People's Spring
✔
58.8K subscribers
73.1K photos
1.31K videos
10 files
3.14K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပိတ်မိ​နေတဲ့ ကားတန်းထဲမှကားတစ်စီးမီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-​ဒေသခံ
👏18🤬14👍2👎1🔥1🎉1
လှည်းတန်းမှာ ဆိုင်ရှေ့ဖုန်းပြောနေတဲ့လူငယ်ကို ကားနဲ့ ရောက်လာသူတွေက ဖမ်းဆီးဖို့ ကြိုးပမ်း

နိုဝင်ဘာ ၆၊ ၂၀၂၆။ဟာနာဆန်/People's Spring

ရန်ကုန်မြို့၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ဆိုင်ရှေ့ ဖုန်းပြောနေတဲ့ ဆိုင်ဝန်ထမ်းကို ကားနဲ့ ရောက်ရှိလာသူတွေက ပေါ်တာဆွဲ ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

ကမာရွတ်မြို့နယ်၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက ညဘက် ဆိုင်ရှေ့ဖုန်းထွက်ပြောနေတဲ့ ဝန်ထမ်းအမျိုးသားငယ် ၁ဦးကို ပေါ်တာဆွဲသူတွေလို့ ယူဆရတဲ့ လူတစ်စုက ကားနဲ့ ရောက်ရှိလာပြီး ဓားကိုင်ကာ လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

​အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းရုပ်သံကို ဆိုင်ရှင်ဖြစ်သူက ၎င်းရဲ့ TikTok လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်မျှဝေထားတာဖြစ်ပါတယ်။

ဖြစ်စဥ်မှာ ညဘက် ဆိုင်ဝန်ထမ်းအမျိုးသားငယ်ဟာ ဆိုင်ရှေ့ ထွက်ပြီး ဖုန်းပြောနေစဥ် ကား ၁စီး ရောက်ရှိလာပြီး မရပ်မီကပင် အော်ဟစ်ဆဲဆိုခဲ့ကြောင်း၊ ဆိုင်ဝန်ထမ်းငယ်မှာ အန္တရာယ်ရှိတာကို ရိပ်မိပြီး ဆိုင်အတွင်းသို့ အမြန်ဝင်ရောက်ပြေးလွှားနိုင်ခဲ့ပြီး ကားပေါ်မှ ဆင်းလာသူမှာ လက်ထဲ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ဆိုင်ရှေ့အထိ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရပါတယ်။

"ယောကျာ်းလေးတွေ ညဘက်မှာ ကိုယ့်ဆိုင်ရှေ့ပေမဲ့၊ ကိုယ့်အိမ်ရှေ့ပေမဲ့ ထွက်ထိုင်တာက အန္တရာယ်များလာတယ်။ ဒီမှာကြည့် ကျမဆိုင်ရှေ့မှာ ကျမဆိုင်က ဝန်ထမ်း​က ထွက်ပြီးတော့ ဖုန်းပြောနေတာ။ အဲဒီအချိန်မှာ ကားတစ်စီးနဲ့ ရောက်ချလာပြီး ကားမရပ်ခင်ကတည်းက အော်ဆဲလာတော့ ကလေးက သိသွားတော့ ဝင်ပြေးလိုက်တယ် ဆိူင်ထဲကို။ သူက ဆိုင်အထိ ဓါးကြီးနဲ့ လိုက်လာတာနော်။ လက်ထဲမှာ ဓါးပါတယ်။ ကိုယ့်ဆိုင်ဖြစ်နေလို့ပေါ့။ လမ်းဘေးမှာသွားနေတဲ့ ကလေးတွေသာဆို ဘယ်လိုလုပ်မလဲ"လို့ဆိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှာ သတိပေး ပြောထားပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ရန်ကုန်မြို့ နေရာအချို့မှာ ညဘက်လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။

​"အရင်က လှည်းတန်းမှာနေတုန်းကဆိုရင် လှိုင်သာယာ အဝေးပြေးနားမှာ ဆွဲခံရဖူးတယ်။ အဲဒီတုန်းက ကျောင်းသားပါဆိုပြီး ကျောင်းသားကတ်တွေပါ ပြလိုက်ရလို့ လွတ်လာတာ။ အားလုံး လက်တွေ့မှာ ဂရုစိုက်ကြပါ"လို့ အဆိုပါ လှည်းတန်းဖြစ်စဥ်ရုပ်သံအောက်မှာ မှတ်ချက်ပြု ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် ညကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဂွဈေးအနီးမှာ လူငယ် ၁ဦးကို စစ်အုပ်စုက ကား ၂စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရုပ်သံမှတ်တမ်းပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ရုပ်သံဖိုင်မှာ ကားပေါ်အသင်းဆွဲတင်ခံနေရတဲ့လူငယ်​လေးကအော်ဟစ်ငြင်းဆန်နေတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လှည်းတန်း #ကမာရွတ် #ရန်ကုန် #ပေါ်တာဆွဲမှု #မတရားဖမ်းဆီးမှု #စစ်မှုထမ်းဥပဒေ #လူငယ်များ #စစ်ကောင်စီ #မြန်မာ့သတင်း #Hledan #Kamayut #Yangon #ForcedConscription #IllegalArrest #MilitaryDraft #MyanmarYouths #Junta #MyanmarNews
👍21❤5👎3🤬3🔥2🤮1🤣1
Media is too big
VIEW IN TELEGRAM
🤬15🔥13👎2❤1👍1🤣1
တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲပြီး စစ်တပ်က ပြည်သူ ၃ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်

နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People's Spring

တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲခံရတဲ့ ပြည်သူ ၃ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၃၄ နှစ်က‌နေ ၅၄ နှစ်အထိ ‌အသီးသီး မတရားချမှတ်လိုက်ပါတယ်။

ရွှေဘိုမြို့နယ် ဘုရင်ကားဂိတ်က ဂိတ်မှူး နဲ့ စာရေးမ ၂ ဦဟာ စစ်တပ်နဲ့ စစ်တပ်မိသားစု၀င်တွေရဲ့ ခရီးစဉ်သတင်းကို တော်လှန်ရေးတပ်တွေထံ ပေးပိုံတယ်ဆိုပြီး အခုနှစ် ဩဂုတ် တတိယပတ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်နဲ့ စစ်တပ်ရဲ့စစ်ခုံရုံးက ဂိတ်မှူး ကိုဇေယျာ၀င်းကို ထောင်ဒဏ် ၅၄ နှစ်၊မသိမ့်သိမ့်သူနဲ့ မအေးမြင့်ဆွေတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ မတရား အမိန့်ချလိုက်တာလို့ သိရပါတယ်။

"ယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်လာတယ်ဆိုတာ သတင်းပေးတယ်ဆိုပြီး ဖမ်းခံရတာ။ထောင်ချတာ နမခ(မုံရွာ)မှာ သိရတယ်"လို့ ဘုရင်ကားဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထောင်ချခံရတဲ့ ပြည်သူ ၃ဦးနဲ့ပတ်သက်လို့လည်း စစ်တပ်ဝါဒဖြန့်သူတချို့ရဲ့ တယ်လီဂရမ်အကောင့်တွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ပြည်သူ ၃သောင်းထက်မနည်း ဖမ်းဆီးခဲ့ပြီး တသက်တကျွန်းထောင်ချခံရသူတွေရှိသလို သေဒဏ်ပေးခံရသူတချို့လည်း ရှိပါတယ်။

မနေ့က ထောင်ချခဲ့ရသူတွေနဲ့ ဆက်စပ်တဲ့ ဘုရင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းက ရန်ကုန်- မန္တလေး - ရွှေဘိုမြို့ကို အဓိကပြေးဆွဲ‌နေတဲ့ ယာဉ်လိုင်းလို့ သိရပါတယ်။

ရွှေဘိုမြို့အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၄၂)ခြေလျင်တပ်ရင်း ၊ အမှတ်(၈)လေ့ကျင့်ရေးတပ်နဲ့ အမှတ်(၂)ထောက်ပို့တပ်တွေ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ စစ်တပ်ဟာ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စိုးမိုးဖို့ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေရှိခဲ့ပါတယ်။
🤬32❤7🔥5👎4👏3🤮2😁1🎉1
🤬28👏6👎2🤮2🔥1🤩1🤣1
တောင်ကိုရီးယားရောက် EPS လုပ်သားတွေကို ၂၅ရာခိုင်နှုန်းငွေမလွှဲရင် အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

နို၀င်ဘာ-၆၊၂၀၂၆။မီးအိမ်/People's Spring

တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့တာ မလုပ်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

စစ်တပ်လက်အောက်ခံအလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြည်ပရောက်နိုင်ငံအသီးသီးကအလုပ်သမားတွေကိုလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့နဲ့ ဝင်ငွေခွန်၂ရာခိုင်နှုန်းပေးသွင်းဖို့ ဖိအားပေးတာတွေ ပိုလုပ်လာ​နေတာဖြစ်ပါတယ်။ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံရောက် EPS လုပ်သားတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

"ကိုရီးယားက သူတို့နိုင်ငံရောက် စစ်အုပ်စုအန္တရာယ်ကျနိုင်တဲ့မြန်မာတွေကိုအကာအ
ကွယ်ပေးထားတော့ အပျော့နည်းနဲ့မပြောပဲ ပြင်းပြင်းထန်ထန်အာဏာရှင် အမိန့်သုံးပြီး ခြိမ်းခြောက်ပြတာလို့မြင်တယ် "လို့ ဘူဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်မဟုတ်တဲ့ ဟွန်ဒီကနေငွေလွှဲရင် ထောင်ဒဏ် ၃နှစ်အထိချနိုင်ပြီး လွှဲပို့ငွေပမာဏအပေါ်မူတည်ကာ ဝမ်သန်း ၃၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ပြည်နှင်ဒဏ်ပါ ပေးခံရနိူင်တယ်လို့ စစ်အုပ်စုက ခြိမ်း​ခြောက်ပါတယ်။

ဒါပေမယ့် ကိုရီးယားရောက်လုပ်သားအများစုက စစ်အုပ်စုရဲ့အမိန့်ကို မလိုက်နာပဲဆန့်ကျင်ကြတယ်လို့မြန်မာလုပ်သားတွေက ​ပြော
ပါတယ်။

" သူတို့ရွေးကောက်ပွဲမှာ မဲပေးတဲ့သူအခြေအ
နေပြန်ကြည့်လေ။သိပ်ကြာသေးတာမဟုတ်ဘူး။ ဒါကသူတို့ပြောတာကိုနားထောင်မယ်ထင်လို့လား မပြောတတ်ဘူး "လို့ နွေဦးတော်လှန်ရေးထောက်ပို့လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဆိုးလ်မြို့က စစ်တပ်သံရုံးမှာ အာဏာသိမ်းကာလအတွင်း ကိုရီးယားကနေ နွေဦးတော်
လှန်ရေးလုပ်နေသူတွေကို စောင့်ကြည့်မှတ်
သားကာအမည်ပျက်စာရင်းသွင်းတာ၊ စာရင်း
ထဲပါသူတွေပြည်တွင်းပြန်ဝင်ရင် လေဆိပ်မှာ စောင့်ဖမ်းနိုင်အောင်စာရင်းပို့ထားတာမျိုးတွေရှိခဲ့တယ်လို့ အဝေးရောက်တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

စစ်အုပ်စုက တခြားပြည်ပရောက်မြန်မာလုပ်သားတွေကိုလည်း သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရင် အနီးစပ်ဆုံး ၃လစာ အခွန်ဆောင်ဖို့ဖိအား​ပေးထားသလို ပြည်တွင်းခွင့်နဲ့ပြန်ဝင်လာပြီးလို့ ပြန်ထွက်မယ့်သူတွေကိုလည်း လွှဲပို့ငွေနဲ့ အခွန်ဆောင်ထားတဲ့အထောက်အထားပြနိုင်သူကိုသာ ပြန်ထွက်
ခွင့်ပေးမယ်လို့ ဖိအား​ပေးအကြပ်ကိုင်တာ​တွေကိုလည်း လုပ်ထားပါတယ်။
🤣32❤8🤬5👎3😁3🤮3👏2🎉1
ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရောက်လာတဲ့ EPSလုပ်သားတွေ။ဓာတ်ပုံ-စစ်ကောင်စီ
🤣29🤮4👍3❤2👎2👏1
စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ မြန်မာသံအမတ်ကြီး ပြော

▪️ICJ ရဲ့တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်၊ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ပါလိုအပ်

နိုဝင်ဘာ-၆၊ ၂၀၂၆။ People’s Spring

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်း အစီအစဥ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီမှာ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂတရားရုံးလည်းဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ လာမယ့် နိုဝင်ဘာ ၁၉ရက်မှာ ရုံးတော်က စီရင်ချက်ချမှတ်ဖို့ သတ်မှတ်လျာထားတဲ့အပေါ် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း နိုင်ငံတကာတရားမျှတရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်ထားရှိမှုကို အစဉ်တစိုက် ထုတ်ဖော်ပြသခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ NUG ဟာ ICJ ရဲ့ စီရင်ချက်တွေကို လက်ခံကာ ပဏာမကန့်ကွက်ချက်တွေအားလုံးကိုလည်း ရုပ်သိမ်းခဲ့ပြီး ရုံးတော်ရဲ့အမိန့်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။

ဂမ်ဘီယာနဲ့ မြန်မာအမှုကိစ္စအပေါ် ICJ က စီရင်ဆုံးဖြတ်တဲ့အခါမှာ ရိုဟင်ဂျာများနဲ့ မြန်မာပြည်သူတရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ဖို့ လေးလေးနက်နက် မျှော်လင့်ထားကြောင်းနဲ့ အဲဒီလို ဆောင်ကြဥ်းနိုင်မှသာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအမှုကိစ္စမှာ တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက အဲဒီစီရင်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြဆွေးနွေးပါတယ်။

ICJရဲ့ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်းဟာ ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ အလားတူ နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေဖို့ တားဆီးရာမှာ အဓိကသော့ချက် ဖြစ်လာမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော် အရေးယူဖို့ ပျက်ကွက်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံတဝန်းမှာ အချိန်နဲ့အမျှ လက်တွေ့ မြင်တွေ့ ခံစားနေရကြောင်း သံအမတ်ကြီးက ဆက်ပြောပါတယ်။

စစ်အုပ်စု တရားမဝင်စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း စစ်အုပ်စုဟာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများနဲ့ ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းများကို ထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ အစီရင်ခံပါတယ်။

စစ်အုပ်စုဟာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကိုလည်း စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆက်လက်တင်ပြပါတယ်။

အလားတူ စစ်အုပ်စုဟာ ပြည်သူများ အကြောက်တရား စိုးမိုးစေဖို့နဲ့ ပြည်သူများကို ဖိနှိပ်ဖို့ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ကြောရေးစခန်းများမှာ ဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့စီရင်ကွပ်မျက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိသော နည်းဗျူဟာများအဖြစ် တစိုက်မတ်မတ်အသုံးချခဲ့ကြောင်းလည်း သံအမတ်ကြီး ကုလအစည်းအဝေးမှာ ပြောပါတယ်။

ဒါကြောင့် စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို အပြီးတိုင် ရပ်တန့်နိုင်ဖို့နဲ့ တရားမျှတမှုအပေါ် ထားအပ်သော ကတိကဝတ်များကို ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် စစ်အုပ်စုဆီ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းနဲ့ ငွေကြေး ထောက်ပံ့နေမှုတို့ကို ဖြတ်တောက်ဖို့လည်း သံအမတ်ကြီးက တောင်းဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေးတစုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းတင်သွင်းပေးဖို့ သံအမတ်ကြီးက ထပ်မံတောင်းဆိုပါတယ်။
❤34🥰4👍3👏2🤮1🤣1🖕1
မြန်မာစစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာကနေ အပြီးတိုင် ချုပ်ငြိမ်းဖို့လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ မဖြစ်မနေ ထွန်းကားရမှာ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
❤33👏3👍2🥰2🤮1🤣1🖕1
❤40🥰5👍4🤮2🤣1🖕1
ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ် အဖြစ် တည်ဆောက်ဖို့ သဘောတူ

နို၀င်ဘာ-၆၊၂၀၂၆။ဖိုးသား/People's Spring

ယောတပ် ၂ခု ပေါင်းပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ်တည်ဆောက်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယောတပ်တော် (YA)က ထုတ်ပြန်ပါတယ်။

ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA)မှ နှစ်ဖက် တာဝန်ရှိသူတွေက ယောဒေသလွတ်မြောက်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ယောပြည်သူလူထု အကျိုးကို ရှေးရှုပြီး ယောအမျိုးသားတပ်တွေ ပေါင်းစည်းနို‌င်ဖို့ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ ယောဒေသလွတ်မြောက်ရေး ၊ ယောကံကြမ္မာ ယောဖန်တီးခွင့်ရဖို့နဲ့ ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆော‌က်ဖို့သဘောတူညီချက်‌တွေချမှတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ယောအမျိုးသားတပ်တစ်ခုတည်း ပေါ်ပေါက်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုမှာ တပ်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းတာ၊ ယောဒေသအတွင်းက တခြားသော တော်လှန်ရေးအင်အားစုတွေကို ပူးပေါင်းပါဝင် တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ် တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလသတ်မှတ်တာ စတဲ့အချက် (၃) ချက်အပါအဝင် သဘောတူညီချက် (၇) ချက် ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယောဒေသလွတ်မြောက်ရေး ၊ စစ်အာ ဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အနေနဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲညီညီ တိုက်ပွဲဝင်သွားမယ်လို့လည်း တပ်နှစ်ခုက ပူးတွဲကြေညာပါတယ်။

"ယောဒေသရဲ့ တော်လှန်ရေးသမိုင်းမှာ အရေးပါဆုံးနှင့် အလိုအပ်ဆုံးသော စုစည်းညီညွတ်မှုကို လက်တွေ့ပြသနိုင်ခဲ့ပြီ။ကွဲပြားမှုတွေကို ဖယ်ရှားပြီး ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ် အတူလက်တွဲ ဆက်လက်ချီတက်သွားကြပါမယ်"လို့ YDF ဥက္ကဌ ကိုမြတ်သူက ပြောပါတယ်။

ယောဒေသဆိုတာ မကွေးတိုင်းထဲက ဂန့်ဂေါ၊ထီးလင်း၊ဆောမြို့နယ်နဲ့ ကျောက်ထု၊ကျော၊လောင်းရှည် ဒေသတွေ ပါ၀င်ပါတယ်။

"ယေဘုယျအားဖြင့် ပေါင်းစည်းတာကိုကြိုဆိုပါတယ်။ ဒါပေမယ့် ရှေ့မှာရှိခဲ့တဲ့ တော်လှန်ရေးတပ်အချင်း ချင်း လက်နက်ကိုင်ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ တာ၀န်ခံမှု၊တာ၀န်ယူ မှုတွေကို ပြည်သူကို အသိပေးရပါဦးမယ်။နောက်ပြီး အခုပေါင်းစည်းရေးမှာ မူဝါဒတွေကို ပြတ်သားစွာ ပြည်သူကိုချပြရမယ်"လို့ ယောဒေသခံ တစ်ဦးက ပြောပါတယ်။

ယောဒေသမှ အမျိုးသားညီညွတ်ရေးအစိုးရ လက် အောက်ခံခရိုင်တပ်ရင်းတွေအပြင် မကြာသေးမီက ပြောင်းလဲဖွဲ့စည်းထားတဲ့ ယောလွတ်မြောက်ရေးတပ်တော် YLA နဲ့ YDF ခွဲထွက် မြေပြင်ရုံးအဖွဲ့ဆိုတာ ရှိပါသေးတယ်။

အခု နှစ်ဖွဲ့ပေါင်းမယ့် YA ဟာ ၂၀၂၄ ဇန်နဝါရီက ဖွဲ့စည်းခဲ့ပြီး YDF က ၂၀၂၁ မေလကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။နှစ်ဖွဲ့စလုံးက နွေဦးတော် လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
👍32❤16🥰6😁1💩1🤣1🖕1🫡1
(ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YDF၊ YA)
❤48👍4🥰4🫡3👏2😁1🤮1🤣1🖕1
မြန်မာစစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်မှုရပ်တန့်စေရေး သံတမန်ရေးနည်းအရ ဖိအားပေးဖို့ အာဆီယံနိုင်ငံတွေကို ထိုင်းအမတ်ဟောင်း တောင်းဆို

ထိုင်း-မြန်မာနယ်စပ်တလျှောက် Safety Zone များ အမြန်ဖော်ဆောင်နိုင်ဖို့လိုဟုပြော

နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရေးသံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ဖော်ပြပြီး ထိုင်းအမတ်ဟောင်းက အခုလို တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး လမ်းဖွင့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အလေးအနက် အကောင်အထည်ဖော်ရမယ်လို့လည်း သူက ပြောပါတယ်။

" အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်တွင် ပထမအချက်အဖြစ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပါသည်။ သို့သော် ထိုကတိကဝတ် ချမှတ်ပြီးနောက်တွင်လည်း အရပ်သားများ၏ အသက်များကို ထပ်ခါတလဲလဲ ရုပ်သိမ်းခံနေရဆဲဖြစ်ပါသည်။ ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မဖော်ပြဘဲ အာဏာရှိသူများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းသည် အာဆီယံ၏ ကတိကဝတ်ကို အလေးအနက်မရှိသည့်အရာ ဖြစ်စေပြီး သတ်ဖြတ်မှုများကို ကမ္ဘာက လက်ခံနိုင်သည့်အရာတစ်ခု ဖြစ်လာစေရန် အန္တရာယ်ရှိပါသည်” လို့ ထိုင်းအမတ်ဟောင်းက ပြောပါတယ်။

ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုကာပြည်သူတွေ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လုပ်ငန်းစဉ်တွေ ပံ့ပိုးပေးဖို့လည်း ထိုင်းအစိုးရနဲ့ အာဆီယံနိုင်ငံတွေကို ထိုင်းလွှတ်တော်အမတ်ဟောင်းက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းအမတ်ဟောင်းက ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ မြန်မာပြည်သူတွေအများအပြား သေဆုံးခဲ့ရမှု အခြေအနေကို အသိပေးတဲ့ ဗီဒီယိုကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပြီး “အာဏာရှိသူများနှင့် လက်ဆွဲနှုတ်ဆက်မီ ဆုံးရှုံးခဲ့ရသော လူ့အသက်များကို မြင်တွေ့ရမည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်သူတွေအများအပြာ သတ်ဖြတ်ခံရမှု အခြေအနေတွေကို ရေးသားဖော်ပြခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ကနေ ၂၀၂၆ အတွင်း စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်ခြင်း၊ ကျေးရွာများကို တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနဲ့ ပြည်သူများ နေထိုင်ရာနေရာများကို တိုက်ခိုက်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ အာဏာသိမ်းပြီးနောက် အရပ်သား ၅ ဦးနဲ့ အထက် သေဆုံးခဲ့တဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုအနည်းဆုံး ၄၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၄,၇၀၉ ဦး သေဆုံးခဲ့ရတဲ့ အခြေအနေကိုလည်း ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ စစ်အုပ်စုလက်ချက်ကြောင့် အရပ်သားများ အကြီးအကျယ် အသက်ဆုံးရှုံးနေရတာကို ထိုင်းအမတ်ဟောင်းက မီးမောင်းထိုးပြသထားပြီး သေဆုံးသူတွေထဲမှာ လသားအရွယ်ကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေတာကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ အာဏာရှိသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနဲ့ သံတမန်ရေးရာ နေရာပေးခြင်းများ မပြုမီ နိုင်ငံတိုင်းက မိမိကိုယ်ကို မေးသင့်တဲ့ မေးခွန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတဲ့ မေးခွန်းဖြစ်တယ်လို့လည်း ထိုင်းအမတ်ဟောင်းက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်လေယာဉ်တွေ မြန်မာ-ထိုင်းနယ်စပ်တလျှောက် ပျံဝဲမှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေကိုလည်း ထိုင်းအမတ်ဟောင်းက ဒီကနေ့မှာပဲ သူ့ရဲ့ ဖေ့စ်ဘွခ်မှာ ရေးသားအသိပေးကာ နယ်စပ်တလျှောက် Safety Zone များ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်းက စစ်တပ်လေယာဉ်ဟာ ကင်းထောက်ပျံသန်းမှုပြုလုပ်ခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရှေ့တန်းတပ်ဖွဲ့တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ လေထီးတွေနဲ့ချပေးခဲ့တာကို သတင်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီစစ်တပ်စခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ထိုင်းနယ်စပ်မျဉ်းမှ ခန့်မှန်းခြေ ၃ ကီလိုမီတာအကွာမှာ ရှိတယ်လို့ဆိုပါတယ်။

စစ်ဆင်ရေးအတွက် တပ်ဖွဲ့များထံ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ခြင်းဟာ စစ်ရေးဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမဲံ ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်တွင် နေထိုင်ကြသော ထိုင်းပြည်သူများအတွက် နယ်စပ်အနီး လေယာဉ်များ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နေတာ မြင်ရတာဟာ စိုရိမ်ပူပန်မှု ဖြစ်ပေါ်စေတယ်လို့ ထိုင်းအမတ်က ပြောပါတယ်။
❤34👍13🤮1💩1🤣1🖕1🫡1
ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးဇုန် သို့မဟုတ် Safety Zone တစ်ခုကို အမြန်ဆုံးဖော်ဆောင်ဖို့ တွန်းအားပေးသင့်ကြောင်း၊ ပြည်သူများရဲ့ အသက်နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ထိုင်းနယ်စပ်မျဉ်းမှ အနည်းဆုံး ၅ ကီလိုမီတာအတွင်း စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရဟူသော စည်းမျဉ်းကို သတ်မှတ်သင့်ကြောင်း အကြံပြု တိုက်တွန်းထားပါတယ်။

Safety Zoneဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများထံ အကူအညီများကို ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ပေါက် သို့မဟုတ် Humanitarian Corridor ဖွင့်လှစ်ရေးအတွက် အစပြုရာလည်း ဖြစ်လာနိုင်ကြောင်းသူက ပြောပါတယ် ။
❤25👍15🤮2👏1🤣1🖕1
(ထိုင်းအမတ်ဟောင်း ကန်နဝီ။ ဓာတ်ပုံ - Kannavee Suebsang/Fb)
👍54❤7🤮3🖕2👏1🤣1💔1🫡1
စစ်တပ်ကကျန်းမာရေးကဏ္ဍပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချ၊နိုင်ငံတကာကလျစ်လျူမရှုဘဲ ထိရောက်စွာ
တားဆီးအရေးယူပေးဖို့ NUG တိုက်တွန်း

■ငါးနှစ်​ကျော်အတွင်းစစ်တပ်ကကျန်းမာ
ရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၉၇၇ ကြိမ်ရှိ ၊ဆေးရုံဆေးခန်း၅၂၁ခုပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံရ

နိူဝင်ဘာ-၆၊၂၀၂၆။People's Spring

ကောလင်းမြို့နယ်က ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပါအဝင်စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအ
သိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်း
မာရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ၄ရက်ညပိုင်းမှာစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းလျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကိုအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် NUGကျန်းမာရေးဝန်ကြီးဌာနရဲ့ ကောလင်းမြို့နယ် ကျန်းမာ
ရေးတာဝန်ခံဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခေါ်) ဆရာပွကြီး နဲ့ Grade 12 အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့ လျှောက်ထားဆဲဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင်တို့ ကျဆုံးသွားခဲ့ရပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးဝန်ထမ်း (၅) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

​စစ်တပ်ဟာ အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဒရုန်းတွေ၊ Gyrocopter တွေ၊ Paramotor လေထီးတွေသုံးပြီး တမင်သက်သက် ပစ်မှတ်ထား ဗုံးကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို စစ်ရာဇဝတ်မှုအနေနဲ့ ဆက်
တိုက် ကျူးလွန်နေတာဖြစ်ကြောင်း၊ Insecurity Insight ရဲ့ Global Health Map စာရင်းတွေအရဆိုရင်၊ ၂၀၂၁ ခုနှစ် ဖေ
ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်
ဘာလအထိ မြန်မာနိုင်ငံမှာ ကျန်းမာရေး
ကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၉၇၇) ခု
ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း (၅၂၁) ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံခဲ့ရကာ (၉၉၅)
ဦး အဖမ်းခံခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၅) နှစ်ခွဲကျော် ကာလအတွင်း ဆေးရုံ၊ ဆေးခန်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ ကျန်းမာ
ရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ လူနာတွေ၊ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေနဲ့ထပ်တူ အထူးကြေကွဲဝမ်းနည်းရကြောင်း ​ဖော်ပြပါတယ်။

ဝန်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်
ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဒေသပြည်သူတွေနဲ့အတူ ခိုင်မာစွာလက်တွဲလျက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး
ဌာနက အသိပေးပါတယ်။

လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်​တွေကို ရပ်တန်းကရပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်
လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး မြန်ဆန်ထိရောက်စွာ တား
ဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ဘက်စုံ စာနာရပ်တည်ပေးဖို့ အထူးလိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနဟာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိတဲ့တိုင် ကျန်းမာရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပါတယ်။

​မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုကြီး ပေါ်ထွန်း​တဲ့အထိ တိုင်းရင်း
သားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲဆက်
လက်တိုက်ဝင်သွားမှာဖြစ်ကြောင်း ထပ်မံအသိပေးထားပါတယ်။
❤32👍13👏4🤣3😍2💩1🖕1
NUG ​ဆေးရုံတစ်ခုရဲ့ခွဲစိပ်ခန်းတစ်ခုကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG
❤39👍9🤣3🥰1👏1🤮1🖕1🫡1
ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် Safety Zone တွေ အမြန်ဖော်ဆောင်ဖို့ တွန်းအားပေးရမယ့်အချိန်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ပြော

နိုဝင်ဘာ ၆၊ ၂၀၂၆/People’s Spring

ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်မှာ Safety Zone တွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ ရက် နေ့လည် ၁နာရီခန့်မှာ မြန်မာစစ်တပ်ပိုင် လေယာဉ်တစ်စင်းဟာ ကင်းထောက်ပျံသန်းခဲ့ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေးမြို့သစ်ဒေသရှိ ထီးတာလဲစခန်းကို လေထီး ၆လုံးနဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

အဲဒီစခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတယ်လို့ ထိုင်းအမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။

ထိုင်းနယ်စပ်မျဉ်းနဲ့ ခန့်မှန်းခြေ ၃ ကီလိုမီတာအကွာမှာ ရှိပြီး ကံကောင်းထောက်မစွာ ဗုံးကြဲချခြင်း မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်မှာ နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေအတွက် နယ်စပ်အနီးလေယာဉ်တွေ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတာကို မြင်တွေ့ရတာဟာ တိုက်ပွဲတွေ ဘယ်လောက်ကြာကြာ ဆက်ဖြစ်ပွားနေဦးမည်နဲ့ ကျည်ဆန်တွေ ထိုင်းဘက် ဘယ်အချိန် ကျလာမယ်ဆိုတာကို စိုးရိမ်ပူပန်ကြောင်း ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

ရှေ့တန်းတိုက်ပွဲနေရာတွေအနီးရှိ နယ်စပ်ဒေသပြည်သူတွေဟာ ဆက်လက်ထိခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ထပ်မံဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးဇုန် ဒါမမဟုတ် Safety Zone တစ်ခုကို အမြန်ဆုံးဖော်ဖို့ တွန်းအားပေးသင့်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ထောက်ပြပါတယ်။

ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေး ကာကွယ်ဖို့ ထိုင်းနယ်စပ်မျဉ်းကနေ အနည်းဆုံး ၅ ကီလိုမီတာအတွင်း စစ်ရေးဆောင်ရွက်မှုများ မပြုရ စည်းမျဉ်းကို သတ်မှတ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းရဲ့ အသံဟာ လုံလောက် သြဇာမရှိနိုင်ဟု အစိုးရက စိုးရိမ်ပါက ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနဲ့ ညှိနှိုင်းပြီး နယ်စပ်တစ်လျှောက် Safety Zone မူဝါဒကို ပူးပေါင်းတွန်းအားပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Safety Zone ဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေကို အကူအညီတွေ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ပေါက် ဒါမှမဟုတ် Humanitarian Corridor ဖွင့်လှစ်ရေးအတွက် အစပြုရာလည်း ဖြစ်လာနိုင်တယ်လို့ ကန်နဝီဆွပ်ဆဲင်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရေးသံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ဖော်ပြပြီး ထိုင်းအမတ်ဟောင်းက အခုလို တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး လမ်းဖွင့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အလေးအနက် အကောင်အထည်ဖော်ရမယ်လို့လည်း သူက ပြောပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထိုင်းမြန်မာနယ်စပ် #ဘေးကင်းလုံခြုံရေးဇုန် #SafetyZone #ထိုင်းလွှတ်တော်အမတ်ဟောင်း #ထိုင်းမြန်မာမူဝါဒ #စစ်ဘေးရှောင်များ #မြန်မာ့အရေး #နိုင်ငံတကာသတင်း #မြန်မာ့သတင်း #ThaiMyanmarBorder #SafetyZones #FormerThaiMP #ThaiForeignPolicy #Refugees #MyanmarCrisis #InternationalNews #MyanmarNews
👍37❤10🔥4🤣3💩1🖕1🫡1
Media is too big
VIEW IN TELEGRAM
👍26🔥4🤣2🖕2👏1🫡1
မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ကိုစစ်အုပ်စုပြန်ပို့ခိုင်းတဲ့အ​ပေါ်ထိုင်းကန့်
ကွက်

■CI ဖျက်သိမ်း​ရေးထိဆက်သွားမယ်လို့ မြန်မာလုပ်သားအ​​ရေး​ဆောင်ရွက်သူ​ပြော

နိုဝင်ဘာ-၆၊၂၀၂၆။People's Spring

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အာဏာသိမ်း မြန်မာစစ်
တပ်ရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရက ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာထိုင်းအလုပ်သမားရေး ဝန်ကြီးက အဲဒီ သတ်မှတ်ချက်ဟာ နိုင်ငံတ
ကာ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်ဟာ ထိုင်းရောက် မြန်မာလုပ်သား​တွေကို CI လုပ်ပေးတဲ့အခါ အဲဒီလို ငွေလွှဲထားကြောင်း စာရွက်စာတမ်း
အထောက်အထားတွေ တောင်းဆိုပါတယ်။ အထောက်အထား မပြနိုင်ရင် CI လုပ်မ​ပေးပါဘူး။

CI လျှောက်နေရတာက နှစ်ထပ်ကွမ်း အခွန်ဆောင်ရသလို ဖြစ်နေတဲ့အတွက် ထိုင်းအစိုး
ရ အနေနဲ့ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့တင် ထိုင်းမှာ အလုပ်လုပ်ခွင့် ပေးဖို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက တောင်းဆိုထားပေမယ့်လည်း ထိုင်း အလုပ်သမား ဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ်က CIကတ် ထုတ်
ပေးတဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲလို့ နိုဝင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

CIကတ် ရဖို့အတွက် လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာဖက် ငွေပြန်လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသဖို့ CI စင်တာတွေမှာ တောင်းဆိုတဲ့ ကိစ္စကို ထိုင်းဖက်က ကန့်ကွက်ထားကြောင်း ဂျူလာပေါင်က ဆိုပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီ အစည်းအဝေး တက်ရောက်ပြီးတဲ့နောက် ဂျူလာပေါင်က ညွန့်ပေါင်း အစိုးရမှာ ပါဝင်တဲ့ ဖျူထိုင်းပါတီ ရုံးချုပ်မှာ အခုသ
ဘောထား မှတ်ချက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။သူကမြန်မာ ရွှေ့ပြောင်း အလုပ်
သမားတွေ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ သံအ
မတ်ကြီးနဲ့လည်း နှစ်ကျော့ တွေ့ဆုံဆွေးနွေးပြီးပြီလို့ ဆိုပါတယ်။

သူ့ရဲ့ဝန်ကြီးဌာနဟာလည်း အခုလို ငွေပြန်လွှဲထားကြောင်း အထောက်အထား တောင်းဆိုတဲ့ မြန်မာဖက်က သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ကန့်ကွက်မှုကို နိုင်ငံခြားရေး ဝန်
ကြီးဌာနကနေတဆင့် မြန်မာအလုပ်သမား
ဝန်ကြီးဌာနဆီကိုရော၊ မြန်မာသံရုံးဆီကိုပါ တရားဝင် ပေးပို့ဖို့ စီစဉ်နေကြောင်း ဂျူလာပေါင်က အတည်ပြုခဲ့ပါတယ်။

အဲဒီ စည်းမျဉ်း သတ်မှတ်ချက်ဟာ အခြေ
အမြစ် ကင်းမဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ ပြည်ပရောက် အလုပ်သမား
တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် စံနှုန်းတွေနဲ့လည်း ကင်းကွာနေတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို စုဆောင်းယူပြီး CIကတ် ထုတ်ပေးနေတဲ့ CI စင်တာတွေကို ဆက်ပြီး ဖွင့်လှစ်ခွင့် ပေးထားမယ်လို့ ဝန်ကြီးကဆိုပါတယ်။ ထိုင်းအစိုးရက ကိုယ်တိုင် ထုတ်ပေးတဲ့ အသိအမှတ်ပြု စာရွက်စာတမ်းဖြစ်တဲ့ ပန်းရောင်ကတ်ရှိတဲ့တိုင် အလုပ်
သမားတွေရဲ့ မူရင်းနိုင်ငံ၊ နိုင်ငံသားဖြစ်မှု မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ ဇီဝအချက်အ
လက်တွေကို မှတ်တမ်း ယူဖို့တော့ CI စင်တာတွေက လိုအပ်နေဆဲလို့ ဂျူလာပေါင်က ဆိုပါတယ်။

"ဝန်ကြီးပြောတာက CI ကိုဆက်သွားမယ်ပေါ့။ ဒါပေမယ့် ၂၅ရာခိုင်နှုန်းကိစ္စကိုတော့ ကန့်ကွက်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောလိုက်တယ်။ ကျနော်တို့ကတော့ CI ဖျက်သိမ်းရေးပဲ ဆက်သွားမယ်။ CI ဖျက်သိမ်းမယ်ဆိုတာ စကစရဲ့ နိုင်ငံသားတွေ မဟုတ်ကြောင်း ပြသတဲ့အရာပေါ့။ အဲဒါကို ကျနော်တို့က နိုင်ငံရှာရမယ့် သဘောလို့ သူတို့ကထောက်ပြတာပေါ့" ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ကွန်ယက်ရဲ့ဆူရတ်ဂ်ျဂီရီ က ပြောပါတယ်။

CI စင်တာတွေဟာ ထိုင်းပိုင်နက်ထဲမှာ လုပ်
ငန်း လည်ပတ်နေတာဖြစ်ပြီး ထိုင်းရဲ့ ပြည်ပ အလုပ်သမား စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ဆက်လက် ပါဝင်နေဆဲလို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း CI စင်တာတွေကို ပိတ်ပစ်စေမယ့်အစား CI ထုတ်ပေးမှု လုပ်ထုံး
လုပ်နည်းတွေမှာ နိုင်ငံတကာ စံနှုန်းနဲ့ ညီ
ညွတ်အောင် မြန်မာဖက်နဲ့ ဆွေးနွေးဖို့ပဲ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်း သိရပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီဟာ ထိုင်းမှာ အလုပ်သမား ပြတ်လပ်မှုနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ပြတ်တောက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး ဖြေလျှော့မှု တချို့ကိုလည်း လက်ခံ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်မယ့် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပါမစ်သက်တမ်းကို ၂၀၂၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ တိုးပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ထိုင်းအစိုးရဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။
👍33❤8👏2🤣2🖕2💩1
ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ခံထားရသူတွေဟာ သတ်မှတ်ထားတဲ့ ခရိုင်တွေထဲမှာ တခြားစာရွက်စာတမ်းတွေ မလိုဘဲ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး သူတို့အတွက် အလုပ်လုပ်ခွင့် ပါမစ်ကို တစ်နှစ်ကနေ နှစ်နှစ်ဆီ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

ပြည်ပရွှေ့ပြောင်း အလုပ်သမား အားလုံးကို ထိုင်းရဲ့ တရားဝင် မှတ်ပုံတင်မှု စနစ်ထဲ ဝင်ရောက်လာစေရေးဟာ သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး အကောင်အထည် ဖော်နေတဲ့ အစီအမံ ဖြစ်ကြောင်းလည်း ဂျူလာပေါင်က ပြောကြားသွားပါတယ်။

ကိုးကား: Khaosod
👍35❤7🤣2🖕2👎1👏1💩1