People's Spring
✔
58.8K subscribers
73.1K photos
1.31K videos
10 files
3.14K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ထိုင်းအမတ်ဟောင်း ကန်နဝီ။ ဓာတ်ပုံ - Kannavee Suebsang/Fb)
👍54❤7🤮3🖕2👏1🤣1💔1🫡1
စစ်တပ်ကကျန်းမာရေးကဏ္ဍပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချ၊နိုင်ငံတကာကလျစ်လျူမရှုဘဲ ထိရောက်စွာ
တားဆီးအရေးယူပေးဖို့ NUG တိုက်တွန်း

■ငါးနှစ်​ကျော်အတွင်းစစ်တပ်ကကျန်းမာ
ရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၉၇၇ ကြိမ်ရှိ ၊ဆေးရုံဆေးခန်း၅၂၁ခုပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံရ

နိူဝင်ဘာ-၆၊၂၀၂၆။People's Spring

ကောလင်းမြို့နယ်က ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပါအဝင်စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအ
သိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်း
မာရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ၄ရက်ညပိုင်းမှာစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းလျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကိုအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် NUGကျန်းမာရေးဝန်ကြီးဌာနရဲ့ ကောလင်းမြို့နယ် ကျန်းမာ
ရေးတာဝန်ခံဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခေါ်) ဆရာပွကြီး နဲ့ Grade 12 အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့ လျှောက်ထားဆဲဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင်တို့ ကျဆုံးသွားခဲ့ရပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးဝန်ထမ်း (၅) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

​စစ်တပ်ဟာ အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဒရုန်းတွေ၊ Gyrocopter တွေ၊ Paramotor လေထီးတွေသုံးပြီး တမင်သက်သက် ပစ်မှတ်ထား ဗုံးကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို စစ်ရာဇဝတ်မှုအနေနဲ့ ဆက်
တိုက် ကျူးလွန်နေတာဖြစ်ကြောင်း၊ Insecurity Insight ရဲ့ Global Health Map စာရင်းတွေအရဆိုရင်၊ ၂၀၂၁ ခုနှစ် ဖေ
ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်
ဘာလအထိ မြန်မာနိုင်ငံမှာ ကျန်းမာရေး
ကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၉၇၇) ခု
ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း (၅၂၁) ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံခဲ့ရကာ (၉၉၅)
ဦး အဖမ်းခံခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၅) နှစ်ခွဲကျော် ကာလအတွင်း ဆေးရုံ၊ ဆေးခန်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ ကျန်းမာ
ရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ လူနာတွေ၊ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေနဲ့ထပ်တူ အထူးကြေကွဲဝမ်းနည်းရကြောင်း ​ဖော်ပြပါတယ်။

ဝန်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်
ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဒေသပြည်သူတွေနဲ့အတူ ခိုင်မာစွာလက်တွဲလျက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး
ဌာနက အသိပေးပါတယ်။

လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်​တွေကို ရပ်တန်းကရပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်
လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး မြန်ဆန်ထိရောက်စွာ တား
ဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ဘက်စုံ စာနာရပ်တည်ပေးဖို့ အထူးလိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနဟာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိတဲ့တိုင် ကျန်းမာရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပါတယ်။

​မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုကြီး ပေါ်ထွန်း​တဲ့အထိ တိုင်းရင်း
သားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲဆက်
လက်တိုက်ဝင်သွားမှာဖြစ်ကြောင်း ထပ်မံအသိပေးထားပါတယ်။
❤32👍13👏4🤣3😍2💩1🖕1
NUG ​ဆေးရုံတစ်ခုရဲ့ခွဲစိပ်ခန်းတစ်ခုကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG
❤39👍9🤣3🥰1👏1🤮1🖕1🫡1
ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် Safety Zone တွေ အမြန်ဖော်ဆောင်ဖို့ တွန်းအားပေးရမယ့်အချိန်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ပြော

နိုဝင်ဘာ ၆၊ ၂၀၂၆/People’s Spring

ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်မှာ Safety Zone တွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ ရက် နေ့လည် ၁နာရီခန့်မှာ မြန်မာစစ်တပ်ပိုင် လေယာဉ်တစ်စင်းဟာ ကင်းထောက်ပျံသန်းခဲ့ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေးမြို့သစ်ဒေသရှိ ထီးတာလဲစခန်းကို လေထီး ၆လုံးနဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

အဲဒီစခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်လို့ ထိုင်းအမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။

ထိုင်းနယ်စပ်မျဉ်းနဲ့ ခန့်မှန်းခြေ ၃ ကီလိုမီတာအကွာမှာ ရှိပြီး ကံကောင်းထောက်မစွာ ဗုံးကြဲချခြင်း မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်မှာ နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေအတွက် နယ်စပ်အနီးလေယာဉ်တွေ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတာကို မြင်တွေ့ရတာဟာ တိုက်ပွဲတွေ ဘယ်လောက်ကြာကြာ ဆက်ဖြစ်ပွားနေဦးမည်နဲ့ ကျည်ဆန်တွေ ထိုင်းဘက် ဘယ်အချိန် ကျလာမယ်ဆိုတာကို စိုးရိမ်ပူပန်ကြောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

ရှေ့တန်းတိုက်ပွဲနေရာတွေအနီးရှိ နယ်စပ်ဒေသပြည်သူတွေဟာ ဆက်လက်ထိခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ထပ်မံဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးဇုန် ဒါမမဟုတ် Safety Zone တစ်ခုကို အမြန်ဆုံးဖော်ဖို့ တွန်းအားပေးသင့်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။

ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေး ကာကွယ်ဖို့ ထိုင်းနယ်စပ်မျဉ်းကနေ အနည်းဆုံး ၅ ကီလိုမီတာအတွင်း စစ်ရေးဆောင်ရွက်မှုများ မပြုရ စည်းမျဉ်းကို သတ်မှတ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းရဲ့ အသံဟာ လုံလောက် သြဇာမရှိနိုင်ဟု အစိုးရက စိုးရိမ်ပါက ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနဲ့ ညှိနှိုင်းပြီး နယ်စပ်တစ်လျှောက် Safety Zone မူဝါဒကို ပူးပေါင်းတွန်းအားပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Safety Zone ဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေကို အကူအညီတွေ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ပေါက် ဒါမှမဟုတ် Humanitarian Corridor ဖွင့်လှစ်ရေးအတွက် အစပြုရာလည်း ဖြစ်လာနိုင်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရေးသံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ဖော်ပြပြီး ထိုင်းအမတ်ဟောင်းက အခုလို တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး လမ်းဖွင့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အလေးအနက် အကောင်အထည်ဖော်ရမယ်လို့လည်း သူက ပြောပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထိုင်းမြန်မာနယ်စပ် #ဘေးကင်းလုံခြုံရေးဇုန် #SafetyZone #ထိုင်းလွှတ်တော်အမတ်ဟောင်း #ထိုင်းမြန်မာမူဝါဒ #စစ်ဘေးရှောင်များ #မြန်မာ့အရေး #နိုင်ငံတကာသတင်း #မြန်မာ့သတင်း #ThaiMyanmarBorder #SafetyZones #FormerThaiMP #ThaiForeignPolicy #Refugees #MyanmarCrisis #InternationalNews #MyanmarNews
👍37❤10🔥4🤣3💩1🖕1🫡1
Media is too big
VIEW IN TELEGRAM
👍26🔥4🤣2🖕2👏1🫡1
မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ကိုစစ်အုပ်စုပြန်ပို့ခိုင်းတဲ့အ​ပေါ်ထိုင်းကန့်
ကွက်

■CI ဖျက်သိမ်း​ရေးထိဆက်သွားမယ်လို့ မြန်မာလုပ်သားအ​​ရေး​ဆောင်ရွက်သူ​ပြော

နိုဝင်ဘာ-၆၊၂၀၂၆။People's Spring

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အာဏာသိမ်း မြန်မာစစ်
တပ်ရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရက ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာထိုင်းအလုပ်သမားရေး ဝန်ကြီးက အဲဒီ သတ်မှတ်ချက်ဟာ နိုင်ငံတ
ကာ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်ဟာ ထိုင်းရောက် မြန်မာလုပ်သား​တွေကို CI လုပ်ပေးတဲ့အခါ အဲဒီလို ငွေလွှဲထားကြောင်း စာရွက်စာတမ်း
အထောက်အထားတွေ တောင်းဆိုပါတယ်။ အထောက်အထား မပြနိုင်ရင် CI လုပ်မ​ပေးပါဘူး။

CI လျှောက်နေရတာက နှစ်ထပ်ကွမ်း အခွန်ဆောင်ရသလို ဖြစ်နေတဲ့အတွက် ထိုင်းအစိုး
ရ အနေနဲ့ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့တင် ထိုင်းမှာ အလုပ်လုပ်ခွင့် ပေးဖို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက တောင်းဆိုထားပေမယ့်လည်း ထိုင်း အလုပ်သမား ဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ်က CIကတ် ထုတ်
ပေးတဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲလို့ နိုဝင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

CIကတ် ရဖို့အတွက် လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာဖက် ငွေပြန်လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသဖို့ CI စင်တာတွေမှာ တောင်းဆိုတဲ့ ကိစ္စကို ထိုင်းဖက်က ကန့်ကွက်ထားကြောင်း ဂျူလာပေါင်က ဆိုပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီ အစည်းအဝေး တက်ရောက်ပြီးတဲ့နောက် ဂျူလာပေါင်က ညွန့်ပေါင်း အစိုးရမှာ ပါဝင်တဲ့ ဖျူထိုင်းပါတီ ရုံးချုပ်မှာ အခုသ
ဘောထား မှတ်ချက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။သူကမြန်မာ ရွှေ့ပြောင်း အလုပ်
သမားတွေ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ သံအ
မတ်ကြီးနဲ့လည်း နှစ်ကျော့ တွေ့ဆုံဆွေးနွေးပြီးပြီလို့ ဆိုပါတယ်။

သူ့ရဲ့ဝန်ကြီးဌာနဟာလည်း အခုလို ငွေပြန်လွှဲထားကြောင်း အထောက်အထား တောင်းဆိုတဲ့ မြန်မာဖက်က သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ကန့်ကွက်မှုကို နိုင်ငံခြားရေး ဝန်
ကြီးဌာနကနေတဆင့် မြန်မာအလုပ်သမား
ဝန်ကြီးဌာနဆီကိုရော၊ မြန်မာသံရုံးဆီကိုပါ တရားဝင် ပေးပို့ဖို့ စီစဉ်နေကြောင်း ဂျူလာပေါင်က အတည်ပြုခဲ့ပါတယ်။

အဲဒီ စည်းမျဉ်း သတ်မှတ်ချက်ဟာ အခြေ
အမြစ် ကင်းမဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ ပြည်ပရောက် အလုပ်သမား
တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် စံနှုန်းတွေနဲ့လည်း ကင်းကွာနေတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို စုဆောင်းယူပြီး CIကတ် ထုတ်ပေးနေတဲ့ CI စင်တာတွေကို ဆက်ပြီး ဖွင့်လှစ်ခွင့် ပေးထားမယ်လို့ ဝန်ကြီးကဆိုပါတယ်။ ထိုင်းအစိုးရက ကိုယ်တိုင် ထုတ်ပေးတဲ့ အသိအမှတ်ပြု စာရွက်စာတမ်းဖြစ်တဲ့ ပန်းရောင်ကတ်ရှိတဲ့တိုင် အလုပ်
သမားတွေရဲ့ မူရင်းနိုင်ငံ၊ နိုင်ငံသားဖြစ်မှု မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ ဇီဝအချက်အ
လက်တွေကို မှတ်တမ်း ယူဖို့တော့ CI စင်တာတွေက လိုအပ်နေဆဲလို့ ဂျူလာပေါင်က ဆိုပါတယ်။

"ဝန်ကြီးပြောတာက CI ကိုဆက်သွားမယ်ပေါ့။ ဒါပေမယ့် ၂၅ရာခိုင်နှုန်းကိစ္စကိုတော့ ကန့်ကွက်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောလိုက်တယ်။ ကျနော်တို့ကတော့ CI ဖျက်သိမ်းရေးပဲ ဆက်သွားမယ်။ CI ဖျက်သိမ်းမယ်ဆိုတာ စကစရဲ့ နိုင်ငံသားတွေ မဟုတ်ကြောင်း ပြသတဲ့အရာပေါ့။ အဲဒါကို ကျနော်တို့က နိုင်ငံရှာရမယ့် သဘောလို့ သူတို့ကထောက်ပြတာပေါ့" ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ကွန်ယက်ရဲ့ဆူရတ်ဂ်ျဂီရီ က ပြောပါတယ်။

CI စင်တာတွေဟာ ထိုင်းပိုင်နက်ထဲမှာ လုပ်
ငန်း လည်ပတ်နေတာဖြစ်ပြီး ထိုင်းရဲ့ ပြည်ပ အလုပ်သမား စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ဆက်လက် ပါဝင်နေဆဲလို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း CI စင်တာတွေကို ပိတ်ပစ်စေမယ့်အစား CI ထုတ်ပေးမှု လုပ်ထုံး
လုပ်နည်းတွေမှာ နိုင်ငံတကာ စံနှုန်းနဲ့ ညီ
ညွတ်အောင် မြန်မာဖက်နဲ့ ဆွေးနွေးဖို့ပဲ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်း သိရပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီဟာ ထိုင်းမှာ အလုပ်သမား ပြတ်လပ်မှုနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ပြတ်တောက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး ဖြေလျှော့မှု တချို့ကိုလည်း လက်ခံ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်မယ့် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပါမစ်သက်တမ်းကို ၂၀၂၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ တိုးပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ထိုင်းအစိုးရဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။
👍33❤8👏2🤣2🖕2💩1
ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ခံထားရသူတွေဟာ သတ်မှတ်ထားတဲ့ ခရိုင်တွေထဲမှာ တခြားစာရွက်စာတမ်းတွေ မလိုဘဲ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး သူတို့အတွက် အလုပ်လုပ်ခွင့် ပါမစ်ကို တစ်နှစ်ကနေ နှစ်နှစ်ဆီ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

ပြည်ပရွှေ့ပြောင်း အလုပ်သမား အားလုံးကို ထိုင်းရဲ့ တရားဝင် မှတ်ပုံတင်မှု စနစ်ထဲ ဝင်ရောက်လာစေရေးဟာ သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး အကောင်အထည် ဖော်နေတဲ့ အစီအမံ ဖြစ်ကြောင်းလည်း ဂျူလာပေါင်က ပြောကြားသွားပါတယ်။

ကိုးကား: Khaosod
👍35❤7🤣2🖕2👎1👏1💩1
👍24❤11🔥4🤣2👏1🤮1🖕1
ဆိုင်​လေးဆိုင်ကိုဓါးပြတိုက်ပြီး လူသုံးဦးကို​သေနတ်နဲ့ပစ်သတ်ခဲ့သူလွတ်​မြောက်​နေဆဲ

နိုဝင်ဘာ-၆၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တ‌လေးမြို့မှာ ၂ ရက်အတွင်းဆိုင်​လေးဆိုင်ကို သေနတ်နဲ့ဓါးပြတိုက်ခဲ့သူက လူသုံးဦးကို ​သေနတ်နဲ့ ပစ်သတ်ပြီး ထွက်​ပြေးလွတ်​မြောက်​နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

နိုဝင်ဘာလ၄ ရက်နေ့က မြို့တွင်းဓားပြတိုက်မှုတွေကို အမျိုးသား၁ဦးတည်းကကျူးလွန်ခဲ့တယ်ဆိုပြီး အဲဒီနေအိမ်ကို ရဲကဝင်စီးချိန်မှာပဲ တရားခံက တခြားတ နေရာထပ်မံ ဓားပြတိုက်ခံရပြီး လူ ၃ ဦးကို​သေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့မြို့ခံ တွေက ပြောပါတယ်။

နိုဝင်ဘာလ၄ရက်​နေ့က ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်မှာရှိတဲ့ "Lwin"
ဖုန်းဆိုင်ကို အမျိုးသားတစ်ဦးက သေ
နတ်၂ ချက်ပစ်ပြီး ဖုန်းလေး ၄ ကိုလုယက် ဓါးပြတိုက်သွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် ကန်ကောက်ရပ်ကွက်အတွင်းမှာပဲ Pro solar Energy & Led Lighting Solarဆိုင်မှာလည်း သေနတ်ပစ်ခတ်ပြီးဓါးပြတိုက်ခဲ့ပါတယ် ။ဒါ​ပေမယ့် ငွေမရဘဲပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လုယက်မှု နှစ်ခုကို စစ်အုပ်စုက CCTVမှတ်တမ်းတွေကြည့်တဲ့အခါ ကျူးလွန်သူဟာ ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရပ်ကွက်မှာ​နေတဲ့ အသက်၂၇နှစ်အရွယ် နေလင်းအောင်ဖြစ်တယ်လို့ သိသွားပါတယ်။ ဒါ​ကြောင့် သူ့အိမ်ကို ‌‌‌ အောက်တိုဘာလ ၅ ရက်ညနေ၃နာရီ ကျော်မှာဝင် ရောက်စီးနင်းခဲ့ပါတယ်။

စစ်အုပ်စုကပုသိမ်ကြီးမြို့နယ်က နေလင်း​အောင်ရဲ့အိမ်ကိုဝင်ရောက်မစီးနင်းခင် မွန်းလွဲ၁နာရီကျော်မှာ ​နေလင်း​အောင်က ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ "ထာဝရ"ဖုန်းဆိုင်ကိုလည်း ဆိုင်ကယ်နဲ့သွားပြီး​​သေနတ်နဲ့ ခြိမ်း​​ခြောက်ဓါးပြတိုက်ခဲ့ပါတယ် ။ဆိုင်က ဖုန်းနဲ့​ငွေ​တွေကို ဓါးပြတိုက်တဲ့အပြင်ဖုန်းဆိုင်ရှင် ကိုပါသေနတ်နဲ့ပစ်သတ်ကာထွက်ပြေးသွားတယ်လို့ ​အသတ်ခံရသူရဲ့မိသားစုဝင်က​ပြောပါတယ် ။​သေနတ်နဲ့ပစ်သတ်ခံရတဲ့ဆိုင်ရှင် အမည်မှာကို​အောင်မျိုးသန့်ဖြစ်ပါတယ် ။

"ဖုန်းဆိုင်ကို ဓားပြဝင်တိုက်တယ်။ဖုန်းဆိုင်
ပိုင်ရှင်ကို​အောင်မျိုးသန့်ရဲ့ အမျိုးသမီး တစ်ယောက်ထဲရှိနေချိန်သေနတ်နဲ့ချိန်ပြီး ငွေတောင်းတာပါ။အဲဒီအချိန် အစ်ကိုက အမှတ်
တမဲ့နဲ့ အခန်းထဲက ထွက်လာတော့ ခေါင်းကိုတည့်တည့်ပစ်သတ်လိုက်တယ်" လို့အသတ်ခံရသူရဲ့ မိသားစုဝင် တဦးက​ဖေစ်ဘွခ်မှာ ​ရေးသားထားပါတယ် ။

ကို​အောင်မျိုးသန့် ​သေနတ်နဲ့ပစ်သတ်ခံရတာ​ကြောင့် သူ့ရဲ့ဦး​လေဖြစ်သူနဲ့ အမျိုးသား ၂ဦးဟာ ကားနဲ့​နောက်ကလိုက်ပြီး ဓါးပြကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ် ။

ဓါးပြတိုက် လူသတ်ခဲ့တဲ့ ​နေလင်း​အောင်ဟာ
​နောက်ထပ်ဆိုင်တစ်ဆိုင်ကိုပါ ဓါးပြထပ်တိုက်​​နေတာ​ကြောင့် ဓါးပြရဲ့ဆိုင်ကယ်ကို ကားကလိုက်မိခဲ့ပါတယ် ။

"ဓားပြကောင်က နောက်တစ်ဆိုင်ကို ဝင်ဓားပြတိုက်နေတော့ဦးလေးတို့ကမီသွားတယ်ကားနဲ့ ဆိုင်ကယ်ကို တိုက်ပြီးဖမ်းဖို့ကြိုးစားတယ်။ဆိုင်ကယ်ကိုသက်သက်လှဲချပြီးကားကဆိုင်ကယ်ကိုပဲတိုက်မိအောင်လုပ်တယ်။ဆိုင်ကယ်ကိုတိုက်မိပြီးကားက ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နေချိန် ဓားပြကောင်က ဦးလေးတို့ ကားထဲ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ပစ်သွင်းပြီး ကားပေါ်က ဆင်းဖို့ ပြင်နေတဲ့ ဦးလေးကိုခေါင်းတည့်တည့် ပစ်သတ်လိုက်တယ်။ဦးလေးဘေးက အဖော်လိုက်လာတဲ့ ရွာသားကြီးက ဝင်လုံးဖို့ ကြိုးစားတဲ့အခါမှာလည်း အနီးကပ်ပဲ ခေါင်းကို ပစ်သတ်လိုက်တယ်" လို့မိသားစုဝင်က​ ဖြစ်စဥ်ကိုရေးသားထားပါတယ် ။စတုတ္ထ​မြောက်ဓါးပြတိုက်တဲ့ဆိုင်မှ ဘာ​တွေဓါးပြတိုက်သွားတယ်ဆိုတာကိုလည်းမသိရ​သေးပါဘူး။

ကား​ပေါ်မှာကျန်​နေတဲ့တ​ယောက်ကိုပါ​သေ
နတ်နဲ့ပစ်ခတ်​ပေမယ့် ကျည်ကုန်သွားလို့လွတ်ခဲ့တာလို့သိရပါတယ် ။

"နောက်ထပ် အဖော်ပါလာတဲ့ တစ်ယောက်ကတော့ ကားပေါ်ကခုန်ဆင်းထွက်ပြေးတဲ့အချိန် ဓားပြကလိုက်ပစ်ပေမယ့် ကျည်ကုန်သွားလို့ ကျည်ဖြည့်နေချိန်မှာပဲ အသက်ဘေးက သီသီလေး လွတ်သွားခဲ့တယ်" လို့သူကဆက်လက်​ရေးပါတယ်။

အဲဒီနောက် လမ်းပေါ်ဖြတ်လာတဲ့ ဆရာမတစ်ယောက်ရဲ့ဆိုင်ကယ်လုယူပြီး ဓားပြက ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

"အဲ့ဒီဓားပြက ကန်ကောက်ရပ်ကွက်မှာရော ၅၈လမ်းမှာရောတိုက်တဲ့သူပါပဲ။သူစီးလာတဲ့ ဆိုင်ကယ်က ဓားပြမှုတွေအားလုံးမှာ တူနေပါတယ်....ခုထိလွတ်မြောက်နေဆဲပါ"လို့ မိသား
စုဝင် ၂ ဦး​သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အထက်
ပါအမျိုးသားဆက်လက်​ရေးသားထားပါတယ်။ ကျူးလွန်ခံရသူ​တွေအတွက် သတင်းအမှား​တွေ ​ရေးမတင်ကြဖို့လည်း သူက​ပြောထားပါတယ် ။

အထက်ပါဖြစ်စဉ်​တွေဖြစ်ပြီး​တော့မှ နာရီပိုင်းအကြာမှာ စစ်အုပ်စုက ကျူးလွန်သူလို့ယူဆရသူ နေလင်းအောင်အိမ်ကို ဝင်စီးခဲ့​ပေမယ့် နေလင်းအောင်ကိုမမိဘဲ မိသားစုဝင် ၃ဦးကိုသာဖမ်းဆီးသွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

​နေလင်း​​အောင်ဆီမှာ ​သေနတ်နဲ့ လက်ပစ်ဗုံး​တွေဘာ​ကြောင့်ရှိ​နေလဲဆိုတာကို လူထု​နွေဦးကစုံစမ်း​​နေဆဲဖြစ်ပါတယ်။ဒေသခံအချို့က​တော့ ပုသိမ်ကြီးမြို့နယ်ဟာ ပျူ​စောထီး​​တွေအများအပြားရှိတဲ့မြို့နယ်လို့ ​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံစီးပွား​ရေးပြိုလဲကာ တရားဥပ​ဒေစိုးမိုးမှုမရှိဘဲ ဒုစရိုက်မှု​တွေပိုများ​နေပါတယ် ။စစ်တပ်ထိန်းချုပ်မှု​အောက်မှာရှိတဲ့ မန္တ​လေးမြု့မှာ ဓါးပြမှု​တွေမကြာခဏဖြစ်ပွား​​နေပါတယ်။
🤬32❤11😱3👎1🔥1🖕1
ကောလင်းမှာ စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်

နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်/People's Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စသ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

အင်းတော်-ထီးချိုင့်လမ်းခွဲကနေ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ ခံသာကျေးရွာကို ဝင်လာပြီး နေအိမ်အချို့ကို မီးရှို့ပြီးနောက် ရွာမှာတပ်စွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

" ခံသာကနေ ပစ်နေတာ။ ကျွန်မတို့အဒေါ်ရဲ့ ကားနားကိုကျပြီး အဒေါ်ကတော့ စောင်ထုပ်တွေခံသွားလို့ မထိဘူး။ တခြားကားမှာတော့အမျိုးသမီးတစ်ယောက်သေသွားတယ်။ ဘယ်ရွာကလဲတော့မသိရသေးဘူး။ လူတွေအကုန်လုံးကပြေးလွှားနေကြရတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ခံသာကျေးရွာကနေ စိန်ပန်းကုန်းနဲ့
ဆင်ကုန်းကျေးရွာဖက်ကို လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ကောလင်းမြို့နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်း အရပ်သားပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၄ရက် ညက ကောလင်းမြို့နယ်မှာဒေသခံပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်းငါးဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးဖြစ်တဲ့ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးရှုခင်းသာနေရာမှာလည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution - IRက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၄ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ကောလင်းမြို့နယ်အရှေ့ပိုင်းမှာ ကျေးရွာ ဆယ်ရွာထက်မနည်းစစ်ဘေးရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။ယခုရက်ပိုင်းမှာ စစ်တပ်က မော်လူး၊ ကောလင်း၊အင်းတော်၊ ကျွန်းလှမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရပါတယ်။
🤬32❤3😁2👏1🎉1
(ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Kawlin Revolution-KR)
❤25🥰7🫡2🤮1🖕1
မန္တလေးတိုင်းက စစ်ဘေးရှောင်ပြည်သူတွေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံကြောင်းလှုပ်ရှားမှုလုပ်

နိုဝင်ဘာ ၆၊၂၀၂၆။သုည/Peoples Spring

မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြီး ငါတို့သံအမတ် ငါတို့အသံ လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

စစ်ဘေးဒဏ်ခံနေရတဲ့ မန္တလေးတိုင်းပြည်သူတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် "ငါတို့သံအမတ် ငါတို့အသံ" (Our Ambassador, Our Voice) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။

ယင်းလှုပ်ရှားမှုအတွင်း "ငါတို့သံအမတ် ငါတို့အသံ" ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံအားပေးခဲ့ကြပါတယ်။
👏23❤7🥰4🤮1🤣1🖕1
ဓာတ်ပုံ - AFCC
❤36🥰4👏3🤮1🤣1🖕1
စစ်ကိုင်းအနောက်ခြမ်းထိုးနေတဲ့ စစ်တပ်က မင်္ဂလာဆောင်ဝင်စီးပြီး လူငယ်တွေကို ဖမ်းဆီး

နိုဝင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကြွယ်လူးကျေးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

​စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ အောက်တိုဘာ တတိယပတ်အတွင်းက ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။

မနေ့ညက စစ်ကိုင်းမြို့အနောက်ခြမ်း ဆင်မြေကျေးရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်တပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်မနက်မှာတော့ ကြွယ်လူးကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။

"အဖမ်းခံရတဲ့ အရေအတွက်တော့ အတိကျ မသိရဘူး"လို့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာသွားပြီး မနက် ၁၁ နာရီခွဲခန့်မှာ တဲကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညမှာတော့ ဇီးချောင်းရွာနဲ့ ဥယျဥ်ကျေးရွာကြားရှိ ဘုန်းကြီးကျောင်းမှာ ညအိပ်နေတယ်လို့ သိရပါတယ်။

စစ်ကြောင်းစတင်ဝင်ရောက်မယ့် အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ​ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီးနွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအချို့နဲ့ ရွှေလှေကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
🤬35👍7❤5👏1🎉1👌1
(စစ်ကိုင်းမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ် ဓါတ်ပုံံ-Ground Press)
🤬21🔥9👎1👏1🤩1🤣1
ရခိုင်နဲ့ ချင်းတိုက်ပွဲ ဖမ်းမိစစ်သားတွေ အပါအဝင် အောက်တိုဘာအတွင်း အလင်းဝင်၊လက်နက်ချ၊စစ်သုံ့ပန်း ၇၃ဦးရှိ

နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က အောက်တိုဘာအတွင်းမှာ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၇၃ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၆ အောက်တိုဘာအတွင်း စစ်တပ်က အလင်းဝင်လာသူ ၁၂ဦး ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ အလင်းဝင်ကြတာဖြစ်ပြီး အလင်းဝင်လာသူတွေထဲမှာ စစ်သား ၁၁ဦး၊ ရဲ ၁ဦး ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၆၁ဦး ရှိပြီး စစ်သား ၅၆ဦး၊ ပြည်သူ့စစ် ၅ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ စစ်မှုထမ်း တပ်သားသစ် ၁၆ဦး ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အများစုဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပြီး မကွေး၊ မန္တလေး က အချို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲမှာ စစ်သား ၃၈ဦး အဖမ်းခံခဲ့ရသလို ချင်းပြည်နယ် တိုက်ပွဲမှာ ၁၇ဦး အ ဖမ်းခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ အခု ၂၀၂၆ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၁၀ ဦး ရှိပြီလို့ ဖော်ပြထားပါတယ်။

ပြည်သူ့ပန်းတိုင်အနေနဲ့ အခုလို စစ်တပ်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စာရင်းတွေကို အပတ်စဉ် တင်ဆင်နေတာဖြစ်ပြီး စစ်တပ်အတွင်း ကျန်နေသူတွေလည်း တော်လှန်ရေးတပ်တွေဆီ အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြဖို့ နှိုးဆော်မှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။
👏22❤5👍4👎1🥰1🤣1🖕1