People's Spring
✔
59.2K subscribers
72.7K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းအနောက်ခြမ်းကကျေးရွာတွေကို စစ်တပ်က တစ်ပတ်ကြာ စစ်ကြောင်းထိုးနေ

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အင်အား ၂၅၀ ခန့်နဲ့ စစ်ကြောင်းစတင်ဝင်ရောက်ခဲ့ပါတယ်။ ၎င်းတို့စစ်ကြောင်းစဝင်ချိန် တံတားဦးလေတပ်ကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးလွှတ်ပြီး လေကြောင်းပစ်ခတ်ကာ အကာအကွယ်ယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်းအနောက်ခြမ်းက ကျေးရွာတွေကို တစ်ပတ်ကြာတဲ့အထိ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်တာ၊ ရွာတွေထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

"ခုမနက်ကို ရွာစုံ ဝင်နေတာ။ ပြည်သူတွေကတော့ ရှောင်ရတာပေါ့"လို့ စစ်ကိုင်းမြေပြင်အခြေအနေတွေ ဖော်ပြနေတဲ့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်ကတည်းက ဓါးစာခံ ပြည်သူ ၃၀ ခန့် ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


(ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းထိုးစဥ် တိမ်းရှောင်ခဲ့ရတဲ့ပြည်သူတွေကို တွေ့ရစဥ်။ ဓါတ်ပုံံ - CJ)
🤬25👍11👎3❤2🔥2👏2🎉1🙏1
🔥17👎4🙏3😢2👏1🤩1
KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ CRPHနဲ့ NUG ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

KIO ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၆၆)နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။

KIO အနေနဲ့ ကချင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနဲ့ ရပိုင်ခွင့်တို့အတွက် နှစ်ပေါင်း (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံတိုက်ပွဲဝင်လာခဲ့ကြရာ အသက်ခန္ဓာများ ပေးဆပ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကချင် အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနဲ့ ကချင်ပြည်သူလူထုအား ဂုဏ်ယူလေးစားစွာ အလေးအမြတ်ပြု ဦးညွှတ်ကြောင်း CRPH ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

CRPH အနေနဲ့လည်း ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် KIO အပါအဝင် မိတ်ဖက် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူ ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ KIO အနေနဲ့လည်း မဟာမိတ် တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာ ပေးပို့ပါတယ်။

NUG ရဲ့ သဝဏ်လွှာမှာလည်း (၆၆) နှစ်တာ အာဏာရှင်တော်လှန်ရေးခရီးကြမ်း တစ်လျှောက်တွင် KIO/KIA ရဲ့ နိုင်ငံရေး အမြော်အမြင်ရှိမှု၊ ကချင်ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ကြီးမားလှသော စွန့်လွှတ်စွန့်စားမှုများဟာ ယနေ့နွေဦးတော်လှန်ရေးရဲ့ ပြည်သူလူထုတရပ်လုံးက အားထားရတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

ယခု ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး ကာလမှာလည်း KIO/KIA ဟာ မဟာမိတ် တော်လှန်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ စစ်ရေး၊ နိုင်ငံရေးအရ ထူးချွန်စွာ ဦးဆောင် တိုက်ပွဲဝင်လျက် ရှိရာ စစ်တပ်ရဲ့ တပ်စခန်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ထူထောင်တာ၊ CDM ဝန်ထမ်းများနဲ့ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ စနစ်တကျ ပံ့ပိုးပေးနိုင်တာတို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုတွင် လည်း ကချင်လူထုကြီးကိုကိုယ်စားပြု၍ KIO/KIA ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာမှုဟာ KIO/KIAရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်နဲ့ နိုင်ငံရေး ရင့်ကျက်မှုကို လက်တွေ့ကျကျ သက်သေပြနေတဲံ သမိုင်းမှတ်တိုင်တွေဖြစ်ကြောင်းလည်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

" စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ ခံစားနေရမည် ဖြစ်ရာ ဤစနစ်ဆိုးကြီးကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ စစ်ရေးအရ ဟန်ချက်ညီမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် တည်ဆောက်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူး တိုက်တွန်းအပ်ပါသည်” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

NUGအနေနဲ့ လည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး စတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိတဲ့အထိ KIO အပါအဝင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ မမှိတ်မသုန် လက်တွဲပြီး ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

KIO အနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့ကြောင်း KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၆ ဖေဖော်ဝါရီလက ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
👏28❤10🥰3🤮3👍2🤣1🖕1
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက်နေ့ မနက် ၉ နာရီမှာ KIO ဟာဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့သလို ၂၀၂၁ မတ်လမှာ KIO ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ ကြားကာလ သဘောတူညီချက်ဆိုတဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် KPICTက စေလွှတ်တဲ့ ကိုယ်စားလှယ်များဟာ NUGမှာ ပါဝင် လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

(ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Lung Jung LA N)
❤31👍7🥰6🤮2💩1🤣1🖕1
❤34🥰8👍3🤮3🫡3💩1🤣1🖕1
စစ်တပ်က စစ်​တွေမှာဗုံးခိုကျင်းတူးခွင့်မပေး

■စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကိုလည်းစစ်ရှောင်ခွင့်မပေးဘဲပိတ်လှောင်ထား

အောက်တိုဘာ-၂၅၊ ၂၀၂၆။ခိုင်မြတ်/ People's Spring

အာဏာသိမ်းစစ်တပ်က စစ်​တွေမြို့ပေါ်နေထိုင်သူတွေကို ဗုံး၊ လက်နက်အန္တရယ်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း၊ အကာအကွယ်တူးခွင့်ပါ မပေးဘဲ ဗုံးခိုကျင်းတွေကို လိုက်ဖျက် ကာ တူးသူတွေကို ခြိမ်းခြောက်နေတယ်လို့ ​ဒေသခံ​တွေကပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ အရပ်သားပြည်သူ ၉ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရခဲ့တဲ့ စစ်တွေမြို့ပေါ် ကျောင်းတက်လမ်းရပ်ကွက်ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနောက် မြို့ထဲ ဗုံးခိုကျင်းတွေကိုလိုက်ဖျက်ပြီးဗုံကျင်း
တွေမတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။

“အရင်ကလည်း တချို့တွေ ဗုံးတွင်း တူးထားကြတာရှိတယ်။ အဲဒါတွေကိုပါ လိုက်ဖျက်ခိုင်းနေပါတယ်။ ဗုံးခို ကျင်း တွေ ထပ်ပြီးတော့လည်း မတူးဖို့ ပြောတယ်။ စစ်တပ်က လာပြောတာပါ။ စစ်တွေမှာ ဘာမှမဖြစ်ဘူး၊ တူးစရာမလို ဘူး။ တူးရင် ဖမ်းမယ်၊ ဆီးမယ် ဘာညာပေ့ါ” လို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

စစ်တပ်က မြို့ထဲ ကင်းလှည့်ပြီး နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ကာ ဗုံးခိုကျင်းတွေ တူးထားတာရှိ၊ မရှိ လိုက်ကြည့်ပြီး မတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရခိုင်တိုက်ပွဲအစကာလ ၂၀၂၄ နှစ်ဆန်းပိုင်းကလည်း စစ်တွေမြို့ပေါ် နေအိမ်တွေထဲ ဗုံးခိုကျင်းတူးသူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

“ဆတ်ရိုးကတချို့အိမ်တွေမှာ သဲအိတ်တွေ ကာထားကြတယ်။ ဗုံကျင်းသဘောမျိုး။ အဲဒါတွေကို ဖမ်းတာ အဲတုန်း က၊ အဲတုန်းကဆိုရင် လူတဆယ်လောက် အဖမ်းခံရတယ်။ အခုလည်း ဒီလိုလုပ်နေတာ။ ပြောမယ်ဆိုရင် မြို့ကလူ တွေကို ဓါးစာခံ လုပ်ထားတာနဲ့အတူတူပါ”လို့စစ်တွေမြို့ဆတ်ရိုးကျရပ်
ကွက်မှ အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့ပတ်
လည်မှာရှိတဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာ စစ်တွေမြို့ထဲနဲ့ သုံးမိုင်ကျော်အကွာလောက်ထိ တိုက်ပွဲတွေရောက်လာချိန် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဒါပေ မယ့် စစ်တွေမြို့ထဲရှိနေကြသူတွေဟာ စစ်တွေကနေ လေကြောင်းလမ်းကနေလွှဲရင် ကျန်လမ်းတွေအားလုံး ပိတ်ဆို့ ခံထားရတာကြောင့် တိုက်ပွဲဖြစ်လာရင်လည်း ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်မပြေဘူး​ပြောလို့ပါတယ်။

“ပိုက်ဆံရှိတဲ့လူတွေကတော့ ရန်ကုန်ဘက်ကို ပြေးလို့ရတယ်။ မပြေးနိုင်တဲ့သူတွေက များတယ်။ ဘာပဲဖြစ်ဖြစ် ဗုံးခို ကျင်းလေးရှိရင်တော့ နည်းနည်းလုံခြုံမှာပေ့ါ။ အဲဒါတောင် မလုပ်ရဘူးဆိုရင် လူတွေကို သတ်နေတာနဲ့အတူတူပဲ။ ကျွန်မတို့ကတော့ တိုက်ပွဲဖြစ်ရင် သေလူလို့ မှတ်ပြီးသားပါ” လို့ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတခုမှာ ခိုလှုံနေ ရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တွေမြို့ထဲ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေဟာ စစ်တွေကနေ ရန်ကုန်ဆီ လေကြောင်းလိုင်းနဲ့ ထွက်ပြေးနိုင်ပေ မယ့် စစ်တွေပေါ်၊ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ ဘယ်ကိုမှ တိမ်း
ရှောင်ခွင့် မရဘဲ ပိတ်မိနေကြပါတယ်။
“ကျွန်တော်တို့က ဘယ်ကိုမှ ထွက်လို့မရဘူး။ အရင်ကဆိုရင် မြို့ထဲကို လာလို့ရတယ်။ အခုမြို့ထဲကိုတောင် အရင် လို လွတ်လွတ်လပ်လပ်လာလို့မရတော့ဘူး” လို့ စစ်တွေမြို့နယ် သဲချောင်းရိုဟင်ဂျာကျေးရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့ သွားကြသူတွေ အများအပြားရှိနေတာကြောင့် အရင်က ကျပ်ခုနှစ် သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ လေယာဉ်လက်မှတ်တစောင်ကို ကျပ်သိန်းတဆယ်ကျော်ထိ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာနှစ်ဆယ်ကျော်မှ ဒေသခံ တွေကို လိုက်ထုတ်၊ မြို့ထဲပိတ်လှောင်ကာ အဲဒီရွာတွေမှာ စခန်းချနေခဲ့ကြတာဖြစ်ပါတယ်။ အခုအခါ စစ်တွေမြို့ ပေါ်မှာ နဂိုမြို့ခံတွေအပြင် စစ်တွေမြို့ပတ်လည် နယ်ကျေးရွာတွေကနေ အတင်းအကြပ်မြို့ထဲ ရောက်လာရသူတွေ လည်း များစွာရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄) စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို စစ်တပ်က လက်နက်
ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ မြို့မစျေးကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ် ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေကာ AA ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက် ဗုံးကြဲနေတဲ့အပြင် ၎င်းတို့ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကိုပါ ဗုံးကြဲလာခဲ့တာဖြစ်ပါတယ်။
🤬29😁7❤4👎3🖕2🔥1🤣1
လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်၊ မြောက်ဘက် အမြင့်ကျွန်း၊ တောကန်၊ နာရီကန်၊ ကံ့ကော်ကျွန်း၊ အရှေ့ဘက် ရွှေမင်းဂံဝန်းကျင်တို့နဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေ အ ပြင်းအထန်ဖြစ်နေတာဖြစ်ပါတယ်။
👍27🖕4🥰3🔥2🤣1
စစ်တပ်က စစ်​တွေမြို့ ကမ်းနားလမ်းတ​လျှောက် စစ်သား​တွေအတွက်ဘန်ကာ​တွေ​ဆောက်ထားမှု။ ဓါတ်ပုံ-​ဒေသခံ
🖕27🤬5❤3👎3🔥2🤮1🫡1
KNU တပ်မဟာ (၅)နယ်မြေမယ်နုထရွာဗုံးကြဲခံရပြီးကလေးတစ်ဦးသေဆုံး

အောက်တိုဘာ - ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People's Spring

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊မယ်နုထရွာကို ​ဒီနေ့ (အောက်တိုဘာ ၂၅ ရက်​) မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာအာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် က​လေးတစ်ဦး သေဆုံးသွားပါတယ်။

ဒီ​​နေ့ မနက်အစောပိုင်း ၁ နာရီအချိန်မှာ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်​မြေရှိထိုင်းနယ်စပ်အနီး သံလွင်မြစ်ကမ်းဘေးကမယ်နုထရွာထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲတိုက်​လေယာဥ်နဲ့ ဗုံး နှစ်လုံးကြဲချသွားတာပါ။

အဲဒီ ဗုံးကြဲမှု​ကြောင့် မယ်အူထရွာမှာ ​နေထိုင်တဲ့ က​လေးတစ်ဦး ​သေဆုံးသွားပြီးက​လေးနှစ်ဦးအပါအ၀င်သုံးဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ထိုင်းနယ်စပ်သတင်းတွေအရတော့ ဒဏ်ရာရသူတွေထဲမှာ သားအဖနှစ်ဦး ပါဝင်ပြီး ဆေး
ကုသဖို့ ထိုင်းဘက်ခြမ်းကို ရောက်ရှိလာခဲ့ပေမယ့် ကလေးဖြစ်သူက သေဆုံးသွားခဲ့ရတာပါ။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မယ်နုထရွာခံတွေ ထိုင်းဘက်ဆီ ထွက်ပြေးခိုလှုံခဲ့ကြပေမယ့် အခုမနက်ပိုင်းမှာတော့ နေရပ်ရွာဆီပြန်သွားကြတယ်လို့သိရပါတယ်။

ဒီအ​ခြေအ​နေနဲ့ ပတ်သက်ပြီး တပ်မဟာ (၅ ​) ပြော​ရေးဆိုခွင့်ရှိ ပဒို​စောထို​ရော်ဘင်ကို ဆက်သွယ်​မေးမြန်းထားဆဲ ပါ။

ထိုင်းသတင်းဌာန The Reporter ကသတင်း​ဖော်ပြတာမှာ ဒဏ်ရာရသူတွေထဲမှာ သားအဖနှစ်ဦး ပါဝင်ပြီး ဆေးကုသဖို့ ထိုင်းဘက်ခြမ်းကို ရောက်ရှိလာခဲ့ပေမယ့် ကလေးဖြစ်သူက သေဆုံးသွားခဲ့ရတာပါ။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မယ်နုထရွာခံတွေ ထိုင်းဘက်ဆီ ထွက်ပြေးခိုလှုံခဲ့ကြပေ
မယ့် အခုမနက်ပိုင်းမှာတော့ နေရပ်ရွာဆီပြန်သွားကြတယ်လို့သိရပါတယ်။

ထိုင်းစသ်တပ်က တာဝန်ရှိသူက ဗုံးကြဲခံရမှု​ကြောင့် မြန်မာဒုက္ခသည်​တွေ ထိုင်းဘက်ထွက်​ပြေးခိုလှုံလာရင် လက်ခံ​ဆောင်ရွက်​ပေးဖို့အသင့်ပြင်ခိုင်း​ထားပြီး ထိုင်အမျိုးသားလုံခြုံ​ရေး​ကောင်စီ(NSC)အစီအစဥ်အတိုင်း​ဆောင်ရွက်မယ်လို့ ​ဖော်ပြထားပါတယ်။
🤬33👍4👎3🖕3👏1
ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေ/ ​သေဆုံးခဲ့တဲ့က​လေးငယ် နဲ့ ဒဏ်ရာရခဲ့တဲ့ဖခင်တို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-​ဒေသခံ ၊The Reporter
😢28🤬9😁4❤3👎2👏1
စစ်တပ်ဟာ NCA ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်ရှိသယောင် အောက်ခြေစစ်သားတွေကိုလိမ်ညာနေဟု ပြည်သူ့ပန်းတိုင်ပြော

အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။

ပြည်သူ့ပန်းတိုင်ဟာ စစ်သားတွေ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ နဲ့ စစ်သုံ့ပန်း အခြေအနေတွေကို ပုံမှန်တင်ဆက်နေသလို စစ်ကောင်စီတပ်သားတွေ အာဏာရှင်တွေရဲ့ အသုံးချမှုကနေ ရုန်းထွက်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ပြည်သူ့ပန်းတိုင်က စစ်တပ်ရဲ့ အလိမ်အညာကို ဖော်ပြပြီး NCA စကား၀ိုင်းထဲက ရှမ်းတပ်ဖွဲ့(RCSS)နဲ့ စစ်ကောင်စီအကြား လတ်တလော တိုက်ပွဲဖြစ်ပွားခဲ့မှုကိုလည်း ဥပမာ ပြသခဲ့ပါတယ်။

“ထိတာနဲ့ ကွဲရတာက အောက်ခြေဘဝတွေပါ။ဆိုတော့ စစ်သားတွေ အနားရဖို့က နှစ်လမ်းပဲ ရှိပါတယ်။ စစ်ခေါင်းဆောင်တွေအတွက် အသေခံပြီး နောက်ဘဝမှာ အနားယူမလား၊ လက်နက်ချ အလင်းဝင်ပြီး ယခုဘဝမှာပဲ မိသားစုနဲ့အတူ အနားယူမလား” လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့၊
ဟန်ပြဖွဲ့စည်းထားတဲ့ စစ်အုပ်စုကို တရားဝင်အစိုးရဖြစ်အောင် လုပ်ဖို့ စစ်အုပ်စုက NCAကို အသုံးချ ကြိုးပမ်းနေတယ်လို့ သတိပေးထားပါတယ်။

NMSP-ADခေါင်းဆောင်တွေဟာ မူလက NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပေမဲံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံတဲ့ NMSP ခေါင်းဆောင်တွေဟာ NMSP-AD စုဖွဲ့မှု နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

KNU ၊ CNF၊ ABSDF PNLO စတဲ့ တပ်ဖွဲ့တွေကလည်း စစ်တပ်ဟာ NCA အခြေခံမူများကို နင်းချေဖျက်ဆီးပြီးအာဏာသိမ်းလိုက်တာကြောင့် NCAမရှိတော့ဘူးလို့ အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေသလို NCA ဆိုင်ရာ နှစ်ပတ်လည်ပွဲတွေ တက်ရောက်လေ့ရှိတဲ့ ရှမ်းတပ် RCSS ကပင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားကာ NCA အပေါ် လူထုယုံကြည်မှုလျော့နည်းလာကြောင်း အောက်တိုဘာ ၁၅ရက်မှာ စစ်အုပ်စုက ပြုလုပ်တဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

(NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)
👍32❤4🤣3🖕2👎1🔥1
👎23🖕7💩5🔥2🤮2🤩1
ဧရာဝတီရေဘေး ပျက်စီးစပါးခင်းတွေပြန်စိုက်ဖို့ စစ်အုပ်စုပေးတဲ့ မျိုးစပါး​အပင်မ
ပေါက်ဟုလယ်သမား​တွေ​ပြော

​အောက်တိုဘာ-၂၅၊၂၀၂၆။မိထက်/People's Spring

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုး
စပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်
သူလယ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကုန်ကလေးမျက်နှာမြို့နယ် ရေကာတာကျိုးပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေကြီးခဲ့ပါတယ်။ရက်​ပေါင်းများစွာရေနစ်မြုပ်ခဲ့တာ​ကြောင့် စပါးစိုက်ခင်းအများအပြားပျက်စီးခဲ့ပါတယ်။

ပျက်စီးသွားတဲ့စပါးစိုက်ခင်းတွေအတွက် စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေက စာရင်းကောက်
ယူနေဆဲဖြစ်သလို ၊ လတ်တလောမှာတော့ ၁ ဧကအတွက် ပျိုးစပါး၁ တင်းနဲ့ လယ်မြေကိုထွန်ယက် ပေးတယ်လို့ တောင်သူတချို့ကပြောပါတယ်။

ဒါပေမယ့် စစ်အုပ်စုထုတ်ပေးတဲ့ ပျိုးစပါးတွေက အပင်မပေါက်တဲ့အတွက် ထပ်ဝယ်​ပြီး ထပ်စိုက်ရတယ်လို့ လေးမျက်နှာမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။

"G11 လို့ ခေါ်တဲ့ စပါးပေးတယ်။ မပေါက်တဲ့အတွက် တခြားမျိုးကို ၁ တင်း ၄ သောင်းပေးပြီးဝယ်ရတယ်။ စိုက်ပျိုးစရိတ်တွေပိုကုန်တာ။ ကျွန်​တော်ဆို ရေမြုပ်သွားတဲ့စပါးတွေအကုန်ပျက်တယ်။ခြုံပြောရရင်တော့ တောင်
သူလယ်သမားကအရှုံးချည်းပဲ"လို့ အဆိုပါလယ်သမားကပြောပါတယ်။

အလားတူ ရေကြည်၊ကျုံပျော်၊ငါးသိုင်းချောင်းမြို့နယ်တွေက လယ်သမားအချို့
လည်းစစ်ကောင်စီပေးတဲ့မျိုးစပါးတွေ မပေါက်တဲ့အတွက် အသစ်ထပ်ဝယ်ပြီးပျိုး​နေရတယ်လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာရေဘေးကြောင့်လယ်တွေပျက်စီးသွားတဲ့အပေါ် ကူညီထောက်ပံ့မှုတွေ စနစ်တကျလုပ်ဆောင်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြန်လည်ထွန်ယက်ဖို့အတွက် စက်သုံးဆီဝယ်ဖို့ ခက်ခဲသလို ပျက်စီးတဲ့လယ်ဧကအရေအ
တွက်ကိုလည်းစနစ်တကျစာရင်း ကောက်ယူခြင်းမရှိဘူးလို့ ပြောပါတယ်။

"တာကျိုးလို့ရေကြီးတုန်းကလည်းကယ်ဆယ်
ရေးကိုသေသေချာချာမလုပ်ခဲ့ဘူး။အခုပြန်
လည်ထူထောင်ရေးကာလမှာလည်း အဆင်မပြေဘူးဗျ။ဌာနဆိုင်ရာတွေနဲ့ ပေါင်းစားနေတဲ့သူတွေပဲ နည်းနည်းအဆင်ပြေကြတယ်"လို့ ရေကြည်မြို့နယ်ကဒေသခံတစ်ဦးကပြောပါတယ်။

ငဝန်မြစ်ရေကာတာကျိုးကျတာဟာသာ
မာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလ‌ဟော ဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်း
ကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ ရက်အတွင်းရေပြန်ကျရင် ‌စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေက ၂လနီးပါအထိရေနစ်မြုပ်ခဲ့ပြီး စပါးခင်းတွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ်။ပြန်လည်
ထူထောင်ရေးကာလမှာလည်းစီမံခန့်ခွဲမှုအမှားတွေလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းရေဘေးကိုအာဏာသိမ်းခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိချိန်မှာ ခရိုနီတွေက အလှူငွေ စုစုပေါင်းငွေကျပ် ၂၃ဘီလီယံကျော်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီငွေတွေကိုဘယ်လိုသုံးစွဲနေတယ်ဆိုတာကို​တော့ စစ်ကောင်စီကထုတ်ပြန်ထားခြင်းမရှိပါဘူး။
🤣22❤6🔥6👎2👍1
ဧရာဝတီတိုင်းမှာ ​ရေကြီး​နေတာကိုသြဂုတ်လက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
😢35🔥2🤣2👏1🤮1
အင်းတော်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေ အရာရှိပါသေပြီး အလင်းဝင်သူအများအပြားရှိ

အောက်တိုဘာ-၂၅၊၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကိုထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊အလင်းဝင်သူတွေ အများအပြားရှိတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ကို ထွက်လာတဲ့ စစ်ကြောင်းဟာ ဂျိုးတောင်ကျေးရွာမှာ အောက်တိုဘာ ၂၁ ရက်ကတည်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတာလို့သိရပါတယ်။

"ဂျိုးတောင်ဂူနားလေးမှာ အဆော်ခံရတာ။အကောင်၁၀၀ လောက် ကျသွားတယ်။အဲဒီမှာ အလင်းဝင်တဲ့သူကလည်း များသွားတယ်။အလံဖြူထောင်တဲ့ လူကလည်း များသွားတယ်။အဲဒီတော့မှ သူတို့ဝန်းသိုဘက်ကနေစစ်ကူ၁၀၀ လောက်လွှတ်တယ်။အဲဒီစစ်ကူ၁၀၀ လောက်ကို ကြားထဲမှာတင် ဖြတ်တိုက်ခံလိုက်ရတာ"လို့ စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုမှာ စစ် ကြောင်းကွပ်ကဲတဲ့အရာရှိ ၁ဦးသေဆုံးပြီးနောက် တပ်ကဖရိုဖရဲထွက်ပြေးကာ လက်နက် သိမ်းဆည်းရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ လက်ကျန်အင်အားတွေ ပေါင်းပြီး ကံကုန်းရွာအနီးမှာ တပ်ဖျောက်ထားတယ်လို့ သိရပါတယ်။

"ရှေ့ဆက်တိုးမရတော့ဘူးလေ။အဲဒီကနေတောလမ်းအတိုင်းထီးချိုင့်ဘက်ပြန်တက်ပြီး အခုအတိုက်ခံ နေရတဲ့ ပိန်းအင်းဘက်က စစ်ကြောင်းနဲ့ ပေါင်းနိုင်တယ်"လို့ တော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကိုထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကလည်း လယ်ပြင်ကျေးရွာမှာ တိုက်ခိုက်ခံနေရပြီး မနေ့ မနက်ပိုင်းကစပြီး ဒီကနေ့အထိ‌ လေယာဉ်ပစ်ကူ ဆက်တိုက်ယူကာ ဖောက်ထွက်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါအပြင် အင်းတော်မြို့နယ်၊ကားလမ်းဘေးမှာရှိတဲ့ နန့်သဲရွာ နဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်သားတွေရဲ့ အလောင်းတွေ ၅၀ ကျော်ကို စစ်တပ်က မြုပ်ထားခဲ့တာမှာ ပုပ်စော်နံ​နေလို့ ​ဒေသခံရွာသားတွေပြန်တူးဖော်ပြီး မီးသဂြိုဟ်ပေးခဲ့ရတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ IR(Indaw Revolution) က​စစ်သားရုပ်အ​လောင်း​တွေ မီးရှို့​ထားတဲ့ ဓါတ်ပုံနဲ့ တကွ​ဖော်ပြထားပါတယ် ။

ဒါအပြင် ပိန်းအင်း၊ မအူကုန်း ၊ဂျူံးဂျဘက်မှာလည်း စစ်သားအလောင်းတွေအများအပြား​တွေ့ရတယ်လို့ IRက ရေးသားထားပါတယ်။

တော်လှန်ရေးတပ်တွေက ဒေသခံပြည်သူတွေကိုလက်ရှိမှာစစ်ရေးမငြိမ်သေးတာကြောင့် ပိန်းအင်းရွာပြန်ဝင်ခွင့်ကိုပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်တပ်က အောက်တိုဘာ ၂၄ ရက်မနက်ပိုင်းမှာ လယ်ပြင်ရွာအနီးကိုလေကြောင်းက​နေဗုံးကြဲခဲ့ သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင် အင်းတော်ကနေ ဝန်းသိုမြို့ကိုထွက်တဲ့ စစ်ကြောင်းကိုလည်း ​တော်လှန်​ရေးတပ်​တွေကဆက်တိုက် တိုက်ခိုက်နေပြီးလက်ရှိမှာ ဂျိုးတောင်ရွာ အနီးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဖြတ်သန်းလာရာတလျှောက်မှာလည်း စစ်သားရုပ်အလောင်းတွေ တွေ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကအင်း​တော်မြို့နယ်၊ မဲဇာရွာကို​အောက်တိုဘာလဆန်းမှာဝင်​ရောက်တပ်စွဲခဲ့ပါတယ် ။​တော်လှန်​ရေးတပ်​တွေက ဆက်
တိုက် တိုက်ခိုက်တာ​ကြောင့် အောက်တိုဘာ ၂၀ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်သွားတဲ့အခါဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ်စစ်သားအလောင်း ၅၀ ​ကျော်တွေ့ခဲ့ပါတယ်။

စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်
စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်
ကြောင်းတွေကို ​တော်လှန်​ရေးတပ်တွေက
တိုက်ခိုက်တာ​ကြောင့်စစ်တပ်ကလေကြောင်း
ကနေ မကြာခဏဗုံးကြဲနေပါတယ်။တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော် -ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

စစ်တပ်ကတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်း
ဆင်းအများအပြားကိုအသုံးပြုပြီး ထိခိုက်
သေဆုံးမှုတွေများပြားနေကြောင်း နဲ့ စစ်‌ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့အမျိုးသားညီညွတ်ရေး
အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

အင်းတော်မြို့နယ်ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် အင်အားဖြည့်တင်းကာ ဝန်းသိုနဲ့ထီးချိုင့်မြို့တို့ကို စစ်ကြောင်းထိုးနေပေမယ့် စစ်ကြောင်းတွေအားလုံး ပျက်လုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။
👏38❤9👍3🤣3👎1🖕1
စစ်ကိုင်နဲ့ ကချင်အစပ်​ဒေသ ​အောက်တိုဘာနောက်ဆုံးပတ်တိုက်ပွဲမှာ စစ်တပ်ထံမှ ​တော်လှန်​ရေးတပ်​တွေသိမ်းဆည်း ရရှိတဲ့လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-Lung Jung La N
❤33👏15🤣3👍2👎2🖕1
သီတင်းကျွတ်ပါတော့မယ်။ဝါကျွတ်ပြီမို့ မကြာခင် မင်္ဂလာဆောင်တွေ တန်းစီအောင် လာပါတော့မယ်။ စာဖတ်သူကော အိမ်ထောင်မရှိသေးဘူးဆိုရင် ဒီနှစ် သီတင်းကျွတ်မှာ ဖိတ်စာဝေဖို့ အစီအစဥ်ရော ရှိနေပြီလား။

ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်မှာ အိမ်ထောင်မပြုတဲ့ လူပျိုကြီး အပျိုကြီးတွေ များလာတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒါဟာ ရန်ကုန်တင်လားဆိုတော့ မဟုတ်ပါဘူး။ ဒေသအသီးသီးမှာလည်း အိမ်ထောင်ပြုဖို့ စဥ်းစားချင့်ချိန်လာကြတဲ့ လူငယ်တွေ များသထက် များလာခဲ့ပါပြီ။ အောက်ကအချက်တွေက လူငယ်တွေ အိမ်ထောင်ပြုဖို့ ပိုပြီး စဥ်းစားလာရတဲ့အချက်တွေထဲ ပါနိုင်ပါလိမ့်မယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်
အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာကလည်း အိမ်ထောင်ပြုဖို့ စဥ်းစားလာရတဲ့ အဓိက အကြောင်းရင်းထဲမှာ ပါပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်ပြန်တဲ့ အစီ
ရင်ခံစာမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ် ၄ ဦးမှာ ၁ ဦး အလုပ် အကိုင်မရှိဖြစ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အလုပ်
အကိုင်မရှိဘဲ ဘယ်လိုအိမ်ထောင်ပြုကြပါမလဲ။

နောက်တစ်ခုကငွေကြေးဖောင်းပွမှုပါ။ ​မြန်မာကျပ်ငွေတန်ဖိုးဟာ အင်မတန်မှ ကျဆင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပြည်သူတွေ အဆမတန် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။ တဝေါဝေါ ကျဆင်းနေတဲ့ ငွေတန်ဖိုးနဲ့ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ လူငယ်တွေဟာ အိမ်
ထောင်ပြုဖို့ ပိုပြီး ဝေးလာရပါတယ်။

နောက်တစ်ခုက ​အနာဂတ် မရေရာမှုနဲ့ လုံခြုံ
ရေး စိုးရိမ်ရမှု အခြေအနေပါ။ လက်ထပ်ဖို့ ဖိတ်စာဝေပြီးမှ ကိုယ်နဲ့လက်ထပ်မယ့်လူ စစ်မှုထမ်း ပေါ်တာအဆွဲမခံရဘူးလို့ မပြောနိုင်ပါဘူး။ မနက်ဖြန်တောင် ဘာဖြစ်မယ်ဆိုတာ မှန်းလို့မရတဲ့အခြေအနေမှာ ဘဝနှစ်ခုပေါင်းစပ်ဖို့ဆိုတာ အန္တရာယ်များလွန်းလှတယ်ဆိုတာ သိလာကြပါတယ်။ ဒါ့အပြင် လက်ထက်ပြီးရင်တောင် ဒီလို မတည်ငြိမ်တဲ့တိုင်းပြည်မှာ ကိုယ့်ရင်သွေးကို လူ့ဘဝထဲ ဆွဲခေါ်လာဖို့ဆိုတာ အင်မတန်စဥ်းစားရတဲ့အခြေအနေ ဖြစ်နေပါပြီ။

စစ်အာဏာရှင် စနစ်ရဲ့ဖိနှိပ်မှု​တွေ ၊ စစ်အာဏာရှင်စနစ်ရဲ့ဖျက်ဆီးမှု​တွေ ၊ အ​ထွေ​ထွေအကြပ်အတည်း​တွေ ၊ အဓမ္မအ​သေခံစစ်သားစု​ဆောင်းမှု​တွေ၊ စစ်ပွဲတွေကြောင့် လူငယ်တွေ အိမ်ထောင်မပြုဘဲ နေထိုင်ကြတာ၊ ဒါမှမဟုတ် မင်္ဂလာဆောင်ဖို့ ရွှေ့ဆိုင်းကြတာတွေဟာ ကမ္ဘာ့သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။


https://www.ludunwayoo.com/feature-mm/2026/10/09/170365/
👍20🔥12❤2🖕2🤷‍♂1🤮1
■​ဆောင်းပါး

ထိုင်းနိုင်ငံ၏ အလုပ်အကိုင်အစီအစဉ်တွင် မျှော်လင့်ချက်သစ် ရှာဖွေနေကြသည့် မြန်မာဒုက္ခသည်များ

- ဥဂ္ဂါ ရေးသားသည်။

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစုစားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ်မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

အလုပ်လုပ်ခွင့်ရပြီဆိုတော့ အားလုံးအဆင်
ပြေသွားပြီလို့ ထင်ကြမလား။ တကယ်တော့ ဒုက္ခသည်စခန်းက သူတို့ရဲ့ဘဝတွေက အဲဒီလောက် မလွယ်ကူပါဘူး။ ဒုက္ခသည်စခန်းထဲမှာ စားဖို့သောက်ဖို့အတွက် ရုန်းကန်ခဲ့ရတဲ့သူတွေဟာ စခန်းပြင်ပရောက်လာတော့လည်း နောက်ထပ်အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။

အလုပ်ရှိပေမဲ့လုပ်ခအပြည့်မရတာ၊ကတိပေးထားတဲ့အလုပ်နဲ့ လက်တွေ့လုပ်ရတဲ့အလုပ် မတူတာ၊ အလုပ်မစခင်ကတည်းက အကြွေး
တင်နေတာတွေဟာ သူတို့အတွက် ကြုံတွေ့နေရဆဲ အခက်အခဲတွေပါ။ မိသားစုစားဝတ်
နေရေးအတွက် အလုပ်ထွက်လုပ်လာကြရတာဖြစ်လို့ အဆင်မပြေတဲ့အခါ ချက်ချင်းလက်လျှော့ပြီး ပြန်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ ဒါကြောင့် အလုပ်လုပ်ခွင့်ရလာတာဟာ မျှော်လင့်ချက်တစ်ခုဖြစ်ပေမဲ့ အလုပ်ရရုံနဲ့ သူတို့ရဲ့ဒုက္ခတွေ အဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူး။

DW သတင်းဌာနက ၂၀၂၆ ခုနှစ်၊ အောက်တို
ဘာ ၁၉ ရက်မှာ ဖော်ပြခဲ့တဲ့ ဘန်ကောက်မြို့ အခြေစိုက် သတင်းထောက် Zsombor Peter ရဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို မီးမောင်းထိုးပြ ထားပါတယ်။ ဒီသတင်းဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရလာတဲ့ဒုက္ခသည်စခန်းက မြန်မာတွေအကြောင်းဖြစ်ပေမဲ့၊အမှန်တကယ်
တော့ နေရပ်စွန့်ခွာပြီး အခြားနိုင်ငံမှာ အလုပ်လုပ်ရင်း အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေကြတဲ့ မြန်မာအားလုံးရဲ့ ဘဝအခြေအနေကိုပါ ထင်ဟပ်နေပါတယ်။

ဘန်ကောက်မြို့က အထပ်မြင့်တိုက်တာတွေ တစ်လုံးပြီးတစ်လုံး တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နိုင်ငံခြား
သားအလုပ်သမား ထောင်ပေါင်းများစွာ အ
လုပ်လုပ်နေကြပြီး သူတို့ထဲမှာ အသက် ၃၁ နှစ်အရွယ် မြန်မာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဝေဖြိုး (အမည်လွှဲ) လည်း ပါဝင်လာခဲ့ပါတယ်။

အပေါ်ယံကြည့်လိုက်ရင်သူဟာအခြားအ
လုပ်သမား တွေနဲ့ ဘာမှမကွာခြားပါဘူး။ အလုပ်လုပ်တယ်၊ လုပ်ခရတယ်၊ ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့နောက်ခံဘဝကတော့ မတူပါဘူး။

ဝေဖြိုးဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ကိုးခုအနက် တစ်ခုမှာ နေထိုင်ခဲ့သူပါ။ အဲဒီစခန်းတွေမှာ မြန်မာဒုက္ခသည် တစ်သိန်းကျော် နေထိုင်နေကြပြီး တချို့ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက စခန်းထဲမှာ နေ
ထိုင်လာခဲ့ကြတာဖြစ်ပါတယ်။တစ်နည်းပြောရရင် တချို့လူတွေအတွက် ဒုက္ခသည်စခန်း ဆိုတာယာယီခိုလှုံရာနေရာတစ်ခုမဟုတ်တော့ဘဲ ဘဝရဲ့ နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။

ကိုယ့်နိုင်ငံကစစ်မီးကြောင့်သူများနိုင်ငံကို ထွက်ပြေးလာပြီး ခိုလှုံနေရတယ်။ ဒါပေမဲ့ ခိုလှုံခွင့်ရတယ်ဆိုတာ လွတ်လပ်စွာနေထိုင်ပြီး ကိုယ့်ဘဝကိုယ် တည်ဆောက်ခွင့်ရတယ်လို့ မဆိုလိုပါဘူး။အလုပ်လုပ်ခွင့်မရှိတဲ့အ
တွက် ကိုယ့်မိသားစုအတွက် ကိုယ်တိုင်ဝင်ငွေရှာဖို့တောင် အခွင့်အရေးမရှိဘဲ နိုင်ငံတကာအကူအညီတွေကို မှီခိုနေရတဲ့ဘဝ ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေကို ကိုယ်ချင်းစာကြည့်ရင် အ
ရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဟာ အလုပ်လုပ်နိုင်ပါလျက်နဲ့ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်တိုင်ငွေရှာခွင့်
မရှိဘူးဆိုရင် ဘယ်လောက်တောင် အားငယ်ရမလဲ။ မိဘတွေရှိမယ်၊ သားသမီးတွေရှိမယ်၊ နေ့စဉ်စားဖို့သောက်ဖို့လိုအပ်ချက်တွေရှိမယ်။ ဒါပေမဲ့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ရှာဖွေဖြေရှင်းခွင့် ကတော့ ပိတ်ပင်ခံထားရပါတယ်။

ဒီိလိုအခြေအနေမျိုးမှာ အားကိုးနေရတဲ့အဖွဲ့အစည်းတွေကပါထောက်ပံ့မှုတွေလျှော့ချ လိုက်တဲ့အခါ သူတို့အတွက် ရှင်သန်ရပ်တည်ဖို့ ဘယ်လောက်တောင် ခက်ခဲလာမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ရင်လေးစရာကောင်းလှပါတယ်။

DW ဆောင်းပါးအရ အမေရိကန်ပြည်ထောင်
စုရဲ့ USAID အပါအဝင်နိုင်ငံတကာအကူအညီ
တွေ လျှော့ချခံရပြီးနောက် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်
ရှောက်မှုတွေ ထိခိုက်လာခဲ့ပါတယ်။ ယခင်က ရရှိနေတဲ့ ဆန်နဲ့ အခြားအခြေခံစားသောက်
ကုန်တွေ ပုံမှန်မရတော့ဘဲကျန်းမာရေးစောင့်
ရှောက်မှုလည်း လုံလောက်မှုမရှိတော့ပါဘူး။

ဝေဖြိုးက သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေ မပြည့်မီတော့တဲ့အတွက် မိဘတွေနဲ့အတူ အိမ်
နီးချင်းတွေ ဆီက ငွေချေးခဲ့ရပြီး စားနေကျ အစားအစာတွေကိုတောင် လျှော့စားခဲ့ရတယ်လို့ DW ကိုပြောပြပါတယ်။

ဒုက္ခသည်တွေရဲ့ အခက်အခဲဟာ စားဝတ်နေရေး မပြေလည်မှုတစ်ခုတည်းမှာ ရပ်တန့်မနေပါဘူး။ဝင်ငွေမရှိလို့ အကြွေးယူရပြီး အကြွေးကို ပြန်ဆပ်ဖို့အတွက် နောက်ထပ်အခက်အခဲတွေကို ရင်ဆိုင်ရသလို မိသားစုဝင်တစ်ဦး နေမကောင်းဖြစ်လာတဲ့အခါ ကုသစရိတ်မတတ်နိုင်ခြင်း ကလည်း စိုးရိမ်ပူပန်မှုကို ပိုမိုကြီးမားစေပါတယ်။ ဒီလိုနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝဟာ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့ မကြိုးစားမီ နောက်ထပ်ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့
👍19❤5🤮2🖕1