မြောက်ဦး ၊နန်းကျားရွာထဲ စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး၊ပြည်သူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ
နိုဝင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/People's Spring
ရခိုင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာ
သိမ်းစစ်တပ်က မနေ့ညမှာမြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၁၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ရက် ည ၁၁ နာရီကျော်အချိန်မှာ စစ်တပ်ကဂျက်ဖိုက်တာတစီးနဲ့ ပြည်သူတွေနေထိုင်တဲ့ နန်းကျားရွာထဲကို ဗုံးတလုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“ဂျက်လာတယ်လို့အသံကြားရုံပဲရှိသေတယ်။
ကြဲတော့တာ။အသံအကျယ်ကြီးကြားလိုက်တယ်။ခဏနေတော့ ရွာထဲကျတယ်လို့ ကြားတယ်။ရွာထဲကို တမင်တကာကို ကြဲချခဲ့တာပါ။လူတွေအိပ်နေချိန်ဆိုတော့ ဗုံးကျင်းတွေ ဘာတွေကိုလည်း ဝင်ဖို့ မရလိုက်ကြဘူး” လို့ မြောက်ဦးမြို့နယ် နန်းကျားရွာအနီးမှ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် နန်းကျားရွာမှ အ
သက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး
သမီး မသဲသဲမွန်သေဆုံးခဲ့ပါတယ်။ သူမမှာ သမီးနှစ်ဦး ကျန်နေခဲ့တယ်လို့ နန်းကျားရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
နန်းကျားရွာဟာမြောက်ဦး - မင်းပြား ကားလမ်းမအနီး၊ လေးမြို့မြစ်ကမ်းဘေးမှာတည်
ရှိပြီး စိုက်ပျိုးရေးအဓိကလုပ်ကိုင်ကြတဲ့ရွာ တရွာဖြစ်ပါတယ်။
“ကျွန်မတို့ရွာတွေလောက်အေးချမ်းတာမရှိဘူး။တောလည်းမရှိ၊တောင်လည်းမရှိ၊ အရင်တိုက်ပွဲဖြစ်တုန်းကလည်း ဘာမှ မဖြစ်ခဲ့ဘဲနဲ့ အခုမှ ဗုံးကြဲတာဆိုတော့ လူတွေကို ရည်ရွယ်
ချက်ရှိရှိနဲ့ကို လာသတ်တာလို့ပဲပြောချင် တယ်” လို့ နန်းကျားရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် နန်းကျားရွာမှ ထိခိုက်ဒဏ်ရာရသွားသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်ပြီး သေဆုံး၊ ဒဏ်ရာရအရေ
အတွက်တွေ တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းကျားရွာအနီးမှာ ရိုဟင်ဂျာကျေးရွာတွေလည်းရှိပါတယ်။ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့ကလည်းမြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံကို ဗုံးကြဲခဲ့တာကြောင့် လသားအရွယ်ကလေးငယ်အပါ
အဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
မြောက်ဦး၊သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့ နိုဝင်
ဘာ ၁ ရက်မှာပဲစစ်တွေ-ရန်ကုန်ပြည်ထောင်
စုလမ်းမပေါ် ဝါး တောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း စစ်နပ်ကဗုံးကြဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်
ရာရခဲ့ပါတယ်။
အလားတူပေါက်တောမြို့နယ်ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်ရဲ့ မြောက်ဦး သားဖွားဆေးရုံဗုံးကြဲတဲ့ ဖြစ်ရပ်ဟာ လူ့သ
မိုင်းတလျှောက်မှာ အဆိုးရွား ဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာ ပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန် သွားမယ်လို့အာရက္ခတပ်တော်
(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။အဲဒီလုပ်ရပ်တွေဟာ အင်
မတန်အောက်တန်းကျယုတ်မာတဲ့လုပ် ရပ်တွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာသေဆုံးဒဏ်ရာရသူများပြီး စစ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်
ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုပ်နေရာအား
လုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်ထားပြီး စစ်တွေမြို့နယ်အ
တွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့
နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းကိုလည်း AAက တိုက်ခိုက်ဖျက်
ဆီးထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ဝါဒဖြန့်သူတွေက ၄၉၂၆ စစ်ဆင်ရေးလို့အမည်ပေးထားတဲ့ တန်ပြန်စစ်ဆင်ရေးအရှိန်မြှင့်ခဲ့တဲ့ စက်တင်
ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၁၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

🤬28❤11👏1😁1🖕1😡1
နန်းကျားရွာ ဗုံးကြဲခံရပြီးနောက်မြင်ကွင်း။ ဓါတ်ပုံ-Deep Sight ၊ Phyoe Thu Nyein
🤬26👍9👏3🎉1😭1😡1
ဖာပွန်ခရိုင်ခရစ်ယာန်ကျမ်းစာသင်ကျောင်း စစ်တပ်ဗုံးကြဲမှု ကျောင်းသူ ၁ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ
နိုဝင်ဘာ-၆၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်
မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်ကို စစ်တပ်က လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ကျမ်းစာသင်ကျောင်းလည်းထိမှန်ခဲ့ပြီး ကျမ်း
စာသင်ကျောင်း တက်ရောက်သင်ကြားနေသူ ၁ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ
တော်(KNLA) ဗဟိုဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၃ရက်မှာ လူသောမြို့နယ် ပေးကေးဒဲကျေးရွာအုပ်စု ဒေပူနို၊ ဖောစေးပူ၊ ကလိုးဘောထာနဲ့ လယ်နာဒဲကျေးရွာတွေကို တိုက်လေယာဉ်တွေနဲ့ ၅ကြိမ်တိုင် ဖျက်အားပြင်းဗုံးတွေ အသုံးပြု တိုက်
ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့တာလို့ နိုဝင်ဘာ ၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။
အဲဒီလို တိုက်ခိုက်ခဲ့ရာ လယ်နာဒဲကျေးရွာအနီး Y12 လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျမ်းစာကျောင်း တက်ရောက်သင်ကြားနေတဲ့ အမျိုးသား ၂ဦး၊ အမျိုးသား ၈ဦး စုစု
ပေါင်း ၁၀ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်း
ထန်တဲ့ ကျောင်းသူ ၂ဦးကို ဆေးရုံကို ပို့
ဆောင်စဉ် ၁ဦးဟာ လမ်းခုလပ်မှာ သေဆုံးခဲ့ရတာလို့ အသိပေးပါတယ်။သေဆုံးသူမှာ အသက် ၂၀ အရွယ် ကျောင်းသူ ၁ဦးဖြစ်ပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျမ်းစာသင် ကျောင်းစာကြည့်တိုက်၊ကျမ်းစာသင်
ကျောင်းခန်းမဆောင်နဲ့ ကျောင်းသူကျောင်း
သားဘော်ဒါဆောင်များ ထိခိုက်ပျက်စီးဆုံး
ရှုံးခဲ့ရကြောင်း KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။
စစ်တပ်ဝါဒဖြန့်သူအချို့က နိုဝင်ဘာ ၃ရက်လေကြောင်း တိုက်ခိုက်မှုမှာ KNU အရာရှိ အချို့ သေဆုံးခဲ့ကြောင်း သတင်းမှားတွေနဲ့ ဝါဒဖြန့်နေသလို PDFနဲ့ KNU ကြားသွေးခွဲတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။
KNU တပ်မဟာ(၅) တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ လေ
ကြောင်း တိုက်ခိုက်မှုမှာ ကျောင်းသူကျောင်း
သားတွေအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ KNU တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ
(၅)နယ်မြေအပါအဝင် KNUအုပ်ချုပ်နယ်မြေ အသီးသီးက အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတိုက်ခိုက်မှုတွေ ဆက်
တိုက်လုပ်နေပါတယ်။ အဲဒီလို တိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းထိုးတာတွေရှိခဲ့လို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်ကြောင့် KNU နယ်မြေအပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည် သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ် လျက်ရှိပါတယ်။

🤬32👏5❤2🎉1
ဖာပွန်ခရိုင်ကခရစ်ယာန်ကျမ်းစာသင်
ကျောင်း စစ်တပ်ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNLA

🤬37👏4😢1🤩1
SCEF ကိုယ်စားလှယ်အဖွဲ့ နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ
နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေဟာ နိုဝင်ဘာ ၅ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။
“Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ လွှတ်တော်ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party အမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့ ကမကထပြု ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဆွေးနွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု က ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။
ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနဲ့ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ထွန်းမှု အခြေအနေတွေ ရှင်းပြခဲ့တဲ့အပြင် ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျသော အားပေးကူညီမှုများကိုလည်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒ့ါအပြင် ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျှောက်တွင် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို SCEFနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်သော SCEF အဖွဲ့ဝင်များမှတဆင့် ကူညီပေးနိုင်ရေး ကြိုးစားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။
ကိုရီးယား-အာဆီယံ ဆက်ဆံရေးမှတဆင့် ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်ပေးစေလိုကြောင်း အဓိကထား တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလို၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ပါတယ်။
လွှတ်တော်အမှတ်တွေဘက်ကလည်း သိလိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ရာ SCEF တွင် အချို့သော အဓိကအဖွဲ့အစည်းများ မပါဝင်သေးတာကို ဘယ်လိုကျော်လွှားမလဲ၊ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာများကို ဘယ်လိုခွဲဝေသတ်မှတ်သွားမလဲဆိုတဲ့ အချက်တွေ ပါတယ်လို့ဆိုပါတယ်။
စစ်တပ်က စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံအဖြစ် ပြောင်းလဲကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖွေနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကသာ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း ယုံကြည်လက်ခံလာစေဖို့ ဘယ်လိုစည်းရုံးသွားမလဲ ဆိုတာ လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြောင်း ဖော်ပြပါတယ်။
SCEF အနေနဲ့ ကိုရီးယားလွှတ်တော်နဲ့ အစိုးရထံက ဦးစားပေးတောင်းဆိုလိုတဲ့ တိကျတဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေဟာ ဘာလဲဆိုတာကိုလည်း ကိုရီးယားအမတ်တွေက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုမေးမြန်းတာတွေအပေါ် SCEFက ပြန်လည်ဖြေကြားပေးခဲ့ရာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်များ၊ တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ထိတွေ့ဆွေးနွေးလျက်ရှိပြီး ဘုံသဘောတူညီမှုဖြင့် ဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ကို ယခုတိုင် ကိုရီးယားအပါအဝင် နိုင်ငံတကာမှ အသိအမှတ် မပြုသေးတဲ့ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း SCEFက ပြောကြားခဲ့သလို တရုတ် အိန္ဒိယ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် နယ်မြေတည်ငြိမ်မှုကို အာမခံနိုင်ပြီး မူဝါဒတခုတည်းဖြင့် ဆက်ဆံနိုင်သော မဟာမိတ်တပ်ပေါင်းစုကို မိတ်ဖက်အဖြစ် လိုလားမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။
မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂသံအမတ်ကြီးကို ဆက်လက်ထောက်ခံရေးနဲ့ လူသားချင်းစာနာသော အကူအညီများ ပေးအပ်ခြင်းကို ကိုရီးယားအစိုးရနဲ့ လွှတ်တော်သို့ SCEFက တောင်းဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

👍30❤6👏5🤮1🤣1🖕1
(SCEF ကိုယ်စားလှယ်အဖွဲ့ နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - SCEF)
👍31❤10👏4🥰3👌2🖕2🤮1
ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်းအချင်းချင်း နေရာလုရာက လူသတ်မှုဖြစ်ပြီး ၁ဦးသေဆုံး
နိုဝင်ဘာ ၆၊၂၀၂၆။ဇေအောင်/People’s Spring
မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ စစ်တပ်အောက်က Non-CDM ဝန်ထမ်းအချင်းချင်း လုပ်ပိုင်ခွင့်နေရာ လုရာကနေ အချင်းများပြီး ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားကာ ၁ဦးသေဆုံးခဲ့ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ နိုဝင်ဘာလ ၅ ရက်က စီမံကိန်းရဲ့ QI (Quality Inspection သို့မဟုတ် အရည်အသွေးစစ်ဆေးရေး) ဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့ Non-CDM ဝန်ထမ်း ၂ ဦးဖြစ်တဲ့ ဖိုးချစ် ခေါ် ထွန်းဝင်းမြတ်နဲ့ သိန်းဇော်ထွေးတို့ အချင်းချင်း စကားများရန်ဖြစ်ကြရာမှ ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး ၁ဦးသေဆုံးသွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
"သတ်တဲ့သူက ကိုဖိုးချစ် ခေါ် ကိုထွန်းဝင်းမြတ်က သတ်တာပါ။သေတာက ကိုသိန်းဇော်ထွေး သေတာပါဗျ။ QI ဌာနကပါ ၂ယောက်စလုံးက။ ဌာန အတူတူကို လုပ်ပိုင်ခွင့် နေရာ အာဏာ လုရာကနေစ ဖြစ်တာလို့ သိရပါတယ်ဗျ"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်း CDM ပြုလုပ်မှုကြောင့် အလုံးစုံရပ်တန့်သွားခဲ့ပြီး စစ်ကောင်စီအတွက် လုံးဝဝင်ငွေမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ စီမံကိန်းတွေကို ၂၀၂၄ နှစ်စပိုင်းကစပြီးတော့ CDM မလုပ်တဲ့ ထိပ်ပိုင်း ရာထူးကြီးဝန်ထမ်းတွေက သူတို့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ပြန်လည်ခေါ်ယူခဲ့ရာ ယခုနှစ်ဆန်းပိုင်းကစပြီး ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီရဲ့ တာဝန်ရှိသူက People’s Spring ကို ဖြေကြားခဲ့ဖူးပါတယ်။
ဒါကြောင့် မြန်မာဝမ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီအတွင်းက သတိပေးထုတ်ပြန်ဖူးပါတယ်။

❤19👏16👎2🖕2🔥1
ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ ဒေသခံ ၂ဦး သေပြီး ၄ ဦးဒဏ်ရာရ
နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခံရတာကြောင့် ဒေသခံ ၂ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(နို၀င်ဘာ ၅ ရက်)မှာ ပင်လောင်းမြို့နယ်က ထီတလိကျေးရွာ၊ဘုရားဖြူ နဲ့ ဘုရားမဲကျေးရွာတွေမှာ မိုးကြိုးပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူ ၂ဦးက ထီတလိရွာသား နဲ့ဘုရားဖြူ ရွာခံတွေ ဖြစ်ပြီး အမျိုးသား ၂ဦး အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"ဖြစ်စဉ်သုံးခုစလုံးက မနေ့က နေ့လယ် ၁ နာရီလောက်မှာဖြစ်တာ။ထီတလိမှာက ခရမ်းချဉ်သီးစိုက်ခင်းထဲ ထိတာ ။ ခွန်မိုးသိန်းဇော်မိုးက မီးလောင်တဲ့ဒဏ်ရာတွေနဲ့ ဆုံးသွားတယ်"လို့ ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လွယ်မောအုပ်စု ဘုရားဖြူရွာဖြစ်စဉ်မှာ အသက် ၅၇ နှစ်အရွယ် ဦးအောင် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
အခုအချိန်ဟာ မုတ်သုံရာသီမဟုတ်ပေမယ့် အယ်နီညိုကြောင့် လေထုစိုထိုင်းဆနဲ့ အပူချိန်တွေ ကမောက်ကမဖြစ်ပြီး မိုးကြိုးပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မိုးလေ၀သ ပညာရှင်တချို့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းထဲမှာပဲ မွန်ပြည်နယ် မုဒုံမြို့နဲ့ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တွေမှာ မိုးကြိုးပစ်ခတ်မှုကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
ရုပ်သံ - Pa-O LOYWEl
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ပင်လောင်းမြို့နယ် #ရှမ်းပြည်နယ်တောင်ပိုင်း #မိုးကြိုးပစ်ခံရမှု #သဘာဝဘေးအန္တရာယ် #ဒေသခံများ #မြန်မာ့သတင်း #Pinlaung #SouthernShanState #LightningStrike #NaturalDisaster #LocalCasualties #MyanmarNews

🔥12😢9👍4❤1🍌1
■အတွေးအမြင်
ကျမတို့ရဲ့ အော်သံကို ကြားပေးကြပါ
-မသီတာ-စမ်းချောင်းရေးသားသည်။
နိုဝင်ဘာ ၁ ရက် မနက်မှာ ဆစ်ဒနီက ခရစ်
ယာန်ဘုန်းတော်ကြီး ဘီလ်ခရူရဲ့ မနက်ခင်း ဝတ်ပြုဆုတောင်းပွဲဟာ ဘာသာပေါင်းစုံကြား သတိရအောင်းမေ့ခြင်းအဖြစ် မြန်မာတွေအတွက် သတိရအောင်းမေ့ခြင်းနေ့ ကာ့ဒစ်ရှ်တွေအတွက် ရိုးရာအစဉ်အလာနေ့တစ်နေ့ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ပြီးပြည့်စုံခဲ့ပါတယ်။
ကာ့ဒ်ကွန်မြူနတီက ဘရန်ဆိုဂတ်၊ ဆစ်ဒနီရောက် မြန်မာကွန်မြူနတီကိုယ်စား ကိုကိုအောင်နဲ့ နောင်နောင်တို့က ပြည့်စုံထိရောက်တဲ့ တင်ပြမှုတွေအပြီးမှာ မေရီ ဦးဆောင်တဲ့ ဩစတြေလျန်းတွေက “ကမ္ဘာမကြေဘူး”
သီချင်းကို အုပ်စုလိုက် သီဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘီလ်ခရူဖောင်ဒေးရှင်းရဲ့ ခန်းမကြီးထဲမှာ မြန်မာ့မနက်စာလက်ဘက်ရည်ပွဲကိုသုံးဆောင်ရင်းကွန်မြူနတီတွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ်။အဲဒီမှာ ပါမောက္ခရှောင်တာနယ်၊ လက်ထောက်ပါမောက္ခ ဆူဇန်ဘန်ကီ၊ လူ့ရပိုင်ခွင့်ရှေ့နေ ပက်ထရစ်ဘာဂက်စ်၊ လူ့အခွင့်အရေးရှေ့နေ အဲလီဆွန်ဘက်တီဆွန်နဲ့ ဂရင်းပါတီကောင်စီဝင် အစ္စမတ်တာ့စ်တန်တို့က သူတို့ တွေးမြင်ဆင်ခြင်မိသမျှတွေကို တင်ပြပြောဆိုပါတယ်။
ကျမကလည်း မြန်မာတစ်ယောက်အနေနဲ့ ပြောဆိုတင်ပြရမှာမို့ ပုဝါလေးတစ်ထည်ကိုကောက်ခြုံပြီး ပွဲဆီ ရောက်သွားခဲ့တာပေါ့။ ဘာပြောမလဲဆိုတာကတော့ တခြားသူတွေ ပြောတာကို နားထောင်နေရင်းမှ ကွဲပြားခြားနားမှာလေးတွေကို ရွေးပြောမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အချိန်တိုတိုလေးအတွင်း လက်
တန်းပြောဖြစ်ခဲ့တာမို့ မှတ်တမ်းဖြစ်အောင် မှတ်မိသလောက် မြန်မာလို ပြန်ရေးလိုက်ပါတယ်။
“ကျမက လတ်တလောမှာ ဦးထုတ်တွေအ
များကြီး ဆောင်းထားသူပါ။ အဲဒီထဲက ဦးထုတ်တစ်လုံးကတော့ ပဲန်အင်တာနေရှင်နယ်ရဲ့ အကျဉ်းကျစာရေးဆရာများကော်မတီဥက္ကဌ ဖြစ်ပါတယ်။ပဲန်ရဲ့ ဥက္ကဌက ကာ့ဒစ်ရှ်စာရေးဆရာဘူရ်ဟန်ဆိုမက်စ်ဖြစ်တာကြောင့်ရော ကျမရဲ့တာဝန်စားပွဲပေါ်မှာ ကမ္ဘာ
အရပ်ရပ်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုကာကွယ်မြှင့်တင်ရင်းအန္တ
ရာယ်သင့်ရ ထောင်ဒဏ်သင့်ရတဲ့ စာရေးဆ
ရာတွေအရေးက အမြဲရှိနေတာမို့ ကာ့ဒစ်ရှ်ကွန်မြူနတီကိုလည်းစာနာသတိပြုမိပါတယ်။ တကယ်တော့ ကျမက ကော်မတီဥက္ကဌအဖြစ် အရွေးခံဖို့ ပြည်ပကို ထွက်လာရာက ခု ဆစ်ဒနီမှာ ကမ်းတင်နေဖြစ်တာပါ။ကျမရဲ့ခရီးက နာမည်ပေးရရင် "အိမ်မှသည် အိမ်ဆီသို့"ဆိုတဲ့ ခရီးစဉ်ပါ။
“ကျမ အိမ်ကနေထွက်လာပြီးနိုင်ငံတွေအများကြီးမှာ လှည့်လည်နေထိုင်ခဲ့ပါတယ်။အိမ်ကနေ ထွက်ခဲ့ရပေမဲ့ခရီးပန်းတိုင်ဟာလည်း အိမ်ပါပဲ။ ကျမတို့ ပြည်ပရောက် မြန်မာတွေဟာ ကိုယ့်အိမ် ကိုယ့်နိုင်ငံကို အမြဲပူပန်ကြောင့်ကြနေကြရတာပါ။ ကျမတို့က ဒီမှာ အဖမ်းအဆီး အသတ်အဖြတ် အနှိပ်အစက် မခံကြရပေမဲ့ စစ်အာဏာရှင်လက်ကနေပြေးမလွတ်သေးပါဘူး။ ကျမတို့ရဲ့ မိသားစုဝင်တွေ ဆွေမျိုးသား
ချင်းမိတ်ဆွေသူငယ်ချင်းတွေကိုထိခိုက်မှာ စိုးရိမ်လို့တိတ်တဆိတ်လှုပ်ရှားနေကြရ ကြေ
ကွဲနေကြရသူတွေ အများကြီးပါ။ ဒါကြောင့် ပြည်ပမှာ ကျမတို့ မြန်မာလူထုက မျှော်လင့်တာက မေတ္တာတရားတောင်မှ မဟုတ်ပါဘူး။ အပြန်အလှန် လေးစားမှုကလေးရရင်ကို ကျမတို့ရဲ့ “အိမ်ကနေ အိမ်သို့ ခရီး"ကို ခွန်အားရှိရှိ လျှောက်နိုင်ကြမှာပါ။
“တကယ်တော့ ခုနက ပြောသွားတဲ့ ပါမောက္ခရှောင်ဟာ သူ့စာအုပ်ကို "မထင်ရတဲ့ အကျဉ်း
သား"လို့ နာမည်ပေးခဲ့ပါတယ်။တကယ်လည်း သူလိုလူမျိုး ထောင်ကျမယ်လို့ ဘယ်လိုမှ မထင်ရနိုင်ဘူးလေ။ ကျမကတော့ "ဖြစ်နိုင်လွန်းတဲ့ အကျဉ်းသား"လို့ ဆိုရမယ့်သူမျိုးပါ။ အင်းစိန်ထောင်မှာ ၅ နှစ် ၆ လ ၆ ရက် အ
ကျဉ်းကျခဲ့ဖူးပါတယ်။ တီဘီနဲ့ တခြားဝေဒနာတွေကြောင့် ထောင်ဝင်စာခန်းဆီ သွားတဲ့ လျှောက်လမ်းတိုတိုလေးကို သွားဖို့တောင် သူများက ချီမပေးမှ ရတဲ့အထိ ကျန်းမာရေး မကောင်းဖြစ်ခဲ့လွန်းလို့ အများစုက ကျမကို ထောင်ထဲမှာ သေသွားနိုင်တယ်လို့ ခန့်မှန်းတာ ခံခဲ့ရဖူးသူပါ။ ဒါပေမဲ့ ထောင်ထဲမှာ ဘယ်လိုအသက်ရှင်သန်အောင် နေရမလဲဆိုတာ ကျမ ကောင်းကောင်းသိခဲ့သူပါ။ ရှင်အောင်နေနိုင်မယ်လို့ ယုံကြည်တာကြောင့်လည်း ထောင်ကို ကျမက မကြောက်လှပါဘူး။
“ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေကတော့ အတော်ဆိုးပါတယ်။ လူငယ်ဘုန်း
ကြီးလေးတစ်ပါးဟာ လွတ်ရက်စေ့ပြီးတာတောင် ကျောင်းကို ပြန်မရောက်လာလို့ ဒကာတွေ ဒကာမတွေက စုံစမ်းကြတဲ့အခါ ထောင်ဘက်က လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ အဲဒါ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဖြစ်ပြီး ခုထိ ပျောက်ဆုံးနေဆဲပါ။ အဲဒီလိုပဲ ကျမ သိတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ယောက်ဆိုရင်လည်း ထောင်ပြောင်းရင်း ထွက်ပြေးရန် ကြံစည်တယ်လို့ စွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ကျမ အဲဒီလို ဖြစ်မှာကိုတော့ ကြောက်မိ စိုးရိမ်မိပါတယ်။ ကျမက ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ထင်
မြင်ယူဆတာတွေကို မထုတ်ပြောဘဲ တိတ်
တဆိတ် နေနိုင်သူ မဟုတ်လို့ ဘာဆိုဘာမှ မပြောနိုင်တော့မှာ မလုပ်နိုင်တော့မှာကို ကြောက်တာကိုး။
“တကယ်တော့ မနက်ပိုင်းမှာရော ခုနကပါ ပြောသွားကြသလို ပြည်တွင်းက အခြေအနေက အတော့်ကို ဆိုးဝါးနေချိန်ပါ။ လေကြောင်းကနေ ဗုံးကြဲတာတွေက စိပ်လွန်းပြီး အပြစ်မဲ့ပြည်သူတွေအများကြီး သေဆုံးနေရပါတယ်။ မကြာသေးခင်က ခန့်အပ်ခံရတဲ့ ကာကွယ်

👍23😢3❤2🖕2🔥1
ရေးဝန်ကြီး စစ်ဗိုလ်ချုပ်က လေကြောင်းတိုက်ခိုက်မှုလို စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ ပြောလိုက်ပါတယ်။ ချက်သမ္မတ ဗာဆလဗ်ဟာလ်ဗဲလ်ရဲ့ ရသစာတစ်ပုဒ် ခေါင်းစဉ်က “ငြိမ်းချမ်းရေးကို အနှောက်အယှက် ပေးခြင်း”လို့ ဆိုပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကို မဆန့်ကျင် မပုန်ကန်နိုင်အောင် ငြိမ်ဝပ်ပိပြားအောင် လုပ်တာကို ငြိမ်းချမ်းရေးရအောင် လုပ်တာလို့ ဆိုတတ်ကြသကိုး။ ကျမတို့က အဲဒီလို"ငြိမ်းချမ်းရေး"မျိုးကို အနှောက်အယှက် ပေးချင်ကြတာပါ။
"ကျမတို့ မြန်မာပြည်သူတွေရဲ့ လက်ရှိနွေဦးတော်လှန်ရေးဟာ ကျမတို့ ဆန့်ကျင်ပုန်ကန်နိုင်စွမ်းကို ပြသကြဖို့ မဟုတ်ရပါဘူး။ ကျမတို့ရဲ့ ဆုံးရှုံးသွားတဲ့ရပိုင်ခွင့်တွေကို ပြန်လည်အရယူချင်လို့ပါ။လာမယ့် နိုဝင်ဘာလလယ် ဖိလစ်ပိုင်မှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပတဲ့အခါ မြန်မာက စစ်ခေါင်းဆောင်ကို တက်ခွင့်ပေးပြီး စစ်အာဏာရှင်စနစ်ကို လက်
ခံတဲ့သဘော၊ ပုံမှန် ဘာမှ မဖြစ်သလိုသဘောမျိုး မပြသကြဖို့ ဩစတြေလျကအစိုးရအနေနဲ့ရော လူထုအနေနဲ့ပါ အာဆီယံနိုင်ငံတွေကို ထောက်ပြပြောဆိုကြဖို့ လိုပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်မှာတော့ ဆစ်ဒနီက မြန်မာကွန်မြူနတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်း
သားအားလုံး လွတ်မြောက်ရေးအတွက် စု
ပေါင်းတောင်းဆိုကြမှာပါ။ အဲဒီမှာလည်း လာရောက်ပူးပေါင်းပေးကြပါ။ နိုင်ငံရေးအကျဉ်း
သားတွေရဲ့ အခြေအနေကို ကျမဟာ ကိုယ်ချင်းစာစွာနဲ့ စိုးရိမ်ပူပန်နေပါတယ်။
"မနေ့ညက ဒီမှာ Halloween day ကျင်းပကြတော့ ကျမ ခေါင်းထဲကို ဝါကျတစ်ကြောင်း ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေ
အနေဟာ ၂၀၂၁ ဖေဖော်ဝါရီကတည်းက နေ့စဉ် ညစဉ်နဲ့အမျှ သေဆုံးသူများနဲ့ ရှင်ကျန်သူများကြားက နယ်နမိတ်ဆိုတာ ဝေဝါးသွားလောက်အောင် ဖြစ်နေပါတယ်လို့ ကမ္ဘာကို သိစေချင်ပါတယ်။ ကျမတို့ရဲ့ အသံကို ကြားပေးကြပါ။တကယ်တော့ ကျမတို့က အော်ပြီး ပြောနေကြတာမို့ ကျမတို့ရဲ့ အော်သံကို ကြားပေးကြပါ။ ကျေးဇူးတင်ပါတယ်။”
ကျမ ယူလာတဲ့ ပုဝါပေါ်က ပန်းချီကျော် အက်ဒ်ဒွပ်မန့်ချ်ရဲ့ “အော်သံ”ပန်းချီကို ဖြန့်ပြပြီး စကားပြောစင်ကလေးကနေ ဆင်းလာခဲ့ပါတယ်။ လူနှစ်ရာနီးပါးလောက်တောင် တက်ရောက်တဲ့ ဒီပွဲလေးက ကျမတို့ရဲ့ အော်သံကို ကမ္ဘာကြီးက ကြားပေးကြမယ်လို့ တကယ်ပဲ မျှော်လင့်နေမိပါတယ်။

👍30❤7🖕2🔥1
ကရင်နီပြည်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေ နေရာရွှေ့ပြောင်းရ
နို၀င်ဘာ-၆၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်မှာ စစ်တပ်ရဲ့ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်းနေကြရတယ်လို့ စစ်ရှောင်အရေးကူညီသူတချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့နေရာတွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ လုံခြုံမယ်ထင်တဲ့နေရာတွေကို ထပ်မံရွှေ့ပြောင်းနေရကြရတာလို့ ဆိုပါတယ်။
"မိသားစုလိုက် ထပ်ပြီး ရွှေ့နေကြရတဲ့သူတွေထဲမှာ စားနပ်ရိက္ခာ မလုံလောက်ကြတာတွေများတယ်။ဒါတွေအတွက် သူတို့ရှိတဲ့နေရာထိ ကျွန်တော်တို့သွားကူရတာတွေ ရှိတယ်"လို့ ကရင်နီပြည်နယ်က လင်းလက်စစ်ဘေးရှောင်အရေးကူညီရေးအသင်းအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
တိုက်ပွဲမဖြစ်တဲ့နေရာတွေကို စစ်တပ်ရဲ့ ဗုံးကြဲသတ် ဖြတ်မှုတွေက နေ့စဉ်ရှိနေပြီး ကလေးငယ်တွေပါသေဆုံးမှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
"စစ်ရှောင်ရတဲ့ကာလ ကလည်းကြာလာသလို အခုနောက်ပိုင်း စားနပ်ရိက္ခာအခက်အခဲက ပိုများလာတယ်"လို့ ကရင်နီပြည်နယ်စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်က အောက်တိုဘာ ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းစာသင်းကျောင်းက ကျောင်းသား ၃ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင် စစ်တပ်ရဲ့ လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူ ၂ သိန်းကျော်ပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ၂၀၂၆ ဩဂုတ်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က သူတို့ရဲ့အုပ်ချုပ်မှုနယ်မြေအတွင်း ပြည်သူတွေ ပြန်လာအောင် အရပ်သားတွေကို အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လက်တလောမှာ စစ်တပ်က လွိုင်ကော်မြို့ကို အခြေပြုပြီးအုပ်ချုပ်ရေး ယန္တရားကိုလည်ပတ်နေပေမယ့် ဒေသခံပြည်သူအနည်းစုသာပြန်လည်၀င်ရောက်ပြီး အများစုက စစ်တပ်မိသားစု၀င်တွေနဲ့ သူတို့ကိုထောက်ခံသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

😢16🔥9❤2🤬2🤣2😁1