မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ကိုစစ်အုပ်စုပြန်ပို့ခိုင်းတဲ့အပေါ်ထိုင်းကန့်
ကွက်
■CI ဖျက်သိမ်းရေးထိဆက်သွားမယ်လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူပြော
နိုဝင်ဘာ-၆၊၂၀၂၆။People's Spring
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အာဏာသိမ်း မြန်မာစစ်
တပ်ရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရက ကန့်ကွက်လိုက်ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာထိုင်းအလုပ်သမားရေး ဝန်ကြီးက အဲဒီ သတ်မှတ်ချက်ဟာ နိုင်ငံတ
ကာ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်ဟာ ထိုင်းရောက် မြန်မာလုပ်သားတွေကို CI လုပ်ပေးတဲ့အခါ အဲဒီလို ငွေလွှဲထားကြောင်း စာရွက်စာတမ်း
အထောက်အထားတွေ တောင်းဆိုပါတယ်။ အထောက်အထား မပြနိုင်ရင် CI လုပ်မပေးပါဘူး။
CI လျှောက်နေရတာက နှစ်ထပ်ကွမ်း အခွန်ဆောင်ရသလို ဖြစ်နေတဲ့အတွက် ထိုင်းအစိုး
ရ အနေနဲ့ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့တင် ထိုင်းမှာ အလုပ်လုပ်ခွင့် ပေးဖို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက တောင်းဆိုထားပေမယ့်လည်း ထိုင်း အလုပ်သမား ဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ်က CIကတ် ထုတ်
ပေးတဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲလို့ နိုဝင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။
CIကတ် ရဖို့အတွက် လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာဖက် ငွေပြန်လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသဖို့ CI စင်တာတွေမှာ တောင်းဆိုတဲ့ ကိစ္စကို ထိုင်းဖက်က ကန့်ကွက်ထားကြောင်း ဂျူလာပေါင်က ဆိုပါတယ်။
နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီ အစည်းအဝေး တက်ရောက်ပြီးတဲ့နောက် ဂျူလာပေါင်က ညွန့်ပေါင်း အစိုးရမှာ ပါဝင်တဲ့ ဖျူထိုင်းပါတီ ရုံးချုပ်မှာ အခုသ
ဘောထား မှတ်ချက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။သူကမြန်မာ ရွှေ့ပြောင်း အလုပ်
သမားတွေ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ သံအ
မတ်ကြီးနဲ့လည်း နှစ်ကျော့ တွေ့ဆုံဆွေးနွေးပြီးပြီလို့ ဆိုပါတယ်။
သူ့ရဲ့ဝန်ကြီးဌာနဟာလည်း အခုလို ငွေပြန်လွှဲထားကြောင်း အထောက်အထား တောင်းဆိုတဲ့ မြန်မာဖက်က သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ကန့်ကွက်မှုကို နိုင်ငံခြားရေး ဝန်
ကြီးဌာနကနေတဆင့် မြန်မာအလုပ်သမား
ဝန်ကြီးဌာနဆီကိုရော၊ မြန်မာသံရုံးဆီကိုပါ တရားဝင် ပေးပို့ဖို့ စီစဉ်နေကြောင်း ဂျူလာပေါင်က အတည်ပြုခဲ့ပါတယ်။
အဲဒီ စည်းမျဉ်း သတ်မှတ်ချက်ဟာ အခြေ
အမြစ် ကင်းမဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ ပြည်ပရောက် အလုပ်သမား
တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် စံနှုန်းတွေနဲ့လည်း ကင်းကွာနေတယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို စုဆောင်းယူပြီး CIကတ် ထုတ်ပေးနေတဲ့ CI စင်တာတွေကို ဆက်ပြီး ဖွင့်လှစ်ခွင့် ပေးထားမယ်လို့ ဝန်ကြီးကဆိုပါတယ်။ ထိုင်းအစိုးရက ကိုယ်တိုင် ထုတ်ပေးတဲ့ အသိအမှတ်ပြု စာရွက်စာတမ်းဖြစ်တဲ့ ပန်းရောင်ကတ်ရှိတဲ့တိုင် အလုပ်
သမားတွေရဲ့ မူရင်းနိုင်ငံ၊ နိုင်ငံသားဖြစ်မှု မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ ဇီဝအချက်အ
လက်တွေကို မှတ်တမ်း ယူဖို့တော့ CI စင်တာတွေက လိုအပ်နေဆဲလို့ ဂျူလာပေါင်က ဆိုပါတယ်။
"ဝန်ကြီးပြောတာက CI ကိုဆက်သွားမယ်ပေါ့။ ဒါပေမယ့် ၂၅ရာခိုင်နှုန်းကိစ္စကိုတော့ ကန့်ကွက်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောလိုက်တယ်။ ကျနော်တို့ကတော့ CI ဖျက်သိမ်းရေးပဲ ဆက်သွားမယ်။ CI ဖျက်သိမ်းမယ်ဆိုတာ စကစရဲ့ နိုင်ငံသားတွေ မဟုတ်ကြောင်း ပြသတဲ့အရာပေါ့။ အဲဒါကို ကျနော်တို့က နိုင်ငံရှာရမယ့် သဘောလို့ သူတို့ကထောက်ပြတာပေါ့" ထိုင်းရောက်မြန်မာလုပ်သားတွေစုစည်းထားတဲ့ Bright Future ကွန်ယက်ရဲ့ဆူရတ်ဂ်ျဂီရီ က ပြောပါတယ်။
CI စင်တာတွေဟာ ထိုင်းပိုင်နက်ထဲမှာ လုပ်
ငန်း လည်ပတ်နေတာဖြစ်ပြီး ထိုင်းရဲ့ ပြည်ပ အလုပ်သမား စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ဆက်လက် ပါဝင်နေဆဲလို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း CI စင်တာတွေကို ပိတ်ပစ်စေမယ့်အစား CI ထုတ်ပေးမှု လုပ်ထုံး
လုပ်နည်းတွေမှာ နိုင်ငံတကာ စံနှုန်းနဲ့ ညီ
ညွတ်အောင် မြန်မာဖက်နဲ့ ဆွေးနွေးဖို့ပဲ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်း သိရပါတယ်။
နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီဟာ ထိုင်းမှာ အလုပ်သမား ပြတ်လပ်မှုနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ပြတ်တောက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး ဖြေလျှော့မှု တချို့ကိုလည်း လက်ခံ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်မယ့် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပါမစ်သက်တမ်းကို ၂၀၂၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ တိုးပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ထိုင်းအစိုးရဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။

👍33❤8👏2🤣2🖕2💩1
ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ခံထားရသူတွေဟာ သတ်မှတ်ထားတဲ့ ခရိုင်တွေထဲမှာ တခြားစာရွက်စာတမ်းတွေ မလိုဘဲ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး သူတို့အတွက် အလုပ်လုပ်ခွင့် ပါမစ်ကို တစ်နှစ်ကနေ နှစ်နှစ်ဆီ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။
ပြည်ပရွှေ့ပြောင်း အလုပ်သမား အားလုံးကို ထိုင်းရဲ့ တရားဝင် မှတ်ပုံတင်မှု စနစ်ထဲ ဝင်ရောက်လာစေရေးဟာ သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး အကောင်အထည် ဖော်နေတဲ့ အစီအမံ ဖြစ်ကြောင်းလည်း ဂျူလာပေါင်က ပြောကြားသွားပါတယ်။
ကိုးကား: Khaosod

👍35❤7🤣2🖕2👎1👏1💩1
ဆိုင်လေးဆိုင်ကိုဓါးပြတိုက်ပြီး လူသုံးဦးကိုသေနတ်နဲ့ပစ်သတ်ခဲ့သူလွတ်မြောက်နေဆဲ
နိုဝင်ဘာ-၆၊၂၀၂၆။ကတ်သရင်း/People's Spring
မန္တလေးမြို့မှာ ၂ ရက်အတွင်းဆိုင်လေးဆိုင်ကို သေနတ်နဲ့ဓါးပြတိုက်ခဲ့သူက လူသုံးဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ် ။
နိုဝင်ဘာလ၄ ရက်နေ့က မြို့တွင်းဓားပြတိုက်မှုတွေကို အမျိုးသား၁ဦးတည်းကကျူးလွန်ခဲ့တယ်ဆိုပြီး အဲဒီနေအိမ်ကို ရဲကဝင်စီးချိန်မှာပဲ တရားခံက တခြားတ နေရာထပ်မံ ဓားပြတိုက်ခံရပြီး လူ ၃ ဦးကိုသေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့မြို့ခံ တွေက ပြောပါတယ်။
နိုဝင်ဘာလ၄ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်မှာရှိတဲ့ "Lwin"
ဖုန်းဆိုင်ကို အမျိုးသားတစ်ဦးက သေ
နတ်၂ ချက်ပစ်ပြီး ဖုန်းလေး ၄ ကိုလုယက် ဓါးပြတိုက်သွားတယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် ကန်ကောက်ရပ်ကွက်အတွင်းမှာပဲ Pro solar Energy & Led Lighting Solarဆိုင်မှာလည်း သေနတ်ပစ်ခတ်ပြီးဓါးပြတိုက်ခဲ့ပါတယ် ။ဒါပေမယ့် ငွေမရဘဲပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လုယက်မှု နှစ်ခုကို စစ်အုပ်စုက CCTVမှတ်တမ်းတွေကြည့်တဲ့အခါ ကျူးလွန်သူဟာ ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရပ်ကွက်မှာနေတဲ့ အသက်၂၇နှစ်အရွယ် နေလင်းအောင်ဖြစ်တယ်လို့ သိသွားပါတယ်။ ဒါကြောင့် သူ့အိမ်ကို အောက်တိုဘာလ ၅ ရက်ညနေ၃နာရီ ကျော်မှာဝင် ရောက်စီးနင်းခဲ့ပါတယ်။
စစ်အုပ်စုကပုသိမ်ကြီးမြို့နယ်က နေလင်းအောင်ရဲ့အိမ်ကိုဝင်ရောက်မစီးနင်းခင် မွန်းလွဲ၁နာရီကျော်မှာ နေလင်းအောင်က ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ "ထာဝရ"ဖုန်းဆိုင်ကိုလည်း ဆိုင်ကယ်နဲ့သွားပြီးသေနတ်နဲ့ ခြိမ်းခြောက်ဓါးပြတိုက်ခဲ့ပါတယ် ။ဆိုင်က ဖုန်းနဲ့ငွေတွေကို ဓါးပြတိုက်တဲ့အပြင်ဖုန်းဆိုင်ရှင် ကိုပါသေနတ်နဲ့ပစ်သတ်ကာထွက်ပြေးသွားတယ်လို့ အသတ်ခံရသူရဲ့မိသားစုဝင်ကပြောပါတယ် ။သေနတ်နဲ့ပစ်သတ်ခံရတဲ့ဆိုင်ရှင် အမည်မှာကိုအောင်မျိုးသန့်ဖြစ်ပါတယ် ။
"ဖုန်းဆိုင်ကို ဓားပြဝင်တိုက်တယ်။ဖုန်းဆိုင်
ပိုင်ရှင်ကိုအောင်မျိုးသန့်ရဲ့ အမျိုးသမီး တစ်ယောက်ထဲရှိနေချိန်သေနတ်နဲ့ချိန်ပြီး ငွေတောင်းတာပါ။အဲဒီအချိန် အစ်ကိုက အမှတ်
တမဲ့နဲ့ အခန်းထဲက ထွက်လာတော့ ခေါင်းကိုတည့်တည့်ပစ်သတ်လိုက်တယ်" လို့အသတ်ခံရသူရဲ့ မိသားစုဝင် တဦးကဖေစ်ဘွခ်မှာ ရေးသားထားပါတယ် ။
ကိုအောင်မျိုးသန့် သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သူ့ရဲ့ဦးလေဖြစ်သူနဲ့ အမျိုးသား ၂ဦးဟာ ကားနဲ့နောက်ကလိုက်ပြီး ဓါးပြကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ် ။
ဓါးပြတိုက် လူသတ်ခဲ့တဲ့ နေလင်းအောင်ဟာ
နောက်ထပ်ဆိုင်တစ်ဆိုင်ကိုပါ ဓါးပြထပ်တိုက်နေတာကြောင့် ဓါးပြရဲ့ဆိုင်ကယ်ကို ကားကလိုက်မိခဲ့ပါတယ် ။
"ဓားပြကောင်က နောက်တစ်ဆိုင်ကို ဝင်ဓားပြတိုက်နေတော့ဦးလေးတို့ကမီသွားတယ်ကားနဲ့ ဆိုင်ကယ်ကို တိုက်ပြီးဖမ်းဖို့ကြိုးစားတယ်။ဆိုင်ကယ်ကိုသက်သက်လှဲချပြီးကားကဆိုင်ကယ်ကိုပဲတိုက်မိအောင်လုပ်တယ်။ဆိုင်ကယ်ကိုတိုက်မိပြီးကားက ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နေချိန် ဓားပြကောင်က ဦးလေးတို့ ကားထဲ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ပစ်သွင်းပြီး ကားပေါ်က ဆင်းဖို့ ပြင်နေတဲ့ ဦးလေးကိုခေါင်းတည့်တည့် ပစ်သတ်လိုက်တယ်။ဦးလေးဘေးက အဖော်လိုက်လာတဲ့ ရွာသားကြီးက ဝင်လုံးဖို့ ကြိုးစားတဲ့အခါမှာလည်း အနီးကပ်ပဲ ခေါင်းကို ပစ်သတ်လိုက်တယ်" လို့မိသားစုဝင်က ဖြစ်စဥ်ကိုရေးသားထားပါတယ် ။စတုတ္ထမြောက်ဓါးပြတိုက်တဲ့ဆိုင်မှ ဘာတွေဓါးပြတိုက်သွားတယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
ကားပေါ်မှာကျန်နေတဲ့တယောက်ကိုပါသေ
နတ်နဲ့ပစ်ခတ်ပေမယ့် ကျည်ကုန်သွားလို့လွတ်ခဲ့တာလို့သိရပါတယ် ။
"နောက်ထပ် အဖော်ပါလာတဲ့ တစ်ယောက်ကတော့ ကားပေါ်ကခုန်ဆင်းထွက်ပြေးတဲ့အချိန် ဓားပြကလိုက်ပစ်ပေမယ့် ကျည်ကုန်သွားလို့ ကျည်ဖြည့်နေချိန်မှာပဲ အသက်ဘေးက သီသီလေး လွတ်သွားခဲ့တယ်" လို့သူကဆက်လက်ရေးပါတယ်။
အဲဒီနောက် လမ်းပေါ်ဖြတ်လာတဲ့ ဆရာမတစ်ယောက်ရဲ့ဆိုင်ကယ်လုယူပြီး ဓားပြက ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။
"အဲ့ဒီဓားပြက ကန်ကောက်ရပ်ကွက်မှာရော ၅၈လမ်းမှာရောတိုက်တဲ့သူပါပဲ။သူစီးလာတဲ့ ဆိုင်ကယ်က ဓားပြမှုတွေအားလုံးမှာ တူနေပါတယ်....ခုထိလွတ်မြောက်နေဆဲပါ"လို့ မိသား
စုဝင် ၂ ဦးသေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အထက်
ပါအမျိုးသားဆက်လက်ရေးသားထားပါတယ်။ ကျူးလွန်ခံရသူတွေအတွက် သတင်းအမှားတွေ ရေးမတင်ကြဖို့လည်း သူကပြောထားပါတယ် ။
အထက်ပါဖြစ်စဉ်တွေဖြစ်ပြီးတော့မှ နာရီပိုင်းအကြာမှာ စစ်အုပ်စုက ကျူးလွန်သူလို့ယူဆရသူ နေလင်းအောင်အိမ်ကို ဝင်စီးခဲ့ပေမယ့် နေလင်းအောင်ကိုမမိဘဲ မိသားစုဝင် ၃ဦးကိုသာဖမ်းဆီးသွားတယ်လို့ဒေသခံအချို့ကပြောပါတယ်။
နေလင်းအောင်ဆီမှာ သေနတ်နဲ့ လက်ပစ်ဗုံးတွေဘာကြောင့်ရှိနေလဲဆိုတာကို လူထုနွေဦးကစုံစမ်းနေဆဲဖြစ်ပါတယ်။ဒေသခံအချို့ကတော့ ပုသိမ်ကြီးမြို့နယ်ဟာ ပျူစောထီးတွေအများအပြားရှိတဲ့မြို့နယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေးပြိုလဲကာ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒုစရိုက်မှုတွေပိုများနေပါတယ် ။စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြု့မှာ ဓါးပြမှုတွေမကြာခဏဖြစ်ပွားနေပါတယ်။

🤬32❤11😱3👎1🔥1🖕1
ကောလင်းမှာ စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်
နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စသ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။
အင်းတော်-ထီးချိုင့်လမ်းခွဲကနေ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ ခံသာကျေးရွာကို ဝင်လာပြီး နေအိမ်အချို့ကို မီးရှို့ပြီးနောက် ရွာမှာတပ်စွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
" ခံသာကနေ ပစ်နေတာ။ ကျွန်မတို့အဒေါ်ရဲ့ ကားနားကိုကျပြီး အဒေါ်ကတော့ စောင်ထုပ်တွေခံသွားလို့ မထိဘူး။ တခြားကားမှာတော့အမျိုးသမီးတစ်ယောက်သေသွားတယ်။ ဘယ်ရွာကလဲတော့မသိရသေးဘူး။ လူတွေအကုန်လုံးကပြေးလွှားနေကြရတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ခံသာကျေးရွာကနေ စိန်ပန်းကုန်းနဲ့
ဆင်ကုန်းကျေးရွာဖက်ကို လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ကောလင်းမြို့နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်း အရပ်သားပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၄ရက် ညက ကောလင်းမြို့နယ်မှာဒေသခံပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်းငါးဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးဖြစ်တဲ့ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးရှုခင်းသာနေရာမှာလည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution - IRက သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ၄ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ကောလင်းမြို့နယ်အရှေ့ပိုင်းမှာ ကျေးရွာ ဆယ်ရွာထက်မနည်းစစ်ဘေးရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။ယခုရက်ပိုင်းမှာ စစ်တပ်က မော်လူး၊ ကောလင်း၊အင်းတော်၊ ကျွန်းလှမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရပါတယ်။

🤬32❤3😁2👏1🎉1
မန္တလေးတိုင်းက စစ်ဘေးရှောင်ပြည်သူတွေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံကြောင်းလှုပ်ရှားမှုလုပ်
နိုဝင်ဘာ ၆၊၂၀၂၆။သုည/Peoples Spring
မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြီး ငါတို့သံအမတ် ငါတို့အသံ လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ မန္တလေးတိုင်းပြည်သူတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် "ငါတို့သံအမတ် ငါတို့အသံ" (Our Ambassador, Our Voice) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။
ယင်းလှုပ်ရှားမှုအတွင်း "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြပါတယ်။

👏23❤7🥰4🤮1🤣1🖕1
စစ်ကိုင်းအနောက်ခြမ်းထိုးနေတဲ့ စစ်တပ်က မင်္ဂလာဆောင်ဝင်စီးပြီး လူငယ်တွေကို ဖမ်းဆီး
နိုဝင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကြွယ်လူးကျေးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ အောက်တိုဘာ တတိယပတ်အတွင်းက ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။
မနေ့ညက စစ်ကိုင်းမြို့အနောက်ခြမ်း ဆင်မြေကျေးရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်တပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်မနက်မှာတော့ ကြွယ်လူးကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။
"အဖမ်းခံရတဲ့ အရေအတွက်တော့ အတိကျ မသိရဘူး"လို့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာသွားပြီး မနက် ၁၁ နာရီခွဲခန့်မှာ တဲကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညမှာတော့ ဇီးချောင်းရွာနဲ့ ဥယျဥ်ကျေးရွာကြားရှိ ဘုန်းကြီးကျောင်းမှာ ညအိပ်နေတယ်လို့ သိရပါတယ်။
စစ်ကြောင်းစတင်ဝင်ရောက်မယ့် အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီးနွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအချို့နဲ့ ရွှေလှေကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

🤬35👍7❤5👏1🎉1👌1
ရခိုင်နဲ့ ချင်းတိုက်ပွဲ ဖမ်းမိစစ်သားတွေ အပါအဝင် အောက်တိုဘာအတွင်း အလင်းဝင်၊လက်နက်ချ၊စစ်သုံ့ပန်း ၇၃ဦးရှိ
နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က အောက်တိုဘာအတွင်းမှာ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၇၃ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၆ အောက်တိုဘာအတွင်း စစ်တပ်က အလင်းဝင်လာသူ ၁၂ဦး ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အလင်းဝင်ကြတာဖြစ်ပြီး အလင်းဝင်လာသူတွေထဲမှာ စစ်သား ၁၁ဦး၊ ရဲ ၁ဦး ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ဦး ရှိပြီး စစ်သား ၅၆ဦး၊ ပြည်သူ့စစ် ၅ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်မှုထမ်း တပ်သားသစ် ၁၆ဦး ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အများစုဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပြီး မကွေး၊ မန္တလေး က အချို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲမှာ စစ်သား ၃၈ဦး အဖမ်းခံခဲ့ရသလို ချင်းပြည်နယ် တိုက်ပွဲမှာ ၁၇ဦး အ ဖမ်းခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ အခု ၂၀၂၆ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၁၀ ဦး ရှိပြီလို့ ဖော်ပြထားပါတယ်။
ပြည်သူ့ပန်းတိုင်အနေနဲ့ အခုလို စစ်တပ်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စာရင်းတွေကို အပတ်စဉ် တင်ဆင်နေတာဖြစ်ပြီး စစ်တပ်အတွင်း ကျန်နေသူတွေလည်း တော်လှန်ရေးတပ်တွေဆီ အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

👏22❤5👍4👎1🥰1🤣1🖕1
■အတွေးအမြင်
ICJ ဆုံးဖြတ်ချက်နှင့် နောက်ဆက်တွဲ
ဖြစ်နိုင်ချေ
-ကိုပါဝဲလ်ရေးသားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗန်ရှင်း (Genocide Convention) ကို ချိုးဖောက်သည်ဟုဆိုကာ စွဲဆိုထားသော အမှုသည် မကြာမီရက်ပိုင်းအတွင်း အပြီး
သတ်အမိန့် ချမှတ်တော့မည် ဖြစ်သည်။
နယ်သာလန်နိုင်ငံ၊သည်ဟိဂ် (The Hague) မြို့ရှိ ICJ တရားရုံးက ၎င်း၏ နောက်ဆုံးဆုံးဖြတ်ချက် အမိန့်ကို ၂၀၂၆ ခု နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ချမှတ်ရန်ထုတ်ပြန်လိုက်သည်။ ICJ တွင် စွဲဆိုထားသော ထိုအမှုသည် ၂၀၁၉ ခု ကတည်းစတင်စွဲဆိုခဲ့သော့ကြောင့် ကြာချိန် ၇ နှစ်ကျော် ၈ နှစ်နီးပါး ရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံအချင်းချင်းကြား ဖြစ်
ပွားသော အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးဖြစ်သည်။ဤတရားရုံးသည် လူပုဂ္ဂိုလ် သို့မဟုတ် ခေါင်းဆောင်တစ်ဦးချင်းစီကို ရာဇဝတ်မှုဖြင့် တရားစွဲဆို အပြစ်
ပေးသည့် တရားရုံး (ဥပမာ- ICC ကဲ့သို့သော ရာဇဝတ်ခုံရုံးများ) မဟုတ်ဘဲ နိုင်ငံအစိုးရများက နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေးသည့် တရားရုံးဖြစ်သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ထောက်ခံမှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာအရေးနှင့် ပတ်
သက်၍ ICJ တွင် ၂၀၁၉ ခု နိုဝင်ဘာ ၁၁ ရက်က စတင်တရားစွဲဆိုခဲ့သည်။ထိခိုက်နစ်နာမှု တိုက်ရိုက်မရှိသည့် နိုင်ငံတနိုင်ငံက လူမျိုးသုန်းစေမှု ကွန်ဗန်းရှင်းအရ အခြားနိုင်ငံကို တရားစွဲဆိုသည့် ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။
ဤအမှုမတိုင်မီကနိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုပါကတိုက်ရိုက်ထိခိုက်နစ်နာသည့် နိုင်ငံများသာစွဲဆိုလေ့ရှိသည်။ဂမ်ဘီယာနိုင်
ငံ၏ စွဲဆိုမှုကို တရားရုံးက လက်ခံစစ်ဆေးခဲ့ခြင်းကြောင့် လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗန်းရှင်းကဲ့သို့သော ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် ဆိုင်သည့် သဘောတူစာချုပ်များကို မည်သည့် အဖွဲ့ဝင်နိုင်ငံမဆို ဝင်ရောက်တရား
စွဲဆိုနိုင်သည် ဆိုသည့် အစဉ်အလာကို ခိုင်မာသွားစေသည်။
၂၀၂၀ ခု ဇန်နဝါရီ ၂၃ တွင်တရားရုံးက မြန်
မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု မဖြစ်ပွားစေရန်နှင့် သက်သေအထောက်အထားများမပျောက်
ပျက်အောင် ကာကွယ်ရန် ယာယီအရေးယူဆောင်ရွက်ချက် အမိန့်ကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဘက်က တင်သွင်းခဲ့သော ကနဦးကန့်ကွက်ချက်များကို တရားရုံးက ပယ်ချခဲ့ပြီး၊ ဤအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံတွင် တရားစွဲဆိုခွင့် ရှိကြောင်း ၂၀၂၂ ခု ဇူလိုင် ၂၂ တွင် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတကာမှနိုင်ငံပေါင်း၁၁ နိုင်ငံ (ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လဒိုက်၊ စလိုဗေးနီးယား၊ ကိုင်ဂိုဒီမိုကရက်တစ်သမ္မတ၊ ဘယ်လ်ဂျီယံနှင့် အိုင်ယာလန်)တို့ကဂမ်ဘီယာဘက်မှ ပါဝင်ရန် တရားဝင် လျှောက်ထားခဲ့ကြသည်။
၂၀၂၆ ခု ဇန်နဝါရီ ၁၂ မှ ၂၉ ရက်များအ
တွင်း အမှု၏ လျှောက်လဲချက်များ သီတင်း
ပတ် သုံးပတ်ကြာ လူသိရှင်ကြား ကြားနာခဲ့ပြီး၊အချို့သောသက်သေများကိုလည်းလုံ
ခြုံရေးအရ တံခါးပိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အမိန့်ချမှတ်ပြီးပါက ICJ ၏ ဆုံးဖြတ်ချက်သည်အပြီးသတ်ဖြစ်ပြီးအယူခံဝင်ခွင့် လုံးဝ မရှိပါ။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်မမှန်ခြင်း၊မှန်သော်လည်း တရားရုံးသို့ တင်သွင်းသည့် လူသက်သေ၊ တခြားအထောက်အထား သက်
သေ မခိုင်လုံခြင်းတို့ကြောင့် အပြစ်မရှိဟု တရားရုံးက ဆုံးဖြတ်ချက် အမိန့် ချကောင်းချနိုင်သည်။
သို့သော့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် မှန်ကန်ခြင်း၊ တရားရုံးသို့ တင်သွင်းသည့်လူသက်
သေ၊ တခြားအထောက်အထား သက်သေ ခိုင်လုံနေပါက တရားရုံးက မြန်မာနိုင်ငံအား အပြစ်ရှိကြောင်းအမိန့်ချနိုင်သည်။ အပြစ်
ရှိကြောင်း အမိန့်ချမှတ်ပါက နိုင်ငံတကာစင်မြင့်များတွင် လက်ရှိမြန်မာ့စစ်အစိုးရအ
ပေါ် သံတမန်ရေးအရ ဖိအားများ ပိုမိုပြင်း
ထန်လာမည် ဖြစ်သည်။
နစ်နာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ကုစားမှုများ ပြုလုပ်ရန်၊ အလားတူလုပ်
ရပ်များ ထပ်မံမလုပ်ဆောင်ရန် တရားရုံးက တာဝန်ဝတ္တရားပေးအပ်နိုင်သည်။ဂမ်ဘီယာနိုင်ငံဘက်ကတောင်းဆိုချက်များတွင်ရိုဟင်ဂျာများလုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ သိမ်းဆည်းခံပစ္စည်းများကို ပြန်ပေးရေး ၊နစ်နာသူများအတွက် လျော်ကြေးပေးရေး
၊နောင်ထပ်မဖြစ်အောင် အာမခံချက်ပေးရေး စသည်တို့ပါဝင်သည်။
ICJ တွင် စစ်တပ်သို့မဟုတ် လက်နက်ကိုင်များကို တိုက်ရိုက် အတင်းအကျပ် အကောင်
အထည်ဖော်ခိုင်းရန် တပ်ဖွဲ့ပိုင်ဆိုင်မှု မရှိပေ။ ထို့ကြောင့်နောက်ဆက်တွဲ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး ဆုံးဖြတ်ချက်များအပေါ်တွင်သာ များစွာ မူတည်နေမည် ဖြစ်သည်။

❤16👏5🤣3🔥2👍1🖕1
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ရုရှ၊ ဗြိတိန် နှင့် ပြင်သစ်တို့ ဖြစ်ကြသည်။ လုံခြုံ
ရေးကောင်စီ အစည်းအဝေးများတွင် မြန်မာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ တရုတ်နှင့် ရုရှ နှစ်နိုင်ငံက ဗီတိုအာဏာဖြင့်အမြဲတမ်း အကာအကွယ်ပေးလေ့ရှိပြီး၊ ဆုံးဖြတ်ချက်များကို ၅ နိုင်ငံထဲမှ တနိုင်ငံကပင် ဗီတိုအာဏာဖြင့် ကန့်ကွက်လိုက်ပါက အတည်ဖြစ်လာမည် မဟုတ်ပေ။
သို့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုကျူး
လွန်ခဲ့ကြောင်းတရားရုံးက ဖြတ်ချက်လိုက်ပါက မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ရှိမှုအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
ထို့အပြင်ယခုအမှုသည် ရိုဟင်ဂျာများအ
တွက် တရားမျှတမှုရှာဖွေသောအမှုတစ်ခုသာမက လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ နိုင်ငံတကာဥပဒေက ဘယ်လောက်အထိ ထိရောက်နိုင်သလဲဆိုတာကို စမ်းသပ်နေသည့် အမှုလည်း ဖြစ်လာပါသည်။ ယခုအမှုဆုံးဖြတ်ချက်သည် အနာဂတ်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနှင့် ပတ်သက်သော အခြားအမှုများတွင်လည်း ဥပဒေအရ အရေးပါသည့် ကိုးကားချက်ဖြစ်လာနိုင်ပါသည်။
နိုင်ငံကိုတရားစွဲဆိုသောအမှုဖြစ်သော်လည်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရိုဟင်ဂျာများကို သတ်ဖြတ်၊မုဒိန်းကျင့် ၊နေထိုင်မရအောင် ရွာများကို မီးရှို့ဖျက်ဆီး
အကြမ်းဖက်ခဲ့သည်မှာအခြားသူများမဟုတ်ဘဲ စစ်တပ်သာဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ကုလလက်အောက်ခံ IIMM ကဲ့သို့အဖွဲ့များက သက်သေများစွာဖြင့်ဖော်ထုတ်တင်ပြထားကြပြီးဖြစ်သည်။စစ်တပ်အတွက် ခေတ်အဆက်
ဆက် အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သော်လည်း နိုင်ငံတကာဥပဒေများဖြင့် တကြိမ်မျှအရေးယူမခံရဘဲ ကင်း
လွတ်ခွင့်ရခဲ့ရာမှ ယခုအမှုတွင် စစ်အုပ်စုကကျူးလွန်ခဲ့ကြောင်း နှင့် တာဝန်ခံရန် တောင်းဆိုလာပါကသမိုင်းဝင်ဆုံးဖြတ်ချက်လည်းဖြစ်လာမည်ဖြစ်သည်။ ။

👍26🤣3❤1🔥1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(နိုဝင်ဘာ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မော်လူးမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်
စစ်ကိုင်းတိုင်း၊ မော်လူးမြို့အနီး ဒီနေ့ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲသံတွေ၊ လေယာဉ်သံတွေက အဆက်မပြတ်ကြားနေရပြီး လက်နက်ကြီးက မြို့ထဲကနေ ပစ်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ကားတွေလည်း အဆင်ပြေသလို နေကြရတယ်လို့ အဲဒီမြို့ခံက ဆိုပါတယ်။ တဖက်မှာလည်း တိုက်ပွဲတွေကြောင့် မော်လူး၊ ပေကုန်းနဲ့ နန့်စီးအောင် ရောက်နေတဲ့ မြစ်ကြီးနား-ရွှေဘိုအဆင်းကားအားလုံးကို ကချင်ပြည်နယ်ဘက် ပြန်လှည့်ခိုင်းနေလို့ ဒီနေ့ နေ့ခင်းပိုင်းက စတင်ကာ ကားတွေအားလုံး ပြန်လှည့်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့အပြင် တောင်ဘက်ခြမ်းတွေကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လေယာဥ်နဲ့အကြိမ်ကြိမ်ဗုံးကြဲနေသလို မြို့တွင်းမှာလည်း ဒရုန်းနဲ့လက်နက်ကြီးတွေကျပြီး ပြည်သူ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွှေဘို-မြစ်ကြီးနားကားလမ်း အဆင်းကားတွေ မော်လူးမြို့တွင်းမှာ ပိတ်မိနေပြီး ယာဉ်တန်းတွေပေါ် ဗုံးနဲ့ လက်နက်ကြီးကျည်ကျကာ မီးလောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ကောလင်းမှာ စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။ အင်းတော်-ထီးချိုင့်လမ်းခွဲကနေ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ခံသာကျေးရွာကို ဝင်လာပြီး နေအိမ်အချို့ကို မီးရှို့ပြီးနောက် ရွာမှာ တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်က ခံသာကျေးရွာကနေ စိန်ပန်းကုန်းနဲ့ ဆင်ကုန်းကျေးရွာဖက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ကောလင်းမြို့နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်း အရပ်သားပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်က ကျန်းမာရေးကဏ္ဍပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချ
ကောလင်းမြို့နယ်က ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပါအဝင်စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၄ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းလျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တပ်ဟာ အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဒရုန်းတွေ၊ Gyrocopter တွေ၊ Paramotor လေထီးတွေသုံးပြီး တမင်သက်သက် ပစ်မှတ်ထား ဗုံးကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို စစ်ရာဇဝတ်မှုအနေနဲ့ ဆက်တိုက် ကျူးလွန်နေတာဖြစ်ကြောင်း၊ Insecurity Insight ရဲ့ Global Health Map စာရင်းတွေအရဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၉၇၇) ခု ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း (၅၂၁) ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံခဲ့ရကာ (၉၉၅) ဦး အဖမ်းခံခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ မြန်မာသံအမတ်ကြီး ပြော

👍9🖕2🔥1