စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ကို အာဏာသိမ်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ရဲ၀င်းဦးရဲ့သား ထက်ရဲနောင်နဲ့ ဒု-သမ္မတညိုစောရဲ့သား သင့်ညိုစောတို့က အလွယ်တကူရရှိနေတယ်လို့လည်း ပြည်ပကနေ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းနေတဲ့ကုမ္ပဏီနဲ့ဆက်စပ်သူက ပြောပါတယ်။
👍22🔥5🤣1🖕1
တနိုင်းမှာ ဆင်နင်းခံရလို့ လူ ၅ ဦးသေဆုံး
အောက်တိုဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ ဆင်နင်းလို့ ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး ဆင်ကလွတ်မြောက်နေဆဲမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီး ၁ကောင်ဟာ အောက်တိုဘာ ၂၄ရက်မှာ တနိုင်းမြို့နယ် တရုံကျေးရွာရောက်လာပြီး ရန်ပြုတာလို့ သိရပါတယ်။
"ကောင်ရာကျေးရွာဘက်ကနေ ရောက်လာတာ။ တရုံရွာအနီးမှာတင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးအနင်းခံရတာ။ ဆင်က ချောင်းထဲဆင်းသွားပြီး တောထဲဘက်ထွက်သွားတယ်။ ဒေသခံတွေ အရမ်းကြောက်နေတာ"လို့ တနိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီး ဆင်ပေါတဲ့ ဒေသဖြစ်ပါတယ်။
ပုဂ္ဂလိကပိုင်အဖြစ် ဒေသခံ တွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကပိုင်ဆင်တွေ မုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း နှစ်စဉ်ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မုန်ယိုနေတဲ့ ဆင်ထီး ၁ကောင်က တိုက်ခိုက်လို့ ဒေသခံအမျိုးသား ၃ ဦး သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင် ၁ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပါတယ်။
လက်တလောမှာ မုန်ယိုပြီး လွတ်မြောက်နေတဲ့ဆင်ကို ဖမ်းမိရေးအတွက် ဒေသခံတွေနဲ့ ဆင်ဖမ်းဆီးရေးကျွမ်းကျင်သူတွေကြိုးပမ်းနေကြောင်း သတင်းရရှိပါတယ်။
(တနိုင်း-မြစ်ကြီးနားသွားလမ်း (လီဒိုလမ်းပိုင်း)မှာ တွေ့ရတဲ့ ဆင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

👍24😱10👎2🔥2❤1👏1
စစ်ကိုင်းတိုင်ပကဖ ကရှေ့တန်းရောက်
ရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေး
■ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုလည်းဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
အောက်တိုဘာ-၂၅၊၂၀၂၆။ရွှေပြည်စိုး/People's Spring
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊တိုင်းပကဖဦးစီးအဖွဲ့က ရှေ့တန်းရောက်ရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးသလိုနွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြု ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
အောက်တိုဘာလ၂၅ရက်မှာရှေ့တန်းရောက်
ကာကွယ်ရေးရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးခဲ့တာလို့ စစ်ကိုင်းတိုင်းထဲက ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဘတ်ဂျက်အနေအထားအရ ရဲဘော်တိုင်းကိုတော့ ပေး
အပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါအပြင် ခင်ဦးမြို့နယ်အပါအဝင် စစ်ကိုင်း
တိုင်းထဲကမြို့နယ်အများစုမှာလည်း နွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ပကဖ ကဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရပါတယ်။
ခင်ဦးမြို့နယ်ပကဖကလည်း တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို သီတင်းကျွတ်လပြည့်အကြို အခါသမယမှာ ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ (၁၈)ကြိမ် မြောက် ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုလည်း ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းဟာ လူထုခုခံတိုက်ပွဲအားအ
ကောင်းဆုံးတိုင်းဖြစ်ပြီး အမျိုးသားညီညွတ်
ရေးအစိုးရကလည်း ထိန်းချုပ် ဒေသအများအပြားရှိနေပါတယ်။ လက်ရှိမှာလည်း အင်းတော်၊ကသာ၊ဝန်းသို၊ထီးချိုင့်မြို့နယ်တွေမှာ
တိုက်ပွဲတွေပြင်းထန်နေပြီး ရွှေဘိုနဲ့ယင်းမာပင်ခရိုင်ထဲကမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

👍32❤9🥰9🫡4👏2🤮2🤣1🖕1
စစ်ကိုင်းအနောက်ခြမ်းကကျေးရွာတွေကို စစ်တပ်က တစ်ပတ်ကြာ စစ်ကြောင်းထိုးနေ
အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို အင်အား ၂၅၀ ခန့်နဲ့ စစ်ကြောင်းစတင်ဝင်ရောက်ခဲ့ပါတယ်။ ၎င်းတို့စစ်ကြောင်းစဝင်ချိန် တံတားဦးလေတပ်ကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးလွှတ်ပြီး လေကြောင်းပစ်ခတ်ကာ အကာအကွယ်ယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်းအနောက်ခြမ်းက ကျေးရွာတွေကို တစ်ပတ်ကြာတဲ့အထိ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်တာ၊ ရွာတွေထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
"ခုမနက်ကို ရွာစုံ ဝင်နေတာ။ ပြည်သူတွေကတော့ ရှောင်ရတာပေါ့"လို့ စစ်ကိုင်းမြေပြင်အခြေအနေတွေ ဖော်ပြနေတဲ့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်ကတည်းက ဓါးစာခံ ပြည်သူ ၃၀ ခန့် ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
(ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းထိုးစဥ် တိမ်းရှောင်ခဲ့ရတဲ့ပြည်သူတွေကို တွေ့ရစဥ်။ ဓါတ်ပုံံ - CJ)

🤬25👍11👎3❤2🔥2👏2🎉1🙏1
KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ CRPHနဲ့ NUG ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း
အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
KIO ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၆၆)နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။
KIO အနေနဲ့ ကချင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနဲ့ ရပိုင်ခွင့်တို့အတွက် နှစ်ပေါင်း (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံတိုက်ပွဲဝင်လာခဲ့ကြရာ အသက်ခန္ဓာများ ပေးဆပ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကချင် အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနဲ့ ကချင်ပြည်သူလူထုအား ဂုဏ်ယူလေးစားစွာ အလေးအမြတ်ပြု ဦးညွှတ်ကြောင်း CRPH ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
CRPH အနေနဲ့လည်း ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် KIO အပါအဝင် မိတ်ဖက် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူ ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ KIO အနေနဲ့လည်း မဟာမိတ် တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာ ပေးပို့ပါတယ်။
NUG ရဲ့ သဝဏ်လွှာမှာလည်း (၆၆) နှစ်တာ အာဏာရှင်တော်လှန်ရေးခရီးကြမ်း တစ်လျှောက်တွင် KIO/KIA ရဲ့ နိုင်ငံရေး အမြော်အမြင်ရှိမှု၊ ကချင်ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ကြီးမားလှသော စွန့်လွှတ်စွန့်စားမှုများဟာ ယနေ့နွေဦးတော်လှန်ရေးရဲ့ ပြည်သူလူထုတရပ်လုံးက အားထားရတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။
ယခု ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး ကာလမှာလည်း KIO/KIA ဟာ မဟာမိတ် တော်လှန်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ စစ်ရေး၊ နိုင်ငံရေးအရ ထူးချွန်စွာ ဦးဆောင် တိုက်ပွဲဝင်လျက် ရှိရာ စစ်တပ်ရဲ့ တပ်စခန်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လွတ်မြောက်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ထူထောင်တာ၊ CDM ဝန်ထမ်းများနဲ့ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ စနစ်တကျ ပံ့ပိုးပေးနိုင်တာတို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုတွင် လည်း ကချင်လူထုကြီးကိုကိုယ်စားပြု၍ KIO/KIA ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာမှုဟာ KIO/KIAရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်နဲ့ နိုင်ငံရေး ရင့်ကျက်မှုကို လက်တွေ့ကျကျ သက်သေပြနေတဲံ သမိုင်းမှတ်တိုင်တွေဖြစ်ကြောင်းလည်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
" စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ ခံစားနေရမည် ဖြစ်ရာ ဤစနစ်ဆိုးကြီးကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ စစ်ရေးအရ ဟန်ချက်ညီမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် တည်ဆောက်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူး တိုက်တွန်းအပ်ပါသည်” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
NUGအနေနဲ့ လည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး စတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိတဲ့အထိ KIO အပါအဝင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ မမှိတ်မသုန် လက်တွဲပြီး ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
KIO အနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့ကြောင်း KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၆ ဖေဖော်ဝါရီလက ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။

👏28❤10🥰3🤮3👍2🤣1🖕1
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက်နေ့ မနက် ၉ နာရီမှာ KIO ဟာဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့သလို ၂၀၂၁ မတ်လမှာ KIO ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ ကြားကာလ သဘောတူညီချက်ဆိုတဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်းပြပါတယ်။
ဒါ့အပြင် KPICTက စေလွှတ်တဲ့ ကိုယ်စားလှယ်များဟာ NUGမှာ ပါဝင် လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
(ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Lung Jung LA N)

❤31👍7🥰6🤮2💩1🤣1🖕1
စစ်တပ်က စစ်တွေမှာဗုံးခိုကျင်းတူးခွင့်မပေး
■စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကိုလည်းစစ်ရှောင်ခွင့်မပေးဘဲပိတ်လှောင်ထား
အောက်တိုဘာ-၂၅၊ ၂၀၂၆။ခိုင်မြတ်/ People's Spring
အာဏာသိမ်းစစ်တပ်က စစ်တွေမြို့ပေါ်နေထိုင်သူတွေကို ဗုံး၊ လက်နက်အန္တရယ်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း၊ အကာအကွယ်တူးခွင့်ပါ မပေးဘဲ ဗုံးခိုကျင်းတွေကို လိုက်ဖျက် ကာ တူးသူတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ အရပ်သားပြည်သူ ၉ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရခဲ့တဲ့ စစ်တွေမြို့ပေါ် ကျောင်းတက်လမ်းရပ်ကွက်ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနောက် မြို့ထဲ ဗုံးခိုကျင်းတွေကိုလိုက်ဖျက်ပြီးဗုံကျင်း
တွေမတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။
“အရင်ကလည်း တချို့တွေ ဗုံးတွင်း တူးထားကြတာရှိတယ်။ အဲဒါတွေကိုပါ လိုက်ဖျက်ခိုင်းနေပါတယ်။ ဗုံးခို ကျင်း တွေ ထပ်ပြီးတော့လည်း မတူးဖို့ ပြောတယ်။ စစ်တပ်က လာပြောတာပါ။ စစ်တွေမှာ ဘာမှမဖြစ်ဘူး၊ တူးစရာမလို ဘူး။ တူးရင် ဖမ်းမယ်၊ ဆီးမယ် ဘာညာပေ့ါ” လို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်တပ်က မြို့ထဲ ကင်းလှည့်ပြီး နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ကာ ဗုံးခိုကျင်းတွေ တူးထားတာရှိ၊ မရှိ လိုက်ကြည့်ပြီး မတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရခိုင်တိုက်ပွဲအစကာလ ၂၀၂၄ နှစ်ဆန်းပိုင်းကလည်း စစ်တွေမြို့ပေါ် နေအိမ်တွေထဲ ဗုံးခိုကျင်းတူးသူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
“ဆတ်ရိုးကတချို့အိမ်တွေမှာ သဲအိတ်တွေ ကာထားကြတယ်။ ဗုံကျင်းသဘောမျိုး။ အဲဒါတွေကို ဖမ်းတာ အဲတုန်း က၊ အဲတုန်းကဆိုရင် လူတဆယ်လောက် အဖမ်းခံရတယ်။ အခုလည်း ဒီလိုလုပ်နေတာ။ ပြောမယ်ဆိုရင် မြို့ကလူ တွေကို ဓါးစာခံ လုပ်ထားတာနဲ့အတူတူပါ”လို့စစ်တွေမြို့ဆတ်ရိုးကျရပ်
ကွက်မှ အမျိုးသမီးတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့ပတ်
လည်မှာရှိတဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာ စစ်တွေမြို့ထဲနဲ့ သုံးမိုင်ကျော်အကွာလောက်ထိ တိုက်ပွဲတွေရောက်လာချိန် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဒါပေ မယ့် စစ်တွေမြို့ထဲရှိနေကြသူတွေဟာ စစ်တွေကနေ လေကြောင်းလမ်းကနေလွှဲရင် ကျန်လမ်းတွေအားလုံး ပိတ်ဆို့ ခံထားရတာကြောင့် တိုက်ပွဲဖြစ်လာရင်လည်း ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်မပြေဘူးပြောလို့ပါတယ်။
“ပိုက်ဆံရှိတဲ့လူတွေကတော့ ရန်ကုန်ဘက်ကို ပြေးလို့ရတယ်။ မပြေးနိုင်တဲ့သူတွေက များတယ်။ ဘာပဲဖြစ်ဖြစ် ဗုံးခို ကျင်းလေးရှိရင်တော့ နည်းနည်းလုံခြုံမှာပေ့ါ။ အဲဒါတောင် မလုပ်ရဘူးဆိုရင် လူတွေကို သတ်နေတာနဲ့အတူတူပဲ။ ကျွန်မတို့ကတော့ တိုက်ပွဲဖြစ်ရင် သေလူလို့ မှတ်ပြီးသားပါ” လို့ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတခုမှာ ခိုလှုံနေ ရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တွေမြို့ထဲ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေဟာ စစ်တွေကနေ ရန်ကုန်ဆီ လေကြောင်းလိုင်းနဲ့ ထွက်ပြေးနိုင်ပေ မယ့် စစ်တွေပေါ်၊ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ ဘယ်ကိုမှ တိမ်း
ရှောင်ခွင့် မရဘဲ ပိတ်မိနေကြပါတယ်။
“ကျွန်တော်တို့က ဘယ်ကိုမှ ထွက်လို့မရဘူး။ အရင်ကဆိုရင် မြို့ထဲကို လာလို့ရတယ်။ အခုမြို့ထဲကိုတောင် အရင် လို လွတ်လွတ်လပ်လပ်လာလို့မရတော့ဘူး” လို့ စစ်တွေမြို့နယ် သဲချောင်းရိုဟင်ဂျာကျေးရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့ သွားကြသူတွေ အများအပြားရှိနေတာကြောင့် အရင်က ကျပ်ခုနှစ် သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ လေယာဉ်လက်မှတ်တစောင်ကို ကျပ်သိန်းတဆယ်ကျော်ထိ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာနှစ်ဆယ်ကျော်မှ ဒေသခံ တွေကို လိုက်ထုတ်၊ မြို့ထဲပိတ်လှောင်ကာ အဲဒီရွာတွေမှာ စခန်းချနေခဲ့ကြတာဖြစ်ပါတယ်။ အခုအခါ စစ်တွေမြို့ ပေါ်မှာ နဂိုမြို့ခံတွေအပြင် စစ်တွေမြို့ပတ်လည် နယ်ကျေးရွာတွေကနေ အတင်းအကြပ်မြို့ထဲ ရောက်လာရသူတွေ လည်း များစွာရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄) စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို စစ်တပ်က လက်နက်
ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ မြို့မစျေးကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ် ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေကာ AA ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက် ဗုံးကြဲနေတဲ့အပြင် ၎င်းတို့ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကိုပါ ဗုံးကြဲလာခဲ့တာဖြစ်ပါတယ်။

🤬29😁7❤4👎3🖕2🔥1🤣1
လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်၊ မြောက်ဘက် အမြင့်ကျွန်း၊ တောကန်၊ နာရီကန်၊ ကံ့ကော်ကျွန်း၊ အရှေ့ဘက် ရွှေမင်းဂံဝန်းကျင်တို့နဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေ အ ပြင်းအထန်ဖြစ်နေတာဖြစ်ပါတယ်။
👍27🖕4🥰3🔥2🤣1