မန္တလေးတိုင်းက စစ်ဘေးရှောင်ပြည်သူတွေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံကြောင်းလှုပ်ရှားမှုလုပ်
နိုဝင်ဘာ ၆၊၂၀၂၆။သုည/Peoples Spring
မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြီး ငါတို့သံအမတ် ငါတို့အသံ လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ မန္တလေးတိုင်းပြည်သူတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် "ငါတို့သံအမတ် ငါတို့အသံ" (Our Ambassador, Our Voice) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။
ယင်းလှုပ်ရှားမှုအတွင်း "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြပါတယ်။

👏23❤7🥰4🤮1🤣1🖕1
စစ်ကိုင်းအနောက်ခြမ်းထိုးနေတဲ့ စစ်တပ်က မင်္ဂလာဆောင်ဝင်စီးပြီး လူငယ်တွေကို ဖမ်းဆီး
နိုဝင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကြွယ်လူးကျေးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ အောက်တိုဘာ တတိယပတ်အတွင်းက ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။
မနေ့ညက စစ်ကိုင်းမြို့အနောက်ခြမ်း ဆင်မြေကျေးရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်တပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်မနက်မှာတော့ ကြွယ်လူးကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။
"အဖမ်းခံရတဲ့ အရေအတွက်တော့ အတိကျ မသိရဘူး"လို့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာသွားပြီး မနက် ၁၁ နာရီခွဲခန့်မှာ တဲကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညမှာတော့ ဇီးချောင်းရွာနဲ့ ဥယျဥ်ကျေးရွာကြားရှိ ဘုန်းကြီးကျောင်းမှာ ညအိပ်နေတယ်လို့ သိရပါတယ်။
စစ်ကြောင်းစတင်ဝင်ရောက်မယ့် အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီးနွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအချို့နဲ့ ရွှေလှေကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

🤬35👍7❤5👏1🎉1👌1
ရခိုင်နဲ့ ချင်းတိုက်ပွဲ ဖမ်းမိစစ်သားတွေ အပါအဝင် အောက်တိုဘာအတွင်း အလင်းဝင်၊လက်နက်ချ၊စစ်သုံ့ပန်း ၇၃ဦးရှိ
နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က အောက်တိုဘာအတွင်းမှာ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၇၃ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၆ အောက်တိုဘာအတွင်း စစ်တပ်က အလင်းဝင်လာသူ ၁၂ဦး ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အလင်းဝင်ကြတာဖြစ်ပြီး အလင်းဝင်လာသူတွေထဲမှာ စစ်သား ၁၁ဦး၊ ရဲ ၁ဦး ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ဦး ရှိပြီး စစ်သား ၅၆ဦး၊ ပြည်သူ့စစ် ၅ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်မှုထမ်း တပ်သားသစ် ၁၆ဦး ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အများစုဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပြီး မကွေး၊ မန္တလေး က အချို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲမှာ စစ်သား ၃၈ဦး အဖမ်းခံခဲ့ရသလို ချင်းပြည်နယ် တိုက်ပွဲမှာ ၁၇ဦး အ ဖမ်းခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ အခု ၂၀၂၆ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၁၀ ဦး ရှိပြီလို့ ဖော်ပြထားပါတယ်။
ပြည်သူ့ပန်းတိုင်အနေနဲ့ အခုလို စစ်တပ်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စာရင်းတွေကို အပတ်စဉ် တင်ဆင်နေတာဖြစ်ပြီး စစ်တပ်အတွင်း ကျန်နေသူတွေလည်း တော်လှန်ရေးတပ်တွေဆီ အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

👏22❤5👍4👎1🥰1🤣1🖕1
■အတွေးအမြင်
ICJ ဆုံးဖြတ်ချက်နှင့် နောက်ဆက်တွဲ
ဖြစ်နိုင်ချေ
-ကိုပါဝဲလ်ရေးသားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗန်ရှင်း (Genocide Convention) ကို ချိုးဖောက်သည်ဟုဆိုကာ စွဲဆိုထားသော အမှုသည် မကြာမီရက်ပိုင်းအတွင်း အပြီး
သတ်အမိန့် ချမှတ်တော့မည် ဖြစ်သည်။
နယ်သာလန်နိုင်ငံ၊သည်ဟိဂ် (The Hague) မြို့ရှိ ICJ တရားရုံးက ၎င်း၏ နောက်ဆုံးဆုံးဖြတ်ချက် အမိန့်ကို ၂၀၂၆ ခု နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ချမှတ်ရန်ထုတ်ပြန်လိုက်သည်။ ICJ တွင် စွဲဆိုထားသော ထိုအမှုသည် ၂၀၁၉ ခု ကတည်းစတင်စွဲဆိုခဲ့သော့ကြောင့် ကြာချိန် ၇ နှစ်ကျော် ၈ နှစ်နီးပါး ရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံအချင်းချင်းကြား ဖြစ်
ပွားသော အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးဖြစ်သည်။ဤတရားရုံးသည် လူပုဂ္ဂိုလ် သို့မဟုတ် ခေါင်းဆောင်တစ်ဦးချင်းစီကို ရာဇဝတ်မှုဖြင့် တရားစွဲဆို အပြစ်
ပေးသည့် တရားရုံး (ဥပမာ- ICC ကဲ့သို့သော ရာဇဝတ်ခုံရုံးများ) မဟုတ်ဘဲ နိုင်ငံအစိုးရများက နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေးသည့် တရားရုံးဖြစ်သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ထောက်ခံမှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာအရေးနှင့် ပတ်
သက်၍ ICJ တွင် ၂၀၁၉ ခု နိုဝင်ဘာ ၁၁ ရက်က စတင်တရားစွဲဆိုခဲ့သည်။ထိခိုက်နစ်နာမှု တိုက်ရိုက်မရှိသည့် နိုင်ငံတနိုင်ငံက လူမျိုးသုန်းစေမှု ကွန်ဗန်းရှင်းအရ အခြားနိုင်ငံကို တရားစွဲဆိုသည့် ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။
ဤအမှုမတိုင်မီကနိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုပါကတိုက်ရိုက်ထိခိုက်နစ်နာသည့် နိုင်ငံများသာစွဲဆိုလေ့ရှိသည်။ဂမ်ဘီယာနိုင်
ငံ၏ စွဲဆိုမှုကို တရားရုံးက လက်ခံစစ်ဆေးခဲ့ခြင်းကြောင့် လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗန်းရှင်းကဲ့သို့သော ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် ဆိုင်သည့် သဘောတူစာချုပ်များကို မည်သည့် အဖွဲ့ဝင်နိုင်ငံမဆို ဝင်ရောက်တရား
စွဲဆိုနိုင်သည် ဆိုသည့် အစဉ်အလာကို ခိုင်မာသွားစေသည်။
၂၀၂၀ ခု ဇန်နဝါရီ ၂၃ တွင်တရားရုံးက မြန်
မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု မဖြစ်ပွားစေရန်နှင့် သက်သေအထောက်အထားများမပျောက်
ပျက်အောင် ကာကွယ်ရန် ယာယီအရေးယူဆောင်ရွက်ချက် အမိန့်ကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဘက်က တင်သွင်းခဲ့သော ကနဦးကန့်ကွက်ချက်များကို တရားရုံးက ပယ်ချခဲ့ပြီး၊ ဤအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံတွင် တရားစွဲဆိုခွင့် ရှိကြောင်း ၂၀၂၂ ခု ဇူလိုင် ၂၂ တွင် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတကာမှနိုင်ငံပေါင်း၁၁ နိုင်ငံ (ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လဒိုက်၊ စလိုဗေးနီးယား၊ ကိုင်ဂိုဒီမိုကရက်တစ်သမ္မတ၊ ဘယ်လ်ဂျီယံနှင့် အိုင်ယာလန်)တို့ကဂမ်ဘီယာဘက်မှ ပါဝင်ရန် တရားဝင် လျှောက်ထားခဲ့ကြသည်။
၂၀၂၆ ခု ဇန်နဝါရီ ၁၂ မှ ၂၉ ရက်များအ
တွင်း အမှု၏ လျှောက်လဲချက်များ သီတင်း
ပတ် သုံးပတ်ကြာ လူသိရှင်ကြား ကြားနာခဲ့ပြီး၊အချို့သောသက်သေများကိုလည်းလုံ
ခြုံရေးအရ တံခါးပိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အမိန့်ချမှတ်ပြီးပါက ICJ ၏ ဆုံးဖြတ်ချက်သည်အပြီးသတ်ဖြစ်ပြီးအယူခံဝင်ခွင့် လုံးဝ မရှိပါ။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်မမှန်ခြင်း၊မှန်သော်လည်း တရားရုံးသို့ တင်သွင်းသည့် လူသက်သေ၊ တခြားအထောက်အထား သက်
သေ မခိုင်လုံခြင်းတို့ကြောင့် အပြစ်မရှိဟု တရားရုံးက ဆုံးဖြတ်ချက် အမိန့် ချကောင်းချနိုင်သည်။
သို့သော့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် မှန်ကန်ခြင်း၊ တရားရုံးသို့ တင်သွင်းသည့်လူသက်
သေ၊ တခြားအထောက်အထား သက်သေ ခိုင်လုံနေပါက တရားရုံးက မြန်မာနိုင်ငံအား အပြစ်ရှိကြောင်းအမိန့်ချနိုင်သည်။ အပြစ်
ရှိကြောင်း အမိန့်ချမှတ်ပါက နိုင်ငံတကာစင်မြင့်များတွင် လက်ရှိမြန်မာ့စစ်အစိုးရအ
ပေါ် သံတမန်ရေးအရ ဖိအားများ ပိုမိုပြင်း
ထန်လာမည် ဖြစ်သည်။
နစ်နာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ကုစားမှုများ ပြုလုပ်ရန်၊ အလားတူလုပ်
ရပ်များ ထပ်မံမလုပ်ဆောင်ရန် တရားရုံးက တာဝန်ဝတ္တရားပေးအပ်နိုင်သည်။ဂမ်ဘီယာနိုင်ငံဘက်ကတောင်းဆိုချက်များတွင်ရိုဟင်ဂျာများလုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ သိမ်းဆည်းခံပစ္စည်းများကို ပြန်ပေးရေး ၊နစ်နာသူများအတွက် လျော်ကြေးပေးရေး
၊နောင်ထပ်မဖြစ်အောင် အာမခံချက်ပေးရေး စသည်တို့ပါဝင်သည်။
ICJ တွင် စစ်တပ်သို့မဟုတ် လက်နက်ကိုင်များကို တိုက်ရိုက် အတင်းအကျပ် အကောင်
အထည်ဖော်ခိုင်းရန် တပ်ဖွဲ့ပိုင်ဆိုင်မှု မရှိပေ။ ထို့ကြောင့်နောက်ဆက်တွဲ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး ဆုံးဖြတ်ချက်များအပေါ်တွင်သာ များစွာ မူတည်နေမည် ဖြစ်သည်။

❤16👏5🤣3🔥2👍1🖕1
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ရုရှ၊ ဗြိတိန် နှင့် ပြင်သစ်တို့ ဖြစ်ကြသည်။ လုံခြုံ
ရေးကောင်စီ အစည်းအဝေးများတွင် မြန်မာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ တရုတ်နှင့် ရုရှ နှစ်နိုင်ငံက ဗီတိုအာဏာဖြင့်အမြဲတမ်း အကာအကွယ်ပေးလေ့ရှိပြီး၊ ဆုံးဖြတ်ချက်များကို ၅ နိုင်ငံထဲမှ တနိုင်ငံကပင် ဗီတိုအာဏာဖြင့် ကန့်ကွက်လိုက်ပါက အတည်ဖြစ်လာမည် မဟုတ်ပေ။
သို့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုကျူး
လွန်ခဲ့ကြောင်းတရားရုံးက ဖြတ်ချက်လိုက်ပါက မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ရှိမှုအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
ထို့အပြင်ယခုအမှုသည် ရိုဟင်ဂျာများအ
တွက် တရားမျှတမှုရှာဖွေသောအမှုတစ်ခုသာမက လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ နိုင်ငံတကာဥပဒေက ဘယ်လောက်အထိ ထိရောက်နိုင်သလဲဆိုတာကို စမ်းသပ်နေသည့် အမှုလည်း ဖြစ်လာပါသည်။ ယခုအမှုဆုံးဖြတ်ချက်သည် အနာဂတ်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနှင့် ပတ်သက်သော အခြားအမှုများတွင်လည်း ဥပဒေအရ အရေးပါသည့် ကိုးကားချက်ဖြစ်လာနိုင်ပါသည်။
နိုင်ငံကိုတရားစွဲဆိုသောအမှုဖြစ်သော်လည်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရိုဟင်ဂျာများကို သတ်ဖြတ်၊မုဒိန်းကျင့် ၊နေထိုင်မရအောင် ရွာများကို မီးရှို့ဖျက်ဆီး
အကြမ်းဖက်ခဲ့သည်မှာအခြားသူများမဟုတ်ဘဲ စစ်တပ်သာဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ကုလလက်အောက်ခံ IIMM ကဲ့သို့အဖွဲ့များက သက်သေများစွာဖြင့်ဖော်ထုတ်တင်ပြထားကြပြီးဖြစ်သည်။စစ်တပ်အတွက် ခေတ်အဆက်
ဆက် အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သော်လည်း နိုင်ငံတကာဥပဒေများဖြင့် တကြိမ်မျှအရေးယူမခံရဘဲ ကင်း
လွတ်ခွင့်ရခဲ့ရာမှ ယခုအမှုတွင် စစ်အုပ်စုကကျူးလွန်ခဲ့ကြောင်း နှင့် တာဝန်ခံရန် တောင်းဆိုလာပါကသမိုင်းဝင်ဆုံးဖြတ်ချက်လည်းဖြစ်လာမည်ဖြစ်သည်။ ။

👍26🤣3❤1🔥1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(နိုဝင်ဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မော်လူးမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်
စစ်ကိုင်းတိုင်း၊ မော်လူးမြို့အနီး ဒီနေ့ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲသံတွေ၊ လေယာဉ်သံတွေက အဆက်မပြတ်ကြားနေရပြီး လက်နက်ကြီးက မြို့ထဲကနေ ပစ်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ကားတွေလည်း အဆင်ပြေသလို နေကြရတယ်လို့ အဲဒီမြို့ခံက ဆိုပါတယ်။ တဖက်မှာလည်း တိုက်ပွဲတွေကြောင့် မော်လူး၊ ပေကုန်းနဲ့ နန့်စီးအောင် ရောက်နေတဲ့ မြစ်ကြီးနား-ရွှေဘိုအဆင်းကားအားလုံးကို ကချင်ပြည်နယ်ဘက် ပြန်လှည့်ခိုင်းနေလို့ ဒီနေ့ နေ့ခင်းပိုင်းက စတင်ကာ ကားတွေအားလုံး ပြန်လှည့်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့အပြင် တောင်ဘက်ခြမ်းတွေကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လေယာဥ်နဲ့အကြိမ်ကြိမ်ဗုံးကြဲနေသလို မြို့တွင်းမှာလည်း ဒရုန်းနဲ့လက်နက်ကြီးတွေကျပြီး ပြည်သူ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွှေဘို-မြစ်ကြီးနားကားလမ်း အဆင်းကားတွေ မော်လူးမြို့တွင်းမှာ ပိတ်မိနေပြီး ယာဉ်တန်းတွေပေါ် ဗုံးနဲ့ လက်နက်ကြီးကျည်ကျကာ မီးလောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ကောလင်းမှာ စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။ အင်းတော်-ထီးချိုင့်လမ်းခွဲကနေ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ခံသာကျေးရွာကို ဝင်လာပြီး နေအိမ်အချို့ကို မီးရှို့ပြီးနောက် ရွာမှာ တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်က ခံသာကျေးရွာကနေ စိန်ပန်းကုန်းနဲ့ ဆင်ကုန်းကျေးရွာဖက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ကောလင်းမြို့နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်း အရပ်သားပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်က ကျန်းမာရေးကဏ္ဍပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချ
ကောလင်းမြို့နယ်က ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပါအဝင်စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၄ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းလျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တပ်ဟာ အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဒရုန်းတွေ၊ Gyrocopter တွေ၊ Paramotor လေထီးတွေသုံးပြီး တမင်သက်သက် ပစ်မှတ်ထား ဗုံးကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို စစ်ရာဇဝတ်မှုအနေနဲ့ ဆက်တိုက် ကျူးလွန်နေတာဖြစ်ကြောင်း၊ Insecurity Insight ရဲ့ Global Health Map စာရင်းတွေအရဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၉၇၇) ခု ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း (၅၂၁) ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံခဲ့ရကာ (၉၉၅) ဦး အဖမ်းခံခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ မြန်မာသံအမတ်ကြီး ပြော

👍9🖕2🔥1
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်း အစီအစဥ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီမှာ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂတရားရုံးလည်းဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ လာမယ့် နိုဝင်ဘာ ၁၉ရက်မှာ ရုံးတော်က စီရင်ချက်ချမှတ်ဖို့ သတ်မှတ်လျာထားတဲ့အပေါ် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း နိုင်ငံတကာတရားမျှတရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်ထားရှိမှုကို အစဉ်တစိုက် ထုတ်ဖော်ပြသခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ NUG ဟာ ICJ ရဲ့ စီရင်ချက်တွေကို လက်ခံကာ ပဏာမကန့်ကွက်ချက်တွေအားလုံးကိုလည်း ရုပ်သိမ်းခဲ့ပြီး ရုံးတော်ရဲ့အမိန့်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။ ဂမ်ဘီယာနဲ့ မြန်မာအမှုကိစ္စအပေါ် ICJ က စီရင်ဆုံးဖြတ်တဲ့အခါမှာ ရိုဟင်ဂျာများနဲ့ မြန်မာပြည်သူတရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ဖို့ လေးလေးနက်နက် မျှော်လင့်ထားကြောင်းနဲ့ အဲဒီလို ဆောင်ကြဥ်းနိုင်မှသာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအမှုကိစ္စမှာ တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက အဲဒီစီရင်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြဆွေးနွေးပါတယ်။ ICJရဲ့ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်းဟာ ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ အလားတူ နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေဖို့ တားဆီးရာမှာ အဓိကသော့ချက် ဖြစ်လာမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
◾️မြောက်ဦးမြို့နယ်ကို စစ်တပ် ထပ်မံဗုံးကြဲရာ ကိုယ်ဝန်ဆောင်မိခင် သေဆုံး
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၁၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၅ရက် မနေ့က ည ၁၁ နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ပြည်သူတွေနေထိုင်တဲ့ နန်းကျားရွာထဲကို ဗုံးတလုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်က ရွာထဲကို တမင်သက်သက်ဗုံးကြဲခဲ့တာဖြစ်ပြီး လူတွေအိပ်နေချိန်ဆိုတော့ ဗုံးခိုကျင်းထဲ ဝင်ဖို့ အချိန်မရလိုက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် နန်းကျားရွာမှ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မသဲသဲမွန် သေဆုံးခဲ့ပါတယ်။ မသဲသဲမွန်မှာ သမီးနှစ်ဦး ကျန်နေခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
◾️ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ် အဖြစ် တည်ဆောက်ဖို့ သဘောတူ
ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ်တည်ဆောက်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယောတပ်တော် (YA)က ထုတ်ပြန်ပါတယ်။ ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA)တို့ရဲ့ နှစ်ဖက် တာဝန်ရှိသူတွေက ယောဒေသလွတ်မြောက်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ယောပြည်သူလူထု အကျိုးကို ရှေးရှုပြီး ယောအမျိုးသားတပ်တွေ ပေါင်းစည်းနိုင်ဖို့ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ တွေ့ဆုံမှုမှာ ယောဒေသလွတ်မြောက်ရေး ၊ ယောကံကြမ္မာ ယောဖန်တီးခွင့်ရဖို့နဲ့ ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆောက်ဖို့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ ယောအမျိုးသားတပ်တစ်ခုတည်း ပေါ်ပေါက်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုမှာ တပ်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းတာ၊ ယောဒေသအတွင်းက တခြားသော တော်လှန်ရေးအင်အားစုတွေကို ပူးပေါင်းပါဝင် တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ် တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလသတ်မှတ်တာ စတဲ့အချက် (၃) ချက်အပါအဝင် သဘောတူညီချက် (၇) ချက် ချမှတ်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ယောဒေသလွတ်မြောက်ရေး ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲညီညီ တိုက်ပွဲဝင်သွားမယ်လို့လည်း တပ်နှစ်ခုက ပူးတွဲကြေညာပါတယ်။
◾️တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲပြီး စစ်တပ်က ပြည်သူ ၃ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်

👍13❤2🖕2🔥1
တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲခံရတဲ့ ပြည်သူ ၃ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၃၄ နှစ်ကနေ ၅၄ နှစ်အထိ အသီးသီး မတရားချမှတ်လိုက်ပါတယ်။ ရွှေဘိုမြို့နယ် ဘုရင်ကားဂိတ်က ဂိတ်မှူး နဲ့ စာရေးမ ၂ ဦဟာ စစ်တပ်နဲ့ စစ်တပ်မိသားစု၀င်တွေရဲ့ ခရီးစဉ်သတင်းကို တော်လှန်ရေးတပ်တွေထံ ပေးပိုံတယ်ဆိုပြီး အခုနှစ် ဩဂုတ် တတိယပတ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ စွပ်စွဲချက်နဲ့ စစ်တပ်ရဲ့စစ်ခုံရုံးက ဂိတ်မှူး ကိုဇေယျာ၀င်းကို ထောင်ဒဏ် ၅၄ နှစ်၊မသိမ့်သိမ့်သူနဲ့ မအေးမြင့်ဆွေတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ မတရား အမိန့်ချလိုက်တာလို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ပြည်သူ ၃သောင်းထက်မနည်း ဖမ်းဆီးခဲ့ပြီး တသက်တကျွန်းထောင်ချခံရသူတွေရှိသလို သေဒဏ်ပေးခံရသူတချို့လည်း ရှိပါတယ်။
◾️SCEF နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ နိုဝင်ဘာ ၅ရက် မနေ့က တွေ့ဆုံခဲ့ပြီး SCEFက ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။ အဲဒီ တောင်ကိုရီးယားလွှတ်တော်ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party အမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့က ကမကထပြု ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဆွေးနွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု က ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။ ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနဲ့ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ထွန်းမှု အခြေအနေတွေ ရှင်းပြခဲ့တဲ့အပြင် ကိုရီးယားအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျတဲ့ အားပေးကူညီမှုများကိုလည်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒ့ါအပြင် ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျှောက်မှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို SCEFနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်တဲ့ SCEF အဖွဲ့ဝင်တွေကတဆင့် ကူညီပေးနိုင်ရေး ကြိုးစားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။ ကိုရီးယား-အာဆီယံ ဆက်ဆံရေးကတဆင့်လည်း ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်ပေးစေလိုကြောင်း အဓိကထား တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။
◾️တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေကို စစ်အုပ်စု ဖိအားပေးလာ
တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို မိသားစုဆီလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့တာ မလုပ်ရင် အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။ စစ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြည်ပရောက် နိုင်ငံအသီးသီးက အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်၂ရာခိုင်နှုန်းပေးသွင်းဖို့ ဖိအားပေးတာတွေ ပိုလုပ်လာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံရောက် EPS လုပ်သားတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ ကိုရီးယားဟာ သူတို့နိုင်ငံရောက် စစ်အုပ်စုအန္တရာယ်ကျနိုင်တဲ့မြန်မာတွေကို အကာအကွယ်ပေးထားတော့ အပျော့နည်းနဲ့ မပြောဘဲ ပြင်းပြင်းထန်ထန် အာဏာရှင် အမိန့်သုံးပြီး ခြိမ်းခြောက်ပြတာလို့ ယူဆကြောင်း ဘူဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက စစ်အုပ်စုရဲ့ခြိမ်းခြောက်လာမှုအပေါ် မှတ်ချက်ပြုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်မဟုတ်တဲ့ ဟွန်ဒီကနေ ငွေလွှဲရင် ထောင်ဒဏ် ၃နှစ်အထိ ချနိုင်ပြီး လွှဲပို့ငွေပမာဏအပေါ် မူတည်ကာ ဝမ်သန်း ၃၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ပြည်နှင်ဒဏ်ပါ ပေးခံရနိုင်တယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ပါတယ်။ ကိုရီးယားရောက်လုပ်သားအများစုကတော့ စစ်အုပ်စုရဲ့အမိန့်ကို မလိုက်နာဘဲ ဆန့်ကျင်ကြတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။
◾️ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် Safety Zone တွေ အမြန်ဖော်ဆောင်ဖို့ တွန်းအားပေးရမယ့်အချိန်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ပြော

👍11❤2🖕2🔥1
ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်မှာ Safety Zone တွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။ ဒီနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၁နာရီခန့်မှာ မြန်မာစစ်တပ်ပိုင် လေယာဉ်တစ်စင်းဟာ ကင်းထောက်ပျံသန်းခဲ့ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေးမြို့သစ်ဒေသရှိ ထီးတာလဲစခန်းကို လေထီး ၆လုံးနဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။ အဲဒီစခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်လို့ ထိုင်းအမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။ ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်မှာ နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေအတွက် နယ်စပ်အနီးလေယာဉ်တွေ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတာကို မြင်တွေ့ရတာဟာ တိုက်ပွဲတွေ ဘယ်လောက်ကြာကြာ ဆက်ဖြစ်ပွားနေဦးမည်နဲ့ ကျည်ဆန်တွေ ထိုင်းဘက် ဘယ်အချိန် ကျလာမယ်ဆိုတာကို စိုးရိမ်ပူပန်ကြောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။
◾️FATF အမည်ပျက်စာရင်းမှ မြန်မာကို ဖယ်ရှားဖို့ ထောက်ခံခဲ့ကြောင်း သတင်းကို ဂျပန်ငြင်းဆို
မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက် စာရင်းထဲကနေ ဖယ်ရှားပေးဖို့ ထောက်ခံခဲ့ကြောင်း သတင်းတွေကို ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ငြင်းဆိုပါတယ်။ အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေတဲ့ နိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့် နာမည်ပျက် စာရင်းထဲကနေ ဖယ်ရှားပေးဖို့ ထောက်ခံတဲ့ နိုင်ငံတွေ စာရင်းထဲမှာ ဂျပန်လည်း ပါဝင်လာကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဂျပန် အစိုးရဖက်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နှစ်မှာငွေကြေးခဝါချမှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (FATF)က ငွေကြေးခဝါချမှု၊ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုနဲ့ စွပ်စွဲခံရတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို ထည့်သွင်းခဲ့ပါတယ်။ အဲဒီစာရင်းမှာဖော်ပြခံရတဲ့နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လည်ပတ်မှုတွေနဲ့ ငွေကြေး လွှဲပြောင်းမှုတွေဟာ ပိုမိုပြီး စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးမှုကို ခံရလေ့ ရှိပါတယ်။ FATFရဲ့ နာမည်ပျက် စာရင်းထဲကနေ မြန်မာကို ဖယ်ထုတ်ပေးဖို့ ဂျပန်အစိုးရက ပါဝင် ကြိုးပမ်းနေတယ် ဆိုတာမျိုး လုံးဝ မရှိဘူးလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစား ငွေကြေး ခဝါချမှုတွေ၊ တရားမဝင် ငွေကြေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကနေ လွတ်မြောက်လာအောင် မြန်မာကိုယ်တိုင်က တိုးတက်မှုတွေ ရှာဖွေစေဖို့ပဲ ဂျပန်က လိုလားကြောင်းဆိုပါတယ်။
◾️စစ်ကိုင်းအနောက်ခြမ်းထိုးနေတဲ့ စစ်တပ်က မင်္ဂလာဆောင်ဝင်စီးပြီး လူငယ်တွေကို ဖမ်းဆီး
စစ်ကိုင်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကြွယ်လူးကျေးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ အောက်တိုဘာ တတိယပတ်အတွင်းက ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။ မနေ့ညက စစ်ကိုင်းမြို့အနောက်ခြမ်း ဆင်မြေကျေးရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်တပ်ဟာ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်မှာတော့ ကြွယ်လူးကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။ အဲဒီနောက် စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာသွားပြီး မနက် ၁၁ နာရီခွဲခန့်မှာ တဲကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️ရခိုင်နဲ့ ချင်းတိုက်ပွဲ ဖမ်းမိစစ်သားတွေ အပါအဝင် အောက်တိုဘာအတွင်း အလင်းဝင်၊လက်နက်ချ၊စစ်သုံ့ပန်း ၇၃ဦးရှိ
အာဏာသိမ်းစစ်တပ်က အောက်တိုဘာအတွင်းမှာ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၇၃ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၆ အောက်တိုဘာအတွင်း စစ်တပ်က အလင်းဝင်လာသူ ၁၂ဦး ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အလင်းဝင်ကြတာဖြစ်ပြီး အလင်းဝင်လာသူတွေထဲမှာ စစ်သား ၁၁ဦး၊ ရဲ ၁ဦး ပါဝင်တယ်လို့ဖော်ပြထားပါတယ်။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ဦး ရှိပြီး စစ်သား ၅၆ဦး၊ ပြည်သူ့စစ် ၅ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ စစ်မှုထမ်း တပ်သားသစ် ၁၆ဦး ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုလုပ်

👍12❤4🖕2🔥1
မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြီး ငါတို့သံအမတ် ငါတို့အသံ လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ စစ်ဘေးဒဏ်ခံနေရတဲ့ မန္တလေးတိုင်းပြည်သူတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် "ငါတို့သံအမတ် ငါတို့အသံ" (Our Ambassador, Our Voice) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။ လှုပ်ရှားမှုအတွင်း "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြပါတယ်။
👍18🖕2🔥1