People's Spring
✔
59.2K subscribers
72.6K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျောက်ဖြူတိုက်ပွဲ ပြန်လည် ပြင်းထန်လာ

■AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က
အင်အားအများအပြားဖြည့်တင်းခုခံ

အောက်တိုဘာ-၂၅၊၂၀၂၆။ခိုင်မြတ်/ People's Spring

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ် တပ်တို့ တပါတ်ကျော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာကနေ အခုရက်ပိုင်းမှာတိုက်ပွဲပြန်လည်ပြင်းထန်လာပြီး စစ်တပ်က အထိနာကာ အင်အားအများအပြးထပ်မံဖြည့်တင်းနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့တဲ့ အောက်
တိုဘာလလယ်လောက်ကတည်းကတိုက်ပွဲတွေ​​ခေတ္တ ငြိမ်သက်နေခဲ့တာဖြစ်ပြီး အောက်
တိုဘာ ၂၃ ရက်ကစ တိုက်ပွဲတွေ ပြင်းပြင်း
ထန်ထန်ပြန်ဖြစ်လာခဲ့တာပါ။

“တောင်မော်ဦးဘက်မှာ တိုက်ပွဲတွေ ငြိမ်သွားသေးတယ်။AA က စခန်းတခုရပြီးတော့ စစ်
တပ်က ဆုတ်သွားတယ်။ အဲဒီနောက်ပိုင်း ဒီဘက်ကလည်း ရှေ့မတိုး၊ ဟိုဘက်ကလည်း မတိုး၊ ငြိမ်နေခဲ့တာ။ ဒီရက်ပိုင်းမှာမှ ပြန်ဖြစ်ကြတယ်။ အ၀တောင်နားမှာပါပဲ တိုက်ပွဲက ၊ ဒီနေ့လည်း တနေကုန်နီးပါးဖြစ်တယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသ ခံတဦးက ပြောပါတယ်။

လက်ရှိမှာ တောင်မော်ဦး(​တောင်​မော်ကြီး)
ရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းတွေရှိရာ အ၀တောင်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်
တပ်ရဲ့ ကာကင်းစခန်းအနည်းငယ်သာ ကျန်တော့တယ်လို့ သိရပါတယ်။

“တောင်မော်ဦးမှာတော့ ကိုယ့်လူတွေ ရလဒ်ကောင်းတယ်။စခန်းတွေ သိပ်မကျန်ဘူး။ အားစိုက်လိုက်ရင်ပြတ်တာကြာပြီ။ တိုးလိုက်၊ ဆုတ်လိုက် လုပ်နေလို့သာ ကြာနေတာ။ အ
ခွင့်အရေးရရင် ရသလိုတော့ တိုးနေကြတယ် ကိုယ့် ဘက်ကလည်း။ ဒီရက်ထဲမှာလည်း သုံ့ပန်းတွေရတာရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ တောင်မော်ဦးတိုက်ပွဲအတွင်း စစ်
တပ်ရဲ့ ကာကင်းစခန်းနှစ်ခုကို သိမ်းပိုက်ထားပြီး စစ်တပ်အလောင်း​တွေ နဲ့ စစ်သုံ့ပန်း​နွေလည်ယဆယ်ချီရှိပြီဖြစ်ပါတယ်။

ဒါ​ပေမယ့် ကျောက်ဖြူမြို့နယ် မင်းပြင်၊ သိုင်းချောင်းဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အ၀တောင်ရွာအနီးဝန်းကျင်က ကာကင်းစခန်းတွေ လက်လွှတ်နေရတဲ့စစ်တပ်ဟာ ကျောက်ဖြူမြို့ပေါ်ကနေ တောင်မော်ဦးရေတပ်ဆီ စစ်သေင်္ဘာတွေနဲ့ အင်အားဖြည့်နေသလို ကျောက်တော်ဖြူမြို့ပေါ်တပ်ရင်းတွေကိုလည်း အင်အားထောင်ဂဏန်းဖြည့်တင်းထားတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။

အခုတစ်လကျော်အတွင်းမှာပဲစစ်တပ်ဟာ ကျောက်ဖြူတပ်ရင်းတွေဆီ အင်အား တထောင်ဝန်းကျင် ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။ “ရန်ကုန်ကနေ သင်္ဘောကြီးတွေနဲ့ ဝင်တယ်။ ကျောက်ဖြူမှာ တိုက်ရိုက်ဆိုက်ပြီးတာ။ တထောင်လောက်ရှိပြီပြောကြတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း စစ်သားတွေအပြည့် သင်္ဘောတစီးရောက် တယ်။ နှစ်ရာကျော်လောက်ပါမယ်ထင်တယ်”လို့ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်း ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘောတွေကနေလည်း လက်
နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀
တောင်စခန်းကနေ ရှေ့ တိုး ထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့ပါတယ်။ အဲဒီနောက် ထပ်မံအင်အားဖြည့်စစ်ကြောင်းထိုးလာခဲ့ပေမယ့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရတာကြောင့် တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။

အဲဒီလို တပ်ဆုတ်သွားတဲ့စစ်တပ်ကို အခုအ
ခါ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ကျောက်ဖြူအပြင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုရှိနေသေးတဲ့ စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ စစ်တွေ)နဲ့ အနီးဆုံးနေရာတွေမှာ တိုက်ပွဲပြင်းနေပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ပြီဖြစ်ပါ တယ်။ တလခွဲကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး ခုခံစစ်က နေ ယခုအခါ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၂ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ ပေါက်တောမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်း မြို့
နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ပါတယ်။စစ်သား​သေဆုံးဒဏ်ရာရတာလည်း ရာချီရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
👍42❤9👏6😁2👎1🖕1
👍41❤2😁2🫡2👏1🤮1🖕1
အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ဗိုလ်မှူးတဦးပါ အုပ်စုဖွဲ့ မူးယစ်ဆေးသုံးစွဲနေသူတွေကို ရန်ကုန်က KTV မှာဖမ်းမိ

■ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

​အောက်တိုဘာ-၂၅၊၂၀၂၆။အိမ်သွင်/People's Spring

ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်က KTV တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိတဲ့အထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦး နဲ့ စစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေပြီး အမှုတွဲကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့စုံစမ်းသိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊(၈)ရပ်ကွက်၊ စက်
မှု(၆)လမ်းပေါ်မှာရှိတဲ့ KTV တစ်ခုကိုမူးယစ်ရဲတပ်ဖွဲ့ကအောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်မှာ ဝင်ရောက် စစ်ဆေးစဉ် စုစု
ပေါင်း၂၃ ဦးကိုဖမ်းမိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ အာဏာ
သိမ်းစစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေတာလို့ ရန်ကုန်မြို့မှာရှိနေတဲ့ တရားရေးသတင်း ရင်းမြစ်ကပြောပါတယ်။

" ဖမ်းခံထိတာအမှန်ပဲ။ နေပြည်တော်တရားရေးရုံးချုပ်အထိ ကွိုင်တက်နေတယ်"လို့ ၎င်းကပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အုတ်ဖိုမြို့နယ်တွဲဖက် တရားသူကြီး ဒေါ် နွယ်နီမြင့်၊ ဖြူးမြို့နယ်တွဲဖက်တရားသူကြီး ဒေါ်အိမ့်မှူးခင် နဲ့အတူ စစ်တပ်မှဗိုလ်မှူးတစ်ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

"ရန်ကုန်က ဘားတွေ၊ ကေတီဗီတွေကို ဝင်စစ်မယ်လို့သတင်းကရပြီးသား။ ဒါကြောင့်ရန်ကုန်ကလူတွေကဒီရက်မသွားဘူး။ရှောင်ကြတယ်။အခုကနယ်ကတက်လာပြီး ကမျင်းကြောထကြတာ။လူတွေကို သူတို့အခန်းထဲက အများဆုံးမိတာ "လို့ ရန်ကုန်သတင်းရင်းမြစ်ကပြောပါတယ်။

၎င်းတို့ဆီကနေယခုနောက်ပိုင်းလူငယ်အများစုသုံးနေတဲ့ Happy Water နဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းထားတယ်လို့လည်းသိရပါတယ်။

အဆိုပါအမှုကို တရားမစွဲဆိုခင် အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ စစ်တပ်ကဗိုလ်မှူးကို ချပ်လှပ်ပြီးအမှုတည်ဆောက်ဖို့အပြင် ဌာနတွင်းစုံစမ်းစစ်ဆေးဖို့သာ လုပ်ဆောင်ဖို့ ကြိုး
ပမ်းနေတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ တရားရေးသတင်းရင်းမြစ်က People's Spring ကိုပြောပါတယ်။

"အမှန်ကKTV နဲ့ နယ်‌ မြေရဲနဲ့ကအချိတ်အ
ဆက်ရှိပြီးသား။အခုကကြ မူးယစ်ရဲဘက်ကနေအရင်ဝင်လိုက်တာမှာဖမ်းခံထိတာ။တရား
သူကြီးမတွေ ည ၁ နာရီအထိကေတီဗွီမှာ အုပ်
စုဖွဲ့ရှိနေတာက ဘယ်လောက်တောင်ပျက်စီးနေတယ်ဆိုတာသာ ကြည့်တော့"လို့ အထက်
ပါတရားရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်ထက်မှာ တရား
သူကြီးတွေဟ စစ်အာဏာရှင်တွေအလိုကျ အမိန့်ချနေကြပြီး အကျင့်စာရိတ္ထ‌ပျက်
စီးနေသလို အဂတိတိုက်စားမှုတွေလည်းအလွန်ဆိုးရွားနေတယ်လို့ တရားရေး အ
သိုင်းအဝိုင်းကပြောပါတယ်။

မန္တ​လေးမြို့မှာလည်း စစ်တပ်ကအရာရှိ​တွေကိုယ်တိုင် မူးယစ်​​ဆေးဝါး​ရောင်းဝယ်သုံးစွဲတာ​တွေများ​နေပြီး ​နောက်ဆက်တွဲ ပြသာနာတက်တဲ့အခါမျိုးမှာသာ စစ်တပ်ကဖမ်းဆီးစစ်​ဆေးတာ​တွေလုပ်​လေ့ရှိတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကသိရပါတယ်။
🤬28😁11❤7🔥3👍2👎1💯1🖕1
စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ KTV ၊ ဘား နဲ့ Hi ခန်း​တွေမှာ မူးယစ်​ဆေးဝါး​ရောင်း
ဝယ်သုံးစွဲမှု​တွေပိုများ​နေပါတယ်။ မူးယစ်​ဆေးဝါးသုံးစွဲတာ ​ဆေးလွန်ပြီး​သေဆုံးသူ​တွေလည်းဆက်တိုက်ရှိ​နေပါတယ်
👍33😁10👎3🤮3🔥2👏2💯1🖕1
နေပြည်တော်က Excellent Bar မီးလောင်မှု လူ ၃ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ

▪️မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန်

အောက်တိုဘာ-၂၆၊၂၀၂၆။သတိုး/People's Spring

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ Excellent Bar မီးလောင်မှုမှာ လူ ၃ဦးသေဆုံးခဲ့ပြီး ၃ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သုံးယောက်ပိတ်မိရာက အထဲမှာတင် တစ်ယောက်မီးခိုးမွှန်ဆုံးသွားပါတယ်။ နှစ်ယောက်က ဆေးရုံအချိန်မီပို့ခဲ့ပေမယ့် နှစ်ယောက်လုံးဆုံးသွားပါတယ်။ပိတ်မိတဲ့ သုံးယောက်လုံးဆုံးသွားပါတယ်။စိုးရိမ်ဒဏ်ရာရရှိသူလည်း သုံးဦးရှိပါတယ်။" လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီလောက်မှု ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းက Excellent Bar မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်မှုတော်တော်များတာ‌ကြောင့် Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်မှာဝရိန်ဆော်တာကနေ မီးပွားပွင့်ထွက်ရာက မီးလောင်မှုစတင်ခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။

သေဆုံးသူတွေထဲမှာ အဲဒီBar ရဲ့ ပင်တိုင် အဆိုတော် ၁ ဦးလည်းပါဝင်ခဲ့ပြီး အသိမိတ်ဆွေတွေက စိတ်မကောင်းကြောင်း မျှဝေထားကြပါတယ်။

မြေပြင်မှာ မီး‌‌ငြှိမ်းသတ်ချိန် တစ်နာရီကျော်ကြာမြင့်ခဲ့ပေမယ့် စစ်တပ်လက်အောက်ခံ မီးသတ်တပ်ဖွဲ့ကတော့ ၁၅ မိနစ်အတွင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။

မီးသတ်ကသူတို့ရဲ့ ထုတ်ပြန်ချက်ကို အကြိမ်ကြိမ်ပြင်ဆင်ခဲ့တာဖြစ်ပြီး ပထမထုတ်ပြန်မှုတွေမှာ ညနေ ၃ နာရီ ၄၅ မိနစ်မှာ Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ရေးသားထားပြီး နောက်ဆုံးမှာတော့ ၃ နာရီခွဲမှာ မီးငြိမ်းခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အခြားလူသေဆုံးမှုရှိတဲ့ မီးလောင်မှုတွေဆိုရင် အဲဒီ့အချက်တွေကိုပါ သတင်းထုတ်ပြန်လေ့ရှိပေမယ့် ဒီမီးလောင်မှုကိုတော့ သာမာန်မီးလောင်မှု ပုံစံထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒီဆိုင်က နေပြည်တော်မှာ နာမည်ကြီးတဲ့ Bar တစ်ခုဖြစ်ပြီး စစ်တပ်ဘက်ကအရာရှိတစ်ဦးဦးပိုင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် တချို့ကလည်း သာမာန်အရပ်သားပိုင်ဆိုင်တာလို့ ရေးသားထားတာတွေလည်းရှိပါတယ်။
🔥29👏7❤4👎1
🔥25👏7
●​ဆောင်းပါး

၂၀၂၆ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ
ဘာကြောင့် ထရမ့်နဲ့ လွှတ်တော်အတွက် အရေးကြီး‌နေတာလဲ

-သီဟံ ရေးသားသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်တွေမှာ အဓိကနေရာယူနေပါတယ်။ အကြောင်းကတော့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုက အလွန်မြင့်မားလို့ပါပဲ။

ရွေးကောက်ပွဲရလဒ်ဟာကွန်ဂရက်လွှတ်
တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး၊ အဲဒီကတစ်
ဆင့်သမ္မတဒေါ်နယ်ထရမ့်ရဲ့သမ္မတသက်
တမ်းနောက်ဆုံးနှစ်နှစ်တာ ကာလအတွင်း
အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး ဦးတည်ချက်ကိုပါ အဆုံးအဖြတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့ ဒေသန္တရအဆင့်က အရေးပါတဲ့ ရာထူးနေရာတွေ ကိုလည်း ဘယ်သူတွေ ရရှိမလဲဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုက
ရက်တစ်ပါတီတို့ဟာ ကွန်ဂရက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုတွေ အများကြီးရခဲ့ရင်တောင် ဝါရှင်တန်ဒီစီမှာရှိတဲ့ နိုင်ငံရေးအာဏာချိန်ခွင်လျှာကို ချက်
ချင်းပြောင်းလဲပစ်နိုင်ဖို့တော့မလုံလောက်နိုင်ပါဘူး။

အမေရိကန်နိုင်ငံရဲ့ပြည်ထောင်စုအဆင့်နိုင်ငံ
ရေးမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာကြောင့် အရေးကြီးသလဲ၊ဒီနှစ်ကြားဖြတ်ရွေး
ကောက်ပွဲရဲ့အကျိုးဆက်တွေကဘာတွေဖြစ်
လာ နိုင်သလဲနဲ့ နောက်တစ်ဆင့်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို လွယ်လွယ်ကူကူ နားလည်နိုင်ဖို့ အတွက် Al Jazeera သတင်းဌာနက အခြေခံအချက်အလက်တွေကို စု
စည်းတင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ သမ္မတတစ်ဦးရဲ့သမ္မတသက်တမ်းအလယ်ပိုင်းမှာ ကျင်း
ပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ သမ္မတရာထူးအတွက်မဲပေးရွေးချယ်တာ မဟုတ်ပါဘူး။

အဓိကအာရုံစိုက်ရမယ့်အရာကတော့ ကွန်
ဂရက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာပါပဲ။အမေရိကန်နိုင်ငံရဲ့ ဥပ
ဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ကွန်ဂရက်မှာ လွှတ်
တော်နှစ်ရပ် ပါဝင်ပါတယ်။အဲဒါတွေကတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ ဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ်တွေရဲ့သက်တမ်းဟာ ၂ နှစ်သာရှိတာကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရဲ့အမတ်နေရာ ၄၃၅ နေရာစလုံးအတွက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမတ်နေရာအများစုမှာ ဘယ်သူအ
နိုင်ရမလဲဆိုတာကို ကြိုတင်ခန့်မှန်းရ လွယ်
ကူနေပြီဖြစ်ပြီး၊ အချို့နေရာတွေမှာတော့ အနိုင်ရနိုင်ခြေအများဆုံး ကိုယ်စားလှယ်လောင်းကို ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်နေပါတယ်။

ဒါကြောင့်အောက်လွှတ်တော်ကိုဘယ်ပါတီက အများစုအဖြစ် ထိန်းချုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့ ယှဉ်ပြိုင်မှုတွေဟာ အမတ်နေရာ ၅၀ ဝန်းကျင်မှာပဲ အဓိ
ကကျန်ရှိနေပါတယ်။

အခြေအနေတွေ ပြောင်းလဲသွားနိုင်သေးပေမဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲခန့်မှန်းလေ့လာသူ အဖွဲ့အစည်း အများစုနီးပါးက ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အချို့ခန့်မှန်းချက်တွေမှာ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၁၅ နေရာအထိ ပိုမိုရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော်မှာ အများစုနေရာရရှိဖို့ ဒီမိုကရက်တစ်ပါတီရဲ့ အခွင့်အလမ်းကတော့ ပိုမိုနည်းပါးနေပါတယ်။

အထက်လွှတ်တော်မှာ စုစုပေါင်းအမတ်နေရာ ၁၀၀ ရှိပါတယ်။အထက်လွှတ်တော်အမတ်တွေရဲ့သက်တမ်းဟာခြောက်နှစ်ဖြစ်ပြီး အား
လုံးကို တစ်ပြိုင်နက်တည်း ရွေးကောက်တင်
မြှောက်တာ မဟုတ်ပါဘူး။ သက်တမ်းတွေကို အလှည့်ကျ သတ်မှတ်ထားတာကြောင့် ဒီနှစ်မှာ အမတ်နေရာ ၃၅ နေရာအတွက်သာ ရွေး
ကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာလည်း အပြိုင်အဆိုင် ပြင်းထန်နေတဲ့ယှဉ်
ပြိုင်မှုတွေက တစ်ဒါဇင်ဝန်းကျင်သာရှိပါတယ်။

ဒါပေမဲ့အထက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီကထိန်းချုပ်နိုင်မယ့်အခွင့်အလမ်းတွေကတော့ တိုးတက်လာပါတယ်။ အကြောင်းကတော့ အနိုင်အရှုံး မသေချာသေးတဲ့ ယှဉ်
ပြိုင်မှုတွေ ပိုမိုများပြားလာလို့ ဖြစ်ပါတယ်။

တက္ကဆက်နဲ့ ကန်ဆက်စ်လို ရီပတ်ဘလစ်ကန်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေမှာတောင် လက်ဝဲယိမ်း ကိုယ်စားလှယ်လောင်းတွေက ထောက်ခံမှုတွေ တိုးမြှင့်ရရှိလာကြပါတယ်။ ဒီအခြေအနေက ဒီမိုကရက်တစ်ပါတီအတွက် အထက်လွှတ်တော်မှာအများစုနေရာ ရရှိနိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုဖန်တီးပေးနေပါတယ်။

အထက်လွှတ်တော်မှာ မဲအရေအတွက် တူညီနေတဲ့အခါ ဒုတိယသမ္မတက အဆုံးအဖြတ်မဲ ပေးနိုင်တာကြောင့် ဒီမိုကရက်တစ်ပါတီအနေနဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ အမတ်နေရာ ၅၁ နေရာ လိုအပ်ပါတယ်။

●ပါတီတစ်ခုကကွန်ဂရက်ကို ထိန်းချုပ်နိုင်ခြင်းဟာဘာကိုဆိုလိုတာလဲ။

ကွန်ဂရက်လွှတ်တော်ဟာ ဥပဒေတွေကို အ
တည်ပြုပြဋ္ဌာန်းပြီး ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ကိုလည်းအတည်ပြုပေးရပါတယ်။ဒါပေမဲ့ ပါတီတစ်ခုက ကွန်ဂရက်လွှတ်
တော် နှစ်ရပ်စလုံးမှာ အများစုနေရာရရှိသွားရင်တောင် နိုင်ငံရဲ့ ဥပဒေပြုရေးအစီအစဉ်အားလုံးကို မိမိစိတ်တိုင်းကျ ထိန်းချုပ်နိုင်မယ်လို့ မဆိုလိုပါဘူး။
❤14👍8🔥6
အောက်လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့သာမန်မဲအများစုလိုအပ်ပါတယ်။ဒါပေမဲ့ အထက်လွှတ်တော်မှာတော့ ဥပဒေကြမ်းအများစုကို အတည်ပြုနိုင်ဖို့အ
တွက် မဲ ၆၀ မဲရှိတဲ့ အထူးအများစု လိုအပ်လေ့ရှိပါတယ်။ အကြောင်းကတော့ "Filibuster” လို့ခေါ်တဲ့ အတိုက်အခံအမတ်တွေက ဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်မှုကို နှောင့်နှေးအောင် ဒါမှမဟုတ် တားဆီးနိုင်တဲ့ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ပါတယ်။

Filibuster ဆိုတာ အထက်လွှတ်တော်မှာ လူ
နည်းစုဘက်က အမတ်တွေက ဥပဒေကြမ်းတစ်ခုကို အချိန်ကြာမြင့်စွာ ဆွေးနွေးခြင်း သို့မဟုတ် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် မဲခွဲဆုံး
ဖြတ်မှုကို နှောင့်နှေးစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မဲအရေ
အတွက်နဲ့ ဒီလုပ်ငန်းစဉ်ကို မရပ်တန့်နိုင်ဘူးဆိုရင် ဥပဒေကြမ်းတစ်ခုကိုအချိန်အကန့်
အသတ်မရှိ တားဆီးထားနိုင်ပါတယ်။

ဒါကြောင့် အထက်လွှတ်တော်မှာအမတ်နေရာ ၆၀ ကျော် မရရှိထားတဲ့ ပါတီတစ်ခုအနေနဲ့ ဥပဒေကြမ်းအများစုကို အတည်ပြုနိုင်ဖို့ အခြားပါတီဝင်တွေရဲ့ ထောက်ခံမှုအချို့ကိုလည်း ရယူဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းတစ်ခုဟာ ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးမှာ အတည်ပြုခံရပြီးသွားရင်
တောင် သမ္မတက ဗီတိုအာဏာအသုံးပြုပြီး ပယ်ချနိုင်ပါသေးတယ်။ သမ္မတရဲ့ ဗီတိုကို ကျော်လွှားဖို့ဆိုရင် အောက်လွှတ်တော်နဲ့ အ
ထက်လွှတ်တော်နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ အများစုထောက်ခံမှု လိုအပ်ပါတယ်။

သမ္မတရဲ့ ဗီတိုအာဏာကို ကျော်လွှားနိုင်လောက်တဲ့ ကျယ်ပြန့်တဲ့ နှစ်ပါတီပူးပေါင်းထောက်ခံမှုကို ရရှိဖို့ဆိုတာ အလွန်ရှားပါးပါတယ်။

နောက်ဆုံးအကြိမ် အဲဒီလိုဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က ထရမ့်ဟာ သူ့ရဲ့ ပထမဆုံးသမ္မတသက်
တမ်းအတွင်း ရှိနေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကာကွယ်
ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ဗီတိုသုံးပြီး ပယ်ချဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအခါ ရီပတ်ဘလစ်ကန်ပါတီဝင် လွှတ်
တော်အမတ်အချို့ကသူ့ကိုထောက်ခံမှုလျှော့
ချခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတရဲ့ ကန့်ကွက်မှုတွေရှိနေသော်
လည်း နှစ်ပါတီပူးပေါင်းထောက်ခံမှုကြောင့် ဥပဒေကြမ်းတွေ အတည်ပြုနိုင်တဲ့ အခြေ
အနေတွေလည်း ရှိပါတယ်။

ဒီနှစ်အစောပိုင်းမှာ အိမ်ရာအရေအတွက် တိုးမြှင့်ပေးရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်စလုံးက သမ္မတရဲ့ ဗီတိုကို ကျော်လွှားနိုင်လောက်တဲ့ မဲအများစုနဲ့ အတည်ပြုခဲ့ကြပါတယ်။အဲဒီအချိန်မှာ ထရမ့်ကအဆိုပါဥပဒေ
ကြမ်းကို ကန့်ကွက်ထားခဲ့တာဖြစ်ပါတယ်။

●ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ရင် ဘာဖြစ်လာမလဲ။

လက်ရှိမှာ ရီပတ်ဘလစ်ကန်ပါတီဟာ ကွန်ဂ
ရက်လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုနေရာတွေကိုထိန်းချုပ်ထားပါတယ်။အထက်လွှတ်
တော်မှာ အမတ်နေရာ ၅၃ နေရာနဲ့ အောက်
လွှတ်တော်မှာ ၂၁၈ နေရာ ရရှိထားပါတယ်။

ထရမ့်က အိမ်ဖြူတော်မှာ သမ္မတအဖြစ် တာ
ဝန်ယူနေတဲ့အတွက်လွန်ခဲ့တဲ့ ၂ နှစ်တာကာလ အတွင်း ရီပတ်ဘလစ်ကန်ပါတီဟာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ အစိုးရ
အဖွဲ့ အပေါ် သြဇာလွှမ်းမိုးနိုင်မှုတို့ကို တစ်ပါတီတည်းက ထိန်းချုပ်ထားတဲ့ “Trifecta” လို့ခေါ်တဲ့ အခြေအနေကို ရရှိထားခဲ့ပါတယ်။

ကွန်ဂရက်မှာ ရီပတ်ဘလစ်ကန်ပါတီက အ
များစုနေရာတွေကို ထိန်းချုပ်ထားခြင်းဟာ ထရမ့်အတွက် သူ့ရဲ့ အဓိကမူဝါဒတွေကို ဥပ
ဒေအဖြစ် အတည်ပြုနိုင်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အဲဒီထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်
ခွန်အရေးယူဆောင်ရွက်ရေးဌာန (ICE) အ
တွက် ရန်ပုံငွေကို အကြီးအကျယ်တိုးမြှင့်ပေးခြင်းနဲ့ ၂၀၂၅ ခုနှစ်က ကျယ်ပြန့်တဲ့ အခွန်ဥပဒေကြမ်း တစ်ခုအတွင်း အစိုးရက ပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ကျန်း
မာရေးစောင့်ရှောက်မှု အစီအစဉ်အချို့ကို လျှော့ချခြင်းတို့ ပါဝင်ပါတယ်။

ဒါပေမဲ့ရီပတ်ဘလစ်ကန်ပါတီရဲ့အမတ်အ
ရေအတွက်ဟာ ထရမ့်လိုချင်တဲ့ ဥပဒေပြုရေး အစီအစဉ်အားလုံးကို အတည်ပြုဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ “SAVE America Act” လို့ခေါ်တဲ့ ဖက်ဒရယ်အဆင့် မဲပေးသူသက်သေခံအထောက်အထားဆိုင်ရာ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ထရမ့်က ကြိုးပမ်းခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီရဲ့ကန့်ကွက်မှုကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။

ထရမ့်ရဲ့ မူဝါဒတွေကို ရီပတ်ဘလစ်ကန်ပါ
တီဝင်အားလုံးက အမြဲတမ်းထောက်ခံနေကြတာလည်း မဟုတ်ပါဘူး။ အထူးသဖြင့် သွင်းကုန်အပေါ် ကောက်ခံတဲ့ အခွန်စည်း
ကြပ်မှုတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်အမတ်အချို့က ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို အတည်ပြုဖော်ပြဖို့ ကြိုးပမ်းတဲ့အခါ ရီပတ်ဘလစ်ကန်အမတ်အချို့က ထရမ့်နဲ့ သဘောထားကွဲလွဲခဲ့ကြပါတယ်။
❤19🔥3👍2
နိုဝင်ဘာလရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့ အထက်
လွှတ်တော် နှစ်ရပ်စလုံးကို ဆက်လက်ထိန်း
ချုပ်နိုင်ခဲ့မယ်ဆိုရင်သူတို့ရဲ့အများစုအင်အားဟာ ထရမ့်ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အ
ထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ရှိပါတယ်။

၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွှတ်တော်အမတ်တွေဟာ မဲဆန္ဒ
ရှင်တွေရဲ့ သဘောထားကို ပိုမိုဂရုစိုက်လာကြမှာဖြစ်ပါတယ်။

ထရမ့်ဟာ တတိယအကြိမ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့တဲ့ အတွက် ရီပတ်ဘလစ်ကန်ပါတီဝင်အချို့ဟာ လာမယ့်နှစ်နှစ်အတွင်း သူ့ကို လူသိရှင်ကြား ဆန့်ကျင်ဖို့ ပိုမိုဆန္ဒရှိလာနိုင်ပါတယ်။အဲဒီလိုလုပ်ခြင်းက ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ရဲ့ အနိုင်ရနိုင်ခြေကို မြှင့်တင်ပေးနိုင်မယ်လို့ တွက်ဆကြတာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်ကိုဆက်လက်ထိန်းချုပ်ထားနိုင်ပေမဲ့ အောက်
လွှတ်တော်ကိုတော့ ဆုံးရှုံးသွားခဲ့မယ်ဆိုရင်လည်း ထရမ့်အတွက် အရေးပါတဲ့ အားသာချက်တစ်ခု ကျန်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကတော့အစိုးရအဖွဲ့နဲ့ ဖက်ဒရယ်ရာထူးအရေး
ကြီးတွေမှာ သူအမည်စာရင်းတင်သွင်းထားသူတွေကို အတည်ပြုပေးနိုင်ဖို့ ဖြစ်ပါတယ်။

တရားစီရင်ရေးအဖွဲ့အတွင်းက ရာထူးတွေအပါအဝင် ဖက်ဒရယ်အစိုးရရာထူး ရာပေါင်းများစွာအတွက် အထက်လွှတ်တော်ရဲ့ အများစုထောက်ခံမှု လိုအပ်ပါတယ်။အဲဒီရာထူးတွေထဲမှာ အမေရိကန်တရားရုံးချုပ် တရားသူ
ကြီးရာထူးတွေလည်း ပါဝင်ပါတယ်။

●ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ခဲ့ရင် ဘာဖြစ်လာမလဲ။

ခြွင်းချက်အချို့ကလွဲလို့ ကွန်ဂရက်မှာ အ
များစုနေရာရရှိထားတဲ့ ပါတီဟာ ဘယ်ဥပ
ဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းမလဲ၊ ဘယ်အချိန်မှာ တင်သွင်းမလဲဆိုတာကို အဓိ
က ဆုံးဖြတ်နိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီအတွက်တော့ အောက်
လွှတ်တော် သို့မဟုတ် အထက်လွှတ်တော် တစ်ရပ်ရပ်မှာ အများစုနေရာရရှိခြင်း၊ ဒါမှမဟုတ် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခြင်းရဲ့ အကြီးမားဆုံးအကျိုးဆက်က ထရမ့်ရဲ့ မူဝါဒအစီအစဉ်တွေကို လာမယ့် ၂နှစ်အတွင်း ဥပဒေအဖြစ် ပြောင်းလဲအကောင်
အထည်ဖော်နိုင်ဖို့ တားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ ကွန်ဂရက်ဟာ အဓိကအားဖြင့် ကာကွယ်ရေးသဘောထားကိုသာ ကျင့်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဆိုလိုတာက ထရမ့်ရဲ့ အဆိုပြုချက်တွေကိုတားဆီးဖို့နဲ့ သူ့ရဲ့ မူဝါဒတွေ အကောင်
အထည် မဖော်နိုင်အောင် ကြိုးပမ်းဖို့ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီအနေနဲ့ ကိုယ်ပိုင်ဥပဒေ
ပြုရေးအစီအစဉ်တွေကိုအကောင်အထည်
ဖော်ဖို့နဲ့ ကိုယ်တိုင်ဦးဆောင်ပြီး ဥပဒေတွေ အတည်ပြုဖို့ကတော့ ပိုမိုခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုနေရာရရှိခဲ့ရင်တောင် သူတို့ရဲ့ ဥပဒေကြမ်းတွေကိုထရမ့်ကဗီတိုသုံးပြီးပယ်ချနိုင်တဲ့ အာ
ဏာ ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော်မှာ အများစုနေရာရရှိထားခြင်းက ဒီမိုကရက်တစ်အမတ်တွေအတွက် အရေးကြီးတဲ့ မူဝါဒတွေကို အတည်ပြုဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် အစိုးရလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ မဖြစ်မနေ အတည်ပြုရမယ့် ဘတ်ဂျက်နဲ့ ရန်ပုံငွေဥပဒေကြမ်းတွေထဲမှာ သူတို့ရဲ့ မူဝါဒဦးစားပေးချက်တွေကို ထည့်
သွင်းနိုင်ပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တ
ရာယ်ကလည်း ရီပတ်ဘလစ်ကန်ပါတီကို ဘတ်ဂျက်ဥပဒေကြမ်းတွေ အတည်ပြုဖို့ ဖိအားပေးနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာသတ်မှတ်ချက်အားလုံးအပေါ် သဘောမတူကြရင်တောင် ရီပတ်ဘလစ်ကန်အမတ်တွေဟာ ဘတ်ဂျက်ဥပဒေကြမ်းတွေကို အ
တည်ပြုဖို့ ဖိအားပေးခံရနိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီဟာ အငြင်းပွားဖွယ်ရာကိစ္စရပ်တွေကို မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းနိုင်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ရီပတ်ဘလစ်ကန်အမတ်တွေကို လူကြိုက်များတဲ့ မူဝါဒတွေကိုဆန့်ကျင်မလား၊ ဒါမှမဟုတ် အ
များပြည်သူရှေ့မှာ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော် ပြောဆိုမလားဆိုတာ ရွေးချယ်စေနိုင်ပါတယ်။

အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက အများစုရရှိခဲ့မယ်ဆိုရင် ပထမရက် ၁၀၀ အ
တွင်း အကောင်အထည်ဖော်မယ့် အစီအစဉ်တစ်ခုကို အောက်လွှတ်တော် လူနည်းစုခေါင်း
ဆောင် ဟာကင်း ဂျက်ဖရီစ်က တင်ပြထားပါတယ်။

အဲဒီအစီအစဉ်မှာ အဓိကပါဝင်တဲ့ အကြောင်း
အရာတွေကတော့ ထရမ့်က ထောက်ခံထားတဲ့ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေလျှော့
ချမှုတွေကို မဲခွဲဆုံးဖြတ်ခြင်း၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးဆောင်
ရွက်မှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို ပြန်လည်အတည်ပြုခြင်းနဲ့ ထရမ့်ရဲ့ သွင်း
ကုန်အခွန်အစီအစဉ်တွေကို ပြန်လည်ရုပ်
သိမ်းဖို့ ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

ဒီကိစ္စရပ်တွေဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ထောက်ခံသူတွေကြားမှာတောင် သဘော
ထား ကွဲလွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ လွှတ်တော်အမတ်တွေအတွက်လည်း ခက်ခဲတဲ့ နိုင်ငံရေးဆုံးဖြတ်
ချက်တွေ ဖြစ်လာနိုင်ပါတယ်။

●ဒီမိုကရက်တစ်ပါတီက ထရမ့်ကို စွပ်စွဲပြစ်တင်စစ်‌ ဆေးမှုတွေ ရှိလာမလား။
🔥13❤2👍2
နိုဝင်ဘာလရွေးကောက်ပွဲမတိုင်မီ ထရမ့်ဟာ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံမဲပေးကြဖို့လူထုစည်းရုံးပွဲတွေမှာတိုက်တွန်းနေပါတယ်။ အဲဒီလို စည်းရုံးနေစဉ်အတွင်း ကွန်ဂ
ရက်ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်သွားခဲ့ရင် ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုအပေါ် သူက အကြိမ်ကြိမ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ သူ့ကို တတိ
ယအကြိမ် စွပ်စွဲပြစ်တင် စစ်ဆေးခံရနိုင်ခြေ ဖြစ်ပါတယ်။

ထရမ့်ဟာ သူရဲ့ ပထမသမ္မတ သက်တမ်းတုန်းကလည်း နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင် စစ်ဆေးခံခဲ့ရပြီး ဖြစ်ပါတယ်။

"ကျွန်တော်တို့သာ မနိုင်ရင် သူတို့ ကျွန်တော်ကို ပြစ်တင်စစ်ဆေးကြလိမ့်မယ်"လို့ အောက်
တိုဘာလဆန်းပိုင်းကအိုကလာဟိုးမားပြည်
နယ်၊ ဂျူးရန့်မြို့ မဲဆွယ်ပွဲမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ကော်မတီအများအပြားရဲ့ ဦးဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ကော်မတီတွေကနေတစ်ဆင့်သက်သေဆင့်
ခေါ်ပိုင်ခွင့် (Subpoena power) ကို အသုံးပြုပြီး ကိစ္စရပ်အများအပြားကို စုံစမ်းစစ်ဆေးမှုတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးနိုင်တဲ့ အကြောင်းအရာတွေကလည်းအမျိုးမျိုးရှိပါတယ်။ဒီမိုကရက် အ
မတ်အချို့ကတော့ ထရမ့်မိသားစုရဲ့ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေကိုစုံစမ်းစစ်
ဆေးဖို့ဟာ သူတို့ရဲ့ ထိပ်တန်းဦးစားပေး ဖြစ်လိမ့်မယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အောက်လွှတ်တော်အမတ်တွေဟာ သမ္မတအပါအဝင် ဖက်ဒရယ် အရာရှိတွေကို စွပ်စွဲပြစ်တင်ဖို့ ဥပဒေကြမ်း တင်သွင်းနိုင်ပြီး သာမန်အများစုမဲနဲ့ စွပ်စွဲပြစ်တင်နိုင်ပါတယ်။

ဒါပေမဲ့ စွပ်စွဲပြစ်တင်ခံရသူကို ရာထူးကနေ ဖယ်ရှားဖို့ဆိုရင်အထက်လွှတ်တော်မှာ အပြစ်
ရှိကြောင်း ဆုံးဖြတ်မဲပေးရမှာ ဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်အတွက်အထက်လွှတ်တော်အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှု လိုအပ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ပိုပြီးအရေးပါတဲ့ အကျိုးဆက်တစ်ခု ရှိလာနိုင်ပါတယ်။ အဲဒါကတော့ ထရမ့်ရဲ့သမ္မတသက်တမ်း နောက်
ဆုံးနှစ်နှစ်အတွင်း အရေးကြီးတဲ့ ရာထူးနေရာတွေအတွက် သူအမည်စာရင်း တင်သွင်းထားသူတွေကို အတည်ပြုခြင်းမှတားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

●အီရန်နဲ့ စစ်ပွဲအခြေအနေ၊ စီးပွားရေးအခြေ
အနေတွေမှာ ဘာတွေပြောင်းလဲလာနိုင်မလဲ။

ဒီမိုကရက်တစ်ပါတီက မဲအများအပြားရရှိလာခြင်းဟာ ထရမ့်အစိုးရအပေါ် မကျေနပ်မှုတွေ ရှိနေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ခု ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲ ကာလအတွင်း အဓိကအငြင်းပွားနေကြတဲ့ ကိစ္စရပ်များစွာမှာတော့ ချက်ချင်းလက်ငင်း မြင်သာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မ
ဟုတ်ပါဘူး။

ဥပမာအားဖြင့် ဒီမိုကရက်တစ်ပါတီက ကွန်
ဂရက်လွှတ်တော်နှစ်ရပ်စလုံးမှာ အများစု နေရာရရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ နေထိုင်မှုစရိတ် ကြီးမြင့်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ သူတို့ရဲ့ လွှတ်တော်အာဏာကို အသုံးချနိုင်ပါတယ်။ အိမ်ရာစရိတ်၊ကျန်းမာရေးစောင့်
ရှောက်မှု စရိတ်နဲ့ နေ့စဉ်လူနေမှုစရိတ်တွေလို အကြောင်းအရာတွေကို အဓိကထား ဆွေး
နွေးအရေးယူဖို့ ကြိုးပမ်းနိုင်ပါတယ်။

ဒါပေမဲ့ဓာတ်ဆီဈေးနဲ့ကုန်စုံဆိုင်တွေကအစား
အသောက်ဈေးနှုန်းတွေ မြင့်တက်လာစေတဲ့ အကြောင်းရင်းများစွာကိုတော့ ချက်ချင်းပြောင်းလဲပစ်ဖို့ မလွယ်ကူပါဘူး။ အပြောင်း
အလဲတချို့ဖြစ်လာခဲ့ရင်တောင်အဲဒီအပြောင်းအလဲတွေဟာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ တဖြည်းဖြည်းနဲ့ အနည်း
ငယ်စီ ဖြစ်ပေါ်လာနိုင်ခြေ ပိုများပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးလည်း အလားတူပါပဲ။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်
ကြေညာပိုင်ခွင့်ကို ကွန်ဂရက်လွှတ်တော် တစ်ခုတည်းကသာ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစပြီးကွန်ဂရက်
က တရားဝင် စစ်ကြေညာခဲ့တဲ့ အခြေအနေ မရှိတော့ပါဘူး။

သို့သော် အမေရိကန်သမ္မတတွေဟာ ကွန်ဂ
ရက်ရဲ့ စစ်ကြေညာခွင့်ဆိုင်ရာသတ်မှတ်ချက်
ကို ကျော်လွှားနိုင်ဖို့ အမျိုးမျိုးသော ဥပဒေဆိုင်ရာ အကြောင်းပြချက်တွေကို အသုံးပြု လာခဲ့ကြပါတယ်။

မကြာသေးမီကလည်း ထရမ့်အစိုးရက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုဟာ ကွန်ဂရက်ရဲ့ ခွင့်ပြုချက်
မလိုအပ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။ သမ္မတအနေနဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ကလည်း စစ်ပွဲဟာ အကြိမ်ကြိမ် စတင်လိုက်၊ ရပ်ဆိုင်းလိုက် ဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အဲဒီလို စစ်ရေးဆောင်ရွက်မှု စတင်ပြီး ရပ်ဆိုင်းသွားတဲ့ အခြေအနေတစ်ခု
စီကို အသုံးပြုပြီး ကွန်ဂရက်ရဲ့ ခွင့်ပြုချက်ရယူရမယ့် ရက်ပေါင်း ၆၀ သတ်မှတ်ကာလကို အသစ်ပြန်လည်စတင်နိုင်တယ်လို့ သူက အကြောင်းပြထားပါတယ်။

စစ်ကြေညာပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို ပြန်လည်အတည်ပြုနိုင်ဖို့ ဒီမိုကရက်တစ်ပါတီဟာ “War Powers Resolution” လို့ခေါ်တဲ့ စစ်ရေးအာဏာဆိုင်
ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်က သမ္မ
တရဲ့စစ်ရေးဆောင်ရွက်မှုအာဏာကိုကန့်
သတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
❤15🔥3👍2
ဒါပေမဲ့ သမ္မတက ဗီတိုသုံးပြီး ပယ်ချခဲ့မယ်ဆိုရင် အဲဒီဗီတိုကို ကျော်လွှားဖို့ လွှတ်တော်နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ ထောက်ခံမဲ လိုအပ်မှာ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို သမ္မတရဲ့ ဗီတိုကို ကျော်
လွှားပြီး အတည်ပြုနိုင်ခဲ့ရင်တောင် ထရမ့်က ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့ဘူးဆိုရင်အမေရိကန်တရားစီရင်ရေးအဖွဲ့က ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသေချာသေးဘူးလို့ ကျွမ်းကျင်သူတွေကပြောဆိုကြပါတယ်။

ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် အီရန်နဲ့ စစ်ရေးဆောင်ရွက်မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေကို တားဆီးဖို့လည်း ကြိုးပမ်းနိုင်ပါတယ်။

အချုပ်အားဖြင့် ၂၀၂၆အမေရိကန်ကြားဖြတ်
ရွေးကောက်ပွဲဟာ လွှတ်တော်အာဏာ ချိန်ခွင်
လျှာကိုသာမက သမ္မတထရမ့်ရဲ့ ကျန်ရှိတဲ့သက်တမ်းအတွင်း အစိုးရ၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်မှုနဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို အဆုံး
အဖြတ် ပေးနိုင်မယ့် အရေးပါတဲ့ ရွေးကောက်
ပွဲတစ်ခုဖြစ်ပြီး၊ ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် အခင်းအကျင်းကိုပါ ပုံဖော်ပေးမယ့်အပြင် အမေရိကန်ပြည်တွင်းမူဝါဒများနဲ့ နိုင်
ငံတကာဆက်ဆံရေးအပေါ်ပါ ရေရှည်သက်
ရောက်မှုများ ရှိလာနိုင်မှာဖြစ်ပါတယ်။ ။

ကိုးကား – Al Jazeera
🔥16👍5❤2
🔥16👎2
KNU မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ စုံညီအစည်းအဝေးပြုလုပ်
▪️အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး
အောက်တိုဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်းရှိ ခရိုင် (၇) ခရိုင်က မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KNU ဗဟိုမှာ ၅ရက်ကြာ ကျင်းပခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ခိုင်မာရေး၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးများ စွမ်းဆောင်ရည်မြင့်တင်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ကျင်းပခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ KNU မြို့နယ် (၂၈) မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့သလို အဖွဲ့ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ဗဟို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ ဒေသအလိုက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ ဆွေးနွေးခဲ့သလို အုပ်ချုပ်ရေးဆိုင်ရာ ကြေညာစာတမ်းဖြစ်တဲ့" မဲ့ဝါးကလိုး ကြေညာစာတမ်း” ပါ အခြေခံမူများကို ပြန်လည်သုံးသပ်တာ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
တတိယအကြိမ်မြောက် မြိုနယ်အုပ်ချုပ်ရေးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးရဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ ကော်သူးလေဒေသရဲ့ ရေရှည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူ့ရေးရာအုပ်ချုပ်မှုတို့ကို စဉ်ဆက်မပြတ် တိုးတက်ခိုင်မာရေးအတွက် အခြေခံအုတ်မြစ် ကောင်း များ ထူထောင်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။
“မဲ့ဝါးကလိုး ကြေညာစာတမ်း”ကို ပြန်လည် သုံးသပ်ရာမှာလည်း ၂၀၂၄ မှာ ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ မှာ ထပ်မံ အတည်ပြုခဲ့တဲ့ ကြေညာ စာတမ်းပါ ကောင်းမွန်သော အုပ်ချုပ်ရေး ကို လေးစားလိုက်နာခြင်း၊ ပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အားပေးခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်း၊ စဉ်ဆက် မပြတ် တိုးတက်မှုရှိစေခြင်း စတာတွေကို သုံးသပ်ကာ ခရိုင်/မြို့နယ်အလိုက် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကော်သူးလေ အတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီတို့ရဲ့ အခြေအနေအား တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီတို့ရဲ့ လက်ရှိ အခြေအနေ၊ သက်ဆိုင်ရာ ကောင်စီအသီးသီးရဲ့ လုပ်ငန်းတာဝန်တွေကို အကျေအလည် ဆွေးနွေးခဲ့တာလို့ ဖော်ပြပါတယ်။
“အောက်ခြေမှ အထက်သို့ ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၌ အခြေခံအကျဆုံးဖြစ်သည့် ကျေးရွာအုပ်စု(သို့) ကျေးရွာအုပ်ချုပ်ရေး ယန္တရား ခိုင်မာအားကောင်းမှုသည် အဓိကကျကြောင်း လက်ခံယုံကြည်သည်နှင့်အညီ တာဝန်ရှိသူများအတွက် ရည်ရွယ်သည့် "ကျေးရွာအုပ်စု (သို့) ကျေးရွာ အုပ်ချုပ်ရေးတွင် တာဝန်ယူထားသူများ အတွက် လမ်းညွှန်" အား တိုင်ပင် ဆွေးနွေးကာ အသုံးပြုနိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါသည်” လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် “ကော်သူးလေမြို့ပြစီမံကိန်းလမ်းညွှန်” အား အပြန်အလှန် ဆွေးနွေးခဲ့ရာ နယ်မြေအတွင်း မြို့ပြများ တည်ဆောက်ရာမှာ ဒေသအခြေအနေ၊ ပြည်သူများရဲ့ လိုအပ်ချက် များနဲ့ ကိုက်ညီပြီး စနစ်ကျတဲ့ "ကော်သူးလေ မြို့ပြစီမံကိန်း လမ်းညွှန်" ကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ အောက်ခြေမှအထက်သို့ (Bottom-up) အဆင့်ဆင့် တည်ဆောက်ရေး ချဉ်းကပ်မှုအပေါ် အခြေခံ၍ အခြေခံအုပ်ချုပ်ရေး အဆင့်ဆင့်၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်တကျ ခိုင်မာအားကောင်းရေးတို့ကို တစ်ပြိုင် တည်း အလေးထား ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။
အခုလို မြို့နယ်ခေါင်းဆောင်တွေရဲ့ မျက်နှာ စုံညီအစည်းအဝေးကို ၂၀၂၄ က စတင်ကျင်းပခဲ့တာဖြစ်ပြီး ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင် (၇)ခရိုင် မှ မြိုနယ် (၂၈) မြိုနယ်အတွင်း အုပ်ချုပ်ရေး နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတိုတွင် ဦးဆောင်စီမံနေသူများအကြား ချိတ်ဆက်မှုအားကောင်းပြီး ပူးပေါင်းညှိနှိင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း အသိပေးထားပါတယ်။
👍23❤7👏2🥰1🤮1🖕1
(KNU မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ စုံညီအစည်းအဝေးပြုလုပ် နေစဉ်။ ဓာတ်ပုံ - KNU)
👍27❤1🥰1🤮1🖕1
မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံ ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်

အောက်တိုဘာ-၂၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံက ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၅ ရက် ည ၇ နာရီခွဲခန့်က မကွေးမြို့၊ မြသလွန်ဘုရားမှာ ဂေါပကအဖွဲ့က လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေထဲကနေ ယမ်းစနဲ့ မီးပွားတွေ ပြုတ်ကျပြီး ကမ်းနားလမ်းက နေအိမ် ၁ လုံးပေါ်ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"အိမ်ရှေ့ဆိုင်ခန်း မီးစွဲလောင်တာ။ ငြှိမ်းလိုက်နိုင်တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးပါဘူး။

အလားတူ မြသလွန်ဘုရားပွဲကွင်းထဲမှာလည်း မီးပုံးပျံက ယမ်းစတွေ လွင့်စင်ကျလာလို့ ဆိုင်ခန်းတွေပေါ် ရေတွေဖြန်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကွေးမြို့ပေါ်မှာ ဘုရားပွဲနဲ့ အေးချမ်းနေသယောင် ပြုလုပ်ခိုင်းထားပြီး မကွေးတိုင်းထဲက ဒေသတချို့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မကွေး မြသလွန်ဘုရားပွဲကို အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ရက် ၂၀ ကျော်ကြာ ကျင်းပသွားမှာဖြစ်ပြီး မီးပုံးပျံတွေပါ ဆက်လက်လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အလားတူ အပူပိုင်းဒေသ​ဖြစ်တဲ့ ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းဒေသမှာလည်း ယခုသီတင်းကျွတ်ကာလမှာပဲ မီးပုံးပျံ ၃၀၀၀ဝ လွှတ်မယ့်အစီအစဥ်ရှိနေတာကြောင့် ရှေးဟောင်းအမွေအနှစ်တွေအတွက် အန္တရာယ်ရှိနေကြောင်း ပညာရှင်တွေက ထောက်ပြထားပါတယ်။
🔥21❤5👍2👏1
(မီးလောင်ခဲ့သောနေအိမ်အား မီးငြှိမ်းသတ်နေစဥ်။ ဓါတ်ပုံံ-Screen Grab)
🔥19👏2👍1😁1
စစ်တပ် ဗုံးကြဲဖို့ လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ်ပုံမှားရိုက် တင်သွင်းနေတယ်လို့ JFM ထုတ်ဖော်

အောက်တိုဘာ -၂၆၊၂၀၂၆။မိုမို /People's Spring

စစ်တပ်နဲ့နီးစပ်တဲ့ကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ်ပုံမှားရိုက် တင်သွင်းနေတယ်လို့ Justice For Myanmar(JFM)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ မြန်မာစစ်အုပ်စုက လေယာဉ်ဆီတင်သွင်းမှုတွေဖုံးကွယ်ဖို့ ကုန်သွယ်မှုဆိုင်ရာ လိမ်လည်မှုတွေ အသုံးပြုခဲ့တာလို့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်နေတဲ့ တက်ကြွလှုပ်ရှားသူများအဖွဲ့ JFM ရဲ့ စုံစမ်းစစ်ဆေးမှုအသစ်က ဆိုပါတယ်။

စုံစမ်းဖော်ထုတ်မှုအရ ၂၀၂၄ ဒီဇင်ဘာကနေ ၂၀၂၅ နိုဝင်ဘာအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၉.၅ သန်းတန်ဖိုးရှိ၊ စည်ပေါင်း ၈၄၃,၀၀၀ ကျော်ပါဝင်တဲ့ လောင်စာဆီတင်သွင်းမှု ၆ ကြိမ်ရဲ့ စာရွက်စာတမ်းတွေမှာ ကုန်သွယ်ရေးလိမ်လည်မှု ပုံစံတစ်ရပ်ကို စစ်ဆေးတွေ့ရှိခဲ့တာလို့ အသိပေးပါတယ်။

အဲဒီအချိန်က စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲ မကျင်းပမီကာလနဲ့ တိုက်ဆိုင်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အရပ်သားတွေ သေဆုံးခဲ့ပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ JFM က ဖော်ပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၅အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုက အရင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အနည်းဆုံး အရပ်သားပြည်သူ ၉၈၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂၃၂ ဦး ပါဝင်ပါတယ်။

ကုန်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တွေ့ရှိချက်တွေအရ စစ်အုပ်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲက သွင်းကုန်ခွင့်ပြုမိန့်တွေ စစ်အုပ်စုရဲ့ နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ (FESC) ထံက လျှို့ဝှက်စာတွေ၊ ကုမ္ပဏီစာချုပ်တွေ ၊ ငွေတောင်းခံလွှာတွေနဲ့ ကုမ္ပဏီမှတ်ပုံတင်မှတ်တမ်းတွေကို စိစစ်နိုင်ခဲ့တာလို့ အသိပေးပါတယ်။

စာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ တင်သွင်းသူတွေမှမြန်မာကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Dynamic Wave နဲ့ PP Petroleum တို့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတင်သွင်းမှုရဲ့ နောက်ကွယ်မှာ အမှန်တကယ်ဝယ်ယူသူက National Energy Prime Aviation Services Company Limited (NEPAS) လို့ ဖော်ပြပါတယ်။

NEPAS ဟာ စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) နဲ့ ၎င်းရဲ့ပုဂ္ဂလိကမိတ်ဖက်ကုမ္ပဏီအုပ်စု Asia Sun group တို့အကြား ဖွဲ့စည်းထားတဲ့ဖက်စပ်ကုမ္ပဏီလို့ သိရပါတယ်။

Asia Sun group ကို Myan Oil လို့ လူသိများပြီး Shoon လို့လည်း သိကြပါတယ်။မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာမှာ NEPAS နဲ့ MPE က အခန်းကဏ္ဍကို အထောက် အထားများစွာနဲ့ဖော်ထုတ်ထားပြီးဖြစ်ပေမယ့် အဲဒီလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ မရှိသေးပါဘူး။

အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း Asia Sun အုပ်စုဝင် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် အရေအတွက် အနည်းငယ်ကိုပဲ ဦးတည်ထားတာဖြစ်ပါတယ်။

Asia Sun group ဟာ MPE နဲ့ အတူ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးထားတဲ့ ကုမ္ပဏီကွန်ရက်တစ်ခု ဖြစ်ပြီး ၎င်းတို့ရဲ့လုပ်ငန်းတွေ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ချိန် ၂၀၂၂ ခုနှစ်ကစပြီး ကုမ္ပဏီကွန်ရက်က တိုးချဲ့လုပ်ဆောင်လာခဲ့တာလို့ JFM က ကနဦး ဖော်ထုတ်ထားပါတယ်။

ပိတ်ဆို့အရေးယူမှုတွေနဲ့စောင့်ကြည့်စစ်ဆေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြားခံကုမ္ပဏီတွေနဲ့ အမည်ခံကုမ္ပဏီ (shell companies) အများအပြားကို တည်ထောင်ထားပါတယ်။ PP Petroleum ကုမ္ပဏီက Asia Sun အုပ်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

စာချုပ်တွေအရ လေယာဥ်ဆီရောင်းချသူတွေဟာ အရင်က ဖော်ထုတ်ခံထားရတဲ့ ထိုင်းကုမ္ပဏီ Tawan-Oil Trading နဲ့ UAE အခြေစိုက် NEC Trading တို့ ပါဝင်ပါတယ်။လောင်စာဆီရဲ့ မူရင်းနိုင်ငံကို တောင်အာဖရိကနဲ့ စင်ကာပူလို့ ဖော်ပြထားပါတယ်။

Tawan-Oil Trading နဲ့ NEC Trading တို့ကိုလည်း Asia Sun group ကပဲ ထိန်းချုပ်ထားတယ်လို့ Justice For Myanmar က သုံးသပ်ပါတယ်။

ဒါ့အပြင် အချက်အလက်ပေါက်ကြားမှုက ရရှိတဲ့စာရွက်စာတမ်းတွေ အရ ကုန်သွယ်ရေးလိမ်လည်မှုအစီအစဉ်ကို စစ်အုပ်စုရဲ့ထိပ်ပိုင်း အာဏာပိုင်အဖွဲ့အစည်းအဆင့်က ကြီးကြပ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၅ နိုဝင်ဘာအတွင်း FESC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ရပ်မှာ “လေယာဉ်ဆီ” အစား “ဒီဇယ်ဆီ (HSD)” ဟူတဲ့ ကုန်ပစ္စည်းဖော်ပြချက်နဲ့ NEPAS “ကိုယ်စား” Dynamic Wave အမည်နဲ့ သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေးဖို့ကော်မတီက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ရဲ့ ထိပ်ပိုင်းစစ်အုပ်စုအဖွဲ့ဝင် ခြောက်ဦးထဲမှာ စစ်ထောက်ချုပ်ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ ကျယ်ပြန့်လှတဲ့စီးပွားရေးအကျိုးစီးပွားတွေကို ကြီးကြပ်မှုမှာ အဓိကအခန်းကဏ္ဍက ပါ၀င်တဲ့ စစ်တပ် ဒုသမ္မတညိုစောက ဦးဆောင်နေတာဖြစ်ပါတယ်။
🤬27❤5👍2🤮2🔥1🤣1🖕1