်စုက ပိတ်ထားတာကြောင့် မော်လူးနဲ့ပေကုန်းမှာ ပိတ်မိနေတဲ့ ပြည်သူ တွေလည်းရှိနေတယ်လို့စုံစမ်းသိရတယ်။
နိုဝင်ဘာ၆ရက်နေ့ခင်းပိုင်းကစပြီး ပြည်သူ့ကားတွေအားလုံး ပြန်လှည့် နေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ဒီနေ့နေ့ခင်းပိုင်းမှာ မော်လူးမြို့အခြေ အနေပိုဆိုးလာတာ ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကား တွေပြန်လှည့်ခိုင်းတာမို့ ခရီးသည်တင်နဲ့ ကုန်ကားအားလုံး ကချင်ပြည်နယ်အထိ ပြန်လှည့်ရတယ်လို့ သိပါတယ်။
"အခုမော်လူးထဲမှာတော့ကားတွေမရှိသ
လောက်ပဲ။ကွင်းလမ်းက နေလှည့်လာရတာ။ကျွန်တော်တို့လည်း နန့်စီးအောင်ကို ရောက်ပြီ။မော်လူး၊ပေကုန်း၊နန့်စီး အောင်အကုန်ပြန်လှည့်ပြီး ကချင်ပြည်နယ်ထဲကိုပြန်ဝင်ခိုင်းတာပါ"လို့ ခရီးသည်တဦးက ပြောပါတယ်။
ဒါပေမယ့် မော်လူးမြို့တွင်းနေရာတချို့မှာလည်းစစ်တပ်ကအပြင်ထွက်ရင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် မြို့
တွင်းမှာ ပိတ်မိ နေသူတွေလည်းရှိတယ်လို့
ဒေသခံအချို့ကပြောပါတယ်။
"တချို့နေရာတွေမှာထွက်ခွင့်မပေးလို့ ပိတ်မိနေတဲ့ သူ တွေရှိတယ်။တချို့လမ်းပိုင်းမှာတော့ ကားတွေထားခဲ့ပြီး လူတွေထွက်ပြေးလာရတာတွေလည်းရှိတယ်။ပေကုန်းမှာက ကားတွေရော၊လူတွေရောကျန်နေသေးတယ်"
လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
အင်းတော်သတင်းတွေတင်ဆက်နေတဲ့
(Indaw Revolution -IR)ကလည်းမော်လူးမြို့မှာ စစ်ရေးတင်းမာနေပြီး မော်လူးမြို့က စစ်တပ်ခန့် အုပ်ကြီးသန်းနိုင်က ပြည်သူတွေထွက်ပြေးတိမ်းရှောင်မှာစိုးလို့ အိမ်ထဲကအိမ်ပြင်မထွက်ရ၊ ထွက်လျှင်ပစ်သတ်မယ်လို့ အမိန့်ထုတ်ပြီး စစ်တပ်အတွက်လူသားဒိုင်းပြုလုပ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ၅ ရက်နေ့၊မနက်ပိုင်းကတည်းက မော်လူးမြို့ရဲ့ တောင်ဘက်မှာစစ်တပ်နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မော်လူးမြို့အတွင်းထိဒရုန်းနဲ့လက်
နက်ကြီး တွေကျကာကုန်တင်ယာဉ်တွေ အပါ
အဝင် လူထိခိုက်မှု တွေရှိခဲ့ပါတယ်။
နိုဝင်ဘာလ၆ ရက်မနက်ပိုင်းမှာ စစ်တပ်ကမြို့ တောင်ဘက်နဲ့ မြို့အနီး ဝန်းကျင်ကို လေ ကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင်လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတာတွေဆက်တိုက်လုပ်လာပြီးမော်လူးမြို့တွင်းက ကုန်တင်ကား၂စီးမီး လောင်ခဲ့ကာ ကားတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။
မော်လူးမြို့အနီးဝန်းကျင်ကို စစ်တပ်ကနိုဝင်
ဘာလ ၃ရက်နေ့ကစပြီးဗုံးကြဲနေတာပါ။ စစ်တပ်ကနိုဝင်ဘာလ ၅ရက်မှာ ဗုံးကြဲတာမှာ ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေ
ကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ဒေသတွင်းက ကသာ - ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ - မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ
၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်
သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်မှာ တိုက်
ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လမှာ မန္တလေးထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေ
ကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီးစစ်
ကြောင်းတွေဝင်ရောက်လာပြီးစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၂၅ မေလအတွင်းကတိုက်ပွဲတွေမှာလည်း မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်း တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်အထိနာခဲ့ပါတယ်။

👍21❤4🔥2👏2🥰1🤬1🤣1
တယ်လီနော မြန်မာမှာကျူးလွန်ခဲ့မှုတွေကိုတာဝန်ခံစေဖို့ကြိုးစားခဲ့သူMagnitskyလူ့အခွင့်အရေးဆုရရှိ
နိုဝင်ဘာ-၆၊၂၀၂၆။တေဇ/People's Spring
နောဝေနိုင်ငံအခြေစိုက်တယ်လီနောကုမ္ပဏီရဲ့မြန်မာအပေါ် ကျူးလွန်ခဲ့တာတွေကို တာဝန်ခံစေဖို့ကြိုးစားခဲ့သူတစ်ဦးဖြစ်တဲ့ Justice and Accountability Initiative (JAI)ရဲ့ဥက္ကဌ ဦးရဲလင်းမြင့်က ၂၀၂၆ အတွက် Magnitsky လူ့အခွင့်အရေးဆုကို ရရှိခဲ့ပါတယ်။
"ဒီဆုဟာ ကျွန်တော့်တစ်ယောက်တည်းထက် အများကြီး ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။ Telenor ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့တိုက်ပွဲမှာကျွန်တော်နဲ့အတူပါဝင်ခဲ့ကြသူတွေသာ မရှိရင် ဒီဆုဆိုတာဖြစ်လာနိုင်မှာ မဟုတ်ပါဘူး"လို့ ဦးရဲလင်းမြင့်ကပြောပါတယ်။
ဒီလိုအခြေအနေကိုရောက်လာခဲ့တာက ထိ
ခိုက်နစ်နာသူတွေ၊အရပ်ဘက်လူမှုအဖွဲ့အ
စည်းတွေ၊ နိုင်ငံတကာ ထောက်ခံသူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ စုပေါင်းကြိုးပမ်းမှုကြောင့် ဖြစ်ပြီး ဒီဆုကို စစ်အုပ်စုရဲ့ အကြမ်း
ဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ကြရတဲ့ မြန်မာပြည်သူအားလုံးအ
တွက် ရည်စူးဂုဏ်ပြုပါတယ်လို့ သူကဆက်ပြောပါတယ်။
ဦးရဲလင်းမြင့်က Telenor ASA မြန်မာနိုင်ငံက တာဝန်မဲ့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ဖွဲ့က ဒက်ချ် အဖွဲ့အစည်း SOMO နဲ့အတူ နော်ဝေနိုင်ငံရဲ့ OECD အမျိုးသားဆက်သွယ်ရေးဌာနကို တိုင်ကြားစာ တင်သွင်းရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူပါ။
တယ်လီနောက လုံလောက်တဲ့ လူ့အခွင့်အ
ရေးဆိုင်ရာ တင်ကြိုစိစစ်အကဲဖြတ်မှုကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့နော်ဝေအမျိုးသားဆက်သွယ်ရေးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ဒီကိစ္စကိုဆက်လက်လုပ်ဆောင်နိုင်ဖို့ ဦးရဲလင်းမြင့်က ဒီနှစ်ထဲမှာပဲ JIA ကို ဆွီဒင်နိုင်ငံ မှာ တည်ထောင်ခဲ့ပြီး JIA အနေနဲ့ စစ်တပ်ဆီကိုအချက်အလက်မျှဝေခံခဲ့ရတဲ့ တယ်လီနောမြန်မာသုံးစွဲသူအနည်းဆုံး၁,၂၅၃
ဦးကိုယ်စား နော်ဝေနိုင်ငံမှာ တယ်လီနောအ
ပေါ် သမိုင်းဝင် အစုအဖွဲ့လိုက်တရားစွဲဆိုမှုကို ဦးဆောင်ခဲ့ပါတယ်။
"ဒီဆုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေရင် အကြီးမားဆုံး နိုင်ငံ
တကာကော်ပိုရေးရှင်းတွေကိုတောင် ရင်ဆိုင်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးဆိုတာကို အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။ ပိုမိုတရားမျှတပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေဖို့အတွက် ကုမ္ပဏီတွေရဲ့ တာဝန်ခံမှုအပေါ် အာရုံစိုက်လာစေဖို့ ဒီဆုက အထောက်အကူ ဖြစ်စေပါတယ်"လို့ဦးရဲလင်း
မြင့်က ပြောပါတယ်။
Magnitsky လူ့အခွင့်အရေးဆုကို ၂၀၂၂ မှာ မြန်မာတက်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်က ထူးခြားထင်ရှားတဲ့လူငယ်လူ့အခွင့်
အရေးလှုပ်ရှားသူအနေနဲ့ ရရှိခဲ့ဖူးပါတယ်။
ဒီဆုက ကြီးမားတဲ့လိမ်လည်မှုတွေကို ဖော်
ထုတ်ခဲ့ပြီး ၂၀၀၉ ခုနှစ်က အကျဉ်းထောင်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ရုရှားရှေ့နေ Sergei Magnitsky ကို ဂုဏ်ပြုပေးအပ်တဲ့ဆုဖြစ်ပါတယ်။
ဒီဆုကို Sir Bill Browder ကတည်ထောင်ခဲ့တာဖြစ်ပြီး Bill Browder က လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကျင့်ပျက်ခြစားမှု တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းလှုံ့ဆော်တဲ့ ကမ္ဘာလုံးဆိုင်ရာ Magnitsky တရားမျှတမှုလှုပ်ရှားမှု (Global Magnitsky Justice Campaign) ကို ဦးဆောင်နေသူဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ယူကေနဲ့အခြားနေရာတွေမှာ Magnitsky ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

🥰31❤15👍9🤣2🖕2👏1😁1👌1
KNU မြိတ်-ထားဝယ်ခရိုင်က မဇောရွာကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်နဲ့ မသန်စွမ်း အပါအဝင် ၃ဦးသေဆုံး၊ ၇ဦးဒဏ်ရာရ
နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မဇောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၆ရက် မနက်က စစ်တပ် တိုက်လေယာဉ် ၁စီး၊ Gyrocopter ၃စီးနဲ့ တိုက်ခိုက်ခဲ့ရာ မဇောကျေးရွာက ပြည်သူတွေ ထိခိုက်ခဲ့တာပါ။ မဇောရွာဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ဦးကတော့ ကလေးငယ် ၁ဦး၊ မသန်စွမ်း ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေအိမ်နဲ့ မူကြိုစာသင်ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNUနယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်က ကျေးရွာတွေနဲ့ တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင်က ကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်လို အရပ်သား သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၅ရက် ညနေပိုင်းက တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြိုနယ် ဝိဇ္ဇာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် မြောက်ကြာအင်းရွာကိုလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရာဘာခြံအတွင်း ကျရောက်ပြီး ရာဘာပင်တွေပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြိုနယ်(မုန်းမြိုနယ်)၊ လယ်ဒိုမြိုနယ်(ကျောက်ကြီးမြိုနယ်) တွေက ရွာတွေကိုလည်း ဒရုန်း၊ လက်နက်ကြီး၊ ပါရာမော်တာတွေနဲ့ တိုက်ခိုက်တာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁ရက်က မုန်းမြိုနယ် မြက်နီကွင်းရွာကို စစ်တပ်က လက်နက်ကြီး ၄လုံး ပစ်ခတ်ခဲ့ရာ ရွာသား ၁ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၄ရက်မှာလည်း မြက်နီကွင်းရွာကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးသီး ၄လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့လို ပြည်သူ့နေအိမ်အချို ပျက်စီးခဲ့ရတယ်လို ဆိုပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၂၈ရက်ကလည်း ကျောက်ကြီးမြိုနယ် တရေးစီလော်ရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၁ရက်မှာလည်း ဝဲလ်ပြေးရွာကို စစ်တပ်က ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲလို အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၅)နယ်မြေကိုလည်း အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေအများအပြားရှိခဲ့ပါတယ်။ စစ်တပ်ဟာ စာသင်ကျောင်းတွေ၊ ဘာသာရေးကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ် ကျူးလွန်နေကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။

🤬26❤4👍2👏2👎1🔥1
■ဆောင်းပါး
ကမ္ဘာကြီး ပူလောင်လာချိန် — အမေဇုန်ရဲ့ အနာဂတ်ကို ဘရာဇီးပြည်သူတွေ ဘယ်လိုရွေးချယ်ခဲ့ကြသလဲ
-နောင်နောင် - ရေးသားသည်။
ဘရာဇီးနိုင်ငံမှာ လူလာဒါဆေးလ်ဗား(Luiz Inácio Lula da Silva)ပြန်လည်ရွေးကောက်ခံရမှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့ကဝမ်းမြောက်ဂုဏ်ပြုကြပါတယ်။အမေဇုန်မိုးသစ်တောကို ထိန်းသိမ်းကာကွယ်ရေးအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာပြီလို့ သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းရေးသမားတို့က ဝမ်းမြောက်ကြိုဆိုကြတယ်။"အမေဇုန်တောကြီး အသက်
ရှူချောင်နိုင်ပြီ" လို့ ဆိုကြတယ်။
အယ်လ်နီညို အားကောင်းလာတာ၊ အပူလှိုင်းတွေ၊ အပူလှိုင်းမုန်တိုင်းတွေ နဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကြားမှာကမ္ဘာ့ရာသီဥတုအတွက် အရေးပါတဲ့ အမေဇုန်မိုးသစ်တောရဲ့ အနာဂတ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဒီအချိန်မှာ ၂၀၂၆ ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ လူလာဒါဆေးလ်ဗား ပြန်လည်အနိုင်ရရှ်ိခဲ့ပါတယ်။လူလာ အနိုင်ရခဲ့ခြင်းက သစ်တောထိန်းသိမ်းရေးအတွက် မျှော်လင့်ချက်သစ် ဖြစ်လာနိုင်ပါသလား။
ကမ္ဘာကြီးဟာ ပူနွေးလာတယ်ဆိုတာထက်ကို ပိုမိုပူပြင်းလာနေပါတယ်။ နိုင်ငံအများအပြားမှာ အပူလှိုင်းတွေ ပိုမိုပြင်းထန်လာနေချိန် တစ်ချို့ဒေသတွေမှာ မိုးခေါင်ရေရှားမှု၊ တစ်ချို့ဒေသတွေမှာတော့ မိုးသည်းထန်စွာရွာ
သွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရပါတယ်။ တချို့နေရာတွေမှာတောမီးတွေလောင်ကျွမ်း၊ အပူချိန်စံချိန်သစ်တွေတင်၊ စိုက်ပျိုးရေးနဲ့ ရေအရင်းအမြစ်တွေထိခိုက်။
ဒါတွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်
ရောက်မှုတွေကို ပိုမိုထင်ရှားမြင်နေရတာပါပဲ။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီ
ရင်ခံချက်အရ အယ်လ်နီညို (El Niño) ဖြစ်
စဉ်ဟာ အလွန်အားကောင်းတဲ့အဆင့်အထိ ပိုမိုပြင်းထန်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်
ဝါရီလအထိ ဆက်လက်တည်ရှိနိုင်ခြေ အ
လွန်မြင့်မားနေတာကို သိရပါတယ်။
အားကောင်းလှတဲ့အယ်လ်နီညိုဟာ ကမ္ဘာ့ဒေသအသီးသီးရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေကို ပြောင်းလဲစေနိုင်ပြီး အပူလွန်ကဲမှု၊ မိုးခေါင်မှုနဲ့ ရေကြီးမှုအန္တရာယ်တွေကိုလည်း မြင့်တက်စေနိုင်တယ်လို့ WMO က သတိပေးထားပါတယ်။
ဒါပေမယ့်အယ်လ်နီညိုတစ်ခုတည်းကြောင့် ကမ္ဘာကြီးပူနွေးလာတာတော့ မဟုတ်ပါဘူး။ လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့် လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ စုပုံလာတာက ကမ္ဘာ့အပူချိန်မြင့်တက်မှုရေရှည်ဖြစ်လာဖို့ အဓိ
ကအကြောင်းရင်းဖြစ်ပြီး အယ်လ်နီညိုလို သဘာဝရာသီဥတုဖြစ်စဉ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကမ္ဘာကြီးပူလောင်တဲ့အခြေ
အနေကို ရောက်သွားစေတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ နဲ့အခုလိုအချိန်မှာကမ္ဘာ့ရာ
သီဥတုထိန်းညှိရေးအတွက် အရေးပါလှတဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်တဲ့ အမေဇုန်မိုးသစ်တောကို ဘယ်လိုကာကွယ်မလဲဆိုတာက ပိုပြီးအရေးကြီးလာပါတယ်။
အမေဇုန်မိုးသစ်တောက ဘရာဇီးတစ်နိုင်ငံတည်းက ပိုင်ဆိုင်တာမဟုတ်တဲ့ သဘာဝရတနာတခုဖြစ်ပါတယ်။အမေဇုန်မိုးသစ်
တောဟာ တောင်အမေရိကတိုက်အတွင်း နိုင်ငံအများအပြားကို ဖြတ်သန်းကျယ်ပြန့်တည်ရှိပြီး ဘရာဇီးနိုင်ငံအတွင်းမှာ အကြီးဆုံးအပိုင်းကပါဝင်နေပါတယ်။သစ်ပင်မျိုး
စိတ်ပေါင်းများစွာ၊ တိရစ္ဆာန်မျိုးစိတ်စုံလင်မှု၊ မြစ်ချောင်းအင်းအိုင်တွေနဲ့ ဌာနေတိုင်းရင်း
သားလူမျိုးစုတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေ တည်ရှိရာလည်းဖြစ်ပါတယ်။
အမေဇုန်သစ်တောဟာ သစ်ပင်တွေကတစ်
ဆင့် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူသိုလှောင်ပေးနိုင်တဲ့ သဘာဝစနစ်ကြီးတစ်ခုဖြစ်တဲ့အတွက်ကမ္ဘာ့အဆုတ်
လို့တောင်တင်စားခေါ်ကြတာမဟုတ်ပါလား။ သစ်တောတွေက ရေငွေ့ထုတ်လွှတ်ပေးပြီးတော့လည်း ဒေသတွင်းနဲ့ ဒေသအနှံ့ မိုးရွာသွန်းမှုပုံစံတွေကိုလည်း သက်ရောက်စေပါတယ်။
ဒါကြောင့် အမေဇုန်သစ်တော ပျက်စီးလာတယ်ဆိုတာဟာ ဘရာဇီးနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုတည်းကိုသာ ထိခိုက်စေတာမဟုတ်ဘဲကမ္ဘာ့ရာသီဥတုတည်ငြိမ်ရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်လာတာပါ။
သစ်တောပြုန်းတီးမှု၊ တောမီးလောင်ကျွမ်းမှု၊ တရားမဝင်သတ္တုတူးဖော်မှု၊ သစ်ခုတ်မှုနဲ့ ကျွဲနွားမွေးမြူရေးအတွက် မြေယာရှင်းလင်းမှုတွေဟာ အမေဇုန်ကို ပျက်စီးစေဖို့ ဖိအားပေးနေတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ သစ်တောတွေကို ခုတ်လှဲမီးရှို့လိုက်တဲ့အခါမှာလည်းသစ်ပင်တွေနဲ့မြေဆီလွှာထဲမှာ သို
လှောင်ထားတဲ့ ကာဗွန်တွေ လေထုထဲ ပြန်
လည်ရောက်ရှိလာပါတယ်။
အမေဇုန်ရဲ့ အချို့ဒေသတွေဟာ သစ်တောစနစ်ကို မူလအခြေအနေအတိုင်း ပြန်လည်ထိန်းသိမ်းဖို့ ခက်ခဲလာနိုင်တဲ့ အရေးကြီးအဆင့်တစ်ခုဆီ နီးကပ်လာနိုင်ကြောင်း သိပ္ပံ
ပညာရှင်တွေကလည်း သတိပေးထားကြပါတယ်။ အဲဒီလို အဆင့်တစ်ခုကို ရောက်သွားရင် မိုးသစ်တောအချို့ဟာ သစ်ပင်ကြီးတွေပျောက်ဆုံးပြီး ပိုမိုခြောက်သွေ့တဲ့မြက်ခင်း
ပြင်ပုံစံကို ပြောင်းလဲသွားနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။

❤14🔥13🖕3👍2
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားဟာ ၂၀၂၃ ခုနှစ်မှာ တတိယအကြိမ်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအစိုးရရဲ့အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဦးစားပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေကိုပြန်လည်အားဖြည့်ခဲ့ပြီးတရား
မဝင်သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းနဲ့ သစ်
တောနယ်မြေကျူးကျော်ခြင်းတွေကိုတားဆီး
ဖို့ စစ်ဆေးရေးနဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။
ဘရာဇီးအမေဇုန်ဒေသမှာ သစ်တောပြုန်းတီးမှုဟာ၂၀၂၅ ခုနှစ်အတွင်းမှာ စတုရန်းကီလို
မီတာ ၅,၇၃၁ ရှိခဲ့တယ်လ်ို့ ဘရာဇီးအမျိုးသားအာကာသသုတေသနဌာန (INPE) ရဲ့ PRODES (အမေဇုန်ဒေသ သစ်တောပြုန်းတီးမှုကို ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်တိုင်း
တာသည့်စနစ်) က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ကစတုရန်းကီလိုမီတာ ၆,၅၁၈ နဲ့ နှိုင်းယှဉ်ရင် ၁၂၀၇ ရာခိုင်နှုန်း လျော့ကျခဲ့တာဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှု လျော့
ကျလာကြောင်းကို ဒီကိန်းဂဏန်းက ပြသပေမဲ့ အမေဇုန်အန္တရာယ်ကင်းသွားပြီလို့ မဆိုလိုနိုင်ပါဘူး။ သစ်တောပြုန်းတီးမှုဟာ ဆက်
လက်ဖြစ်ပွားနေဆဲ၊ တောမီး၊ ရာသီဥတုခြောက်သွေ့မှုနဲ့ တရားမဝင်ကျူးကျော်မှုတွေကလည်း ရှိနေဆဲပါ။
ဒါ့အပြင်ဘရာဇီးလွှတ်တော်အတွင်းမှာ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုဦးစားပေးလိုတဲ့ အင်အားစုတွေလည်း ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချလိုတဲ့ နိုင်ငံရေးဖိအားတွေကြောင့် သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ သစ်တောထိန်းသိမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။
အမေဇုန်အနာဂတ်နဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံသားတွေရဲ့ အမြင်တွေကိုလည်း စစ်
တမ်းတွေကနေ လေ့လာနိုင်ခဲ့ပါတယ်။
၂၀၂၅ အောက်တိုဘာ ၁၀ ရက်ကနေ နိုဝင်
ဘာ ၁၁ ရက်အထိ ဘရာဇီးနိုင်ငံတစ်ဝန်း အ
သက် ၁၈ နှစ်နဲ့အထက် လူ ၂,၆၀၀ ကိုရီယိုဒီဂျနေးရိုးမြို့ (Rio de Janeiro) အခြေစိုက် နည်းပညာနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ လေ့
လာရေးဌာန (Institute for Technology and Society – ITS-Rio) က အစ်ပ်ဆိုစ်-အိုင်ပက် (Ipsos-Ipec) သုတေသနအဖွဲ့ နဲ့ ပူးပေါင်းပြီး ဖုန်းကနေတစ်ဆင့် မေးမြန်းစစ်တမ်းကောက်
ယူခဲ့ပါတယ်။ စစ်တမ်းရဲ့ မှားယွင်းနိုင်ခြေအ
တိုင်းအတာဟာ ၂ ရာခိုင်နှုန်းပဲဖြစ်ပြီး ယုံ
ကြည်မှုအဆင့် ၉၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။
အဲဒီစစ်တမ်းရလဒ်တွေထဲမှာကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပေါ်နေတယ်လို့ ၉၃ ရာခိုင်နှုန်းကယုံကြည်ကြပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုရဲ့ အဓိကအကြောင်းရင်းဟာ လူသားတို့ရဲ့ လုပ်ဆောင်မှုကြောင့်လို့ ၇၄ ရာခိုင်နှုန်းကယူဆကြပါတယ်။ စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်အချို့ကို လျှော့ချရနိုင်သော်
လည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်
ခြင်းက ပိုအရေးကြီးတယ်လို့ ၈၀ ရာခိုင်နှုန်းကဖြေဆိုခဲ့ကြပါတယ်။ကမ္ဘာ့အပူချိန်မြင့်တက်မှုဟာ အနာဂတ်မျိုးဆက်တွေအပေါ် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ ၈၇ ရာခိုင်နှုန်းကစိုးရိမ်ကြပါတယ်။ မိမိတို့နဲ့ မိသားစုအပေါ်လည်း အန္တရာယ်ကြီးမားစွာ သက်ရောက်နိုင်တယ်လို့ ၇၀ ရာခိုင်နှုန်းကယူဆကြပါတယ်။
စစ်တမ်းဖြေဆိုသူ ၉၅ ရာခိုင်နှုန်းကမကြာသေးမီနှစ်တွေအတွင်း အပူချိန်မြင့်တက်လာတာကို သတိပြုမိကြောင်း၊ ၉၂ ရာခိုင်နှုန်းက သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာတယ်လို့ မြင်ကြောင်း ဖြေဆိုထားကြတာပါ။ ဒီရလဒ်တွေကိုကြည့်ရင် သိပ္ပံပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေထဲမှာသာရှိနေတဲ့ ရာသီဥတုပြောင်းလဲမှု အကြောင်းအရာမဟုတ်တော့ဘဲ သာမန်ပြည်သူတွေရဲ့နေ့စဉ်ဘဝထဲအထိ ရောက်ရှိလာနေပြီဆိုတာကိုပြသနေပါတယ်။
Greenpeace International က လည်း ၂၀၂၅ စက်တင်ဘာလအတွင်းက နိုင်ငံပေါင်း ၁၇ နိုင်ငံက လူ ၁၇,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဘရာဇီးနိုင်ငံအတွက် ရလဒ်မှာ ၉၂ ရာခိုင်နှုန်းက သစ်တောကာကွယ်ရေးဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အရေးကြီးတယ်လို့ ဖြေဆိုခဲ့ပြီး ၉၃ ရာခိုင်
နှုန်းကလည်း သစ်တောပြုန်းတီးမှုကို တား
ဆီးဖို့ မိမိတို့အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။ ၈၀ ရာ
ခိုင်နှုန်းက သစ်တောကာကွယ်ရေးအတွက် ဌာနေတိုင်းရင်းသားတွေကို ယုံကြည်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒီစစ်တမ်းတွေက ဘရာဇီးပြည်သူအများစုအကြား သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအပေါ် ထောက်ခံမှု အားကောင်းနေတယ်ဆိုတာကို ပြသပါတယ်။ ဒါပေမဲ့ စစ်တမ်းရလဒ်တွေကို ရွေးကောက်ပွဲမဲပေးမှုနဲ့ တိုက်ရိုက်တူညီတယ်လို့ ယူဆရမှာမျိုးတော့မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်မှာ စီး
ပွားရေး၊အလုပ်အကိုင်၊လူမှုဖူလုံရေးနဲ့ လုံခြုံ
ရေးကိစ္စတွေကလည်း ပါဝင်ပြီးသဘာဝပတ်ဝန်းကျင်ကာကွယ်ရေးက အချက်တခုအနေနဲ့ ပါဝင်တာမျိုးပါ။
ဒါပေမယ့် ဘရာဇီးနိုင်ငံ နည်းပညာနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာလေ့လာရေးဌာန ITS-Rio
စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ ဖြေဆိုသူ ၄၅ ရာခိုင်နှုန်းက သဘာဝပတ်ဝန်းကျင်ကာ
ကွယ်ရေး မူဝါဒတွေကြောင့် နိုင်ငံရေးသမားတစ်ဦးကို မဲပေးခဲ့ဖူးကြောင်း ဖြေဆိုခဲ့ကြတာကိုတွေ့ရပါတယ် ။ ဒါဟာ သဘာဝပတ်ဝန်း
ကျင်ကိစ္စဟာ နိုင်ငံရေးရွေးချယ်မှုတွေနဲ့လည်း ဆက်စပ်နေကြောင်း ပြသတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🔥12👍10🖕2
ပြီးတော့အမေဇုန်သစ်တောအကြောင်း ဆွေး
နွေးကြတဲ့အခါ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၊ ကာဗွန်သိုလှောင်မှုတွေအကြောင်းသာ ပြောနေလို့ မပြည့်စုံပါဘူး။ အဲဒီသစ်တောထဲမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ဒေ
သခံလူထုရဲ့ ဘဝတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ဌာနေတိုင်း
ရင်းသားခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကိုကြည့်ရင် သစ်တောကာကွယ်ရေးဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ၊ ရိုးရာယဉ်ကျေးမှုနဲ့ နေထိုင်ရှင်သန်ခွင့်ကို ကာကွယ်ခြင်းနဲ့ တိုက်
ရိုက်ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ အမေဇုန်ဒေသခံတွေအတွက် သစ်တောဟာ သ
ဘာဝအရင်းအမြစ်တစ်ခုသာ မဟုတ်ပါဘူး။ စားနပ်ရိက္ခာ၊ ဆေးဖက်ဝင်အပင်၊ရေ၊ နေထိုင်
ရာမြေနဲ့ သူတို့ရဲ့ ဘိုးဘွားအမွေအနှစ်တွေ တည်ရှိရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သစ်တောထိန်းသိမ်းရေးဆိုတာ သစ်ပင်တွေကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ ဒေသခံတွေရဲ့ လူ့အခွင့်အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်ကိုပါ လေးစားကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
သစ်တောနယ်မြေကျူးကျော်မှု၊ တရားမဝင်သတ္တုတူးဖော်မှုနဲ့ မြေယာအငြင်းပွားမှုတွေကြောင့် ဒေသခံတွေဟာ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ အသံကို မထည့်သွင်းဘဲ အမေဇုန်ကို ကယ်တင်ဖို့ ကြိုးစားခြင်းဟာ ပြည့်
စုံတဲ့ ဖြေရှင်းချက်တစ်ခု မဖြစ်နိုင်ပါဘူး။
၂၀၂၆ ခုနှစ် ဘရာဇီးသမ္မတရွေးကောက်ပွဲဟာအမေဇုန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နိုင်ငံ
တကာက စောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲ
တစ်ခု ဖြစ်ပါတယ်။
လူလာဟာ အလုပ်သမားလှုပ်ရှားမှုနောက်ခံမှ ပေါ်ထွက်လာသူဖြစ်ပြီး ယခင်သမ္မတသက်
တမ်းတွေ အတွင်းထဲက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုဖူလုံရေးအစီအစဉ်များနှင့် အခြေခံလူတန်းစားတို့ရဲ့ လူနေမှုဘဝမြှင့်တင်ရေးကို အလေးထားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၂၆ ရွေးကောက်ပွဲမဲဆွယ်မှုမှာလည်း လူမှုအကူအညီအစီအစဉ်တွေနဲ့ အမေဇုန်သစ်
တောကာကွယ်ရေးကို အဓိကထားခဲ့ပါတယ်။ ပြိုင်ဘက် ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) က လက်ယာယိမ်းနိုင်ငံရေး
သမားဖြစ်ပြီး သမ္မတဟောင်း ယား ဘိုလ်ဆိုနာရို (Jair Bolsonaro) ရဲ့ သားလည်းဖြစ်ပါတယ်။ သူက လုံခြုံရေးတင်းကျပ်ရေး၊ အခွန်လျှော့ချရေးနှင့် စီးပွားရေးဆိုင်ရာ အပြောင်း
အလဲများကို ဦးစားပေးကာ လူလာရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို တင်ပြခဲ့ပါတယ်။
နောက်ဆုံး အောက်တိုဘာ ၂၅ ရက် ဒုတိယအကျော့ မဲပေးမှုမှာ လူလာက မဲအရေအတွက် ၅၁.၇၉ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး ဖလာဗီယိုက ၄၈.၂၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ လူလာ စတုတ္ထအကြိမ် သမ္မတသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။ ရလဒ်က လူလာရဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ထောက်ခံသူများရှိနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။ ဒါပေမယ့် မဲရလဒ်ကွာဟချက် ၃.၅၈ နဲ့ ကျဉ်းမြောင်းနေခြင်းက ဘရာဇီးလူ့အဖွဲ့အစည်းအတွင်း နိုင်
ငံရေးအမြင်ကွဲပြားမှု ပြင်းထန်နေဆဲဖြစ်
ကြောင်းလည်း ဖော်ပြနေပါတယ်။
လူလာရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေဟာသစ်တောပြုန်းတီးမှုလျှော့ချရေး၊ တရားမဝင်သစ်ခုတ်မှုနဲ့ သတ္တုတူးဖော်မှုတွေကို ထိန်းချုပ်ရေးတို့ကို အလေးထားခဲ့ပါတယ်။ ဒါပေမဲ့ရွေးကောက်ပွဲအနိုင်ရခြင်းတစ်ခုတည်းနဲ့ အမေဇုန်ပြဿနာအားလုံး ဖြေရှင်းနိုင်မယ်လို့တော့မဆိုလိုနိုင်ပါဘူး။လူလာရဲ့
စတုတ္ထသက်တမ်းဟာ၂၀၂၇ ဇန်နဝါရီ ၅ ရက်မှာစတင်မှာဖြစ်ပါတယ်။အဲဒီသက်တမ်းအ
တွင်း သစ်တောပြုန်းတီးမှုလျှော့ချရေးကို ဆက်လက်ထိန်းသိမ်းနိုင်မလား၊ ဌာနေတိုင်း
ရင်းသားတွေရဲ့ နယ်မြေအခွင့်အရေးကို ပိုမိုကာကွယ်ပေးနိုင်မလား၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်
လိုမျှတအောင် ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အမေဇုန်မိုးသစ်တောဟာ ဘရာဇီးနိုင်ငံပိုင်နယ်မြေအတွင်း အများဆုံးတည်ရှိပေမဲ့ အဲဒီသစ်တောရဲ့ အနာဂတ်ကတော့ ဘရာဇီးနိုင်ငံ
သားတွေရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းအပေါ် မူတည်နေတာ မဟုတ်ပါဘူး။ သစ်တောထွက်ပစ္စည်းတွေ၊ အသားနဲ့ ပဲပုပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတဲ့ နိုင်ငံတကာဈေးကွက်တွေ၊ သစ်တောထိန်းသိမ်းရေးအတွက် ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ ရာသီဥတုဆိုင်ရာသဘောတူညီချက်တွေ၊ နိုင်ငံတကာကုမ္ပဏီတွေရဲ့ တာဝန်ယူမှုတွေဟာလည်း အ
ရေးကြီးပါတယ်။
ပြီးတော့အမေဇုန်ဒေသခံတွေကိုလည်းသစ်
တောမခုတ်ဖို့တားမြစ်ရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာ
ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ အာမခံပေးနိုင်ဖို့ လိုအပ်ပါတယ်။ သစ်တောကို မဖျက်ဆီးဘဲ ဝင်ငွေရရှိနိုင်မယ့် ရေရှည်တည်တံ့တဲ့ စီးပွားရေးပုံစံတွေကို ဖန်တီးပေးဖို့လည်း လိုပါတယ်။
ဘရာဇီးပြည်သူတွေရဲ့ စစ်တမ်းသဘောထားတွေ၊ ဌာနေတိုင်းရင်းသားတွေရဲ့ အသံတွေ၊ သိပ္ပံပညာရှင်တွေရဲ့ သတိပေးချက်တွေနဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်တွေကို စုစည်းကြည့်မယ်ဆိုရင် အမေဇုန်ရဲ့ အနာဂတ်ဟာ သစ်တောတစ်ခုရဲ့ အနာဂတ်ထက် ပိုမိုကျယ်
ပြန့်တဲ့ ကမ္ဘာ့အနာဂတ်ဆိုင်ရာ တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

🔥9❤7👍5🖕2👏1
လူလာရဲ့ပြန်လည်အနိုင်ရမှုဟာအမေဇုန်အ
တွက် မျှော်လင့်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တစ်ခုနဲ့တင် သစ်တောတွေ ရှင်သန်နိုင်မှာတော့မဟုတ်ပါဘူး။ ဥပဒေစိုးမိုးရေး၊ နိုင်ငံရေးဆန္ဒ၊ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်
ရွက်မှုတွေကို လက်တွေ့အကောင်အထည်
ဖော်နိုင်မှသာ အမေဇုန်ကို ရေရှည်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီး ပူလောင်လာနေချိန်မှာ အမေဇုန်သစ်တောကို ကာကွယ်ဖို့ဆိုတာ သစ်ပင်တွေကိုသာ ကာကွယ်ခြင်း မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် အသက်ရှင်နေထိုင်နိုင်မယ့် ကမ္ဘာကြီးတစ်ခုကို ထိန်းသိမ်းပေးခြင်းလည်း ဖြစ်ပါတယ်။ ။
ကိုးကား
* Environmentalists celebrate Lula's reelection in Brazil: The Amazon can breathe a sigh of relief (AP)
* Carbon Brief – Lula presidency and Amazon deforestation
* ITS-Rio – Climate Change in the Perception of Brazilians 2025
* Greenpeace Brasil – Forest protection survey results

🔥10👍9👏2🖕1
မြန်မာစစ်အုပ်စုအပေါ်စစ်ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက် စစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာ ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံ
နိုဝင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ
ဝတ်မှုတွေကို အရေးယူနိုင်ဖို့ ဖိလစ်ပိုင်မှာ အမှုဖွင့် တရားစွဲထားတဲ့ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုတဲ့ အသနားခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက လက်ခံမှတ်ပုံတင်လိုက်ကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က အသိပေးပါတယ်။
ချင်းပြည်နယ်အတွင်းအရပ်သားပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် အပါအ
ဝင် စစ်တပ်အရာရှိ ၁၀ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေနဲ့CHROကဖိလစ်ပိုင်တရား
ရေးဝန်ကြီးဌာန(DOJ)ထံ၂၀၂၃အောက်တို
ဘာကတိုင်ကြားခဲ့တဲ့အမှုကို DOJ ကအရေး
ယူဆောင်ရွက်ဖို့ငြင်းဆိုခဲ့တဲ့ပေါ် အယူခံတ
ရားရုံးသို့ အသနားခံလွှာတင်ပြခဲ့ရာ နိုဝင်ဘာ ၃ရက်နေ့မှာအမှုတွဲကိုတရားဝင်မှတ်ပုံတင်လက်ခံခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီဒီယာတွေကို ဖြန့်ဝေတဲ့ သတင်းထုတ်ပြန်ချက်ကိုလည်း CHRO တာဝန်ရှိသူတဦးက People’s Spring သို့ ပေးပို့ခဲ့ပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်မှာတိုင်ကြားသူတ
ဦးဖြစ်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူဆလိုင်းဇာအုပ်က ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ပယ်ချခဲ့တဲ့ အမှုတခုကိုဖိလစ်ပိုင်နိုင်ငံအယူခံတရားရုံးက တရားဝင် မှတ်ပုံတင်လက်ခံလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ချင်းတိုင်းရင်းသားတိုင်ကြားသူများဘက်မှ ဦးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဂီလ်ဘတ်အန်ဒရက်စ် ကလည်း ယခုအမှုဟာ နိုင်ငံတကာ
ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုများအတွက် ဖိလစ်ပိုင်တရားစီရင်ရေးစနစ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီ
ရင်ပိုင်ခွင့်မူကိုလက်ခံကျင့်သုံးနိုင်မည့် အခွင့်
အရေးတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံရဲ့အမျိုးသားတရား
ရုံးများအနေဖြင့် ဖိလစ်ပိုင်အပြည်ပြည်ဆိုင်
ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်စေနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခုရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်ရဲ့ အဓိ
ကအကြောင်းအရာမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုက ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရပ်သားပြည်သူလူထုနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးတာ ၊လူဦရေးသောင်းချီ နေ့ရပ်စွန့်ခွာစေခဲ့တာစတာတွေဖြစ်ပါတယ်။
CHROဟာအာဏာသိမ်းစစ်အုပ်စိုကို တီမောနိုင်ငံ မှာလည်း တရားစွဲဆိုထားပါသေးတယ်။ အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ တီမောလက်စ်တေနိုင်ငံ အစိုးရရှေ့နေရုံးကိုရာဇဝတ်မှုဆိုင်
ရာတိုင်ကြားချက်တင်သွင်းခဲ့ရာတီမောတရား
ရေးဌာနက အမှုကိုကိုင်တွယ်စစ်ဆေးဖို့ လက်
ခံခဲ့ပါတယ်။
အဲဒီတိုင်ကြားစာမှာလည်းအာဏာသိမ်းစစ်
တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ကလေးငယ် အပါ
အဝင်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေးဆရာတွေ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ဆေးရုံနဲ့ ခရစ်ယာဉ်ဘာ
သာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှို့တာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်
မှုတွေကိုဖော်ပြထားကြောင်းCHROကထုတ်ပြန်ခဲ့ပါတယ်။

👍19🥰8❤7😁2🖕2👏1🤣1
မြန်မာစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာတွေအတွက် ယူရို ၁၆ သန်း ဖြည့်တင်းကူညီမယ်လို့ EU ကြေညာ
နိုဝင်ဘာ-၇၊၂၀၂၆။People's Spring
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခဒဏ်ခံ လူ့အဖွဲ့
အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ နောက်ထပ် ယူရို ၁၆ သန်းကို ဥရောပ သမဂ္ဂ (EU)က ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပကိုပါ နေရပ်စွန့်ခွာရသူတွေ တိုးလာတာကြောင့် အခုလို ရန်ပုံငွေခွဲတမ်းတွေတိုးမြှင့် သတ်မှတ်
ပေးတာဖြစ်ကြောင်း EUက ဆိုပါတယ်။
မြန်မာနိုင်ငံမှာထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ EUရဲ့ မစ်ရှင်ဟာ စားနပ်
ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရ ဖြည့်တင်းမှုတွေကို အဓိကထား ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ စစ်ရေး ပဋိ
ပက္ခတွေအပြင် စူပါအယ်လ်နီညို မိုးလေဝသ ဖြစ်စဉ်ကြောင့်ပါ စားနပ်ရိက္ခာ အကျပ်အ
တည်းတွေ ဖြစ်ပေါ်လာတာ၊ တစ်ကမ္ဘာလုံးမှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတာ၊ မြန်မာနိုင်ငံမှာ လတ်တလော ရေကြီးမှုတွေ ကြုံတွေ့ထားတာတွေအတွက် လိုအပ်တဲ့ တုံ့
ပြန်မှုအဖြစ် အခုလိုမျိုး လူသားချင်း စာနာမှု ရန်ပုံငွေကို တိုးမြှင့် သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EUက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် EUက ထောက်ပံ့မယ့် ရည်ရွယ်ချက်တွေကတော့စားနပ်ရိက္ခာဖူလုံရေးနဲ့ ကျန်းမာ
ရေး စောင့်ရှောက်မှုတွေကို အဓိက ဦးစားပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှု အကူအညီတွေကို အဓိက မှီခို နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် တခြားသောအကာအကွယ်ဝန်ဆောင်မှုတွေကိုလည်း ဖြည့်တင်းပေးဖို့ ရည်ရွယ်ထားပါတယ်။
စစ်ရေးပဋိပက္ခဒဏ်ခံ မြန်မာနိုင်ငံနဲ့ အဲဒီဒဏ်ကို သက်ရောက် ခံစားနေရတဲ့ ပတ်ဝန်းကျင် ဒေသတွေက လူသားချင်း စာနာမှု အကျပ်အ
တည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်ဆန်းပိုင်းကစလို့ ယူရို သန်း ၅၀ ကျော် ထောက်ပံ့ပေးထားပြီးအခုယူရို ၁၆သန်းကိုထပ်မံ ဖြည့်တင်း
ပေးတာလို့ EUက ပြောပါတယ်။ မြန်မာ့ အကျပ်အတည်းရဲ့ ဒဏ်ကို ဒေသတွင်းက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေမှာပါ သက်ရောက် ခံစားနေရတယ်လို့ ဆိုပါတယ်။ EUရဲ့ အဆိုအရ အခုနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ် အတွက်လည်း လူသားချင်း စာနာမှု အကူအညီ ယူရို ၂၃ သန်းဖိုးထက်မနည်း ထောက်ပံ့ပြီးဖြစ်ကြောင်း သိရပါတယ်။
EUရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဟက်ဒ်ဂျာ လာဘစ်ဘ်ကတော့ မြန်မာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထိခိုက်နာကျင်မှုတွေကို မေ့ဖျောက်ထားလို့ မရကြောင်း၊ မိသားစု များစွာဟာ ပဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရပြီး ဆာလောင်မွတ်သိပ်မှုဟာ နေရာအနှံ့ ပျံ့နှံ့နေကြောင်း၊သန်းပေါင်းများစွာသော ပြည်သူတွေဟာလူသားချင်းစာနာမှုအ
ထောက်အပံ့တွေအပေါ် မှီခိုနေရကြောင်း၊ ဖြည့်တင်းပံ့ပိုးပေးမယ့် ရန်ပုံငွေဟာ အကူအ
ညီ အလိုအပ်ဆုံး သူတွေအတွက် သက်သာ
ရာ ရလာစေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: EU

❤26👍10🤣2🔥1🤮1
စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်
နိုဝင်ဘာ ၇၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကနေစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။
"ပြည်သူတွေဘက်က ပူးပေါင်းမှာပဲ စခ(စစ်တပ်)ရန်က အေးမှာပါ"လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ကရဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ တတိယပတ်ကတည်းက စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ အလားတူ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာလည်း အောက်တိုဘာလကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

👍23❤2🔥2🖕2🥰1🤬1🤣1
မြန်မာနိုင်ငံက ထွက်ခွာတော့မယ့် သတင်းကို Unilever အတည်ပြု
နိုဝင်ဘာ-၇၊ ၂၀၂၆။ People’s Spring
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတည်ငြိမ်တဲ့ နိုင်ငံမှာ စစ်အုပ်စုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာအောင် အသည်းအသန် ကြိုးစားနေချိန်မှာ Unileverက မြန်မာကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါ လုပ်ငန်းစုကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ယောက်က Unileverရဲ့ မြန်မာဖက်စပ်လုပ်ငန်းရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချဖို့ သဘောတူညီထားပြီးပြီလို့ ဖြေကြားခဲ့ပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့လည်း Unileverက မျှော်လင့်ထားပါတယ်။
Unileverဟာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စျေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ မှာ EACနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုထူထောင်ဖို့ သဘောတူစာချုပ်ခဲ့ပါတယ်။ ရှယ်ယာရောင်းချမှုကို ၂၀၂၇ မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ပြည်တွင်း ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေတော့ လိုအပ်နေဆဲလို့ Unileverရဲ့ ပြောရေးဆိုခွင့်ရအရာရှိက ပြောပါတယ်။ သူက ရှယ်ယာတွေ ရောင်းချမယ့် တန်ဖိုးပမာဏကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုသွားပါတယ်။
မြန်မာနိုင်ငံကနေ Unilever ထွက်ခွာတော့မယ့်အကြောင်းကို ခေတ်သစ်မီဒီယာက စတင်ဖော်ပြခဲ့ပြီး Reutersက ကုမ္ပဏီဆီ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရုံးချုပ်အခြေစိုက်တဲ့ Unileverဟာ Sunsilk၊ Clear၊ Lux၊ Lifebuoy အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်း အမှတ်တံဆိပ်တွေ၊ Comfort၊ Winစတဲ့ အိမ်သုံး သန့်ရှင်းရေးပစ္စည်း အမှတ်တံဆိပ်တွေ၊ Knorr ကြက်သားမှုန့်နဲ့ ဟင်းခတ်မှုန့်၊ Hellmann’s မရိုးနိစ်စတဲ့ စားသောက်ကုန်တွေကို ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။

❤17😱4👍3🔥3👎1👏1
ဖထီးဘဝဟာ စစ်တိုက်ဖို့ပဲ မွေးဖွားလာသလို ဖြစ်ခဲ့ပါတယ်။ ဖထီးက သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ
ဟာ (၅) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အိမ်ကနေ ထွက်ပြေးပြီး စစ်တပ်ထဲလည်း ရောက်ခဲ့ဖူးပါသေးတယ်။
လူပျိုပေါက်ဘဝမှာ အိမ်က မိန်းမပေးစားလို့ ထွက်ပြေးရင်း စစ်တပ်ရဲ့ စစ်သားစုဆောင်းခံခဲ့ရပါတယ်။ စစ်တပ်ထဲမှာ ၂ နှစ်ကျော်ကြာခဲ့ပြီး ဦးလေးဖြစ်သူရဲ့ အကူအညီနဲ့ ပြန်ထွက်နိုင်ခဲ့ပါတယ်။ KNU တပ်မဟာ (၅) မှာလည်း ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ ဦးလေးဖြစ်သူရဲ့ အစီအစဉ်နဲ့ပဲ ယောနယ်မှာ သစ်ထုတ်လုပ်ရေးအတွက် လာရောက်ရင်း ဒေးမူနဲ့ ဆုံဆည်းလက်ဆက်ခဲ့တာပါ။ ဒီလိုနဲ့ သားနှစ်ဦး မွေးဖွားလာပြီး ကရင်တိုင်းရင်းသားကြီး ဖထီးဟာ ယောနယ်မှာ ပျော်နေခဲ့ပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ လူရိုးကြီး ဖထီးဦးဆောင်တဲ့ မိသားစုဟာ စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲထဲကို ဝင်ခဲ့ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ လူငယ်တွေကို စစ်တပ်က အကြမ်းဖက်သတ်
ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေဟာ ဖထီးနဲ့ သူ့ရဲ့ နှလုံးသားကို ဆွဲညှစ်သလို ခံစားရပြီး အမှန်တရားအတွက် တမိသားစုလုံး တိုက်ပွဲဝင်ခဲ့ကြတာလို့ ဒေးမူက ပြောပါတယ်။
“အပြစ်မဲ့လူငယ်တွေ သတ်ဖြတ်ခံရတာ ရင်တွေ တအားနာခဲ့ရတာလေ။ အရမ်းခံစားခဲ့ရတယ်။ ဖထီးက တော်လှန်ရေးအတွက် တစ်ရက်မှ မနားခဲ့ဘူး” လို့ ဒေးမူက ပြန်ပြောပြပါတယ်။
ဖထီးရဲ့ သားကြီး ဖိုးခွားဟာ စစ်တပ်အာဏာမသိမ်းခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၀ မပြည့်သေးတဲ့ ဖိုးခွားကလည်း ဖြောင့်မတ်တဲ့ လူငယ်ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့အခါ အာဏာဖီဆန်ပြီး CDM လုပ်ပါတယ်။ ဖထီးတို့မြို့ရဲ့ ပထမဆုံး CDM ရဲဟာ ဖိုးခွားဖြစ်ပါတယ်။
ဖထီးက ဇာတိရွာမှာ ဒေသကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ပါတယ်။ သားငယ်ဖြစ်သူက တော့ အသက်မပြည့်သေးတဲ့အတွက် တခြားနယ်ကို ပို့ဆောင်ထားခဲ့ပါတယ်။ ဖိုးခွားက ရဲဘော်တွေကို သင်တန်းပေးပါတယ်။ ဖထီးက ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ပါတယ်။ ဒေးမူကအိမ်ဦးနတ်ဦးဆောင်တဲ့ တော်လှန်
ရေးရဲဘော်တွေ လိုအပ်တာမှန်သမျှ နောက်
တန်းကနေ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တပ်ရင်းတပ်ဖွဲ့တွေလည်း စုစည်းတဲ့အခါ ဖထီးတို့ရဲ့ ဒေသကာကွယ်ရေးတပ်ဟာ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်း (၃) ဖြစ်လာပါတယ်။ ဇရာအရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဖထီးက ရဲဘော်အဆင့်နဲ့ပဲစစ်အာဏာရှင် တော်လှန်
ရေးမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့ပါတယ်။ ယောနယ်နဲ့ အညာမြေ တစ်ကြောကို တော်
လှန်ရေးခရီးကြမ်းအတွက် ခြေဆန့်ခဲ့ပါတယ်။ အညာသား တော်လှန်ရေးရဲဘော်တွေကြားထဲမှာ ကရင်တိုင်းရင်းသားကြီး ဖထီးဟာ လူချစ်လူခင် ပေါများခဲ့ပါတယ်။ ယောနယ်နဲ့ ဆက်စပ်နေတဲ့ ချင်းတောင်ပေါ်က ချင်းကာကွယ်ရေးရဲဘော်တွေကလည်း ဖထီးကို ချစ်ခင်လေးစားကြပါတယ်။
ဖထီးနဲ့ ဒေးမူဟာ ၂၀၂၄ ခုနှစ်ထံမှာ သမီးလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ပါတယ်။ သူ့အသက်ကြီးမှ ရလာတဲ့ သမီးလေးမို့ အချစ်ပိုပါတယ်။ ဖိုးမူလို့ ဖထီးက မြတ်မြတ်နိုးနိုး ခေါ်ပါတယ်။ ဆေးပေါ့လိပ်ကြိုက်တဲ့ ဖထီးက တပ်ရင်းကနေ အိမ်ကို ရံဖန်ရံခါ ပြန်ရောက်စဉ် ဆေးလိပ်သောက်တိုင်း “ဖိုးမူရေ၊ ပါးပါးကို အချစ်ကလေး (မီးခြစ်) ပေးပါဦး။ ပါးပါး ဆေးလိပ်သောက်ချင်လို့” ဆိုပြီး သမီးငယ်လေးကို ချစ်ပြတတ်ပါတယ်။ တပ်ရင်းကနေ အိမ်ကို ပြန်မလာဖြစ်သေးရင်လည်း ဖိုးမူအတွက် မုန့်တွေ အမြဲတမ်း လူကြုံပါးတတ်ပါတယ်။
ဖထီးတို့သားအဖတွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ စစ်အာဏာရှင် တော်
လှန်ရေးတိုက်ပွဲဝင်ရင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် (၂၀၂၆၊ ဩဂုတ်လ ၇ ရက်) နေ့မှာတော့ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ စစ်ဆင်ရေးတစ်ခုအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး သားကြီးဖိုးခွား ကျဆုံးခဲ့တာပါ။ ဖထီးဟာ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လောင်းရှည်တိုက်နယ်ဘက်ကနေ ယောနယ်ထဲ ဝင်လာတဲ့ တပ်
မ (၉၉) ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဆောနယ်စစ်ဆင်ရေးမှာ ဖိုးခွား ကျဆုံးခဲ့တာပါ။လနဲ့ချီပြီး ကြာခဲ့တဲ့ ဆောနယ်စစ်ဆင်
ရေးအတွင်း စစ်ကောင်စီဘက်မှာ သေဆုံးမှုတွေ များပြားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး MA-1၊ MA-3 သေနတ်တွေနဲ့ RPG အပါအ
ဝင် လက်နက်ခဲယမ်းများအပြား လည်း သိမ်း
ဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အိမ်ထောင်ဦးစီးအနေနဲ့ရော၊လူငယ်တော်လှန်
ရေးရဲဘော်တွေရဲ့ အားကိုးသူအဖြစ်နဲ့ပါ ရပ်တည်နေရသူမို့ သူ့ရင်ထဲက နာကြည်းမှုကို တခြားသူ မမြင်အောင် ဖုံးကွယ်နေခဲ့တယ်လို့ ဒေးမူကပြန်ပြောပြပါတယ်။ဒီလိုနဲ့ပဲ သီတင်း
ကျွတ်လပြည့်နေ့ (၂၀၂၆၊ အောက်တိုဘာလ ၂၆ ရက်) ကို ရောက်လာခဲ့ပါတယ်။

LuduNwayOo
ယောနယ်မှာ ကဗျည်းတင်ခဲ့တဲ့ PDF သားအဖနှစ်ဦး | LuduNwayOo
ကရင်တိုင်းရင်းသားကြီး ဖထီးတစ်ယောက် ယောနယ်တစ်နေရာက စစ်တပ်စခန်းကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ဖို့အထိ ဘယ်အရာတွေက စေ့ဆော်ခဲ့ပါသလဲ။
❤22👍4🍌2🔥1🥰1🙏1🤣1🖕1